“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“အစ်မ အစ်မလို့”
ကားမောင်းရင်း ဘေးနားလေး၌ မှုံကုပ်ကုပ်နှင့် လိုက်ပါလာသည့် မြူရိပ်အား ရတုဘက်မှ စကားစလိုက်သည်။
“အစ်မ.... ခေါ်နေတယ်လေဗျာ ဘာလို့ မထူးတာလဲ”
“ထူးစရာလိုလို့လား”
“ဟာ.... စိတ်မစိုးပါနဲ့တော့ဗျာ ကျွန်တော် စိတ်ရင်းနဲ့ တစ်ကယ်တောင်းပန်ပါတယ်”
“မလိုပါဘူး”
ပါးစပ်ကသာ မလိုဘူးပြောနေတာ မျက်လုံးများက ပေကပ်ပေကပ်နှင့် ငိုတော့မည့်ပုံပင်။ ငိုတော့မည်ဖြစ်သဖြင့် ကားကို လမ်းဘေးထိုးရပ်လိုက်ပြီး ချော့ဖို့ ပြင်လိုက်သည်။
“ဟာ.... အစ်မ မငိုနဲ့နော် ကျွန်တော်တောငါးပန်တယ်လို့ ပြောပြီးပြီလေ”
“မင်းမပြောနဲ့ ငါ့မိဘတောင် ငါ့ပါးကို လက်နဲ့ မရွယ်ဖူးဘူး အဲ့ဒါမင်းသိလား”
“သိပါတယ် ကျွန်တော်တစ်ကယ် တောင်းပန်ပါတယ် တောင်းပန်ပါတယ် တောင်းပန်ပါတယ် အစ်မရယ် အစ်မ ကျွန်တော့ကို ပြန်ရိုက်ချင်လား ရိုက်ပစ်လိုက် အစ်မကျေနပ်တဲ့ထိ ကျွန်တော့ကို ကြိုက်သလို အပြစ်ပေးလို့ရတယ် နော်ပါ စိတ်တော့ မစိုးပါနဲ့တော့ နော်လို့”
“အစ်မလို့ နော် စိတ်မစိုးပါနဲ့တော့ဗျာ”
“အစ်မစိတ်စိုးရင် ကျွန်တော်မနေတက်ဘူးလို့”
“ဘာလို့ မနေတက်တာလဲ”
“မသိဘူးဗျာ”
“နောက်တစ်ခါ အခုလို ထပ်ဖြစ်ရင် အိမ်ကိုဘယ်တော့မှ ပြန်မလာတော့ဘူ”
“အင်းပါ နောက်တစ်ခါဆိုတာလဲ ထပ်မရှိစေရအောင် ကျွန်တော် အတက်နိုင်ဆုံး ဆင်ခြင်ပါ့မယ်”
“ဟုတ်ရင်ဟုတ်ပေါ့ မဟုတ်လို့ကတော့.....”
“တစ်ကယ်ပြောတာ ကဲပါ အခုလောလောဆယ် မျက်ရည်လေးတွေ သုတ်လိုက်ပါအုံး”
ရတုအပြောကြောင့် မြူရိပ်လဲ ခဏကငိုထားတဲ့ ပါးပြင်ပေါ်က မျက်ရည်စလေးတွေကို သူ့လက်ဖဝါးလေးဖြင့် အသာသုတ်ပစ်လိုက်သည်။
“ဒါဆို ကျွန်တော်တို့ အိမ်ပြန်ရအောင်”
“အင်း....”
“ဒါနဲ့ အစ်မ ဘာစားပြီးပြီလဲ”
“ဘာမှမစားသေးဘူး”
“ဒါဆို လမ်းမှာ တစ်ခုခုဝယ်စားရအောင်”
“စားသောက်ဆိုင်တွေဆို မစားဘူးနော်”
“ဟင်.... ဘာလို့လဲ”
“ဈေးကြီးတယ်”
“ကျွန်တော်ဝယ်ကျွေးမှာလေ”
“ဘယ်သူဝယ်ကျွေးကျွေး စားသောက်ဆိုင်ဆို သွားမစားချင်ဘူး”
“ဘာလို့လဲ”
“ဒီလိုပါဘဲ စားသောက်ဆိုင်တွေက ဈေးကြီးတယ်လေ အဲ့တော့ ငါတို့လို တစ်နေ့လုပ်တစ်နေ့စားတွေ ဘယ်လိုလုပ် အဲ့လိုစားသောက်ဆိုင်တွေမှာ သွားစားနိုင်မှာလဲ မင်းတို့လို သူဌေးသားတွေကသာ ငွေကိုရေလို သုံးချင်နေကြတာ ငါတို့ကတော့ မသုံးနိုင်ပါဘူး”
“လျှောက်မပြောပါနဲ့ အစ်မရယ် အစ်မတို့ ဘယ်လောက်ထိချမ်းသာတယ်ဆိုတာ ကျွန်တော်အသိဆုံးဘဲ”
“မင်းလဲ လျှောက်မပြောနဲ့”
“မပြောပါဘူး တစ်ကယ် အစ်မ တစ်သက်စာသုံးဖို့ စုထားတဲ့ ငွေတွေ ဘယ်နေရာမှာ ဘယ်လိုတွေ လျှိုထားတယ်ဆိုတာ ကျွန်တော်သိတယ်နော်”
“ဘာ.... ရတု မင်းနောက်မယ် တစ်ခြားဟာပြောင်းနောက် ပိုက်ဆံကိစ္စနဲ့တော့ လာမနောက်နဲ့နော် ငါကအယုံလွယ်တယ် တစ်ကယ်လို့ ငါ့ပိုက်ဆံသာ ပျောက်သွားခဲ့ရင် မင်းပေါ်ဘဲ အပြစ်ပုံချမှာ”
“သိပါတယ် မနောက်တော့ပါဘူး ဒါနဲ့ ဘာစားမှာလဲ”
“အိမ်မှာ ဘာရှိလဲ”
“မသိဘူး”
“ဒါဆိုလဲ ငါလမ်းပြမယ် ငါပြောတဲ့နေရာကိုမောင်း”
“ဟုတ်ကဲ့ပါဗျ”
မြူရိပ် လမ်းပြရာနေရာသို့ ရတုလဲ မောင်းလာခဲ့လိုက်သည်။
“ရောက်ပြီ”
“ဟင်.... ဘာသယ်ကြီးလဲ”
“အသုပ်စုံရောင်းတာလေ”
“အော်....”
“လာ ဆင်းရအောင်”
“ဟုတ်”
နှစ်ယောက်သား ကားပေါ်မှ ဆင်းလိုက်ကြပြီး အသုပ်စုံရောင်းနေတဲ့ အန်တီကြီးဆီသို့ သွားလိုက်ကြသည်။
“အန်တီ ရသေးလား”
“ရသေးတယ်လေ ဘာစားမှာလဲ”
“ဟို.... သမီးကို မုန့်တီဖက်နဲ့ ချဉ်ချဉ်စပ်စပ်လေး သုတ်ပေး”
“မဟုတ်ဘူး အန်တီ အစပ်လျော့ပေး အချဉ်လဲ လျော့ပေး ပုံမှန်တိုင်းလေးဘဲ သုတ်ပေးပါနော်”
“နှစ်ပွဲလုံးလား”
“ဟုတ် ဟုတ် နှစ်ပွဲလုံး အဲ့လိုဘဲ သုတ်ပေးပါ”
“ကောင်းပါပြီ”
“ဘာလို့လဲ ငါကချဉ်ချဉ်စပ်စပ်လေး စားချင်တာ”
“မဖြစ်ဘူး အခုကညရောက်နေပြီး ဒါစားပြီးလို့ ပြန်ရင် အိပ်ရတော့မှာ တစ်ကယ်လို့ ချဉ်ချဉ်စပ်စပ်ကြီးတွေ စားပြီး အိပ်လိုက်ရင် ဗိုက်နာနေရင် ဘယ်လိုလုပ်မလဲ”
“အဟွန်း....”
ရတု အပြောကြောင့် ဆိုင်ရှင်အန်တီကြီး အသံထွက်အောင် ရီလိုက်မိသည်။
“ဟို.... အန်တီ တစ်မိုးမထင်နဲ့နော် သူက သမီးမောင်လေးပါ”
“ဟုတ်ပါပြီ အန်တီလဲ ဘာမှမပြောပါဘူး”
“ဟို.... တစ်မျိုးထင်နေမှာစိုးလို့ပါ”
“မထင်ပါဘူး သမီးရယ်”
“ဟုတ်”
ခဏကြာတော့ သူတို့မှာထားတဲ့ မုန့်တီသုတ်လေးအား ထိုအန်တီကြီး သူတို့ရှေ့၌ ချပေးလိုက်သည်။
မိုးချုပ်နေပြီ ဖြစ်၍ နှစ်ယောက်သား မုန့်တီသုတ်အား ခပ်မြန်မြန်ပင် စားလိုက်ကြပြီး ပြန်လာခဲ့လိုက်ကြသည်။
“အိပ်ပြီ မီးတွေအကုန်ပိတ်ပြီး မင်းလဲအိပ်တော့ ကြားလား”
“ဟုတ်ကဲ့ပါ”
မြူရိပ် အတော်လေး အိပ်ချင်နေပြီ ဖြစ်၍ အခန်းထဲသို့ လျင်မြန်စွာ သွားလိုက်ပြီး အိပ်ပစ်လိုက်တော့သည်။
“ဂွတ်နိုက်ပါ အစ်မရေ”
သူမမကြားနိုင်တဲ့ အခန်းလေးထဲကနေ နှုတ်ဆက်လိူက်ပြီး ရတုလဲ အိပ်လိုက်တော့သည်။
ဒီလိုနဲ့ ပထမဆုံး ရန်ဖြစ်ပြီးကတည်းကစ ရတု မြူရိပ်အပေါ် အရင်ကနှင့်မတူဘဲ ကောင်းကောင်းဆက်ဆံလာသလို သူမမျက်နှာကိုလဲ တစ်ချက်လေးမှပင် အညိုးမခံခဲ့တာ အခုဆို တစ်လပြည့်သွားခဲ့ပြီ။
“ကလင် ကလင်.....”
“ရတု မင်းရဲ့ဖုန်းလာနေတယ်”
“လာပြီ လာပြီ”
အခန်းထဲ၌ ထမြည်လာတဲ့ ဖုန်းကြောင့်မနက်စာပြင်နေရင် တန်းလန်း ရတုတစ်ယောက် လောလောနှင့် ထွက်လာကာ မြည်နေတဲ့ဖုန်းအား လှမ်းကိုင်လိုက်သည်။
“ဟယ်လို....”
“ဟိတ်ကောင် သားရီး ဒီနေ့မင်းမွေးနေ့နော် ”
“အဲ့တော့”
“ငါတို့ကို တစ်ဝိုင်းလိုက်ကျွေးရမယ်”
“တစ်ဝိုင်းဘဲလား”
“ဘာလဲ နှစ်ဝိုင်းကျွေးချင်သေးတာလား”
“ဘယ်နှစ်ဝိုင်းမှ လိုက်မကျွေးဘူး”
“ဟ မင်းတစ်ကယ် ပြောနေတာလား”
“တစ်ကယ် ဒီနေ့ငါမအားဘူး မနက်ဖြန်မှ လိုက်ကျွေးတော့မယ် ဟုတ်ပြီလား”
“မနက်ဖြန်ဆိုရင်တော့ မွေးနေ့လက်ဆောင်မရဘူးနော် ငါ့ကောင်ရေ”
“မရရင် မကျွေးဘူးပေါ့ကွာ”
“စတာပါ မင်းကလဲ”
“ကဲပါ မနက်ဖြန် ညနေ တွေ့နေကြဆိုင်မှာ လူစုထားလိုက် ငါလာခဲ့မယ် ဒီနေ့တော့ မအားဘူး ဒါဘဲ ဖုန်းချပြီ”
ပြောပြီးသည်နှင့် ရတုတစ်ယာက် ဖုန်းကို ချက်ချင်းချလိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
“ဘယ်သူတွေလဲ”
“သူငယ်ချင်းတွေပါ မွေးနေ့မို့ မုန့်လိုက်ကျွေးတဲ့”
“အဲ့တော့ ဘာပြန်ပြောလိုက်လဲ”
“မအားဘူးလို့ မနက်ဖြန်မှ လိုက်ကျွေးမယ်လို့ ပြောလိုက်တာပေါ့”
“ဒီနေ့က မင်းမွေးနေ့ဆိုတော့ ဒီနေ့ သွားကျွေးရမှာပေါ့ မဟုတ်လား”
“ဒါပေမယ့်..... အစ်မ”
“ပြော”
“ကျွန်တော့ကို မွေးနေ့လက်ဆောင် ဘာပေးမှာလဲ”
“မင်းကကော ငါ့ကိုဘာကျွေးမှာလဲ”
“အစ်မကဘာစားချင်လဲ”
“မင်းကမွေးနေ့ရှင်လေ အဲ့တော့ မင်းကျွေးတာ စားရမှာပေါ့”
“အင်း..... ဒါနဲ့ ဒီနေ့ အစ်မဆိုင်သွားမှာလား”
“သွားရမှာပေါ့”
“အင်း.....”
ရတု စိတ်မကောင်း ဖြစ်သွားသည်ကို မြူရိပ် ရိပ်မိသွားသည်။
ခဏကြာပြီး မြူရိပ် ဆိုင်သွားဖို့ ပြင်လိုက်သည်။
“ဒီနေ့တော့ ဆိုင်ကို မင်းမလိုက်ပို့နဲ့တော့ ငါ့ဟာငါသွားပြီ တာ့တာ....”
တာ့တာ ပြကာ ထွက်သွားတဲ့ မြူရိပ်ကို ရတု လှမ်းဆွဲကာ မသွားဖို့တားချင်မိသည်။ ဒီနေ့လေးတော့ ရတု မြူရိပ်ကို သူ့အနားလေး၌ တစ်ဖွဝါးမှ မခွာဘဲ အဖော်ပြုခိုင်း စေချင်မိသည်။
ဒါပေမယ့် မဖြစ်နိုင်တော့ပါ။ မြူရိပ်က အိမ်ထဲကနေ ဆိုင်ကို ထွက်သွားလိုက်ပြီလေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏