“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“ရောက်ပြီ”
“ဟင်..... ဂီတာဆိုင်ကြီး ဘာလုပ်မလို့လဲ”
“ဝယ်စရာလေးရှိလို့ လာ သွားရအောင်”
မလိုက်ချင်ဘူးလို့ လဲငြင်းလို့မရ လက်ကို အတင်းဆွဲကာ ခေါ်သွားသဖြင့် လူက ဖြတ်ကနဲ လိုက်ပါသွားတော့သည်။
“အစ်ကို ဘာလိုချင်လို့လဲဗျ”
အသက်က သူ့ထက်ကြီးပြီး ခေါ်လိုက်တာက အစ်ကိုဆိုတော့ ရတုတော်တော်တင်းသွားရသည်။
ဒါပေမယ့်လဲ သူလိုချင်တဲ့ဟာက ဒီဆိုင်မှာဘဲရှိတာမို့ စိတ်လျော့လိုက်ရသည်။
“ဟိုထောင့်နားလေးက ဂီတာလေး ကျွန်တော့ကို တစ်ချက်လောက်လိုက်ပြပေးပါလား”
“ဟုတ် ရတယ်လေ”
“ဒီဂီတာ ဒီဇိုင်းက အကန့်အသန့်နဲ့ ထွက်တာ ဒါနောက်ဆုံး တစ်လက်ဘဲ korea made အရောင်ကလဲ ပြောစရာမလိုဘူး တော်တော်မိုက်တယ်”
“ဈေးကကော”
“ဈေးက ၂၃၀၀၀၀ရောင်းတာ ၂၁၀၀၀၀ဘဲပေး နောက်ဆုံးတစ်လက်မို့ လျော့ပေးလိုက်မယ်”
“၂၁၀၀၀၀ ဟုတ်လား”
မျက်လုံးများပြူးကျယ်သွားကာ အံ့ဩပြီး အော်လိုက်တဲ့ မြူရိပ်ကြောင့် ဆိုင်ဝန်ထမ်းကော ရတုပါ ကြောင်သွားရသည်။
“ဟုတ်”
“မများဘူးလား ဟို.... အစ်မသိသလောက်ကတော့ ဂီတာတစ်လက်ကို ၅၀၀၀၀တန် အများဆုံးမှ ၁၀၀၀၀၀တန်လောက်ဘဲ မြင်ဖူးတာ ဟို..... ဒါကြ္းကတော့ တော်တော်များတယ်နော်”
“အစ်မပြောတဲ့ ဈေးနဲ့က ဒီလို အရည်အသွေးကောင်းတဲ့ ဂီတာမျိုး ဘယ်ရပါ့မလဲ အဲ့ဒါကတွေက china madeတွေမှန်းမှ မသိတာ ဒါက koreaထုတ်လေ မတူဘူးအစ်မရဲ့”
“ဟို.... ကျွန်တော် ဒါလေးသဘောကျတယ် ယူမယ်”
“ဟင်....”
“ဟုတ် ဒါဆို ကျွန်တော် ထုတ်လိုက်မယ်နော်”
“ခ ခ ခဏ”
ဝန်ထမ်းကောင်လေး လက်အား ကိုင်ကာ မြူရိပ် တားလိုက်သည်။
“ဟို.... ကျွန်မမောင်လေးက နောက်နေတာ သူ့အိမ်မှာ ဂီတာတွေအများကြီး ရှိတယ် ဟို.... ဒါကြောင့် မယူတော့ဘူနော်”
“အစ်မ”
“ဟုတ် ဟုတ် ရပါတယ် ဒါဆို ကျွန်တော် မထုတ်တော့ဘူနော်”
“မထုတ်နဲ့ မထုတ်နဲ့ မယူတော့ဘူ ဒါဆို အစ်မတို့ သွားပြီနော်”
“ဟုတ်”
ဆိုင်ဝန်ထမ်းကောင်လေးမှာတော့ ခေါင်းကုတ်လျက်သားသာ ကျန်နေခဲ့တော့သည်။ မြူရိပ် ရတုလက်အား ဆွဲကာ ဆိုင်ထဲမှ အလျင်အမြန်ပင် ဆွဲခေါ်လာခဲ့သည်။
“အစ်မ ဒါဘာလုပ်တာလဲ”
“ဘာလုပ်လို့လဲ”
“အဲ့ဂီတာ ကျွန်တော် ဘယ်လောက်လိုချင် နေလဲဆိုတာ အစ်မမသိဘူးလား”
“ဒီဂီတာက ဈေးအရမ်းများတယ်လေ နင်မသိဘူးလား ဘယ့်နဲ့ ဂီတာလေးတစ်လက်ကို ၂၁၀၀၀၀တဲ့ ကြားလို့မှ ကောင်းရဲ့လား”
“တောက်..... ဒါကနောက်ဆုံးတစ်လက်ဗျ နောက်ပြီး ဒီဂီတာက ခင်ဗျားကို ဝယ်ခိုင်းနေလို့လား ကိုယ့်ဟာကို ဝယ်မှာကို ခင်ဗျားက ဘာလာရှည်ရတာလဲ”
“ဘာ.... ရှည်တယ် ဟုတ်လား”
“ကျစ်....”
“ငါက မင်းကို အကောင်းနဲ့ပြောတာ ရတု မင်းအိမ်မှာ ဂီတာတစ်လက်မဟုတ်ဘူး အများကြီးဘဲ ရှိနေတာဘဲ ဘာလို့ ဒီလောက်ဈေးများတဲ့ ဂီတာကိုမှ ဝယ်ချင်နေရတာလဲ”
“ဒါက..... ဟာ..... ဒီဂီတာဝယ်ဖို့ ကျွန်တော် ပိုက်ဆံတွေ အများကြီးစုခဲ့ရတာ ခင်ဗျားသိလား သူငယ်ချင်းတွေ မုန့်လိုက်ကျွေးခိုင်းရင်တောင် နောက်နေ့နောက်နေ့နဲ့ ရက်ရွှေ့နေခဲ့ရတာ အဖေကလဲ ခင်ဗျားနဲ့ ယူပြီးမှ ကျွန်တော့ကတ်ကို ခင်ဗျားကိုဘဲ ပေးထားတာ အဲ့ဒါ ခင်ဗျား မသိဘူးလား”
“ငါက မင်းကို အကောင်းနဲ့ပြောပြတာလေ ၂၁၀၀၀၀မကလို့ ဘယ်နှစ်သိန်းဘဲ ပေးရပေးရ တစ်နေ့ပြတ်မှာဘဲ အဲ့တော့ မင်းအိမ်မှာ ရှိနေတဲ့ ဂီတာတွေကိုဘဲ တီးတော့ကော အဆင်မပြေလို့လား”
“ဟာကွာ.... ခင်ဗျား.... တောက်.... ခင်ဗျားနဲ့ယူခဲ့မိတာ တော်တော်မှားတယ် ရော့ ကားသော့”
ရတု မြူရိပ်ကို ရွယ်မိလိုက်တဲ့ လက်အား ပြန်ရုတ်သိမ်းကာ လက်ထဲသို့ ကားသော့ ပေးလိုက်ပြီး ဖြတ်သွားသည့် taxiတစ်စီးအား ငှားကာ ထိုနေရာမှ ထွက်လာခဲ့တော့သည်။
“အဟွန်း..... ငါ့ကို ဂီတာလေးတစ်လက်အတွက်နဲ့ လက်ရွယ်တယ် တော်ပါတယ် ရတု ငါကတော့ မင်းကို အကောင်းနဲ့ ပြောရတာ မင်းကတော့ အဟင့်....”
မြူရိပ် မထိန်းထားနိုင်တဲ့အဆုံး ငိုသာ ချလိုက်မိတော့သည်။
ဂီတာလေး တစ်လက်မဝယ်ဖို့ တားလိုက်တာ ဒီလောက် အပြစ်ရှိသွားတာကို။
အချိန်အနည်းငယ်ကြာသည်ထိ ထိုနေရာ၌ ခဏတာ ထိုင်နေမိသည်။ ခဏအကြာမှ အိမ်ကိုလှမ်းဖုန်းဆက်ကာ ကားမောင်းတက်သူ တစ်ယောက် ခေါ်လိုက်ပြီး သူမအမေရှိရာစီသို့ ပြန်လာခဲ့လိုက်သည်။
“ဟေ.... သမီး ဘာလာလုပ်တာလဲ ခဏကလဲ ဖုန်းဆက်သေးတယ် ကားမောင်းတက်တဲ့ လ်ူစ်ယောက်ကို ဘာလုပ်မလို့လဲ”
“အမေ သမီး.... ရတုနဲ့ စကားများထားတယ်”
“ဟုတ်လား”
“ဟုတ် အဲ့ဒါကြောင့် ဒီည အိမ်မပြန်ဘဲ ဒီမှာဘဲ အိပ်မလို့ ရတယ်မလား”
“ရပါတယ်ကွယ် ဒါနဲ့ ဘာဖြစ်ကြတာလဲ”
“ခဏနေမှ ပြောပြမယ် အခုတော့ သမီးနားချင်ပြီ”
“ကောင်းပါပြီ ဒါဆို သမီးအရင်သွားနားလိုက် ပြီးမှ အကျိုးအကြောင်းလေး ပြောကြတာပေါ့”
မြူရိပ် အိမ်ထဲဝင်သွားလိုက်ပြီး သူ့အခန်းထဲ ဝင်ကာ တစ်ယောက်ထဲ ကြိတ်ငိုနေမိသည်။
“မပြန်ဘူး ငါနဲ့လက်ထပ်ရတာ မှားတယ် ဟုတ်လား ရတယ်လေ လာခဲ့စမ်းပါ ကွာရှင်းစာချုပ်မှာ တစ်ခါတည်း လက်မှတ်ထိုးပေးလိုက်အုံးမှာ”
ဒီမှာတော့ တစ်ယောက်ထဲ ဒေါသဖြစ်နေချိန် တစ်ဖက်မှာတော့။
“ကျစ်.... ဘွားတော် ဘယ်ရောက်သွားတာလဲကွာ အိမ်မြန်းပြန်ရောက်နေတာလား မဟုတ်သေးပါဘူး သူက ကားမှ မမောင်းတက်တာ နေအုံး ဒီဆိုင်က လူတွေကိုညပြန်မေးကြည့်ရမယ်”
ပြောရင်းဖြင့် ရတု ခဏက ဂီတာဆိုင်လေးထဲသို့ ဝင်သွားလိုက်ပြီး မေးကြည့်လိုက်သည်။
“အဲ့အစ်မ ခဏက ယောင်္ကျားလေးတစ်ယောက် လာခေါ်သွားတာတော့ တွေ့လိုက်တယ်ဗျ”
“ဟုတ် ကျေးဇူးပါ”
“ကျစ်.... ဘွားတော် လူကို စိတ်ပူအောင် တော်တော်လုပ်တာဘဲ ဟူး..... အခုလောလောဆယ် အိမ်ကိုပြန်ရမယ် အိမ်မှာမတွေ့မှ သူ့မိဘတွေဆီ သွားရမယ်”
Taxiတစ်စီးငှားလိုက်ပြီး ရတု အိမ်သို့ အမြန်ပြန်လာခဲ့လိုက်သည်။ အိမ်လဲရောက်တော့ မြူရိပ်ရဲ့ အရိပ်အယောင် ဘာတစ်ခုမှ မတွေ့ရသဖြင့် ပို၍ပင် စိတ်ပူသွားရသည်။
“ဖုန်းဆက်တော့လဲ ဖုန်းကဆက်ပိတ်ထားသည်နှင့် ကျစ်.... ဟုတ်ပြီ သူ့မိဘတွေဆီ သွားရမယ်”
မြူရိပ်မိဘတွေဆီ သွားဖို့ ပြင်လိုက်တော့ မိုးကတော်တော် ချုပ်နေပြီ။
“သူ့မိဘတွေဆီမှာသာ မရှိလို့ကတော့.... ဟာ.... မဟုတ်လောက်ဘူး အဲ့ဘိုးတော်ဆီတော့ မသွားလောက်ပါဘူး”
ရတုစိတ်ထဲတွင် မြူရိပ်တစ်ယောက် ငြိမ်းသုတနှင့် အတူထွက်သွားသည်ဟု ထင်နေမိသည်။
ခဏကြာတော့ ရတုမြူရိပ်မိဘတွေရှိရာ အိမ်သို့ ရောက်လာခဲ့သည်။
“ဟူး.... ကားတော့တွေ့ပြီ ကားတွေ့ပြီဆိုမှတော့ လူလဲရှိမှာပေါ့ အခုမှဘဲ ဟူး..... အမောပြေတော့တယ်”
သက်ပြင်းတွေ အကြိမ်ကြိမ်ချကာ ရတု အိမ်ထဲသို့ ဝင်သွားခဲ့သည်။
“ဟင်....”
အိမ်ထဲသို့ ဝင်ဝင်ချင်း တွေ့လိုက်ရတာက သူ့မသိစိတ်ထဲကနေ ခိုးချစ်နေမိတဲ့ သူ့ရဲ့ အစ်မက သူမအမေ ရင်ခွင်ထဲ၌ ဖတ်ကာ ငိုနေလေသည်။
“အစ်မ”
“ဟင်.... နင်ရတု ဘာလာလုပ်တာလဲ ဘာလဲ ညနေက အရိုက်လိုက်ရလို့ ပြန်ရိုက်မလို့လား”
“သမီး ဘယ်လိုတွေပြောနေတာလဲ”
“ဟို.... ကျွန်တော် တောင်းပန်ပါတယ် အစ်မ ညနေက မထင်မှတ်ဘဲ ဖြစ်သွားတာပါ ကျွန်တော် တောင်းပန်ပါတယ်နော်”
“မင်း ငါ့ကို လက်နဲ့ရွယ်တုန်းက မင်းစဉ်းစားခဲ့လား ဆိုင်ထဲကလူတွေ လက်သွားလမ်းလာ လူတစ်ချို့ ကြည့်နေတယ်ဆိုတာ”
“ကျွန်တော် အနူးညွှတ်တောင်းပန်ပါတယ်ဗျာ အစ်မ မကျေနပ်ရင် ကျွန်တော့ကို လာရိုက်ကွာ”
“မရိုက်ဘူး ငါ့မှာ ဒေါသထွက်တိုင်း သူများကို ရိုရ်တက်တဲ့ အကျင့်မရှိဘူး အဲ့တော့ မင်းဒီအိမ်ထဲက အခုချက်ချင်းထွက်သွား”
“သမီး.... အဲ့ဒါ သမီး ယောင်္ကျားနော် အဲ့လို မလုပ်ရဘူးလေ မှားတာလေးတွေ ရှိရင် နှစ်ယောက်သား တိုင်ပင်ပြီးမှ ဖြေရှင်းရမယ်လေ”
“မသိဘူး ရတု ငါပြောနေတယ်နော် အခုချက်ချင်း ထွက်သွား”
သူမအပြောကြောင့် ရတု ယောင်္ကျားလေးတန်မဲ့ မျက်ရည်စများ ကျလာကာ အိမ်ထဲမှ ထွက်လာခဲ့တော့သည်။
“သမီးရယ် ဘာလို့ အခုလို လုပ်ရတာလဲ”
အမေရဲ့ အမေးကို မဖြေဘဲ အခန်းထဲသို့သာ တန်းဝင်သွားသည့် သမီးကို ကြည့်ကာ အမေဖြစ်သူ ခေါင်းသာရမ်းနေမိတော့သည်။
အဟွန်း.... ကျွန်တော့ကို ဘာကောင်များထင်နေတာလဲ ခင်ဗျားမပါဘဲ အိမ်ကို တစ်ယောက်ထဲ ပြန်မယ် ထင်နေတာလား မပြန်ဘူး ခင်ဗျားကျွန်တော်နဲ့ အိမ်ပြန်လိုက်မဲ့ထိ ထွက်စောင့်နေမှာ။
ရတု ကိုယ့်အတွေးနဲ့ကိုယ် အိမ်မပြန်ဘဲ ခြံရှေ့၌ ရပ်စောင့်နေလေသည်။
“ဟင်.... ရတုလေး”
ခြံတံခါးပိတ်ဖို့ အသွား ခြံရှေ့၌ ရပ်ကာ ခြံထဲကို ကြည့်နေတဲ့ ရတုကို တွေ့လိုက်သည်နှင့် ဒေါ်မြရိပ်အေး အလန့်တကြားခေါ်လိုက်မိသည်။
“အန်တီ”
“သား မပြန်သေးဘူးလား”
“မပြန်သေးဘူး အစ်မမပါဘဲ ကျွန်တော်မပြန်ဘူးလို့ အန်တီ့သမီးကို ပြောပေးပါလား ဟို... နောက်ပြီး အစ်မမလိုက်လာရင် ကျွန်တော် တစ်ညလုံး ဒီမှာဘဲ ရပ်စောင့်နေမှာလို့ပါ ပြောပေးနော်”
“ကောင်းပါပြီကွယ်”
ဒေါ်မြရိပ်အေး ခေါင်းတစ်ရမ်းရမ်းနှင့်သာ အိမ်ထဲသို့ ဝင်သွားလိုက်သည်။
“ဒေါက် ဒေါက်.... သမီး အိပ်ပြီလား”
“မအိပ်သေးဘူး အမေ ဘာကိစ္စရှိလို့လဲ”
“ကိစ္စကတော့ ရတုဘဲအေ သမီးမပါရင် အိမ်ကိုမပြန်ဘူးတဲ့ တစ်ညလုံး ခြံရှေ့မှာ ရပ်စောင့်နေမှာတဲ့”
“ဘာ.... တောက်”
“သမီးဘယ်သွားမလို့လဲ”
“အဲ့ကောင်နဲ့ စာရင်းရှင်းမလို့ပေါ့”
“သမီး စကားမလွန်စေနဲ့နော်”
“စိတ်ချပါ အမေရယ်”
မြူရိပ် ပြောလဲပြီးရော ခြံရှေ့သို့ ခပ်မြန်မြန် ထွက်လာခဲ့သည်။
“အဲ့ဒါကကော ဘာဖြစ်တာလဲ”
“ဟင်... အစ်မ”
သူမကို တွေ့သည်နှင့် ရတု သူမကိုယ်လေးအား သူ့ရင်ခွင်ထဲသို့ ဆွဲကာ ဖတ်ထားလိုက်သည်။
သူ့ရဲ့ မထင်မှတ်ထားတဲ့ အပြုအမူကြောင့် မြူရိပ်တစ်ယောက် လန့်လဲလန့်သွားရသလို ရင်အစုံမှာလဲ တစ်ဒိတ်ဒိတ်နှင့် ခုန်နေရသည်။
“အဲ့လိုမျိုး မစိမ်းကားပါနဲ့ အစ်မရယ် ကျွန်တော် တစ်ကယ်အနူးညွှတ်တောင်းပန်ပါတယ် အစ်မ ကျွန်တော့ကို ကြိုက်သလို အပြစ်ပေးပါ ကျွန်တော် ခံမယ် အခုလောလောဆယ်တော့ ကျွန်တော်နဲ့အတူ အိမ်ကို ပြန်ရအောင်နော်”
“မပြန်ဘူး ဖယ် ငါ့ကိုလွှတ်”
“မလွှတ်ဘူး အစ်မ ကျွန်တော်နဲ့ အိမ်ပြန်မလိုက်မချင်း လုံးဝမလွှတ်ပေးဘူး”
“ရတု မင်းဘယ်လို ဖြစ်နေတာလဲ ဒါအမေတို့ အိမ်ရှေ့နော်”
“အမေတို့ အိမ်ရှေ့ကော ဘာဖြစ်လဲ ကျွန်တော်ပြောပြီးပြီနော် ကျွန်တော်နဲ့ ပြန်လိုက်မှာလား ဒီတိုင်းဘဲ အဖတ်ခံနေမှာလား”
“သမီးရယ် ပြန်လိုက်သွားလိုက်ပါ ”
“ဟင်.... အမေ လွှတ် ရတု”
“မလွှတ်ဘူး ကျွန်တော် နောက်တစ်ခါ မပြောတော့ဘူနော်”
“အမေ့ရှေ့မှာ နင်မရှက်ဘူးလား”
“မရှက်ဘူး”
“နင်မရှက်ပေမယ့် ငါရှက်တယ်”
“ရှက်ရင် လိုက်သွားလိုရ်တော့လေ သမီးရယ်”
“ဟုတ်တယ်လေ ရှက်ရင် လိုက်ခဲ့ပေါ့”
“အဟင်း.... မင်းဒီတစ်ခါတော့ ထားလိုက်ပါ နောက်တစ်ခါဆို မရဘူးမှတ် လွှတ် လိုက်ခဲ့မယ်”
“အဟွန်း.... ဒီလိုမှပေါ့”
“ဒါဆို ကျွန်တော်တို့ ပြန်လိုက်ပါအုံးမယ်နော် အမေ”
“ကောင်းပါပြီကွယ် ရန်တွေလဲ ခဏခဏ မဖြစ်ကြနဲ့နော်”
“ဟုတ်”
ဒီလိုနဲ့ ဒေါ်မြရိပ်အေး အဆင်သင့်ယူလာတဲ့ ကားသော့လေးကို သူတို့အား ပေးလိုက်ပြီး နှစ်ယောက်သား အိမ်ပြန်သွားတော့သည်။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏