“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“ရောက်ပြီ ဆင်းတော့”
“ဟင်..... နင်နေရာမှားလာတာလား”
“မမှားပါဘူး”
“ပြောတော့ နင့်သူငယ်ချင်းရဲ့ စားသောက်ဆိုင်သွားမှာဆို အခုက ဘုရားရောက်နေတယ်လေ”
“သိတယ်လေ အစ်မကို ဘာလို့ဘုရားကို ခေါ်လာလဲဆိုတော့ ကိုယ့်ယောင်္ကျားကို နေ့တိုင်း ဆူဆဲနေရတာဆိုတော့ ဘုရားပေါ်လာပြီး အပြစ်တွေ ခွင့်လွှတ်ခိုင်းလို့ရအောင် ခေါ်လာခဲ့တာ”
“ဘယ်သူ့ကို ခွင့်လွှတ်ခိုင်းရမှာလဲ”
“ကျွန်တော့ကိုပေါ့”
“သူတောင်းစားလေးရဲ့”
“ဟာ..... ဘုရားပေါ်မှာနော်”
“ကန်တော့ ကန်တော့ မှားသွားလို့”
“အဟင်း..... ခင်ဗျားကတော့လေ”
မြူရိပ် သူ့အပြောအား အန်တုမနေဘဲ တစ်ယောက်ထဲ ကိုယ့်နေနာမ်ရှိရာစီ လျှောက်လာခဲ့လိုက်တော့သည်။
“အစ်မ”
“ဘုရားရှိုခိုးအုံးမယ် ခဏနေမှ စကားလာပြော”
“နောက်ဆုံးတော့ အသိတရားတွေ ရသွားပြီပေါ့ ဟုတ်လား”
“ရတု ငါစကားမများချင်ဘူးနော်”
“ဟုတ်ပါပြီ ဟုတ်ပါပြီ သူတော်ကောင်းမမလေးရယ် ဘုရားရှိုခိုးပါတော့ ကျွန်တော်မျိုး မနှောင့်ယှက်တော့ပါဘူး”
“ဒီလိုမှပေါ့”
ရတုတစ်ယောက် မျက်နှာကြီးရှုံ့လျက် မြူရိပ် ဘုရားရှိုခိုးနေတာကို ဘေးမှကြည့်နေလိုက်သည်။
အဟွန်း..... ခင်ဗျားက တော်တော်လှတာဘဲ ဘေးစောင်းလေးတောင် အရမ်းကြည့်လို့ကောင်းတယ်။
ရတုစိတ်ထဲမှပြောလိုက်ရင်း ခါးကြားထဲ၌ ကားသော့နှင့်အတူ ညှပ်ထိုးထားတဲ့ ဖုန်းလေးအား ဆွဲထုတ်လိုက်ပြီး မျက်လုံးလေးမှိတ်လျက် ပါးစပ်ကနေ ဘုရားစာရွှတ်ဆိုနေတဲ့ သူမပုံလေးအား ဘေးမှ အလှပဆုံးဖြစ်အောင် ခိုးရိုက်လိုက်သည်။
ခဏကြာတော့ မြူရိပ် ဘုရားရှိခိုးပြီး၍ ထိုင်နေရာမှ ထရပ်လိုက်သည်။ သူမသာ ထရပ်လိုက်တာ ဘေးကနေ သူမထိုင်နေရာကနေ ထလိုက်သည်ထိ မျက်တောင်မခက်တမ်းကြည့်နေသူက ရတုပင်။
“ဟိတ် ရတု ရတု နင်မျက်လုံးက ဒီတစ်သတ်ပိတ်အုံးမှာလား”
“ဟင်.... ဗျာ”
“နင့်မျက်လုံးတွေကိုပြောတာ ငါ့ကိုကြည့်နေလိုက်တာများ ဒီကလူက ရှက်လာပြီ သိရဲ့လား”
“အဟွန်း....”
အရင်လို မရှက်ဘဲ တစ်မင်စလိုက်တာကို သူ့ဘက်က ဘာမှပြန်မပြောဘဲ ရှက်သွားသည့်ပုံဖြင့် သူ့လည်ပင်းတွေအား ပွတ်ကာ သားစွယ်လေးပေ့ါသည်အထိ ရီပြလာတဲ့ ရတုကြောင့် ကျွန်မမှာ ကြောင်သွားရသလို ရင်တွေလဲ ခုန်သွားခဲ့ရသည်။
“မြူ”
“ကိုနှိုင်း”
တစ်ယောက်နဲ့တစ်ယောက် ဘာပြောရမှန်းမသိဖြစ်နေချိန် စကားစတင် ဖြတ်ပြောလိုက်တဲ့သူက စေ့စပ်ပွဲအတွက် စီစဉ်ဖို့ ဘုရားပေါ် လာခဲ့ကြတဲ့ သုတနဲ့မှုံပင်။
“ဟင်..... ကိုငြိမ်း မှားသွားလို့ ငြိမ်းသုတပါလား”
“ဘာလို့ ဒီလောက်ထိ စိမ်းသွားရတာလဲ မြူရယ်”
ရတု မြူရိပ်နဲ့ ငြိမ်းသုတကို မျက်မှောင်ကြီး ကြုတ်လျက် ကြည့်နေမိသည်။
“မ”
“ဟင်....”
“ဟို.... ကျွန်တော်တို့ကို ခွင့်ပြုပါအုံးဗျ ကျွန်တော်တို့ရဲ့ two weeks anniversary လေးသွားလုက်ရအုံးမှာမို့ပါ”
“အော်.....”
“ကိုနှိုင်း”
“အော်..... မှုံရတီ”
“မှုံ့ကို အခုမှ တွေ့တာလား”
“ဟို.... အဲ့လို မဟုတ်ပါဘူး မြင်ပါတယ် ဒါပေမယ့် ကိုယ့်မိန်းမကိုက ကြည့်ရအုံးမှာမို့ မှုံကို မမြင်လိုက်တာ”
ရတုရဲ့ စကားကြောင့် မှုံရင်ထဲ စူးကနဲနှင့် အောင့်သွားရသည်။
ရက်စက်လိုက်တာ ကိုနှိုင်းရယ်။
“အော်..... ဒါနဲ့ လက်ထဲက”
“ဟို..... အစ်ကိုတို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲ ဖိတ်စာ”
“အော်..... Congratulationsပါဗျာ ဒါဆို အစ်ကိုတို့နှစ်ယောက်က မကြာခင် လက်ထပ်ကြတော့မှာပေါ့”
“အင်း.....”
ရတုကတော့ အပြုံးမပျက်နိုင်ပေမယ့် ဘေး၌ ရပ်နေတဲ့ လူသုံးယောက်မှာတော့ မျက်နှာများ ညိုးကာ ခေါင်းကို ငုံ့ထားကြသည်။ ထိုအထဲမှ မြူရိပ်တစ်ယောက်ကတော့ ပိုပြီး ဝမ်းနည်းနေရသည်။ အခုချိန်ထိ ငြိမ်းသုတကို မြင်တိုင်း သူမရင်ခုန်နေစဲပင်။ ဒါကြောင့်လဲ အခုလို စေ့စပ်ပွဲဖိတ်စာလို့ ငြိမ်းသုတပါးစပ်မှ ထွက်လိုက်ချိန် သူမထိုနေရာ၌ ပြိုလဲကျသွားတော့မည်လို ဖြစ်သွားရသည်။ မျက်လုံးအိမ်ထက်၌လဲ မျက်ရည်များက ရစ်သီလာသည်။ ဒါကို ရိပ်မိတဲ့ ရတု
“သွားရအောင်”
သူမအဖြေကို စောင့်မနေဘဲ သူလက်ကို ဆွဲကာ ထိုနေရာလေးမှ နှစ်ယောက်သား ထွက်လာခဲ့ကြသည်။
“တက်တော့”
ကားတံခါးဖွင့်ပေးလိုက်ကာ သူမကို တက်ခိုင်းစေလိုက်ပြီး သူကိုယ်တိုင်ကလဲ ကားပေါ်သို့ တက်လိုက်သည်။
“အဟင့်.....”
ရှိုက်သံတစ်ချို့ ထွက်လာသည့် သူမက အခုချိန် ငိုနေပြီဆိုတာ အသိသာကြီးပေ။
“မငိုနဲ့”
“နင်က မခံစားဖူးတော့ ဘယ်သိပါ့မလဲ”
“ခံတော့မခံစားဖူးပေမယ့် ကျွန်တော် နားလည်ပါတယ်”
“နားလည်ရင် ဘာလို့ လာပြောနေသေးလဲ ငါ့ဟာငါငိုချင်ရင် ငိုမှာပေါ့”
“မငိုရဘူး ယောင်္ကျားတစ်ယောက်အတွက်နဲ့ မျက်ရည်မကျစမ်းပါနဲ့ အစ်မရာ”
ထိုစကားကြောင့် မြူရိပ် ရတု့ဘက် လှည့်ကြည့်လာခဲ့သည်။
“မဟုတ်လို့လား မကြာခင်လက်ထပ်တော့မဲ့ လူအတွက်နဲ့ ဘာကိစ္စလိုက်ငိုနေရမှာလဲ မငိုပါနဲ့ဗျာ ခင်ဗျားငိုရင် လှတာလဲ မဟုတ်ဘဲနဲ့”
“ဘာ.... ငါဝမ်းနည်းနေတာနော် ရတု”
“သိတယ်လေဗျာ ဒါပေမယ့် ကျွန်တော်ပြောတာလဲ ဘာမှားလို့လဲ ခင်ဗျားငိုရင် လှလို့လား”
“ကဲဟာ.... ဖျတ်....”
“အား.... နာတယ်လေ”
“နာချင်နာပေါ့ အခုချိန် ငါစိတ်တွေလဲ တစ်ကယ်တိုနေတာနော် နင်ငါ့ကို လာလာမစနေနဲ့ ငါဒီထက် ပိုရိုက်မိလိမ့်မယ်”
“ကျွန်တော် ခင်ဗျားရိုက်သလောက်ခံမယ်”
“ဟင်..... တစ်ကယ်လား”
“တစ်ကယ်ပေါ့ ဒါပေမယ့်.... ခင်ဗျားကတိတစ်ခု ပေးရမယ်”
“ဘာကတိလဲ”
“မငိုရဘူး ကလေးလဲမဟုတ်ဘာလဲမဟုတ်ဘဲနဲ့ မငိုပါနဲ့လား”
“ဝမ်းနည်းလို့ ငိုပါတယ်ဆိုမှ”
“ဝမ်းနည်းလဲ မငိုပါနဲ့ ကျွန်တော်က ငိုရတာမကြိုက်ဘူး”
“မင်းဟာမင်း ငိုရတာမကြိုက်တာလေ ငါကတော့ ဝမ်းနည်းရင် ငိုမှာဘဲ”
“မငိုရဘူး ကျွန်တော်ကိုယ်တိုင်လဲ ငိုရတာ မကြိုက်သလို ခင်ဗျားလဲ မငိုရဘူး ခင်ဗျား ငိုရင် ကျွန်တော်လဲ ငိုချင်သလို ဖြစ်လာတယ်”
“ဘာလို့လဲ”
“မသိဘူး နောက်တစ်ခါ ငိုမယ်ဆိုရင် ဒီကကောင် နှိုင်းရတုအတွက်ဘဲငို တစ်ခြား ဘယ်ယောင်္ကျားလေး အတွက်မှ မငိုနဲ့ ကြားလား”
“မကြားဘူး”
“ဒါဆို နားမှာကပ်ပြီးပြောရမှာလား”
အနားနား ပြောရင်းဖြင့် ကပ်လာတဲ့ ရတုကို ကျွန်မလက်သေးသေးလေးတွေနှာင့် တွန်းထုတ်လိုက်သည်။
“နင်နော် တစ်နေ့တစ်နေ့အချိုးတွေပြောင်းလာတယ်”
“ဘာဖြစ်လဲ”
“ကဲပါ ငါတို့ဒီကနေ အမြန်ဆုံးသွားရအောင်”
ဘုရားရင်ပြင်ပေါ်မော့ကြည့်ကာ ပြောလာတဲ့ အစ်မကို ရိပ်မိကာ ဘုရားရင်ပြင်ပေါ်သို့ တစ်ချက်မော့်ကြည့်လိုက်သည်။
ငြိမ်းသုတဆိုသူက မှုံရတီကိုယ်လေးအား သူ့ရင်ခွင်ထဲသို့ ထည့်ကာ ဖက်ထားသည်။
“ကျစ်....”
ရတု မျက်မှောင်ကြီးကြုတ်လျက် ကျစ်တစ်ချက်သပ်လိုက်ပြီး ထိုနေရာလေးမှ အမြန်ဆုံး မောင်းထွက်လာလိုက်သည်။
“ဟိတ် မငိုရဘူးနော် ကျွန်တော်ပြောထားပြီးပြီနော်”
“မငိုပါဘူး ဘယ်သူကငိုလို့လဲ မငိုဘူး”
“အဟွန်း....”
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏