“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“ပြောစမ်း ဘာဖြစ်တာလဲ”
“ဟို.... အား....”
“ဟင်.... ဘာ ဘာဖြစ်တာလဲ”
ရုတ်တရက်ထအော်လိုက်တဲ့ ရတုကြောင့် မြူရိပ် ပြာယာခက်သွားရသည်။
“ဟို.... ခြေ ခြေထောက်က ရုတ်တရက်နာလာလို့”
“ဟင်.... လာလာ အထဲအမြန်ဝင်မယ်”
“ဟုတ်”
မြူရိပ် ရတုကိုယ်အား မနိုင်မနိုင် ဆွဲကာ ဧည့်ခန်းဆီသို့ ခေါ်လာခဲ့သည်။
“ထိုင်နေ ငါဆေးသွားယူအုံးမယ်”
“ဟုတ်”
မြူရိပ်တစ်ယောက် အပေါ်တက်လျုက် အောက်ဆင်းလိုက်နှင့် ဆေးဘူးတွေ ဂွမ်းစတွေအား လိုက်ရှာနေရသည်။
“ကျစ်.... ဟိုဆေးဘူးက ဘယ်နားထားလိုက်တာပါလိမ့်”
“အဟွန်း....”
ခေါင်းကုပ်လိုက် ခါးထောက်လိုက် ဟိုနားပြေးသွား ဒီနားပြေးသွားနှင့် တစ်ယောက်ထဲ အလုပ်ရှုပ်နေသည့် မြူရိပ်အား ရတု သဘောကျစွာဖြင့် ရီလိုက်မိသည်။
“အေး.... နင်ကတော့ အဲ့မှာရီနေလိုက် ဒီကလူက နင့်ဒဏ်ရာတွေကို လိမ်းပေးဖို့ ဆေးရှာရတာ သေတော့မယ်သိလား”
“ဒါဆိုလဲ မရှာနဲ့တော့”
“ဒါဆို နင့်ဒဏ်ရာတွေကို ဘာလိမ်းမယ်လို့ စဉ်းစားထားတာလဲ”
“ဘာမှမလိမ်းတော့ဘူ”
“ဘာမှမလိမ်းလို့ ဘယ်ဖြစ်ပါ့မလဲ ကျစ်.....”
အပေါ်သို့ပြန်တက်သွားလိုက်ပြီး ခဏကြာတော့ ဆေးဘူးလေးကိုင်ကာ ပြန်ဆင်းလာခဲ့သည်။
“ဟူး.... အခုမှဘဲ တွေ့တော့တယ် ဘယ်လိုဆေးဘူးပါလိမ့် လူကိုများ တူတူပုန်းတိုင်း လာကစားခိုင်းလိုက်သေးတယ်”
“ဘယ်မှာလိမ်းမှာလဲ”
“လက် ခြေထောက် ပါး ပါးစပ် နှာခေါင်း”
“ကျစ်.... ပြောအုံး ဘာဖြစ်တာလဲ ရန်ဖြစ်လာတာလား”
“ဒီလိုပါဘဲ”
“ဖျက်....”
“အား.... နာတယ်အစ်မရဲ့ ဘာလို့လာရိုက်တာလဲ”
“ဒါဆို မေးတာဖြေလေ”
“ဖြေမယ်”
“ဖြေ”
“ဟို.... မနက်ကကားပြိုင်တာ အဲ့ဒါ ဟိုဘက်အဖွဲ့က ရှုံးတာကို လောင်းကြေးအနေနဲ့ ပိုက်ဆံနှစ်သိန်းမပေးဘူးလေ အဲ့ဒါကြောင့် ထိုးပစ်လိုက်တာ အဲ့ဒါနဲ့ဘဲ ရန်ပွဲဖြစ်ပြီးရဲစခန်းရောက်တာဘဲ”
“အော်.... တော်တော်မွဲနေတာ ကားပြိုင်မောင်းပြီး ပိုက်ဆံရှာရတယ်လို့ မင်းတစ်ခုခုဖြစ်ပြီး သေသွားမှာ မကြောက်ဘူးလား”
ငိုသံပါလေးနှင့် ပြောလာသည့် မြူရိပ်ကို ရတု မျက်နှာလေးညိုးစွာဖြင့် ပြန်ကြည့်လိုက်သည်။
“ဟို.... ကျွန် ကျွန်တော် တောင်းပန်ပါတယ်”
“မင်းဒါမရှိတော့ရင် ကျန်ခဲ့တဲ့ ငါတို့တွေ ဘယ်လောက်တောင် ခံစားရမလဲဆိုတာ မင်းစဉ်းစားရဲ့လား ပိုက်ဆံနှစ်သိန်းမလား မင်းအရမ်းလိုချင်ရင် ငါမင်းကို ပေးလိုက်မယ် ဟုတ်ပြီလား နောက်တစ်ခါ ကားမောင်းပြိုင်တာတွေ ဆိုင်ကယ်မောင်းပြိုင်တာတွေ မလုပ်စမ်းပါနဲ့ ရတုရာ ငါတောင်းပန်ပါတယ်”
“တောင်းပန်စရာမလိုပါဘူး အစ်မရယ် အစ်မနောက်တစ်ခါမလုပ်နဲ့ဆိုရင် ကျွန်တော် မလုပ်တော့ပါဘူး ကဲပါ ငိုမနေပါနဲ့ အစ်မကလဲ အခုလဲ ကျွန်တော်ဘာဖြစ်သွားလို့လဲ ဒဏ်ရာလေးနည်းနည်းဘဲ ရလာတာကို သေမှမသေသေးတာ”
“အေး.... နင်ကတော့ အဲ့မှာ ရီပြီးမှ ပြောနေလိုက်”
“ကဲပါ ကျွန်တော်အနူးညွှတ်တောင်းပန်ပါတယ် ဟုတ်ပြီလား ငိုမနေနဲ့ လှတာလဲ မဟုတ်ဘဲနဲ့”
“ငိုရင်လှတယ်လူရှိလို့လား”
“ခဏကတော့ မရှိဘူး အခုတော့ ကျွန်တော်တွေ့သွားပြီ ကျွန်တော့အရှေ့မှာထိုင်နေတဲ့သူ”
ရတုအပြောကြောင့် ခဏက နှခေါင်းလေးတစ်ရှုံ့ရှုံ့နှင့် ငိုနေတဲ့ မြူရိပ် အခုတော့ ပြုံးလာခဲ့သည်။
“ဟွန်း.... အခုကြတော့ ခဏကမြူရိပ်မဟုတ်တဲ့ အတိုင်းဘဲ ခင်ဗျားလေးကလေ တော်တော်မြှောက်တာ ကြိုက်တာဘဲ”
“အော်.... လူပါဆို မြှောက်ပြောမှာတော့ မကြိုက်တဲ့သူဘယ်ရှိမလဲ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ အခုတော့ ဆေးလိမ်းပေးတော့ ပြီးရင် အပြင်ထွက်ပြီး လျှောက်လည်ရအောင်”
“ငါ့ကို မင်းလို လျှောက်လည်သွားရလောက်တဲ့ထိ အားနေတယ်ထင်နေလား”
“မထင်ဘူး”
“မထင်ရင် ဘာလို့ငါ့ကို လာခေါ်နေသေးလဲ”
“အော်.... တစ်ခါတစ်လေ အစ်မလဲ အပြင်လေးဘာလေး ထွက်လို့ရအောင်မို့ပေါ့”
“မထွက်ချင်ပါဘူး အပြင်ထွက်ရင် ပိုက်ဆံကုန်မှာဘဲ အဖက်တင်တယ် ဆိုင်သွားရင်တောင် ပိုက်ဆံရအုံးမှာ မသွားဘူး မသွားဘူး”
“တစ်ကယ်မသွားဘူးနော်”
“မသွားပါဘူးဆိုနေ”
“လုပ်ပါ အစ်မရယ် အပြင်ထွက်ရအောင်နော်”
“မထွက်ပါဘူး ဆိာင်သွားရအုံးမှာ”
“တစ်ရက်လေးဘဲဟာကို တစ်ရက်တောင် မဟုတ်ဘူး နေ့တစ်ပိုင်းလေးဘဲဟာကို လုပ်ပါ”
“ငါမပါဘဲ မင်းတစ်ယောက်ထဲ သွားလို့မရဘူးလား”
“မရဘူး”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ အမ်း.... ဟိုလေ ဟို....”
“တော်ပြီဟာ ငါဆိုင်သွားတော့မယ်”
“ဟို.... ဗေဒင် ဗေဒင် ဟုတ်တယ် ကျွန်တော်တို့အခု သွားမဲ့ လမ်းမှာ ဗေဒင်ဆရာတစ်ယောက်ရှိတယ် အရမ်းမှန်တာ ကျွန်တော့်သူငယ်ချင်းဆိုရင် စီးပွားရေးလုပ်မှာ အဆင်ပြေလားသွားမေးလိုက်တာ ဟိုက လုပ်ဟာလုပ် အဆင်ပြေတယ်ဆိုပြီး သူလဲ ချလိုက်တော့တာဘဲ အခုဆို ကျောင်းတောင် မတက်တော့ဘူ”
“ဘာလို့လဲ”
“မွှဲသွားပြီ ကျောင်းတက်ဖို့တောင် ပိုက်ဆံမရှိတော့ဘူ”
“အော်..... သတောင်းစားလေးရဲ့ ငါကမြင့် အကောင်းမှတ်လို့ နားထောင်နေတာ”
“အစ်မကလဲ ကျွန်တော်ပြောတာကို အပြီးထိ ဆုံးအောင် နားထောင်အုံးလေ”
“ပြော”
“အဲ့ဒါနဲ့ သူလဲစိတ်အရမ်းတိုသွားပြီး အဲ့ဗေဒင်ဆရာစီ သွားပြီး သွားသောင်းကျန်းတော့တာဘဲ ခင်ဗျား လိမ်တယ်ညာတယ် ဘာညာဘာညာပေါ့ဗျာ အဲ့တော့ ဗေဒင်ဆရာကလဲ မခံနိုင်တာနဲ့ သူ့အစွမ်းတွေအကုန်ထုတ်ပြလိုက်တော့တာဘဲ”
“ဘာအစွမ်းတွေလဲ”
“ဂါထာအစွမ်းပေါ့ အဲ့ဒါနဲ့ သူလဲ အဲ့နေ့ကစပြီး အဲ့ဂါထာကို ဆိုင်မှာထိုင်ပြီး တစ်နေကုန် ရွှတ်တာ ဒါပေမယ့်လဲ”
“ဘာဖြစ်သွားတာလဲ”
“အရင်းပြုတ်မလိုဖြစ်ပြီး ဆိုင်တောင် ပိတ်ခံရတော့မလို ဖြစ်သွားတာဘဲ”
“အဟွန်း....”
“အဲ့ဒါနဲ့ မပြီးသေးဘူး သူအဲ့ဗေဒင်ဆရာစီ ပြန်သွားပြီး လက်အုပ်ချီဒူးထောက်ပြီး ပြန်သွားတောင်းပန်လိုက်မှ ဟိုက တစ်ကယ်အစွမ်းထက်တဲ့ ဂါထာကို ပေးလိုက်တာ အဲ့ချိန်မှဘဲ သူ့ဆိုင်လဲ ရောင်းကောင်းလာပြီး အခုဆို တစ်ခြားမြို့တွေမှာတောင် ဆိုင်ခွဲဖွင့်နိုင်နေပြီ”
“ဟုတ်လို့လား မင်းပြောတာ ငါမယုံဘူး”
“အော်.... တစ်ကယ်ပါဆို အစ်မကလဲ မယုံရင် အခုကျွန်တော်နဲ့ လိုက်ခဲ့”
“ဘယ်လဲ”
“ကျွန်တော့သူငယ်ချင်းဆိုင်ကိုလေ”
“အင်းပါ ဒီတစ်ခါတော့ ငါစိတ်ကြည်နေပြီမို့ လိုက်ခဲ့မယ်”
“အဟွန်း.... ဒါဆိုလဲ အင်္ကျီလေးဘာလေး လဲခဲ့အုံး”
“လဲစရာလိုသေးလို့လား”
“လိုတာပေါ့ ဟိုကကျွန်တော့သူငယ်ချင်းတွေကို ကျွန်တော့မိန်းမဘယ်လောက်တောင် ချောတယ် နန်းစံတယ်ဆိုတာ ပြရအောင်မို့လေ”
“ဘယ်သူကမင့်မိန်းမလဲ စကားကို ကြည့်ပြောနော်”
“တောင်းပန်ပါတယ် တောင်းပန်ပါတယ် ဟုတ်ပြီလား အော်...ဒါနဲ့ ဟိုရောက်ရင်တော့ အစ်မက ကျွန်တော့မိန်းမဘဲနော်”
“ဟိုရောက်ရင်တော့ မင့်မိန်းမလုပ်ပေးမယ် အခုတော့ မလုပ်ပေးနိုင်ဘူး”
“အင်းပါ ဒါဆိုလဲ အဝတ်အစားအမြန်လဲခဲ့တော့ ကျွန်တော်လဲ နည်းနည်းသွားရွှိုင်းလိုက်အုံးမယ်”
“အမယ်လေး”
ဒီလိုနဲ့ နှစ်ယောက်လုံး ကိုယ့်အခန်းကို ဝင်သွားလိုက်ကြပြီး ပြင်ဆင်လိုက်ကြကာ ရတုအရင် အပြင်ဘက်သို့ ထွက်လာခဲ့သည်။
“အစ်မရေ ပြီးပြီလား အမြန်ဆင်းလာပါတော့ နောက်ကျတော့မယ်”
“အင်းပါ လာပြီ လာပြီ”
ကြက်သွေးရောင်ချိတ်ဝမ်းစက်လေးနှင့် ဆံပင်ရှည်တွေကို စီးမထားဘဲ ချထားပြီး မိတ်ကပ်နည်းနည်းလိမ်းကာ နှုတ်ခမ်းနီထင်ရုံလေးသာ ဆိုးထားတဲ့ အစ်မက ကျွန်တော့မျက်လုံးထဲတွင် အကြိမ်ကြိမ်ပြန်ကြည့်ချင်ရလှအောင် ယဉ်ယဉ်လေးနှင့် လှနေသည်။
“နေပါအုံး မင်း မင်း ရတုဟုတ်ပါတယ်နော် ဟိတ် ရတု ငါခေါ်နေတာ ကြားလား”
“အင်း.... လှတယ်”
“ဘာ.... လှတယ် ဟုတ်လား ငါလှတာ ငါသိပါတယ် မင်းပြောစရာမလိုပါဘူး”
“ဟို.... ခင်ဗျကိုပြောတာမဟုတ်ပါဘူး ကိုယ့်ဟာကိုယ် ပြောနေတာ”
“အော်....”
“ဒါနဲ့ အစ်မကျွန်တော့ကို တစ်ချက်လောက်ကြည့်ကြည့် ကျွန်တော်ဒီနေ့ထူးဆန်းနေတယ်မလား”
“ဘာမှမထူးဆန်းဘူး ပုံမှန်ဘဲ”
“တစ်ကယ်လား”
“အင်း.....”
“ကျစ်..... အနောက်ကနေ လိုက်ခဲ့တော့ ကျွန်တော်အရင် သွားနှင့်ပြီ”
ဝမ်းနည်းသလိုနှင့် ထွက်သွားသည့် ရတုအား ကျွန်မ ပြုံးလျက်သားနှင့် ကြည့်နေမိလိုက်သည်။
“အော်.... ဒီကောင်လေးနဲ့တော့ ခက်တာဘဲ စတာလေးကို မခံနိုင်ဘူး ထူးဆန်းလားလို့မေးကတည်းကစ အရင်ကနဲ့ မတူဘဲ ဒီနေ့ပိုချောတယ် ခန့်တယ်လို့ ဖြေလိုက်ရမှာ ကြက်စွေးရောင်ပုဆိုးလေးနဲ့ ငါနဲ့ဆင်တူဘဲလို့ ဖြေပေးလိုက်ရမှာကို အဟွန်း....”
မြူရိပ် ပြောလဲပြီးရော အနောက်မှ အပြေးလေးဖြင့် လိုက်သွားလိုက်သည်။
“ဟိတ်”
“လာပြီလား”
“အင်း....”
“ကျွန်တော့ကို ခဏလောက်စောင့်ပေးလို့ ရမလား”
“ဘယ်သွားမလို့လဲ”
“အဝတ်အစားပြန်သွားလဲမလို့”
“ဘာလို့လဲမှာလဲ ဒီတိုင်းလဲ ကြည့်ကောင်းနေတဲ့ဟာကို”
“အစ်မဘဲ ဒီနေ့ကျွန်တော် ဘာထူးဆန်းနေလဲဆိုတော့ ဘာမှမထူးဆန်းဘူးဆို”
“အဲ့ဒါက စလိုက်တာပါ ရတုရယ် တစ်ကယ်တော့ မင်းဒီနေ့အရမ်းချောနေတယ် သိလား ဒီနေ့ ငါမင်းကို သတိထားမိတာ အဝတ်အစားဘဲ အရင်ကလို ဂျင်းတွေဘာတွေ မဝတ်ဘဲ အခုလို ပုဆိုးလေးနဲ့တိုက်ပုံဆိုတော့ အရမ်းကြည့်လို့ကောင်းတယ် နောက်ပြီး မင်းဒီနေ့ နားကပ်တစ်ခုဘဲ ပန်ထားတယ် ဟုတ်တယ်မလား”
“အင်း.... ပုဆိုးနဲ့ဆိုတော့ နားကပ်တွေအများကြီးနဲ့ အဆင်မပြေလို့”
“ဟုတ်တယ်”
“လက်စသတ်တော့ ခင်ဗျားက ကျွန်တော့ရဲ့ နားကပ်လေးကစ လိုက်ကြည့်ထားတာကို”
“မကြည့်ထားပါဘူး”
“ဟင်....”
“ခဏက အိမ်ပြတင်းပေါက်မှန်ကနေ မင်းနားကို လာထိုးနေတော့ အဲ့စိန်ပွင့်နားကပ်လေးက အရောင်တောက်နေတာလေ အဲ့ဒါကြောင့် သတိထားမိတာ”
ရတု ဘာမှပြန်မပြောတော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ကားကိုမောင်းလာခဲ့လိုက်သည်။
“အဟွန်း....”
မြူရိပ်ကတော့ သူဖြစ်သွားပုံလေးအား ကြည့်ကာ ခိုးရီနေမိသည်။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏