“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“အဟင့်..... ကိုနှိုင်းမတရားဘူး လုံးဝမတရားဘူး”
မှုံတစ်ယောက် မူးမူးဖြင့် သူ့ဘေး၌ ထိုင်နေသော ငြိမ်းသုတလက်မောင်းတွေအား ရိုက်နေလေသည်။ တစ်ဖက်ကလဲ မူးနေသဖြင့် ဘာမှပြန်မပြောဘဲ ဒီတိုင်းသာ ငိုင်နေသည်။
“အဟင့်....”
“ဟင်..... ရှင်လဲငိုနေတာလား”
“အသဲကွဲပါတယ်ဆိုမှ မငိုလို့ ငါကထိုင်ရီနေရမှာလား”
“အော်..... လက်စသတ်တော့ ရှင်လဲ မှုံနဲ့အတူတူဘဲကို လာ cheers”
“တော်ပြီ မသောက်တော့ဘူ”
“ဘာလိူ့လဲ”
“ကားမောင်းရအုံးမယ်”
“အော်..... ဒါဆိုလဲ ကျွန်မဘဲ ဆက်သောက်တော့မယ်”
“မင်းလဲ မသောက်ရဘူး”
“ရှင်က မှုံမာမီမို့လို့လား”
“မင့်မာမီတော့မဟုတ်ဘူး တစ်နေ့ကြရင် မင့်ယောင်္ကျား ဖြစ်လာမယ့်သူ”
“ဘာ.... အဟင့်.... ဒါတွေထားပါ အခုရှင့်ကို ဘာမှပြန်မပြောနိုင်သေးဘူး ဒါလေးတော့ ကုန်အောင်သောက်ခွင့်ပေးနော်”
“သောက် သောက်”
ဒီလိုနဲ့ ထို bar၌ သူတို့နှစ်ယောက် ခဏသောက်လိုက်ကြပြီး ငြိမ်းသုတ မှုံရတီအား သူ့အိမ်သို့ ပြန်ပို့ပေးလိုက်ကာ သူလဲ သူ့အိမ်သို့ပြန်လာခဲ့လိုက်သည်။
နောက်တစ်နေ့မနက်
“ဒေါက် ဒေါက်.... ဒေါက် ဒေါက် ဒေါက်....”
“ဘာလဲဟ အခန်းထဲမှာ ဘာတွေလုပ်နေလို့ တံခါးခေါက်တာတောင် မကြားရတာလဲ”
“ပြန်ခေါက်ကြည့်လိုက်အုံးမယ် ဒီတစ်ခါခေါက်လို့မှ လာမဖွင့်ရင်တော့ ကိုယ့်ဟာကိုယ် ဖွင့်ပြီး ဝင်ရတော့မှာဘဲ”
ပြောရင်းဖြင့် ရတုတစ်ယောက် မြူရိပ် အခန်းတံခါးပေါက်အား နောက်တစ်ခါ ပြန်ခေါက်ကြည့်လိုက်သည်။
“ဒေါက် ဒေါက်....”
တစ်ဖက်မှ ဘာအသံမှမကြားရသဖြင့် ရတု အထဲသို့ ဝင်သွားဖို့ ဆုံးဖြတ်လိုက်သည်။
“ဟင်....”
“အား..... မင်း”
ရတုလဲအခန်းထဲဝင် မြူရိပ်လဲ ရေချိုးခန်းထဲမှထွက်နှင့် နှစ်ယောက်သား ဆုံမိသွားရာ မြူရိပ်ဘက်မှ ရှက်ရှက်ဖြင့် ထအော်လိုက်မိသည်။
“ဘာလုပ်နေတာလဲ အခုချက်ချင်းငါ့အခန်းထဲက ထွက်စမ်း”
“ဆော ဆောရီးပါ”
ရတု အခန်းထဲမှ အမြန်ပင် ထွက်လာလိုက်ပြီး အိမ်အောက်သို့ ချက်ချင်းတင်းသွားလိုက်သည် ။
“ဟူး.... နောက်နေ့ကစပြီး ရေချိုးရင် အဝတ်အစားတွေပါ တစ်ခါတည်း ရေချိုးခန်းထဲ ယူသွားရမယ် ကျစ်.... ဘယ်လိုမျက်နှာပြရပါမလိမ့် မနေ့ကကိစ္စကြောင့် လူကအရီက်မပြေသေးပါဘူးဆို အခုနောက်တစ်ခါ ဟာ.... တော်ပြီကွာ ဆက်မတွေးတော့ဘူ”
တစ်ယောက်ထဲ ပြောရင်း မျက်နှာများနီမြန်းလျက်ဖြင့် အဝတ်အစားလဲကာ အိမ်အောက်သို့ ခေါင်းလေးငုံ့လျက် ဆင်းလာခဲ့သည်။
“ဟင်....”
မီးဖိုခန်းထဲဝင်ဝင်ချင်း မနက်စာပြုလုပ်နေသည့် ရတုအား မြင်ကာ မြူရိပ် အံ့ဩသွားရသည်။
“အော်.... ဆင်းလာပြီလား ဒီမှာ အစ်မစားဖို့ ဒီနေ့ ကျွန်တော် မနက်စာ လုပ်ပေးထားတယ်”
“အင်း....”
“လာပါ ပြီးတဲ့ကိစ္စတွေက ပြီးသွားပြီ ဘာမှရှက်မနေနဲ့တော့”
“ဘာ.... မင်း”
“ကဲပါ မနက်စာလာစားပါတော့ ဒီမှာ ပေါင်မုန့်ကြည်ဥကြော်ရယ် ကော်ဖီရယ် ဖျော်ထားတယ်”
မြူရိပ် ခေါင်းလေးငုံ့လျက်သားနှင့်သာ စားပွဲဝိုင်းသို့ ဝင်ထိုင်လိုက်သည်။
“စားပြီးရင် ကျွန်တော် ဆိုင်လိုက်ပို့ပေးမယ် ကျွန်တော်နဲ့လိုက်မယ်မလား”
“ဘယ်ကိုလဲ”
“အစ်မရဲ့ဆိုင်ကိုလေ”
“ငါ့ဟာငါ သွားတင်ပါတယ် မင်းလိုက်ပို့ပေးစရာ မလိုဘူး”
“ဘာလို့လဲ ကျွန်တော်ပြောပြီးပြီးနော် ခဏကကိစ္စ”
“အေး လိုက်ပို့ လိုက်ပို့ လိုက်ပို့ ဟုတ်ပြီလား”
“အဟွန်း.... ဒီလိုမှပေါ့”
“ကျစ်....”
“အော်.... ဒါနဲ့ ကျွန်တော် ဘွဲ့ရတော့မယ်”
“ဟင်.... တစ်ကယ်လား”
“အင်း.... မနေ့က ပြောမလို့ဘဲ ခင်ဗျားဘဲရှက်....”
“တော်ပြီ တော်ပြီ လိုရင်းကိုဘဲပြော ကျန်တာမပြောနဲ့”
“နောက်တစ်လဘဲ တက်ရတော့မှာ အဲ့ဒါပြီးရင် ဘွဲ့ရပြီ”
“ကောင်းတယ် ကောင်းတယ် ဘွဲ့တော့ရအောင်လုပ်နော်”
“စိတ်ချပါ ရတုဘဲဟာ မလုပ်နိုင်တာ ဘာမှမရှိဘူး”
ဆံပင်တွေသပ်ရင်း ပြောလိုက်သည့် ရတုအား မြူရိပ် မျက်စောင်းလှလှလေးထိုးပစ်လိုက်သည်။
“ဘွဲ့လေးတစ်ခုရဖို့ကတော့ ရတုအတွက် အေးဆေး”
“အပြောသိပ်ကြီးမနေနဲ့ စားစရာရှိတာအမြန်စား ဒီနေ့ငါ ဆိုင်စောစောသွားရမယ်”
“ဘယ်သူနဲ့ dateမလို့လို့လဲ”
“ကျစ်..... ငါ့လင် ငါ့လင်နဲ့ dateထားလို့ ဟုတ်ပြီလား”
“အဟွန်း.... ဒီနေ့အစ်မနဲ့ ကျွန်တော် dateမယ်လို့ မပြောထားပါဘူး”
“ငါရိုက်ထည့်လိုက်ရ မင်းပါးစပ်ကို ခဏလေးပိတ်ထားလို့ မရဘူးလား ငါအခု မင်းနဲ့ပြိုင်ပြီး စကားနိုင်မလုနိုင်သေးဘူး”
“ဘာလို့လဲ ခဏကကိစ္စ”
“ထပ်မပြောနဲ့တော့ ဟူး.... ငါအရင်ကားထဲသွားနှင့်ပြီ မင့်ဟာမင်းလာခဲ့တော့”
မြူရိပ် ထိုင်နေရာမှ ထလိုက်ပြီး အိမ်ရှေ့ ကားရပ်ထားရာစီ လျှောက်သွားလိုက်တော့သည်။
“အဟွန်း.... အရှက်ကလဲ ကြီးလိုက်တာ”
ခဏကြာတော့ ရတုလဲပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ထွက်လာခဲ့လိုက်သည်။
“အစ်မ”
“ဘာလဲ”
“အခု radioလိုင်းမှာလေ ကြာသပတေးသားသမီးတွေအတွက် တစ်လစာ ဟောစတမ်းလာနေတယ်သိလား”
“ဟင်.... တစ်ကယ်လား”
“အင်း....”
“ဒါဆို ငါ့ကို ဖွင့်ပေးပါလား”
“မဖွင့်ပေးပါဘူး”
“ဟမ်.... ဘာလို့လဲ..... လုပ်ပါရတုလေးရယ် ဖွင့်ပေးပါနော် ငါဒီရက်ပိုင်းမအားလို့ ဗေဒင်လဲ မကြည့်ဖြစ်ဘူး လုပ်ပါ”
“ဒါဆို ရတုလေးလို့ ခေါ်ကြည့်”
“သေနာလေးရဲ့”
“ဘာ.... ခင်ဗျား”
“မှားသွားလို့ မှားသွားလို့ ရတုလေး ရတုလေး ဟုတ်ပြီလား”
“ကျွန်တော် ရတုလေးဆိုတာ မကြိုက်တော့ဘူ”
“ဒါဆို ငါက ဘယ်လို ထပ်ခေါ်ပေးရမှာလဲ”
“မောင်....”
“ဘာ.... အဲ့မှာလဲသေလိုက် မခေါ်ဘူး နားလဲနားမထောင်တော့ဘူ”
“တစ်ကယ်နော် အဲ့ဒါက ဒီနေ့ဘဲ ဟောမှာနော် အခုတိုက်ရိုက်Liveလွှင့်ပြီးမှ ဟောမှာနော် နောက်နေ့တွေဆို မဟောဘူး အခုတောင် စဟောနေလောက်ပြီ ဘွားတော် liveနော် live live”
“ကျစ်.... ခေါ်မယ်ကွာ”
“ခေါ်”
“မောင်”
“ဟာ.... ခင်ဗျားခေါ်တာကြီးကလဲ အသက်မပါလိုက်တာ”
“သေချာခေါ်လေ ကျွန်တော့မျက်လုံးကို သေချာကြည့်ပြီးမှ ခေါ်”
“မောင်”
မျက်လုံးတည့်တည့်ကြည့်ကာ ခေါ်လိုက်တဲ့ သူမကြောင့် ရတုဘာမှ ပြန်မပြောနိုင်ဘဲ နှလုံးခုန်တွေမြန်လာကာ ကြောက်ရုပ်ပမာဖြင့် သူမအား ကြည့်နေမိသည်။
“ဟိတ် ရတု ရတု”
“ဟင်.... ဗျာ”
”အသက်ကော ရှိသေးရဲ့လား ရတု”
“ရှိ ရှိပါသေးတယ် ဘာလို့ မရှိရမှာလဲ”
“မသိပါဘူး ငါ့ရဲ့ ချိုသာလွန်းတဲ့ အသံအောက်မှာ နစ်မြောသွားတာလားလို့”
“မြောစရာလား အသံဆိုးကြီးကို”
“မောင်....”
နောက်တစ်ခါ ပြန်ခေါ်လိုက်တာကြောင့် ရတု နှလုံးသားများ အရည်ပျော်သွားသလို ဘာမှမလုပ်နိုင်တော့ဘဲ မြူရိပ်ကိုသာ စိုက်ကြည့်နေမိသည်။
“ဟား ဟား.... တစ်ကယ်မြောသွားတာဘဲ ကဲပါ အခုဖွင့်ပေးတော့”
သူ့ရဲ့ကတိအတိုင်း radio၌ တိုက်ရိုက်လာနေတဲ့ တစ်လစာဗေဒင်ဟောစတမ်းများကို ဖွင့်ပေးလိုက်သည်။
သူမကတော့ အသေးစိတ်သေချာနားထောင်နေပေမယ့် ကျွန်တော်ကတော့ သိပ်စိတ်မဝင်စားသဖြင့် အပြင်သို့သာ ငေးကြည့်ရင်း ကားမောင်းလာခဲ့သည်။
“အချစ်ရေးမှာတော့.....”
ထိုအချိန်တော့ ရတု radio၌သာ နားကိုသေချာစွန့်ထားလိုက်ပြီး နားထောင်နေလိုက်သည်။
“ကြာသပတေးသားသမီးတွေ ဒီလအတွင်း အချစ်ရေးကံကောင်းပါမယ် မမျှော်လင့်ထားတဲ့အရာတွေ ကြုံတွေ့လာနိုင်ပါတယ် အိမ်ထောင်ရှိသူဆိုရင် ဒီလကတော့ ရန်ဖြစ်တာတွေ လျော့ပြီး အချစ်တွေ တိုးမဲ့လဖြစ်ပါတယ် သမီးရည်းစားတွေကတော့ ဒီလအတွင်း အိမ်ထောင်ကျကိန်းရှိပါတယ် ဒီလကတော့ ကြာသပတေးသားသမီးတွေ အချစ်ရေးစိုပြည်သာယာမဲ့ လလေးဖြစ်ပါတယ်”
“အဟွန်း....”
ရတု ထိုအဟောကြောင့် သွားတန်လေတွေပေါ်အောင် ကျေနပ်စွာ ရီလိုက်မိသည်။
“ဘာရီတာလဲ”
“ဘာမှမဟုတ်ပါဘူး”
ရတု တစ်ပြုံးပြုံးနှင့် မြူရိပ်အား တစ်ချက် တစ်ချက် ကြည့်ကာ ဆိုင်ရှိရာစီသို့ မောင်းလာခဲ့လိုက်သည်။
“ရောက်ပြီ ညနေကြရင် ကျောင်းဆင်းတာနဲ့ လာကြိုမယ်နော်”
“အင်း.... ငါအထဲဝင်ပြီ”
“ဟုတ်”
ကလေးတစ်ယောက်လို ခေါင်းလေးငြိမ့်ကာ ပြောလိုက်တဲ့ ရတုကို မြူရိပ် မျက်စောင်းထိုးလိုက်ပြီး အထဲသို့ ခပ်မြန်မြန် ဝင်လာခဲ့သည်။
“ဘယ်လိုကောင်လေးမှန်းလဲ မသိဘူး”
“အဟွန်း....”
ရတု မြူရိပ်အား ပြုံးပြလိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။
ဒီလိုနဲ့ နေ့ခင်းသို့ ရောက်လာခဲ့သည်။
“ကလင် ကလင်.....”
မြူရိပ် ထမင်းဖို့ ပြင်နေတုန်း စားပွဲလေးပေါ်၌ မြည်လာတဲ့ ဖုန်းကြောင့် ထမင်းပန်းကန်အား ချထားလိုက်ပြီး ဖုန်းရှိရာစီ လာခဲ့လိုက်သည်။
“ဟယ်လို....”
“ဟယ်လို အစ်မ ကျွန်တော်ရတု”
“မသာလေးရဲ့ သူများထမင်းစားတော့ပါမယ်ဆို ဘာကိစ္စလဲ အမြန်ပြော”
“ဟို.... ကျွန်တော် ကျောင်းနားလေးက ရဲစခန်းမှာ ရောက်နေလို့”
“ဟင်.... ဘာ ဘာဖြစ်လို့လဲ”
“ဟို.... ”
“ကဲပါ ကဲပါ ဆက်မပြောနဲ့တော့ ရဲစခန်းဆိုမှတော့ မင်းမဟုတ်တာလုပ်ထားလို့ဘဲနေမှာ ငါအခုချက်ချင်း အဲ့ကိုလာခဲ့မယ် ဟုတ်ပြီလား”
“ဟုတ် ဟုတ် ကျေးဇူးပါ”
မြူရိပ် ဖုန်းအား ချက်ချင်းချလိုက်ပြီး ဆိုင်ရှေ့သို့ ထွက်လာခဲ့သည်။
“ဟိတ် သမီး ဘယ်သွားမလို့လဲ ထမင်းစားရက်ကြီးတန်းလန်းနဲ့”
“အမေ့ရဲ့ ချစ်လှစွာသော သမတ်ကြီး ရဲစခန်းရောက်နေလို့တဲ့လေ အဲ့ဒါ အခုသွားမှဖြစ်မှာမို့”
“ဟင်.... အေးအေး အဲ့ဒါဆိုလဲ အမြန်သွား အမြန်သွား”
“အော်.... ဒါနဲ့ သူ့မိဘတွေကို ဖုန်းဆက်မတိုင်ထားနဲ့အုံးနော်”
“အေးပါ မတိုင်ထားပါဘူး ညည်းသာအမြနါသွားတော့ ငါ့သမတ်လေး တစ်ခုခုဖြစ်မှဖြင့်”
“အမယ်လေး ပိုနေလိုက်တာ သွားပါပြီသွားပါပြီ”
မြူရိပ် ဆိုင်ရှေ့က ဆိုင်ကယ်လေးအား အမြန်ပင်ထုတ်ကာ သူတို့ တက္ကသိုလ်နားက ရဲစခန်းဆီသို့ အလျင်အမြန်ပင် မောင်းလာခဲ့သည်။
ဟိုရောက်တော့ ရဲစခန်းထဲဝင်လိုက်ရာ အချုပ်ခန်းထဲမှ ဒဏ်ရာပလာပွနှင့် မတ်တပ်ရပ်ကာ မျှော်နေတဲ့ ရတုအား သူမတွေ့လိုက်သည်။
“ဟို ဟိုမှာ ကျွန်တော့ရဲ့ အုပ်ထိန်းသူလာပြီ ဖွင့်ပေးတော့”
“မင်းလား သူ့အုပ်ထိန်းသူ”
“ဟုတ်ပါတယ်”
“ရော့ ဒါဆို ဒီမှာ လက်မှတ်ထိုး”
“ဟုတ်”
မြူရိပ် လက်မှတ်ထိုးပေးလိုက်မှ ရတုအား အချုပ်ခန်းထဲမှ လွှတ်ပေးလိုက်သည်။
“အဟင်း.... မင်း”
“ရော့ ဒီမှာ နောက်တစ်ခါ ရန်မဖြစ်ပါဘူးလို့ ဝန်ခံကတိထိုး”
“ဟုတ်”
ရတုလဲ လက်မှတ်ထိုးလိုက်ပြီးမှ နှစ်ယောက်လုံး ထိုနေရာမှ ထွက်လာခဲ့လိုက်ကြသည်။
“ဘယ်လိုဖြစ်တာလဲ”
“ဟို....”
“ဖြန်း....”
ဘာမှ ပြန်မပြောလာတဲ့ ရတုအား မြူရိပ် သူ့လက်မောင်းသို့ အားပါပါနှင့် ရိုက်ပစ်လိုက်သည်။
“အား.... နာတယ် အစ်မရဲ့”
“မင်း ဘာဖြစ်တာလဲလို့”
“အိမ်ရောက်မှပြောရအောင် ကျွန်တော်တစ်ကိုယ်လုံး ညောင်းကိုက်နေလို့ပါ”
“ဒါဆိုလဲ ငါမင်းကို အိမ်မှာစောင့်နေမယ် မင်းကားနဲ့ လိုက်လာခဲ့လိုက် ဟုတ်ပြီလား”
“ဟို ဟို ကားက ကျောင်းမှ ထားခဲ့တာ အဲ့ဒါ ညနေပိုင်းလောက်ကြရင် သူငယ်ချင်းတွေ လာပို့ပေးလိမ့်မယ် ဒါကြောင့်...”
“ငါ့ဆိုင်ကယ်နဲ့ လိုက်ခဲ့မယ်ပေါ့”
“အဟင်း..... ဟုတ်တယ်”
“မင်းမောင်းမှာလား”
“ဘာလဲ အစ်မကျွန်တော်နဲ့အတူတူ ရေဝေးသွားချင်လို့လား”
“ဘာ.... မင်းကတော့လေ မမောင်းတက်ရင် မမောင်းတက်ဘူးပေါ့ ဘာရေဝေးသွားချင်တာလားလဲ နိမိတ်မရှိ ဘာမရှိနဲ့”
“ဟို.... ကျွန်တော်ကလဲ....”
“ကဲပါ တက်တော့ ဆက်ပြောနေရင် ငါမင်းကို ဒီမှာ ချထားခဲ့မိတော့မယ်”
“တက်ပြီ တက်ပြီ”
ရတု မြူရိပ် အနောက်မှ တက်ထိုင်လိုက်ပြီး နှစ်ယောက်သား အိမ်သို့ ထွက်လာခဲ့လိုက်ကြသည်။
စကားလုံး ရိုင်းတွေပါဝင်ခဲ့ရင် ကြိုတောင်းပန်ပါတယ်။🙏
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏