“ကျွန်တော့ဘဝရဲ့ဖြစ်တည်မှု”
“ဟင်.... မိငယ် နင်ဒီလအတွင်း အိမ်ထောင်ကျကိန်းရှိတယ်တဲ့”
“ဘာ.....”
ကျွန်မရဲ့ အိမ်နာမည် မိငယ်အား ခေါ်ကာ အလန့်တကြားပြောလိုက်တဲ့ ကျွန်မ သူငယ်ချင်း ဝတီမိုးစကားကြောင့် ကျွန်မမှာ လက်ဖက်ရည် ဖျော်နေရာမှ သူတို့ဝိုင်းရှိရာစီသို့ အပြေးလေး သွားလိုက်ရသည်။
“ဘယ် ဘယ်လို ငါ ဒီလအတွင်း အိမ်ထောင်ကျကိန်းရှိတယ် ဟုတ်လား”
“ဟုတ်တယ်ဟ ဒီမှာကြည့်ကြည့်လိုက်”
ဝတီမိုးက ပြောနေရာမှ ကျွန်မစီသို့ သူ့ဖုန်းလေးအား ပြပေးလိုက်သည်။
ဟင် ဟုတ်ပ ကြာသပတေး သားသမီးများအတွက် တစ်လစာဟော စတမ်းပေါ်က အချစ်ရေးနဲ့အိမ်ထောင်ရေးမှာ ကြာသပတေး သားသမီးများက ဒီလအတွင်း အိမ်ထောင်ကျကိန်းရှိသည်ဟု ရေးထားချင်းပေ။ ကျွန်မ ဗေဒင်ကို ဗေဒင်ဆရာဖြစ်သူ ကျွန်မအဖေထက် ပိုယုံပေမယ့် ဒီတစ်ခုကိုတော့ စိတ်ထဲ၌ သိပ်မယုံချင်ဖြစ်နေမိသည်။
“အမယ် မိငယ်တို့က စွန်တော့မယ်ပေါ့”
“ဟာ.... နင်တို့ကလဲ ပေါက်ပေါက်ရှာရှာ ဒီလအတွင်း အိမ်ထောင်ကျရအောင် ငါ့မှာ လက်ရှိ ချစ်သူတောင်မရှိတဲ့ဟာကို”
“အော်.... ဒါကတော့ ပြောလို့မရဘူးလေ နင်ကလဲ အကြောင်းတစ်ခုခုကြောင့် နင်အိမ်ထောင်ကျချင်ရင် ကျသွားနိုင်တာဘဲလေ မဟုတ်လား”
“အင်း....”
ဝတီမိုး အပြောအား အင်း ဟုဆိုကာ ကျွန်မခဏ ညိမ်နေလိုက်မိသည်။
အိမ်ထောင်ကျမယ် ဟုတ်ပါ့မလား ချစ်သူတောင်မရှိပါဘူးဆိုနေမှ ဘယ်လိုဖြစ်ဖြစ် အိမ်ထောင်ကျခဲ့ရင်လဲ ဥစ္စာပေါ ရုပ်ချောချောလေးနဲ့သာ အိမ်ထောင်ကျပါစေ၏ အရှင်
“ဟိတ် မိငယ် လက်ဖက်ရည်က မရသေးဘူးလားဟ”
“ဟင်....”
ဆုတောင် ပြီးအောင် မတောင်းရသေး မလှမ်းမကမ်း ဝိုင်းက ဦးဘမိုး အသံကြောင့် ကျွန်မမှာ အပြေးအလွှားဖြင့် လက်ဖက်ရည်ဖျော်ရာ နေရာနားသို့ သွားလိုက်ရသည်။ ထို့နောက် ဦးဘမိုးဆိုသည့် ကျွန်မရဲ့ ဖောက်သည်ကြီးအား အကောင်းဆုံး လက်ဖက်ရည် တစ်ခွက် ဖျောလိုက်ကာ ဝိုင်းနားစီသို့ သွားလိုက်သည်။
“ရော့..... ရပါပြီ လက်ဖက်ရည် ဦးဘမိုး လက်ဖက်ရည်ကို ချိုစိမ့်လေးမှ ကြိုက်တာမို့ ဒီက မိငယ်က ချိုစိမ့်လေး ဖျောပေးထားပါတယ်”
“ငါတို့ကိုကြတော့ ချိုချိုလေး လုပ်ပေးပါဆိုတော့ မလုပ်ပေးဘူး”
တစ်ဖက်ဝိုင်းက ထိုင်နေကြ သူမနှင့် သုံးနှစ်လေးနှစ်သာကြီးတဲ့ ယောင်္ကျားလေးတစ်စုက မေးလေးငေါ့ကာ မြူရိပ်အား မေးလိုက်သည်။
“အခုတစ်လော နို့ဆီတွေ ဈေးတက်နေတယ်လေ နောက်တစ်ခါ ချိုချိုလေး သောက်ချင်ရင် သကြားထည့်ပေးမယ် ဟုတ်ပြီလား”
“ဟွန်း.... ဦးဘမိုးကိုကြတော့ နို့ဆီများများ ထည့်ပေးတယ်”
“တူလား နင်တို့က တစ်ခါတစ်လေမှ ငါ့စီလာတာလေ ဦးဘမိုးတို့က တစ်မိသားစုလုံး ငါ့စီမှာဘဲ အားပေးကြတာလေ နောက်ပြီး ဦးဘမိုးဇနီးက ငါနဲ့ အမျိုးတော်တယ်လေ အဲ့တော့လဲ နိုးဆီများများ ဆိုတော့လဲ များများထည့်ပေးရတာပေါ့”
“ဒီလိုပေါ့ နင်က အမျိုးတော်တဲ့လူတွေဆို အခုလို လုပ်တာပေါ့”
“ဒါဘဲလေ”
“ဒါဆို ငါမင်းကို ယူလိုက်မယ်လေ ဒါဆိုငါက မင့်ယောင်္ကျားဖြစ်သွားပြီ အဲ့တော့.....”
“ပြောကြည့် ထပ်ပြောရဲပြောကြည့်စမ်းပါ ငါရွယ်ထားတဲ့ လက်က နင်ပါးပေါ် ရောက်သွားမယ်နော်”
“အမယ်လေး အဲ့လောက်ကြီး လုပ်စရာမလိုပါဘူး ငါကလဲ မင်းလို ကပ်စေးနဲ ဘွားတော်ကြီးကို ဒီဆိုင်ပေးမယ်ဆိုတောင် မယူပါဘူး”
“ဘယ်သူကမှလဲ နင့်ကို ဆိုင်ပေးမယ်လို့မပြောဘူး အဲ့တော့ နင်တို့ အခုငါ့ဆိုင်ထဲက ထွက်သွားလိုက်တာ ကောင်းမယ်နော်”
“သွားမှာပါ သွားမှာပါ”
ထိုလူတစ်စုလဲ စိတ်တိုတိုနှင့် ဆိုင်ထဲမှ ထွက်သွားလိုက်ကြသည်။
“အဟွန်း... မိငယ်တို့ အပြောက ချိုလို့ပါလား”
“ဈေးသည်ဆိုမှတော့ ချိုရတာဘဲလေ ဦးဘမိုးကလဲ”
တစ်မင်ရွှဲ့ ပြောလိုက်တဲ့ ဦးဘမိုးကို ကျွန်မလဲ နည်းနည်းပြန်ရွှဲ့ကာ ပြောမိလိုက်သည်။
“ဟုတ်ပါတယ် ဒါဖြင့် မိငယ်”
“ဟုတ်”
“သမီး အိမ်ထောင်မပြုတော့ဘူလား အပျိုကြီးဘဲ လုပ်တော့မှာလား”
ဦးဘမိုးက လက်ဖက်ရည်အား တစ်ကျိုင့်မော့သောက်လိုက်ပြီး မေးလိုက်သည်။
“ဟူး.... ဒါကတော့ ကံတရားဘဲလေ ဦးဘမိုးရဲ့ ”
ကျွန်မလဲ ဦးဘမိုး အမေးအား ဘေးဝိုင်းတွေရှိ စားပွဲခုံတွေအား သုပ်ကာ ဖြေလိုက်သည်။
“ကံတရားကတော့ ကံတရားပေါ့ ဒါပေမယ့် သမီး အိမ်ထောင်တော့ ပြုသင့်တယ်နော် သမီးမိဘတွေရှိသေးတယ်လေ တစ်ကယ်လို့ သမီးသာ အသက်ရလာခဲ့ရင် သမီးကို ဘယ်သူကပြုစုပေးမှာလဲ အခု သမီးမိဘတွေကိုကြည့်လေ အသက်ရလာတော့ မွေးထားတဲ့ သမီးအလိမ်မာလေးရှိတော့ မိဘဖြစ်သူတွေက ကိုယ့်သမီးကို အားကိုးပြီး ကောင်းကောင်းမွန်မွန် အနားယူလို့ရတာပေါ့ မဟုတ်လား”
ဦးဘမိုး ပြောတဲ့ စကားတွေက အမှန်တရားတွေ ဖြစ်တဲ့အတွက် ကျွန်မ ဘာမှပြန်မပြောမိပေ။
“သမီးသေချာစဉ်းစားနော် တစ်ခုခုဖြစ်လာရင် တိုင်ပင်ဖော် တိုင်ပင်ဖက်လေးရှိအောင် ယောင်္ကျားကောင်း တစ်ယောက်ကိုတော့ ယူသင့်တယ်..... သမီးကို လာကမ်းလှမ်းတဲ့ ယောင်္ကျားလေးတွေကလဲ မနည်းပါဘူးကွယ် အဲ့ထဲကမှ တစ်ယောက်ယောက်ကို သေချာရွှေးကြည့်လိုက်ပါ”
“အင်းပါ ဦးဘမိုး အခုလိုပြောပြပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်နော်”
“ရပါတယ်ကွယ် ဦးလေးက မင်းကို သမီးတစ်ယောက်လို သဘောထားလို့ ပြောပြပေးတာပါ”
“ဟုတ်ကဲ့ပါ”
“အေးအေး ဒါဆို ဦးလေးလဲ ကားသွားမောင်းတော့မယ်”
“ဟုတ် ဟုတ် ဆဖြးဖြေးသွားနော် ဦးဘမိုး”
“ကောင်းပါပြီ”
ဦးဘမိုး ထွက်သွားမှ ကျွန်မလဲ ဝိုင်းတစ်ခုရဲ့ ထိုင်ခုံလေး၌ ထိုင်ချလိုက်ကာ အမောဖြေနေလိုက်သည်။
“ဝှီ....ဝှီ....”
“သား....”
အိမ်ပေါ်ထပ်၌ လေချွန်ကာ ဆင်းလာတဲ့ နှိုင်းရတုအား အောက်ထပ် ဧည့်ခန်းထဲရှိ အမေဖြစ်သူခေါ်လိုက်သဖြင့် လေချွန်ခြင်းကို ရပ်လိုက်ပြီး ဧည့်ခန်းဆီသို့ လျှောက်လာခဲ့လိုက်သည်။
“သား မင်းအခု ဘယ်သွမလို့လဲ”
“uniကိုပေါ့ အမေကလဲ”
“ဟူး.... မင်းuniကို တက်တက်မှည့်မှည့် သွားမှာသေချာတယ်နော်”
“သေချာပါတယ် ဘာလဲ အမေကမယုံလို့လား ဒါဆိုရင်လဲ သားနောက်လိုက်ခဲ့ပေါ့”
“အဟင်း.... မင်းကတော့ စကားကို ကန့်လန့်ပြောဖို့ လောက်ဘဲသိတယ်”
“သွားပြီ အမေရေ နောက်ကျတော့မယ်”
လက်ပြကာ ထွက်သွားတဲ့ သားကြောင့် မိခင်ဖြစ်သူ ဒေါ်မြတ်ပိုပို တစ်ယောက် ဒေါသအနည်းငယ် ထွက်သွားရသည်။
“ဟူး.... သားလေးတစ်ယောက်ရှိပါရဲ့ ဘာမှကိုအသုံးမကျပါလား ကျောင်းသွားမယ်ဆိုပြီး ဘယ်တွေသွားမှန်းကို မသိဘူး”
“ဘာတွေ ပြောနေတာတုန်း မြတ်ရဲ့”
“ရှင့်သားပေါ့ ရှင်အလိုလိုက်လွန်းလို့ ဘာမှကိုသုံးစားမရတော့ဘူ ပိုက်ဆံဘဲ ဖြုန်းနေတော့တာဘဲ”
အပေါ်ထပ်မှ လက်ပတ်နာရီလေးအား ပန်ကာ ဆင်းလာတဲ့ ယောင်္ကျားဖြစ်သူ ဦးနှိုင်းတုဟန်အား ဒေါ်မြတ်ပိုပို မြက်စောင်းလေးထိုးကာ ပြောလိုက်သည်။
“အော်.... ဒါကတော့ သားက ငယ်သေးလို့ပါ”
“အေးအေး အဲ့မှာ ငယ်နေလိုက် အသက်ကမြင့် ၂၀ပြည့်တော့မယ် နိုင်ငံခြားသွား ကျောင်းတက်ပါဆိုတော့ သူငယ်ချင်းတွေမရှိလို့တဲ့ အဲ့တော့ ဒီမှာဘဲ စီးပွားရေးတက္ကသိုလ် တက်တော့လဲ သူငယ်ချင်းတွေနဲ့ လျှောက်လည်နေတော့တာဘဲ.... ရှင့်သားကို ရှင်ဘာမှမပြောတော့ဘူလား”
“မြတ်ကလဲကွယ် ဒေါသကြီးဘဲ လာပါ ကိုယ်တို့ မြေကွက်သွားကြည့်ရအုံးမယ်လေ”
“ဟင်.... ဟုတ်သားဘဲ ရှင့်သားကို ဆူနေရတာနဲ့ မေ့နေလိုက်တာ လာလာ အမြန်သွားရအောင်”
ဒီလိုနဲ့ ဦးနှိုင်းတုဟန်နဲ့ ဒေါ်မြတ်ပိုပိုတို့ ....... ရပ်ကွက်လေးရှိရာစီ မြေကွက်ကြည့်ဖို့ ကားဖြင့် ထွက်လာခဲ့လိုက်ကြသည်။
“အမေ အမေရေ”
“အော်.... သမီးပြောလေ”
“သမီး မြို့ထဲသွားအုံးမယ်နော် တစ်ရှူးလိပ်တွေ ကုန်သွားလို့ အဲ့ဒါ သွားဝယ်မလို့”
“ဟုတ်ပါပြီ အမေဆိုင်ကြည့်ထားလိုက်ပါ့မယ်”
“ဟုတ် အမေက ဆိုင်ထိုင်နေရုံပါဘဲ မုန့်တွေလုပ်ဖို့က ကိုသီဟရှိတယ် လက်ဖက်ရည်ဖျော်ဖို့ကလဲ ကိုမိုးသူကို အပ်ထားခဲ့တယ်”
“ကောင်းပါပြီကွယ် ဒါဆိုလဲ သွားတော့ နောက်ကျနေလိမ့်မယ်”
“ဟုတ်”
မြူရိပ်တစ်ယောက် မိခင်ဖြစ်သူအား နှုတ်ဆက်ကာ ဆိုင်ကယ်လေးဖြင့် မြို့ထဲသို့ ထွက်လာခဲ့လိုက်သည်။
“ဟူး....”
လတ်ဆက်သောလေအား ရှူရှိုက်ကာ ဆိုင်ကယ်လေး မောင်းနှင်းလာတဲ့သူမ။ ဆိုင်ကယ်မောင်းလာရင်း အရှေ့၌ ရပ်ထားတဲ့ ပြိုင်ကားလေးအား မတွေ့ကာ သူမရဲ့ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသွားတော့သည်။
“ဒုန်း....”
“ဟင်.... သွားပါပြီ ပြိုင်ကားကြီးကိုမှ ဝင်တိုက်မိလိုက်ရတယ်လို့ ကျစ်.... ငါတော့ကံဆိုးတာဘဲ ဘယ်လိုလုပ်ရမှာပါလိမ့် မသိဘူးဟာ လူမှမရှိတာ ထွက်ပြေးရုံပေါ့ မဟုတ်ရင် အရောတွေဘာတွေ တောင်းနေမှ ငါ့တစ်သက်စာ စုစောင်းထားတဲ့ ပိုက်ဆံလေးတွေ ပါသွားအုံးမယ် မဖြစ်ဘူး မဖြစ်ဘူး အမြန်လစ်မှ”
ဆိုကာ မြူရိပ်တစ်ယောက် ဆိုင်ကယ်လေးအား ဘေးသို့ ရွှေ့လိုက်ကာ ထွက်သွားဖို့ ပြင်လိုက်စဉ်။
“ဟိတ် ဟိုအရှေ့က အဖွားကြီး အဲ့မှာ ရပ်စမ်း”
“ဟင်....”
မြူရိပ် ဆိုင်ကယ်လေးအား မောင်းဖို့ ပြင်လိုက်စဉ် အနောက်မှ အဘွားကြီးဟု အခေါ်ခံလိုက်ရသဖြင့် မြူရိပ် တစ်ယောက် ဒေါသ အတော်ထွက်သွရသည်။
“တောက်.... ငါ့ကိုများ အဘွားကြီးတဲ့ ဘယ်ကောင်လဲ ငါ့ကို အဘွားကြီးလို့ခေါ်တာ”
မြူရိပ် ဆိုင်ကယ်ပေါ်မှ ဆင်းကာ တစ်ဖက်သို့ လှည့်ပြီး ပြောလိုက်သည်။
“ငါဘဲ”
အဆင်းရာထင်သွားတဲ့ ပြိုင်ကလေးအား ငုံ့ကြည့်နေရာမှ ထလာလိုက်ပြီး ပြောလိုက်တဲ့ ရတု။
“အော်.... မင်းလား”
“ဟုတ်တယ် ဒါနဲ့ အဘွားကဘာလို့ သားရဲ့ပြိုင်ကားကို တိုက်ပြီး ထွက်ပြေးဖို့ လုပ်ရတာလဲ အသက်ကမြင့်ကြီးလှပြီ စိတ်ဓာတ်က.....”
“ပြောလေ စိတ်ဓာတ်က ဘာဖြစ်တာလဲ ပြောစမ်းပါ”
“သားက အဘွားကြီးတွေနဲ့ ပြိုင်မပြောတက်ဘူးဗျ”
“တောက်.... စကားပြောတာကိုက သား သားနဲ့ အခြောက်ကြီး ကြနေတာဘဲ”
“ဘာ....”
တစ်မင်ရွှဲ့ချင်လို့ ကိုယ့်ကိုကိုယ် သားဟုသုံးလိုက်ပါမှ တစ်ဖက်က အခြောက်ကြီးလို့ ပြောလိုက်သဖြင့် ရတု ဒေါသတွေ အထွပ်အထိပ်တို့ ရောက်ရှိသွားတော့သည်။
“ခင်ဗျားကများ လူကို အခြောက်ကြီးဟုတ်လား”
“ဟုတ်တယ်လေ အခြောက်နဲ့ တူလို့ အခြောက်လို့ ပြောတာ ဘာဖြစ်လဲ ဒီမှာ တို့အသက်က ၂၅နှစ်ဘဲ ရှိသေးတယ် ဟုတ်ပြီလား မင်းတို့ကို အဘွားကြီးလို့ ခေါ်စရာမလိုဘူး”
“ခင်ဗျားပုံ ခင်ဗျားလဲ ပြန်ငုံ့ကြည့်လိုက်အုံး ဆံပင်ချီထားတာက ကလေးအမေကြနေတာဘဲ ဝတ်ထားတာကလဲ အင်္ကျီအကွက်လက်ရှည်ကြီးကို လုံချည်ကြီးနဲ့ တွဲဝတ်ထားမှတော့ ခင်ဗျားပုံက အဘွားကြီး မဟုတ်လို့ ဘာကြီးလဲ”
“အောင်မှာ မင်းကများ တောက်.... ”
မြူရိပ် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လူတွေရှိနေသဖြင့် ဆက်မပြောတော့ဘဲ ထိုနေရာမှ ထွက်သွားဖို့ ပြင်လိုက်သည်။
“ဒီတစ်ခါတော့ မင်းကို တို့လွှတ်ပေးလိုက်ပါ့မယ် နောက်တစ်ခါဆိုရင်တော့ မင်းမလွယ်ဘူးမှတ်”
ပြောရင်း ထွက်သွားဖို့ ပြင်လိုက်တဲ့ မြူရိပ်အား ရတု လက်လှမ်းဆွဲလိုက်သည်။
“နေအုံး”
“မင်း... မင်း တို့လက်ကို အခုချက်ချင်း လွှတ်လိုက်စမ်း”
“ခင်ဗျားလက်လဲ ကျွန်တော် မကိုင်ချင်ပါဘူး ဒါပေမယ့်လဲ ခင်ဗျားစီက လျှော်ကြေးတောင်းရအုံးမှာဆိုတော့ မကိုင်ချင်ဘဲ ကိုင်လိုက်ရတာပါ”
“ဘာလျှော်ကြေးလဲ တို့မင်းကို ဘာလျှော်ကြေးမှ ပေးစရာမလိုပါဘူး”
“အဟွန်း.... ခင်ဗျား ဒီလိုမသိချင်ယောင် ဆောင်နေလို့ ရမယ်ထင်နေတာလား”
“ကျစ်.... ပြောပြော ဘယ်လောက်ရောရမှာလဲ”
“ငါးသိန်း”
“ဘာ.... ငါးသိန်းဟုတ်လား”
“ဟုတ်တယ်”
“တစ်နေ့ကုန် ဆိုင်ဖွင့်တာတောင် နှစ်သိန်းမရတဲ့ငါ့ကို ငါးသိန်းလာတောင်းနေရအောင် တို့ကို မင်းလို သူဌေးများ မှတ်နေလား”
“မမှတ်ပါဘူး ခင်ဗျားပုံကြည့်တာနဲ့ သူဌေးမဟုတ်မှန်း ကျွန်တော်သိပါတယ် ဒါကြောင့်လဲ ငါးသိန်းဘဲ တောင်းတာပေါ့လို့”
“အမယ်လေး သူဌေးမဟုတ်လို့ ငါးသိန်းတောင်းတာ ဟုတ်လား”
“အင်း....”
“မပေးနိုင်ဘူး”
“ဒါဆိုလဲ ခင်ဗျားရဲ့ ဆိုင်ကယ်ကို သိမ်းရုံပေါ့”
“ဟင်....”
ဝယ်ထားတာ တစ်လမပြည့်သေးတဲ့ ဆိုင်ကယ်လေးအား သိမ်းမယ်လို့ ပြောလိုက်သဖြင့် မြူရိပ် အလွန်ပင် လန့်သွားရသည်။
“ဟို.... အဲ့လိုတော့ မလုပ်ပါနဲ့ ဒီဆိုင်ကယ်လေးက ဝယ်ထားတာ တစ်လတောင် မပြည့်သေးလို့ပါ ဟို... နှစ်သိန်းလောင်ထားပေးပါလားဟင်”
“မရပါဘူး ဒီမှာ ခင်ဗျားလာကြည့်လိုက်အုံး ကားက တော်တော်ပွန်းသွားတာနော် တစ်ကယ်ဆို သွားပြင်ရင် ငါးသိန်းတောင် ရမှာ မဟုတ်လောက်ဘူး”
“ဟူး.... စိတ်ညစ်ပါတယ် ငါသေတာသေလိုက်ချင်တော့တယ် လုပ်စားရတာက ပင်ပန်းပါတယ် ဆိုမှ အခုလဲ ပိုက်ဆံငါးသိန်းက လျှော်ရပြန်အုံးမယ် ဟင့်....”
မျက်ရည်လေးများ ဝဲကာ သနားစဖွယ် အပြုအမူဖြင့် ပြောလာတဲ့ သူမကြောင့် ကျွန်တော့စိတ်ထဲ သနားမိသွားသည်။
“ကဲပါ ကဲပါ ခင်ဗျား အဲ့မှ ငိုမနေနဲ့ ကျွန်တော်က သနားတက်တယ် အဲ့တော့ ခင်ဗျား ခဏကပြောသလို နှစ်သိန်းဘဲပေး ဟုတ်ပြီလား”
“တစ်ကယ်လား”
“တစ်ကယ်”
“ဒါဆို တို့မင်းကို တစ်ခုလောက်ပြန်တောင်းဆိုလို့ ရမလား”
“ဘာ.... ခင်ဗျားနော် နည်းနည်းအလျော့ပေးတယ်ဆိုတိုင်း ရောက်တက်မလာနဲ့”
“မတက်ပါဘူး အခုပြောမဲ့ဟာက တို့ဘက်က တစ်ကယ်အဆင်မပြေလို့ပါ တစ်ကယ်တော့တို့က အရမ်းဆင်းရဲတာ အဲ့ဒါကြောင့် ပိုက်ဆံနှစ်သိန်းကို တစ်ခါတည်းမပေးဘဲ တစ်ရက်တစ်သောင်းချင်းစီ လာလာပေးမယ်လေ ရတယ်မလား”
“ဟာ... ခင်ဗျားကတော့”
“ဘာလို့လဲဟင် မရဘူးလား”
လက်အုပ်လေး နှစ်ဖက်ချီကာ သနားစဖွယ် ပြုလုပ်လာတဲ့ သူမကြောင့် ကျွန်တော် မရဘူးလို့ ပြောချင်ပေမယ့်လဲ ထိုမိန်းကလေးအား တစ်ကယ်သနားကာ ရတယ်လို့သာ ပြောလိုက်ရသည်။
“ရတယ် ရတယ်”
“ဒါဆို တို့မင်းကို ပိုက်ဆံဘယ်လို လာပေးရမလဲဟင်”
“ကျွန်တော်က အားတယ်ဆိုတာ သိပ်မရှိလို့ ခင်ဗျားဖုန်း နံပါတ် ကျွန်တော့ကို ပေးထားလိုက် ပိုက်ဆံလာယူမဲ့အချိန်ကြရင် ကျွန်တော် ဖုန်းဆက်လိုက်မယ်”
ကောင်းပြီလေ
“ဒါဆို ခင်ဗျား ဖုန်းနံပါတ်ပြော ကျွန်တော် မှတ်ထားလိုက်မယ်”
“ဟို.... ဖုန်းနံပါတ်က မမှတ်မိဘူး”
“ဒါဆို ခင်ဗျားဖုန်းပေး”
“ဘာလုပ်မလို့လဲ”
“ခင်ဗျားဖုန်းကနေ ဖုန်းနံပါတ် ယူမလို့လေ”
“အော်.... ဒါဆိုလဲ ရော့”
အပေါ်အင်္ကျီအိတ်ထောင်ထဲမှ ဖုန်းသေးသေးလေးအား ထုတ်ကာရတုဆီသို့ သူမပေးလိုက်သည်။
“ဟင်.... ဒါခင်ဗျားဖုန်းလား”
မှန်များကွဲကာ သရေကွင်းတွေနှင့် ချီထားတဲ့ ဖုန်အား ရတုယူလိုက်ပြီး အံ့ဩစွာဖြင့် မေးလိုက်သည်။
“အင်း.... ဟုတ်တယ်”
“ကျစ်.... ခင်ဗျားနဲ့တော့ စိတ်ညစ်တာဘဲ ဒီဖုန်းစုတ်နဲ့ ကျွန်တော်က ဘယ်လိုဖုန်းနံပါတ်ယူရမှာလဲ ဖုန်းက ဘယ်ကဖွင့်ရလဲတောင် မသိတဲ့ဟာ”
ရတုတစ်ယောက် စိတ်ညစ်ညစ်နဲ့သာ ဆံပင်တွေအား သူ့လက်ချောင်း သွယ်သွယ်လေးတွေနှင့် ထိုးဖွပစ်လိုက်တော့သည်။
“ရော့ ရော့ ခင်ဗျားရဲ့ ဖုန်းက ဘာမှ လုပ်လို့မရဘူး အဲ့တော့ မနက်ဖြန် ဒီနေရာကို ခင်ဗျား ပြန်လာခဲ့ အဲ့အချိန်ကြမှ ပိုက်ဆံယူတော့မယ်”
“ဟို.... အဲ့လိုကြတော့လဲ မဖြစ်ဘူးကော”
“ဘာလို့မဖြစ်တာလဲ”
“ဘာလို့လဲဆိုတော့ ဒီရက်ပိုင်း ဓာတ်ဆီဖိုးတွေ ဈေးတက်နေတယ်လေ အဲ့တော့ တို့ရပ်ကွက်ကနေ မင်းဆီလာဖို့ဆိုရင် ဓာတ်ဆီအများကြီးကုန်မှာ”
“အမယ်လေး အဘွားကြီးရယ် ခင်ဗျားကိုတော့ ကျွန်တော် လက်မြှောက်လိုက်ပါပြီ ကျွန်တော်ဘဲ ခင်ဗျားဆီက အလျှော်တောင်းဖို့ ဓာတ်ဆီအကုန်ခံပြီး ခင်ဗျားဆီလာခဲ့လိုက်ပါ့မယ် ဟုတ်ပြီလား”
“ဟုတ်”
“ဒါဆိုလဲ ခင်ဗျားရဲ့အိမ်လိပ်စာပေးခဲ့”
“ဟုတ်”
“......... အဲ့နေရာဘဲ ဒါဆို တို့သွားပြီနော်”
“ကြွပါ ကြွပါ”
“ဟူး.....”
ရတု သူမထွက်သွားမှ လေပူတစ်ချက်အား မှုတ်ထုတ်လိုက်သည်။
စာဖတ်သူလေးများအားလုံး လက်နက်ဘေး ရောဂါဘေး မှကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏🙏