အချစ်ပန်းတွေဝေခဲ့သည်
"ကြည့် ဆေးသောက်ရင် မျက်နှာက အဘိုးအိုကြီးဖြစ်သွားရော့ တွန့်ချိတ်နေတာပဲ မရဘူးနော် သောက်ရမယ် မဟုတ်ရင် အချစ်ပန်းတွေမဝေပေးဘူး"
"သောက်ပါမယ်ဗျာ သောက်မယ် အချစ်ပန်းတွေ အများကြီးဝေပေးရမယ်"
"စကားနားထောင်ရင် ဝေပေးမယ် စကားနားမထောင်ရင်တော့ sorryပဲ"
"နားထောင်ပါမယ်ဗျာ သောကျပွီးနျော အခု "
"ရော့ ဘုရားဆေး၊တရားဆေး၊သံဃာဆေး ဆို၍ လရိပ် တိုက်သည်။ လက်မောင်းကအနာကလည်း မကျက်သေးတာကြောင့် လရိပ်မှာစိတ်ပူရ၏။
ဉီးဆိုးအနာကို ဆေးထည့်မယ်နော် ပတ်တီလှဲရမယ်"
"ဖြေးဖြေးလုပ်နော် နာတယ်"
"အောင်မလေး အခုမှာလာနုနေတဲ့ ဉီးနတ်ဆိုးရဲ့ တကယ်အကဲပိုတယ် လူကြမ်းကြီးလုပ်နေပြီးတော့ "
"လူကြမ်းကြီးလည်း အသဲနုတတ်ပါတယ်ဗျာ "
"ကဲ့ပါ အပိုစကားပြောမနေနဲ့ နာရင် ခဏသည်းခံ အနာကိုဆေးထည့်ပေးမယ်"
လရိပ်လည်း ပါးစပ်က ဉီးဆိုးကို ပြောနေတာပါ။တကယ်တော့ သူမ ပတ်တီးကို ဖွဖွလေးကိုင်ပြီး ဖြေသည်။ ဉီးဆိုး နာသွားမှာစိုးလို့ပါ။ ဆိုးကလည်း သူမ လုပ်ပုံကိုသဘောကျစွာကြည့်ပြီး ပြုံးကာ နဖူးဝင်းဝင်းလေး ငုတ်နမ်း၏။ ထိုအခါ လရိပ် ရဲ့ မျက်နှာလေးမှာ အပြုံးနုနုလေးပေါ်လာသည်။
@@@@
၃နှစ်ခန့်ကြာပြီးနောက်
"သမီးရယ် မေမေ လုပ်ပါမယ် "
"မလုပ်ပါနဲ့ မေမကေလညျး အေးဆေးနေပါ ဒါတွေက သမီးအလုပ်တွေ ကိုမင်းမင်းနဲ့ ဉီးဆိုးကလည်း စကားတွေလက်ဆုံကျနေတာ ညီအကိုနှစ်ယောက်အရမ်းချစ်ကြတာပဲနော်"
"ဟုတ်တယ် သမီးရဲ့ သားငယ် က သူ့အကို အရမ်းချစ်တာ "
"အခုလို ညီအကိုတွေပျော်နေတာတွေ့တော့ ကြည်နူးစရာပဲနော် မေမေ"
"ဟုတ်တာပေါ့ သမီးရ မေမေလည် နေ့လယ်ကျရင် မရဏစံအိမ်ပြန်ရအုံးမယ်"
"ဒယ်ဒီက ခေါ်လို့လား"
"ဟုတ်တယ် သမီးရေ မရဏစံအိမ်မှာ အခုဆိုရင် ပျော်စရာကောင်းနေပြီး အရင်ကဆိုရင် အမုန်းတွေ၊လောဘတွေနဲ့ပြည်နေတာ မမမြပုလဲလည်း သူ့သားစိတ်ကြောင့် ရူးသွားတာ မေမေစိတ်မကောင်းလိုက်တာ"
"ဒါက သူကံအကျိုးပေးတာပါ ကဲ့ မေမေ ဧည်ခန်းသွားပြီး ထိုင်နေ သမီးပဲ ချက်ပြုတ်လိုက်မယ်"
"မချက်ပြုတ်ရဘူးနော် သမီးဗိုက်ထဲက ကလေးလေးရှိလို့ အေးအေးဆေးဆေး အနားယူရမယ် ပြီးတော့ မြေးမလေး အိပ်နေတုန်း သမီးလည်းအနားယူရမယ် သွားထိုင်နေ မေမေ ချက်မယ်.
"မထိုင်ချင်ပါဘူး မေမေရာ အတူတူချက်ကြတာပေါ့"
လရိပ် ကြက်သွန်နီခွာနေခွာပေးသည်။ စံကတော့ ငါးကြော်နေသည်။လရိပ်တို့ ဘဝက အရမ်းပျော်စရာကောင်းပါ၏။ ဂိုဏ်းလောဿို စွန့်ပစ်ပြီး သာမန်ဘဝနဲ့ပဲနေထိုင်သည်။လရိပ်မှာ ချစ်ပန်းဝေ ဆိုတဲ့ ၂နှစ်သမီးလေးကိုလည်း ပိုင်ဆိုင်ထားသလို ဗိုက်ထဲက ကလေးတစ်ယောက်လည်းရှိသေးပါသည်။
"baby ဘာတွေလုပ်နေတာလဲ "
"မေမေနဲ့ အတူ ဟင်းချက်နေတာ"
"မပေါ့မပါးကြီးနဲ့ကွာ ဉီးဆိုးချက်မှာပေါ့ "
"သား ချက်ရင် ဟင်းကစားကောင်းလို့လား မေမေ သမီးကိုသွားနားခိုင်းတဲ့ သမီးက ဝိုင်းကူချင်တဲ့ဆိုလို "
"ကဲ့ပါ မေမေနဲ့ baby သွားနာတော့ သားပဲချက်လိုက်မယ် သားလက်ယာအရင်ကလောက်မဆိုးတော့ပါဘူး ဟုတ်တယ်မလား baby "
"ဟုတ်ပါတယ် ဒါပေမဲ့ ဉီးဆိုးက ဆိုင်မှာပင်ပန်းထားတဲ့လေ ဒီနေ့နားရက်ဆိုတော့ အေးအေးဆေးဆေး အနားယူပါ"
"ကဲ့ သားငယ်ပဲချက်လိုက်မယ် အကုန်လုံးသွားနားကြ ကိုကို ကျွန်တော်လက်ယာ စားမလား "
"စားမယ်ကွာ မင်းနဲ့ ငါအတူတူချက်လိုက်မယ် "
"Ok ကဲ့ မေမေတို့ သွားနားကြတော့ အိမ်ရှေ့မှာ Tvကြည့်ရင်ကြည့် မကြည့်ရင် စကားပြောကြ"
လရိပ်နဲ့ မေမေကို အတင်း အိမ်ရှေသွားခိုင်းသည်။
"သမီးရေ မေမေတို့ အိမ်ရှေ့မှာ အေးဆေး သွားနေရအောင် သူတို့တွေချက်ကြပါစေ စားမကောင်းလို့ကတော့ နှစ်ယောက်စလုံးကို ဗျင်းမှာနော့ဆိုကာ အိမ်ရှေ့သို့ထွက်ခဲ့သည်။
@@@@
"မေမေနဲ့ baby ထမင်းစားမယ် ဟေ့"
ဉီးဆိုးရဲ့ အော်ပြောသံကြောင့် မေမေနဲ့ စကားပြောနေတာကိုရပ်သွားရသည်။ ထိုနောက် မေမေကိုတွဲကာ ထမင်းဝိုင်းဆီကိုလာခဲ့သည်။
အငွေ့တထောင်ထောင်နဲ့ မွှေးကြိုင်နေတဲ့ ထမင်းဝိုင်းကြောင့် လရိပ်မှာ သရေကျလာ၏။
မေမေထိုင် ညီလေးလည်း ထိုင်ကြ baby က ဒီမှာလာထိုင် ဒါက babyအတွက် ဟင်း."
"ဟွန့် အဲဒါကြီးမစားချင်ပါဘူး အရောင်လည်းမပါဘူး လူမမာစားကြီး မစားဘူးနော်"
လရိပ် အတွက် သီးသန့် ငရုတ်သီးမပါဘဲ ချက်ထားပေးတာပါ။ကြက်သားကြော်၊ ကန်စွန်းရွက်ကြော် ၊ကြက်စွတ်ပြုတ်ဟင်းရည်၊ပုစွန်ထုပ်ချက်ပါ။
"baby မှာ ဗိုက်ထဲက ကလေးလေးရှိတယ်လေးဒါကြောင့် ဆင်ခြင်ရမယ်"
"မေမေ...မေမေသားကိုပြောအုံး သမီးလည်း တစ်ခါတစ်လေး မေမေတို့ စားသလို့ စားချင်တာပေါ့"
ယောက်ခမ ဖြစ်သူကို ချစ်စဖွယ်ကောင်းအောင်တိုင်လျင် စံ သားရဲ့ လက်မောင်းကို ဖွဖွရိုက်ကာဆူသည်။
မင်းမှလည်း အရမ်းစိုးရိမ်တာပဲ သမီးလည်း တစ်ခါတစ်လေးစားတာပဲ ဘာမှမဖြစ်လောက်ဘူး သမီးစားနော် ဘာစားချင်လဲ မေမကေိုပွော
သားကြီးလည်း အစိုးရိမ်မလွန်နဲ့ ကလေးတစ်ယောက်တောင်ရနေပြီးကို့"
"ချဉ်ပေါင်ကြော်နဲ့ ငါးဟင်း ငါးပိရည် မေမေ"
"အဲဒါတွေက အစပ်ပါတဲ့ baby မစားရဘူးကွာ"
"မေမေ တွေ့လား တော်ပြီး မစားတော့ဘူး "
လရိပ် စိတ်ကောက်ကာထသွားလျှင် စံ သားဖြစ်သူရဲ့ ဆံပင်ကို စောင့်ဆွဲသည်။ မင်းမင်းကတော့ အကိုဖြစ်သူရဲ့အဖြစ်ကိုကြည့်ပြီး ပြုံးနေသည်။
"မင်းက ဘာပြုံးတာလဲ"
"ဘာမှမဟုတ်ပါဘူး ကိုယ်ချက်တာကိုယ်စားကောင်းလို့ ပီတိဖြစ်နေတာ"
"မင်းနော် "
"မေမေရေ ကိုကို သားဘက်ကို မြားဉီးလှည့်နေပြီး"
"သားကြီး မဆိုင်တာမရမ်းနဲ့ သွား သမီးကိုသွားချော့ "
"တကယ်ပဲ မေမေကတော့ သူ့ချွေးမကို သားအရင်းထက်ပိုချစ်နေပြန်ပြီး ဆိုကာ ဆိုး ထမင်းဝိုင်းကနေထခဲ့သည်။
@@@@
"မေ့မေ့ အင်ဟင့် ချီ"
"မေမရေဲ့ အသဲလေးက နိုးပြီးလား လာ မေမေဆီ"
ပုခက်ထဲက ချစ်စရာသမီးဖြစ်သူက အမေဖြစ်သူအခန်းထဲ ဝင်လာတာမြင်တာနဲ့ ငိုမဲ့မဲ့နဲ့ ပြောကာ ချီခိုင်း၏။ လရိပ်လည်း ကိုယ်ဝန်ကို မေ့ပြီး လှမ်းချီဖို့ပြင်လျှင် ဉီးဆိုးက ချက်ချင်းရောက်လာပြီး သမီးကိုဝင်ချီလိုက်သည်။
"babyနော် အထဲက ကလေးရှိတာကို့ "
"ဟွန့် စကားလာမပြောနဲ့ "
"သမီးရေ သမီး မေမေက ပါးပါးကို စိတ်ကောက်နေတယ် ဘယ်လိုချော့ရမလဲ"
"တိဝူး ေမ့မေ့ချီ "
"သမီး မေမေက ချီလို့ရဘူးလေကွာ အထဲမှာကလေးလေးရှိတယ်"
"ချီလို့မရလည်း မေ့မေ့ အပေါ်မှာထိုင်မယ် "
သမီးလေးက ဖေတူသမီးဖွစျလိုထငျ၏။ အမေဖြစ်သူကို အရမ်းချစ်သည်။ ဒါပေမဲ့ သမီးရဲ့ ရုပ်ရည်ရော့ အကျင့်ကတော့ အဖေဖြစ်သူနဲ့တစ်ပုံစံထဲ တူလွန်လို့ ပန်းပုထုထားသလားမှတ်ရ၏။
"ပေးပါ သမီးကို ရှင်ဘာသာ ထမင်းသွားစား"
baby ကိုယ်ကို စိတ်မစိုးပါနဲ့ကွာ baby စားချင်ရင် ကျွေးပါမယ်နော် "
"မစားဘူး လရိပ် ဗိုက်မဆာဘူး"
"ဂြီ"
ဗိုက်မဆာဘူးဆိုသော်လည်း လရိပ် ဗိုက်ကမြည်လျှင် ဆိုးမှာ ရယ်မောကာ သမီးကို ချီလျက် လရိပ်ကို ဖက်၏။
"ဖယ်ပါ ဘာလုပ်တာလဲ သမီးအရှေ့"
"သမီးရှိတော့လည်း ဘာဖြစ်လည်း ကိုယ်မိန်းမကို ကိုယ်ချစ်တာပဲကို "
"ချစ်နဲ့ ပါးပါး မေ့မေ့ကို မီမီပဲချစ်မှာ "
"သမီးကလည်းကွာ လောဘမကြီးရဘူးနော် ပါးပါးလည်းချစ်မယ်"
"နည်းနည်းပဲ.. ချစ်ရမယ်နော်"
"ဟုတ်ကဲ့ပါဗျာ ပါးပါးတို့အောက်ဆင်းရအောင် မေမေ့ ဗိုက်ဆာနေပြီး"
"မဆာပါဘူးနော်"
"အဟီးး baby စားချင်တာအကုန်ကျွေးပါမယ်ဗျာ အခုနာက တားမိတာ တောင်ပန်းပါတယ်"
"ဟွန့် ပြီးတာပဲ သွားစားကြမယ် "
လရိပ်က အကြာကြီးစိတ်မကောက်တတ်သူဖြစ်တာကြောင့် ဉီးဆိုးရဲ့ လက်မောင်းကိုတွဲကာ အောက်ထပ်သို့ဆင်းခဲ့၏။ သမီးလေးကလည်း မိဘနှစ်ပါးအဆင်ပြေသွားတာကြောင့် ပြုံးနေ၏။
@@@@
ညနေဘက် အိမ်မှာ လရိပ်တို့မိသားစုပဲရှိသည်။ မေမေနဲ့ ကိုမင်းမင်းက မရဏစံအိမ်ကို သွားကြပြီလေ။ ဒယ်ဒီက ကိုမင်းမင်းအပေါ် သူ့မှားခဲ့တဲ့ အမှားတွေတောင်ပန်း၏။ ကိုမင်းမင်းက ခွင့်မလွှတ်ချင်ပေမဲ့လည်း အမေဖြစ်သူစိတ်ဆင်းရဲမှာစိုးတာကြောင့် ခွင့်လွှတ်လိုက်၏။ နောက်ပြီး ကိုမင်းမင်းနဲ့မမခင်လေးတို့က မကြာခင်လက်ထပ်တော့မှာပါ။ဉီးဆိုးတို့ ညီအစ်ကိုတွေက အဖေဖြစ်သူရဲ့စိတ်ဓာတ်ပါတာကြောင့် မိန်းကလေးရွှေးချယ်တာလည်း အဖေနဲ့တူနေသည်။
"မေ့မေ့ "
"ရှင် "
"မီမီ မောတယျ "
"ပါးပါးချီမယ် "
ညနေခင်း ခြံထဲမှာ မိသားစုတွေလမ်းလျှောက်နေကြခြင်းဖြစ်သည်။ဉီးဆိုးက လရိပ်ကို ပခုံးပြီး လမ်းလျှောက်၏။ သမီးကတော့အရှေ့ကနေ ကလေးပီပီ ခုန်ပေါက်ဆော့၏။ အခုလည်းမောတာကြောင့် အမေဖြစ်သူကိုလာပြောခြင်းဖြစ်သည်။
"ဟုတ် ချီ"
"ယားး ပါးပါး သမီးက ထွားလာလိုက်တာကွာ အလေးကြီးပဲ "
"ပါးပါးနဲ့တူလိုလေး "
"ဟုတ်ပ ဗျာ အဖေတူသမီးလေးရဲ့ မွ"
သမီးရဲ့ ပါးပြင်အိအိကို နှုတ်ခေါင်းနဲ့နစ်ဝင်အောင် ဆိုးနမ်းရှိုက်သည်။ ထိုနောက် လရိပ်ရဲ့ပါးကို နမ်းဖို့ပြင်လျှင် သမီးက လိုက်ရှုပ်သည်။
"ဟာ သမီးရာ ပါးပါး နမ်းလို့မရဘူး"
"နမ်းနဲ့ နမ်းနဲ့ မေ့မေ့ပါးပြင်နှစ်ဖက်က မီမီ အပိုင် နမ်းနဲ့"
အဖေဖြစ်သူရဲ့ မျက်နှာကို လက်သေးသေးလေးတွေနဲ့တွန်းထားတဲ့ သမီးပုံလေးက ချစ်စရာပါ။
"သမီးကလည်း အတူတူနမ်းကြမယ်လေး ပါးပါး ကစားကွင်းလိုက်ပို့မှာနော် ပေးနမ်း"
"ဟုတ်ပြီး အတူတူနမ်းကြမယ် ဆိုကာ လရိပ်ရဲ့ သနပ်ခါးမှုံနေတဲ့ ပါးပြင်နှစ်ဖက်ကို သားဖနှစ်ယောက်က တစ်ယောက်ဖက်နမ်းကြ၏။ ထိုနောက် လရိပ်နဲ့ ဆိုးကလည်း သမီးဖြစ်သူ၏။ ပါးပြင်ကို တစ်ယောက်တစ်ဖက် ပြိုင်တူနမ်းကြသည်။ ဉီးဆိုးက သမီးဖြစ်သူကို ယားအောင်လုပ်တာကြောင့် သမီးရဲ့ ရယ်သံလေး သာယာထွက်ပေါ်လာသည်။
ဉီးဆိုး လိုချင်တဲ့ အချစ်ပန်းတွေလည်း ဝေခဲ့သလို့ ပျြောရှငျတဲ့မိသားစု ဘဝကိုလည်း ပိုင်ဆိုင်ခွင့်ရခဲ့သည်။ လရိပ် အတွေးတွေနဲ့ ပြုံးနေစဉ် သမီးနဲ့ဉီးဆိုးက လရိပ်ရဲ့ ပူထွက်နေတဲ့ ဗိုက်ကို လာနမ်းတာကြောင့် လန့်သွားလျှင် သမီးနဲ့ ဉီးဆိုးက သဘောကျစွာရယ်မော၏။လရိပ်လည်း ရောရယျမောသဖွစျ စံအိမ်ကအတွင်း သာယာတဲ့ရယ်မောသံလေးတွေဆူညံသွားသည်။
ပြီးပါပြီးဗျာ
အစအဆုံးစောင့်မျှော်ဖတ်ရှုပေးသော စာဖတ်လေးအားလုံးကို လေးစာလကျြပါဗြာ။ 2022မှာ သာယာအေးချမ်းပျော်ရွှင်၍ဘရောဂါ ကင်းကြပါစေ စာတင်ဖို့ပျက်ကွက်သောနေ့များအတွက် အနူးအညွတ်တောင်ပန်းပါသည်။ ကျွန်တော်ရဲ့ စာလေးကို ဖတ်ပေးပြီးဝေဖန်ပါဗျာ ပျော်လည်းပျော်ရွှင်မှုများရပါစေ "လိုအပ်ချက်များစွာရှိနေတာကြောင့် စာဖတ်ရတာ တစ်ခုခု လိုရင် တောင်ပန်းပါတယ်ဗျာ။
စာရေးသူ သွေးမိန့်