book

Index 24

အပိုင်း'(၂၄)

  • Author : Thwe Mate
  • Genres : Romance, Comedy, Drama, Fantasy

အချစ်ပန်းတွေဝေခဲ့သည်


"ဉီးဆိုး ဆေးသောက်မယ်"


baby ရဲ့စကားသံကြောင့် ဖုန်းပြောနေတာကို ရပ်လိုက်ရသည်။


"အေး ဒါပဲဟေ့ကောင် အစီစဉ်အတိုင်း ဆက်သွားကြပါ"ပြောပြီး ဖုန်းကိုချလိုက်၏။


"baby ဆေးမသောက်ချင်ဘူး ခါးတယ်"


"ခါးပေမဲ့လည်း သောက်ရမှာပဲ ဉီးဆိုး ဒဏ်ရာက ပျောက်သေးတာမဟုတ်ဘူး "


"မသောက်ချင်ဘူးကွာ မသောက်လိုမရဘူးလား "


"ကြည့် ဆေးသောက်တိုင်း ဂျီကျနေတာပဲ မသောက်လိူမှမရတာ ရော့ သောက် "


ဆေးပေးနေတာကို မယူဘဲ ထိုင်နေရာကနေ လှဲအိပ်လိုက်တဲ့ ခင်ပွန်းဖြစ်သူကို လရိပ် အလှဆုံးအပြုံးလေးပြုံးက ချော့ပြီးတိုက်ဖို့ပြင်သည်။


ဉီးဆိုးကလည်း လိမ်မာတယ်နော် ဆေးသောက်ရမယ် လက်သည်းခွံလောက်တောင်မရှိတဲ့ ဒီဆေးသေးသေးလေး ခါးတာခဏပါပဲ သောက်လိုက်နော် "


"နေ့တိုင်းသောက်နေရတာကို့ တစ်ခါတစ်လေး မသောက်လည်း ဘာမှမဖြစ်ပါဘူးကွာ"


"ဉီးဆိုးက လရိပ်ကို မချစ်ဘူးပဲ"


"ချစ်တယ်လေး ဒီရင်ဘက်ကြီးနဲ့ မဆန့်အောင်ချစ်တာ"


"ဟွန့် အပိုတွေ ချစ်ရင် စကားနားထောင်ရမှာပေါ့"


"baby ကလည်း ဆေးကြောက်တာ သိရဲ့သားနဲ့ "


"ဗလကိုမှ အားမနာ ဆေးကြောက်တယ်တဲ့ ကလေးတွေတောင် ဆေးမကြောက်ဘူး "


"ဟာ ဗလရှိတာနဲ့ပဲ ဆေးမကြောက်ရဘူးလို့ ဘယ်သူပြောလဲ "


"ဪ ဗလရှိတဲ့လူတိုင်းက ဆေးမကြောက်ရဘူးလို့သတ်မှတ်ချက်ချထားလို့လား"


"တော်ပြီး အရမ်းကပ်ပြောတာပဲ"


"မကပ်ပါဘူး အဝေးကြီးပဲဆိုကာ လရိပ်ကို လှမ်းဆွဲ၏။ လရိပ်မှာ ဉီးဆိုး အပေါ်သို့ ကျသွားရသည်။ ဆိုး က လရိပ် ထဖို့ပြင်လျှင် ကောင်းတဲ့ လက်နဲ့ဖက်ထားတာကြောင့် လရိပ်မှာ ထလို့မရပါ။


"ဉီးဆိုး လွှတ် "


"မလွှတ်ဘူး နမ်းရင် လွှတ်မယ် "


"ဘုန်း "


"နမ်းခိုင်းတာလေးကွာ ထုခိုင်းတာမှမဟုတ်တာ "


"အမြင်ကပ်လို့ ထုပစ်တာ ပြော ဆေးသောက်မလား မသောက်ဘူးလား "


"မေသာက္ဘူး"


"ပြီးရော့ လုံးဝ မတိုက်ဘူး လွှတ် စကားလည်း လာမပြောနဲ့ "


လရိပ် ဒေါသသံနဲ့ပြောပြီး ဆိုး အပေါ်ကနေခွာသည်။ ထိုအခါ ဆိုး ကပေးမသွားဘဲ ဖက်ထားကာ လရိပ်ရဲ့ ပါးပြင်တစ်ဖက်ကို နမျးရှိုကျသညျ။ 


"ဘာလိုနမ်းတာလဲ "


"စိတ်စိုးနေလို့ ချော့တာလေး ကိုယ်သောက်ပါမယ်နော် ဒေါသပြေတော့"


"အစကတည်းက အခုလို လိမ်မာရင်ပြီးနေပြီး အခုနာက ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ"


"သူငယ်ချင်းနဲ့ပြောနေတာ "


.ဘာအကြောင်းလဲဟင်"


သိချင်တယ်ပေါ့ "


"အင် "


"ဒါဆိုရင် ဒီဘက်ပါးနမ်းအုံးမယ် ပြီးရင်ပြောပြမယ်"


ဆိုး က လရိပ်ရဲ့ ပါးပြင်တစ်ဖက် သူရဲ့ နှာခေါင်းချွန်ချွန်နဲ့ နမ်းရှိုက်ပြီးလျှင် လရိပ်ကို ကလေးငယ်သဖွယ်လို့ပွေ့ထား၏။


ဉီးဆိုး အခု စီစဉ်နေတာက မူးယစ်ဆေးဝါနဲ့လူကုန်ကူးမှုတွေမရှိအောင် ဩဇာကြီးမားတဲ့ ဂိုဏ်းတွေကို ပျက်စီးအောင်လုပ်နေတာ အခုဆိုရင် ဉီးဆိုးတို့ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကို မိုးဒေဝါက ရထားတာလေ အဲဒါကြောင့် သူကို ပျက်စီးအောင် နည်းမျိုးစုံနဲ့ လုပ်နေတာ မေမေက သူ့လက်ထက်ထဲမှာဆိုတော့ ဉီးဆိုး အရမ်းစိတ်ပူတယ် ဉီးဆိုးရဲ့ လက်ကလည်း သေနတ်မှန်ထားတော့ မေမေကို သွားမကယ်နိုင်သေးဘူး ဒယ်ဒီက ဆေးရုံမှာ သူအတွက်လည်း ဉီးဆိုးရဲ့လူတွေကို ဆေးရုံမှာစောင့်ခိုင်းထားတဲ့ "


"ဉီးဆိုးက ဒါတွေလုပ်နေရတာကို့ ပင်ပန်းနေမှာပေါ့ မေမေကိုပူရတာကတစ်မျိုးဟိုမကောင်းတဲ့လူတွေကို တိုက်ခိုက်နေရတာက တစ်မျိုး ဟူးး ဒီလိုအမြဲတမ်းပူလောင်နေတဲ့ ဘဝကနေ ဘယ်တော့မှ လွှတ်မလဲမသိဘူး လရိပ် မိဘတွေလည်း လရိပ် အသက်ရှင်မှန်းသိမယ်မထင်ဘူး. "


"ပြသာနာတွေအာလုံးပြီးသွားရင် ဉီးဆိုးတို့ လရိပ် မိဘတွေဆီသွားကြမယ်နော် အခုတော့ ခဏသည်းခံပေးပါအုံး baby "


"ဟုတ်ကဲ့ပါ ကဲ့ ဆေးသောက်ပြီးရင်လည်း ခဏ အိပ်လိုက်အုံး လရိပ်လည်း ဉီးဆိုး အတွက် ချက်ပြုတ်အုံးမယ်"


"မချက်ပြုတ်ပါနဲ့ ကွာ ဉီးဆိုးအနားမှာနေပေး babyကို ဉီးဆိုးဖက်အိပ်မယ် ချော့သိပ်"


အရမ်းကို ကလေးဆန်နေသော ခင်ပွန်းဖြစ်သူ အပြုံးလေးနဲ့ ကြည့်မိရ၏။ လရိပ်လည်း ဉီးဆိုး ဘေးနားမှာ လှဲအိပ်ရ၏။ ဉီးဆိုးကလည်း ကလေးငယ်တစ်ဉီးက ဝက်ဝံရုပ်ကြီးကိုဖက်အိပ်သလို လရိပ်ကို ဖက်အိပ်သည်။ လရိပ်မှာ ပြောင်လဲ့နေတဲ့ ဉီးဆိုးရဲ့ ကတုံးကို လက်ဖဝါးနဲ့ ဖွဖွလေးသပ်ပေးပြီး ဘုရားစာရွတ်ကာ ချော့သိပ်သည်။


@@@


"သားငယ် ပြောတာတကယ်လား"


"အမှန်ပါ မေမေ ဉီးမင်းရက်စက် ကို သားမသတ်ရသေးပါဘူး"


"မသတ်ရသေးဘူးဆိုတော့ သတ်မယ်အစီစဉ်ရှိတယ်ပေါ့ အဲဒီလိုမျိုးမလုပ်ပါနဲ့ သားငယ် မေမေတောင်ပန်းပါတယ် "


"မေမေ အရမ်းမစိုးရိမ်ပါနဲ့ ဉီးမင်းရက်စက်ကို ကိုကိုရဲ့လူတွေကလုံခြုံရေး အပြည့်ပေးထားလို့ အနားတောင်ကပ်မရပါဘူး"


"သားကြီး အသက်ရှင်နေတယ်ပေါ့ ဟုတ်လား..ဟုတ်လားး"


"ဟုတ်ပါတယ် မေမေ ကိုကို အသက်ရှင်နေပါတယ် "


"ဝမ်းသာလိုက်တာ မေမေ အရမ်းပျော်တာပဲ အင်ဟင့် "


"မေမေကည်း ဝမ်းသာတယ်လိုလည်း ပြောသေးတယ် ဘာလိုငိုရတာလဲ"


"ဝမ်းသာလွန်လို့ပါကွယ် မေမေ နဲ့သားငယ် သားကြီးဆီသွားရအောင်"


"ဟုတ်ကဲ့ပါ မေမေ လိုက်ပို့ပါမယ် အခုတော့ မေမေပင်ပန်းလာတဲ့ အေးဆေးအနားယူပါအုံး"


မင်းမင်း အမေဖွစျသူကို အိပ်ယာထဲမှာလှဲခိုင်းကာ အိပ်စေ၏။ သူကတော့ မေမေစားဖို့ ချက်ပြုတ်ရမှာကြောင့် မီးဖိုထဲဝင်ခဲ့သည်။ သူက ထမင်းဟင်းကို ကိုယ်တိုင့ချက်ပြုတ်စားပါသည်။ ဘဝရဲ့ကြမ်းတမ်းမှုတွေ တွေ့ကြုံခဲ့ရတာကိုကြောင့် ဘယ်အရာကိုမှမကြောက်တော့ပါ။ ထမင်းဟင်း ချက်ပြီးလျှင် မေမေ ရေချိုးဖို့ ရေခပ်ထား၏။ အလုပ်တွေ အကုန်ပြီးလျှင် သူလည်း ရေခြိုးကာ အနားယူသည်။ နာရီဝက်နေတော့ မေမေ နိုးလာတာကြောင့် လမ်းမလျောက်နိုင်တဲ့ မိခင်ဖြစ်သူကို တွဲခေါ်၏။


"မေမေ ရေချိုးလိုက် ပြီးရင် ထမင်းစားရအောင်."


"သားငယ်က ထမင်းဟင်းတွေချက်တတ်နေပြီးပေါ့ မေမေရဲ့ သားငယ်လေး ဒီလို တဲစုတျှာ ဆင်းဆင်းရဲရဲနေရတာ မြင်ရင် မေမေ စိတ်မကောင်းလိုက်တာ "


"မေမေကလည်း သား ဒီဘဝပျော်နေပြီး ကိုကိုလို့ စည်းစိမ်ချမ်းသာနဲ့နေရပြီး ပူလောင်နေတာကမှ သနားဖို့ကောင်းတာပါ "


"ဟုတ်ပါတယ်လေး သားကြီးလည်း အရွယ်နဲ့မလိုက်အောင် ခက်ခဲရှင်သန်ခဲ့ရပါတယ် ဒါပေမဲ့ သားငယ်လောက် ဘဝကြမ်းမယ်မထင်ဘူး"


"မေမေကိုလည်း သားအားနာပါတယ် သားဆင်းရဲလို မေမေ တဲစုတ်မှာ နေရတာ"


အားငယ်ပြီး ပြောနေတဲ့ သားဖြစ်သူရဲ့ ဆံပင်ကို သပ်ပေးရင် အားငယ်စိတ်မဝင်အောင် စံပြောသည်။


တဲစုတ်မှာနေရလည်း မေမေပျော်ပါတယ် မေမေ သားက ဒီလောက်ကြံ့ခိုင်ပြီး အရာရာကို ဖြတ်ကျော်နိုင်လို့ ပိုတောင်ဂုဏ်ယူသေးတယ် ပြီးတော့ မေမေက သားနဲ့ပဲအတူလာနေမှာ"


"မေမေတကယ်ပြောတာလား "


"ဒါပေါ့ မေမေသားနဲ့ပဲ မေမေခေါင်းချတဲ့အထိအတူနေသွားမှာ "


"ပျော်လိုက်တာ မေမေရယ် ဆိုကာ စံကို ဖက်ထားတဲ့ သားငယ်ရဲ့ ခေါင်းကလေးကို ငုတ်နမ်းမိသည်။သားငယ် အပေါ် ယခုကစပြီး အချစ်တွေပုံပေးတော့မယ် စိတ်ကူးထားသည်။


@@@


"ဒိုင်းး ဒိုင်းး"


ဘာမပြောညာမပြောရောက်ရှိလာတဲ့ မိုးဒေဝါတို့ အဖွဲ့က သေနတ်ပစ်သည်။ မဂ်နီဂိုဏ်းနဲ့ မြင့်မိုရ်ဂိုဏ်းကလည်း ပြန်လည်ပစ်ခတ်သည်။ သေနတ်သံတွေ ဆူဝေလျက်ပါ။ မဂ်နီဂိုဏ်းမှာ ဂိုဏ်းချုပ်အားလုံး စုဝေးကာ အစည်အဝေးလုပ်နေခြင်းဖြစ်သည်။


ဒိုင်းးး ဒိုင်းး တစ်ယောက်မှအရှင်မထားနဲ့ ငါစီးပွားကို တုတ်နဲ့ထိုးတဲ့လူတွေကို အကုန်သတ်ပစ်!!!!


မိုးဒေဝါရဲ့ ဒေါသစကားသံ အဆုံးမှာ သေနတ်သံတွေက မရပ်မနားထွက်ပေါ်လာသည်။ မြပန်းတို့အဖွဲ့က အလစ်ဝင်ရောက်တိုက်ခိုက်တာကြောင့် အထိနာရ၏။ ထိုအချိန် ဘယ်ကမှန်းမသိတဲ့ အဖွဲ့တစ်ဖွဲ့ရောက်လာပြီး နှစ်ဖွဲ့စလုံးကို ပစ်ခတ်၏။ မဂ်နီစံအိမ်က စစ်မြေပြင်အတိုင်းဖြစ်သွားသည်။


"မြလေး ကိုကြီးတို့ပြေးမှဖြစ်တော့မယ် အရမ်းအထိနာနေပြီး "


"မြပန်းတို့ ဘယ်လမ်းကနေပြေးမှာလဲ "


"ကိုကြီးရဲ့ လျို့ဝှက်လမ်းကနေပြေးကြမယ် ဟေ့ကောင်တွေ ငါတို့ကို ကာပစ်ပေး !!!"


"ငါတို့ကို အသေခံခိုင်းတာ ငါကတော့ ကာမပစ်ပေးနိုင်ဘူး ကိုယ်အသက်ရှင်ဖို့အတွက် ပြေးပြီး"


ဂိုဏ်းသားတစ်ချို့က ထွက်ပြေးကြသောအခါ မြပန်းတို့ ဘာမှမတက်နိုင်ပါ။ လူဆိုတာ ကိုယ်အသက်ကို ကိုယ်တန်ဖိုးထားကြတာ လူတိုင်းပါပဲ။


"ဟာ ဟေ့ကောငျတှေ ဘယ်ပြေးကြတာလဲ.. ဒိုင်းး ဒိုင့်းး"


မဂ်နီဂိုဏ်းချုပ် သူ့တပည်တွေကိုလှမ်းအော်ပြောနေချိန် ကျည်ဆံမှန်ကာ ပစ်လှဲကျသွားသည်။ မြပန်းကို တှဲခေါာဖို့အကူအညီတောငျးသျောလညျး မြပန်းက လှည့်တောင်မကြည့်ဘဲ ပြေးတာ တန်းနေ၏။


"သခင်ကြီး နောကျပွနျဆုတျမှာဖွစျမယျ အခြေနေလုံးဝမကောင်းတော့ဘူး "


"ဒါဆိုရင် လည်း ပြန်ဆုတ်ကြစို့ "


"မိုးဒေဝါတို့ ပြန်ဆုတ်ဖို့ပြင်သော်လည်း အားကောင်းတဲ့ နတ်ဆိုးရဲ့ တပည့်တွေက အလွှတ်မပေးပါ။ မိုးဒေဝါလည်း စနိုက်ပါသမားရဲ့ ပစ်ခြင်းကို ခံလိုက်ရတာတစ်ချက်ထဲ လျော့သွားသည်။ ခေါငျးကို ချိန်ပစ်တာကြောင့် ဉီးနှောက်တွေပါ ထွက်ကုန်၏။မြပန်းလည်း သေတာပါပဲ စနိုက်ပါသမားရဲ့လက်ချက်ကြောင့်ပါ။ ၁နာရီအကြာမှာ မဂ်နီစံအိမ်ကြီး ဗုံးပေါက်ကွဲကာ မီးတွေထလောင်သည်။ နတ်ဆိုး တို့အဖွဲကလူတစ်ချို့ ဒဏ်ရာရသော်လည်း မသေကြပါ။သေချာအကွက်ချပြီး စီစဉ်သော်ကြောင့်တစ်ယောက်မှမသေချင်ဖြစ်၏။ဂိုဏ်းအားလုံးရဲ့ ဂိုဏ်းချုပ်များကို တစ်ယောက်မကျန်အကုန်ရှင်းလင်းပစ်နိုင်ခဲ့သည်။


@@@@


"ဉီးဆိုး "


"ဗျာ"


"ဒီမှာ သတင်းမှာတက်လာတဲ့ မဂ်နီစံအိမ် မီးလောင်သွားတာတဲ့ "


"အဲဒါအထူးအဆန်းမှမဟုတ်တာ "


"ဉီးဆိုး မအံ့ဪဘူးလား "


"အင်ဟင်း" 


"လရိပ် ကတော့ လန့်သွားတာပဲ ဘာပဲဖြစ်ဖြစ် တရားကျစရာပဲနော် မကောင်းတာလုပ်တဲ့သူတွေက သက်ဆိုးမရှည်ဘူးဆိုတာပေါ့ ဉီးဆိုးလည်း ဂိုဏ်းထဲကနေထွက်နော်"


"ထွက်ချင်ရင် အချစ်ပန်းတွေဝေပေးပေါ့"


"အမယ် ဘာဆိုင်လိုလဲ ပြီးတော့ အချစ်ပန်းဆိုတာ နှင်းဆီပန်းကိုပြောတာလား"


"ဟုတ်ဘူး "


မတ်ရပ်ကာ စကားပြောနေတဲ့ လရိပ်ရဲ့ လက်ကို ဆွဲပြီး သေးကျဉ်း ခါးလေးကို ဆိုးဖက်ပြီး ပြုံးရွှင်သောမျက်နှာနဲ့ လရိပ်ကို ကြည့်၏။


"ဒါဆိုရင် အချစ်ပန်းကဘာလဲ"


"အချစ်ပန်းဆိုတာ ဒီဗိုက်ထဲကနေ ထွက်လာမယ် ပန်းကလေးတွေကို ပြောတာဗျာ "


"ဉီးဆိုးနော် လရိပ်အသက်ငယ်သေးတဲ့ ကလေးမယူချင်သေးဘူး"


baby က ငယ်ပေမဲ့ ဉီးဆိုးက အသက်ကြီးပြီးလေး မေမေလည်းမြေးချီချင်ရော့ပေါ့ "


"မေမေနဲ့ အဆက်သွယ်ရပြီးလား နေကောင်းရဲ့လားဟင် ပြသာနာတွေပြီးရင် လရိပ်လည်း မိဘတွေဆီအလည်သွားအုံးမယ်"


"babyကို ဉီးဆိုးလိုက်ပိုပါမယ်ကွာ မေမေနဲ့ဖုန်းပြောရတယ် ပြီးတော့ ဉီးဆိုးမှာ ညီတစ်ယောက်ရှိတယ်ဆိုတာပါသိခဲ့ရတယ် မေမေကနေကောင်းပါတယ်"

.

"ဟုတ်ကဲ့ အခုလိုကြားရတော့ စိတ်ချမ်းသာသွားပြီး ကဲ့ ဉီးဆိုး ဆေးသောက်ရမယ် အချိန်ရောက်ပြီး"


"ဟာ မသောက်လိုမရဘူးလား"


rate now: