အချစ်ပန်းတွေဝေခဲ့သည်
"သခင်ကြီး "
တိတ်စမ်း ငါကို ဘာမှလာမပြောနဲ့!!!! အသုံးမကျတာ မင်းတို့ကြောင့် ငါစီးပွားပျက်ပြီး တောက်ညမင်းတို့ အာလုံး ငါသတ်ပစ်မယ် "
မိုးဒေဝရဲ့ ဒေါသက အရမ်းကိုကြောက်ဖို့ကောင်းနေသည်။ မိန်းကလေး အယောက်၄၀၀အပေါ် ရင်းနှီးမြုံနေထားတဲ့အတွက်
ဆုံးရှုံးသွားတဲ့ ငွေတွေက မနည်းပါ။
"သခင်ကြီး အသက်ချမ်းသာပေးပါ နောက်မဖြစ်စေရပါဘူး"
"တိတ်စမ်း မင်းတို့ကိုလည်း နောက်ဒီလိုအဖြစ်မျိုး မဖြစ်အောင် တစ်ခါတည်း ရှင်းပစ်မှာ ငါခိုင်းတဲ့တာဝန်ကို မကျေတဲ့ လူအားလုံးကို သတ်ဖို့ အမိန့်ပေးတဲ့"
မိုးဒေဝါရဲ့ အမိန့်သံ အဆုံးမှာ လက်အောက်ငယ်သားတွေက သေမှာဆိုပြီး ပြန်ခုခံကာ ထွက်ပြေးကြသည်။မိုးဒေဝါရဲ့ လုပ်ရပ်က အကြီးအကျယ်မှားသွားသည်။ ငရဲမင်းဂိုဏ်းသား တစ်ချို့ ထွက်ပြေးကြသဖြင့် မိုးဒေဝါမှာ တိုက်ရည်ခိုက်ရည်ကောင်းတဲ့ ဂိုဏ်းသားတွေကို ဆုံးရှုံးလိုက်ရ၏။
"@@@
"မာမီ သခင်မစံကို လွှတ်ပေးလိုက်ပါ"
"ဘာလို လွှတ်ပေးရမှာလဲ မလွှတ်ပေးနိုင်ပါဘူး"
"ဒါဆိုရင် မာမီနဲ့ သား ငရဲကို ဖိတ်စာမလိုဘဲ ရောက်သွားလိမ့်မယ် နတ်ဆိုး မသေဘူး "
"ဘာ မဖြစ်နိုင်တာ သူသေပြီးလား သားနေမကောင်းဘူးလား ကယောင်ကတမ်းတွေ ပြောနေပြန်ပြီး"
"သား တကယ်ပြောတာ မာမီ သားကိုယ်တိုင်မျက်စိနဲ့ မြင်ခဲ့တာ ပြီးတော့ သခင်မမဏိ တို့ သားမိ ဆုံးသွားပြီး"
"ဟုတ်လား ဝမ်းသာစရာ သတင်းပဲ ဘယ်သူသတ်တာလဲ"
"မဂ်နီဂိုဏ်းကပဲ ကဲ့မာမီ သခင်မစံကို လွှတ်ပေးလိုက်ပါ နတ်ဆိုး အကြောင်းသိတယ်မဟုတ်လား သားတို့ကို တစ်ခါပဲသတိပေးတဲ့ နှစ်ခါဆိုရင် သားရဲ့နေရာကိုပါ သူ့လုမှာ"
"ခက်တာပဲ အိမ်ဖော်မက သူမှာသားငယ်ရှိတာသိသွားပြီး သခင်ကြီးကို သတ်ဖို့ကြံစည်ခိုင်းတာလဲ သိသွားပြီး"
"မာမီ ပြောပြလိုက်တာလား ပြသာနာပဲ ဒီအကြောင်းကို နတ်ဆိုး သိရင် သားတို့သွားပြီး တောက် မာမီကတော့ မစဉ်းစားမဆင်ခြင် လုပ်လိုက်ပြန်ပြီး သားမှာလည်း အင်အားနည်းနေပြီး ဂိုဏ်းသားတစ်ချို့ သားကို ပုန်ကန်ပြီး ထွက်ပြေးကုန်ပြီး"
"ဘာ! !!ဟာ မင်းတော်တော့ အသုံးမကျပါလား ဂိုဏ်းသားတွေသာ ပြိုင်ဘက်ဆီကို ရောကျသှားရငျ ငါတို့လုပ်ငန်းတော့ပျက်ပြီး ဘယ်လိုလုပ်ကြမလဲ"
"မသိတော့ဘူး မာမီ သားလည်း ဘာမှစဉ်းစားလို့မရတော့ဘူး "
သားမိနှစ်ယောက် စိတ်ညစ်နေကြတုန်း တပည့်တစ်ဉီးက အပြေးလေးလာ၏။.
"သခင်ကြီး သခင်ကြီး ဟောဟဲ ဟောဟဲ"
"အရေးထဲ အမောကဆို့နေသေးတယ် ဘာအကြောင်းကြောင့် အရေးတကြီးပြေးလားရတာ"
"သခင်ကြီးရဲ့ ပိုက်ဆံတွေကို လူတစ်စု လမ်းမှာဖြတ်လုသွားတဲ့လို့ ဖုန်းဆက်လာပါတယ်"
"ဘာကွာ အားး ဝုန်း.. ဝုန်းး"
မိုးဒေဝါ ပေါက်ကွဲကာ စားပွဲပေါ်က တွေ့တာမှန်သမျှအကုန် ပေါက်ခွဲပစ်၏။ ဒေါ်မြပုလဲ လည်း လန့်သွားရသည်။မိုးဒေဝါ ပိုက်ဆံအမှောက်အမြားကို နိုင်ငံခြားဘဏ်မှာ အပ်ထားခိုင်းတာပါ။
သား စိတ်ထိန်းစမ်း ပိုက်ဆံတွေက ခှဲပွီးပို့ခိုငျးတာလေ အကုန်က အလုခံရတာလား"
"ဟုတ်ပါတယ် သခင်မ ပိုက်ဆံသွားလွှဲတဲ့လူတွေအကုန်လုံးလည်း သေတဲ့သူကသေ ဒဏ်ရာရတဲ့လူလည်းဒဏ်ရာရပါတဲ့လို့ သိရပါတယ်"
"တောက် ဒါ ဘယ်သူလက်ချက်လဲ ငါငွေတွေကို ထိတာ ဘယ်သူလဲ"
"မဂ်နီဂိုဏ်းလို့သိရပါတယ် ဆရာ ငှေရော့ မိန်ကလေးတွေရော သူတို့လုတာပါ"
်"တောက် ငါကိုလာစမ်းတာပဲ အခုချက်ချင်း သွားတိုက်ဖို့ပြင်"
မိုးဒေဝါ တစ်ယောက် ဒေါသအမျက်ထွက်ကာ ဘာကိုမှမစဉ်းစားနိုင်ဘဲ မဂ်နီဂိုဏ်ကိုး တိုက်ခိုက်ဖို့ပြင်သည်။
@@@@@
စံ အရိုက်ခံထားရလို့ သွေးတွေထွက်နေသော်လည်း သားငယ် အကြောင်းကို တွေးမိ၏။ စံမှာ သားကြီးကိုမွေးပြီး ၂နှစ်မှာ သားငယ်ရဲ့ ကိုယ်ဝန်ကို လွယ်ခဲ့ရသည်။ မှေးဖှားခနျးကနေ စံ သတိရရချင် သားငယ် ဆုံးတဲ့လို့ကြားပြီးနောက် အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးခဲ့သည်။ဉီးမင်းက စံ ကို ဖက်ထားကာနှစ်သိမ့်ခဲ့၏။အတွေးတွေ နယ်ချဲ့နေစဉ် မြေအောက်ခန်းကို လူတစ်ဉီးဆင်းလာတာကြောင့် အတွေးတွေရပ်သွားရသည်။
"အရမ်းနာကျင်နေလား ဒေါ်စံဆုမွန်"
"မင်းကဘယ်သူလဲ "
"ကျွန်တော်က ဒေါ်မြပုလဲရဲ့ တပည့်ပါ"
"ဘာကြောင့် ငါဆီကိုလာတာလဲ သူ့ ဘာခိုင်းလိုက်ပြန်ပြီးလဲ"
"မေးခွန်းတွေကလည်း များလိုက်တာဗျာ ဒေါ်စံဆုမွန်ဆီကို လာရတာက ဉီးမင်းရက်စက် ဆုံးပြီးလို့ လာပြောတာ ဒေါ်မြပုလဲက လာပြောခိုင်းတဲ့ဆိုပါတော့"
"ဉီးမင်း ဆုံးပြီး ဒါဆိုရင် သားငယ်က သတ်လိုက်တာပေါ့ ဘုရားရေ တပည့်တော်မှရဲ့ သားငယ်ကံကြီးထိုက်ပါတော့မယ်ကယ်ပါအုံး ဘုရား အင့်ဟင့် အင်ဟင့် "
ဲစံ ဝမ်းနည်းတကြီးငိုကြွေးလျှင် လူငယ်က မထီမဲ့မြင်နဲ့ကြည့်ပြီး
"ဒေါ်စံဆုမွန်က ခင်ပွန်းဖြစ်သူသေလို့ ငိုနေတာပေါ့ "
"ခင်ပွန်းဖြစ်သူ သေတာထက် အန်တီရဲ့ သားငယ်က ကိုယ်အဖေအရင်းကို ပြန်သတ်လို့ ငရဲကြီးတော့မှာ သိလို ငိုတာပါ "
"ဉီးမင်းရက်စက်က သူအပေါ်အရမ်းရက်စက်တာကို့ သူကလည်း ပြန်လက်စားချေချင်မှာပေါ့"
"ဖခင်ဖြစ်သူက ဘာကြီးပဲဖြစ်နေဖြစ်နေ အဖေကအဖေပဲ အန်တီသားငယ်တော့ အမှားကြီးကျူးလွန်မိပြီး အင့်ဟင့် အင်ဟင့်"
ယူကျိုးမရ ငိုကြွေးနေတဲ့ မိခင်ဖြစ်သူကို ကြည့်ပြီး မင်းမင်း စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။ ဉီးမင်းရက်စက် မသေပါဘူး မိခင်ဖြစ်သူရဲ့ စိတ်ကို စမ်းချင်လို့ လိမ်ညာပြောခြင်းဖြစ်သည်။ မိခင်ဖြစ်သူ ကိုယ်က ဒဏ်ရာကို မြင်လျှင် ဒေါသတွေကအလိုလို ထွက်လာရသည်။ထိုနောက် မိခင်ဖြစ်သူကို ပွေ့ချီကာ မြေအောက်ခန်းကနေ ထွက်ခဲ့သည်။ ဒေါ်စံဆုမွန်မှာ အံ့ဪပြီး အတင်းရုန်းကန်၏။
မင်းငါကို ဘယ်ခေါ်သွားမလို့လဲ လွတ်စမ်း ဘာလဲ ငါကို သတ်တော့မလို့လား အင်ဟင်း ငါမသေချင်သေးဘူး ငါက သားကြီးနဲ့ ခင်ပွန်းကို ဆုံးရှုံးလို လိုက်သေမယ်လို့ ဆုံးဖြတ်ဖူးတဲ့ အခုတော့ ငါလိုက်မသေနိုင်ဘူး ငါသားငယ် လမ်းမှား ဆက်မရောက်အောင်ပြုပြင်ပေးရမယ် ငါသူ့အပေါ် တာဝန်မကျေတာတွေကို တာဝန်ကျေအောင် လုပ်ပေးရမယ် ငါကိုလွှတ် ငါမသေချင်သေးဘူး"
မိခင်ဖြစ်သူရဲ့ စကားကိုကြားလျှင် မင်းမင်း မျက်နှာအပြုံးပေါ်လာသည်။ မိခင်ဖြစ်သူကို ပွေ့ထားပြီး လျိုဝှက်လမ်းကနေထွက်ခဲ့သည်။
"မင်း ငါပြောနေတာမကြားဘူးလား လွှတ်လို့"
"အဟီး သားငယ်နဲ့အတူနေချင်တယ်ဆို မရုန်းဘဲလိုက်ခဲ့ပေးပါ မေမေ"
"ဟမ် သားငယ်လား မေမေရဲ့ သားငယ် တောင်ပန်းပါတယ် မေမေတာဝန်မကျေခဲ့ဘူး အင့်ဟင့်.. အင်ဟင့်"
"မငိုပါနဲ့ မေမေရယ် သားကို မေမေချစ်ရင်ရပြီး."
"ချစ်ပါတယ် သားငယ် မေမမှော သားငယ်ပဲရှိတော့တာ."
"မေမေစကားအများကြီးမပြောနဲ့ ပင်ပန်းတယ် သား နောက်အေးဆေးလိုက်ခဲ့ပါ မေမေကိုယ်မှာလည်း ဒဏ်ရာတွေချည်းပဲ"
သားဖြစ်သူရဲ့ စကားကြောင့် စံ ဘာမှမပြောတော့ပဲ သားပွေ့ခေါ်ရာနောက်သို့လိုက်ခဲ့သည်။ကိုယ်ရင်သွေးဆိုတဲ့အသိကြောင့် ဝမ်းသာရသလို့ ဖခင်ဖြစ်သူ ပြန်သတ်တဲ့လိုတွေးမိရင်လည်း ဝမ်းနည်းရပြန်၏။
စာရေးသူ သွေးမိန့်