အချစ်ပန်းတွေဝေခဲ့သည်
"ဉီးမင်းရက်စက် အခန်းက ဘယ်မှာလဲ "
"အခန်း နံပတ် ၄၅မှာပါ ဒုတိယမြှောက် အထပ်မှာပါ"
ဆရာမလေး စကားဆုံးသည်နှင့် မင်းမင်း တစ်ယောက် အမုန်းမျက်နှာနဲ့ ဓာတ်လှေကားစီးကာလာခဲ့သည်။သူ့ဘဝတစ်လျှောက်လုံးကို ကြမ်းတမ်းအောင်လျှောက်လှမ်းရအောင်လုပ်တဲ့ အဖေကို အခုတော့ လက်စားပြန်ချေနိုင်ပြီးလေ။ ငယ်ငယ်ကတည်းက ထမင်းတစ်နပ်ကို မျက်ရည်ကျပြီးစားခဲ့ရတဲ့ဘဝ တစ်ကိုယ်လုံးကြာပွတ်ရာကြောင့် သွေးမတိတ်ခဲ့ရတဲ့ ဘဝတွေ မြင်လာရင် အမှိုက်ပုံးကနေစွန့်ပစ်ခဲ့တဲ့ ဖခင်ဖြစ်သူကို ပိုပြီး သတ်ချင်လာလေပါ။ အတွေးတွေထဲမှာ မုန်းတီးစိတ်၊နားကျည်းစိတ်တွေဖြစ်နေချိန် တစ်စုံတစ်ယောက်က အနောက်ကနေဝင်တိုက်တာကြောင့် အတွေးတွေပျက်သွားရသည်။
"တောင်ပန်းပါတယ် ခင်လေး အလောကြီးနေလို့ပါ "
"ရပါတယ် "
"ဟမ် ရှင် ဟိုတစ်ခါက ကျွန်မကို ကယ်ခဲ့တဲ့လူပဲ "
"ငါ မင်းကို မသိဘူး "
"ကျွန်မကတော့ ရှင်ကိုသိတယ် အဲဒီနေ့က ရှင်ကြောင့် ကျွန်မ ဘဝ ရေတိမ်မနစ်ရတာလေး "
"မင်းလူမှားနေပြီး ဆိုကာ မင်းမင်းတစ်ယောက် အရှေ့ကနေ ပြေးဖို့ပြင်လျှင် ကောင်မလေးက သူလက်ကိုဆွဲထား၏။
"ရှင်လိမ်တယ် အမှန်တိုင်းဝန်ခံ သခင်လေးမင်းဒေဝါ မြေအောက်ခန်းမှာ ကျွန်မကို မကောင်းကြံဖို့လုပ်နေတဲ့အချိန် ရှင်ကယ်တာလေး"
ကောင်မလေးက မဝန်မခံချင် မေးနေမှာကြောင့် မင်းမင်းမှာ ခေါငျးငွိမျ့ပွလိုကျရ၏။ထိုအခါ ကောင်မလေး မျက်နှာမှာ အပြုံးလေးပေါ်လာ၏။
"ဟွန့် ကျွန်မကို လိမ်လို့မညာဘူး ဒါနဲ့ ရှင်ဘယ်သူဆီလာတာလဲ အသိမိတ်ဆွေရှိလို့လား ဒီဆေးရုံမှာ"
"ရှိတယ် ငါသွားတော့မယ်"
"မသွားပါနဲ့အုံး"
မင်းမင်း လှည့်ထွက်ဖို့ပြင်လျှင် ခင်လေးက လက်ကိုလှမ်းဆွဲထားတာကြောင့် ရပ်လိုက်ရ၏။မင်းမင်း မျက်လုံးက ခင်လေးကိုင်တဲ့ သူ့လက်ဆီသို့ အကြည့်ရောက်လျှင် ခင်လေးမှာ လက်ကို ချက်ချင်းလွတ်ပြီး မျက်နှာချိုသွေးကာပြုံးပြ၏။
"ဟိုလေး ခင်လေး မေးချင်တာ တစ်ခုရှိလို့"
"ဘာမေးမလို့လဲ "
"စံအိမ်ထဲကို ဘယ်လို ဝင်လိုရတာလဲဟင် စံအိမ်ကလူတစ်ဉီးဉီးနဲ့ သိနေတာလား"
"မင်းအကြောင်းအရာမဟုတ်ပါဘူး "
"ဟွန့် ကြီးကျယ်လိုက်တာ ဒါပဲ "
သူစကားကို စိတ်စိုးပြီး လှည့်ထွက်သွားတဲ့ ခင်လေးကို ကြည့်ပြီး ဉီးမင်းရက်စက်အခန်းကို သွားလိုမရမှန်းသိတာကြောင့် မင်းမင်း နောက်ပြန်လှည့်ခဲ့သည်။
@@@
"ဘာ မအောင်မြင်ခဲ့ဘူးဟုတ်လား ခွပ် ခွပ် ခွပ်"
"တော်ပါတော့ အန်တီ သားကို မထိုးပါနဲ့"
"ထိုးတယ် ဘာဖြစ်လဲ ခင်ဗျားတို့ သားမိက လုံးဝသုံးစားရာလို့မရဘူးပဲ"
"သုံးစားလိုမရရင် ရှင်းပစ်လိုက်ပေါ့ ကိုကြီးရဲ့ "
အသက်ချမ်းသာပေးပါ သခင်မလေးမြပန်းနဲ့ ဂိုဏ်းချုပ်"
ပန်းမဏိနဲ့ မင်းဒေဝါ ပြာပြာသဲသဲ တောင်ပန်းကြသည်။သိုသော် မြပန်းက လက်မခံဘဲ သားမိနှစ်ယောက်လုံးကို သူကိုယ်တိုင်သေနတ်နဲ့ပစ်သတ်လိုက်၏။ မဂ်နီ ဂိုဏ်းချုပ်ကတော့ ထိုအဖြစ်ကိုကြည့်ပြီး မြပန်းကို ပိုသဘောကျသွားသည်။ မင်းဒေဝါနဲ့ ဒေါ်ပန်းမဏိတို့ကတော့ သွေးအိုင်တွေကြားမှာလှဲကျသေဆုံးနေ၏။
"မြလေးက ဒီလောက်တော်လိမ့်မယ်လို့မထင်ထားဘူး"
"အဟင်း မြပန်းအတွက်က လူသတ်တာက ခြင်သတ်တာထက်ပို လွယ်တယ် "
"အဲဒါကြောင့် ကိုကြီးက ပိုချစ်ရတာ ဒါနဲ့ ဟိုမိန်းကလေး အယောက်၄၀၀ကို ဘယ်သူလုယူသွားတယ်လိုထင်လဲ"
"အဲဒါတော့ မြပန်း မသိဘူး ဒါနဲ့ နတ်ဆိုးက တကယ်သေသွားတာလား"
"တကယ်ပေါ့ မြလေးရဲ့ သူ့အလောင်းတောင်စုတ်ပြတ်သတ်နေလို့ မီးတောင်အမြန်ရှို့ခိုင်းလိုက်ရတယ် သူကြောင့် ကိုကြီး သေမလိုတောင်ဖြစ်ခဲ့ရတာ "
"ဟုတ်ပါပြီး သူမိန်းမ အလောင်းရောမတွေ့ဘူးလား"
"သူ့မိန်းမက ဘာလုပ်ရမှာလဲ အရေးကြီးတာက နတ်ဆိုးသေဖို့ပဲ ဒါကြောင် သူ့မိန်းမ အလောင်းကိုမရှာခိုင်းတော့တာ "
"အင်းပါ ဘာပဲဖြစ်ဖြစ် မိုးဒေဝါတော့ အကြီးအကျယ်ပေါက်ကွဲနေပြီး သူကိုသာရှင်းပြီးရင် ကိုကြီးတို့ ဂိုဏ်းလောကမှာ ဘုရင်ဖြစ်ပြီး "
"အမှန်ပဲ မိုးဒေါဝါတို့ သားမိကို ရှင်းမယ် ပြီးရင် ဉီးမင်းရက်စက်ကို သွားသတ်မယ်"
"ကောင်းတဲ့အကြံအစည်ပဲ "
"ဟားး ကိုကြီးနဲ့မြလေးတို့က ဂိုဏ်းတွေအားလုံးရဲ့ ဘုရင်၊ဘုရင်မပေါ့ "
"ဝိုးး အရမ်းပျော်စရာကောင်းမှာပဲ"
နှစ်ယောက်သား လေပေါ်တိုက်ဆောက်၍ ပျော်နေကြသည်။
@@@@
"ဉီးဆိုး ငြိမ်ငြိမ်နေနော် ဓားထိမှာစိုးလို့"
"ငြိမ်နေပါတဲ့ babyရဲ့ အလှကိုငေးရင် ဉီးဆိုး ငြိမ်နေတာ"
"လရိပ် အဲဒီလောက်တောင် ချောလား"
"ချောတယ် ပြီးတော့ချစ်ဖို့လည်းအရမ်းကောင်းတယ် ပြောရင်နဲ့ နမ်းချင်လာပြီး"
ဆိုး မုဆိတ်ရိတ်နေရင် လရိပ်ကို နမ်းဖို့ပြင်လျှင် လရိပ်မှာ အသဲအတန်တားရသည်။
"ဉီးဆိုးနော် မယွနဲ့ မုဆိတ်ရိတ်ပေးနေတာကို ငြိမ်ငြိမ်နေနော် "
"တကယ်ကွာ တအားကိုနမ်းပစ်ပြီး ပွေ့ပိုက်ထားချင်လိုက်တာ "
"ဟို ဟို ဉီးဆိုးရဲ့ခူယားဖြစ်နေတဲ့ မုဆိတ်မွေးနဲ့ ပါးသိုင်းမွှေး ကို အရင်ရိတ်ပါရစေအုံး "
"ဟုတ်ပါပြီးဗျာ ပြီးရင်တော့ အဝနမ်းမှာနော်"
"သဘောပါရှင့် သဘောပါ "
လရိပ် စိတ်ပါလက်ပါနဲ့ ဉီးဆိုး ရဲ့ မုတ်ဆိတ်မွေးတွေ ပါးသိုင်းမွေးတွေရိတ်ပေးရင် ဘုတ်သိုက်ဖြစ်နေတဲ့ ဆံပင်ကိုပါ ညှပ်ချင်စိတ်ပေါ်လာရသည်။
"ဉီးဆိုး"
"ဗျာ "
"ဆံပင်ညှပ်ပေးချင်တယ် "
"baby ညှပ်တတ်လို့လား"
"အင်ဟင် မညှပ်တတ်ဘူး ဒါပေမဲ့ ဉီးဆိုး ဆံပင်ကိုကြည်မရတော့ဘူး အရမ်းညှပ်ချင်နေပြီး"
"baby မညှပ်တတ်ရင်မညှပ်ပါနဲ့ကွာ တော်ကြာ ဉီးဆိုး ရုပ်ဆိုး နေအုံးမယ်"
"ဟွန့် လှချင်နေသေးတယ် မရဘူး ညှပ်မှာပဲ ပေးမညှပ်ရရင် စိတ်ကောက်မှာ"
နှုတ်ခမ်းလေး ဆူကာ လက်ပိုက်ပြီး စိတ်ကောက်နေသူလေးကို ကြည့်ပြီး ဆိုး မျက်နှာမှာ အပြုံးလေးပေါ်လာရသည်။ ဆိုး ပြုံးနေတာကို တွေ့လျှင် လရိပ်က မျက်စောင်းထိုးပြီး ရေချိုးခန်းကနေလှည့်ထွက်ဖို့ပြင်လျှင် ဆိုးက ကောင်းနေတဲ့ လက်တစ်ဖက်နဲ့ လရိပ်ကို လှမ်းဆွဲတာကြောင့် သေးသွယ်တဲ့ ကိုယ်လုံးအိအိလေးက ရင်ခွင်ထဲသို့ ကျရောက်လာသည်။
"အင့် ဉီးဆိုး ဘာလုပ်တာလဲ လွတ် "
"မလွတ်ဘူးကွာ ဆူနေတဲ့ နမ်းလေးကို နမ်းချင်တယ်"
"အင်ဟင်း ပေးမနမ်းဘူးနော် ဉီးဆိုး လွတ် "
"မလွှတ်ဘူးကွာ ဉီးဆိုးကို နမ်းခွင့်ပြုရင် လွတ်မယ် အခုနာကတောင် အဝနမ်းဆို အခုနမ်းမယ်လေး"
"အင်ဟင်း ပေးမနမ်းတော့ဘူး လရိပ်ကို ဆံပက်မှမညှပ်ခိုင်းတာ "
"အဟီး အဲဒါကြောင့်ပေါ့ ကဲပါဗျာ ညှပ်ချင်ညှပ်ပါဗျာ ဒါပေမဲ့ ရုပ်ဆိုးတဲ့အထိတော့ မညှပ်လိုက်နဲ့နော် "
"ဟုတ်ကဲ့ပါ အခုညှပ်မယ်နော် "
"ညှပ်စေဗျာ "
"မွ အဲဒါကြောင့်ချစ်တာ အခုအနမ်းက စရံပေးထားတာနော် ဆံပင်ညှပ်ပြီးရင် ဉီးဆိုး သဘော "
ဆိုးရဲ့ ပါးပြင်ကို တစ်ချက်အနမ်းပေးပြီး ပြောကာ ဆိုး ရဲ့ ဆံပင်ကို ညှပ်ဖို့ပြင်သည်။ ဆိုးမှာ လန်လန့်နဲ့ အညှပ်ခံရပါသည်။၁၀မိနစ်ကြာလျှင် ဆိုးက သူ့ဆံပင် ဘယ်လိုပုံစံရှိလဲဆိုတာ သိချင်တာကြောင့် မှန်ရှေ့သွားမယ်ပြော၏။
"baby ဉီးဆိုး ဆံပင်ပုံစံဘယ်လိုလဲ သိချင်လို့ မှန်အရှေ့မှာ ခဏသွားရပ်မယ်နော်"
"အခုမှမသွားနဲ့ လရိပ် အကုန်ညှပ်ပြီးမှသွားကြည့်ရမယ် ခဏလေး ခေါင်းကိုတည့်တည့်ထား "ဆိုကာ ဆက်ညှပ်သည်။
"ပြသာနာပဲ ဉီးဆိုး ဆံပင်က အိုးမိုခွက်ကေဖြစ်နေပြီး ဘေးနှစျဖကျကို နည်းနည်းလေး ညှပ်လိုက်ရင် ကြည့်ကောင်းမှာ ဟုတ်ပြီး ဘေးတစ်ဖက်ကို နည်းနည်းတိုလိုက်မယ် ဟမ် ဟိုက်ဘက်က ရှည်သွားပြန်ပြီး နည်းနည်းတိုမယ် ဟာသွားပြီး လုံးဝ ညှိလိုမရအောင် ဖြစ်နေပြီး ဉီးဆိုး သိရင် ငါကို ဆူမလား မသိဘူး စိတ်ကိုအေးအေးထားပြီး နည်းနည်လေး ပြန်တိမယ် ဟုတ်ပြီး အရှေ့က ဂျာရစ်ပုံ အတိုင်းပဲထားလိုက်မယ် ဆိုကာ တွေးရင်ညှပ်လိုက်၏။
"baby ပြီးပြီးလား "
"ခဏလေး ပြီးတော့မယ်နော်ဒီနားလေး ညှိရင်ရပြီး ကဲ့ပြီးပြီး ဉီးဆိုး ခန့်ချောကြီးဖြစ်သွားပြီး"
"တကယ်လား ဒါဆိုရင် ဉီးဆိုး မှန်ကြည့်လိုက်အုံးမယ် "
ဉီးဆိုး စကားကြောင့် လရိပ် ထိတ်လန့်ပြီး အကြောင်းတစ်ခုခုပြကာ ရေချိုးခန်းကနေအမြန်ထွက်ခဲ့သည်။
ဆိုးမှာ မှန်ထဲက ကိုယ်ပုံကို ကိုယ်မမှတ်မိကာ လန့်သွားရသည်။
"အောင်မာလေး လန့်လိုက်တာ ဘာရုပ်ကြီးလဲ
ငါရုပ်ပဲ ဟာ baby တော့ လုပ်ချလိုက်ပြန်ပြီး ငါဆံပင်ကေတော့ပျက်ပါပြီး ဘေးနှစ်ဖက် ဆံပင်တွေက မညီမညာနဲ့ အရှေ့ကလည်းဂျာရစ်နဲ့ အို အနောက်ကျတော့လည်း ကြွက်ကိုက်ထားတဲ့ ပေါင်မုန့်အတိုင်းပဲ ကြည့်မလှလိုက်တာ ကျစ် baby ဉီးဆိုး ဆံပင်ကို လာကြည့်အုံးလေး! !
"ကြည့်စရာမလိုဘူး ဉီးဆိုးက လှပြီးသာကို ဟိုလေး မကြိုက်ရင် လရိပ် ကတုံးပြန်တုံးပေးမယ်နော် "
"ကတုံးက တုံးကိုတုံးရမှာ ဉီးဆိုးပြောတဲ့ မညှပ်ပါနဲ့လို့ အခုတော့ကြည့်အုံး ညှပ်ထားတာက ဟိုဘဝက ဉီးဆိုးက babyကိုနိပ်စက်ခဲ့လို အခုဘဝမှ ကလဲစားလာချေသလားမှတ်ရတယ်"
"ဉီးဆိုးကလည်း လရိပ်က စေတနာနဲ့ ညှပ်ပေးတာကို အဲလိုမပြောပါနဲ့ လရိပ် ကတုံးပြန်တုံးပေးပါမယ် ကျေနပ်နော်"
လရိပ်မှာ ကိုယ်အမှားကိုယ်သိတာကြောင့် မျက်နှာချိုသွေးကာ ရေချိုးခန်းထဲ ပြန်ဝင်လာပြီးပြော၏။ ဆိုးကလည်း မျက်မှောင်ကျုံကာ ကြည့်နေသည်။
ဘာကြည့်တာလဲ မကျေနပ်ဘူးပေါ့ ရတယ် ဉီးဆိုး ကို မခေါ်တော့ဘူး သူများက စေတနာနဲ့နဲ့
ညှပ်ပေးတာကို့ အီးဟီးး ကျေးဇူးမတင်တဲ့အပြင် ကြောက်စရာကောင်းအောင်ကြည့်နေသေးတယ် တော်ပြီး ဉီးဆိုး ကို ခေါ်တော့ဘူး အင့်ဟင့်"
မျက်ရည်ကျ၍ အနိုင်ယူနေတဲ့ baby ကို ဆိုး အလျော့ပေးလိုက်ရသည်။ မင်းလေး အရမ်းဆိုးတာပဲ baby ရာ ဉီးဆိုးကိုလည်း အရမ်းချစ်ဖို့ကောင်းအောင် လုပ်ပြနိုင်လွန်တယ်။ ငိုနေတဲ့ သူမလေးကို ရင်ခွင်ထဲဆွဲသွင်းပြီး မနာတဲ့ လက်နဲ့ မျက်ရည်လေးတွေကို သုတ်ပေးကာ နဖူးလေးကိုနမ်းလိုက်၏။
"နောက်တစ်ခါ baby မကျွမ်းကျင်ရင် မလုပ်ရဘူးနော် "
"ဟုတ်ကဲ့ပါ လရိပ်က စေတနာနဲ့ ဉီးဆိုး ဆံပင်ကို ညှပ်ပေးတာပါ အခုကတုံးတုံးပေးမယ်နော် ဉီးဆိုးက ကတုံးနဲ့ဆိုရင် ပိုချောမှာ သိလား အဟီး "
"ဟွန် babyနော် baby မိုလို့ ဉီးဆိုး အလျော့ပေးနေတာနော် တစ်ခြားလူဆိုရင်မလွယ်ဘူး"
"အဟီး ဉီးဆိုး ကို လရိပ် အရမ်းချစ်တယ်နော် စိတ်မစိုးနဲ့တော့နော် လရိပ် နောက်ဆိုရင် ဉီးဆိုး အပေါ်မဆိုးတော့ပါဘူးနော်"
"မရဘူး ဉီးဆိုးအပေါ် အခုလိုပဲဆိုးရမယ် အဲလို ဆိုးနေတာကိုပဲ ဉီးဆိုးကချစ်နေတာ အရမ်းကြီးဆိုးရင်တော့ အပြစ်ပေးမှာ"
"ဟွန် ဉီးဆိုးပဲ ဆိုးဆို အရမ်းဆိုးရင် အပြစ်က ပေးအုံမှာပေါ့"
"ပေးရမှာပေါ့ အခုလည်း အပြစ်ပေးဖို့စဉ်းစားထားတဲ့"
"ဘာအပြစ်ဒဏ်ပေးမှာလဲ "
"အင်းးး ဉီးဆိုးကို ကလေးအများကြီးမွေးပေးရမယ် "
ဆိုး စကားကြောင့် လရိပ်မှာ မျက်လုံးလေးပြူးကာ ဆိုးကို မော့ကြည့်၏။