အချစ်ပန်းတွေဝေခဲ့သည်
"ဒေါက်တာ ဉီးဆိုး အခြေနေဘယ်လိုလဲဟင်"
"စိတ်မပူပါနဲ့ လက်မောင်းကကျည်ဆံထုတ်ပြီးပြီး ဆေးလည်းတိုက်ထားတဲ့ အခုဆေးရှိန်ကြောင့် အိပ်မောကျနေတာပါ"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ "
"ရပါတယ် ကဲ့ ဒေါက်တာ ပြန်တော့မယ်"
"ဟုတ်ကဲ့ ဒေါက်တာ အိမ်ထိရောက်အောင်လိုက်ပို့လိုက်ကြပါ"
ဒေါက်တာ ကို လူငယ်တစ်ယောက်ကလိုက်ပို့၏။ ဒေါက်တာ ထွက်သွားလျှင် လရိပ်လည်း ဉီးဆိုးကို ကယ်ခဲ့တဲ့ သူကို ကျေးဇူးတင်စရာပြောသည်။
"ဉီးဆိုးကို ကယ်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်"
"မလိုပါဘူး အကို ပြန်တော့မယ်"
"တစ်ခုခု သုံးဆောင်သွားပါအုံး ပြီးတော့ နာမည် ဘယ်လိုခေါ်လဲဟင် ဉီးဆိုးကို ပြန်ပြောပြလို့ ရအောင်ပါ"
"မစားတော့ပါဘူး အကို သွားစရာရှိလို့ အကိုနာမည်က မင်းမင်းပါ"
"ဟုတ်ကဲ့ပါရှင့် ကျေးဇူးအများကြီးတင်ပါတယ်"
အကို သွားစရာရှိလို့ ခွင့်ပြုပါအုံး"
"ဟုတ်ကဲ့ ကရုစိုက်သွားပါရှင့်"
ကိုမင်းမင်း အခန်းကနေထွက်သွားလျှင် လရိပ်မှာ ဉီးဆိုးရဲ့လက်ကိုညာလက်နဲ့လဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက် ဉီးဆိုးရဲ့ ဆံပင်ရှည်ရှည်လေးကို သပ်ပေးနေမိသည်။
တောရောက်ကတည်းက ဉီးဆိုးကဲ့ ပါးသိုင်းမွေးတွေ နှုတ်မွေးတွေရှည်လာ၏။ ဆံပင်ကလည်း ဘုတ်သိုက်ဖြစ်လာရသည်။
"ဘာတွေလုပ်ခဲ့လို့ သေနတ်ဒဏ်ရာရလာရတာလဲ ဉီးဆိုးရယ် လရိပ် ရင်ထဲမကောင်းလိုက်တာ နောက်ဆိုရင် ဒဏ်ရာ မရအောင်နေပါနော် လရိပ် ကိုချစ်ရင်ပေါ့"
"ဟုတ်ကဲ့ပါဗျာ စကားနားထောင်ပါမယ်"
"ဟမ် သတိရနေတာလား"
"ဟုတ်တယ် ဆရာဝန်ပြန်သွားကတည်းက ဟိုလူနဲ့စကားပြောနေတာလဲ ကြားတယ် "
"အဲဒီလူက ဉီးဆိုး ကို ကယ်ခဲ့တာတယ် "
"ဟုတ်တယ် သူ့ဘယ်သူလဲ ဉီးဆိုးမသိပေမဲ့ စိတ်ထဲမှာ ရင်းနှီးနေတယ်လို ခံစားရတယ် "
"ဉီးဆိုး ပြောမှာ လရိပ် သတိထားမိတယ် ဉီးဆိုးနဲ့ ရုပ်ချင်းဆင်တယ်နော်"
baby စကားကြောင့် ဆိုး တွေဝေသွားသည်။ အမှန်တကယ်လည်း ထိုလူနဲ့ သူရင်းရင်းနှီးနှီးတွေ့ဖူးသလို့ ခံစားရသည်။သေချာတယ် ဒီလူနဲ့ ငါ တစ်ခုခုနဲ့ပတ်သက်ရမယ်လို့တွေးမိရသည်။
"ဉီးဆိုး ..ဉီးဆိုး လရိပ်ပြောနေတာကြားလား"
"ဘာပြောလိုက်တာလဲ"
"လရိပ် ဉီးဆိုးအတွက် ထမင်းသွားယူလိုက်အုံးမယ်လို့"
"မသွားနဲ့ကွာ ကောင်လေးတွေကို လာပို့ခိုင်းလိုက် ဉီးဆိုး အနားကနေ baby ဘယ်မှမသွားရဘူး"
"အဖြစ်သည်းလွန်နေပါလား မရဘူးနော် လရိပ် ကိုယ်တိုင်သွားယူပေးမှာ "
"baby ကလည်းကွာ ကိုယ်အနားမှယပဲ အမြဲရှိနေစေချင်တာကို့"
"အိုဗာတွေ သိပ်လွန်တဲ့နော် ညတုန်းက တစ်ယောက်ထဲ အကြာကြီးထားသွားပြီးတော့ အခုမှာ လာအဖြစ်သည်းပြမနေနဲ့ "
"ဒါက အလုပ်ရှိလို့ပါကွာ မဟုတ်ရင် ဉီးဆိုးက baby နားကနေ တစ်ဖဝါးမှခွာချင်တာမဟုတ်ဘူး"
"ေသချာလား"
"ေသချာပါတယ်ကွာ"
"Ok နောက်နေ့ကျရင် ဉီးဆိုး လရိပ် အနားမှာပဲကြိုးတုပ်ထားမယ် တစ်ဖဝါးမှခွာလို့မရအောင် "
"တုပ်စေဗျာ ဉီးဆိုးကို baby နဒ့အတူရင်ချင်းဆက်ပြီး ကြိုးနဲ့ချည်ထားမယ်ဆိုရင်တောင် အချည်ခံမယ်ဗျာ"
အပြုံးနဲ့ ပြောနေတဲ့ ဉီးဆိုး စကားကြောင့် လရိပ် ရင်ထဲပီတိဖြစ်ရသော်လည်း ဉီးဆိုး အရမ်းပိုလွန်တဲ့လို့ ထင်ကာ မျက်စောင်းလှလှလေးထိုးရင် အခန်းထဲကနေထွက်ခဲ့၏။ဒါတောင် ဉီးဆိုး က စိတ်စိုးသံနဲ့ လှမ်းအော်သေးသည်။
"baby ဉီးဆိုး စကားနားမထောင်ဘူးလားတဲ" လရိပ် ဉီးဆိုး စကားကို အမြဲနားထောင်ချင်ပါတယ် ဒါပေမဲ့ လရိပ်လည်း ဉီးဆိုး စားဖို့ ထမင်းဟင်းကို ကိုယ်တိုင်ပြင်ပေးချင်တာပေါ့လို တွေးမိရင် အောက်ထပ်ကို ဆင်းခဲ့၏။
@@@@@
ဗွက်! !!"
အေးလွန်တဲ့ ရေကြောင့် စံ အိပ်နေရာကနိုးလာသည်။ မျက်လုံးဖွင့်တညနဲ့ ဒေါသမျက်လုံးတွေနဲ့ကြည့်နေတဲ့ မမမြပုလဲ ကြောင့် စံကိုယ်လေး ကျုံသွားရ၏။
"ရော့ နင်အတွက်အစားစာလာပေးတာ အရမ်းအိပ်လိုကောင်းနေလား ဒါပေမဲ့ နင်အိပ်ကောင်းနေတာကို ငါကြည့်မရဘူး စံဆုမွန်!!
"မမပုလဲ ကြည်မရရင် စံ မအိပ်တော့ပါဘူး"
"နင်က ငါရွဲ့နေတာလား စံဆုမွန် ပြီးတော့ ငါကအရင်ကလို မမပုလဲ မဟုတ်တော့ဘူး ဒီမရဏစံ အိမ်ရဲ့ သခင်မကြီး ဖြစ်ပြီး နောက်ဆိုရင် ငါကို သခင်မကြီးလို ခေါ် ကြားလား"
စံရဲ့ ဆံပင်ကို မညာမတာစောင့်ဆွဲပြီး ပြောနေတာကြောင့် စံမှာ အရမ်းနာကျင်လှပါ၏။ ဒီမြေအောက်ခန်းကို ရောက်ကတည်းက စံကို မမပုလဲ အရမ်းမုန်းသိခဲ့ရ၏။တစ်နေ့တစ်နေ့ မရိုးနိုင်အောင် နိပ်စက်လွန်ပါသည်။
"အိမ်ဖော်မ ငါပြောတာကြားလား"
"ကြား ကြား ပါတယ် သခင်မကြီး"
"ဟွန့် နင်သိအောင်ငါပြောပြရအုံးမယ် "
"ဘာကိုလဲဟင် "
"ဘာလဲဆိုတာ နင်သိရင် အရမ်းရင်ကွဲနာကျမှာပဲ ဒါပေမဲ့ ငါကရင်ကွဲနာကျတာကို တစိမ့်စိမ့်ထိုင်ကြည့်ချင်တာကြောင့်ပြောပြမှာ"
"စံ က ဘာတွေထပ်ပြီး ရင်ကွဲအုံးမှာလဲ စံရဲ့သားနဲ့ချွေးမကလည်း သေပြီး အခု စံ အားကိုးရတဲ့ ခင်ပွန်းကလည်း ဆေးရုံမှာ ဒီထက်ရင်ကွဲစရာမရှိတော့ပါဘူး အင်ဟင့်"
"ဘာလိုမရှိရမှာလဲ နင်ရဲ့သားငယ်လေး အကြောင်းသိချင်လား"
"စံ ရဲ့ သားငယ် က သေသွားပြီးလေ "
"ဟားး ဟားး မိစံဆုမွန် နင်က ငါတုံး ငါအ တစ်ယောက်ပါလား နင်သားငယ် သေပြီးလို့ ဘယ်သူပြောလဲ"
"မယ်တော်ကြီးနဲ့ ဉီးမင်းပြောတာလေး မွေးတွင်းထဲမှာ ဆုံးသွားတာဆို"
"သူတို့နှစ်ယောက် နင်ကို လိမ်တာ"
"ဟမ် ဘယ်လို စံ.. စံ သားငယ်က အသက်ရှင်နေသေးတယ်ပေါ့ "
"ဟားး ဟား နင်အခုဖြစ်နေတဲ့ စိုးရိမ်ကြောင့်ကြမှုက အရမ်းရယ်ရတာပဲ ဟားး "
"ပြောစမ်း စံ သားငယ် အသက်ရှင်နေသေးတယ်ပေါ့"
"အမှန်ပဲ ဒါပေမဲ့ နင်ရဲ့ သားငယ်က သူအဖေကို ပြန်သတ်တော့မှာလေး"
"ဘာ !!မဖြစ်နိုင်တာ စံ သားက ဘာလို သူအဖေပြန်သတ်ရမှာ လုံးဝမဖြစ်နိုင်ဘူး ရှင်လိမ်နေတာ!!!
"ငါကိုများ ရှင် ဟုတ်လား ဖြန်း ဖြန်းး"
စံရဲ့ ပါးနှစ်ဖက် ထူပူသွားတော့လည်း စံမှာ သားငယ်ဖြစ်သူက ဉီးမင်းကို ပြန်သတ်တော့မှာကြောင့် တားချင်စိတ်တွေဖြစ်ပေါ်လာရ၏။
သခင်မကြီး လိမ်တာမဟုတ်ဘူးဆိုရင် ဘာကြောင့် ကျွန်မ သားငယ်က သူအဖေကိုပြန်သတ်ရမှာလဲ.
"အဟက် လေသံတွေကမာလှချည်းလား အရင်လို စံ စံ စံ လိုပဲသုံးအုံးလေး အိမ်ဖော်မရဲ့ နင်သားငယ်က ဘာကြောင့် သတ်ရမှာလဲဆိုတော့ ဉီးမင်းရက်စက်က သူကိုစွန်ပစ်မှန်းသူသိသွားပြီးလေ ချက်ကြိုးတောင်မဖြတ်ရသေးပဲ အမှိုက်ပုံးမှာ သွားပစ်ခဲ့တယ်ဆိုတာကို သူသိသွားပြီးလေ အဟက် ဘယ်လိုသိသွားလဲ ပြောရမလား နင်ရဲ့သားငယ်ကို ငါကိုယ်တိုင် အလွန်ဆိုးသွမ်းရိုင်းစိုင်းတဲ့ မိသားစုမှာ ကြီးပြင်းစေပြီး အရွယ်ရောက်လာရင် အကြောင်းစုံကိုသွားပြောပြခဲ့တဲ့လေး"
"ရှင် အရမ်းယုတ်မာပါလား ကျွန်မ သားငယ်ကို ရှင်ဘာကြောငွ အခုလိုလုပ်ရက်ရတာလဲ ရှင်မှာလည်း သားမွေးထားတာပဲ မိန်းမယုတ်မာကြီးရဲ"
"ဖြန်း ဖြန်း ဖြန်း ငါကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတဲ့ပေါ့ ဒီအိမ်ဖော်မကို ရိုက်ရအောင် ကြာပွတ်ယူခဲ့စမ်း ငါလက်နဲ့ သူပါးကိုရိုက်ရလွန်လို့လက်တောင်နာလှပြီး အမှန်တကယ် နင်က ငါကို ကျေးဇူးတောင်တင်ရအုံမှာ နင်သားကို အမှိုက်ပုံးထဲမှာ လမ်းဘေးခွေးတွေကိုက်ပြီးမသေအောင် ငါက ကောက်ယူပြီး အသက်ရှင်ခွင့်ပေးထားတာ အိမ်ဖော်မရဲ့ ဆိုကာ စံရဲ့ ကျောပြင်ကို ကြာပွတ်နဲ့ ရိုက်ပစ်သည်။ စံ တစ်ကိုယ်လုံးမှာ ကြာပွတ်တာရာတွေကြီးပါပဲ။
@@@
." ဉီးဆိုး ထမင်းစားမယ် ဟ"
"မစားဘူး"
"စိတ်ကောက်နေတာလား"
"မသိဘူး "
"မသိရင်ထားလိုက် ထမင်းစားပြီး ဆေးသောက်ရမယ် "
"စားလည်းမစားဘူး အဲဒီဆေးတွေလည်း မသောက်ဘူး"
ခုတင်ပေါ်ကနေ ကလေးတစ်ယောက်လို စိတ်စိုးနေတဲ့ ဆိုးကိုကြည့်ပြီး လရိပ် ရယ်ချင်သည်။ နတ်ဆိုး ဆိုတဲ့နာမည်နဲ့လိုက်အောင် ရက်စက်ကြမ်းတမ်းတဲ့လူဆီမှာ ဒီလိုကလေးဆန်တဲ့ အမူအယာတွေရှိမယ်လို ဘယ်သူမှထင်မှာမဟုတ်ပါဘူး။သူ့ကိုယ်သူ ငါးနှစ်ကလေးများ ထင်နေလာမသိပါဘူး လရိပ် ထမင်းအတင်းလိုက်ခွံတာကို ရှောင်နေသည်။
"ရော့စား ရော့လို "
"မစားဘူး မစားဘူး "
"ကဲ့ ဘာတွေ စိတ်ကောက်နေတာလား မကောက်ဘူးမပြောနဲ့နော် "
"ဉီးဆိုး စကားကို ဘာလို့နားမထောင်တာလဲ "
"အဲဒါကြောင့်ကို ဉီးဆိုး စကားကိုနားထောင်ချင်ပါတယ် ဒါပေမဲ့ လရိပ် ကိုယ်တိုင် ဉီးဆိုးအတွက် ထမင်းပြင်ပေးချင်လိုပါရှင် ဘာလိုပြင်ပေးချင်လဲဆိုတော့ လရိပ်က ဉီးဆိုးကို အရမ်းချစ်လိုပေါ့"
"အဲဒီလို့လား ဒါဆိုရင် စိတ်စိုးပြေမယ် နမ်း ဆိုကာ နှုတ်ခမ်းစူကာ လရိပ် မျက်နှာနားတိုးလာလျှင် စူနေတဲ့ ဉီးဆိုးရဲ့ နှုတ်ခမ်းကို လရိပ် လိမ်ဆွဲပစ်သည်။
"အား နမ်းခိုင်းတာလေး ဆွဲလိမ်ခိုင်းတာမှမဟုတ်တာ"
"အမြင်ကပ်လို ဆွဲလိမ်တာ ဟွန့် ရော့စား မစားဘူးပြောကြည့် လရိပ် လုံးဝမကျွေးပဲ အငတ်ထားပစ်မယ် မိန်းမဖြစ်သူက စိတ်စိုးစိတ်ကောက်ရမလား မှတ်နေတဲ့ သူကကြီးပဲ လာစိတ်ကောက်နေတဲ့ အသားကလည်းယူချင်သေးတယ် ရော့ စား"
ဆိုး မှာ မျက်နှာခပ်တည်တည်နဲ့ဆူနေတဲ့ လရိပ် ကြောင့် ပါးစပ်ကလေး ဟပေးရသည်။ ဒီအချိန်မှာ မစားဘူးပြောရင် တကယ်အငတ်ထားမှန်းသိနေလိုပါ။
လရိပ်မှာ မျက်နှာခပ်တည်တည်လုပ်ထားရသော်လည်း ရယ်ချင်စိတ်ထိန်းထားရသည်။ လရိပ် ဒေါသထွက်ပြတော့လည်း ဉီးဆိုး ခမျှာ ကလေးတစ်ယောက်လို နာခံရသည်။
"ရော့ အသီးစား"
"ဗိုက်ပြည့်နေပြီး"
"အဲဒါဆိုရင် နာရီဝက်နေမှကျွေးမယ် ရော့ ဆေးသောက်"
"ဆေး မသောက်ချင်ဘူး ခါးတယ်"
"မသောက်ချင်လည်း သောက်ရမယ် ဆေးသောက်မှာ အနာကမကိုက်မှာ ခါးလည်းသောက်ရမယ် ရော့ ပါးစပ်ဟ ဘုရားဆေး၊ တရားဆေး ၊သံဃာဆေးလို ရွတ်ဆိုပြီးတိုက်သည်။ ဆေးသောက်ပြီးလျှင် လရိပ် ရင်ခွင်ထဲ ဆိုး တိုးဝင်ကာဖက်ထားသည်။ ဆိုး ရဲ့အပြုအမှုကြောင့် လရိပ်အံ့ဪသွားရသည်။ သိုသော် ဆိုးပြောတဲ့စကားကြောင့် လရိပ်မှာ ဆိုးရဲ့ ဆံပင်လေးကို သပ်ပေးမိရသည်။
baby က မေမေမေနဲ့ သိပ်တူတာပဲ မေမေဆိုရင် ဉီးဆိုး ဖျားနာရင် ခိုးကြောင်ခိုးဝှက်နဲ့လာဆေးတိုက်တာ ဆေးတိုက်တိုင်လည်း ဘုရားဆေး၊တရားဆေ၊ သံဃာဆေးလို ရွတ်ပြီးတိုက်တာ မေမေကိုသတိရလိုက်တာ အရမ်းတွေ့ချင်တာပဲ"
"တွေ့ရမှာပါ ဉီးဆိုးကလည်း ကဲ့ဆေးသောက်ပြီးရင်အိပ်တော့နော် နိုးလာမှအသီးစားတော့ ပြီးတော့ ဉီးဆိုး လက်နာနေမယ် လရိပ်ကို ဖက်ထားတာလွှတ်"
"အနာတောင်သတိမရလိုက်ဘူး ဉီးဆိုး လရိပ် ပေါင်ပေါ်မှ အိပ်ချင်တယ် ဆိုကာ လရိပ်ရဲ့ ပေါငျပျေါမှာ ခေါင်းတင်ပြီး အိပ်၏။လရိပ် လည်း ဉီးဆိုး ရဲ့ဆံပင်ကို သပ်ပေးသည်။
"baby ကဒီလိုကြည့်လဲ လှတာပဲ ဘယ်လိုကြည့်ကြည့်ချစ်ဖို့ကောင်းနေတာကွာ "
"အိပ်မယ်ဆို အိပ်တော့ မျက်လုံးမှိတ် စကားမများနဲ့"
"ဟုတ်ကဲ့ပါဗျာ "
ဆိုး ချစ်ရသူလေး စကားကိုနားခံပြီး မျက်လုံးမှိတ်လိုက်သည်။ဆေးအရှိန်ကြောင့်လား မသိပါ။ခဏလေးနဲ့ အိပ်မောကျသွားရသည်။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်