book

Index 20

အပိုင်း(၂၀)

  • Author : Thwe Mate
  • Genres : Romance, Comedy, Drama, Fantasy

အချစ်ပန်းတွေဝေခဲ့သည်

 

"တံခါးဖွင့်စမ်း"


"ဘယ်သူလဲ သခင်လေးလား သခင်လေးလား "


"ဟုတ်တယ် "


"သခင်လေး မသေဘူးနော် ဝမ်းသာလိုက်တာ "


"မသေဘူး အရင် တံခါးဖွင့် baby ပင်ပန်းနေပြီး"


"ဟုတ်..ဟုတ်ကဲ့ သခင်လေး"


တပည့်တစ်ဉီးက တံခါးကို ဝမ်းသာအားရဖွင့်ပေးသည်။ ဆိုး ကိုမြင်တာနဲ့ အရမ်းပျော်နေမှန်းသိသာသည်။ 


"သခင်လေး ပြန်လာလိုတော်သေးတယ် မဟုတ်ရင် ဒီညမလွယ်ဘူး "


"ဘာဖြစ်လိုလဲ"


"ဟေ့ကောင် သခင်လေး ခရီးပန်းနေတယ် မပြောနဲ့အုံး အေးဆေးအနားယူပါအုံး သခင်လေး"


"baby ရေမိုးချိုးအနားယူလိုက် ဉီးဆိုး နောက်မှာ အပေါ်လိုက်ခဲ့မယ်"


"ဟုတ္ကဲ့ ဉီးဆိုး"


လရိပ် အပေါ်တက်သွားလျှင် ဆိုး က သူ့တပည်တွေ အားလုံးကို မျက်ရိပ်ပြပြီး စုခိုင်း၏။တပည့်တွေဘအကုန်လုံးရဲ့ မျက်နှာမှာ ပြသာနာအကြီးကြီး တစ်ခုရင်ဆိုင်နေရမှန်းသိသာသည်။


"ပြောစမ်း ဘာပြသာနာရှိလို့လဲ"


"ကျွန်တော်တို့ ဂိုဏ်းချုပ်က သခင်ကြီး ဉီးမင်းရက်စက် မဟုတ်တော့ဘူး"


"ဘာ! !! ငါမရှိတဲ့ တစ်လအတွင်း ဘာတွေဖြစ်ပျက်ခဲ့တာလဲ ဒယ်ဒီက ဂိုဏ်းချုပ်မဟုတ်ရင် မင်းဒေဝါက ဂိုဏ်းချုပ်လား"


"မဟုတ်ဘူး သခင်လေး ဂိုဏ်းချုပ်က မိုးဒေဝါ ပါ"


"တောက် မဖြစ်နိုင်တာ ဘာလို ဒယ်ဒီက သူကိုဂိုဏ်းချုပ်နေရာပေးတာလဲ"


"သခင်ကြီး ကပေးတာမဟုတ်ပါဘူး သူတို့ဘာသာ ဂိုဏ်းချုပ်နေရာယူလိုက်တာ "


"သူ့ဘာသာ ယူရအောင် အဲဒီဂိုဏ်းချုပ်နေရာက ကလေးတွေကစားတဲ့အရုပ်မှမဟုတ်တာ တောက် သခင်မမဏိက မတားဘူးလား"


"ပြောရမှာအရှည်ကြီးပဲ "


"ပွမ်းးး"


ဆိုး တပည့်တွေမေးနေစဉ် ကားဟွန်းသံအရှည်ကြီးကြောင့် အိမ်ရှေ့ကို ကြည့်လိုက်လျှင် မိုးဒေဝါ ကားမှန်းသိသွားတာကြောင့် စိတ်ပျက်သလို့ဖြစ်သွားရသည်။


"ဒီကောင် ညဘက်ကြီး ငါစံအိမ်ဘာလာလုပ်တာလဲ နောက်လိုက်ခွေးတွေကလည်း အများကြီးပါလား.


"သခင်လေး အရင်ဆုံးပုန်းနေလိုက်ပါ"


"ဘာကြောင့် ငါက ပုန်းရမှာလဲ "


"သခင်လေးကို သူတို့တွေက သေပြီးလို သတ်မှတ်ထားလို့ပါ အခုလာတာကလည်း ကောင်းတဲ့လာခြင်းနဲ့ လာတာမဟုတ်ဘူး"


"ဟုတ်ပါတယ် ခဏပုန်းနေပေးပါ"


"ဟိုကောင်တွေ တံခါးဖွင့်စမ်း မင်းတို့တွေရဲ့ ဂိုဏ်းချုပ်လာတဲ့ "


အိမ်ရှေ့က အသံကြောင့် လူတစ်ဉီးက တံခါးအပြေးအလွှာ သွားဖွင့်သည်။ ဆိုးမှာ တပည့်တွေပြောသလို့ တစ်နေရာပုန်းနေ၏။ပုန်းတဲ့နေရာက မိုးဒေဝါတို့ ဝင်လာတာကို ကောင်းကောင်းမြင်ရတဲ့နေရာပါ။


 စောင့်ကြွားကြွား ပုံ နဲ့မိုးဒေဝါကို မြင်လျှင် ဆိုး မျက်ခွက်ကြီးပဲ လက်သီးနဲ့ ထိုးချင်စိတ်ပေါက်ရသည်။


"မင်းတွေ ဒီစံအိမ်နဲ့ တစ်ခြားလုပ်ငန်းတွေကို ငါကိုမအပ်သေးဘူးလား"


"တောင်ပန်းပါတယ် သခင်ကြီး ကျွန်တော်တို့ပေးလို့မရပါဘူး သခင်လေးက သေချာမှာသွားပါတယ် သူသေလည်းဒီလုပ်ငန်းတွေကို သူအမေနဲ့သူဇနီးကလွဲပြီး ဘယ်သူကိုမှမပေးဖို့ပါ "


"တောက် သူမိန်းမသေပြီးလေ သူလည်းသေပြီး သူရဲ့ပိုင်ဆိုင်မှုတွေ ငါကိုလွှဲတော့ သူအမေလည်း မကြာခင် သေတော့မှာ "


"သခင်လေးက လုံးဝမပေးခိုင်းပါဘူး ဒါကြောင့် သခင်ကြီး လာရာလမ်းအတိုင်း ပြန်ပါတော့ "


ဆိုး တပည့်ရဲ့ စကားဆုံးလျှင် မိုးဒေဝါရဲ့ နောကျလိုကျတှကေ သေနတ်တွေနဲ့ ဆိုးရဲ့ တပည့်အားလုံးကို ချိန်လိုက်သည်။ ဆိုး မှာ ပုန်းနေရင်နဲ့ ဒေါသတွေအလ်ိမ့်လိုက်ထွက်လာရသည်။


မင်းတွေသေသွားချင်လား ကောင်းကောင်းပြောလို့မရဘူးဘဲ ငါက မင်းတွေရဲ့ ဂိုဏ်းချုပ်ပဲ အာခံဖို့မစဉ်းစားနဲ့ ဪ ဒါနဲ့ မင်းတို့ သခင်လေး ပြန်လာမယ်လို.ယုံကြည်နေတဲ့ လူတစ်ချို့ကိုပြောလိုက်မယ် မင်းတို့သခင်လေး တကယ်သေမသေသိကြည့် သူနောက်လိုက်သွားဖို့ ငါကိုင်ထားတဲ့ သေနတ်က ဆောင်ရွက်ပေးလိမ့်မယ်"


မိုးဒေဝါ ပြောပြီးသည်နှင့် ဆိုး ပုန်းနေရာကနေ အားရပါးရရယ်ပြီး ထွက်လာသည်။ မိုးဒေဝါနဲ့ သူနောက်လိုက်တွေ မျက်လုံးပြူးကာ လန့်ကြသည်။


"ဟားးး ဟားး အရမ်းရယ်စရာတွေပြောလွန်ပါလား "


"နတ်ဆိုးး..နတ်ဆိုး မင်းး.မင်း..မသေဘူးလား"


"မသေလို မင်းအရှေ့မှာ ရယ်နေတာပေါ့ ပြောစမ်းပါအုံး ဘယ်လို နည်းမျိုးနဲ့ ဂိုဏ်းချုပ်နေရာကို ယူလိုက်တာလိမ့်မယ် ထူးဆန်းလိုက်တာ မင်းဂိုဏ်းချုပ်ဖြစ်တာ ငါမယုံနိုင်ဘူး အလွန်မာကျောပြီးပြောင်လဲ့နေတဲ့ လိပ်ကို စွန်ရဲ ကချီလို့ရရင်ရမယ် မင်းကတော့ ဘယ်တော့မှ ဂိုဏ်းချုပ်နေရာရလာမှမဟုတ်ဘူး "


ဟားး ဟားး ဂိုဏ်းချုပ်ဖြစ်လာလိုဘဲ မင်းတပည့်တွေ ငါကိုအရိုပေးနေကြတာမဟုတ်လား"


"အေး သူတို့တွေက အရိုသေပေးရင်ပေးမယ် ငါကတော့ ဘယ်တော့မှအရိုအသေမပေးဘူး ငါစံအိမ်ကနေထွက်သွားလိုက် မဟုတ်ရင် မင်းအလောင်းကို မင်းအမေလာကောက်ရလိမ့်မယ် ဪ ဒါနဲ့ ငါအမေကို မင်းတို့ဖမ်းထားရင် အခုလွတ်ပေးနော် မလွတ်ပေးဘူးဆိုရင် မင်းရဲ့ခေါင်းကို ငါလာဖြတ်ရလိမ့်မယ် သွားကြ!!!!"


ဆိုးရဲ့ အော်သံကြောင့် မိုးဒေဝါရဲ့ နောက်လိုက်တွေ ကြောက်ရွံကြသည်။မိုးဒေဝါလည်း လန့်တာကြောင့် အမြန်ပြန်လာခဲ့ရသည်။ 


@@@@


"ကျွီ..."


တံခါးဖွင့်သံကြောင့် လရိပ် မျက်နှာလေး ပြုံးနေ၏။ ဉီးဆိုး မှန်းသိတာကွောငျ့ ရှက်လည်းရှက်နေသည်။ လရိပ် တစ်ခါမှမဝတ်ဖူးတဲ့ ဂါဝန်အပါးလေးကို ဝတ်ထားတာကြောင့်ပါ။


ဆိုးကလည်း တံခါးကိုဖွင့်လိုက်တာနဲ့ လရိပ်ကို မြင်လျှင် မျက်နှာတွေက အပြုံးပန်းလေးပေါ်လာသည်။ ရှက်လွန်လို့ဘအနောက်လှည့်နေတဲ့ သူမရဲ့ နားကိုလျှောက်သွားပြီး ခါးကိုဖက်ကာ သူမရဲ့ပခုံးပေါ်ခေါင်းတင်ပြီး စကားတိုးတိုးလေးဆိုလိုကိ၏။


"baby အရမ်းလှနေပါလား "


"အဟီး ဉီးဆိုး တကယ်ပြောတာလား"


"တကယ်ပေါ့ ပြောစမ်းပါအုံး baby ကိုယ်ကို မြူစွဲမလို့ ဝတ်ထားတာလား"


"ဟွန့် ဖယ် ဉီးဆိုးကို မြူစွဲရအောင် လရိပ်က မကောင်းတဲ့ မိန်းမ မဟုတ်ဘူးနော် "


"ဟာ ကွာ စကားကို အထအနကောက်တာပဲ ဉီးဆိုး ကအဲဒီသဘောနဲ့ ပွောတာမဟုတျပါဘူးကှာ "

"အဲဒါဆိုရင်လည်းပြီးတာပဲ ဖယ် အဝတ်စားပြန်လှဲတော့မယ် "


"မလှဲနဲ့ကွာ ဒီအတိုင်းလည်း လှတယ် baby "


"လရိပ် လည်း အမှန်တကယ် ဒီအဝတ်စားဝတ်ရမှာ ကြောက်နေတာ ဒါပေမဲ့ ဉီးဆိုးက လရိပ်ကို ဝတ်စေချင်တာမဟုတ်လား"


"အမှန်ပဲဗျာ ဝတ်စေချင်တာကြာပြီး ဒီအဝတ်စားက ပါးပေမဲ့ လွတ်လပ်မှုရှိတယ်ပြီးတော့ ဒီဝတ်စုံ baby အရမ်းလှတယ်"


"သွား ရှက်တယ် လရိပ် ပြန်လှဲတော့မယ်"


"အင်ဟင်းမလှဲရဘူး baby ဒီည ဉီးဆိုး အလုပ်တစ်ခုသွားလုပ်ရမယ် "


"ဟုတ်ကဲ့ ဉီးဆိုး ပျောက်သွားတာ တစ်လကြာပြီးဆိုတော့ အလုပ်တွေများမှာပေါ့ မနက်ကျရင် လရိပ် ဆီပြန်လာနော်"


"ဟုတ်ပါပြီးကွာ အရမ်းချစ်တယ်နော် မွ မွ မွ"


"ပိုချစ်တယ်နော် မွ"


ဆိုးက ပါးပြင်နှစ်ဖက်နဲ့ နဖူးပြင်လေးကို နမ်းသော်လည်း လရိပ်က ဆိုးရဲ့ နဖူးပြင်လေးကို ခြေဖျားထောက်ကာနမ်း၏။ ထိုနောက် ဆိုးက အဝတ်စားလှဲပြီး လရိပ်ကို နှုတ်ဆက်အနမ်းပေးကာ တပည့်တွေနဲ့ အတူ နေရာတစ်ခုသို့ထွက်ခဲ့သည်။


@@@


"သူတို့လှုပ်ရှားပြီးလား"


"မလှုပ်ရှားသေးဘူး  နတ်ဆိုး မင်းမသေဘူးဆိုလို ငါဝမ်းသာတာပဲ"


"ငါက လွယ်လွယ်နဲ့ သေမဲ့သူလား ဒါနဲ့ ငါမရှိခင် ဘာတွေဖြစ်ခဲ့လဲ ဟိုကောင်မိုးဒေဝါ ဂိုဏ်းချုပ်နေရာ ရသွားတာကို မကျေနပ်ဘူး"


"ဲငါလည်း မကျေနပ်ဘူးကွာ အခုလည်း သူအလုပ်ကို ဖျက်စီးဖို့လာတာပဲ အဲဒီခွေးကောင် နှမချင်မစာမနာ မိန်းကလေးအယောက်၄၀၀ကို တစ်ဖက်နိုင်ငံကို ပို့ဖို့ကွာ ဒါကြောင့် မင်းတပည့်ဖုန်းဆက်တာနဲ့ မင်းကို ဒီကိုလာခိုင်းတာ"


"ငါတို့တစ်ဖွဲ့ထဲမဟုတ်ဘူး ဟိုမှာ မဂ်နီဂိုဏ်းနဲ့ မြင့်မိုရ်ဂိုဏ်းကလူတွေ"


ဆိုး ပြတဲ့နေရာကိုကြည့်ကိုပြီး ဇေယျ မျက်လုံးပြူးသွားသည်။


"ငါတို့ဘာဆက်လုပ်မလဲ"


"အဟက် သူတို့လာတော့ ပိုလွယ်တာပေါ့ သူတို့တွေတိုက်ခိုက်နေတုန်း မိန်းကလေးတွေ ထည့်ထားတဲ့ ကားကို ဝင်စီးရုံပေါ့"


"အကြံပိုင်လိုက်တာကွာ မင်းအရမ်းတော်တာပဲ"


"ချီးကျူးနေတာလား ဒါနဲ့ မူးယစ်ဆေးဝါးတွေ ဖြန့်သေးလား"


"ဖြန့်တဲ့ ဟိုသူတောင်းစား မိုးဒေဝါပေါ့ အများကြီးဖြန့်တာနော် ပိုက်ဆံတွေ အများကြီးရသွားတယ် "


"ဒါဆိုရင်လည်း အဲဒီ ပိုက်ဆံတွေ ပြန်လုတာပေါ့ ငါဒယ်ဒီက ဘယ်ရောက်သွားတာလဲ"


"ဆေးရုံမှာ ပြောပြရမှာအရှည်ကြီးပဲကွာ နောက်မှာပြောမယ် ဟိုမှာ တိုက်ပွဲစပြီး"


ဇေယျပြောပြီး မကြာခင် သေနတ်သံတွေ ဆူညံစွာထွက်ပေါ်လာသည်။ကျည်ဆံတွေကြားမှာ မိန်းကလေးတွေရဲ့ ကြောက်လန့်တကြားအော်သံဟစ်သံတွေကြားရသည်။


"ဒိုင်းး ဒိုင်းး"


်"လုမယ်သူတွေရှိနေပြီး အလုမခံကြနဲ့ "


"ဒိုင်းး ဒိုင်းး"


ဆိုး ကတော့ မိန်းကလေးတွေရှိတဲ့ ကားကို ဝိုင်းစီး၏။ဆိုး သီသန့်ဖွဲ့ထားတဲ့ အဖွဲ့ကလည်း တိုက်ရည်ခိုက်ရည်အရမ်းတော်ကြသည်။ 


"ဟာ ဟိုမှာ ကားကို ဝိုင်းစီးနေပြီးအမြန်ဆုံး လိုက်ကြ"


"တိုက်ခိုက်နေတဲ့ လူတွေအားလုံးရဲ့ ဉီးတည်ချက်က ဆိုး တို့ အဖွဲ့ဆီသို့ လှည့်လာကြသည်။


"ဇေယျ မင်းတို့ကားကိုမောင်းပြီးပြေးကြ ငါ ကာပစ်ပေးမယ်."


"မရဘူးထင်တယ် လူအရမ်းများတယ် "


"ရတယ်ကွာ အမြန်မောင်းပြေးကြ ဒိုင်းး "


"ဒိုင်း ဒိုင်းး ဒိုင်း"


"သေနတ်သံတွေ ဆက်တိုက်ပေါ်လာခဲ့သည်။ ဆိုးရဲ့ လက်မောင်းမှာ ကျည်ဆံမှန်သွား၏။ သို့သော် ဆိုးကတော့ နောက်မဆုတ်ပဲ ကာပစ်နေသည်။ ဆိုး ကို နောက်တစ်ချက် ကျည်ဆံမှန်လျှင် လူတစ်ဉီးက ဆိုးကို ကာပစ်ပေးသည်။


"မင်း အရမ်းထိထားတယ် ငါနောက်လိုက်ခဲ့"


်"မင်းကဘယ်သူလဲ "


"မင်းရဲ့ ကျေးဇူးလိုပဲ မှတ်လိုက် လာသွားမယ် ဆိုကာ ဆိုး ကာပစ်ပြီးဆွဲခေါ်သွားသည်။


@@@@


"အမေ့ !! ဟူးး အိပ်မက်ဆိုးကြီးကလည်း ကြောက်စရာကြီး ဉီးဆိုး ဘာဖြစ်နေပြီးလဲ မသိဘူး မနက်၅နာရီတောင်ရှိနေပြီး ဉီးဆိုး ပြန်မလာသေးပါလား "


လရိပ် တစ်ယောက် ချွေးတွေပြန်ကာ လှမ်းနိုး၏။ အာခေါင် ခြောက်တာကြောင့် ရေကို တဝကြီး သောက်ပစ်ပြီး ရေချိုးခန်းထဲဝင်၏။ထိုနောက် ရေခြိုးပွီးသညျနှငျ့ ဉီးဆိုး ဆီသို့ ဖုန်းခေါ်မိသည်။


"တူ..တူ.တူ"


"ဉီးဆိုး ဘာလို့ ဖုန်းမကိုင်တာလဲ ခါတိုင်းဆိုရင် ဖုန်းဝင်တာနဲ့ ချက်ချင်းကိုင်တယ် အလုပ်ကရော့ ဘာအလုပ်မိုလို့ ပြန်မအိပ်နိုင်ရတာလဲ ပြန်လာကြည့် ချော့မရတဲ့ အထိ စိတ်ကောက်ပစ်အုံးမယ် ဟွန့် "


လရိပ် မျက်နှာလေး ဆူပုတ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ကားတစ်စီးကာ ဝင်လာတာကြောင့် လူငယ်လေးတစ်ဉီးက ပြေးဖွင့်၏။ကားပေါ်က ဆင်းလာတဲ့ လူကိုမြင်လျှင် လရိပ် စိုးရိမ်တကြီးပြေးတွဲသည်။


ဉီးဆိုး ဉီးဆိုး ဘာဖြစ်လာတာလဲ လက်မောင်းမှာ သွေးတွေနဲ့ အီးးဟီးး ဉီးဆိုး ဘာမှမဖြစ်ရဘူးနော် "


"မငိုနဲ့ ဉီးဆိုး ဘာမှမဖြစ်ဘူး "


"ဟုတ်တယ် ညီမ ကဲ့အမြန်အခန်းထဲ ခေါ်သွားရအောင် အကို ဆရာဝန်ခေါ်ထားတယ် "


"ဟုတ် ဟုတ်ကဲ့ လာဉီးဆိုး"


လရိပ် တစ်ယောက် ဉီးဆိုး ကိုပြေးတွဲကာ အပေါ်ခေါ်ခဲ့သည်။


rate now: