အချစ်ပန်းတွေဝေခဲ့သည်
"ဉီးဆိုး အဝတ်စားလှဲတော့ ဖျားနေမယ်"
ရင်ခွင်ထဲကနေ စကားသံပေါ်လာမှာ baby ရဲ့ ကိုယ်လေးကို မလွှတ်ချင်စွာ ဖြစ် လွှတ်ပေးလိုက်ရ၏။ထိုနောက် အဝတ်စားကို လျှင်မြန်စွာ ဝတ်ပြီး ထမင်းစားခန်းသို့လာခဲ့သည်။ တဲစုတ်ဖြစ်တာကြောင့် ကြမ်းပြင်က တစ်ချို့နေရာတွေမှာ အပေါက်ရှိသည်။
baby သတိထားလျှောက်နော် ကြမ်းပေါက်ထဲကျနေအုံးမယ်"
"အဟီး လရိပ်တို့ ဒီလိုဘဝကနေ နေလာတယ်သူပါ ဉီးဆိုး သာ သတိထား လျှောက် "
"ဉီးဆိုးက baby ကိုပဲ စိတ်ပူတယ် နောက်နေ့ ဝါးရှာပြီး ပေါက်နေတဲ့ကြမ်းပြင်ကို ဖာရမယ်"
"လရိပ် ကဘာမှမဖြစ်ဘူးဆို ဉီးဆိုးကိုပဲ စိတ်ပူတာ "
."ကဲ့ တစ်ယောက်ကို တစ်ယောကျ စိတ်ပူနေတာနဲ့ပဲ ထမင်းမစားဖြစ်ပဲနေတော့မယ်သွားစားမယ်"
ထမင်းစားခန်းထဲတွင် မိဂျမ်းနဲ့ အဘိုးကို မတွေ့ရတော့ပါ ဧကနာ မြေးအဘိုးနှစ်ယောက် ထမင်းစားပြီးလို့ ရွာထဲသွားကြပြီးထင်၏။ ဆိုး ဖမ်းလာတဲ့ ငါးကို သွားရောင်းတာပါ။
"ဟမ် အဘိုး တို့ ဘယ်ရောက်သွားပြီးလဲ မသိဘူး"
"ဉီးဆိုး ဖမ်းလာတဲ့ ငါးကို သွားရောင်းတာဖြစ်မယ် မိဂျမ်း လက်ယာက baby လောက်မကောင်းပေမဲ့ ဉီးဆိုး လောက်မဆိုးပါဘူး"
"အဟီး "
"baby နော် "
"လောငျတာပေါ့ တော်ပြီး ထမင်းမစားတော့ဘူးကွာ"
"စားပါ ကဲမစတော့ဘူးနော်လရိပ် အရိုးထွင်ပေးမယ်"
"အရိုးဆူးမယ် ဉီးဆိုးပဲ ထွင်မယ်"
နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ထမင်းစားကြတာလေးက တကယ်ပျော်ရွှင်စရာကောင်း အနေဆင်းရဲပေမဲ့ စိတ်ချမ်းသာရပါသည်။
ဉီးဆိုး ဘယ်တော့ မြို့ပြန်မလဲ"
"ပြန်ချင်တော့ဘူး ဒီတဲလေးမှာပဲ နေထိုင်ချင်တယ် ဉီးဆိုးက ငါးရှာပြီး baby ကို ရှာကျွေးပါမယ်"
"လရိပ် လည်း ဒီဘဝကို ပျော်ပါတယ် ဒါပေမဲ့ မိဘတွေကို တွေ့ချင်တယ် သူတို့တွေ လရိပ် တို့ကို သေနေပြီးထင်မှာ ပြီးတော့ ဉီးဆိုး ကို ဆင်းဆင်းရဲရဲမနေစေချင်ဘူး"
"ဉီးဆိုး လရိပ်နဲ့ အတူဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ်နေရတာပျော်တယ်"
"အဲဒီလောက်တောင်ပဲလား "
"အဲဒီထက်ပိုတယ် ဉီးဆိုးအချစ်က ကြီးမားများပြားလွန်လို့ ကဗျာတွေဘာတွေဖွဲ့လိုမမှီတော့ဘူး "
"အရမ်းပိုသော လူကြီး ကဲ့ထမင်းစားပြီးရင် တောစပ်နား လမ်းလျှောက်ကြမယ်နော် ဉီးဆိုး"
"baby သဘောပါဗျာ"
ဆိုးနဲ့ လရိပ် တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ခွံကျွေးကြသည်။ ထမင်းဝိုင်းလေးက ပျော်ရွှင်မှုတွေပြည့်နေ၏။
@@@@
"baby မောနေပြီးလား"
"အင်ဟင် တောထဲမှာ ပန်းလှလှလေးတွေတွေ့လို့ ပျော်တယ် လေကောင်းလေသန့်လည်းရတယ် ပြီးတော့ ဉီးဆိုးနဲ့အခုလို လက်ချင်းတွဲပြီးလျှောက်ရလို့ ပိုပျော်တယ်"
"ကြည့် အရမ်း ချစ်ဖို့ကောင်းအောင်ပြောနေတယ် ဉီးဆိုး အသဲယားလာရင် နမ်းပစ်မှာနော်"
"အဟီး ဉီးဆိုးနှုတ်ခမ်းမွေးကြမ်းကြမ်းကြီး အဆူးမခံနိုင်ဘူးနော်"
"ဉီးဆိုးလည်း ဒီတောထဲရောက်မှာ တကယ် လူကြမ်းကြီးဖြစ်တော့တယ် အရင်တုန်းက ပါးသိုင်းမွေးနှုတ်ခမ်းမွေးမထားတဲ့လူက အခုတော့ မာမူကြီးကိုဖြစ်ပြီး အမွေးတွေထူပျစ်လို့ ရိတ်ရအုံးမယ်"
"ဉီးဆိုး "
"ဗျာ"
"အရမ်းချစ်တယ် မွ"
ပါးပြင်ကိုနမ်းပြီး အရှေ့ကနေပြေးနေတဲ့ လရိပ်ကို ဆိုး အပြေးလေး လိုက်ကာ အနားရောက်လျှင်ဖက်ထားလိုက်၏။ လရိပ်ကလည်း ရယ်မောကာ ပြန်ဖက်ထားသည်။
"ဉီးဆိုး ဟိုမှာ ဘယ်သူလဲမသိဘူး"
"လူတစ်ယောက်ပါ babyကလည်း "
"အဲဒီလူကိုကြည့်ရတာ မဟုတ်တာ တစ်ခုခု လုပ်မယ် ပုံပဲ ခိုးချောင်ခိုးဝှက်နဲ့ တိတ်တိတ်ကလေး လိုက်ချောင်းရအောင်"
လရိပ် အရွယ် ကောင်လေးတစ်ယောက်က သစ်ပင်အကြီးကြီးထဲကို ဝင်သွားသည်။ လရိပ်တို့ လိုက်ချောင်းကြည့်ကြသည်။ ကောင်လေးက မကြာခင် ဆေးထိုးအပ်နဲ့အမှုန့်အဖြူရောင်ကို သူကိုယ်ထဲထိုးထည့်သည်။
ဆိုး က ဒီကောင်လေး မူးယစ်သုံးနေတာ သိလိုက်ရ၏။ လရိပ်ကလည်း ကောင်လေး မူးယစ်သုံးနေမှန်သိတာကြောင့်စိတ်မကောင်းဖြစ်သည်။
ထိုအချိန် မိန်းမကြီးတစ်ယောက် ထိုသစ်ပင်ဆီလာတာကြောင့် ဆိုးနဲ့ လရိပ် သစ်ပင်ပည်စီးတစ်နေရာမှာ ပုန်းခိုနေ၏။
"မင်းအောင် မင်းဒီမှာ မူးယစ်ဆေး လာသုံးနေပြန်ပြီး မင်းကြောင့် ငါတို့တွေ ခွက်ဆွဲရတော့မယ်"
"မေမေကလည်း သား ဒီမှာ စည်းစိမ်ခံနေတာ "
"ဘာစည်းစမ်ခံတာလဲ နင်ကအသက်က အခုမှာ၁၈နှစ်ပဲရှိတယ် ဒီလိုမကောင်းတာကို နင်ဘယ်အချိန်က လုပ်တတ်သွားတာလဲ ငါကိုပြောစမ်း"
"မေမေကလည်း နားငြီးနေတာပဲ သားတစ်ယောက်ပဲ မူးယစ်ဆေးသောက်နေတယ်ထင်နေလား သားသူငယ်ချင်းတွေလည်း မူးယစ်ဆေးရဲ့ ကျေးကျွန်ဖြစ်နေကြပြီး အာရုံလာမစာပါနဲ့ သားတစ်ယောက်ထဲအေးအေးဆေးဆေးထနေပါရစေ"
"အီးးဟီး ငါမှာ ဒီသားတစ်ယောက်ပဲရှိတာ အခုတော့ မူးယစ်ဆေးရဲ့ သားကောင်ဖြစ်ရပြီး အမယ်လေး ရင်နာလိုက်တာ လောကနတ်ကြီးရေ ကျွန်မအဖြစ်ကို ကြည့်လှည့်ပါအုံး အီးးဟီးး"
အမျိုးသမီးကြီး အော်ဟစ်ကာငိုနေတာကို ကြည့်ပြီး ဆိုး တစ်ယောက် စိတ်မကောင်းဖြစ်စွာ မူးယစ်ဆေးတွေ နောက်ထပ်လူငယ်တွေဆီမရောက်အောင် လုပ်ဆောင်မယ်လို့ဆုံးဖြတ်လိုက်သည်။ လရိပ်ကတော့ အမျိုးသမီးကိုသနားလို ငိုမဲ့မဲ့ဖြစ်နေသည်။
@@@@
"အာ ခြင်ကိုက်တယ်"
"အရမ်းကိုက်နေပြီးလား မိဂျမ်းခြင်ဆေးထွန်းပေးမယ် "
"မိဂျမ်းတို့ဆီမှာ ခြင်ထောင်မရှိဘူးလား"
်"ခြင်ထောင်က နှစ်ခုပဲရှိတယ် မမရဲ့ အဘိုး တစ်လုံး မိဂျမ်းတစ်လုံး"
"ဟုတ်ပါပြီး မမတို့ ခြင်ထောင်ထောင်ပြီး အိပ်ယာဝင်ရအောင်နော် ဘုရားရှိခိုးပြီးပြီးလား"
"ပြီးပြီး မမ အိပ်တော့မယ်"
လရိပ်နဲ့ မိဂျမ်းက အခန်းထဲမှာ အိပ်ပြီး ဆိုးနဲ့အဘိုးက အိမ်ရှေ့မှာ အိပ်သည်။
"baby အိပ်ပြီးလား"
"အခုအိပ်တော့မှာ ဉီးဆိုး ဘာလိုလို့လဲ"
"ဪ လမင်းကြီးကသာနေတော့ ဉီးဆိုးနဲ့ အိမ်ရှေ့မှာ လမ်းလျှောက်မလားလို့ "
"ဟုတ် လျှောက်မယ် မိဂျမ်းအိပ်နှင့်နော် မမနဲ့ ဉီးဆိုးနဲ လမ်းလျှောက်အုံးမယ် "
"ဟုတ်မမ"
လရိပ် အခန်းထဲကနေထွက်လာလျှင် ဆိုးက လက်ကလေးကို လာကိုင်၏။ လရိပ်က အဘိုးအရှေမှာ မိုလို့ မျက်နှာပူ၏။ အဘိုးကလည်း လူငယ်တွေသဘာဝအတိုင်းသိတာကြောင့် ပြုံးနေသည်။
"baby ကောင်းကင်ကြီးကို ကြည့်လိုက်စမ်း မလှဘူးလား"
"လှတယ် ကြယ်တွေလည်း အများကြီး လကလည်း ထိန်ထိန်ကိုသာနေရော့ အဟီး အရမ်းလှပတဲ့ ညလေးပဲ"
"အေးရော့ မအေးဘူးလား"
"အင်ဟင်း"
"ဟာကွာ အေးအေးမအေးအေး ဉီးဆိုး ရင်ခွင်မှာနေ"
"အဲဒါကြောင့် အေးလားလိုမေးတာကို လူလည်ကြီး"
"ချစ်လို လူလည်လုပ်ရတာပါဗျာ baby လည်း ဉီးဆိုးကို ချစ်တယ်မဟုတ်လား"
"ဉီးဆိုး သိရင်ပြီးတာပဲကို့ "
"သိတာပေါ့ ဒါနဲ့ ဉီးဆိုးတို့ လက်ထပ်တာ ၁လပြည့်ပြီးနော် အခုထိ မဂ်လာဉီးညကို မဆင်နွှဲရသေးဘူး "
"ဉီးဆိုးနော် "
"ရှက်ပြန်ပြီးလား လာဉီးဆိုး ရင်ခွင်ထဲမှာ မျက်နှာဝှက်ထားဆိုကာ လရိပ်ကို ရင်ခွင်ထဲဆွဲသွင်းပြီးဖက်ထား၏။လရိပ် ရဲ့မျက်နှာလေးကလည်း ပြုံးနေသည်။
"ဉီးဆိုး"
"ဗျာ"
"လရိပ်ကို ဘယ်လောက်ချစ်လဲ"
"မေးစရာလိုလို့လား babyကို ဉီးဆိုး အသက်ထက်ပိုချစ်တယ်"
"တကယ်နော် "
"ဆယ်ကယ်ပါဗျာ babyကရော့ ဉီးဆိုးကို ဘယ်လောက်ချစ်လဲ"
"အင္...ေဟာဒီလောက်ချစ်တယ်"
လက်မနဲ့လက်ညိုးလေးကို ဝိုင်းပြပြီးပြောလျှင် ဆိုး မှာ စိတ်စိုးသလို့ မျက်မှောင်ကြုံပြီး လရိပ်ကိုကြည့်၏။ လရိပ်ကလည်း ပြောင်စပ်စပ် မျက်နှာပေနဲ့ ဆိုးကို ပြန်ကြည့်သည်။
"baby အချစ်ကလည်း နည်းလိုက်တာ မရဘူးနော် အများကြီးချစ်ရမယ်"
"အများကြီးမချစ်တတ်ဘူးကွယ် နည်းနည်းလေးပဲချစ်တတ်တယ်"
"ကြည့် ဉီးဆိုး စိတ်ကောက်ပြီး"
"ဟာ မိန်းကလေးလား ဉီးဆိုးက အဟီး ကောက်ချင်ကောက်ပေါ့ မီးပြင်းနဲ့ ဖြောင့်ပေးမယ် "
"နှောက်နေတယ်ပေါ့ တော်ပြီး အိပ်တော့မယ် လမ်းမလျှောက်တော့ဘူး"
ရင်ခွင်ထဲက လရိပ်ကို ဖယ်ပြီး နောက်ပြန်လှည်ဖို့ပြင်နေတဲ့ ဉီးဆိုးရဲ့ လည်တိုင်ကို လက်နဲ့ဆွဲဖက်ပြီး ခြေဖျားလေးထောက်က ဆိုးရဲ့နှုတ်ခမ်းညိုညိုကို သူမရဲ့ ပန်းနုရောင်နှုတ်ခမ်းလေးနဲ့ နမ်းပစ်၏။
စိတ်ကောက်နေတဲ့ လူကလည်း ချက်ချင်းမျက်နှာပြုံးလာပြီး လရိပ်နဲ့ ခါးကျဉ်းကျဉ်းလေးကို ပြန်ဖက်ပြီး ချိုမြိန်တဲ့ အနမ်းတွေကို ပြန်လှည်တုံ့ပြန်၏။ထိန်လင်းနေတဲ့ လမင်းကြီးက လည်းဇနီးမောင်နှံနှစ်ဉီးရဲ့ အချစ်ကို ရှက်လို့ထင်တဲ့ တိမ်တိုက်တွေထဲသို့ ပြေးဝင်သွားသည်။
@@@@@@
"သားတို့ကို ကူညီခဲ့လို ကျေးဇူးတင်ပါတယ် အဘိုး"
"အေးကွယ် လမ်းမှာ ကရုစိုက်နော်"
"ဟုတ်ကဲ့ အဘိုး"
"အဘိုး တို့ကိုသတိရရင် လာလည်ပါ အမြဲတမ်းကြိုဆိုနေပါတယ်"
"ဟုတ်ကဲ့ပါ အဘိုး သားတို့ကန်တော့မယ်"
ဆိုးနဲ့ လရိပ် အဘိုးကို ကန်တော့ကြသည်။မိဂျမ်းကတော့ မျက်ရည်လေးဝဲလျက်ပါ။လရိပ်တို့ကို သံယောဇဉ်ရှိသွားတယ်ထင်၏။
ဒါအဘိုး တို့ လုပ်ကိုင်စားသောက်ဖို့ သားကန်တော့တာပါ"
"အများကြီးပဲ အဘိုးလက်မခံပါရစေနဲ့"
"လက်ခံပါ အဘိုးရယ် မိဂျမ်းကိုကျောင်းထားပေးရမယ်လေး အဘိုးက အသက်ကြီးပြီး ငါးမဖမ်းပါနဲ့တော့ သမီးတို့ကန်တော့တဲ့ ပိုက်ဆံနဲ့ပဲ တစ်ခုခုလုပ်ကိုင်ပြီး အေးအေးဆေးဆေးနေပါ"
"ဟုတ်ပါတယ် အဘိုးရယ် သားတို့ဇနီးမောင်နှံရဲ့အသက်က အမေမွေးပေးတဲ့အသက်မရှိတော့ပါဘူး အဘိုးတို့မြေးဘိုးတွေကယ်ပေးတဲ့ အသက်ပဲရှိပါတော့တယ် မငြင်းပါနဲ့"
ဆိုးရဲ့စကားကြောင့် အဘိုး ငွေတွေကို လက်ခံလိုက်သည်။ မိဂျမ်းကလည်း လရိပ်ကို ဖက်ထားသည်။လရိပ်ကလည်း မိဂျမ်းရဲ့ ဆံပင်လေးကိုသပ်ပေး၏။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်