အချစ်ပန်းတွေဝေခဲ့သည်
မဲမှောင်နေတဲ့ တောထဲမှာ baby နဲ့သူပျော်မြူးနေတုန်း ကျားတစ်ကောင်ကို တွေ့လိုက်ရတာကြောင့် အလျှင်အမြန် ပြေးကြရသည်။
"baby ပြေး !!!!"
"ဟုတ္ကဲ့ ဉီးဆိုး "
babyရဲ့လက်လေးကို ဆိုင်ကိုင်ရင် ကြေးနေတုန်း တစ်နေရာအရောက်မှာ ခလုတ်တိုက်ချော်လှဲတာကြောင့် နှစ်ယောက်သားလှဲကျသွားသည်။
"ဝေါင်း!!!"
ကိုးတောင်ကျားကြီးက အမြီးတစ်ရမ်းရမ်းနဲ့ ဆိုး တို့ဆီလာနေ၏။ ထိုအချိန်မှာ ဆိုး စိတ်အပူဆုံးက baby ကို ထိခိုက်မှာကို့ပါ ။ကျားကြီးက ခုန်အုပ်တဲ့အချိန်မှာ ဆိုးလည်း တွေ့ရာ ခဲလုံးနဲ့ပစ်ကာ လရိပ်ကို တစ်ဘက်သို့ တွန်းပစ်သည်။
"ဉီးဆိုး သတိထားး!!
"baby ဝေးဝေးပြေး"
ထိုအချိန်မှာ ဆိုးကို ကျားကြီးက လက်သည်းနဲ့ကုပ်ပစ်၏။ ဆိုး ဒဏ်ရာ ရသွားတာမြန်လျှင် လရိပ်ကလည်း တုတ်ရှည်ကြီးကို ကောက်ပြီး ကျားကိုဝင်ရိုက်၏။ သန်မာ ထွားကြိုင်သော ကျားက စိတ်တိုပြီး လရိပ်ကိုခုန်အုပ်၏။ဆိုးလည်း အသံကုန်အော်ပစ်သည်။
"baby!!!!
"လူလေး သတိရပြီးလား"
အဘိုးတစ်ဉီး၏ အသံကြောင့် ဆိုး မျက်လုံးတွေပွင့်လာရသည်။ စုတ်ပြတ်နေတဲ့ တဲအိုလေးထဲမှာ သူရောက်နေခဲ့သည်။ထို့နောက် အလျှင်အမြန် ထပြီး အဘိုးကို မေးသည်။
"baby ရော့ "
ရိုးအလွန်တဲ့ အဘိုးကို babyဆိုတာ ဘယ်သူလဲလိုမေး၏။
"်baby ကဘယ်သူလဲ"
"ကျွန်တော် မိန်းမပါ သူဘယ်မှာလဲ အားး"
"လူလေး အရမ်းမထနဲ့ လက်မောင်းမှာ ကျည်ဆံထိထားတဲ့ လူလေး မိန်းမကို အဘိုးကယ်ထားပါတယ် ဟိုဘက်အခန်းမှာရှိတယ် သတိတော့ရတစ်ချက်မရတစ်ချက်ပဲ"
."ကျွန်တော်တွေ့ချင်တယ် "
"မိဂျမ်းရေ ဒီဉီးကို့ အဘိုးနဲ့အတူ လာတွဲပေးပါအုံး"
"အေး..အေး မြေးလာခဲ့မယ် "
အသံနဲ့အတူ ၈နှစ်အရွယ် ကလေးမလေးက ခြေသံပြင်းစွာ လမ်းလျောက်လာပြီး ဆိုးကို မနိုင်မနင်းဝင်တွဲသည်။ထိုနောက် စုတ်ပြတ်နေသော အခန်းကျဉ်းလေးထဲက မေ့နေတဲ့ လရိပ်ကို တွေ့လိုက်ရ၏။ဘေးနားကနေထိုင်ကာ လရိပ်ရဲ့ လက်ကလေးကို ဆုပ်ကိုင်ထားမိသည်။
လူလေး အရမ်းစိတ်မပူပါနဲ့ ကလေးမက လူလေးလောက်အခြေအနေမစိုးပါဘူး အဘိုးနဲ့မြေး မြစ်ထဲမှာ ငါးရှာနေတုန်း သေနတ်သံကြောင့် ထိတ်လန့်ပြီး ကမ်းကိုအမြန်ကပ်ပြီးပုန်းနေရတယ်။ သေနတ်သံတွေရပ်ပြီးမကြာခင် လူလေးတို့ စုံတွဲ တစ်ယောက်ကို တစ်ယောက်ဖက်ပြီးပေါ်လာတယ် အဘိုးတို့ လှေအမြန် ထိုနေရာကို ဆွဲတင်ခဲ့တာ ပြီးတော့ သေနတ်သမားတွေမမြင်အောင် အမြန်ဆုံးအိမ်ကိုပြန်ချေါခဲ့ရတာ တော်သေးတယ် အဘိုးသားက အဲဒီအနားမှာရှိနေလို့ မဟုတ်ရင် အဘိုးနဲ့မြေး လွယ်မှမဟုတ်ဘူး"
"ကျေးဇူးတင်ပါတယ် အဘိုး ကျွန်တော်မေ့နေတာကြာပြီးလား"
"၂ပတ်လောက်ရှိပြီး တော်သေးတယ် အဘိုးက လူလေးတို့ လင်းမယားကိုနှစ်ယောက်ကို သတ်ပြီးမှတ်တာ ကဲကောင်းလို့ ဘာမှမဖြစ်တာ "
"ကြေးဇူးပါ အဘိုးတို့ မိသားစုရဲ့ကျေးဇူးကို သားမမေ့ပါဘူး"
"လူလေး ဗိုက်ဆာလား"
"မဆာဘူး အဘိုး သားကို ဇနီးအနားမှာ နေခွင့်ပြုပါ"
"အေးကွယ် မင်းတို့ဇနီးမောင်နှံက အရမ်းချစ်ကြတာပဲ အဘိုးတောင် မနည်း လူလေးရင်ခွင်ထဲကနေဆွဲထုတ်ရတယ် ကဲ့ လူလေးနေချင်ရင်နေခဲ့အဘိုး လူလေးဒဏ်ရာအတွက် ဆေးကျိုက်အုံးမယ် လူလေးရဲ့ကိုယ်တစ်ခြမ်း ပွတ်တိုက်ခံရတဲ့ အရှိန်ကြောင့် ပွန်းပြီးသွေးတွေထွက်နေတာ လက်မောင်းက သေနတ်ဒဏ်ရာကလည်းရှိသေးတယ် ကွယ် ကဲ့အဘိုးသွားပြီး ပြောကာထွင်သွားလျှင် ဆိုးမှာ လရိပ်ရဲ့ လက်ကလေးကိုဆုပ်ကိုင်ပြီး မြန်မြန်သတိရပါတော့လို့ ပြောနေမိ၏။
@@@@
"ဟုတ်ရဲ့လား အင်ဟင်း မဖြစ်နိုင် စံရဲ့သားက အခုလိုအဖြစ်ဆိုးနဲ့သေမယ်သူမဟုတ်ဘူး ဒါကြောင့် သားအသုဘကိုမလုပ်နိုင်ဘူး"
"စံ ဉီးမင်းတို့ ဒီအဖြစ်ကို လက်ခံလိုက်ကြရအောင် အသက်ရှင်နေသေးရင် သားပြန်လာသင့်ပြီးလေး သားနဲ့ချွေးမလေး အတွက် အမျှဝေပေးရအောင်ကွာ"
"စံ မယုံဘူး လုံးဝမလုပ်နိုင်ဘူး သားနဲ့သမီးကပြန်လာမှာ အင့်ဟင့် စံရဲ့ သားက အသက်ရှင်နေသေးအဲဒါ မိခင်တစ်ယောက်ဖြစ်တဲ့ စံက သိနေတယ်"
"ခေါင်းမမာပါနဲ့"
"မာမှာပဲ အီးဟီးး စံကို တစ်ယောက်ထဲလွှတ်တားပေးပါ ပြီးတော့ စံ သားရဲ့စံအိမ်မှာပဲသွားနေမယ် "
"နေခွင့်မပြုနိုင်ဘူး"
"ဘာလိုလဲ ဘယ်အထိ စံကို ချုပ်နှောင်းထားမှာလဲ ရှင်တားလည်း စံကတော့ သွားမှာပဲ ပေးမသွားဘူးဆိုရင် စံ ကိုယ်ကို သတ်သေလိုက်မယ်"
"ကောင်းပြီး ကိုယ်ပေးသွားမယ် "
"ပြီးတာပဲ သားကို အဲဒီစံအိမ်ကနေ စောင့်ကြိုနေမယ်"
ဉီးမင်းရက်စက် ဇနီးဖြစ်သူကို လက်လျော့လိုက်ရသည်။ အရမ်းကို စိတ်ထိခိုက်ကြေကွဲနေသော ဇနီးဖြစ်သူကို စိတ်ချမ်းသာရာ လုပ်ခွင့်ပေးလိုက်သည်။
@@@
"မာမီ ဟိုကောင် မင်းဒေဝါ ကို ဘယ်လိုရှင်းရမလဲ"
"အဲဒီအတွက် မကြောင့်ကြပါနဲ့ မာမီမှာ အစီစဉ်ရှိပြီးသာ"
"ဘယ်လို လုပ်မယ် စဉ်းစားထားလဲ"
"အဟီး သူ့အမေက သခင်မကြီးကို သတ်ထားတာလေး အဲဒီအကြောင်းသာ သခင်ကြီးသိသွားရင် သူနေရာကို ဆက်ခံခိုင်းအုံးပါမလား "
"မိုက်တယ် မာမီရယ် ရိုက်ချက်ကပြင်းလွန်တယ် သားအတွက် အရမ်းကောင်းတယ်"
"သား ဂိုဏ်းချုပ်နေရာကို ဆက်ခံဖို့သာ စဉ်းစားထား မာမီက သားအနားကနေ ဂိုဏ်းချုပ်နေရာကို ဘယ်သူမှမလုအောင်တံတိုင်းသဖွယ်ဘကာရံပေးထားမယ်"
"yes !! မာမီက သားအတွက် တကယ်အဖိုးဖြတ်မရတဲ့ ရတနာပဲ အရမ်းချစ်တယ် မာမီ"
မိုးဒေဝါ ပျြောရှငျသော ကလေးတစ်ယောက်လို မိခင်ကို ပြေးဖက်သည်။ သူတို့ သားမိအဖြစ်က စိတ်ကူးနဲ့ရူးနေတဲ့ လူတွေနဲ့တူသည်။
@@@@
"ရေ..ရေ..ဆာတယ်"
"အဘိုးရေ ဒီမှာ မမ သတိရလာပြီးး ခဏနော် မမ ဂျမ်းပုံ ရေခပ်ပေးမယ်"
အဘိုးဖြစ်သူကို အော်ပြောရင် ရေတစ်ခွက် ပြေးခပ်ပေးတဲ့ ကလေးမကိုကြည့်ပြီး လရိပ် ကိုယ်ကို အိပ်မက်မက်နေတာလား ဒါမှမဟုတ် သေသွားပြီး တစ်ခြား ဘုံကို ရောက်နေတာလားလို့တွေ့မရသည်။ မကြာခင် ခွေသံပွငျးပွငျးနဲ့ပွေးလာပွီး လရိပ်ကို ရေခွက်ဘကမ်းပေးသည်။
"မမ သောက် မဝရင်ပြောနော် ဂျမ်းပုံ သွားခပ်ပေးမယ် ကျစ် အဘိုးကလည်း ဘာလုပ်နေလဲမသိဘူး ကြာလိုက်တာ "
"ညီမလေး "
" ဘာတုန်း "
တောသူတောင်သားတွေရဲ့ သဘာဝအတိုင်း ရှင်လို့မထူးဘဲ ဘာတုန်းလို့ထူး၏။
"မမ သတိမေ့နေတာကြာပြီး ဉီးဆိုးရော့"
"ဉီးဆိုးက သေသွားပြီး "
"တကယ်လား ဘယ်လိုဖြစ်ရတာလဲ အင်ဟင်း မဖြစ်ရဘူး အီးးဟီးး"
"ဟမ် အဲဒီလောက်မငိုပါနဲ့ မမရဲ့ အသက်ကြီးလိုသေတာပဲ ပြီးတော့ မမက ဉီးစိုးကို သိတဲ့ပေါ့"
"သိရုံမကဘူး မမက သူရဲ့မိန်းမ"
"မြတ်စွာဘုရား ဟုတ်ရော့ဟုတ်ရဲ့လား "
ကောင်မလေးက မျက်လုံးပြူးမျက်ဆံပြူးနဲ့ ထအော်ကာ လရိပ်ကို အံ့ဪသလိုကြည့်သည်။ ထိုနောက် ကလေးမ ပြောလိုက်တဲ့စကားကြောင့် လရိပ်မှာ ဇဝေဇာဝါ ဖြစ်သွားရသည်။
"မထင်ရဘူးနော် မမနဲ့အဲဒီဉီးစိုးဆိုတဲ့လူက တန်ကိုမတန်တာ ဝမ်းနည်းမနေနဲ့ သရဲရုပ်ကြီးကို့"
"ဟဲ့ မိဂျမ်း နင်မမအခြေနေဘယ်လိုလဲ "
"အားလုံးကောင်းပါတယ် အဘိုး ဒီမမက လွန်ခဲ့တဲ့နှစ်ရက်သေသွားတဲ့ ဉီးစိုးရဲ့ ဇနီးတဲ့ "
"ဒေါက်.. "
"အာလားးလားအဘိုး ဘာလို မိဂျမ်းကို ခေါကျတာလဲ နာလိုက်တာ"
"ဉီးနှောက်မရှိလို့ ဟို စိုးမြင့်က အသက်၅၀ ဒီကလေးမက အလွန်ရှိလှ၂၀ဝန်းကျင်ပေါ့ ဘယ်လိုဖြစ်နိုင်မှာလဲ ဒီကလေးမ လူလေးရဲ့ မိန်းမ"
"ဪ ဉီးလူလေးရဲ့ ဇနီးကို့ တော်သေးတယ် မိဂျမ်းဖြစ် ဉီးစိုးရဲ့ဇနီးဆိုလို လန့်သွားတာပဲ"
."ကလေးမ လူလေးက ငါးသွားဖမ်းနေတာ စိတ်မပူနဲ့ တစ်အောင့်နေပြန်ရောက်မယ်"
"သူဘာမှမဖြစ်ပါဘူးနော် အဘိုး"
"ဘာမှမဖြစ်ဘူး ကလေးမသာ သတ်ရတစ်ချက်မရတစ်ချက်နဲ့ဖြစ်နေတာ"
."ဟမ် သမီး မေ့နေတာ ဘယ်နှစ်ရက်ရှိပြီးလဲ အဘိုး"
"နှစ်ပတ်ရှိပြီး သမီး"
"ရှင် အဲလောက်ထိမေ့တာတောင် ထမင်းမစားရေမသောက်ဘဲအသက်ရှင်တယ်"
"အဲလိုတော့ မဟုတ်ဘူးလေး မမကို ဉီးလူလေးက အစားအစားတွေဆေးတွေ ဝင်အောင်တိုက်တယ် မမကို မြိုချလို့ပြောရင် မမကမြိုချတယ် အဲဒါကြောင့် ကျန်းမာနေတာ အဘိုးကလည်း မိဂျမ်းက မမနဲ့ဉီးလူလေးကို မောင်နှမပဲထင်နေတာ"
"အေး နင်မှာလည်း တစ်နေ့တစ်နေ့ အလုပ်ပြီးတာနဲ့ ရွာထဲပတ်ဆော့ အိမ်လည်းမကပ်ဘူး အခုတောင် နင်သွားဆော့ချင်တာမဟုတ်လား တော်သေးတယ် လူလေးက ငါးတွေဘာတွေဖမ်းပေးလို့"
"အဘိုးကလည်း မိဂျမ်းဖြစ် ဉီးလူလေး ငါးဖမ်းလို့ အကြိုက်ဆော့ရမလား မှတ်နေတာ မမကိုပဲထိုင်စောင်နေရကို့"
"ငါထုရင်သေတော့မယ် သွား လူလေးကို သွားခေါ်ခဲ့ ကလေးမ သတိရပြီးဆိုတာ ပြောခဲ့"
"ဟွန့် အဘိုးတို့များ မိဂျမ်းကို ခိုင်းလိုက်တာ များ ဉီးသာအေး သူနွားကြီးကို ခိုင်းသလိုပဲ တစ်ချက်မှမနားရဘူး"
"ငါ ထပ်ခေါက်ရင်သေတော့မယ်"
"သွားပါပြီး မိဂျမ်း ခေါင်းကို ကျောက်တုံးလိုမမှတ်ပါနဲ့ဆိုကာ မိဂျမ်း အပြေးလေး ထွက်သွားသည်။
@@@@
လရိပ် ဘာမှမဖြစ်တာကြောင့် ရေမိုးချိုးပြီး သနပ်ခါးလိမ်းထားလိုက်သည်။ ပြီးတော့ အဘိုးတို့ ထမင်းစားဖို့ ပြင်ဆင်လိုက်၏။ မကြာခင် အပြေးအလွာနဲ့ အိမ်ပေါ်ပြေးတက်လာသူကြောင့် လရိပ် မျက်နှာ အပြုံးလေးပေါ်လာသည်။
"baby သတိရလာပြီးနော် "
"ဟုတ်တယ် ဉီးဆိုး လရိပ် ဘာမှမဖြစ်ဘူး ရေမိုးတောင်ချိုးပြီးပြီး"
"baby ကလည်း အခုမှာ သတိကောင်းကောင်းရခါစကို အိပ်ယာထဲမှာလှဲမနေဘူး"
"အဟင်း လရိပ် အိပ်ယာထဲမှာ နေရတာ နှစ်ပတ်ရှိပြီးဆိုတော့ မနေချင်တော့ဘူး ဉီးဆိုးလည်းဗွက်တွေပေရေနေရော့ ရေချိုးလိုက်"
"ဟုတ်ပါပြီးဗျာ "
"အဘိုးနဲ့ မိဂျမ်း ထမင်းလာစား မမခူးထညးပေးတဲ့"
"အင် အဘိုးရေ ထမင်းစားမယ် "
မိဂျမ်း လရိပ်ကိုဖြေပြီး သူအဘိုးကို ခေါ်ကာ ထမင်းစားသည်။ လရိပ်ကတော့ ဉီးဆိုးနဲ့မှာ အတူတူစားမှာပါ။
ဆိုး ရေချိုးဖို့ ပြင်နေလျှင် လရိပ်က အခန်းထဲကနေပြီး ဉီးဆိုးရဲ့ အင်ကျီနဲ့ ပုဆိုးကို ဝတ်ဖို့အဆင့်သင်ထုတ်ပေးထား၏။တစ်အောက်နေ့ ရေလညျပုဆိုးဝတျပွီး ဆိုး အခန်းထဲဝင်လာသည်။
ဉီးဆိုး ရဲ့ ကိုယ်တစ်ခြမ်းက အမတ်ရွတ်ကြီး အဲဒါ လရိပ်ကို ဘာမှမဖြစ်အောင်ဖက်ထားပြီး ကားပေါ်ကနေ လှိမ့်ချလိုဖြစ်တာလိုတွေးမိကာ စိတ်မကောင်းဖြစ်ရသည်။
"baby ဘာလို မျက်နှာပျက်သွားရတာလဲ"
"ဒီအမာရွတ်ကြီးက လရိပ်ကြောင့်ဖြစ်ရတာလေး သေရာပါမဲ့ အမာရွတ်ကြီး စိတ်မကောင်းလိုက်တာ "
"အဟင်း စိတ်မကောင်းဖြစ်စရာမှမဟုတ်တာ ဒီအမာရွတ်က ဉီးဆိုး babyကို ဘယ်လောက်ချစ်ကြောင်း သက်သေပြတဲ့ အမာရွတ်ဖြစ်တာကြောင့် ဉီးဆိုးကတော့ ပျော်တယ် "
ဆိုး စကားကြောင့် လရိပ် ပြေးဖက်၏။ ဆိုး ကလည်း ရယ်မောစွာ ပြန်ဖက်ထားသည်။ လရိပ်၏ နဖူးဝင်းဝင်းလေးကိုလည်း နမ်းရှိုက်သည်။
နောက်နေဆက်ရန်ဗျာ
စာရေးသူ သွေးမိန့်