book

Index 16

အပိုင်း(၁၆)

  • Author : Thwe Mate
  • Genres : Romance, Comedy, Drama, Fantasy

အချစ်ပန်းတွေဝေခဲ့သည်


"ဉီးဆိုး ဘာလို့ ခေါင်းကုတ်တာလဲ ဘာလဲမဝတ်ချင်ဘူးလား"


"မဟုတ်ပါဘူးကွာ အထည်တွေကအများကြီးဆိုတော့  သယ်လို့နိုင်ပါမလားလို့"


"ဟုတ်တယ် လရိပ်ရဲ့ ငါအတွက်လည်းဝယ်ရအုံးမှာလေး"


"မရပါဘူး ဉီးဆိုးနော် အားမရှိဘူးလား ယောကျာ်းကြီးဖြစ်ပြီးတော့ မရဘူး နိုင်အောင်သယ်ရမယ် "


"ဟုတ်ပါပြီး သယ်မှာမယ် "


"အဟီး ဉီးဆိုးက လိမ်မာတယ် အပြန်ရေခဲချောင်းဝယ်ကျွေးမယ် "


"ဉီးဆိုးက ကလေးလား ရေခဲချောင်းမစားချင်ဘူး "


"ဒါဆိုရင် ဘာစားမလဲ ချိုချဉ်စား မစားဘူးပြောကြည့် စိတ်ကောက်မှာ"


"ဟုတ်ပါပြီးဗျာ"


လရိပ်နဲ့ ပူစူးမ ကပျော်ရွှင်စွာ ဘေထုပ်တွေ ရွှေးကြသည်။ ဆိုးကလည်း ဝိုင်းရွှေးပေးသည်။ဘေထုပ်ရွှေးပေးပြီးသည်နှင့် အထုပ်ကိုယ်ဆီဆွဲကာ အိမ်သို့ပြန်ခဲ့သည်။


"baby ကားဌားပြန်ရအောင်နော်"


"ဟုတ်ကဲ့ ဉီးဆိုး ပူစူးမအရင်ကို လိုက်ပို့မယ်"


"ငါကိုမပို့နဲ့ ငါဘာသာ ကားဌားပြီးပြန်မယ် ကျေးဇူးတင်ပါတယ် သခင်လေး"


"ရပါတယ် baby ရဲ့ သူငယ်ချင်းက ကိုယ်သူငယ်ချင်းပါပဲ"


."ဒါဆိုရင် လရိပ် ငါပြန်ပြီးနော်"


"အင် တာတာ့"


ပူစူးမ ပြန်ပြီးသည်နှင့် လရိပ်တို့လည်း တက်ဆီကို ဌားပြီးပြန်ခဲ့ကြသည်။

တက်ဆီပေါ်ရောက်လျှင် လရိပ်ဆိုးရင်ခွင်ထဲဝင်ပြီး အိပ်သည်။


"ဉီး လရိပ် ခဏအိပ်အုံးမယ် အိမ်ရောက်ရင်နိုးနော်"


"baby ဉီးဆိုးရင်ခွင်ထဲဝင်အိပ်လို့ပါလား"


"ဉီးဆိုး ရင်ခွင်က လရိပ်အတွက် နွေးထွေလုံခြုံတဲ့လို့ ခံစားရလို့ပါ"


သူမလေးရဲ့ စကားကြောင့် ဆိုး ပြုံးပြီး ရင်ခွင်ထဲတိုးဝင်နေတဲ့ ကိုယ်လုံးလေးကိုဖက်ထားမိသည်။ သူမလေးက တစ်ခါတစ်လေး ကလေးအရမ်းဆန်သလို့ တစ်ခါတစ်လေးကျတော့လည်း လူကြီးတစ်ယောက်လို့ပြုမှုသည်။ သူမလေးက သူအတွက် မရိုးနိုင်တဲ့ နတ်ပန်းကလေးတစ်ပွင့်လိုပါပဲ။


ဆိုး တို့ စီးလာတဲ့ ကားက လူရှင်းတဲ့နေရာမှာ ထိုးရပ်လိုက်သည်။ ဆိုးလည်း မကောင်းတဲ့ အနံ့အသက်ရတာကြောင့် ခါးကြားကထိုးထားတဲ့ သေနတ်ကို ထုတ်ဖို့ပြင်သည်။ သိုသော် Tax ဒရိုင်ဘာက ပို၍ လျှင်မြန်စွာ ခေါင်းကို သေနတ်နဲ့ချိန်သည်။


"ဂြောကျ သေနတ်ထုတ်ဖို့မစဉ်းစားနဲ့ သခင်လေးနတ်ဆိုး"


"မင်းက ကျုပ်နာမည်သိတဲ့ဆိုကတည်းက ပြောစမ်း ဘယ်ဂိုဏ်းကလဲ"


်"အဟက် ပြောနေရင် ပါးစပ်ညောင်းတဲ့ကွာ အေးအေးဆေးဆေးလိုက်ခဲ့ရင် ဟိုရောက်ရင်သိမယ် နည်းနည်းလေးမှလုပ်ဖို့မကျန်နဲ့"


ဆိုး မှာဒေါသတွေက ရေနွေးအိုးပမာ ဆူပွက်တောက်လောင်နေသည်။ရင်ခွင်ထဲက ချစ်ရသူလေးကတော့ အိပ်မက်လောကထဲ ရောက်နေသည့်ထင်၏။ နည်းန ည်းလေးမှမနိုးပါ။ လူသုံးယောက်က သေနတ်ကိုယ်စီကားပေါ်တက်လာပြီး ဆိုးတို့ကို သေနတ်နဲ့ချိန်သည်။ ထိုအခါမှာ ကားသမားကလည်း တစ်နေရာသို့မောင်းထွက်သွားသည်။


"မင်းကို ဖမ်းရတာတအားခက်မယ်ထင်ထားတာ ခြင်ဖမ်းတာထက်တောင် လွယ်နေပါရော့လား ဟားး"


"မင်း$ ပါးစပ်ပိတ်ပြီးကားကိုမောင်း မင်းရယ်သံကြောင့် ကျုပ်baby နိုးလာရင် မငျးတို့၄ယောကျကို ငရဲကို ထောက်ခံစာမပါဘဲ ပို့ပစ်မယ်"


ဆိုးရဲ့ အံ့ကြိတ်ပြီးပြောတဲ့အသံက ထိတ်လန့်စရာပါ။ ကားသမား ပါးစပ်ပိတ်သွားရသည်။ဆိုးအကြောင်းကို သိပြီးသာပါ။အင်မတန်ရက်စက်သလို့ တိုက်ရည်ခိုက်ရည်ကလည်း ကျွမ်းကျင်လှသည်။လူဆယ်ယောက်နဲ့သူ့တစ်ယောက်ဆိုရင်တောင် မဖြုံတဲ့အပြင် နည်းလာချည်းလာဆိုပြီး မဲ့ပြုံးပြုံးနေမယ်သူပါ။


@@@@@@


ခြံဝန်းအကျယ် တစ်နေရာမှာ ကားကထိုးရပ်လိုသည်။ စူးရှထက်မြတ်တဲ့ မျက်လုံးတွေ့နဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ခဏလေးဆိုး ကြည့်လိုက်သည်။

တိုက်ပေါ်မှာ သေနတ်တွေကိုင်ပြီးလုံခြုံရေးယူနေသူက အယောက်၂၀လောက်ရှိသည်။အိမ်ကြီးရဲ့ ဘေးနားမှာက တောအုပ်တစ်ခုရှိ၏။


"ဆင်းကြ ဟိုကောင်မကိုပါ နိုးလိုက်"


ကောင်မဆိုသူ အသုံးနှုန်းကြောင့် ဆိုး စိတ်တွေအရမ်းတိုသွားကာ ပြောသူရဲ့ မျက်နှာကို လက်သီးနဲ့ထိုးပစ်လိုက်သည်။


"ခွပ် "


"ဂြောကျ.ဂျောက်.သေချင်လို့လား မင်းအခုရောက်နေတာ ငါတို့ပိုင်နက်နော်"


"ကျုပ်သေရမှာ မကြောက်ဘူး မင်းတို့၄ယောက်လောက်ကတော့ သွားကြားတောသ်မညှပ်ဘူး အေး နောက်တစ်ခေါက် ကျုပ်babyကို ကောင်မလိုပြောကြည့် မင်းရဲ့လျာကိုငါမဖြတ်ရင် ကြိုက်သလိုပြော"


ဆိုး စကားကြောင့် ထိုငြိမ်ကျသွားသည်။တံခါးဖွင့်ထားတဲ့ ဘက်သို့ လရိပ်ကို ပွေ့ချီပြီးကားအောင်ဆင်းခဲ့သည်။ ကလေးတစ်ယောက်လို့ အိပ်မောကျနေတဲ့ ချစ်ရသူလေးရဲ့ နဖူးကိုနမ်းမိရသည်။ အိပ်ပြီးဆိုရင် ဘာပဲလုပ်လုပ် မနိုးတတ်တဲ့ သူမလေးကြောင့် ဆိုး စိတ်တွေထိန်းနေရ၏။ မဟုတ်ရင် သူထို့လေးယောက်ကို သတ်ပြီး လွတ်မြှောက်နေလောက်သည်။


ခြံထဲဝင်လိုက်တာနဲ့ ဒီဂိုဏ်းက သူနဲ့ရန်ငြိုးရှိတဲ့ မဂ်နီဂိုဏ်းမှန်းသိလိုက်ရသည်။ မဂ်နီဂိုဏ်းချုပ်က ဆိုး ကိုမြင်တာနဲ့ လောင်ပြောင်ရယ်သည်။


"ဟားးဟား အရမ်းဖမ်းရခက်တဲ့ မင်းက ချက်ချင်းမိနေပါလား ဟားး မင်းအစားငါရှက်လိုက်တာကွာ ဟားး"


ဆိုး ခြေထောက်နားကရှိတဲ့ ခဲလုံး သေးသေးလေးကို ကန်လိုက်တာ ပါးစပ်ဗြဲပြီးရယ်နေတဲ့လူရဲ့ ပါးစပ်ထဲတန်းရောက်သွားသည်။


"အု လုပ်ပါအုံး ငါဗိုက်ထဲဝင်သွားပြီး ချက်ချင်း..ဒေါက်တာခေါ်.."


တပည့်တွေအကုန်လုံးပျာယာခတ်သွားသည်။ လရိပ်ကလည်း မျက်လုံးလေးပြူးပြူးနဲ့နိုးလာသည်။ဆိုးကတော့ လရိပ်ကို ရင်ခွင်ထဲကနေ ကျောပိုးသို့ ပြောင်းချီပြီး တိုက်ခိုက်သည်။ လရိပ်ကလည်း ကြောက်လန့်၍ ဆိုးကို အသေဖက်ထားသည်။


တစ်ဖက်ရန်သူကလည်း အလစ်ဝင်တိုက်ခံရတာကြောင့် အတော်လေးခံလိုက်ရသည်။ ဆိုးက သေနတ်တစ်လက်ကို လုယူပြီး လျှင်မြန်စွာပစ်သည်။


"ဒိုင်း..ဒိုင်း.ဒိုင်း..ဒိုင်း "


ပစ်သမျှအကုန်ထိမှန်၏။ ဆိုး လည်း ဖွင့်ထားတဲ့ခြံတံခါးဘက်သို့အားကုန်ပြေး၏။

ထိုနောက်ရပ်ထားတဲ့ ကားထဲသို့ဝင်ပြေးသည်။


baby ဟိုဘက်မှာ သွားထိုင်နေ ခေါင်းငုတ်ထား နားကိုပိတ်နေ"


"အီးးဟီးး ဉီးဆိုး လရိပ် ကြောက်တယ် ဒိုင်း..အားး"


"ဘာမှမဖြစ်ဘူးနော် ဉီးဆိုးကို ယုံကြည်လား"


မျက်ရည်များနဲ့ ခေါငျးငွိမျ့ပွနတေဲ့ baby ကို မကြည့်တော့ဘဲ ကားကိုအရှိန်မြင့်ပြီး ဂိုဏ်းချုပ်ကို ဝင်တိုက်ပစ်သည်။


"ဒုန်းး!!!


"ဂိုဏ်းချုပ်ထိသွားပြီး အဲဒီခွေးမသားကို အသေသတ်"


"ဒိုင်းး ဒိုင်းး ဒိုင်းး"


"ဝီ..ဝေါ်"


ဆိုး ကားကိုခြံပြင်သို့ မိုင်နှုန်းအဆုံးဖြစ် မောင်းထွက်ခဲ့သည်။ အနောက်နေ မဂ်နီဂိုဏ်းကလူတွေကလည်း အမဲလိုက်နေသော မုဆိုးတွေလို့ လာပစ်ကြသည်။ ဆိုင်ကယ်တွေ ကားတွေနဲ့ရော့ပါ။


ဒိုင်း ဒိုင်း.. အမေ့!! အီးးဟီးး ဉီးဆိုး ကြောက်တယ် "


"မကြောက်နဲ့ ဉီးဆိုးရှိတယ် တောက် ဒင်းတို့ကို အသေသတ်ပစ်ခဲ့ရမှာ "


"သွားမသတ်ပါနဲ့ ဒီနေရာကနေ အမြန် ခေါ်သွားပေးပါ အီးဟီးး"


"မငိုနဲ့တိတ် ဉီးဆိုးတို့ကားပေါ်ကနေ ခုန်ချရအောင် ကားဘရိတ်ပေါက်သွားပြီး"


."လရိပ်..လရိပ် ကြောက်တယ် "


ဆိုးမှာ ကားတံခါးကို ခြေထောက်နဲ့စောင့်ကန်ဖွင့်ပြီး တစ်ဖက်ခုန်ချဖို့လုပ်နေ၏။ အနောက်က လူအုပ်စုကလည်း သူတို့ကိုမိတော့မယ် ။


"baby ကို ဉီးဆိုးအရမ်း ချစ်တယ် "


"အင်ဟင့် လရိပ်လည်း ဉီးဆိုးကို အရမ်းချစ်တယ် ဆိုကာ ဆိုး ရင်ခွင်ထဲပြေးဝင်ငိုသည်။


ဆိုးလည်း လရိပ်ကို ပွေ့ပြီး ခုန်ချပစ်၏။အရှိန်ပြင်းလွန့်သည် ကားက သစ်ပင်ကို ဝင်တိုက်ပြီး မီးတွေထတောက်သည်။


"ဟာ ဟိုမှာ မီးလောင်သွားပြီး"


"သူတို့ သေသွားပြီးထင်တယ် "


"တောက် ငါတော့ မယုံဘူး အလောင်းပြန်ရမှာ ယုံမယ် နတ်ဆိုးဆိုတဲ့ကောင်က လွယ်လွယ်သေမယ်သူမဟုတ်ဘူး သွားကြည့်ရအောင်"


အကုန်လုံးသွားကြည့်နေတဲ့ အချိန် ဆိုးနဲ့ လရိပ်တို့က ထွက်ပြေးသည်။ ဆိုးမှာ တစ်ကိုယ်လုံး အသားတွေပွန်းကာ သှေးတှထှေကျလာသညျ။ လရိပ်ကတော့ ငိုလျက် ဆိုးကို တွဲပြီးပြေး၏။


"ဟာ ဟိုမှာ လိုက်ကြ ဒိုင်း ဒိုင်း"


"အေမ့ "!!!


ဆိုးနဲ့ လရိပ် ဆက်ပြေးလို့ဘယ်လိုမှမဖြစ်တော့ပါ။ သူအရှေ့မှာ မြစ်ချောင်းကြီးတစ်ခုပဲရှိနေလို့ပါ။


"ဉီးဆိုး ပြေးလို့မရတော့ဘူး လရိပ်တို့ သေတောမယ်"


"ဉီးဆိုး ရှိနေသရွှေ့ babyကို အသေမခံဘူး baby ဉီးဆိုးကို ထားခဲ့ပြီး လွှတ်ရာအသက်ကုန်ပြေး ဘာသံကြားကြားနောက်လှည့်မကြည့်နဲ့"


" အင်ဟင့်း ဉီးဆိုးကို တစ်ယောက်ထဲမထားခဲ့နိုင်ဘူး သေမယ်ဆိုရင် အတူတူသေကြမယ် "


"ဘာလိုလဲ ဉီးဆိုးကိုမုန်းနေတာမဟုတ်လား"


"ဉီးဆိုးကို လရိပ် အရမ်းချစ်တယ် မမုန်းဘူး အခုနာကပြောတယ်လေး ဒါကြောင့်အတူတူသေရအောင် "ဆိုကာ ဆိုးရဲ့ လက်ကိုကိုင်ပြီး မြစ်ချောင်းထဲ့သို့ ခုန်ချပစ်သည်။


ရန်သူတွေကလည်း သေနတ်နဲ့ဝိုင်းပစ်သည်။ ဆိုးတို့နှစ်ယောက် ခုန်ချတဲ့ မြစ်ထဲကိုလည်း သေနတ်နဲ့ဝိုင်းပစ်ကြသည်။နာရီဝက်ကြာတော့ သေနတျပစျသံရပျသှားသညျ။


"ဆရာ သူတို့သေပြီထင်တယ် မြစ်ချောင်းက ရေစီးသန်တယ် သေလောက်ပြီးတူတယ်"


"ပါးစပ်ပိတ်ထား မင်းတို့နှစ်ယောက်ဒီမှာစောင့်ခဲ့ အလောင်းပေါ်လာရင် အကြောင်းကြားအဲဒီအခ်ါကျမှာ ငါယုံမယ် တောက် ငါတို့ ဂိုဏ်းချုပ်တစ်ယောက်ထဲ ဒဏ်ရာတွေနဲ့ကျန်ခဲ့တယ် အမြန်ပြန်ရမယ် ဆိုကာ ပြေးထွက်သွားသည်။


@@@@


"သခင်ကြီးကို သခင်လေးဆိုးရဲ့ တပည့်က တွေ့ချင်လို့တဲ့"


"ဝင်ခိုင်းလိုက်"


ဆိုးရဲ့ တပည့်အကြီးဆုံးက ဉီးမင်းရက်စက်ကိုမြင်တာနဲ့အရိုအသေပေးပြီး ပြောလိုက်တဲ့ စကားကြောင့် ဉီးမင်းရက်စက် ဒေါသတွေအရမ်းထွက်သွားသည်။


"ဘာကွာ ငါသားသေပြီး ဟုတ်လိုလား ငါမယုံဘူး!!!!


"တကယ်ပါ သခင်ကြီး ကျွန်တော်သွားစစ်ဆေးပြီးပါပြီး "


"တောက် မင်းမဟုတ်တာတွေမပြောနဲ့ !! ငါသား နတ်ဆိုးက လွယ်လွယ်သေမယ်သူမဟုတ်ဘူး"


"တကယ် သခင်ကြီး သခင်လေးနဲ့ သခင်မလေးတို့ ဆုံးသွားပါပြီး "


"ဘယ်သူ သတ်တာလဲ"


"မဂ်နီဂိုဏ်းကပါ"


"တောက် အခုချက်ချင်း မဂ်နီဂိုဏ်းကို သွားတိုက်မယ်!!


"ဒီအချိန် တိုက်ဖို့မသင့်ဘူး ဒယ်ဒီ"


"ဘာကြောင့်လဲ"


"ဘာကြောင့်လဲဆိုတော့ မဂ်နီဂိုဏ်းကို အခုထောက်ပံ့နေတာ မြင့်မိုရ်ဂိုဏ်း မို့လိုပဲ "


"ဘာကွာ သေချာရဲ့လား မင်းဒေဝါ "


"သိပ်သေချာတာပေါ့ ဒီမှာ ကြည့်"


"မင်းဒေဝါ ဖုန်းဖွင့်ပြီးပြလိုက်တဲ့ ဓာတ်ပုံကြောင့် ဉီးမင်းရက်စက် လက်ထဲက ဖုန်းကို ပေါက်ကွဲပစ်သည်။ 


"တောက် ဒါသက်သက်နောက်ကျောကိုဓားနဲ့ထိုးတာ နှစ်ဂိုဏ်းစလုံးကိုအမှုန့်ကြိတ်ပစ်ချင်တယ်"


"စိတ်လျော့ ဒယ်ဒီ အခွင့်ကောင်းကို စောင့်ရမှာပေါ့ လောလောဆယ် ဒယ်ဒီနေရာကို ဆက်ခံမဲ့သူကိုရွှေးခြယ်ပါတော့"


"ဟုတ်တယ် ဒယ်ဒီ ဒါမှာ သူတို့ကို တိုက်ခိုက်ဖို့ ပိုကောင်းမှာပေါ့ "


"ဟုတ်ပြီး နောက်နှစ်ပတ်နေရင် ငါရွှေးခြယ်မယ် "


မိုးဒေဝါနဲ့ မင်းဒေဝါ ပျော်သွားရသည်။ နတ်ဆိုး သေတဲ့သတင်းကြားတော့လည်း နှစ်ယောက်စလုံးက အရမ်းပျော်ခဲ့ကြသည်။အခုကတော့ နှစ်ဆပျော်ပေါ့။


rate now: