အချစ်ပန်းတွေဝေခဲ့သည်
ဆိုးနဲ့ စကားပြောပြီးသည်နှင့် လရိပ် အိပ်ယာဝင်သည်။တစ်ရေးနိုးလောက်မှာ ရေဆာတာကွောငျ့ စားပွဲပေါ်က ရေဘူးကို ယူကာသောက်ဖိွု့ပင်သည်။
"ဟမ် ရေမရှိပါလား အောက်မှာ သွားထည့်ရမယ် "
လရိပ် ရေဘူးကိုင်ပြီး တံခါးကို ဖွင့်လိုက်လျှင် တံခါးကိုမှီပြီး အိပ်နေတဲ့ ဆိုး လှဲကသြွားသည်။
"ဉီးဆိုး ဘာလိုဒီနားမွာ အိပ်နေတာလဲ တစ်ခြားအခန်းမှာ အိပ္တာမဟုတ္ဘူး"
"baby နဲ့ဝေးတဲ့နေရာမှာမနေချင်ဘူး ဘာတှေစိတ်ကောက်နေတာလဲကှာ ပှင့်ပှင့်လင်းလင်းပြောပါ"
"ဟှန့် ဉီးဆိုး မမွမပန်းနဲ့ရည်းစားတှေမဟုတ်လား မမွမပန်းကိုမယူဘဲ ဘာလို လရိပ္ကိုယူတာလဲ ဖယ် ရေဆာလို့ အောက်ဆင်းပြီး ရေသောက်မလို့"
လရိပ် မျက်နှာလေးတည်တည်နဲ့ ဆိုးကို တွန်းဖယ်ပြီးအောက်ျကိုဆငျးသညျ။ ဆိုးကလည်း လရိပ်ကို ဘေးနားကနေလိုက်ရှင်းပြ၏။
ဉီးဆိုးနဲ့ မြပန်းက ဘာမှမဟုတ်ပါဘူးကွာ မယ်တော်ကြီး မသေခင်က စေ့စပ်ဖို့အထိပဲ စကားပြောထားတာပါ baby နဲ့ လက်ထပ်တာကလည်း မြပန်းနဲ့အပြတ်ရှင်းပြီးမှပါကွာ baby ကို အချစ်ဆုံးပါ"
"မသိဘူး လရိပ် စိတ်စိုးတယ် "
"ဉီးဆိုး ေချာ့တယ်လေးကွာ ေနာ္ "
"ဟွန့် အဲလိုချော့လိုမရဘူးနော်"
"ဘယ်လိုချော့ရင်ရလဲ "
"မသိဘူး ဉီးဆိုး ဘာသာစဉ်းစားကြည့်ပေါ့ "
"အင်ဟုတ်ပြီး ဒီလိုချော့မယ် ဆိုကာ လရိပ်ကို ပွေ့ချီပြီး အခန်းထဲသို့ခေါ်သွားသည်။လရိပ် မှာ ရုန်းကန်ပြီးလိုက်သွားရသည်။ အခန်းထဲရောက်လျှင် လရိပ်ကို မွေ့ယာပေါ်ချပြီးလျှင် နူညံသောအနမ်းတွေပေးသည်။
"ဉီးဆိုးကို ချော့ခိုင်းနေတာလေး ဘာလို့နမ်းနေတာလဲ"
"်အနမ်းတွေနဲ့ ချော့နေတာလေး စိတ်စိုးမပြေမချင်းချော့တယ် "
"ဟာ အဲလိုချော့ခိုင်းတာမဟုတ်ဘူးလေး အာ.မနမ်းနဲ့"
"ကိုယ်က အဲလိုပဲ ချော့တတ်တာ baby မပြေမချင်နမ်းနေမှာပဲ "
"ပြေတယ်ပြေပြီး မနမ်းနဲ့တော့!!
"အော်တယ်ဆိုတော့ စိတ်စိုးနေသေးလို့ပေါ့နော် ရတယ် ဉီးဆိုးရအောင်ချော့မယ် "
ဆိုး ထပ်နမ်းဖို့ပြင်လျှင် လရိပ် မှာ ခေါင်းငြိမ့်ပြီး စိတ်စိုးပြေကြောင်းပြောရ၏။
တကယ် စိတ်စိုးပြေတာလား"
"ဟုတ်ပါတယ် ရှင် အပေါ်ကနေဖယ်တော့ လရိပ် အိပ်ချင်ပြီး"
"baby မအိပ်နဲ့အုံးကွာ"
"အိပ်ချင်နေပြီးညအိပ်တော့မယ် ဉီးဆိုးလည်း ဆိုဖာမှာ သွားအိပ်တော့"
"baby ဉီးဆိုး တို့မဂ်လာဆောင်တာ ဘယ်နှစ်ရက်ရှိပြီးလဲ"
"ဘယ်နှစ်ရက်ရှိပြီးလဲ၂ပတ်ရှိပြီးလေး "
"အခုလောက်ဆိုရင် လရိပ် အဆင်သင့်ဖြစ်ပြီး မဟုတ်လား"
"ဘာကိုအဆင်သင့်ဖြစ်ရမှာလဲ ဉီးဆိုး စကားပြောချင်ရင်ချင် မနက်မှာပြောတော့ လရိပ် အရမ်းအိပ်ချင်ပြီး "
"လာ ရင်ခွင်ထဲမှာအိပ် "
"မအိပ်ချင်ပါဘူး လွတ်လွတ်လပ်လပ်ပဲ အိပ်ချင်တာကို့ သွားနော် ဉီးဆိုး ကလိမ်မာတယ် ဆိုဖာမှာ သွားအိပ်နော်"
"ကောင်းပါပြီး ဒါဆိုရင်နမ်း"
"အင်ဟင်း လရိပ် မနမ်းတတ်ဘူး"
"အဲဒါဆိုရင် သင်ပေးမယ် "
ဆိုး လရိပ်ကို ထပ်နမ်းဖို့ပြင်လျှင် လရိပ် စောင်ကို ခေါင်းအထိဆွဲခြုံလိုက်၏။ ဆိုး ကလည်း မရမက စောင်ကိုဆွဲသည်။ လရိပ် ကလည်း စောင်အတင်းဖိထား၏။
နောက်ဆုံးတော့ လရိပ်ကို ကလိယားထိုးသည်။
"ဉီးဆိုး ယားတယ် မလုပ်နဲ့ ခစ် ခစ် ခစ် မလုပ်နဲ့လို့ "
baby အနမ်းမပေးရင် အူလိမ့်တဲ့ အထိ ကလိယားထိုးမှာပဲ ဆို၏။ နောက်ဆုံး လရိပ် ဉီးဆိုးရဲ့ နဖူးကို အနမ်းပေးလိုက်ရသည်။
@@@
"နင်တို့တွေ သူကို ဖမ်းခေါ်ခဲ့ပါ"
တပည့် သုံးယောက်က ဓာတ်ပုံကိုကြည့်ပြီး ခေါင်းငြိမ့်ပြ၏။
သူ့ကို ဖမ်းပြီးရင် ငါမြေအောက်ခန်းထဲခေါ်ခဲ့ပါ"
"ဟုတ်ကဲ့ မမလေး"
မြပန်း တစ်ယောက် လရိပ်ကို မကောင်းကြံနေသည်။ဆိုးက သူကိုမရွေးဘဲ အိမ်ဖော်မကို ရွေးသွားလို့ တအားခံရခက်နေသည်။ မြပန်းလည်း သူကန်ထုတ်တဲ့ အမှိုက် တကယ်အဖိုးတန် ကျောက်ဖြစ်နေတော့ ပြန်လိုချင်နေသည်။
@@@@
"ဉီးဆိုး ဒီနေရာကို ဘာလိုခေါ်လာတာလဲ"
"အင်းး ဘာကြောင့်လို့ထင်လဲ"
"မသိဘူးလေး နေရာကတော့ အကျယ်ကြီးပဲ "
အခန်းကို ဝေ့ကြည့်ပြီးပြောနေတဲ့ လရိပ်ရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး ဆိုး ပြုံးနေသည်။ သူမလေး ရောကျလာမှသူ့ဘဝက အမြဲတမ်းပျော်ရွှင်နေရ၏။
ဒီနေရာလေးမှာ babyနဲ့ဉီးဆိုး စားသောက်ဆိုင်ဖွင့်မယ်လေး"
"အမယ် ဉီးဆိုးက ဟင်းလည်းမချက်တတ်ပဲနဲ့ အဟီး လရိပ်တော့ စားသောက်ဆိုင်ဖွင့်ရမယ်ဆိုတော့ ပျော်တာပေါ့ ဒါနဲ့ ဉီးဆိုး ဟိုအလုပ်ကရော့ ဘယ်လိုလုပ်မှာလဲ"
"baby အဲဒီအလုပ် ဉီးဆိုး ကိုလုပ်စေချင်လို့လား"
"အင်ဟင်း အဲဒီအလုပ်က ဒုစရိုက်အလုပ်ကြီးလေး ဉီးဆိုးကို လူကောင်းဖြစ်စေချင်တယ်"
အဟင်း baby မကြိုက်ဘူးဆိုသိလို့ ဉီးဆိုး အဲဒီအလုပ်ကို စွန့်လွှတ်လိုက်ပြီး"
"ယေးး တကယ်နော် ယေး ဉီးဆိုးရယ် လရိပ်အရမ်းပျော်တာပဲဆိုကာ ဆိုးကို ဖက်ထားသည်။
လရိပ် တကယ်ပျော်နေမှန်း ဘေးလူတွေပါမြင်ရင်သိနိုင်၏။ဆိုးကတော့ လရိပ်ကို တင်းကျပ်စွာပြန်လည်ဖက်ထားသည်။
အပျော်လွန်နေတဲ့ လရိပ်က ဆိုးကို ဖက်ထားမှန်းသတိမထားမိပါ။အတန်ကြာတော့ အသံစွာစွာနဲ့ရန်တွေ့၏။
"ဉီးဆိုး ဘာလိုဖက်တာလဲ လွှတ်"
"အရင်ဖက်တာ ဘယ်သူလဲ"
"အဲဒါက လရိပ် အပျော်လွန်လို့ပါနော် အခုမဖက်တော့ဘူး လွှတ်တော့"
"မရဘူးကွာ ဖက်တုန်းကဖက်ပြီး အခုမှာ အဖက်မခံချင်လို့မရဘူး"
"ဉီးဆိုးနော် လွှတ်လွှတ် မလွတ်ဘူးပေါ့ ကဲဟာ"
"အား တအားလုပ်တာပဲ ခြေထောက်နာသွားပြီး"
ဉီးဆိုးကို ပြောသားပဲ လွှတ်ဆိုတာကို လွတ်မှမလွှတ် ဟွန့် အရမ်းအသားယူတဲ့အဲဒီလက်ကြီးကို ကိုက်ပစ်အုံးမယ်"
"baby ကို ဉီးဆိုးက လူလို့ထင်ထားခဲ့တာ အဟက် လက်စသတ်တော့ ခွေးမလေး ဖြစ်နေတာကို့"
"ဘာ ဘာပြောတယ် ဉီးဆိုး သာ ဘီလူးကြီး ဆိုကာ လရိပ် လိုက်ရိုက်လျှင် ဆိုးက ရယ်မောပြီးထွက်ပြေးသည်။
"ဟာ လိုက်ရိုက်တယ် ခွေးမလေးအတွက် အရိုးဝယ်ထားရမယ် "
"ဉီးဆိုးနော် မပြေးနဲ့ အခုရပ်"
"ရပ်ရင် ခွေးကိုက်ခံရမယ်ဗျို့!!!"
"ဉီးဆိုးနော်"ဆိုကာ လရိပ် လိုက်ရိုက်သော်လည်း ဆိုးကတော့ ကလေးတစ်ယောက်လိုရယ်မောကာ သူမလေးကို ပြေးဖက်သည်။လရိပ်ကလည်း ဆိုးရဲ့ ရင်ဘက်ကြီးကို အားပါးတရထုပစ်သည်။
@@@
"သခင်မလေး ကိုတွေ့ချင်လို့တဲ့"
"ဘယ်သူလဲဟင်"
"သခင်မလေးရဲ့ သူငယ်ချင်း ပူစူးမတဲ့"
"ဟုတ်လား တံခါးဖွင့်ခိုင်းလိုက်ပါ"
လရိပ် စကားအဆုံးမှာ အစောင့်တစ်ယောက်က ခေါင်းငြိမ်ံပြပြီး ပြန်ထွက်သွားသည်။မကြာခင် ဝမ်းသာအားရ လရိပ် ကိုပြေးဖက်တဲ့ ပူစူးမကြောင့် လရိပ် ပြုံးမိသည်။
"နင်တစ်ယောက်ထဲ လာတာလား"
"ဟုတ်တယ် လမ်းကြုံလို့ ငါအဝတ်စားလာဝယ်ရင် နဲ့လာတာ"
"ဟုတ်လား ငါနဲ့အတူသွားဝယ်ရအောင် အရင်တုန်းကဆို နင်နဲ့ငါဘေထုပ်ဆိုင်မှာ အဝတ်စားရွေးနေကျ အဲဒီအချိန်တွေကို အရမ်းလွမ်းတာပဲ အခုသွားဝယ်ကြမယ်"
"နင်က သူဌေးမကြီး ဖြစ်နေပြီးပဲ မလိုက်ပါနဲ့ဟာ နင်ယောက်ျားအရှက်ရနေအုံးမယ်"
"အို သူများပစ်စည်းခိုးတာမှမဟုတ်တာ ရှင့်ဘုရင်ကတော်ကောက်လို့ မိဖုရားဖြစ်လာတာပဲ ဒါပေမဲ့ ဇီးသည်မဗျိုင်းလို ဘဝမမေ့တတ်ပါဘူးဟာ အတူတူသွားရအောင် လာ အရင်လို လိုင်းကားတိုးစီးမယ် "
"မလိုက်ပါနဲ့ဟာ နင်ပင်ပန်းမယ်"
"အမယ် ဒီမှာပူစူးမ ငါကလေး ဆင်းရဲတဲဘဝနဒ့ကြီးပြင်းလာလို့ ဆင်းရဲတဲ့ဒဏ်ကို လုံးဝခံနိုင်တယ် အခုလိုချမ်းသာတဲ့ဒဏ်ကိုသာ မခံနိုင်တာ လာသွားမယ် စကားများမနေနဲ့"
နှစ်ယောက်သား တစျယောကျလကျကိုတစျယောကျဆှဲပြီး အိမ်ရှေ့ထွက်ခဲ့သည်။လရိပ်က အိမ်နေရင်းဂါဝန်အဖြူလေးနဲ့ပါပဲ သူများသူဌေးမတွေလို့ အပြင်သွားရင် အဝတ်တစ်စုံမလှဲပါဘူး။စားပွဲပေါ်က ပိုက်ဆံအိတ်ကိုယူပြီးထွက်ခဲ့သည်။
"သခင်မလေး ဘယ်သွားမလို့လဲ"
"သူငယ်ချင်း နဲ့အပြင်ခဏသွားအုံးမယ်
"သခင်လေးကို ခွင့်တောင်းပြီးပြီးလား"
"တောင်းစရာလို့ရအောင် လရိပ် ကအကျဉ်းသားမဟုတ်ဘူး တံခါးဖွင့်ပေး"
"ဖွင့်ပေးလို့မရပါဘူး သခင်မလေး "
"ဟွန့် "
မျက်နှာစူပုတ်ပြီး ပိုက်ဆံအိတ်ထဲက ဖုန်းကိုယူပြီး ဆိုး ဆီဆက်၏။ဖုန်းကိုင်တာနဲ့ ချက်ချင်းတန်းကိုင်တာကြောင့် လရိပ် ဟဲလိုတွေဘာတွေလုပ်မနေပဲ လိုရင်းကိုသာပြောလိုက်သည်။
"ဉီးဆိုး လရိပ် အပြင်သွားမလို့"
"အင် သွားလေး ဉီးဆိုး တပည့်နှစ်ယောက်ကို ထည့်ပေးလိုက်မယမ"
"အဲလိုကြီးမသွားချင်ဘူး သူငယ်ချင်းနဲ့ပဲသွားမယ် ဉီးဆိုးနော် လရိပ်ကို မချုပ်ချယ်ပါနဲ့"
"Ok ဉီးဆိုး အခုပြန်လာခဲ့မယ် ခဏစောင့်အဲဒီကျရင် ဆုံးဖြတ်ပေးမယ်"
"ပြီးရော့ ကြာနဲ့နော်"
ချစ်ရသူ ဖုန်းချသွားသည်နှင် ဆိုး အစည်အဝေးကို ရပ်နားလိုက်သည်။
"မနက်ဖြန်မှာ ဆက်ပြောကြမယ် အားလုံးနားကြတော့ "
"ဟုတ်ကဲ့ သခင်လေး"
ရုံးခန်းထဲမှာ ဘယ်သူမှမထွက်ခင် ဆိုး ပြေးထွက်ခဲ့သည်။ကားပါကင်အရှေ့ရောက်တာနဲ့ တပည့်ဖြစ်သူက
သခင်လေး ကျွန်တော် လိုက်ပို့ပေးမယ်"
"ရတယ်မလိုဘူး မင်းလုပ်စရာရှိတာလုပ် ငါကိုကားသော့ပေး"
"ဟုတ်ကဲ့ "
ကားသော့ရတာနဲ့ ဆိုးအမြန်ဆုံးမောင်းကာ အိမ်သို့ပြန်ခဲ့သည်။
@@@@
"baby လိုင်းကားတော့မစီးပါနဲ့ ကားငှားသွားရအောင်"
"အင်ဟင်း လိုင်းကားပဲစီးမှာ ဉီးဆိုး မလိုက်ချင်ရင်နေခဲ့ ဟွန့် သူများသူငယ်ချင်းနဲ့လွတ်လွတ်လပ်လပ်သွားချင်ပါတယ်ဆို လိုက်လာသေးတယ်"
"စိတ်မချလို့ပါကွာ ကဲ့လိုင်းကားပဲစီးပါမယ်"
ကားရောက်တာနဲ့ သုံးယောက်လုံး ကားပေါ်တက်ကြ၏။ ကားက လူပြည့်နေတာကြောင့် ထိုင်ခုံမရပါ။ ဆိုးကတော့ လရိပ်ကို ရင်ခွင်ထဲထည့်ထားသည်။
အမြဲတမ်း ကိုယ်ပိုင်ကားပဲစီးလာတဲ့ ဆိုး တစ်ယောက် လူပြည့်ကျပ်နေတဲ့ လိုင်းကားကို စိတ်ညစ်ပြီး စီးရသည်။ အရေးထဲ ချွေးအနမ်းတွေကြောင့်ခေါင်မူးရသလို့ ဆိုးတစ်ကိုယ်လုံးချွေးတွေပြန်နေ၏။
@@@@
"ဒါလေးက ဉီးဆိုးနဲ့လိုက်မယ် ခဏကပ်ကြည့်မယ်"
"ဟယ် နင်အဝတ်စားအရောင်ကြီး တောက်တောက်ပြောင်ပြောင်ကြီး သခင်လေးနဲ့ မလိုက်ဖက်ပါဘူးဟာ"
ဆနွင်းမှုန်ရောင်နဲ့ တူနေတဲ့ အင်ကျီ ကျားသစ်ကွက်ကိုကြည့်ပြီး ပူစူးမ ပြောတာမမှားဘဲပေမဲ့ တမင်သက်သက် ဝတ်ခိုင်းချင်တာပါ။
လှပါတယ်ဟာ ဉီးဆိုးနဲ့ အရမ်းလိုက်တာ ဉီးဆိုးကြိုက်တယ်မဟုတ်လား"
"အင် ကြိုက်တယ်"
"တွေ့လား ဉီးဆိုးက ကြိုက်တယ်တဲ့ ဒီအဆင်လေးနဲ့လည်း ဉီးဆိုးအရမ်းလိုက်မှာ"
အနီရောင်တောက်တောက်ကိုကြည့်ပြီး ဆိုး ခေါင်းငြိမ့်ပြရသည်။ လရိပ် ကို အပြင်တစ်ယောက်ထဲ ပေးမလွတ် တမင်သက်သက် ဆိုး မကြိုက်တဲ့အရောင်တွေ ရွှေးပေးနေသည်ကိုလည်းသိနေသည်။ သူမလေးရဲ့ ကလေးဆန်မှုကြောင့်လည်း ဆိုး ရယ်မိသည်။
"အဒေါ်ကြီး တစ်ထည်ဘယ်လောက်လဲ"
"ခုနှစ်ရာပါ သမီး"
"ဟုတ်ကဲ့ ပြောင်လဲနေတဲ့ ယောကျာ်းဝတ်တွေ အကုန်ယူပါမယ် လျော့ပါအုံး"
ဆိုး မျက်လုံးပြူးကာ တားသော်လည်း မရပါသဖြစ် ခေါင်းပဲကုတ်နေရသည်။
နောက်နေ့ဆကျရနျ
စာရေးသူ သွေးမိန့်