အချစ်ပန်းတွေဝေခဲ့သည်
"ကဲ့ ရပြီး ဟူး မောလိုက်တာ ထမင်းကြော်ကြော်ရတာ တကယ် ပင်ပန်းတယ်"
"သိပြီးမဟုတ်လား ဟွန့် ကဲ့ဒီနားမှာ လာထိုင် နဖူးမှာချွေးတွေချည်းပဲ ဆိုကာ လရိပ် ဆိုးရဲ့ နဖူးကို ချွေးသုတ်ပေးသည်။ဆိုး တစ်ယောက် ပင်ပန်းမှုတွေအာလုံး လရိပ်ရဲ့ ချွေးသုတ်ပေးမှုအောက်မှာ ပြေသွားရသည်။
"ဒါလေးချက်တာကို ချွေးထွက်ရတယ်လို့ ရော့ ရေလည်းသောက်အုံး"
"baby အခုလိုကရုစိုက်တော့ အမောကိုပြေသွားတာပဲ ကဲ့ ဉီးဆိုး လက်ယာမြည်းကြည့်"
အလွန် ငန်သောအရသာကြောင့် ချက်ချင်းထွေးထုတ်ချင်ပေမဲ့လည်း ဉီးဆိုး အပင်ပန်းခံပြီးချက်ထားတာကြောင့် မထွေးထုတ်ရက်ပါ။ လရိပ် စားတာကိုကောင်းမကောင်း မျှော်လင့်တကြီး ကြည့်နေတဲ့ ဉီးဆိုး၏မျက်လုံးတွေက အရမ်းတောက်လျက်ပါ။
"ဘယ်လိုနေလဲ babyစားကောင်းလား"
"ဟုတ်ကောင်းတယ် လရိပ်ပဲ စားလိုက်တော့မယ် ဉီးဆိုးက တစ်ခြားဟာစား ဉီးဆိုးမုန့်ဟင်းခါး ကြိုက်တယ်ဆိုလို့ ဉီးဆိုး မသိအောင် သွားဝယ်ထားတာ"
"baby ကလည်း အဲလိုတော့မရဘူးလေး ကိုယ်လက်ယာကိုယ်မြည်းရမှာပေါ့ တစ်လုပ်လောက်ခွံပါလား baby"
"အင်းဟင် မကျွေးဘူး လရိပ် ဘာသာစားမှာနော် "
"လောဘမကြီးရပါဘူး baby မကျွေးလည်း ကိုယ်ဘာသာယူစားတော့မယ် ဉီးဆိုး လက်ယာကအဲဒီလောက်ကောင်းမှန်းမသိခဲ့ဘူး "
ဆိုး က တစ်ဇွန်းယူစားကြည့်၏။ ပါးစပ်ထဲရောက်တာနဲ့ ချက်ချင်း ဘေစင်ကိုပြေးပြီး ထွေးထုတ်သည်။ လရိပ် လက်ကလေးကို ပါးစပ်နားအုပ်ပြီး တစ်ခစ်ခစ် ရယ်မောသည်။
"ငန်လိုက်တာ ငန်လိုက်တာ baby ရာ ဒါကိုများကောင်းတဲ့ပြောသေးတယ် "
"ခစ် ခစ် ခစ် ဉီးဆိုး ပင်ပင်ပန်းပန်းချက်ထားတာကြောင့် လရိပ်က သည်းခံပြီးစားပေးမလိုပါ ခစ်ခစ် ဉီးဆိုး မမြည်းကြည့်ဘူးလား "
"အင်းဟင် baby အငန်ကြိုက်တယ် ထင်လို့ ဆားများများထည့်မိတာ "
"ဖြစ်ရမယ် ဉီးဆိုးရယ် နောက်ဆိုရင်မြည်းကြည့်ရတယ် "
"ဟုတ်ပါပြီး ကဲ့ဒါတွေအမှိုက်ပုံးထဲထည့်ပြီး ပစ်လိုက်မယ်"
"မပသ်ပါနဲ့ နှာမျောစရာကြီး အလကားမဖြစ်ရအောင် လရိပ် လုပ်ပေးမယ်"
"ဘယ်လို လုပ်မှာ ဒီလောက်ငန်တာကို့"
"ထမင်းဖြူနဲ့ ပြန်ရောမှာပေါ့ ဉီးဆိုးရ. အလဟာသအဖြစ်မခံနိုင်ဘူး.လရိပ် ပြန်ပြင်ပြမယ်"
လရိပ် ထမင်းကြော်ကို ထမင်းဖြူအများကြီးနဲ့ ရောပွီး ပြန်ပြင်၏။ ဆိုး က ဘေးနားကနေဝိုင်းကူသည်။ တစ်အောက်နေ့ အရသာရှိပြီး မွေးကြိုင်သော ထမင်းကြော်ရသွားသည်။
"မြည်းကြည့်."
"အင် စားကောင်းလိုက်တာ မငန်တော့ဘူး "
"ဒါဆိုရက်လည်း စားကြတာပေါ့ ဟိုကောင်လေးတွေ အတွက်လည်း ချန်ထားရမယ် ဟူးး ထမင်းကြော်စားရဖို့အရေး တစ်နေ့ကိုကုန်သွားတာပဲ"
"နောက်ကျရင် ဉီးဆိုး သေချာ ချက်ကျွေးပါမယ်"
"တော်..တော် လရိပ် အစာအိမ်ဖြစ်မယ် "
"အဟင်း မဖြစ်စေရပါဘူး ဉီးဆိုး ကတိပေးတယ်"
ဆိုး စကားကို လရိပ် က မျက်စောင်းထိုးပစ်သည်။ဒါကိုမြင်တဲ့ ဆိုးက လရိပ်ရဲ့ ပါးပြင်ကို ဖျစ်ညစ်ပစ်သည်။
@@@@
"အခုချက်ချင်း မူးယစ်ဆေးတွေကို မီးရှို့ပစ်ပါ"
"သခင်လေး နှာမျောစရာကြီး"
"နှမျောမနေနဲ့ အဲဒါတွေက လူငယ်တွေရဲ့ဘအနာဂတ်ကို ပျက်စီးနေတာ ချက်ချင်း မီးရှို့ပစ်"
ဆိုးရဲ့ အမိန့်ကြောင့် မူးယစ်ဆေး အပုံလိုက်ကို မီးရှို့ပစ်လိုက်သည်။ တပည့်တွေကတော နှမျောစွာကြည့်နေသည်။
"သခင်လေး"
"ဘာတုန်း မိန်းကလေးအယောက်၂၀၀ ကျွန်တော်ဆီမှာ အဆင့်သင်ရှိနေပြီး တစ်ဖက်နိုင်ငံကို ရောင်းဖို့လည်း ရယ်ဒီဖြစ်နေပြီး"
"မရောင်းနဲ့တော့ မိန်းကလေးတွေ အားလုံးကို ပိုက်ဆံပေးပြီး သူ့တို့နေရပ်ပြန်ပို့လိုက်ပါ"
"ဘာကြောင့်လဲ သခင်လေး ဒါဆိုရင် ကျွန်တော်တို့ငွေရှုံးပြီး အများကြီး သိန်းပေါင်းတစ်သောင်းတောင်"
"အဟက် အဲဒါတွေက ပြန်ရှာလို့ရတယ် ဒီနေ့ကစပြီး ငါသမာအာဇီဝနဲ့ပဲ အသက်မွေးတော့မယ်"
"ဗျာ ကျွန်တော် နားကြားမှားတာလား သခင်လေး"
"မမှားဘူး ငါသာမန်ဘဝနဲ့ပဲ နေချင်တော့တယ် ငါအနားမှာ ငါမိန်းမနဲ့မေမေရှိနေရင် အားလုံးပြည့်စုံပြီး ဘယ်အရာကိုမှမလိုအပ်တော့ဘူး "
"ဒါဆိုရင် ကျွန်တော်တို့က ဘယ်လိုလုပ်ရမလဲ သခင်လေး"
"မင်းတို့ အတွက် ငါစီစဉ်ပြီးသာပါ ငါစားသောက်ဆိုင်ဖွင့်မယ် မင်းတို့က အဲဒီမှာ ဝိုင်းကူပါ မလုပ်ချင်လည်း တစ်ခြားဂိုဏ်းကိုပြောင်းရွေလို့ရတယ်"
"မပြောင်းချင်ပါဘူး သခင်လေးအနားမှာပဲ နေပါရစေ"
"မင်းတို့သဘောပါ "
ဆိုး တပည့်တွေကို စကားပြောပြီးသည်နှင့် သူငယ်ချင်းဖြစ်သူဆီကိုလာခဲ့သည်။ သူ့လူကောင်းဘဝနဲ့ နေတော့မယ်ဖြစ်ကြောင်းကို အသိပေးချင်တာပါ။သူငယ်ချင်းဖြစ်သူ အရမ်းဝမ်းသာမှာကို လည်း မြင်ယောင်မိပါတယ်။
@@@
"တံခါးဖွင့်စမ်း"
"သခင်လေးမရှိပါဘူး မမမြ"
"နင်တို့ သခင်မ ရှိတယ်မဟုတ်လား ဖွင့်စမ်း"
"ဖွင့်ပေးလို့မရပါဘူး သခင်လေးက ဘယ်ဧည်သည်မှာ ဖွင့်ပေးလို့မပြောထားပါဘူး "
"တောင် ငါဘယ်သူလဲ သိတယ်မဟုတ်လား"
"သိပါတယ်ဗျာ ဒါပေမဲ့ သခင်လေး အမိန့်ကို မလွန်ဆန်နိုင်ပါဘူး"
"တောက် တော်တော့ ပြောရခက်တာပဲ"
"ဘာဖြစ်နေကြတာလဲ "
"ဘာမှမဟုတ်ပါဘူး သခင်မလေး အထဲပြန်ဝင်ပါ"
အစောင့်ဖြစ်သူရဲ့ စကားကိုနားမထောင်ဘဲ လရိပ် လာမိသည်။မိန်းမလှလေးတစ်ယောက်က ဘယ်သူလဲဆိုတာ သိချင်စိတ်ဖြစ်ပါ။ ထိုမိန်းကလေးကို မြင်လျှင် လရိပ် တုန်လှုပ်သွားရသည်။
မရဏစံအိမ်မှာတုန်းက လူတစ်ယောက်ကို ရက်ရက်စက်စက် ဓားနဲ့ထိုးသတ်တဲ့ မိန်းကလေးဖြစ်နေလို့ပါ။
"လရိပ်ကို လာသတ်တာလားမသိဘူး အရီင်ဘုရား တပည့်တော်မကို ကယ်ပါ"
"မင်းက မောင်ရဲ့မိန်းမ အခိုင်းစေလား"
"လရိပ်..လရိပ်က..ဉီးဆိုးရဲ့မိန်းမပါ မောငိဆိုတဲ့လူရဲ့ မိန်းမ မဟုတ်ပါဘူး"
"တောက် အူကြောင်ကြောင်နဲ့ ကိုနတ်ဆိုးကို ငါက မောင်လိုခေါ်တာ နင်က ငါမောင်ကို စနိုက်ကြော်တာပဲ "
"လရိပ် အဲဒီအရွက်ကိုမကြော်ဖူးပါဘူး "
"တောက် တောသူမ ခေတ်စကားလည်းနားမလည်းဘူး နင်ကို လင်လုမလိုပြောတာ မောင်နဲ့ ငါက စေ့စပ်ထားတာ ကြားတဲ့က နင်ဖြတ်လုသွားတာ အဲဒါကို စနိုက်ကြော်လို့ခေါ်တယ်"
လရိပ် မျက်နှာလေး ညှိုးသှားရသညျ။ဉီးဆိုးက လရိပ်ကို တကယ်မချစ်ဘူးထင်သွားသည်။
လရိပ် စနိုက်မကြော်ဘူး ဉီးဆိုးကို သာ ပြော လရိပ်ကို လာမပြောနဲ့ပြောကာ အိမ်ထဲကို လရိပ် စိတ်တိုနဲ့ ဝင်သွားသည်။မြပန်း ကတော့ လရိပ်ကို အရမ်းမုန်းသွားကာ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
@@@@@
"baby ရေ အိပ်ရအောင်"
"ဘုတ် ဒုန်း အပြင်မှာထွက်အိပ် အခန်းထဲဝင်ဖို့မစဉ်းစားနဲ့ "
ခေါင်းအုံးကို ဆိုးထံပစ်ပေးပြီး တံခါးကို အမြန်ပိတ်ကာ ပြောလိုက်သည့် သူမလေး စကားကြောင့် ဆိုး ဘာလုပ်ရမှန်းမသိပါ။
"ဒေါက် ဒေါက် baby ဉီးဆိုးကို စိတ်စိုးနေတာလား.ဉီးဆိုး ဘာလုပ်လိုလဲ"
"ဘာလုပ်လို့လဲ ဟုတ်လား မေးရဲတယ်နော် မျက်နှာများတဲ့ ဒဿဂရီကတောင် အရှုံးပေးရပါလား ဒီမှာ ဉီးနတ်ဆိုး နဲ့ရန်မဖြစ်ချင်ဘူး သွားတော့"
"baby ရာ ဘာဖြစ်တာလဲ ဉီးဆိုး ဘာအမှားလုပ်မိလို့လဲ"
"အဟွန့် မသိချင်ယောင်ဆောင်နေတယ် ဒီမှာ လရိပ်က ဉီးဆိုးရဲ့ အပျော်မယားမဟုတ်ဘူးနော် ဉီးဆိုးအဖေလို မိန်းမသုံးယောက်ယူဖို့မစဉ်းစားနဲ့ အဝေးကြီးကိုထွက်သွားပစ်လိုက်မယ်"
"baby ဉီးဆိုးဘာလုပ်လို့လဲ အေးအေးဆေးဆေးစကားပြောပြီးရှင်ရအောင် တံခါးဖွင့်ပေးနော်"
"မဖွင့်ဘူး လုံးဝမဖွင့်ဘူး သွားတော့ လရိပ်အိပ်ပြီး ဟုပြောသည်။ ဆိုးမှာ ခေါင်းအုံကိုဖက်ကာ တံခါးကိုမှီအိပ်ရ၏။
နောက်နေဆက်ရန်ဗျာ
စာရေးသူ သွေးမိန့်