book

Index 13

အပိုင်း(၁၃)

  • Author : Thwe Mate
  • Genres : Romance, Comedy, Drama, Fantasy

အချစ်ပန်းတွေဝေခဲ့သည်


"baby.  ဉီးဆိုးကို ရေတိုက် ရေဆာလို့"


"ဉီးဆိုးကတော့လေး ရော့"


အဖုံးပဲ ဖွင့်မပေးနဲ့ လေး တစ်ခါတည်းတိုက် ဉီးဆိုး ကကားမောင်းနေတော့ သောက်လို့မရဘူးလေ"


"အပိုတွေ လုပ်မနေနဲ့ မီးပွိုင့်မိနေတာကို ရော့ ကိုယ်ဘာသာ သောက် တစ်ခုသတိပေးရအုံးမယ်နော် ဉီးဆိုး တို့က ဂိုဏ်းသားတွေဆိုတော့ မဟုတ်တာလုပ်မှာ အသေအချာပဲ မူးယစ်ဆေးနဲ့ လူကုန်ကူးတဲ့လို လရိပ် သိလို့ကတော့ ဉီးဆိုးကိုအရမ်းမုန်းမှာနော်"


"စိတ်ချပါဗျာ လရိပ် မုန်းတဲ့အလုပ်ကို ဉီးဆိုး ဘယ်တော့မှမလုပ်စေရဘူး"


"ပြီးတာပဲ အဲဒီအလုပ်တွေလုပ်တဲ့လို့ကြားလို့ကတော့ လရိပ် ဉီးဆိုးအနားကနေ အဝေးဆုံးထွက်သွားမှာ"


baby နောက် ဉီးဆိုး အနားကနေ ထွက်သွားမယ်လို့ မပြောနဲ့ကွာ စကားလေးနဲ့တောင် အပြောမခံနိုင်ဘူး  အဲဒီလောက်ထိ babybကိုချစ်တာ "


ချစ်တယ်ဆိုတဲ့ စကားကြောင့် လရိပ် ခေါင်းလေးငုတ်သွားရသည်။ ဉီးဆိုးရဲ့ ချစ်တယ်လိုပြောတိုင် ရင်ခုန်သံတွေမြန်မြန်လာပြီး ပါးပြင်နှစ်ဖက်ကနီလာတာ ကိုယ်ကို အသိဆုံးပါ။


"baby မျက်နှာတွေနီနေပါလား နေမကောင်းဘူးလား"


"ကောင်းပါတယ် ဉီးဆိုး လရိပ် နေပူလို့ပါ"


"အင်ယားကွန်းဖွင့်ထားတာတောင် ပူနေတုန်းလား"


"မသိဘူး ဉီးဆိုး ဗိုက်ဆာတယ်"


"ဟုတ်ပြီး ဉီးဆိုးအမြန် မောင်းပေးနော်"


ဆိုး ကားကို အမြန်မောင်းကာ ကုန်တိုက်သို့လာခဲ့သည်။ကုန်တိုက်ရောက်လျှင် စားသောက်ဆိုင်ဘက်ကို လာခဲ့သည်။စားပွဲတစ်ခုမှာ နေရာယူသည်။


"baby ဘာစားမလဲ"


"ကြက်ကင်စားချင်တယ်"


"Ok "


ဆိုး တစ်ယောက် တပည့်ဖြစ်သူကို ကြက်ကင်လှမ်းမှာသည်။


"ကြက်ကင် ၂ကောင်မှာပေး ပြီးရင် မင်းတို့ ကားနားမှာစောင့်နေပါ ငါတို့နှစ်ယောက်ပဲ လွတ်လွတ်လပ်လပ် နေချင်တယ်"


"ဟုတ်ကဲ့ သခင်လေး"


ဆိုး တပည့်ဖြစ်သူကိူ မှာပြီး မကြာခင် မွှေးကြိုင်သင်းပျံတဲ့ ကြက်ကင်နှစ်ကောင်ရောက်လာသည်။


"wow မှေးနရော့ စားပြီးနော် ဉီးဆိုး"


"စားစေဗျာ"


လရိပ် အတွက် ဆိုး က လက်သေချာဆေးပြီး အသားလေးတွေဖယ်ပြီး ခွံ့သည်။


"ရော့ babyစား"


"ဉီးဆိုးလည်း စားလေး"


"baby ခွံကျွေးရင် စားမယ်"


"ခဏနော် ဉီးဆိုး အတွက် အသားယူပေးမယ် ဟ"


လရိပ် ခွံကျွေးတာကြောင့် ဆိုး ပြုံး၍ စားသည်။ ခွံလိုက်တဲ့ လရိပ်ရဲ့ လက်ကလေးကို လည်း မနာအောင်ကိုက်ပစ်သည်။


"ဟာ ဉီးဆိုးကလည်း ကိုက်တယ် တော်ပြီး နောက်မခွံတော့ဘူး"


"ခွံပါဗျာ ချစ်လွန်လို့ ကြည်စယ်လိုက်တာပါဗျာ "


"ကိုယ်ဘာသာစားတော့ လရိပ် လက်သွားဆေးတော့မယ်"


"ဘာလဲ ဉီးဆိုးကို ရွံတာလား"


ဆိုး လေသံ မာမာနဲ့ပြောလျှင် လရိပ် မှာ ဉီးဆိုး စိတ်စိုးသွားပြီးဆိုတာသိတာကြောင့် စကားကို ထိန်းပြောရသည်။


လရိပ်က ဉီးဆိုးကို ရွံ့လိုမဟုတ်ပါဘူး အဲဒီလောက်စိတ်မတိုပါနဲ့ လရိပ်က ဉီးဆိုး ခွံကျွေးတာပဲ စားမလို့ကို့ တော်ပြီး ဉီးဆိုး ကိုမခေါ်တော့ဘူး"


"အဲလိုလား မသိလို့ပါ baby ရာ ဉီးဆိုး ခွံကျွေးပါမယ် လက်သွားဆေးလေး"


"မဆေးတော့ဘူး တစျရှုးနဲ့ ပဲ သုတ်လိုက်တော့မယ် အာ"


လရိပ် ကလေးတစ်ယောက်လို ခွံခိုင်တာကြောင့် ဆိုးမှာ ကျေနပ်စွာခွံသည်။ သူကနည်းနည်းပဲစားပြီး လရိပ်ကို ခွံသည်။


"baby ခဏလေး ဉီးဆိုး ဖုန်းလာလို့ အလုပ်အကြောင်းပြောလိုက်အုံးမယ် "


"ဟုတ်ကဲ့"


@@


"ဟဲလို"


"မြပန်းပါ မောင်"


"နေစမျးပါအုံး မင်းကိုယ်ကို့ မောင်လို့သုံးစရာမလိုဘူးထင်တယ် မင်းနဲ့ငါ ဘာအကန့်မှမရှိဘူး"


"မောင်ကလည်း စကားပြောရင့်လာချည်းလား အမှန်တကယ် မြပန်း မှားသွားပါတယ် မောင်ရဲ့မေမေရဲ့အဆင့်အတန်းကို မြပန်း လက်ခံပါတယ် မြပန်းဆီပြန်လာခဲ့ပါနော်"


"sorry ပဲ မြပန်း မင်းငါဆီနောက်ဘယ်တော့မှ ဖုန်းမဆက်နဲ့ ငါဇနီးကို ငါသိပ်ချစ်လို့ လက်ထပ်တာ မင်းကိုတော့ ငါဘယ်တော့မှ လက်မထပ်ချင်ခဲ့ဘူး ဒါပဲ"


ဆိုး ဖုန်းချပြီးသည့်နှင့် နောက်နံပါတ်တစ်ခုကိုနိပ်လိုက်သည်။ဖုန်းဝင်သွားချိန်မှာတော့ ဆိုး က ပြတ်သားသောအသံဖြစ် အမိန့်ပေးသည်။


"ငါအခုစီစဉ်ထားတဲ့ အစီစဉ်တွေ အားလုံးရပ်မယ်"


"......."


"ဘာကွာ တောက် ဒါပဲကွာ မင်းတို့အားလုံး အသုံးကိုမကျဘူး"


ဆိုး ဒေါသထွက်စွာ ဖုန်းချပြီး လရိပ် ဆီသို့ပြန်လာသည်။ လရိပ် ကစားသောက်ပြီးလို့ ဗိုက်ပြည့်နေပြီးဖြစ်သည်။


"baby သွားရအောင်"


"ဟုတ် ဆိုပြီး ထရပ်လိုက်လျှင် လရိပ် တစ်ခုခုခံစားမိတာကြောင့် ချက်ချင်းပြန်ထိုင်သည်။


"ဘာဖြစ်လိုလဲ baby "


"လရိပ် လရိပ် ဘယ်လိုလုပ်ရမလဲဟင်"


ငိုမဲ့မဲ့နဲ့ ပြောသည့် လရိပ် စကားကြောင့် ဆိုး ကြောင်သွားသည်။


"ဘာဖြစ်လို့လဲ baby အဝတ်စားတွေသွားဝယ်ရမယ်လေ "


"လရိပ် ဒီနားကနေ ဘယ်မှသွားလို့မရဘူး"


"ဘာလိုလဲ "


"ဉီးဆိုးကို ပြောပြလို့မရဘူး လရိပ် သေချင်တာပဲ"


တကယ်ကို အခက်တွေ့နေတဲ့ ချစ်ဇနီးလေး အနားသို့ တိုးကပ်သွားပြီး ဆွဲခေါ်လျှင်အတင်းရုန်းနေသည်။


"လရိပ် ဒီကနေဘယ်မှမသွားဘူး"


"baby အခက်တွေ့နေပြီး ပြောဘာအခက်ခဲလဲ"


လရိပ်မှာ ရှက်လည်းရှက်သော်လည်း ဉီးဆိုးကို မပြောပြရင်မရတာကြောင့် လရိပ် ဉီးဆိုးကို အနားသို့ခေါ်ပြီး တိုးတိုးလေးပြောလိုက်သည်။


"လရိပ် ဟိုဟာ လာနေတာ"


"ဘယ်ဟာတုန်း ဉီးဆိုးကို ပွင့်ပွင့်လင်းလင်းပြော ဉီးဆိုး တကယ်မသိလို့"


"သေခငျြတာပဲ လရိပ် တစ်လတစ်ခါလာတဲ့အရာ လာနေလို့"


"တစ်လ တစ်ခါဆိုတဲ့အရာ က ဘာကြီးတုန်း ဘာလိုလာရတာလဲ လာတာလည်း ဉီးဆိုး မတွေ့ပါဘူး"


လရိပ်မှာ ဉီးဆိုး စကားကြောင့် ငိုရအခက် ရယ်ရအခက်ပါ။ ဉီးဆိုး ကို ဘယ်လို ရှင်းပြရမလဲ မသိတာကြောင့် စိတ်ညစ်ရသည်။လရိပ် စိတ်ညစ်နေတုန်း ဉီးဆိုး ဖုန်းဝင်လာသည်။ 


"ဟဲလို မေမေ "


". ...."


"သား ကုန်တိုက်ရောက်နေတာ မေမေ "


". ...:. "


"ဟုတ်မေမေ ရော့ babyနဲ့ပြောချင်လိုတဲ့"


ထိုးပေးလာတဲ့ ဖုန်းကို ယူပြီး လရိပ် ယောက်ခမ ဖြစ်သူကို တရိုတသေ စကားပြောသည်။


"ဟဲလို မေမေ"


". ....."


"နေကောင်းတယ် မေမေ သမီး အခု စိတ်ညစ်နေတယ်"


". ....."


"သမီး ဟိုဟာလာနေလို့ ဉီးဆိုးကိုပြောတာ ဉီးဆိုးက မသိတော့ သမီးလည်းစိတ်ညစ်တယ် မေမေကယ်ပါအုံး သမီးအရှက်ကွဲပြီးထင်တယ်"


". .:. ."


"ဟုတ် မေမေ ဉီးဆိုးနဲ့ ပြောမလို့တဲ့"


ဉီးဆိုးက လရိပ် ဖုန်းကမ်းပေးတာကို ယူပြီး မေမေနဲ့ စကားပြောနေသည်။ ဘာတွေပြောနေလဲဆိုတာ လရိပ်ခန့်မှန်းမိပါသည်။ ဉီးဆိုးက မေမေပြောသမျှကို ခေါငျးတငွိမျ့ငွိမျနနေဲ့နားထောငျသညျ။ မေမေနဲ့ ဖုန်းပြောပြီးသည်နှင့် လရိပ်ကို တာင်ပန်းစကားဆိုသည်။


sorry ကွာ ဉီးဆိုး တကယ်မသိလို့ ဉီးဆိုးရဲ့ အင်ကျီ ပတ်ပေးမယ် baby က ပွင့်ပွင့်လင်းလင်းပြောရင် ဉီးဆိုး လုပ်ပေးလို့ရတာပေါ့ မေမကေတော့ ဉီးဆိုးကို ဆူလိုက်တာ အသုံးမကျဘူးတဲ့ အဲဒီငွေကြေးနောက်ပဲလိုက်နေတဲ့ baby ဘယ်လောက်စိတ်ညစ်နေလိုက်မလဲတဲ့ ဉီးဆိုး မေမေကတော့ babyကို အရမ်းချစ်တာပဲ ဒါပေမဲ့ ဉီးဆိုး ချစ်တာထက်မပိုဘူးနော်"


ဆိုး စကားပြောရင် လရိပ်ရဲ့ခါးကို သူအင်ကျီနဲ့ပတ်ပေး၏။ ထို့နောက် လရိပ်ကို သူရင်ခွင်ထဲထည့်ပြီးခေါ်လာသည်။မိန်းကလေး သန့်စင်ခန်းဘက်သို့ လာခဲ့သည်။


baby ဒီမှာ ခဏစောင့်နေနော် ဉီးဆိုး အမြန်ပြန်လာခဲ့မယ် ပြောကာ အပြေးလေး ပြန်ထွက်သွားသည်။


@@@


"ညီမ ဒီsizeထက် နည်းနည်းကြီးတာမရှိဘူးလား"


"ရှင် ဟိုလေး ဒါက မိန်းကလေးတွေဝတ်ဟာပါ ယောကျာ်းလေးတွေမဝတ်ရပါဘူး"


"ဒါကိုလည်း ကျုပ်မဝတ်ပါဘူး ကျုပ်ဇနီးအတွက်လာဝယ်တာပါ"


ဆိုင်ထဲက မိန်းကလေးတွေ အားလုံး ဆိုးကို ကြည့်ပြီး ရယ်ချင်ကြသည်။ဆိုးကတော့ ရှက်ရွံခြင်းမရှိဘဲ မိန်းမအသုံးအဆောင် တွေကိုင်ကြည့်သည်။


"အကိုပြောတဲ့ size ဒီမှာပါ "


"အရောင်က ဒါပဲရှိတာလား"


"အရောင်စုံရှိပါတယ် ပြရမလား"


"နေ..နေ မပြနဲ့တော့ ဂွမ်းထုပ်ရော့ရှိလား"


ဆိုးရဲ့ အမေးကြောင့် အရောင်းဝန်ထမ်းမလေးအပြင် ဆိုင်ထဲကမိန်ကလေးတွေ ကြိတ်ရယ်ကြသည်။ ဆိုးကတော့ သာမန် အလုပ်တစ်ခုလုပ်နေသလို့ပါပဲ ဘယ်သူကိုမှကရုမစိုက်ပါ။


"ရှိပါတယ်ရှင် ဘာသုံးမလဲ"


"်အကောင်းဆုံးဟာ ပေးပါ ၁၀ထုပ်လောက် ဒီဘောင်းဘီလည်း အရောင်စုံပေးပါ"


"ဟုတ်ကဲ့ပါ"


အရောင်းဝန်ထမ်းမလေး ဆိုး လိုချင်တာပေးလိုက်လျှင် ဆိုးက အမြန်ငွေချေပြီး လရိပ်ဆီသို့ ပြန်ခဲ့သည်။ဆိုး ဆိုင်ထဲက ထွက်သည်နှင့် မိန်းကလေးတွေ အကုန်လုံး ဝိုင်းရယ်ကြသည်။


"အဟီး ဒီလူ လုံးဝမရှက်ဘူးနော် ငါတို့ကသာ ရယ်ချင်နေတာ သူ့ကတော့ ခပ်တည်တည်ပဲ"


"အေးဟာ တကယ်အံ့ဪတယ် တစ်ခြားယောကျာ်းတွေဆိုရင် ရှက်လွန်လို့ ဝယ်မှမဟုတ်ဘူး ဘာပဲဖြစ်ဖြစ် ကောင်မလေးကံကောင်းပါတယ် ရုပ်ရည်ကလည်းချောပိုက်ဆံရှိပြီး ကောင်မလေးကို တော်တော့ ချစ်တယ်ပုံပဲ"


"ချစ်လွန် မရှက်မကြောက်ဘဲ မိန်းကလေးတွေအများကြီးအရှေ့မှာ လစဉ်သုံးပစ်စည်းလာဝယ်တာပေါ့ ဒီထက်sizeနည်းနည်းကြီးတာရှိလားလို့ မေးကတည်းက ငါမှာ သူ့အစားရှက်ပြီး ရယ်ချင်လာတာပဲ ဟားဟား"


ဆိုင်ထဲမှာ ရယ်သံတွေနဲ့ ဆူဝေသွားသည်။


@@@


"baby ရော့ အမြန်လှဲလိုက် ဉီးဆိုး အကုန်ဝယ်လာပေးတယ်"


"ဒါတွေကို ဉီးဆိုး ဘယ်လိုမျက်နှာနဲ့ဝယ်လာတာလဲ ရှက်စရာကြီးကို့ အားနာလိုက်တာ ဉီးဆိုး ရာ နောက်မဝယ်ပါနဲ့ ဘုန်းလည်းနိမ့်တယ်"


်baby ရယ် လင်းနဲ့မယားပဲ အားနာမနေနဲ့ သွားလှဲလိုက် ဉီးဆိုးစောင့်နေမယ်"


"ဟုတ်ကဲ ကျေးဇူးတင်ပါတယ် ဉီးဆိုး"


"လို့လိုလား baby ရာ ကဲသွားလှဲခဲ့ ဉီးဆိုးစောင့်နေမယ်နော်"


ဆိုး စကားအဆုံးမှာ လရိပ် သန့်စင်ခန်းသို့ပြေးဝင်သွားသည်။


@@@@


"ဖောက်.. ဖောကျ.. အမယ်လေးဗျာ ပူတယ်"


"ပူမှာပေါ့ ရေမခြောက်သေးဘဲ ဆီထည့်တာကို့ 

မှတ်ထား ရေခြောက်သွားမှ ဆီထည့်ရမယ်လို့ ဟူးး ပြောရတာမောတယ် ထမင်းရော့ ချေပြီးပြီးလား "


"ချေပြီးပြီး baby ပြောသလို မုန့်လာဉနီးလည်း လှီးပြီးပြီး"


"ဟမ် ဉနီးကလည်း အထူအပါးမညီဘူး ကြည့်ပါအုံး ကြီးတဲ့ဟာကကြီး သေးတဲ့ဟာကသေးနဲ့"

.

"ဪ baby ကလည်း သီချင်းတောင်ရှိသေးတာပဲ သေးသေးလေးပါလား ကြီး..ကြီး.လား..ကြီးကြီး..သေးသေးလား.."


"ဉီးဆိုးအဲလို ပေါနေ လရိပ် ဗိုက်ဆာလို့ သေတော့မယ် မနက်စာတော့ ငတ်ပြီးထင်ပါရဲ့"


"ဉီးဆိုးရဲ့ baby မငတ်စေရပါဘူးကွာ ဟိုမှာသွားထိုင့်စောင့်နေ ဉီးဆိုး ထမင်းကြော်ကြော်လိုက်မယ် ကောင်လေးနှစ်ယောက်ဒီကိုလာအုံး"


"သူတို့ကို ဘာလိုခေါ်တာလဲ ဉီးဆိုး ဘာသာတစ်ယောက်ထဲကြော်ရမှာနော် ဟိုနှစ်ယောက် ဝိုင်းကူဖို့မစဉ်းစာနဲ့ အပြင်မှာသွားနေ မီးဖိုချောင်မှာ လရိပ်နဲ့ ဉီးဆိုးပဲရှိနေစေချင်တယ်"


"ဟုတ်ကဲ့ပါ သခင်မလေးဆိုကာ အားလုံးထွက်သွားလျှင် ဆိုး ခေါင်းကုတ်သည်။ လူသတ်တာထက် မီးဖိုချောင်အလုပ်က ခက်မှန်းသိသွားသည်။ 


နောက်နေ့ဆက်ရန်


စာရေးသူ သွေးမိန့်


rate now: