ဝက်အစောင့်အရှောက်နဲ့တောကြီးမာယာ
====================
ကျွန်ပ်မှာတမိုးတွင်းလုံးအမဲပစ်ခြင်းအလုပ်ကို
ရပ်နားထားသောကြောင့် မိုးကုန်၍ဆောင်းရောက်ချိန်
အမဲပစ်ထွက်ရန် လက်စွဲတော်သေနတ်ကိုစွဲကိုင်၍
တောတက်လာခဲ့ပါတော့တယ်...။
လူသားများစည်းကမ်းမဲ့ခုတ်ထစ်မူများကြောင့်
သစ်တောကြီးများပြုန်းတီးလာမူနဲ့အတူ၊သားကောင်များမှာလည်းတောနက်ရာတဖြည်းဖြည်းဆုတ်ကုန်ကြပြီမို့အရင်ကလိုရွာနီးချုပ်စပ်တွင်သားကောင်များပစ်ခတ်ရန်မဖြစ်နိူင်သောကြောင့်စားနပ်ရိက္ခာများသုံးလေးရက်စာထည့်ပြီး တောနက်ရာအရပ်သို့ထွက်လာခဲ့ပါတော့တယ်။
ခရီးဝေးလွန်းတာကြောင့်သားကောင်များရလာ
ပါကရွာသို့သယ်ရန်အခက်တွေ့နိူင်တဲ့အရေးကိုကြိုတွေးပြီးရွာမှကာလသားတစ်ယောက်ကိုလည်းကျွန်ပ်နဲ့အတူအဖော်အဖြစ်ခေါ်လာခဲ့ပါသေးတယ် ။
ကျွန်ပ်တို့နှစ်ယောက်ဟာ တစ်နေကုန်ခရီးလောက်
တောင်ကုန်းတောင်တန်းများဖုန်းဆိုးတောများကိုဖြတ်သန်းပြီးကြချိန်မှာတော့ ညနေစောင်းအချိန်မှာ
တောထူထပ်တဲ့နေရာသို့ရောက်ရှိလာခဲ့ကြပါတယ်..။
ယနေ့အတွက်အမဲပစ်ဖို့အချိန်မရှိတော့တာကြောင့်
သင့်တင့်ရာနေရာတစ်ခုကိုစခန်းချရန်ရွေးချယ်ပြီး
ချက်ပြုတ်စားသောက်ကာသစ်ပင်ခွဆုံတစ်ခုတွင်
ဝါးဖြင့်လင့်စင်ထိုးလျက်
တစ်ညအိပ်လိုက်ကြပြီးနောက်တစ်နေ့မှတောနက်ထဲစဝင်ခဲ့ကြပါတယ် ။
တောနက်ထဲရောက်တဲ့အခါ
နေရာတစ်ခုတွင်အထိုင်ချကာအမဲပစ်ရန်စိတ်ကူးထားသောကြောင့်တောတွင်းမှာအခြေအနေလိုက်ကြည့်နေမိပါတယ် ။
........ဗွမ်း..ဗွမ်း....ဗွမ်း...ဗွမ်း....
..ကိုကြီးဖိုးတေ ဘာသံကြီးလဲမသိဘူး...
...အသံမထွက်စေနဲ့သာဝငါ့နောက်ကလိုက်ခဲ့....
ရေပြင်ကိုတခုခုကစည်းချက်ကျကျထိနေသံကြောင့်ကျွန်ပ်နဲ့ပါလာသော ကာလသားမေးမြန်းခြင်းကိုကျွန်ပ်ကအသံမထွက်ရန်သတိပေး၍ပါလာသောအထုတ်အပိုးများးကိုထိုနေရာတွင်ချ၍နှစ်ယောက်သား အသံကြားရာနေရာကိုခြေသံလုံလုံနဲ့ချည်းကပ်လာခဲ့ကြပါတယ် ။
မိုးတွင်းကာလတောင်ကျရေများစီးဆင်းသော
ချောင်းငယ်လေးတစ်ခုမှအသံထွက်ပေါ်လာခြင်း
ဖြစ်ပါတယ် ။
မိုးမရှိတော့တာကြောင့်တောင်ကျချောင်းလေးမှာ
ရေကတော့ရှိမနေတော့ပါဘူး.. ။
..ဟင်....
သာဝထံမှအံ့သြတကြီးအသံထွက်လာတာကြောင့်နောက်ထပ်စကားသံမထွက်လာစေရန်ကျွန်ပ်နူတ်ခမ်းပေါ်လက်ညိူးကန့်လန့်ဖြတ်တင်ပြီးတိတ်တိတ်နေရန်သတိပေးလိုက်ရပါတယ် ။
တောင်ခြေမှချိုင့်ဝှမ်းတစ်ခုတွင်မိုးရေများယခုအထိတင်ကျန်နေသေးသောအိုင်တစ်ခုရှိနေပါတယ်။
ထိုအိုင်အတွင်း
လူပေါင်လုံးနီးပါးခန့်ရှိတဲ့စပါးကြီးမြွေတစ်ကောင်က
ရေအိုင်ရဲ့ဟိုဖက်ဒီဖက်သစ်ပင်မှသစ်ကိုင်းတစ်ခုကိုခေါင်းအမြီးတစ်ဖက်စိလိမ်ကျစ်ထားပြီးကိုယ်လုံးကိုလွဲယမ်းပြီးအိုင်ထဲမှရေကိုပက်တင်နေခြင်းဖြစ်ပါတယ်..။
ကျွန်ပ်မှာတောတွင်းအတွေ့အကြုံစုံနေပြီမို့ယခုလို
မြင်ကွင်မျိုးမကြာခနမြင်ဖူးနေကျမို့ ရိုးနေပြီဖြစ်ပေမယ့်ကာလသား သာဝမှာပါးစပ်အဟောင်းသားအံ့သြသင့်
နေပါတယ် ။
ကျွန်ပ်မှာသာဝကိုလက်တို့ပြီး ပစ္စည်းများထားခဲ့ရာနေရာသို့ပြန်လာခဲ့ကြပါတယ် ။
” ကိုကြီးဖိုးတေ အစောနက စပါးကြီးမြွေက ဘာဖြစ်လို့ရေအိုင်ကို သူ့ကိုယ်လုံးနဲ့ ရိုက်နေတာလဲ...”
”..ငါးရှာနေတာလေကွာ သူလည်းလူတွေအိုင်ထဲကရေတွေပက်ပြီး ငါးရှာနေတာ....”
...အတော်ထူးဆန်းတာပဲ ဒါနဲ့မြွေကြီးကနည်းတာကြီး
မဟုတ်ဘူး ဘာလို့မပစ်တာလဲကိုကြီး...
” ခုလိုအချိန်မျိုးက သူလည်းသူဝမ်းစာအတွက်အစာရှာနေချိန် ငါတို့လည်း
ငါတို့ဝမ်းစာအတွက်အစာရှာနေချိန်မျိုးမှာ မပစ်ရဘူးကွမုဆိုးစည်းပေါက်တတ်တယ်.. လာအချိန်ရှိတုန်းရှေ့ဆက်သွားကြစို့....”
ကျွန်ပ်မှာစကားစဖြတ်ပြီးရှေ့ဆက်သွားရာ
တောမှာနက်သထက်နက်လာပါတယ် ။
ခပ်မို့မို့ဖျာတစ်ချပ်စာအကျယ်မြေနေရာတစ်ခုတွင်
အပင်တစ်ပင်မျမပေါက်ပဲမြေသားအတိပြောင်ချောနေကာဘေးတွင်တိရိစ္ဆာန်မျိုးစုံခြေရာများတွေ့ရတာကြောင့်မြေသားအချို့ကိုယူပြီးလျာနဲ့ထိကြည့်ရာငန်ကျိကျိအရာသာကိုခံစားမိပါတာကြောင့် ဒီနေရာဟာဆားကျင်းဖြစ်မယ်တွေးထားတဲ့အတွေးကပိုသေချာသွားပါတယ် ။
ဒီဆားကျင်းကို တိရိစ္ဆာန်များ ဆားလာလျက်စားတာကြောင့်မြေပြင်ကပြောင်ချော
နေခြင်းဖြစ်ပါတယ် ။
ကျွန်ပ်မှာဆားကျင်းကိုတွေ့ရတာကြောင့်ဝမ်းသာသွားပါတယ်။
ညဖက်ဒီလိုဆားကျင်းမျိုးစောင့်ပစ်ပါက ကျွန်ပ်မျော်မှန်းထားတဲ့သားကောင်များခပ်မြန်မြန်ရနိူင်တာကြောင့်သေနတ်တပစ်အကွာမှလင့်ထိုးပြီးစောင့်ပစ်ရန်တွေးလိုက်ပါတယ် ။
လူတစ်ယောက်ဖက်စာမျ ဇင်ပြွန်းပင်ကြီးတစ်ပင်မှာ ထိပ်ဖျားအနီးတွင် ခွဆုံကြီးတစ်ခုဖြစ်နေသောကြောင့် ထိုနေရာကိုလင့်ထိုးရန်ကျွန်ပ်ရွေးချယ်လိုက်ပါတယ်။
ဇင်ပြွန်းပင်ကပင်စည်အခက်အလက်နည်းတာကြောင့်ဝါးလှေကားတစ်ခုလုပ်ပြီးထောင်ကာသာဝကိုအပေါ်တက်စေပါတယ် ။
ကျွန်ပ်မှာလင့်ထိုးရန်လိုအပ်တဲ့သစ်ဝါးတွေကိုအောက်ကရှာပြီးသာဝကိုပေးနေပါတယ် သာဝက ဝါးတစ်ပိုင်းကိုနှီးဖျာပြီးသစ်ဝါးများကိုတုတ်နှောင်ကာလင့်ထိုးနေပါတော့တယ် ။
သာဝလင့်ထိုးနေချိန်ကျွန်ပ်မှာ အနီးအနားတစ်ဝိုက်လျောက်ကြည့်ရာ ရေထွက်နေသောစမ်းပေါက်အိုင်ငယ်တစ်ခုကို
တွေ့ရပါတယ် ။
ထိုမှတစ်ဆင့်ဆက်သွားရာအင်ကညင်ပင်ကြီး
များပေါက်နေသောနေရာရောက်လာခဲ့ပါတယ်။
သစ်ပိုးများစားထားသောနေရာမှအင်ကညင်စေးများ
ထွက်နေတာတွေ့ရချိန်ကျွန်ပ်ခေါင်းထဲအတွေးတစ်ခုဝင်ရောက်လာပါတယ် ။
လူ့လက်ကောက်ဝတ်အရွယ် နွယ်ပင်တစ်မျိုးကိုရှာဖွေခုတ်ထစ်ပြီး ကျောက်တုံးပေါ်တင်ကာ ဖွာလန်ကျဲကွဲကြေအောင်
ကျောက်တုံးတစ်တုံးနဲ့ ထုလိုက်ပါတယ် ။
နွယ်ပင်ကိုထုထစ်ပြီးတဲ့အခါမှာတော့ ကညင်ဆီများနွယ်ပင်ကိုသုတ်လိမ်းနေပါတယ် ။
ကညင်ဆီထွက်နေရာအပင်များရှာဖွေပြီးနွယ်ပင်ကို
သုတ်ပြီးသောအခါမှကျွန်ပ်လင့်စင်နေရာသို့ပြန်လာ
ခဲ့ပါတော့တယ် ။
”..ဘယ်များသွားနေတာလဲ ကိုကြီးဖိုးတေရာ
လက်ထဲမှာလည်းနွယ်ပင်ကြီးနဲ့ ဘာလုပ်မလို့လဲ...”
” လိုရမယ်ရ ဘေးဆီးရန်ကာသဘောမျိုးနဲ့ မီးကွင်းလုပ်ထားမလို့ပါကွာ... ”
”...မီးကွင်း.. ဟုတ်လား...ဘယ်လိုမျိုးလဲ....”
”..မီးကွင်းဘာလဲနောက်ရှင်းပြမယ် လှေကားပေါ်ပြန်တက်အုံးသာဝ..…”
ဇင်ပြွန်းပင်ကြီးတပတ်စာတိုင်းပြီး နွယ်ပင်ကိုကျွန်ပ်ဖြတ်တောက်လိုက်ပါတယ် ။
ဇင်ပြွန်းပင်ရဲ့အလယ်လောက်မှာ ကျွန်ပ်ယူလာတဲ့
နွယ်ကြိုးများကိုတခုနဲ့တခုတစ်တောင်ခန့်အကွာထားပြီးပတ်ချည်စေပါတယ် ။
နွယ်ကြိုးလေးပိုင်း၊ လေးခုပတ်ချည်ပြီး သာဝ အပင်ပေါ်မှဆင်းလာပါတယ်.. ။
”...ကိုကြီးခိုင်းလို့သာလုပ်နေရတယ် တခုမှနားမလည်ဘူးအဲတာဘာအတွက် လုပ်ထားတာလဲ..ကိုကြီးဖိုးတေ...”
”..ဒီလိုကွ ဟိုနွယ်ကလည်းအစိမ်းပေမယ့်သူ့အစေးက
မီးလောင်လွယ်တယ်အဲလိုမီးလောင်လွယ်တဲ့နွယ်ပေါ်ကညင်ဆီလိုမီးလောင်လွယ်တဲ့ဆီထပ်သုတ်ထားတော့...
မီးဘယ်တောက်မလဲတွေးသာကြည့်တော့...
ခုလိုအပင်ပေါ်ပတ်ခိုင်းထားတာကတကယ်လို့အန္တရယ်ပြုနိူင်တဲ့ မြွေလိုကင်းလိုအကောင်
ကြီးမျိုးတွေအပင်ပေါ်တက်လာရင် မီးကွင်းကိုမီးရိူ့ပြီးအပေါ်တက်မလာအောင်တားလို့ရတယ် ။
တောတောင်ထဲမှာအန္တရယ်ကပြောမရဘူး ကြိုပြီးပြင်ဆင်ထားမှတော်ကာကျမှာ...”
”...အော်...ဒီလိုကိုး....”
” ..မကြာခင်မှောင်တော့မယ် ချက်ပြုတ်ဖို့လုပ်တော့ ငါရေသွားသယ်လိုက်မယ်... ”
ညနေစောင်းအချိန်ရိုးမတောတွင်အေးစိမ့်လာပြီမို့
ရေမချိုးတော့ပဲ မျက်နှာသစ်၊ကိုယ်လက်များသာဆေးကြောလိုက်ကြပါတယ်.. ။
ထမင်းချက်ပြုတ်စားသောက်ပြီးသောအခါမှောင်စပင်ပြုနေပြီဖြစ်ပါတယ် ။
အိုးခွက်ပန်းကန်များကိုဆေးကြော၍အပေါ်တင်စေပြီးကျွန်ပ်မှာဒန်ချိုင့်ဖြင့်ရေနွေးတည်ပြီးမှမီးဖိုမီးကိုငြိမ်းကာအပေါ်တက်ခဲ့ပါတယ်.. ။
စမ်းအိုင်ထဲမှရေကိုအစိမ်းမသောက်ရန်ကျွန်ပ်မှာသာဝကိုမှာကြားထားရပါတယ် ။
စမ်းရေအိုင်များအတွင်းဆံချည်မျင်ထက်သေးငယ်သောနွယ်ရှင်လေးများလူပ်ရှားသွားလာနေတတ်ပြီး ဝမ်းဗိုက်ထဲထိုနွယ်ရှင်လေးများရောက်သွားပါက ငှက်ဖျားရောဂါဖြစ်နိူင်တာကြောင့်ရေကိုကျိုချက်သောက်နေရခြင်းဖြစ်ပါတယ် ။
အေးစိမ့်မူနဲ့အတူခြင်များက အဆုပ်လိုက်၊အခဲလိုက်ကိုက်ခဲနေမူကိုအောင့်အီးသည်းခံပြီး
ကျွန်ပ်တို့နှစ်ယောက်လင့်ပေါ်တွင်ရှိနေကြပါတယ် ။
ညရှစ်နာရီခန့်ရောက်သောအခါလရောင်က
ထွက်ပေါ်လာပါတယ်။
သစ်တောကြီးများအုပ်ဆိုင်းနေမူကြောင့်တစ်ခြားနေရာများကိုလရောင်မထိုးဖောက်နိူင်ပေမယ့်ဆားကျင်းမြေနေရာမှာတော့အပင်ကြီးများကျဲပါးနေမူကြောင့်လရောင်ကဆားကျင်းပေါ်ထိုးကျနေပါတယ် ။
တိရိစ္ဆာန်များမှာသဘာဝကပေးသောအသိအရ ခန္ဓာကိုယ်တွင်းအငန်ဓတ်လိုအပ်လာချိန်တွင်ယခုကဲ့သို့အငန်ဓတ်လွန်ကဲနေသောမြေကြီးကိုလာစားတတ်ကြပါတယ် ။
ညနက်လာချိန် ချေ၊ငယ်တစ်ကောင်စနှစ်ကောင်စ
ဆားကျင်းကိုလာယက်ပေမယ့် ကျွန်ပ်မှာသားကောင်ကြီးများကိုသာပစ်ခတ်ရန်တွေးထားတာကြောင့်လွတ်ပေးထားပါတယ်... ။
ဆတ်ဖားကြီးတစ်ကောင်ဆားကျင်းမြေကိုရောက်လာချိန်မှာတော့ရှေ့လက်ပြင်နဲ့ရင်ဘတ်ကြားဆက်နေတဲ့နေရာကိုပစ်ချလိုက်ပါတယ် ။
ကျွန်ပ်ပစ်ချက်ဟာ ပစ်ကွင်းကောင်းသေကွင်းသေကွက်နေရာကိုထိတာမို့ဆတ်ကြီးမှာ ဆတ်ခနဲတချက်ခုန်ပြီး မြေပြင်ပေါ်ပြုတ်ကျလာချိန်မှာတော့ အသက်ပျောက်သွားပါတာတွေ့လိုက်ရပါတယ်... ။
သေနတ်သံကြောင့်သားကောင်များလန့်ဖျတ်သွား
တာမို့တစ်နာရီခန့်စောင့်အပြီးမှာ၊
အဝေးဆီမှတောတိုးလာသံနဲ့အတူ တဂူးဂူးအော်မြည်သံများကြားလိုက်ရခြင်းနဲ့အတူ ၊
တောဝက်တစ်အုပ်ရောက်လာတာကြောင့်ကျွန်ပ်အနည်းငယ်စိတ်ပျက်သွားမိပါတယ် ။
တောဝက်တွေဟာအုပ်စုများပါကကျားဆင်ကိုတောင်မကြောက်မရွံ့ရင်ရင်ဆိုင်ဝံ့တာကြောင့် တခြားသားကောင်တွေကိုမမူပါဘူး ။
ခုလည်းဒီကောင်တွေရောက်လာတာကြောင့် တစ်ခြားသားကောင်တွေရှောင်ကွင်းသွားကြမှာကျိန်းသေနေကြောင်းစိတ်ထဲတွေးနေမိပါတယ်...။
တောဝက်အုပ်ကြီးမှာ ဆားကျင်းမြေကိုနူတ်သီးနဲ့
တူးဖော်၍ ဆူညံ့စွာရှိနေကြပါတယ် ။
ကျွန်ပ်မှာတစ်ခြားသားကောင်များပစ်ခတ်ရန်အခွင့်အရေးမရှိတော့တာမို့. တောဝက်အုပ်ထဲမှာ အဆူဆုံးအထွားဆုံးတောဝက်ကြီးတစ်ကောင်ကို
ရွေးချယ်ပြီးပစ်လိုက်ပါတော့တယ် ။
...ဒိုင်း....
...ဂူး...ဂူး.....ဒိန်း......
ကော်ဒိုက်ယမ်းအားပေါက်ကွဲသံနဲ့အတူတောဝက်ကြီးမှာတုန့်ခနဲလဲကျသွားပါတယ် ။
ဒါပေမယ့် ဒေါသတကြီးကုန်းရုန်းထရင်း သွေးရူးသွေးတန်းဖြင့်အနီးအနားမှသစ်ပင်ကြီး
တစ်ပင်ကိုခေါင်းနဲ့ပြေးဝင်ဆောင့်လိုက်ရာ လူတစ်ယောက်ဖက်သစ်ပင်ကြီးမှာ အနည်းငယ်လူပ်သွားပြီးတောဝက်မှာလည်းဦးခေါင်းကြေမွသွားပါတော့တယ်... ။
တောဝက်တွေဟာသေနတ်သံကြောင့် ခြေဦးတည့်ရာပြေးလွားသွားကြပြီး အမှတ်မရှိသောသတ္တဝါများမို့နောက်မကြာမှီအချိန်ပြန်ရောက်လာကြပြန်ပါတယ် ။
...ဟာ တောဝက်ပေါ်မှာခလေး တစ်ယောက်ကိုကြီးဖိုးတေ...
.....တိတ်တိတ်နေ..သာဝ ...
နောက်တစ်ကြိမ်ပြန်ရောက်လာသောတောဝက်အုပ်တွင်တောဝက်ကြီးတစ်ကောင်ကိုခွလျက်စီးနင်းလိုက်ပါလာငါးနှစ်ခြောက်နှစ်အရွယ် ခလေးတစ်ယောက်ကိုတွေ့လိုက်ရတာကြောင့် သာဝကအလန့်တကြားပြောလိုက်တာကြောင့်ကျွန်ပ်ကဟိန်းဟောက်၍ဟန့်လိုက်ပါတယ် ။
ခေါင်းတုံးပြောင်ပြောင်တုံးလျက် ဖိုးသူတော်ကဲ့သို့ပိတ်ဖြူဝတ်ထားသောကောင်လေးအသားအရေမှာ သူဝတ်ထားသော ပိတ်ဖြူကဲ့သို့ဆွတ်ဆွတ်ဖြူလျက်ရှိနေပါတယ် ။
သူ့မျက်လုံးများက ကျွန်ပ်တို့ရှိနေသောနေရာကို
သိနေသည်အလားစိုက်ကြည့်နေလျက်ရှိနေပါတယ် ။
လရောင်ကြောင့်ရောင်ပြန်ဟပ်ပြီးထိုကောင်လေးများကရဲရဲနီတဲ့အရောင်တမျိုးဖျာထွက်နေတာကိုတွေ့လိုက်ရပါတယ် ။
ကျွန်ပ်စိတ်တွင်းလေလံသွားမိပါတယ်၊ ထိုကဲ့သို့ဝက်စီးသောဖိုးသူတော်ကောင်လေးမျိုးကို ဝက်အုပ်အစောင့်အရှောက်ဟုခေါ်တတ်ကြပါတယ်။
အစောင့်အရှောက်စီးသောဝက်မှာသာမာန်ဝက်မဟုတ်ပဲသဒ္ဓိဝင်ဝက်မျိုးဖြစ်ပြီး သေနတ်ဖြင့်ပစ်လျင်ကျည်မီးမကူးဓားလှံများမထိုးဖောက်နိူင်သော အစွမ်းရှိသည်ဟု
မုဆိုးကြီးများပြောဆိုသံကို ကျွန်ပ်ကြားဖူးခဲ့ပါတယ် ။
အစောင့်အရှောက်ပါသောဝက်အုပ်နဲ့တွေ့ရန်အလွန်မလွယ်ကူသောကိစ္စဖြစ်ပေမယ့် ကျွန်ပ်မှာယခုအကြိမ်နဲ့ဆိုလျင်နှစ်ကြိမ်တိုင်တိုင်ဆုံဖူးရပြီဖြစ်ပါတယ် ။
ပထမတစ်ကြိမ်မှာတော၏လှည့်စားမူနဲ့ကြုံတွေ့ဖူးထား
ရသည်မို့ယခုအကြိမ်တွင်သတိထားနေရန်တွေးနေရန်စိတ်ကူးနေပါတော့တယ် ။
ကျွန်ပ် အတွေးများဖြင့်ရှိနေစဉ်မှာပင် သာနေတဲ့လကိုတိမ်မည်းတစ်အုပ်ကဝင်ဖုံးသွားတာကြောင့်ပတ်ဝန်းကျင်ကမဲမှောင်သွားပါတယ် ။
လေမတိုက်သစ်ပင်မလူပ်ပဲ ကျွန်ပ်တို့ရှေ့နောက်ဝဲယာတောမှ တဝေါဝေါအသံကြီးများကြားနေရပါတယ် ။
”...သာဝ ငါခွင့်ပြုချက်မရပဲ ဘာမှမလုပ်နဲ့နော် ကြားလား...”
”..ဟုတ်..ဟုတ်..ကိုကြီးဖိုးတေ ဒါနဲ့ကျွန်တော်တို့
တောခြောက်ခံနေရတာလား....”
”..အဲလိုစကားမျိုးမပြောရဘူး သာဝ
ငါမင်းကိုတစ်ခုပြောထားချင်တာက မင်းစိတ်အတွေးကို
ရှင်းရှင်းလေးထား ဘာအကြောင်းမှမတွေးနဲ့
ခုအချိန်မင်းစိတ်အတွေးက မင်းကို ဒုက္ခပေးသွားနိူင်တယ်...”
ကျွန်ပ်မှာတောခြောက်ခြင်း၊တောမှောက်ခြင်းအတွေ့အကြုံများမရေတွက်နိူင်အောင်ကြုံခဲ့ရပြီးပြီမို့အထူးတလည်ထိတ်လန့်ခြင်းမရှိသော်လည်းယခုမှတောမှောက်ခြင်းစကြုံဖူးသော
သာဝမကြောက်လန့်စေရန်အားပေးစကားဆိုနေရ
ခြင်းဖြစ်ပါတယ်။
အရပ်လေးမျက်နှာမှတဝေါဝေါ မြည်သံကြီးများနဲ့အတူတောဆင်ရိုင်းအုပ်ကြီးများ တကျည်ကျည်မြည်သံပြု၍
သစ်ပင်၊သစ်ကိုင်းများချိုးဖဲ့၍ပြေးလွားသံများကြား
နေရပြန်တယ် ။
လေမတိုက်သစ်ပင်မလူပ်ပဲ ကြားနေရတဲ့အသံတွေဟာ ဆယ့်ငါးမိနစ်လောက်အကြာမှာငြိမ်သက်သွား
ပါတော့တယ် ။
သာဝမှာ ကြောက်လန့်ကာ အသားတဆတ်ဆတ်တုန်ယင်လျက်ရှိနေပါတယ် ။
တောမှောက်ခြင်းသဘောအရ ကျွန်ပ်တို့ကိုစိတ်ခြောက်ခြားပြီးပြေးလွားရန်လုပ်နေခြင်းဖြစ်မှန်းကျွန်ပ်သိနေပါတယ် ။
တကယ်လို့ ကြောက်လန့်ပြီး လင့်ပေါ်မှဆင်း၍မှောင်နဲ့မည်းမည်းတောအတွင်းပြေးမိပါမှသာ သေဖို့လမ်းများနိူင်တာမို့ သာဝကိုမကြောက်လန့်ရန်တီးတိုးအားပေးစကားဆိုနေမိပါတယ် ။
ကျွန်ပ်တို့နှစ်ယောက်အမှောင်အတွင်းတိတ်ဆိတ်စွာရှိနေစဉ်။
ကျွန်ပ်တို့ရှေ့သစ်တောအုပ်ဆီမှ ဆီမီးတုတ်မီးရောင်များ တွေ့လိုက်ရတာကြောင့် စိတ်ဝင်တစားကြည့်နေမိကြပါတယ် ။
မီးရောင်မှတဖြည်းဖြည်းနီးလာသောအခါ မီးတုတ်နှစ်ခုဖြစ်ကြောင်းသိရပြီး လူနှစ်ယောက်ကျွန်ပ်တို့ရှိနေရာသို့ဦးတည်လာနေ
ကြောင်းသိလိုက်ရပါတယ် ။
တဖြည်းဖြည်းမီးရောင်ဟာ ကျွန်ပ်တို့နှစ်ဦးရှိနေရာ
ဇင်ပြွန်းပင်ကြီးအောက်ရောက်လာပါတော့တယ် ။
ထိုအခါမှ လူနှစ်ယောက်ပုံကို သဲကွဲစွာမြင်တွေ့ရပါတော့တယ် ။
တစ်ယောက်မှာ အသက်ငါးဆယ်ကျော်အရွယ်
အဖိုးကြီးတစ်ယောက်ဖြစ်ပြီးနောက်တစ်ယောက်မှာ
အသက်၂ဝအရွယ် သနားကမားရုပ်ရည်ရှိသော
မိန်းခလေးတစ်ယောက်ဖြစ်နေပါတယ် ။
ဝါချည်ကိုငင်၍ယက်ကန်းခတ်ကာ သစ်စေးဆိုးသော အဝတ်အစားများကိုကြည့်၍ တောင်ပေါ်နေ ချင်း လူမျိုးများလားဟု ကျွန်ပ်အတွေးရောက်သွားမိပါတယ် ။
ကျွန်ပ်မှာထိုနှစ်ယောက်ကိုခြုံ၍အကဲခတ်နေစဉ်
အဖိုးကြီးက သူ့လက်မှမီးတုတ်ကိုကျွန်ပ်တို့ရှိနေရာ
လင့်စင်ဖက်မြှောက်၍ စကားသံဝဲဝဲဖြင့်
”...ဝေး...နင်တို့က မုဆိုးတွေလား.. .”
”..ဟုတ်တယ် ဦးလေး ကျွန်ပ်တို့ မုဆိုးတွေပါ
ဘာဖြစ်လို့များလဲ...ကျွန်ပ်တို့မုဆိုးတွေမှန်း၊ဒီမှာရှိမှန်းဘယ်လိုသိတာလဲ”
”..ဒီအနားမှာ ဆားကျင်းရှိတယ်လေ နောက်ပြီး ပစ်ကွင်းကောင်းတဲ့အပင်ကလည်း အဲဒီဇင်ပြွန်းပင်
ကြီးက အကွက်အကွင်းကျနေတယ် ...
ဒါတင်လားဆိုတော့ ကုန်ခဲ့တဲ့အချိန်က သေနတ်သံ
ကြားရတော့ မုဆိုးရောက်နေပြီဆိုတာသိတာပေါ့။
ဒီလောက်ဘာလို့သိလဲဆိုရင် ကျုပ်လည်းအရွယ်ကောင်းတုန်းကမုဆိုးလုပ်ခဲ့လို့ပါပဲ...”
အဖိုးကြီးအမေးကိုကျွန်ပ်မှပြန်ဖြေရင်းမေးလိုက်ရာ
အဖိုးကြီးပြန်ဖြေသောအဖြေက ယုတ္တိတန်ကာသဘာဝကျနေပါတယ် ။
ကျွန်ပ်မှာစိတ်အတွင်းဘဝင်မကျသေးသောကြောင့်
သိချင်တာထပ်မေးလိုက်ပါတယ် ...။
”...ဒါနဲ့ ဒီလိုတောနက်ကြီးထဲဘယ်လိုရောက်နေကြတာလဲ ..
ဘာလို့ကျွန်ပ်တို့ဆီလာကြတာလဲ....”
”...အဘတို့က ဟိုးဖက်တောင်ကြောလေးမယ်
တောင်ယာစပါးစိုက်ထားတာပါကွယ်၊ခုမှည့်ချိန်ဆိုတော့ စပါးခင်းကို
တောဝက်၊ကျေးငှက်တွေလာမစားအောင်
တို့သားအဖတွေစောင့်နေကြတာပါ.. ။
အဲတာအစောနကဆင်အုပ်ဖြတ်သွား
သံတွေမကြားလိုက်ကြဘူးလား စပါးခင်းနဲ့တဲကိုစိစိညက်ညက်ကြေအောင်
နင်းသွားကြတာ၊လူတောင်အပြေးကောင်း
လို့နိူ့မို့ဆင်နင်းခံရမှာ ..၊
အဲတာနောက်တစ်ခါဆင်အုပ်တွေ ပြန်လှည့်လာမှာစိုးလို့ မောင်တို့ဆီအကူအညီတောင်းဖို့
အမြန်လာခဲ့ကြတာပါပဲ...”
ကျွန်ပ်နဲ့အဖိုးကြီးစကားပြောနေချိန် သာဝမှာ လူပျိုကာလသားပီပီမိန်းခလေးကိုစိုက်ကြည့်နေရာ
မိန်းခလေးမှာလည်းလင့်ပေါ်မော့အကြည့်တွင် သာဝ၏ဗို့အားတစ်သိန်းမျက်လုံးနဲ့အကြည့်ချင်းဆုံရာ ရှက်ရွံ့ဟန်ခေါင်းငုံသွားပါတော့တယ်.... ။
”...အခုကျွန်ပ်တို့က အဘတို့ကိုဘာကူညီပေးရမလဲ.....”
ကျွန်ပ်အဖိုးကြီးကိုထိုစကားလှမ်းမေးလိုက်ချိန်မှာပင်ကျွန်ပ်တို့ရှိရာတကျော့ပြန်လာနေသော ဆင်အော်သံများအုပ်စုလိုက်အရှိန်ဖြင့်ပြေးလွားရာထွက်ပေါ်လာသောသစ်ကိုင်းသစ်ခက်များကျိုးသံနဲ့ မြေကြီးပင်တသိမ့်သိမ့်တုန်နေလားထင်မှတ်နေရပါတယ် ။
”..ငါတို့သားအဖကို မင်းတို့လင့်စင်ပေါ်တစ်ညနေခွင့်ပြုပါကွာ ဆင်အုပ်တွေဒီဖက်ပြန်လှည့်လာနေကြပြီ...”
” ..အမလေး..ဆင်အုပ်ကြီးမကြာခင်ရောက်လာရင်သေရတော့မှာပဲ ကယ်ပေးပါ အစ်ကိုတို့ရေ..
တောင်းပန်ပါတယ်... ”
မိန်းခလေးနဲ့အဖိုးကြီးမှာကျွန်ပ်တို့ရှိရာသို့ဦးတည်လာနေသောဆင်အုပ်ကြီးအသံကြားရာဖက်သို့ကြည့်လိုက်ကျွန်ပ်တို့ရှိရာလင့်စင်ပေါ်လှမ်းအကူအညီတောင်းလိုက်ဖြင့် ကြောက်လန့်စိတ်ဖြင့်ဂနာမငြိမ်ရှိနေကြပါတယ်...။
”..မင်းဘာလုပ်တာလဲ သာဝလှေကားကိုအခုချထားလိုက်စမ်း...”
” ဟာ..ကိုကြီးဖိုးတေ.. ဆင်အုပ်ကဒီဖက်လာနေပြီ
ဟိုသားအဖ ဆင်းနင်းခံရတော့မယ်... ”
”...မင်းလက်ထဲကလှေကား အောက်ကိုချရဲချပေးကြည့် သာဝ မင်းကိုငါတကယ်ပစ်မှာ နောက်မှ ငါ့အဆိုးမဆိုနဲ့.။..”
....ဟာ.....
သာဝတစ်ယောက် လင့်ပေါ်တင်ထားသောလှေကားအောက်သို့ချပေးရန်ပြုနေသောကြောင့်ကျွန်ပ်ကြိမ်းမောင်းသော်လည်းမိန်းခလေးနဲ့အဖိုးကြီးကိုကြည့်ကာ သာဝကကျွန်ပ်စကားနားမထောင်သောကြောင့်
သေနတ်နဲ့ချိန်၍ခြိမ်းခြောက်လိုက်မှသာဝငြိမ်သွားပါတယ်။
ဒါပေမယ့် သူ့ပုံစံက ကျေနပ်ပုံမရမှန်းကျွန်ပ်ရိပ်မိလိုက်ပါတယ် ။
သူ့စိတ်အတွင်းကျွန်ပ်ကိုလူမဆန်သူရက်စက်သူအဖြစ်အထင်ရောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲနိုင်ကြောင်းကျွန်ပ်တွေးမိပါတယ်။
ဒါပေမယ့်သာဝကိုရှင်းပြဖို့အချိန်မပေးနိူင်တာကြောင့်အောက်မှအဖိုးကြီးသားအဖကို ကြည့်နေမိပါတယ် ။
အဖိုးကြီးမှာကြောက်လန့်သွေးပျက်စွာအပင်ပေါ်တက်ခွင့်ပေးရန်အတင်းတောင်းပန်နေသလို မိန်းခလေးမှာလည်းငိုယို၍အသနားခံနေရှာပါတယ် ။
ဆင်ရိုင်းအုပ်ဟာ တဝေါဝေါတဝုန်းခြေသံပြုကာယခုပင်အနီးသို့ရောက်လာမည်အလားအသံပြုနေပေမယ့် အချိန်အတန်ကြာအထိအနားသို့ရောက်မလာပဲ နောက်ဆုံးလုံးဝငြိမ်သက်သွားပါတယ် ။
အောက်မှအဖိုးကြီးနဲ့မိန်းခလေးမှာ ကျွန်ပ်တို့ဆီမှာလှေကားလုံးဝမချပေးမှန်းသိသောအခါပူဆွေးသောကရောက်နေသောအမူအယာများပျောက်ကုန်ပြီးမျက်ထောင့်နီကြီးများနဲ့အပင်ပေါ်စိုက်ကြည့်ရင်းသူတို့လက်အတွင်းမှမီးတုတ်များက
ရုတ်တရက်ဟုပ်ခနဲငြိမ်းသွားပြီးအမှောင်အတိကျသွားပါတော့တယ် ။
”...အေး...မင်းတို့က အပင်ကိုအနုနည်းနဲ့
တက်ခွင့်မပြုတော့အကြမ်းနည်းသုံးရတာပေါ့ကွာ...”
အပင်အောက်အမှောင်အတွင်းမှာ အက်ကွဲသြရှတဲ့အသံတစ်ခုကြားလိုက်ရပါတယ် ။
”...သာဝ အောက်ကိုလက်နှိပ်ဓတ်မီး ထိုးကြည့်ကွာ....”
”...ဟာ.. အောင်မလေးဗျ...သရဲ...”
တစ်ကိုယ်လုံးမီးလောင်ထားသလို အသားနီများပေါ်ကာ၊ဦးခေါင်းအရေပြားကိုဆွဲလှန်ထားသလိုဦးခေါင်းပေါ်ဆံပင်တစ်မွေးမှမရှိပဲ မျက်နှာပြင်မှာလည်း မျက်ခွံမရှိသောမျက်လုံးများကအနီရောင်တောက်နေပြီးပြူးထွက်ကျမတတ်ရှိနေ၏။
နှာခေါင်းနေရာတွင်နှာတံရှိမနေပဲအပေါက်နှစ်ပေါက်ရှိနေသလို။
နူတ်ခမ်းမရှိခြင်းကြောင့်သွားများကအကျဲသားပေါ်
လျက် ပါးစပ်ဟလိုက်စဉ်မြွေလျာကဲ့သို့ အဖျားနှစ်ခွ
ပါသောလျာရှည်ကြီးကပြူတစ်ပြူတစ်ထွက်လျက်ရှိနေသောမကောင်ဆိုးဝါးနှစ်ကောင်ကိုတွေ့လိုက်ရသောကြောင့်သာဝတစ်ယောက်လက်နှိပ်ဓတ်မီးကိုင်လျက်အသံကုန်ခြစ်အော်နေပါတော့တယ် ။
”...ကိုကြီးဖိုးတေ အောက်မှာ...သ..သရဲနှစ်ကောင်.....”
” အေး..အဲဒါ မင်းကြောင်တဲ့ဆော်လေးနဲ့သူ့အဖေ
မင်းယက္ခထီးကြီးလေ...အောက်ဆင်းပြီးသွားတွေ့ပါလား..”
ကျွန်ပ်မှာကြောက်လန့်နေသော သာဝကို အစောနကအမြင်ကတ်နေသမျကိုပေါင်း၍နှိပ်ကွတ်စကားဆိုပြီးသာဝလက်မှလက်နှိပ်ဓတ်မီးကိုဆွဲယူကာ အောက်သို့ထိုးကြည့်လိုက်ရာ ထိုမကောင်းဆိုးဝါးနှစ်ကောင်မှာဇင်ပြွန်းပင်ကြီးကိုဖက်၍အပေါ်သို့တွယ်တက်ရန်ဟန်ပြင်နေကြပါတယ်။
”..သာဝ.. လက်နှိပ်ဓတ်မီးသေချာ ထိုးပြထား....”
မကောင်းဆိုးဝါးနှစ်ကောင်မှာသစ်ပင်ကိုဘယ်ညာဖက်၍မျောက်အလားတက်လာနေကြရာ ကျွန်ပ်မှာသာဝကိုလက်နှိပ်ဓတ်မီးလှမ်းပေးလိုက်ပြီး..။
မီးခြစ်ကိုထုတ်ကာ ကညင်ဆီသုတ်ထားသော
နွယ်ကြိုးလေးတစ်ပိုင်းကိုမီးရိူ့လိုက်ပါတယ် ။
..ကိုကြီးဖိုးတေ..လုပ်..လုပ်ပါအုံး..အပေါ်တက်လာနေပြီ....
..ရှဲ...ဖျစ်.....ဖျစ်.....ဖျစ်...
...ဝုန်း...ဝုန်း....
ကြောက်လန့်တကြားသာဝအော်သံအဆုံးမှာ ကျွန်ပ်လက်အတွင်းကိုင်ထားသောမီးစွဲနေသော
ကြိုးစလေးကို ညနေက ပတ်ဝိုင်းထားသော
နွယ်ကြိုးတည့်တည့်သို့ပစ်ချလိုက်ရာ တဖျစ်ဖျစ်မြည်သံနဲ့အတူမီးစွဲသွားပါတော့တယ်
မီးတောက်များမှာခနအတွင်းကြိုးကွင်းပတ်ချာလည်တွင်တောက်လောင်နေပြီး ။
တစ်ခုနဲ့တစ်ခုမီးကူးကာမီးကွင်းကြီးလေးခုကအပင်ကိုပတ်ဝိုင်းသွားပါတော့တယ်။
အောက်မှတက်လာသောမကောင်းဆိုးဝါးနှစ်ကောင်မှာရုတ်တရက်ပေါ်လာသောမီးကွင်းကြီးများကြောင့်ခြေလက်များကုတ်တွယ်ရန်မမြဲတော့ဟန်ဖြင့်အောက်သို့ပြုတ်ကျသံများကြားလိုက်ရပါတယ် ။
ကျွန်ပ်မှာသာဝထံမှလက်နှိပ်ဓတ်မီးကိုယူ၍အောက်သို့ထိုးကြည့်ရာမကောင်းဆိုးဝါးနှစ်ကောင်မှာမီးကွင်းများကြောင့်အပင်ပေါ်မတက်ဝံ့ကြတော့တာတွေ့ရပါတယ် ။
ကျွန်ပ်မှာမကောင်းဆိုးဝါးနှစ်ကောင်ဘာဆက်လုပ်မလဲကြည့်နေမိရာ သူတို့လက်နှစ်ဖက်က သူတို့ခေါင်းကိုကိုင်၍တစ်ချက်လှည့်လိုက်ရာ....။
...ဟာ....
.....ဝှီး....
...ဝှီး.....
...အား...လုပ်ပါအုံး.. ကိုကြီးဖိုးတေ...
မကောင်းဆိုးဝါးနှစ်ကောင်မှာသူတို့ခေါင်းကိုဆွဲဖြုတ်ပြီးလက်နှစ်ဖက်ဖြင့်ခေါင်းကိုလွဲယမ်း၍ ကျွန်ပ်တို့လင့်စင်ရှိရာပစ်တင်လိုက်ပါတော့တယ်။
ခေါင်းကြီးနှစ်လုံးဟာ လေပေါ်တဝှီးဝှီးလည်ရင်းမှ
လင့်စင်ပေါ်ရောက်လာရာ ခေါင်းတစ်လုံးက အနီးဆုံးသာဝခြေထောက်ကိုကိုက်လိုက်ရာ ဂျင်းဘောင်းဘီရှည်အပွမို့ဘောင်းဘီအသားနဲ့သွား
ငြိကာ လင့်စင်ပေါ်သာဝကလန့်ခုန်နေရာ ဘောင်းဘီနဲ့သွားငြိနေသော ခေါင်းကြီးကပါ လိုက်ခုန်သလိုဖြစ်နေပါတယ် ။
....ဒိုင်း....ဖောင်း....
...သာဝ ငြိမ်ငြိမ်နေလင့်ပေါ်ကပြုတ်ကျမယ်....
....ဒိုင်း....ဖောင်း.....
ကျွန်ပ်မှာမျက်နှာတည့်တည့်ဝင်လာသောခေါင်းပြတ်တစ်လုံးကိုလက်နှိပ်ဓတ်မီးဖြင့်ရိုက်ချလိုက်ပြီးသေနတ်ကိုဆွဲယူကာခေါင်းပြတ်ကိုပစ်ထည့်လိုက်ရာခေါင်းကြေမွသွားသံနဲ့အတူစေးကပ်ကပ်ပျစ်ချွဲချွဲ
အရည်တစ်ချို့ ကျွန်ပ်ကိုလာစင်ပါတယ်။
ပြီးမှလင့်ပေါ်ခုန်ပေါက်နေသော သာဝကိုသတိပေးရင်းသူ့ခြေထောက်မှခေါင်းပြတ်ကိုအနီးကပ်မောင်းတေ့ဖြုတ်လိုက်ပါတယ် ။
လင့်ပေါ်မှာမှောင်နေမယ့်နီနီရဲရဲမျက်လုံးတွေကိုတွေ့နေရတာကြောင့် ကျွန်ပ်အတွက်ပစ်မှတ်ကိုမှန်းဆရလွယ်ကူပါတယ်။
ကံတရားဖေးမမူကြောင့်လို့လည်းဆိုနိူင်ပါတယ်..။
....ဒိုင်း...ဒိုင်း....ဒိုင်း.....
ကျွန်ပ်မှာလင့်စင်အောင်သို့သုံးလေးချက်မျရမ်းသမ်းပစ်လိုက်ပြီးလက်နှိပ်ဓတ်မီးဖြင့်ထိုးကြည့်ရာ အောက်တွင်ရှင်းလင်းလျက်ရှိနေပါတယ် ။
.. ..ကြောက်လို့သေတော့မှာပဲဗျာ ဘာတွေဖြစ်နေမှန်းကိုမသိတော့ပါဘူး မနက်မိုးလင်းရင်ရွာပြန်ကြရအောင်ကိုကြီးဖိုးတေ..
..သာဝကတော့စံပဲဟေ့ရွာမှာဖွန်ကြောင်စရာကုန်လို့တောထဲဖွန်လာကြောင်ရတယ်လို့ ...
...ဟာဗျာ အဲဒီအကြောင်းတွေရွာမှာလျောက်မပြောပါနဲ့ဗျာ
ကျွန်တော်ရှက်လို့ပါ...
...ဒီလိုကျတော့လည်း ရှက်တယ်တဲ့.ဟားဟား...ဟားဟား...
သာဝမှာကြေမွနေသောခေါင်းပြတ်ခွံများအောက်သို့
သိမ်းချလိုက်ပြီး။
ရွာပြန်ရန်ပြောနေခြင်းကြောင့် ကျွန်ပ်ကသာဝကိုစနောက်နေခြင်းဖြစ်ပါတယ် ။
အချိန်ကလည်းမိုးလင်းခါနီးပြီမို့မအိပ်ကြတော့ပဲ
မိုးလင်းသည်အထိလင့်ပေါ်ထိုင်စကားပြောရင်းအလင်းရောက်လာချိန်တွင်လင့်ပေါ်မှအောက်သို့ဆင်းခဲ့ကြပါတယ် ။
မီးကွင်းကြီးလေးခုမှာမီးမတောက်တော့ပေမယ့်မီးပွားတရဲရဲဖြင့်ရှိနေသေးကြောင်းတွေ့ရပါတယ် ။
ကျွန်ပ်မှာပစ်ခတ်ထားသောတောကောင်များသွားကြည့်ရင်း တောအတွင်း ဟိုသည်လျောက်ကြည့်နေမိရာခေါင်းပြတ်သေနေသောဖွတ်ကြီးနှစ်ကောင်ကိုတစ်နေရာတည်းသေနေတာတွေ့လိုက်ရပါတယ် ။
ဆတ်နဲ့တောဝက်အပြင် ငါးပိသာခန့်ရှိဖွတ်နှစ်ကောင်ကိုပါ မနက်အစောကြီးခုတ်ထစ်ကြပ်တိုက်ပြီး။
ကျွန်ပ်တို့နှစ်ဦးမှာအသားခြောက်များကိုယ်စီသယ်၍ရွာပြန်လာခဲ့ကြပါတော့တယ်...။
ဖွတ်နှစ်ကောင်မည်သို့ရသည့်အကြောင်း သာဝက တမနက်လုံးမေးရုံမက လမ်းတွင်လည်းမကြာခနမေးမြန်းနေပါတယ် ။
ကျွန်ပ်ကသာဝအမေးကိုမဖြေပဲပြုံးနေမိပါတယ်။
တကယ်လို့ညကခြောက်တဲ့မကောင်းဆိုးဝါးနှစ်ကောင်နဲ့ယခုဖွတ်နှစ်ကောင်ဆက်စပ်နေကြောင်းသာဝကိုပြောပြပါကဖွတ်သားမစားပဲနေမည်စိုးတာကြောင့်မပြောပဲနေခြင်းဖြစ်ပါတယ် ။
တချိန်ချိန်စကားကြုံကြိုက်မိရင်တော့ပြောပြဖို့လည်းစိတ်ကူးထားလိုက်ပါတယ်။
နောက်နောင်တွင်အစောင့်အရှောက်ပါသော
တောဝက်အုပ်မှဝက်ကိုမပစ်ရန်ကျွန်ပ်စိတ်အတွင်းမှဆုံးဖြတ်ချက်ချလိုက်မိပါတော့သတည်း။
====================
ပြီးပါပြီ
မြူခိုးအလင်္ကာ