book

Index 8

ဝတ္ထုတို ၈

မုဆိုးဖိုးတေနဲ့မြွေတစ်ကောင်ရဲ့ဂလဲ့စား

==============


       ကျွန်ပ်နေထိုင်ရာဒေသမှာရခိုင်ရိုးမတောနက်

အတွင်းမှရွာငယ်လေးတစ်ရွာဖြစ်ပါတယ်။


   မိုးထိမတတ်မြင့်မားသောတောင်တန်းကြီးများ

များနဲ့တောနက်ရာအရပ်လည်းဖြစ်ပါတယ် ။


   အင်္ဂလိပ်တပ်စိတ်တစ်ခုလုံးရခိုင်ရိုးမတောကြီးအတွင်းအစရှာမရပျောက်ဆုံးမူကလည်းသမိုင်းဝင်အဖြစ်အပျက်အဖြစ်ယနေ့တိုင်အဖြေရှာမရစွာရှိနေပါတယ် ။


   သားရဲတိရိစ္ဆာန်များပေါများခြင်း၊တောနက်ခြင်း၊တောင်တန်းတောင်ကုန်းပေါများခြင်းနဲ့အတူသားရဲတိရိစ္ဆာန်မျိုးစုံကလည်းမှီခိုနေထိုင်ကြပါတယ် ။


     ကျား၊ဆင်၊ဝက်ဝံကဲ့သို့သားရဲကြီးများအပြင်တစ်ခြားသောတောနေသတ္တဝါမျိုးစုံကလည်းရိုးမကိုအမှီပြုနေထိုင်လျက်ရှိနေကြပါတယ် ။


     ထူးခြားချက်အဖြစ်ဟုဆိုရမည်ဟုဆိုရမည့်ကိစ္စရပ်တစ်ခုကားပဲခူးရိုးမနဲ့ရခိုင်ရိုးမထိစပ်နေသော်လည်း

ပဲခူးရိုးမတွင်အလွန်ပေါများသောမြွေပွေးများရခိုင်ရိုးမတွင်မတွေ့ရခြင်းနဲ့အတူရခိုင်ပြည်နယ်အတွင်းလည်းမြွေပွေးရှိမနေခြင်းဖြစ်ပါတယ်။


မြွေပွေးနဲ့ပတ်သက်ပြီး

တစ်ချို့အယူအဆလွဲမှားစွာအဓိပ္ပါယ်ဖွင့်မိကြသော

စကားပုံတစ်ခုရှိနေပါတယ် ။


    ” မြွေပွေးနဲ့ရခိုင် ရခိုင်ကိုအရင်သတ်..”


ထိုစကားအဓိပ္ပါယ်အမှန်မှာအကယ်၍မြွေပွေးအကိုက်ခံရပါကရခိုင်ငှက်ပျောပင်ကိုခုတ်ခိုင်းခြင်းဖြစ်ပါတယ် ။


  ရခိုင်ငှက်ပျောပင်မှထွက်သောအစေးကမြွေပွေးအဆိပ်ကိုကုသနိူင်ကြောင်းရှေးဆေးကျမ်းများတွင် ရေးသားခဲ့ခြင်းကို ယခုခေတ်လူများက အဓိပ္ပါယ်လွဲမှားစွာကောက်ချက်ချနေမိကြခြင်းသာဖြစ်ပါတယ်.... ။


     မြွေနဲ့ပတ်သက်၍ကျွန်ပ်တို့ရွာတွင်ထူးခြားဆန်းပြားသောဇတ်လမ်းတစ်ပုတ်ကလည်းရှိနေပါတယ် ။


    ထိုဇတ်လမ်းကိုစတင်ရမည်ဆိုလျင်

ဒီပါအကြောင်းကအရင်စပြောရမှာဖြစ်ပါတယ်.. ။


    အသက်ဆယ့်ကိုးကျော်စဒီပါကမိဘနှစ်ပါးနဲ့အတူ

နေသူဖြစ်တယ်။ 


အကိုတစ်ယောက်နဲ့အမတစ်ယောက်က အိမ်ထောင်ကျပြီးအိမ်ခွဲသွားကြပြီမို့အငယ်ဆုံးသားဒီပါသာအိမ်မှာကျန်နေရစ်ခဲ့ပါတယ် ။


      ဒီပါကလိမ္မာရေးခြားရှိသူဖြစ်ပြီး အလုပ်မရွေးကြုံရာလုပ်ကိုင်ပြီး မိသားစုကိုဝမ်းရေး

တဖက်တလမ်းမှကူညီပေးသူတစ်ယောက်ဖြစ်ပါတယ်။


      ယခုလိုမိုးတွင်းကာလမှာတော့ ဝါးတောကြီးအတွင်းမျှစ်စို့များပေါက်ရောက်နေတာကြောင့်ဒီပါတစ်ယောက်ဝါးတောကြီးကိုမျှစ်ချိုးဖို့ထွက်လာခဲ့ပါတယ်။


ခမောက်ဝိုင်းလေးကိုဆောင်း၊ မျှစ်ထည့်ရန်ရှည်မျောမျောအဝကျယ်ဝါးပလိုင်းကိုလွယ်ဓားမတိုတစ်ချောင်းခါးထိုးပြီးရွာမှထွက်လာခဲ့ပါတယ် ။


 ရွာနဲ့နီးတဲ့နေရာတွေမှာတစ်ခြားသူတွေချိုးလို့မျှစ်တေမရှိတာမို့ရွာနဲ့ခပ်ဝေးဝေးဝါးတောဆီဒီပါသွားနေပါတယ်။


  မိုးကလည်းတဖျောက်ဖျောက်စွေပြီးရွာနေတာမို့ 

အချမ်းပြေအတွက်ဆိုကာထည့်လာတဲ့ အရက်တစ်ပိုင်းကိုဝါးတောထဲမဝင်မှီရေမရောပဲသောက်လိုက်ပါတယ် ။


     မိုးဦးကျကာလများတွင်မျှစ်စို့ပေါက်လေးသာရှိပြီး

မြေကြီးထဲရောက်နေသောကြောင့် မျှစ်အသားနု

်များပါရန်တူးရသော်လည်း ယခုလိုမိုးလေ

မှန်သွားချိန်မျိုးတွင်လက်နှစ်ထွာကျော်ရှည်နေပြီမို့ တူးစရာမလိုပဲအရင်းမှကပ်၍ဓားဖြင့်ခုတ်သွားရုံဖြင့်

မျှစ်တစ်ပလိုင်းက သိပ်မကြာခင်ပဲရတတ်ပါတယ် ။


    ဒီပါမှာ မျှစ်များကိုဟိုတစ်ချောင်းဒီတစ်ချောင်းဓားဖြင့်လိုက်ခုတ်ပြီးချိုးလာရင်းဖြင့်ဝါးပင်များ ခပ်စိတ်စိတ်ပေါက်နေသောနေရာတစ်ခုကိုရောက်လာခဲ့ပါတော့တယ် ။


မျှစ်များကလည်းထိုနေရာတွင် ဟိုတစ်ချောင်းဒီတစ်ချောင်းဖြင့်အတော်များများရှိနေပါတယ်။


    ...ဒုတ်...


....ဟာ...သွေး..သွေးတွေ.....


    ဒီပါတစ်ယောက်ထိုဝါးတောမှာမျှစ်တစ်ချောင်းကို

မြေကြီးနဲ့ကပ်၍ခုတ်လိုက်ရာ ဓားကအသားတုံးတစ်ခုကိုခုတ်မိသလိုဖြစ်ပြီးသွေးများကငေါက်ကနဲပန်းထွက်လာတာကြောင့် အံ့သြမူကြောင့် ခနမျမှင်သက်သွားမိပါတယ်.... ။


   ..ဝေါ...ဖျော...ဖျော....ဖျောက်....ဖျောက်....ဖျောက်...


...ဟင်...မြွေ..မြွေကြီး......


   ဒီပါရပ်နေရာမြေကြီးမှာရွေ့လျားသွားမူကြောင့်ဒီပါမှာကြောက်လန့်တကြားနောက်သို့ခုန်ဆုတ်လိုက်မိပါတယ် ။

 ဝါးရွက်များမြေစေးများခပ်ပါးပါးဖုန်းအုပ်နေတဲ့ထန်းပင်လုံးအရွယ်ခန့်စပါးကြီးမြွေတစ်ကောင်ကို ဒီပါ ဂရုမပြုမိခြင်းဖြစ်ပါတယ် ။


   မြွေကြီးမှာဒီပါဓားချက်ကြောင့်အိပ်ပျော်ရာမှလှန့်နိူးခံရသူလိုကိုယ်ခန္ဓာကိုယ်တွန့်လိမ်ရုန်းကန်လိုက်ရာ

သူ့ကိုယ်ခန္ဓာကိုထိုးဖောက်ပြီးပေါက်နေတဲ့ မျှစ်ဝါးတွေအားလုံးကျိုးပြတ်ကုန်ပါတယ် ။


   မျှစ်ဝါးထိုးဖောက်ထားတဲ့နေရာကအပေါက်တွေဖြစ်နေပြီးသွေးတွေစီးကျနေပေမယ့် ခနအကြာမှာပဲ အသားတွေပြန်စေ့သွားပြီးအကောင်းပကတိပြန်ဖြစ်သွားတာဒီပါတွေ့လိုက်ရပါတော့တယ်။


 မြွေကြီးမှာအကြမ်းသောက်ပန်းကန်လုံးခန့်ရှိမျက်လုံးများဖြင့်ဒီပါကိုစိုက်ကြည့်လာတာကြောင့် ဒီပါတစ်ယောက် ကြောက်လန့်သွားမိပါတယ် ။


      ချေ၊ဆတ်တို့ကိုညိူ့ယူစားသောက်တတ်သော

စပါးကြီးမြွေအကြောင်းကိုတွေးပြီးနောက်လှည့်ပြေးရန်အလုပ်မှာတော့ ဖူးခနဲ နာမူတ်သံကြားရပြီး သူ့တစ်ကိုယ်လုံးချွဲကျိကျိအရည်များစင်ကျလာခြင်းနဲ့အတူအမူန်အမွှားများမျက်လုံးကိုဝင်သွားတာကြောင့်မျက်လုံးများပြာဝေသွားပါတော့တယ် ။


      ဒီပါမှာ မျှစ်ပလိုင်းကိုလွင့်ပစ်လိုက်ပြီးဓားမတိုကို

လက်မှကိုင်ကာဝါးတောမှထွက်ပြေးလာခဲ့ပါတယ်။


   ဒါပေမယ့် အရပ်လေးမျက်နှာဟာ မူန်ဝါးဝါးဖြစ်နေပြီအပြန်လမ်းရှာမရပဲလမ်းပျောက်နေပါတော့တယ် ။


  မျက်နှာမူရာအရပ်ကိုနည်းနည်းလောက်ပြေးသွား

လိုက်ရင်ပဲသူတွေ့ခဲ့ရတဲ့ စပါးကြီးမြွေကြီးက သူ့ပြေးလမ်းမှာပိတ်ရပ်နေတာတွေ့ရပါတယ်။


   အရပ်လေးမျက်နှာဘယ်နေရာကိုပြေးပြေး၊

မြွေကြီးကိုပဲတွေ့နေရတာကြောင့် အခက်ကြုံကာ

ဘယ်ကိုပြေးလို့ပြေးရမှန်းမသိဖြစ်နေပါတော့တယ် ။


  လူကြီးသူမများပြောပြချက်စကားများအရစပါး

ကြီးမြွေညို့ခံထားရသူမှာ ခပ်ဝေးဝေးပြေးလို့မရ

ကြောင်းစကားများကိုဒီပါပြန်သတိရလာမိပါတယ်။


   အရပ်လေးမျက်နှာခြေကုန်လက်ပန်းကျအောင်ပတ်

ပြေးပြီးအားအင်ကုန်ခမ်းကာမလူပ်ရှားနိူင်ချိန်ရောက်မှစပါးကြီးမြွေရောက်လာပြီးမြိုတတ်ကြောင်းကိုပါထပ်ဆင့်သတိရတာကြောင့် ဒီပါမှာပြေးလွားခြင်းကိုရပ်လိုက်ရင်းဘာ

ဆက်လုပ်ရမည်ကိုတွေးတောနေပါတော့တယ် ။


    ဒီပါမှာလတ်တလောကြောက်လန့်မူကြောင့်

သွေးရူးသွေးတန်းဖြစ်သွားသော်လည်းညဏ်

ကောင်းသူတစ်ယောက်ဖြစ်ပါတယ် ။


    လူကြီးသူမများစပါးကြီးမြွေနဲ့ပတ်သက်သော

ပြောစကားများကိုအသေအချာပြန်စဉ်းစားကြည့်ရာ

စပါးကြီးမြွေများမှာသူ့သားကောင်များကိုမမြိုမှီကိုယ်လုံးနဲ့ရစ်ပတ်၍အရိုးအဆစ်များပြုတ်ထွက်

အောင်ပြုလုပ်ပြီး သူ့ပါးစပ်မှချွဲကျိကျိအရည်များ သူမြိုမည့်သားကောင်အပေါ်အန်ချပြီး မြို၍အဆင်ပြေအောင်ပြုလုပ်တတ်ကြတယ်။

  မြိုသောအခါတွင်လည်းမည်သည့်သားကောင်ကိုမဆိုအောက်ခြေပိုင်းမှစတင်၍မြိုတတ်ကြောင်းလူကြီးသူမပြောစကားများ ဒီပါနားတွင်ပြန်ကြားယောင်လာပါတယ်။


  ဒါကြောင့်ဘေးပတ်ဝန်ကျင်ကိုလိုက်ကြည့်ရာသစ်

တုံးနှစ်တုံးတွေ့ရတာကြောင့်အနားသို့သွား

ကြည့်လိုက်ရာလူတစ်ကိုယ်ပက်လက်လှဲအိပ်ပါကလူတစ်ကိုယ်စာထက်အနည်းငယ်ချောင်ပြီးအဆင်ပြေပေမယ့်သစ်တုံးကလူထက်အနည်းငယ်တိုနေပါတယ်။


  ဒီပါမှာပြေးရင်လည်းလွတ်လမ်းမရှိတာကြောင့်စွန့်စားမူတစ်ခုပြုလုပ်ရန်ဆုံးဖြတ်လိုက်ပါတယ် ။


   ခေါင်းကိုသစ်တုံးနဲ့အတိထားပြီးခြေထောက်ကိုအပြင်ထုတ်ထားလိုက်ပြီးခြေနှစ်ဖက် ခြေမကြားတွေမှာဓားမတိုကိုအသွားအပြင်ထုတ်။ ခြေမကိုအားပြုပြီးညှပ်ကုတ်ထားပါတယ်..။

 ဒီပါတစ်ယောက်တချက်တချက်သတိလွတ်မလိုဖြစ်နေသော်လည်းကြိုးစား၍စိတ်ကိုချုပ်ထိန်းနေလျက်ရှိနေပါတယ်။


တကယ်လို့သတိမေ့လျင်သေရမည်ဆိုသောစိတ်ဇောကြောင့်သတိမလစ်ခြင်းလည်းဖြစ်ပါတယ်။


    မကြာမှီစပါးကြီးမြွေကြီးမှာ ဒီပါလဲလျောင်းနေရာသစ်တုံးကြားရောက်လာပါတော့တယ် ။


မြွေကြီးမှာသစ်တုံးကိုကျော်လိုက်၊ဘေးဖက်ကိုသွားလိုက်၊အရှေ့အနောက်သွားလိုက်ဖြင့်အကြံရခက်နေဟန်ရှိပါတယ်..။

 သူ့အစာကိုအရိုးအဆစ်ပြုတ်အောင်ရစ်ပတ်

ရန်အဆင်မပြေသောအခါ အောက်ဖက်နားသွား၍ ပါးစပ်မှချွဲကျိကျိအရည်များထုတ်လျက်ဒီပါကိုခြေမှစ၍မြိုပါတော့တယ် ။


  ဒီပါမှာမြွေကြီးသူ့ကိုလှည့်ပတ်ကြည့်နေချိန်ကပင်

အသည်းတယားယားရှိနေပါတယ် ။


သူ့ခြေထောက်ကိုမြွေမြိုလိုက်ချိန်ခြေထောက်ကိုသတိထားပြီးအနည်းငယ်မြောက်ပေးလိုက်ပါတယ်။


ကန့်လန့်ဖြတ်ခံထားသောဓားသွားကမြွေပါးစပ်အစွန်းနှစ်ဖက်ကိုထိရာတဗြစ်ဗြစ်အသံများကြားနေရခြင်းနဲ့အတူ မြွေပါးစပ်မှ

သွေးစိမ်းများပန်းထွက်လာတာမြင်တွေ့နေရပါတယ် ။


ဒီပါပထမဆုံးတွေးထားသောအတွေးမှာမြွေကြီးမှာ

ပါးစပ်ကိုဓားထိလျင်သူ့ကိုဆက်မြိုလိမ့်မည်မဟုတ်

ဟုထင်မှတ်ထားပါတယ်။


   သို့ရာတွင်  အစာဇောကပ်နေသောမြွေကြီးမှာဓားမတိုကိုသတိပြုမိဟန်မတူပဲဒီပါကိုမြိုလာရာပေါင်ရင်းကျော်၍ခါးလည်ခန့်ရောက်လာပါတော့တယ် ။


    ဒီပါတစ်ယောက်ထိုအချိန်ကျမှလေးလံထိုင်းမိူင်းနေသောစိတ်များရုတ်တရက်ပျောက်သွားပါတယ် ။


မြွေမြိုခံနေရသောသူ့ခြေထောက်များမရှိတော့သလိုခံစားရလိုက်ခြင်းကြောင့်ရုတ်တရက်ခြေထောက်ကိုဆွဲထုတ်၍ကုန်းရုန်း၍ထလိုက်ရာ မြွေခေါင်းအပေါ်တစ်ခြမ်းမှာဘေးဖက်သို့လန်သွား

ပါတော့တယ်။


ဒီပါလည်း

   ခုအချိန်ကျမှရွာဖက်အရပ်သို့သေချာမြင်ရသလို

ရှေ့တွင်လည်းမြွေကိုမမြင်ရသောကြောင့် ခြေကုန်

သုတ်ပြေးလာရာတစ်နာရီတောလမ်းခရီးကိုနာရီဝက်ခန့်နဲ့ရောက်လာပါတယ် ။


    ခါးအောက်ပိုင်းတွင်သွေးများရွဲလျက်ပါးစပ်မှ

ဝူးဝူးဝါးဝါးအော်ကာပြေးလာသော ဒီပါကို ရွာသားများဝိုင်းဝန်းဖမ်းချုပ်သောအခါမှ ဒီပါတစ်ယောက်ငြိမ်ပြီးအမောဖြေလျက်သူကြုံခဲ့ရသမျပြောပြလာပါတယ် ။


  ကျွန်ပ်မှာမိုးအေးအေးတွင်ရေနွေးကြမ်းတစ်အိုးကို

လက်ဖက်ခြောက်ခပ်များများခပ်၍သောက်ရင်းအတွေးနယ်ချဲ့နေစဉ်ရွာအတွင်းအုပ်အုပ်ကျက်ကျက်ဆူညံ့သံကြားရတာကြောင့်ခမောက်ဆောင်းလျက် အသံကြားရာသို့လျောက်လာခဲ့ပါတယ် ။


   ကျွန်ပ်ရောက်ချိန်တွင်ဒီပါကသူစပါးကြီးမြွေနဲ့ကြုံခဲ့ရသောအကြောင်းများစတင်ပြောချိန်နဲ့ကွက်တိကြုံသောကြောင့်စိတ်ဝင်တစားနားထောင်နေမိပါတော့တယ် ။


   ဒီပါစကားဆုံးသောအခါရွာသားအများအပြားကဒီပါ

စကားကိုမယုံကြည်ကြပါဘူး။


   သူတို့တသက်တွင် စပါးကြီးမြွေက တောတိရိစ္ဆာန်များကို ညိူ့ယူစားသောက်သည်ကို

ကြားဖူးကြသော်လည်း လူကိုညိူ့ယူကာစားမည့်

မြွေအရွယ်အစားပမာဏကိုတွေးကာ မဖြစ်နိူင်ဟု

ဆိုနေကြခြင်းဖြစ်ပါတယ် ။


    ကျွန်ပ်မှာရွာမှလူကြီးပိုင်းတစ်ချို့နဲ့တိုင်ပင်၍

ထိုနေရာကိုသွားကြည့်ရန်ဆုံးဖြတ်လိုက်ကြပါတယ် ။


    ကျွန်ပ်မှာအိမ်ပြန်သေနတ်ယူ၍ ရွာမှလူကြီးပိုင်းတစ်ချို့နဲ့အတူ ဒီပါမြွေနဲ့တွေ့ခဲ့ရသောနေရာကိုလမ်းပြစေပါတယ်..။


   ဒီပါမှာသူပုန်းအောင်းခဲ့ရာသစ်တုန်းနှစ်တုန်းကြား

ကိုပြရာသွေးများအိုင်ထွန်းနေလျက်ရှိသလို သွေးစွန်းနေတဲ့ဓားမတိုကိုလည်းထိုနေရာမှာတွေ့လိုက်ရပါတယ် ။


    ထိုနေရာနဲ့မနီးမဝေးခြုံအတွင်းမှရုန်းကန်သံများကြားရသောကြောင့်သွားကြည့်ကြရာခေါင်းတခြမ်းချက်အထိကွဲနေသောမြွေကြီးမှရုန်းကန်ရင်းအသငင်နေကြောင်းတွေ့လိုက်ရပါတယ် ။


   ထိုအခါကျမှကျွန်ပ်တို့လူစုမှာ သတ္တိရှိပြီး ၊ ညဏ်ကောင်းသောဒီပါကိုဝိုင်းဝန်းချီးကြူးမိကြပါတယ် ။


ဒီပါမှာလည်းယခုမှပြုံးနိူင်ရယ်နိူင်ပါတော့တယ် ။


” စပါးကြီးကျုပ်ကိုညိူ့ထားတုန်းက ဘယ်ပြေးပြေးမြွေတွေပဲမြင်နေရတယ် ။


ကျုပ်ကိုမြိုတော့ကြောက်ပြီး

ထပြေးတော့မှ ဘာမြွေမှမမြင်ရတော့တာ ကျုပ်အဖြစ်ကအတော်ကြီးဆန်းတယ် မယုံနိူင်စရာပါပဲ...”


”  မင်းက သတ္တိရှိပြီး ညဏ်ကောင်းလို့ မသေတာပဲဒီပါ....မြွေကမင်းဓားမတိုကြောင့်ညိူ့ကြောပြတ်သွားတော့ညိူ့တာပျက်သွားတာပဲကွ....”


”...ဒါနဲ့စပါးကြီးမြွေက လူကိုဘယ်လိုများညိူ့တာလဲအဘ သူ့ညိူ့ကြိုးကဘယ်မှာပါတာလဲ....”


” တကယ်က ညိူ့ကြို့ကသည်းခြေနဲ့ဆက်နေတာကွ

စပါးကြီးမြွေဟာ သူညိူ့တော့မယ်ဆိုတာနဲ့ သူ့ချက်ပေါက်ကညိူ့ကြိုးထွက်လာတယ်၊ ညို့ကြိုးရဲ့

ထိပ်ဟာ' ချေ 'ခွာပုံစံရှိပြီးတော့ သူညိူ့မဲ့အကောင်ရဲ့

   ခြေရာကိုထောက်လိုက်ရင်ဘယ်လမ်းပဲပြေးပြေး

မြွေကိုတွေ့နေရတော့တာပါပဲ... ”


   ဒီပါအမေးကိုအတွေ့အကြုံစုံသောမုဆိုးအိုကြီးတစ်

ယောက်ကပြန်ဖြေနေခြင်းဖြစ်ပါတယ် ။


   ကျွန်ပ်မှာ မသိသေးသောအကြောင်းအရာများမို့

ဆက်နားထောင်နေမိပါတယ် ။


  ”...ဒါနဲ့ ဝါးတောထဲမှာ မျှစ်က ဒီမြွေကြီးကိုယ်လုံးကိုဖောက်ထွက်နေတယ် တစ်ခြားမျှစ်တုတ်တွေရောအများကြီးပဲ...”


   ” ဒါကတော့ စပါးကြီးမြွေများဟာ သားကောင်တစ်ကောင်ကိုမြိုထားပြီဆိုရင် ဘယ်မှမသွားလာနိူင်တော့ပဲ စင်းစင်းကြီးသုံးလက

နေလေးလအဲနေရာမှာပဲမလူပ်မယှက်နေတတ်ကြတယ်။


ခုဟာကဝါးတောထဲမှာဆိုတော့မျှစ်တွေထွက်ချိန်ရောက်တော့သူ့ကိုယ်လုံးဖောက်ထွက်သွားကြတာပဲ..။


   ညိူ့ကြောမပြတ်တဲ့စပါးကြီးမြွေတွေဟာအသား

ပြန်ဆက်တတ်ကြတယ် ။


   စပါးကြီးမြွေရလာလို့ ခေါင်းကနေခွဲရင်ရှေ့ကခွဲနောက်ကအသားပြန်စေ့

ကုန်လို့ညိူ့ကြိုးရှိရာသည်းခြေနားကခွဲတတ်ကြတယ်...”


  ”...ဒီကောင်ကြီးက အစာစားပြီးမှေးနေတာဆိုရင်

ကျွန်တော်ကိုညိူ့ပြီး ဘာလို့စားမလို့လုပ်တာလဲ အဘ..”


”..သုံးလေးလဆိုတော့ သူကလည်းအစာကြေချိန် မင်းနဲ့တိုက်တိုက်ဆိုင်ဆိုင်သွားတွေ့တော့ နောက်အစာအသစ်စားမယ်ဆိုပြီး  

မင်းကိုညိူ့ပြီးစားဖို့လုပ်တာဖြစ်မယ်။


  အတွေးကောင်းတဲ့မင်းနဲ့တွေ့တာ တခါတည်းသူကိုယ်သူသတ်သေသလိုဖြစ်သွားတာပေါ့...”


      ကျွန်ပ်တို့လူစုမှာစပါးကြီးမြွေ၏တန်ဖိုးကြီးလှသော

သည်းခြေကိုဒီပါကိုပေး၍အသားများကိုခုတ်ထစ်၍

တစ်ရွာလုံးကိုဝေငှပေးလိုက်ပါတယ် ။


      ထိုရက်များအတွင်းဒီပါ့အကြောင်းကိုလည်း

လူကြီးလူငယ်စကားဝိုင်းများတွင် သူရဲကောင်းသဖွယ်ပြောဆိုနေကြပါတယ် ။

     ကျွန်ပ်မှာလည်းဒီပါအတွေးစိတ်ကူးကိုချီးကြူးမိပါတယ်။

  အကယ်၍ဒီပါသာ ကြောက်လန့်ပြီးပြေ့းမိပြေးရာပြေးနေပါကမြွေစာဖြစ်မည်မှာမလွဲပေ။


      တစ်လခန့်ကြာသောအခါကျွန်ပ်တို့ရွာတွင်

ထူးဆန်းသောအကြောင်းကိစ္စပေါ်ပေါက်လာပါတယ်... ။


      အဲတာကတော့ စပါးကြီးမြွေလက်ကညဏ်ကူပြီး

လွတ်လာတဲ့ဒီပါတစ်ယောက်ပျောက်ဆုံးသွားခြင်းကြောင့်ဖြစ်ပါတယ်။


    မိဘများပြောပြချက်အရ နေ့လည်ပိုင်းအချိန်တွင်မိူရှာရန်တောတက်သွားရာ ညမှောင်သည်အထိရောက်မလာကြောင်းရွာလူကြီးထံလာရောက်တိုင်တန်းလာပါတယ်.. ။


 ဒီပါမှာလူငယ်သဘာဝအသောက်အစားရှိသော်လည်းလုပ်စရာရှိသည်ကိုလုပ်ပြီးအချိန်မှန်အိမ်ပြန်လာတတ်သူတစ်ယောက်ဖြစ်ပါတယ် ။


  ရွာလူကြီးမှာရွာအရေးအကြောင်းကိစ္စများအတွက်

လူငယ်တစ်ချို့နဲ့ကျွန်ပ်တစ်ဖွဲ့ ၊ရွာလူကြီးကတစ်ဖွဲ့

ွရွာအနီးချုပ်စပ်တောများတွင် မီးတုတ်များကိုင်၍

တစ်ဖွဲ့လျှင်မောင်းတစ်လုံးဖြင့် မောင်းထု ခေါ်သံပေးကာရှာဖွေနေကြပါတော့တယ် ။


     တောရွာများဖြစ်တာကြောင့် ကျွန်ပ်တို့ရွာများတွင်တစ်ခါတစ်ရံတောတက်သူများမှာ တစ္ဆေသရဲများကလူယောင်ဖန်ဆင်း၍ လူကိုလိမ်လည်ခေါ်ဆောင်ကာဝှက်ထားရာ ရှာဖွေသူများကိုမြင်နေရသော်လည်းဝှက်

ထားခံရသူမှာခေါ်မရပြုမရရှိနေတတ်ကြောင်း၊ တစ်ခါတရံရှာဖွေသူများကိုပင် သရဲတစ္ဆေဟူ၍မြင်မိ

ကြကြောင်းအဝှက်ခံရာမှလွတ်မြောက်လာသူများ

အပြောအရသိရပါတယ် ။


      မောင်းထု၍ရှာပါကဝှက်ခံထားရသူမှာစကားပြော

နိူင်သလိုမောင်းသံကြားရာသို့လာ၍ရှာဖွေသူများနဲ့ဆုံနိူင်ကြောင်းထပ်ဆင့်သိရပါတယ်..။


    လူကြီးသူမများအပြောအရ တစ္ဆေသရဲများမှာ

မောင်းသံကိုကြောက်လန့်တတ်ကြောင်းသိရပါတယ် ။


   မောင်းထုလိုက်၊ဒီပါနာမည်အော်ခေါ်လိုက်ဖြင့်

ကျွန်ပ်တို့လူစုဟာရွာနီးချုပ်စပ်တောများတွင်ဒီပါကို

လိုက်ခေါ်နေကြရင်း တစ်ခါတရံငြိမ်သက်၍ သူကြီးအဖွဲ့မှအသံကိုလည်းနားစွင့်နေမိကြပါတယ် ။


   တကယ်လို့ဒီပါကိုရှာတွေ့ပါက မောင်းကိုအချက်ပြအမှတ်အသားထု၍ တစ်ဖွဲ့နဲ့တစ်ဖွဲ့အသိပေးရန်ကြိုတင်အသိပေးထားတာကြောင့်ဖြစ်ပါတယ် ။.


    တစ်ကြိမ်မှာတော့ သူကြီးအဖွဲ့မှခပ်စိတ်စိတ်ထုပြီး

အချက်ပေးနေတာကြောင့် သူကြီးအဖွဲ့ရှိနေရာတောဖက်ဆီခပ်သွက်သွက်သွားလိုက်ကြပါတယ်။


 .....ဟာ......


သူကြီးတို့အဖွဲ့အနီးရောက်သောအခါကျွန်ပ်မှာ

တစ်ယောက်ပေါက်ပြောဆိုရင်းအုံးအုံးကျက်ကျက်

ပြောဆိုကာဝိုင်းအုံနေသောလူအုပ်ကြီးကိုတိုးဝှေ့

့ပြီးကြည့်လိုက်ရာမြင်လိုက်ရသောမြင်ကွင်းကကျွန်ပ်ကိုအံ့သြမှင်သက်၊ထိတ်လန့်သွားစေပါတယ် ။


     ဒီပါတစ်ယောက်ပက်လက်အနေအထား

လဲကျလျက်သေဆုံးနေတာတွေ့လိုက်ရတာကို

စိတ်မကောင်းစွာတွေ့လိုက်ရတာကြောင့်ပဲဖြစ်ပါတယ်။


      ကျွန်ပ်မှာဒီပါ့အလောင်းအနီးဆောင့်ကြောင့်ထိုင်ပြီးကိုယ်ခန္ဓာအားစစ်ဆေးကြည့်ရာ 

လည်ပင်းဆစ်၊လက်ဆစ်၊ခြေဆစ်များပြုတ်ထွက်ပြီး

နံရိုးများကျိုးကြေနေကြောင်းမြင်တွေ့လိုက်ရပါတယ် ။


     သေခါနီးမချိမဆန့်ဝေဒနာကိုခံစားသွားရဟန်ဖြင့်

ဒီပါတစ်ယောက်မျက်လုံးများပြူးကျယ်လျက်ရှိနေပါတယ်။


ရွာသားများကတော့ဒီပါသေဆုံးပုံကိုစဉ်းစားမရကြဟန်တစ်ယောက်တစ်ပေါက်ထင်ရာမြင်ရာပြောဆိုလျက်ရှိကြနေကြပါတယ်..။


   ဒီပါ့အလောင်းကို ဝါးကပ်ပေါ်တင်၍ရွာသင်ချိုင်းသို့

သယ်ကာ မီးရိူ့သဂြို င်္လ်လိုက်ကြပါတယ်။


  ရပ်ရွာဓလေ့အရ ကျွန်ပ်တို့အရပ်တွင်အစိမ်းသေသူများကိုမီးရိူ့သဂြိုလ်လေ့ရှိကြပါတယ် ။


   ဒီပါအမေမှာသားဖြစ်သူအလောင်းကိုတွေ့ရသောအခါအူလိူက်သည်းလိုက်ငို၍ မေ့မြောသွားတာကိုကျွန်ပ်စိတ်မကောင်းစွာတွေ့နေရပါတယ် ။


   ဒီပါကိုသတ်သွားတာလူလား၊တောတိရိစ္ဆာန်တစ်ကောင်ကောင်လားကျွန်ပ်မခွဲခြားနိူင်သေးပေ။


      သူကြီးမှာကျွန်ပ်အားနှစ်ယောက်ခြင်းခေါ်တွေ့ပြီး

ဒီပါမည်သို့မည်ပုံသေဆုံးကြောင်းစုံစမ်းရန်တာဝန်ပေးအပ်လာပါတယ်။

     ကျွန်ပ်မှာလည်းနောက်ရက်များတွင်ရွာသားများကို

တောမတက်ကြရန်၊အကယ်၍မဖြစ်မနေတောတက်လျင်လည်းအုပ်စုဖွဲ့၍သွားလာကြရန်သူကြီးမှရွာသားများကိုအမိန့်ထုတ်စေလိုကြောင်းပြောကြားပြီးအိမ်ပြန်လာခဲ့ပါတော့တယ်။


    ကျွန်ပ်စိတ်အတွင်းဒီပါအားသတ်သွားသူမှာတော

တိရိစ္ဆာန် တစ်ကောင်ကောင်လက်ချက်ဟုထင်မှတ်

နေပါတယ် ။


   စပါးကြီးမြွေလိုအကောင်မျိုးက အရိုးအဆစ်များပြုတ်အောင်ရစ်ပတ်လိမ်ကျစ်နိူင်တာမို့စပါးကြီးမြွေတစ်ကောင်ကောင်ကဒီပါကိုသတ်သွားခြင်းလားဟုထင်မှတ်မိသော်လည်း စပါးကြီးမြွေသာဆိုပါကဒီပါကိုမြိုကာအလောင်းပင်ရှာတွေ့မည်မဟုတ်သောအချက်ကရှိနေပြန်ပါတာကြောင့်တစ်ခြားသားကောင်ကိုတွေးမရဖြစ်နေခြင်းပင်။


 ကျွန်ပ်မှာတစ်ပတ်ခန့်တောတောင်အနှံ့ခြေဆန့်၍ ဒီပါကိုသတ်သွားသောတရားခံသဲလွန်စရလိုရငြားရှာသော်လည်းသဲလွန်စတစ်စုံတရာရှာမရပဲရှိနေပါတယ်။


ဒီပါမိဘများရွာမှနတ်ဝင်သည်ကိုမေးမြန်းကြရာ

ဒီပါသတ်လိုက်သောမြွေမှာ တောစောင့်နတ်ကြီး

၏နတ်မြွေဖြစ်ကြောင်း။မြွေကိုသတ်လိုက်သောဒီ

ပါကိုစိတ်ဆိုးပြီးတောစောင့်နတ်ကြီးကသတ်လိုက်ကြောင်းတဆင့်စကားပြန်ကြားရပါတယ် ။


ကျွန်ပ်ကတော့နတ်ဝင်သည်အဟောကိုအယုံအကြည်မရှိလှပါဘူး။


    တပတ်ခန့်အချိန်ကြာသွားချိန်ရွာသားများမှာ

တောကိုမှီခိုလုပ်ကိုင်စားသောက်ကြရသူများမို့ 

စားသောက်ရေးခက်ခဲလာကြသောကြောင့်

သူကြီးထံတောပြန်တက်ရန်ခွင့်ပြန်တောင်းလာကြတဲ့အခါသူကြီးလည်းမတတ်သာပဲခွင့်ပြုလိုက်ရပါတော့တယ်။


    ရွာသားများတောတက်သော နေ့မှာပင် ရွာသားတစ်ယောက်ပျောက်ဆုံးသွားပြန်ပါတယ် ။


    သူကြီးနဲ့ကျွန်ပ်တို့လည်းတောနင်းရှာသောအခါ

ဒီပါသေဆုံးသည်နဲ့တထပ်တည်း အရိုးအဆစ်များ

ပြုတ်ထွက်ပြီးနံရိုးများကျိုးကြေကာ မချိမဆန့်ဝေဒနာခံစားပြီးသေဆုံးနေတဲ့တိရိစ္ဆာန်ကိုတွေ့လိုက်ရပါတယ်။


    နတ်ဝင်သည်ယခုတကြိမ်ဟောချက်ကကြောက်စရာကောင်းလာပါတယ် ။


 နတ်မြွေကြီးအသားကိုစားသောရွာသားဟူသမျကို အားလုံးသတ်လိမ့်မည်ဟုဟောလာပြန်ပါတယ် ။


နတ်ဝင်သည်စကားကြောင့်ရွာသားများကြောက်လန့်စိတ်ဝင်ကုန်ကြပါတယ် ။


ကျွန်ပ်မှာလည်းယခုကိစ္စကိုအမြန်ဆုံးဖြေရှင်းရန်လိုနေပြီမို့ အိမ်မပြန်တော့ပဲတောတွင်းလှည့်လှည်ပြီး ဒီပါနဲ့ရွာသားတစ်ယောက်ကိုသတ်သွားသော တောတိရိစ္ဆာန်ကောင်ကိုလိုက်ရှာနေမိပါတယ် ။

    ကျွန်ပ်စိတ်အတွင်းယခုလူသေမူများမှာတောတိရိစ္ဆာန်တစ်ကောင်လက်ချက်ဟုစိတ်အတွင်းသေချာစွ၊ာသိနေပါတယ်။ဘယ်အကောင်ဟူ၍သာအတိအကျ

မသိခြင်းသာဖြစ်ပါတယ်။


ကျွန်ပ်မှာတနေကုန်တနေခန်းတောထဲလှည့်လည်ပြီးရွာသားများကိုသတ်တဲ့တောတိရိစ္ဆာင်ကောင်ကိုလိုက်ရှာနေမိပါတယ် ။


     ညနေစောင်းလေပေါက်ချိန်၊ ကျွန်ပ်မှာတောင်ကြောတစ်ခုကိုဖြတ်နေစဉ် နားခေါင်းဝအတွင်းမွေးပျံ့တဲ့ရနံ့တစ်ခုကိုတိုက်ခတ်

နေတဲ့လေနဲ့ရောပြီးရူရိူက်လိုက်မိရပါတယ်။


   အနံ့မှာ ပန်းရနံ့ကဲ့သို့မွေးရနံ့မျိုးဖြစ်ပြီးထိုမွေးရနံ့မျိုး

ဆက်တိုက်ရူရိူက်မိစဉ်ခေါင်းအတွင်းရီဝေဝေဖြစ်လာပါတော့တယ်။

 မြင်ကွင်းများမှာမကွဲမပြားနှစ်ထပ်ဖြစ်လျက်ခြေလက်များမသယ်နိူင်အောင်လေးလံလာပါတယ် ။


  ကျွန်ပ်ယခုလိုဖြစ်ခြင်းမှာမွေးရနံ့ကြောင့်ဖြစ်ကြောင့်

သိသောကြောင့် နှာခေါင်းပိတ်အသက်အောင့်ပြီး

တောင်အောက်သို့ဆင်းလာခဲ့ပါတော့တယ် ။


      ကျွန်ပ်မှာတောင်အောက်စမ်းချောင်းတွင်မျက်နှာသစ်ကိုယ်လက်သန့်စင်လိုက်ပေမယ့် ခေါင်းကရီဝေ၀ရှိနေဆဲပင်ဖြစ်ပါတယ် ။


      ကျွန်ပ်မှာပတ်ဝန်းကျင်ကိုမျက်လုံးဝေ့ကြည့်လိုက်ရာတဖက်တောင်ခြေတောစပ်တွင်နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးကိုတွေ့လိုက်ရတာကြောင့်အံ့သြသင့်သွားမိပါတယ်။


  ဒီတောဒီတောင်မှာကျင်လည်ကျက်စားပြီး ကျွန်ပ်ခြေရာမကျရာနေရာမရှိသလောက်နေရာ

မို့ ဒီအိမ်ဟိုးယခင်ကမရှိတာသိပေမယ့်။


  ကျွန်ပ်ယခုနေရာသို့မရောက်ဖြစ်သောကာလများတွင်ဆောက်ထားခြင်းလားဟူသောဇဝေဇဝါအတွေးရှိနေပါတယ် ။


     ကျွန်ပ်မှာဦးခေါင်းများရီဝေပြီးသွားလာနေကျရွာရှိရာအရပ်သို့ပင်မမှန်းဆနိူင်သောကြောင့် ခြေဦးနည့်ရာလျောက်သွားနေမိပါတယ် ။


      ...ဟင်...


  ကျွန်ပ်စိတ်အတွင်းစိုးရိမ်ထိတ်လန့်စိတ်များနဲ့အတူ

မြင်ရတဲ့မြင်ကွင်းကိုမယုံကြည်နိူင်လောက်အောင်ဖြစ်သွားရပါတယ် ။


    ကျွန်ပ်ရှေ့သွားလမ်းပေါ်တွင် ထန်းပင်လုံးခန့်ရှိပြီးအကြမ်းသောက်ပန်းကန်လုံးထက်ပင်ကြီးသောမျက်လုံးများရှိသော စပါးကြီးမြွေတစ်ကောင်အားတွေ့ရပြီး

မြွေကြီးနောက်တွင်လည်းတခြားသောအမျိုးအစားစုံလင်သောမြွေပေါင်းစုံတို့ကနေရာအနှံ့တွေ့လိုက်ရပါတယ် ။


   ကျွန်ပ်မှာနောက်ဆုတ်ရင်းတခြားတဖက်လမ်းသို့သွားရာတွင်လည်းထိုမြွေကြီးနဲ့မြွေများကိုတွေ့နေရပြန်ပါတယ် ။


    အရပ်လေးမျက်နှာဘယ်နေရာကိုပဲသွားသွား

စပါးကြီးမြွေနဲ့တစ်ခြားသောမြွေများက ကျွန်ပ်သွာံးမည့်လမ်းကိုကြိုရောက်နေကြတာကြောင့်အံ့သြသင့်မိခြင်းနဲ့အတူစိုးရိမ်စိတ်လည်းဝင်လာပါတယ် ။

      ကျွန်ပ်ခေါင်းအတွင်းအတွေးတစ်ခုလည်းဝင်လာပါတယ် ။

   ကျွန်ပ်ကိုစပါးကြီးမြွေညိူ့ထားလိုက်ပြီလား၊

ထိုအတွေးကကျွန်ပ်စိတ်ကိုချောက်ချားသွားပါတယ်။


    ကျွန်ပ်ဘာဆက်လုပ်ရမလဲဟုလူပ်ရှားနေသော

စိတ်ကိုထိန်းချုပ်၍ အားအင်ကိုချွေတာ၍ အန္တရယ်ပေါ်လာပါကတတ်နိူင်သလောက်ခုခံရန်စိတ်ကူး၍ ထူးဆန်းစွာမြင်နေရသော အိမ်ရှိရာလျောက်သွားပြီးအိမ်ရှေ့မလှမ်းမကမ်းတွင်

ရပ်လိုက်ပါတယ် ။


      ကျွန်ပ်မှာအသက်အန္တရယ်ပေါင်းစုံနဲ့အကြိမ်ကြိမ်ကြုံဖူးသောကြောင့်အန္တရယ်ကြုံခါနီးတိုင်းစိတ်အတွင်းထူးဆန်းသောခံစားချက်မျိုးခံစားရမိတတ်ပါတယ် ။


  ယခုလည်းထိုကဲ့သို့ခံစားမူမျိုးခံစားနေရမိ

တာကြောင့်ကျွန်ပ်မကြာမှီဘေးအန္တရယ်ကြုံတော့မည်ဟုအလိုလိုစိတ်တွင်သိနေပါတယ် ။


    ထိုအချိန်မှာပင် ကျွန်ပ်ခေါင်းအတွင်းသို့ ရှေးမုဆိုးကြီးများပြုလုပ်လေ့ရှိသောဘေးရန်ုကာကွယ်နည်းတစ်ခုကိုသတိရလာပါတယ် ။


    ကျွန်မှာသစ်ကိုင်းခြောက်တစ်ခြောင်းကိုကောက်၍ 

အသက်အောင့်ကာ မြေပြင်ပေါ်သစ်သားချောင်းနဲ့ စည်းဝိုင်းကြီးတစ်ခုကိုဝိုင်းတားလိုက်ပါတယ် ။


ထိုစည်းအတွင်းတစ်တောင်ခန့်ခွာ၍ဒုတိယစည်းဝိုင်းတစ်ခုကိုလည်းအသက်အောင့်တားလိုက်ပြန်ပါတယ် ။


တတိယစည်းတစ်ခုကိုလည်းထိုနည်းတူစွာတားပြီးနောက်တွင်ကျွန်ပ်မှာဒူးထောက်၍ဘုရားရှင်နဲ့

မိဘနှစ်ပါးကိုစိတ်တွင်ရည်မှန်း၍ကန်တော့လိုက်ပြီး ။

   တောစောင့်နတ်တောင်စောင့်နတ်များကိုတိုင်တည်ပြီးသစ္စာပြုနေမိပါတယ် ။


   ကျွန်ပ်သည် ယခုသူတပါးအသက်သတ်သောမုဆိုးအလုပ်ကိုဝမ်းရေးအရမတတ်သာပဲလုပ်နေရသော်လည်း ၊ သူတပါးသားမယားကိုမပစ်မှားခြင်း၊သူ့ဥစ္စာကိုမခိုး၊မုသာဝါသကံကိုမကျုးလွန်မချိုးဖောက်အရက်သေစာကိုလည်းအမြဲတစေမသောက်ကြောင်းတိုင်တည်ပြီးနောက်။


စည်းသုံးစည်းအလယ်တွင်မတ်တတ်ရပ်နေမိပါတယ် ။


 ထိုအချိန်ကျမှကျွန်ပ်ခေါင်းအတွင်းမူးဝေခြင်းများတဖြည်းဖြည်းလျော့ပါးကာအမြင်အာရုံများလည်းတဖြည်းဖြည်းပြန်ကြည်လင်လာပါတယ် ။


ရှေးလူကြီးများမှာစပါးကြီးမြွေအညိူ့ခံရပါက ယခုကဲ့သို့စည်းသုံးစည်းတား၍ညိူ့သောစက်ကွင်းမှလွတ်မြောက်အောင်ပြုလုပ်တတ်ကြောင်း ကြားနာမှတ်သားမူကိုကျွန်ပ်ပြုလုပ်ခြင်းဖြစ်ပါတယ်။


  ခနအကြာလူပ်ရှားသံ သဲ့သဲ့ကြားရတာကြောင့်

ရီဝေဝေမျက်လုံးများနဲ့ လှမ်းကြည့်လိုက်ရာ အိမ်အတွင်းမှလူသားမိန်းခလေးတစ်ယောက်လှမ်း

ထွက်လာခြင်းကိုတွေ့လိုက်ရပါတယ်..။


      ထိုမိန်းခလေးထွက်လာခြင်းနဲ့အတူ မိုးသားတိမ်မဲများတက်ကောင်းကင်ပေါ်တရိပ်ရိပ်တက်လာတာကြောင့်ပတ်ဝန်းကျင်ကမဲမှောင်သွားကာ လူလုံးမသဲမကွဲသာမြင်နေရပါတယ် ။


 မိန်းခလေးကျွန်ပ်အနီးလျောက်လာစဉ် သူ့မျက်လုံးများကိုကြည့်မိချိန်ခနတွင် ကျွန်ပ်စိတ်အတွင်းထိတ်ခနဲဖြစ်သွားရပါတယ် ။


 သူမမျက်လုံးများဟာ အနီရောင်တောက်ပလျက်

ရှိနေတာကြောင့်ဘယ်လိုမှလူသားတစ်ယောက်မဖြစ်နိူင်ကြောင်းနားလည်လိုက်မိပါတယ် ။


    ”...ငါ့ယောက်ကျားကိုသတ်သွားတဲ့လူသားတွေ

အားလုံး ငါကိုယ်တိုင်သတ်မယ်.... ”


”...မိန်းခလေး မင်းယောက်ကျားက ဘယ်သူလဲ

ဘယ်သူသတ်တာလဲ... ”


 ”...နင်တို့ရွာသားတစ်ယောက်လေ အဲကောင်ကို

ငါကိုယ်တိုင်သတ်လိုက်ပါပြီ ၊တစ်ခြားလူသားတစ်ယောက်ကိုရောပဲ ငါသတ်လိုက်တာအခုနင့်ကိုလည်းမကြာခင်သတ်မယ်.....”


   ကျွန်ပ်ထက်အသက်အတော်ငယ်သော ရုပ်ရည်ဖြင့်ဆယ့်ရှစ်ဆယ့်ကိုးအရွယ် မိန်းခလေးကကျွန်ပ်အားနင်နဲ့ငါပြောနေသည့်အပြင် ၊ သူ့ယောက်ကျားကိုသတ်သွားသူ၊ကျွန်ပ်တို့ရွာသားကိုသတ်သည့်အပြင် နောက်တစ်ယောက်ကိုပါသတ်လိုက်

သည်ဆိုသောစကားကအစပထမကျွန်ပ်နားမလည်သော်လည်းတစ်စုံတစ်ခုသောအကြောင်းကိုတွေးမိချိန်ကျွန်ပ်ထိတ်လန့်သွားမိပါတယ် ။


    ဒီပါ။  သေဆုံးမူ နဲ့တခြားရွာသားတစ်ယောက်သေဆုံးမူကိုပြန်သတိရလိုက်ခြင်းကြောင့်ဖြစ်ပါတယ် ။


   ဒါပေမယ့် ဒီပါမှာလူတစ်ယောက်ကိုမသတ်သည်မှာ

သေချာနေပါတယ် ။


    ကျွန်ပ်ကနားမလည်နိူင်စွာဖြင့်မိန်းခလေး

ကိုကြည့်ပြီး


”...ဒီပါက လူမသတ်ဖူးပါဘူး မင်းလူမှားနေတာ

ဖြစ်ရမယ်... ”


”..ဟင်း..ဟင်း...လူသားတစ်ယောက်ကိုသတ်မှ

အသက်တဲ့လား တခြား သက်ရှိတွေအသက်ကိုကျ

အရေးမထားကြတာလား....”


   ”...မိန်းခလေး မင်းပြောတာငါနားမလည်ဘူး

မင်းဘာတွေပြောနေတာလဲ... ”


    ”  နားမလည်တော့လည်းနားလည်အောင်ပြရသေးတာပေါ့....”


.....ဟိုက်.......


   မိန်းခလေးမှာပြောရင်းဆိုရင်းဖြင့်မြေပြင်ပေါ်ဝမ်းလျှားမှောက်လိုက်ရာထန်းပင်လုံးခန့်ရှိသော စပါးကြီးမြွေအဖြစ်ကိုပြောင်းလဲရောက်ရှိ

သွားခြင်းကိုမယုံကြည်နိူင်ဖွယ်တွေ့လိုက်ရတာကြောင့်အံ့သြမူနဲ့အတူကိုယ့်မျက်လုံးကိုယ်မယုံကြည်နိူင်ဖြစ်သွားရပါတယ် ။


   အကြမ်းပန်းကန်လုံးထက်ကြီးသော

မျက်လုံးများဖြင့်ကျွန်ပ်ကိုကြည့်ပြီး   မြွေကြီးမှာခေါင်းထောင်လျက်ရှိနေသောကြောင့်

ကျွန်ပ်သတိထားရင်းသေနတ်ကိုအဆင်သင့်မြွေကြီးကိုထိုးချိန်ထားပါတယ် ။


     စပါးကြီးမြွေမှာအဆိပ်မရှိသောကြောင့်

သူ့ကိုယ်လုံးအားကိုအရှိန်ဖြင့်တွန်း၍ခေါင်းဖြင့်သားကောင်များကိုပြေးဆောင့်တတ်ပါတယ်    ။


   ယခုထန်းပင်လုံးခန့်မြွေကြီးသာဆောင့်ထိုးခံရပါက

ကျွန်ပ်မှာအရိုးများကျိုးကြေ၍တစ်ခါတည်းသေသွားနိူင်ကြောင်းတွေး၍ သတိမပြတ်ကပ်လျက်မြွေကြီးလူပ်ရှားမူကိုမျက်တောင်မခတ်ကြည့်နေပါတယ် ။


     .......ဝှီး......


......ဒိုင်း....ဒိုင်း.......ဒိုင်း..... 


..ဝုန်း....ဝုန်း....ဖျောင်း....ဖျောင်း.....ဖျောင်း.....


ခန္ဓာကိုယ်နဲ့မလိုက်အောင်စပါးကြီးမြွေကသွက်လက်လျင်မြန်လှပါတယ် ။


   ရုတ်တရက်ဆတ်ခနဲကိုယ်လုံးတွန်းကန်အားဖြင့်

ကျွန်ပ်ရင်ဘတ်ဆီခေါင်းတန်းပြီးကိုယ်လုံးကြီးတိုးဝင်လာပါတယ်..။


         ကျွန်မှာသတိမပြတ်ကပ်ထားသူမို့

ရုတ်တရက်ကိုယ်ကိုနောက်ပြန်လျင်မြန်စွာလှဲချ၍ ကျွန်ပ်ကိုမထိပဲလေပေါ်အရှိန်လွန်သွားသောမြွေကြီးလေပေါ်ရှိနေချိန်ချက်နေရာကိုမှန်းဆ၍ လှဲနေရာမှ သေနတ်မောင်းဆွဲချလိုက်ပါတယ် ။


     ပြီးနောက်၊

ဘေးသို့လျင်မြန်စွာလှိမ့်ထွက်ပြီး မြေပြင်ပေါ်အရှိန်လွန်ပြုတ်ကျသောမြွေကြီးမလူပ်ရှားခင်ခေါင်းကိုကျည်နှစ်တောင့်ပစ်သွင်းလိုက်ပါတယ် ။


   ကျွန်ပ်လူပ်ရှားမူတစ်ဆင့်တိုင်းဟာ မိနစ်ပိုင်းအတွင်းကျွမ်းကျင်လျင်မြန်စွာလူပ်ရှားသွား

ခြင်းဖြစ်ပါတယ် ။


   စပါးကြီး မြွေကိုတစ်ခြားနေရာပစ်ပါက မသေနိူင်ပဲချက်နေရာကညိူ့ကြိုးကိုအရင်ထိအောင်ပစ်ပြီးမှခေါင်းကိုပစ်လိုက်ခြင်းဖြစ်ပါတယ် ။


   မြွေကြီးမှာခေါင်းပွင့်ထွက်နေခြင်းနဲ့အတူ၊

ချက်နေရာမှလည်းသွေးများထွက်လျက်ရှိနေရာ

သေနတ်ကျည်ဆံကကျွန်ပ်ပစ်လိုသောနေရာကို

တိုက်ရိုက်ထိမှန်ဟန်ရှိပါတယ်။


 မြေပြင်ပေါ်တွင်လူပ်ရှားရုန်းကန်၍

ကိုယ်လုံးတွန့်လိန်လူပ်ရှားနေရာဘေးမှချုံပုတ်၊

သစ်ပင်ငယ်များ ကျိုးပဲ့၊ပိပြားကုန်ပါတော့တယ် ။


     ကျွန်ပ်မှာယခုစပါးကြီးမြွေနဲ့ရင်ဆိုင်ရာတွင်

ကံတရားကြောင့်သာ အသက်ဘေးမှလွတ်မြောက်

ကြောင်းဝန်ခံလိုပါတယ် ။


    ပထမအချက်အနေဖြင့် စည်းဝိုင်းအလယ်ရောက်ချိန်တွင်ညိူ့ဓတ်ပျယ်သွားခြင်း။


မြွေကြီးခုန်လာချိန်ချက်ညိူ့ကြိုးနေရာကိုမှန်းဆပစ်ရာကွက်တိထိမှန်ခြင်းတို့မှာ ကံကောင်းထောက်မ၍ဖြစ်ကြောင်းဝန်ခံလိုပါတယ် ။


   တိမ်မည်းများအုပ်ဆိုင်းလာခြင်းကြောင့်မိုးရွာမည်ထင်မှတ်ခဲ့သော်လည်းလေတသုန်သုန်တိုက်ခတ်ခြင်းနဲ့အတူ တိမ်မဲများရွေ့လျားသွားသောအခါ ပတ်ဝန်းကျင်ကိုရှင်းလင်းစွာမြင်တွေ့ရလာပါတယ် ။


     စပါးကြီးမြွေကြီးမှာစန့်စန့်ကြီးစင်းပြီးသေဆုံးလျက်

ရှိနေတာတွေ့လိုက်ရပါတယ် ။


ကျွန်ပ်အစပထမလှမ်းတွေ'့ရသောအိမ်ကိုပြန်ကြည့်မိရာထိုနေရာအိမ်ရှိမနေခြင်းကိုတွေ'့လိုက်ရပါတယ်။

  ရွာပြန်၍ရွာသားများခေါ်ကာစပါးကြီးမြွေကိုသယ်ရန်စိတ်ကူးပြီးရွာပြန်လာရာတွင်လမ်းတစ်လျောက် ကျွန်ပ်ခေါင်းအတွင်း အတွေးများစွာရှိနေပါတယ် ။


   ကျွန်ပ်တွေ့လိုက်ရသောမိန်းခလေးမှာ

အမှန်တကယ်ယခုမြွေကြီးဖြစ်နေသလား။


သူမချစ်လင်ခင်ပွန်းအတွက်ဒီပါနဲ့ရွာသားတစ်ယောက်ကိုသတ်သည်ဟုပြောသောစကားမှာအမှန်လားဆိုတာဝေခွဲရခက်နေပါတယ်။


  ကျွန်ပ် စပါးကြီးမြွေညိူ့ခံရမူကြောင့် စိတ်အတွင်းမြွေကိုလူအဖြစ်မြင်ခြင်းမျိုးလားဆိုတဲ့

ဇဝေဇဝါစိတ်မျိုးရှိနေတာကြောင့် ကျွန်ပ်မြင်ခဲ့သမျကိုအမှန်တကယ်မြင်တာလို့တပ်အပ်သေချာပြောဖို့ခက်နေခြင်းဖြစ်ပါတယ် ။


  ဒါပေမယ့်  

ကျွန်ပ် စပါးကြီးမြွေကြီးကိုပစ်ခတ်ရရှိပြီးချိန်ကစပြီး

ကျွန်ပ်တို့ရွာသားများကိုသတ်သောအကောင်ကြီးမှာလည်းနောက်ထပ်ပေါ်မလာတော့ပဲတခါတည်း

ပျောက်ကွယ်သွားသည်မှာယနေ့အချိန်ထိပင်ဖြစ်ပါတော့သတည်း။


====================


ပြီးပါပြီ


မြူခိုးအလင်္ကာ


( မုဆိုးဝတ္ထုများကို ကျွန်တော်ရေးသားရာတွင် ဆရာဖိုးကျော့စာများထဲမှ တိရိစ္ဆာန်များ၏ လူပ်ရှားသွားလာနေထိုင်၊ပြုမူပုံ

အသေးအစိတ်အချက်အလက်များကို မှီးငြမ်း၍

ဇတ်လမ်းဆင်ရေးသားခြင်းဖြစ်ပါတယ် ။


   သင်ဆရာ၊မြင်ဆရာ၊ကြားဆရာဖြစ်သောဆရာများ

ထဲတွင်မြင်ဆရာဖြစ်သော ဆရာကြီးဖိုးကျော့ကိုယခုစာဖြင့် ဂါရဝပြုအပ်ပါတယ်... )


rate now: