book

Index 7

ဝတ္ထုတို ၇

သိုက်စောင့်နွားနဲ့လက်ဖန်ပြ

============


        ဇော်နိူင်ထွန်းနဲ့သူ့သူငယ်ချင်းများဟာ

ခရီးတစ်ခုထွက်လာကြပါတယ် ။


   ဆယ်တန်းဖြေပြီးအားလပ်နေချိန်မို့ သူငယ်ချင်း

များစုပြီးစိတ်ပြေလက်ပျောက်ခရီးတစ်ခုထွက်ရန်

တိုင်ပင်ကြပါတယ် ။


  သူတို့ရွာဘေးပတ်လည်ဟာတောတောင်ကြီးများဝိုင်းနေပြီးရွာဘေးတွင်ချောင်းတစ်ချောင်းရှိနေကာထိုချောင်းနာမည်က မူးနွယ်ချောင်းဖြစ်ပါတယ်... ။


 ချောင်းအဖျားပိုင်းမှာ ရွာငယ်လေးများရှိနေပြီး သာယာလှပတဲ့နေရာများ၊ ဂူများနဲ့အတူ တစ်ခြားသောစိတ်ဝင်စားစရာများရှိတာကြောင့် ချောင်း၏အထက်ပိုင်းအရပ်သို့ခရီးထွက်ကြရန်အားလုံးသဘောတူလိုက်ကြပါတယ်။


ဇော်နိူင်ထွန်း၊ မျိုးနိုင်၊ ဖိုးထူး၊ မင်းသူ စတဲ့သူငယ်ချင်းလေးယောက်ဟာ သူငယ်တန်းကဆယ်တန်းအထိပေါင်းလာကြတဲ့စိတ်တူကိုယ်တူသူငယ်ချင်းတွေဖြစ်ကြပါတယ် ။


 မနက်စောစောမှာချောင်းဖျားရွာတစ်ရွာကသူတို့ရွာဆီအသီးအရွက်လာပို့တဲ့ စက်တပ်လှေတစ်စီးအပြန် လှေကြုံစီးလိုက်သွား ကြပါတော့တယ်..... ။


မူးနွယ်ချောင်းဟာရိုးမကိုအခြေပြုစီးလာတဲ့ချောင်းမို့အကွေ့အကောက်များပြီးဘေးတဖက်တချက်ကမ်းနှစ်ဖက်မှာတောင်ကြီးများရှိနေပါတယ် ။


   မိုးရာသီကာလဆိုပါကတောင်ကျရေများကြောင့်

ချောင်းရေကမ်းပါးအပြည့် ဝါးလုံးထိုးစီးဆင်းနေပေမယ့် မိုးပြတ်သွားချိန်မို့ တချို့နေရာများမှာဆိုလျင်ရေတိမ်ပြီး လှေကသောင်တင်နေတာကြောင့်ဆင်းပြီးတွန်းရပါတယ် ။


      ”...ဟာ...ကြည့်ကြကွ ဟိုရေထဲကကျောက်တုံးကြီးကနွားနဲ့တထေရာတည်းပဲကွ...”


”...ဟုတ်တယ်ကွ ဘယ်သူကရေထဲဆင်းပြီး ကျောက်တုံးကိုပန်းပုထုထားတာလဲမသိဘူး...”


 

   ”...မျက်လုံးနေရာက ဟောက်ပက်ကြီးဖြစ်နေတယ်...”


”....ခန္ဓာကိုယ်လက်ရာမြောက်ပေမယ့်  ပန်းပုဆရာကမျက်လုံးကိုဘာလို့ အလွတ်ထားခဲ့တာလဲ

မသိဘူး...”


” ကောင်လေးတွေ စိတ်ထင်ရာလျှောက်ပြောမနေကြနဲ့ ဒီနေရာက

နတ်ကြီးတယ် တိတ်တိတ်နေကြ....”


  ကမ်းစပ်တစ်ခုတွင်ခြေထောက်များရေထဲရောက်

နေသော ကျောက်တုံးကနွားတစ်ကောင်အတိုင်း

လက်ရာမြောက်စွာရှိနေပါတယ် ။


     ဒါပေမယ့် နွားရုပ်ရဲ့မျက်လုံးနေရာက မျက်တွင်းဟောက်ပက်ဖြစ်နေတာကြောင့် သူငယ်ချင်းလေးယောက်မှာတစ်ယောက်တစ်ပေါက်စိတ်ထင်ရာပြောနေကြချိန်တွင်လှေသမားမှာ မျက်စိမျက်နှာပျက်လျက်အလန့်တကြားဖြင့်ဝင်ရောက်တားမြစ်ခြင်းဖြစ်ပါတယ် ။


     လေးယောက်သားမှာလည်းလှေသမားလူကြီးစိတ်ဆိုးပြီးသူတို့ကိုထားခဲ့မည်စိုး၍ဘာမှဆက်မပြောကြတော့ပေ။


 ကျောက်နွားရုပ်လွန်သွားမှ ကျောက်နွားအကြောင်းမေးမြန်းကြရာ လှေသမားပြောပြလာသောကျောက်နွားအကြောင်းမှာ..


 ရှေးအခါကထိုကျောက်နွားရုပ်ရှိနေရာတောတွင်ရတနာသိုက်တစ်ခုရှိနေပြီး သိုက်စောင့်အဖြစ်နွားရုပ်ကြီးတစ်ရုပ်ရှိနေခဲ့ပါတယ် ။


    သိုက်တူးသမားသိုက်ဆရာများမှာသိုက်လာတူးကြ

ချိန်တွင်အစီအရင်ဖြင့်ပြုလုပ်ထားသောနွားရုပ်ကြီးမှာအသက်ဝင်လာပြီးလိုက်ဝှေ့တတ်သလို၊ တစ်ခြားသော

   အနှောင့်အယှက်မျိုးစုံကိုလည်းကြုံရတာကြောင့်

ဘယ်သိုက်ဆရာမှသိုက်မအောင်ပဲ အသက်လုပြေးကြရပါတယ် ။


       တနေ့တွင်ဘယ်နယ်ကမှန်းမသိသောသိုက်ဆရာတစ်ယောက်ရောက်လာပါတော့တယ် ။


    သိုက်ဆရာဟာမူးနွယ်ရွာက ယုံကြည်စိတ်ချရတဲ့လူတစ်ယောက်ကိုရှာဖွေပြီး သိုက်နွားစောင့်နေတဲ့ 

 ရတနာသိုက်ကို သိုက်တခါးစဖွင့်ပါတော့တယ် ။


 သိုက်ဆရာကြီးနဲ့အတူပါသွားတဲ့ မူးနွယ်ရွာသား ဘိုးတင်ဖေပြောပြချက်အရ...။


သိုက်ဆရာကြီးနာမည်စက္ကဖြစ်ကြောင်း

သူတို့သိုက်တူးတဲ့နေ့ဟာလပြည့်နေ့ဖြစ်ပြီး၊ညဆယ့်နှစ်နာရီအချိန်မှာသိုက်ဆရာက အုန်းပွဲ ငှက်ပျောပွဲတင်ဖယောင်းတိုင်အမွေးနံသာတိုင်တွေ

ထွန်းပြီး ဂါထာအင်းအိုင်တွေမန်းမူတ်နေတုန်း။


တောထဲက အိပ်နေတဲ့ကျီးတွေတစ်ခုခုကိုလန့်ပျံသံ

ကြားလိုက်ကြရတယ်ပြီးတော့လေမတိုက်ပဲသစ်ပင်မလူပ်ပဲတဝေါဝေါအသံတွေကြားရတာကြောင့် ဘိုးတင်ဖေလည်းကြောက်နေတာပေါ့ ။


 သိုက်ဆရာကသိုက်စမတူးခင်ထဲကမှာထားတယ်တကယ်လို့သူသတ်မှတ်ထားတဲ့စည်းထဲကထွက်ရင်စည်းပေါက်ပြီးနှစ်ယောက်လုံးသေနိူင်တယ်တဲ့...။


 ဘိုးတင်ဖေလည်းသိုက်တူးရင်းသိုက်စည်းပေါက်သွားတဲ့သိုက်ဆရာနဲ့ကြုံဖူးတယ် ။


  သူမနက်စောစောဝါးသွားခုတ်ဖို့တောတက်သွားတော့တောထဲမှာလူတစ်ယောက် မြေကြီးမှာဝမ်းလျားမှောက်ပြီးရေကူးသလိုကူးနေတာတွေ့တော့အံ့သြပြီးကြည့်နေမိတယ်။


 ဗိုက်တွေရင်ဘတ်တွေ၊လက်တွေခြေတွေမှာကျောက်တွေနဲ့ခြစ်ထားလို့သွေးတွေမြင်မကောင်းအောင်ထွက်ပြီး လူကမောလွန်းလို့ဟောဟဲဆိုက်အမောဆို့ပြီး

ပါးစပ်ကလည်းအမြုတ်တစီစီထွက်နေပေမယ့် ရေကူးသလိုကူးနေတုန်းပဲ ဒါနဲ့ဘိုးတင်ဖေလည်း

ဟေ့လူဘာလုပ်နေတာလဲမေးလိုက်မှ ရေကူးသလို

ကူးနေတာရပ်လိုက်ပြီး... ။


     ထထိုင်ပြီးအသက်လုရူနေတယ်၊ပြီးမှဘိုးတင်ဖေကိုအသက်သခင်ကျေးဇူးရှင်ဆိုပြီးထိုင်ကန်တော့တယ် ။


    ဘိုးတင်ဖေကတော့ဘာမှနားမလည်ဖြစ်နေတာပေါ့။


ဒါနဲ့အဲလူကိုအကျိုးအကြောင်းမေးကြည့်မှ

အဖြစ်မှန်သိရတော့တယ် ။


   သူနဲ့သူ့တပည့်ကျောက်နွားသိုက်တူးရင်းသိုက်မအောင်တော့သူ့တပည့်ကိုအသက်ဝင်လာတဲ့ကျောက်နွားဝှေ့လိုက်တာသေပြီတဲ့။


သူလည်းခြေဦးတည့်ရာပြေးရင်းအရပ်လေးမျက်နှာကရေလုံးကြီးတွေရောက်လာပြီးသူကိုယ်ရေတွေဖုံးသွားလို့မရှိတဲ့ရေကိုအရှိထင်ပြီးကူးနေတာ ဘိုးတင်ဖေနဲ့တွေ့လို့သာအသက်ချမ်းသာရာရကြောင်းပြောပြလာပါတော့တယ် ။


အဲဒါကြောင့်ကြောက်စရာအသံတွေကြားနေရပေမယ့်ဘိုးတင်ဖေမပြေးဘူး။ 


ခနကြာတော့ကြောက်လန့်စရာကောင်းတဲ့သရဲ

တစ္ဆေကြီးတွေသူတို့ပတ်ချာလည်ရောက်လာကြပြန်ရော။


  ဘိုးတင်ဖေကကြောက်ဒူးတုန်နေပေမယ့်သိုက်ဆရာကြီးကတော့သူတို့ရှေ့ကျောက်ဖျာပေါ်ကကျောက်နွားကြီးကိုပဲမမှိတ်မသုန်စိုက်ကြည့်နေတယ် ။


    ကြောက်လန့်စရာကောင်းတဲ့သရဲ၊တစ္ဆေတွေပျောက်သွားကြပြီးနတ်သမီးတမျလှပတဲ့

ကောင်မလေးတွေရောက်လာကြပြတယ်။


    လေနဲ့ပျံ့လွင့်လာတဲ့မိန်းခလေးတွေဆီကမွေးပျံ့တဲ့ရနံ့တွေပါးလွာတဲ့ဝတ်ရုံအောက်ကအချိုးအဆစ်ပြေပြစ်တဲ့ရိူက်ကြီးဖိုငယ်အသွယ်သွယ်နဲ့မိန်းခလေးတွေကသူတို့နဲ့အတူလာပျော်

ပါးဖို့ဘိုးတင်ဖေတို့ကိုခေါ်ပြန်ရော...။


  ဘိုးတင်ဖေကတော့သူ့စိတ်ထဲဘယ်လိုပဲဖြစ်နေပါစေသိုက်ဆရာစက္ကမှာထားတဲ့စကားအတိုင်းသူတို့ရပ်နေတဲ့စည်းကခြေတလှမ်းမရွေ့ဘူး...။


      အဲတာနဲ့မိန်းခလေးတွေပျောက်သွားကြပြန်တယ်။

ခနလောက်ပတ်ဝန်းကျင်ဟာအပ်ကျသံကိုကြားရလောက်ကိုတိတ်ဆိတ်သွားပါတယ်။


  ဘိုးတင်ဖေလည်းသိုက်ဆရာစက္ကစိုက်ကြည့်နေတဲ့

ကျောက်နွားကိုသူလည်းစိုက်ကြည့်နေမိတယ်။


    အဲဒီအချိန်မှာပင် သိုက်နွားကြီးရဲ့ မျက်လုံးဟာ

ပွင့်လာပါတယ် ။


    လရောင်ထိတဲ့သိုက်နွားရဲ့ မျက်လုံးတွေရဲရဲနီနေနေတာကြောင့်ဘိုးတင်ဖေတအံ့တသြကြည့်နေတုန်းမှာပဲ သိုက်နွားကြီးဟာ သူ့ရှေ့လက်ကိုကျောက်ပြားပေါ်တစ်ချက်ခွာယက်ပြီး ခေါင်းကိုငုံဂျိုကိုထောင်ပြီးနွားတွေတစ်ကောင်နဲ့

တစ်ကောင်ဝှေ့ခါနီးရန်မူတဲ့အသံလိုအသံမျိုးပြုပြီး

   သူတို့ရှိရာအရှိန်နဲ့ပြေးချလာပါတယ် ။


   မြေကြီးပေါ်အရှိန်နဲ့ ကဆုန်ပေါက်ပြေးလာတဲ့ ခွာသံတဖြောင်းဖြောင်းနဲ့ဘိုးတင်ဖေ

တစ်ယောက်ဒီတခါတော့သိုက်နွားဝှေ့လို့သေရတော့မှာပဲဆိုပြီးကျောက်လန့်ဇောနဲ့ ဇောချွေးပြန်ပြီး ဒူးတွေတဆတ်ဆတ်တုန်နေမိတယ် ။


   သိုက်ဆရာစက္ကကြည့်လိုက်တော့ တည်တည်ငြိမ်ငြိမ်ပဲ သိုက်နွားကိုကြည့်နေပြီး အနားရောက်ခါနီးမှာ သူ့လက်ထဲက အင်းပြားနဲ့ကျောက်နွားကိုပစ်ပေါက်လိုက်တာ

အရှိန်နဲ့ပြေးလာတဲ့ကျောက်နွားကြီး” ဝုန်း " ဆို

နောက်လန်ပြီးဖင်ထိုင်လဲကျသွားတယ် ။


      ကျောက်နွားကြီးဟာလဲကျနေရာက ကုန်းရုန်းထပြီး နှာမူတ်မာန်ဖီနေတယ် ။


            ပြီးတော့နောက်ဝှေ့ဖို့အားယူပြေးလာပြန်တယ် ။

    ဒါပေမယ့် သိုက်ဆရာစက္ကသူ့အင်းနဲ့ပေါက်လိုက်တာနောက်

လန်ပြီးလဲသွားပြန်တယ် ။


    သိုက်နွားကြီးဟာ ဝှေ့့ဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့် စက္ကအနားတောင်ကပ်လို့မရတာကြောင့်နောက်ဆုံး

လက်လျော့လိုက်ပြီးလှည့်ပြေးဖို့လုပ်ပါတယ်။

 

  သိုက်ဆရာစက္ကဟာ သိုက်နွားကြီးထွက်ပြေးမှာကို

ကြိုပြီးတွက်ဆထားဟန်တူပါတယ်...။


   သူ့လက်ထဲကချည်မန်းကြိုးကွင်းကိုလေထဲပစ်တင်လိုက်တာချည်မန်းကြိုးဟာထွက်ပြေးမယ်လုပ်တဲ့သိုက်နွားကြီးလည်ပင်းကိုသွားပတ်နေတယ် ။


     သိုက်နွားကြီးအောက်တောင်ပေါ်ကနေတောင်အောက်ဆင်းပြေးပြီးချောင်းကိုဖြတ်ကူးဖို့လုပ်ချိန် သိုက်ဆရာစက္ကဟာပါးစပ်မန္တာန်ကိုအသံကျယ်ကျယ်ရွတ်ပြီး သိုက်နွားဆင်းပြေးရာတောင်

အောက်လိုက်ဆင်းသွားတာကြောင့်အစအဆုံးစိတ်ဝင်တစားကြည့်နေတဲ့ ဘိုးတင်ဖေလည်း တောင်အောက်ဆင်းလာခဲ့ပါတော့တယ် ။


    အောက်ရောက်တော့အတော်ထူးဆန်းတဲ့မြင်ကွင်း

မြင်လိုက်ရတယ် ။


   သိုက်နွားကြီးလည်ပင်းက ချည်မန်းကြိုးဟာ အဝါရောင်တလက်လက်ထွက်နေပြီး သိုက်နွားကြီးဟာရေစပ်မှာရှေ့ကိုအတင်းကုန်းရုန်းပြီးရေနက်ထဲဆင်းပြေးဖို့ကြိုးစားနေပေမယ့်ရှေ့ကိုမရွေ့ဘူးဖြစ်နေတာဘိုးတင်ဖေတွေ့နေရတယ် ။


   အဲဒီအချိန်မှာပဲ နောက်ကလိုက်လာတဲ့ သိုက်ဆရာက နွားကြီးရဲ့ နောက်ကျောကို သူရဲ့ကြိမ်လုံးနဲ့ရိုက်ချလိုက်တာနွားကြီးရဲ့နောက်တပိုင်းဟာလူပ်ရှားမူမရှိငြိမ်သွားပြီး ရှေ့လက်တွေခေါင်းတွေကပဲလူပ်ရှားနိူင်ပါတော့တယ် ။


 ၊ ဒုတိယကြိမ်ချက်ကိုနွားကြီးရဲ့ဘို့နေရာကိုရိုက်ချလိုက်တာသိုက်နွားရဲ့တစ်ကိုယ်လုံးငြိမ်သွားပြီးခေါင်းတစ်လုံးသာလူပ်ရှားနေပါတော့တယ် ။


  သိုက်ဆရာလည်း ချည်မန်းကြိုးကိုလက်တစ်ဖက်ကကိုင်နောက်လက်တစ်ဖက်က နွားကြီးမျက်လုံးတစ်ဖက်ကို

လက်ဝါးနဲ့အုပ်ပြီးပွတ်လိုက်ပြီးလက်ကိုဆုတ်ပြီးပြန်

ဖြန့်လိုက်တော့ သူ့လက်ထဲကို သိုက်နွားရဲ့မျက်လုံးနီနီကြီးပါလာတော့တယ် ။


    ဒုတိယမျက်လုံးကိုယူပြီးချိန်မှာ မျက်တွင်းဟောက်ပက်နဲ့နွားကြီးကရုန်းကန်နေသေးတာမို့ခေါင်းကိုကြိမ်နဲ့ရိုက်လိုက်တာနွားကြီးဟာ

ငြိမ်သက်သွားတဲ့မြင်ကွင်းကိုဘိုးတင်ဖေတစ်

ယောက်တအံ့တသြငေးနေမိပါတော့တယ် ။


   သိုက်ဆရာကချည်မန်းကြိုးနဲ့ သိုက်နွားမျက်လုံးနှစ်လုံးကိုသူ့လွယ်အိတ်ထဲထည့်ပြီးဘိုးတင်ဖေကိုခေါ်ပြီးတောင်ပေါ်ပြန်တက်သွားပါတယ်။


   သိုက်ဆရာက နွားကြီးမူလရပ်နေတဲ့ ကျောက်ပြားကြီးအနားသွားပြီး လရောင်နဲ့ကျောက်ပြားကိုသေချာကြည့်နေတာ

ကြောင့်ဘိုးတင်ဖေလည်းဘာမှနားမလည်ပေမယ့်လိုက်ကြည့်နေမိပါတယ်။


ကျောက်ပြားအလယ်မှာ   သံပုရာသီးအရွယ်လောက်ရှိမယ့်အပေါက်နှစ်

ပေါက်ကတစ်ထွာလောက်အကွာအဝေးရှိနေတာတွေ့လိုက်ရတော့။


သိုက်ဆရာက သူ့လွယ်အိတ်ထဲက နွားမျက်လုံး

နှစ်လုံးကိုထုတ်ပြီး အဲဒီအပေါက်နှစ်ပေါက်ထဲထည့်

လိုက်တာမျက်လုံးနှစ်လုံးကအပေါက်နဲ့အံကိုက်ဖြစ်နေတယ် ။


    သိုက်ဆရာကကျေနပ်တဲ့ အမူအယာနဲ့ တစ်ချက်ပြုံးလိုက်တယ်။


 ပြီးတော့ကျောက်ပြားပေါ်ကနေဆင်းပြီးနောက်ကို

နည်းနည်းဆုတ်လိုက်သလိုဘိုးတင်ဖေကိုလည်းဆုတ်ခိုင်းတယ် ။


    သိုက်ဆရာဟာ ပါးစပ်တလူပ်လူပ်နဲ့ မန္တာန်ကို

အဆက်မပြတ်စပြီးရွတ်ဖတ်ပါတယ် ။


     ဘိုးတင်ဖေလည်းစိတ်ဝင်တစားဘာဆက်ဖြစ်မယ်

ကြည့်နေတုန်း သိုက်နွားရဲ့နီနီရဲရဲမျက်လုံးတွေဟာ

အရောင်တွေပိုထွက်ထွက်လာပြီးကျောက်ပြားတစ်ခုလုံးအနီရောင်အလင်းတွေနဲ့ပြည့်နေတယ်..။


       ....ဝုန်း...


   ...ဂျိမ်း.....ဂျိမ်း.....ဂျိမ်း....


   ...ငါတပည့် သိုက်တခါးပွင့်သွားပြီ မင်းဒီနေ့ကစပြီး

ချမ်းချမ်းသာသာနေရပြီလို့မှတ်လိုက်ပေတော့...


   ကောင်းကင်ပေါ်ကအလင်းတန်းတစ်ခုဟာရုတ်တရက်ကျောက်ပြားကြီးကိုထိုးကျထိမှန်သွားပြီး

ကျောက်ပြားကြီးဟာထက်ပိုင်းကျိုးသွားခြင်းနဲ့အတူ

  အရောင်တဝင်းဝင်းရွေပြားများမှာ ကျောက်ပြားကြီးအောက်တွင်ရှိနေခြင်းကိုတွေ့လိုက်ရပါတယ်.. ။


  သိုက်ဆရာမှာကျေနပ်အားရစွာပြုံးရင်း မျက်အလုံးအပြူးသားနဲ့ဖြစ်သွားတဲ့ အဖြစ်အပျက်ကိုမယုံကြည်နိူင်ဟန်ရှိနေတဲ့ ဘိုးတင်ဖေပခုံးကိုပုတ်ကာပြောလာပါတယ် ။


   သိုက်ဆရာမှာ ကျောက်ပြားအကျိုးပေါ်မှသိုက်နွားမျက်လုံးနှစ်လုံးကိုသူ့လွယ်အိတ်အတွင်းထည့်လိုက်ပြီး ရွေဒင်္ဂါးပြားများကိုအသင့်ယူလာတာတဲ့အိတ်အတွင်းထည့်စေရာ ဆန်တစ်တင်းဝင်အိတ်တစ်အိတ် ပြည့်လုနီးပါးရွေဒင်္ဂါးတွေရပါတယ် ။


      သိုက်ဆရာမှာရွေဒင်္ဂါးအနည်းအကျည်းကိုသာယူပြီးအကုန်လုံးဘိုးတင်ဖေကိုပေးပြီးထွက်သွားပါတယ် ။


   ဘိုးတင်ဖေတစ်ယောက်တစ်နေ့ရှာတစ်နေ့စားနေရသောဘဝမှ နေ့ခြင်းညချင်း ဘုရားဒယကာ၊ကျောင်းဒယကာလက်ညိူးထိုးမလွဲလယ်များပိုင်ဆိုင်တဲ့ သူဌေးကြီးအဖြစ်ကို နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သည်အလားပြောင်းလဲသွားတာ

ကြောင့်ရွာသားတွေကဘိုးတင်ဖေကိုအမျိုးမျိုးထင်ကြေးနဲ့ပြောဆိုကြပါတယ်။


 တချို့ကဆိုရင်ဘိုးတင်ဖေဟာဓားပြဗိုလ်တစ်ယောက်ဖြစ်ပြီးတစ်ခြားနယ်တွေမှာဓားပြတိုက်ပြီးရရှိလာသော ရွေများကိုထုခွဲကာချမ်းသာလာကြောင်း အတိအကျကြီးသူတို့မြင်လာတယ်အလား ပြောဆို

နေကြပါတယ် ။


   နောက်ဆုံးဘိုးတင်ဖေရဲ့ငယ်ဆရာဖြစ်တဲ့ ရွာကျောင်းဆရာတော်ကဘိုးတင်ဖေကိုခေါ်မေးရပါတော့တယ် ။


   ဒီတော့မှ သူ့အကြောင်းဘယ်သူ့ကိုမှမပြောပဲငြိမ်နေတဲ့ ဘိုးတင်ဖေတစ်ယောက်မငြင်းသာတော့ပဲသိုက်ဆရာနဲ့သိုက်တူးလိုက်ရာမှရတနာများရခဲ့ကြောင်းအ

သေးစိတ်ပြောပြလာပါတယ် ။


  နောက်ပြီးသိုက်ဆရာက


သူ့ကိုရတနာတွေအားလုံးပေးသွားကြောင်းပါဆရာတော်ကိုထည့်ပြောလိုက်တော့ဆရာတော်ကပြုံးလိုက်ပြီး...။


”...တင်ဖေရေ..နင်ဆရာက အဖိုးမဖြတ်နိူင်တဲ့

ပတ္တမြားနှစ်လုံးရသွားမှတော့နင်ရွေလောက်က

တော့ဘယ်မက်တော့မလဲ..သူလည်းသူ့ပညာအစွမ်းနဲ့သူရတာပဲလေဒကာတင်ဖေကိုပေးတာလည်းနည်းနည်းနောနောမှမဟုတ်တာ...”


   ”...ဘယ်လိုအရှင်ဘုရားပတ္တမြားနှစ်လုံးဟုတ်လား...”


   ”...သိုက်နွားရဲ့ မျက်လုံးနှစ်လုံးက သိုက်တခါးကိုဖွင့်ဖို့ သော့ဆိုလည်းဟုတ်တယ် အဖိုးမဖြတ်နိူင်တဲ့ပတ္တမြားဆိုလည်းဟုတ်တယ်ကွယ့်...”


    လောကီပညာရပ်များကိုတီးခေါက်မိသောဆရာတော်ပြောပြမှ သိုက်နွားမျက်လုံးမှာပတ္တမြားတွေဖြစ်မှန်းဘိုးတင်

ဖေသိလိုက်ရပါတယ် ။


   ရွာသားများမှာဆရာတော်ထံတွင်ဘိုးတင်ဖေ

ကသူ့အကြောင်းပြောပြမူကိုဝိုင်းနားထောင့ပြီးအမြင်ရှင်းသွားကြသလိုဘိုးတင်ဖေစကားကိုအကြွင်းမဲ့ယုံကြည်သွားရတဲ့အကြောင်းရှိနေပါတယ် ။


  အဲတာကတော့ နဂိုကတောင်ပေါ်မှာရှိနေတဲ့ကျောက်နွားဟာချောင်းစပ်မှာရှိနေပြီးတော့ မျက်တွင်းဟောက်ပက်နဲ့ရှိနေတာကိုတွေ့လိုက်ရ

တာကြောင့်ပဲဖြစ်ပါတယ် ။


    လူငယ်လေးများမှာကျောက်နွားရုပ်နဲ့ဆက်စပ်သော ဘိုးတင်ဖေအကြောင်းစိတ်ဝင်တစားနားထောင်နေ

ကြပါတယ်။


   ဘိုးတင်ဖေမှာ မူးနွယ်ရွာသားဘိုးတင်ဖေကြုံခဲ့ရသောသိုက်နွားအကြောင်းဟိုးယခင်ကဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။

  ဘိုးတင်ဖေကွယ်လွန်သွားသွားသည်မှာကြာပြီဖြစ်သော်လည်းကျောက်နွားရုပ်(သို့မဟုတ်) သိုက်နွားကိုမြင်ချိန်တိုင်းဘိုးတင်ဖေဇတ်လမ်းကိုပြောနေကြစမြဲပင်။


  လူငယ်များမှာဘိုးတင်ဖေအကြောင်းကြားဖူးသော်လည်းယခုလိုကျောက်နွားရုပ်ကြီးကိုမြင်ရပြီးဘိုးတင်ဖေအကြောင်းပြန်ကြားရသောအခါ ကြားဖူးထားသောအကြောင်းအရာပေမယ့် ငြိမ်ပြီးနားထောင်နေကြပါတယ် ။


    လှေမှာချောင်းအဖျားပိုင်းသို့စက်သံတဘုတ်ဘုတ်ဖြင့်ဆက်လက်သွားနေပါတယ် ။


  ချောင်းဘေးတချို့တောင်မရှိသောသဲမြေ

နုများတွင်လူများစိုက်ပျိုးထားသော၊ ခရမ်း၊ငရုတ် မြေပဲစိုက်ခင်းများရှိနေပါတယ် ။


 ချောင်းဘေးကမ်းစပ်သစ်ပင်များပေါ်တွင်တောမျောက်များအုပ်စုလိုက်တွေ့ရပြီး..အိုးဝေ..အသံပြုကာသာယာတဲ့တွန်သံပြုနေတဲ့ဒေါင်းငှက်တွန်သံကြားနေကြရပါတယ် ။


 ကျောက်တောင်ကြီးတစ်ခုဘေးမှလှေဖြတ်အသွားတွင်ကျောက်တောင်ထိပ်တွင်စေတီတော်တစ်ဆူတွေ့ရပြီးထိုစေတီတော်နဲ့မနီးမဝေးမှာတော့ ချောင်းဖက်ကိုမျော်ကြည့်ပြီးလက်တစ်ဖက်ကိုမြှောက်ကာလက်ဝါးဖြန့်ပြနေတဲ့ ရှေးခေတ် မင်းသမီးဝတ်စုံကိုဝတ်ဆင်ထားတဲ့

မိန်းမရုပ်တုတစ်ခုကိုတွေ့လိုက်ကြရပါတယ် ။


    ရုပ်တုရဲ့ထူးခြားချက်ကိုလှေပေါ်မှလူငယ်အား

လုံးသတိပြုမိတဲ့ အချက်တစ်ခုရှိပါတယ် ။


   အဲဒါကတော့အဲဒီရုပ်တုရှင်မိန်းမရဲ့မျက်လုံးတွေဟာ သူတို့ကိုစေ့စေ့စပ်စပ်ကြည့်နေသလိုခံစားနေမိရတာကြောင့်ဖြစ်ပါတယ်။


   လှေက အဲဒီနေရာကိုကျော်ပြီးအတော်ဝေးဝေးရောက်တော့မှလူငယ်များမှာသိချင်စိတ်ကိုမမြိုသိပ်နိုင်ပဲ စေတီနဲ့ရုပ်တုအကြောင်းတစ်ယောက်တပေါက်မေးလာကြပါတယ် ။


”..ဦးလေး ဟိုစေတီတော်နာမည်ကဘယ်လိုခေါ်လဲ...”


”..ရှေးခေတ်မိန်းမဝတ်စုံနဲ့မိန်းမရုပ်ထုကမျက်

လုံးကလည်းကြောက်စရာကြီး... ”


”..ဟုတ်ပကွာ လူကိုသေချာစိုက်ကြည့်နေသလိုပဲ

ခံစားနေရတယ်...”


”...အဲဒီရုပ်ထုပုံစံကတစ်ယောက်ယောက်ကိုစောင့်နေသလို ရှာနေသလိုပဲ.... ”


      လှေသမားက လှေကိုတောင်နံရံချောင်းဘေးကပ်ပေါက်နေသောအပင်ကြီးတစ်ပင်အောက်ကပ်ပြီးရပ်လိုက်ပြီး စက်ကိုသတ်ကာဆီဖြည့်နေချိန်လူငယ်များကဝိုင်း

မေးနေကြပါတယ် ။


  လှေသမားကစက်ကိုဆီဖြည့်ပြီးအပင်အောက်တွင်ခနရပ်နေရင်းဆေးပေါ့လိပ်ကလေးဖွာရင်း စေတီတော်နဲ့ရုပ်တုမိန်းမပျိုလေးအကြောင်း

လူငယ်များကိုပြောပြလာပါတယ်  ..။


     ရှေးအခါကယခု စေတီတော်တည်ရှိရာနဲ့ ခပ်လှမ်းလှမ်းတောတွင်းအရပ်တွင်ရွာကြီးတစ်ရွာရှိခဲ့ဖူးပါတယ် ။


       ထိုရွာတွင်အချမ်းသာဆုံးသူဌေးကြီးက ဦးဒီပဖြစ်ပြီးမျိုးရိုးစဉ်ဆက်ကြွယ်ဝချမ်းသာသူများဖြစ်သည့်အပြင်မောက်မာလွန်းသူတစ်ယောက်ဖြစ်ပါတယ် ။


   သူဌေးကြီးတွင် သားသမီးဟူ၍  မသူဇာ ဟူသောအချောအလှသမီးလေးတစ်ယောက်သာရှိပါတယ် ။


    သူဌေးကြီးဟာ သူ့သမီးလေးကို ချစ်လွန်းတာကြောင့်သမီးလေးအရွယ်ရောက်ချိန်မှာမျက်စိအောက်ကအပျောက်မခံဂရုစိုက်ပါတယ်.... ။


      ဒါပေမယ့် အဲဒီလောက်ဂရုစိုက်နေတဲ့ကြားကပဲ

မသူဇာဟာ သူတို့အိမ်က အစေအပါး သူရနဲ့လူငယ်သဘာဝချစ်ကြိုးသွယ်မိကြပါတယ် ။


   ဒီအကြောင်း ဦးဒီပသိတော့ ယမ်းပုံမီးကျဒေါသ

ပေါက်ကွဲပါတော့တယ် ။


   သူရကိုဖြစ်နိူင်ရင်တခါတည်းအမူန့်ချေပြီးသတ်ပစ်

ဖို့စိတ်ကူးတယ်.. ။


   ဒါပေမယ့်   သူရကိုသာ ဦးဒီပသတ်တာသိရင်ရွာသားတွေရဲ့အကြည်ညိုပျက်တာခံရနိူင်၊ ပြသာနာတက်နိူင်တဲ့အပြင် ။


နောက်တချက်သူအချစ်ဆုံးသမီးကသူ့ကိုမုန်းသွားနိူင်တာကြောင့်လှည့်ကွက်ထောင်ချောက်တစ်ခုဆင်ရန်တွေးတောနေပါတော့တယ် ။


    ဦးဒီပက သူရကိုနှစ်ယောက်တည်းခေါ်တွေ့ပြီး

သူသမီးနဲ့လူငယ်သဘာဝချစ်ကြိုက်နေကြသည်ကို

သူသိကြောင်းဆင်းရဲချမ်းသာအဆင့်အတန်းခွဲသောစိတ်သူ့တွင်မရှိကြောင်း။

   သူ့သမီးကိုတကယ်ရာသက်ပန်သစ္စာရှိရှိ

အချစ်မပျယ်ပေါင်းဖက်နိူင်မည်လားဟုမေးမြန်းလာခြင်းကြောင့်သူရတစ်ယောက်အံ့သြစိတ်ကြောင့်ပါးစပ်အဟောင်းသွားဖြစ်သွားရပါတယ် ။


  သူရစိတ်တွင် ဦးဒီပမှာသူ့ကိုငေါက်ငမ်းမာန်မဲ၍သူ့သမီးနဲ့သဘောမတူနိူင်ကြောင်းပြောမည်ထင်မှတ်ထားရာ ၊ သူနဲ့သဘောတူသည်ဆိုခြင်းအတွက်မယုံကြည်နိူင်ဖြစ်သွားရခြင်းဖြစ်ပါတယ်။


    သမီးနဲ့သဘောတူသော်လည်း အများအမြင်တွင်မောင်သူရကိုပွဲလယ်တင့်စေ

လိုသောကြောင့်သူတို့နယ်တွင်မြေချောင်းရိုးတစ်ဝိုက်မိုးရာသီချောင်းရေပေါက်ချိန်မြစ်ဖက်မှနယ်ကျွံဝင်လာပြီးကျွဲနွားတိရိစ္ဆာန်များနဲ့လူကိုပင်စား

သောက်ကာ မင်းမူသောင်းကျန်းနေသော မိကျောင်းဆိုးတစ်ကောင်ကိုနှိမ်နှင်းပေးလိုကြောင်းပြောလာပါတယ် ။


       သူရနဲ့ဖခင်ဖြစ်သူစကားပြောနေကြချိန်

အိမ်အောက်မှစောင့်ရင်းရင်ရင်တခုန်ခုန်ဖြင့် စောင့်

နေသောမသူဇာတစ်ယောက် သူရရောက်လာပြီး

သူမနဲ့သူရကိုသဘောတူကြောင်းစကားကိုကြားလိုက်ရတာကြောင့်ထခုန်မိမတတ်ဝမ်းသာပျော်ရွင်သွားပါတယ်...။


    ဒါပေမယ့် သူရရဲ့နောက်ဆက်တွဲစကားကြားလိုက်ရတော့ချစ်သူအတွက် စိတ်ပူပန်သွားမိပါတယ် ။


  ရေမုဆိုး၊ကျွမ်းကျင်သူတစ်ယောက်မဟုတ်ပဲ သတ္တိရှိရုံတစ်ခုတည်းနဲ့ရေမှာဘုရင်တဆူလိုမင်းမူနေတဲ့မိကျောင်းကိုဖမ်းဖို့ကအပြောလွယ်သလောက်အလုပ်ခက်တဲ့ကိစ္စဖြစ်တယ် ။


    သူရမှာချစ်သူကိုချော့မော့ဖျောင်းဖျပြီးနှစ်ကိုယ်တူ

ဘဝနီးစပ်နိူင်ရန်မိကျောင်းဖမ်းဖို့ကြိုးစားပါတော့တယ်။


 ရှေးလူကြီးသူမများထံမှမိကျောင်းဖမ်းနည်းများလေ့လာမှတ်သား၍တစ်ခုသောနေ့တွင်မိကျောင်းဖမ်းထွက်ခဲ့ပါတော့တယ် ။


   မသူဇာမှာရွာချောင်းစပ်အထိ သူရကိုလိုက်ပို့ပြီး

အစအရာရာအန္တရယ်ကိုဂရုစိုက်ရန်မှာကြားနေပါတယ် ။


    သူရထွက်သွားချိန်တောင်ကုန်းတစ်ခုပေါ်ချစ်သူ

လှေကလေးကိုလိုက်ကြည့်ရင်း ချစ်သူရှေ့မှာ မငိုမိအောင်ချုပ်တီးထားသမျချုံးပွဲချငိုချလိုက်မိပါတော့တယ် ။


     မသူဇာတစ်ယောက် ရွာချောင်းကိုအပေါ်စီးမှ

လှမ်းမြင်ရတဲ့တောင်ကုန်းထိပ်မှာချစ်သူကိုနေ့တိုင်း

လာစောင့်မျော်နေတတ်ပြီးလှေကလေးတစီးတလေဖြတ်သွားဖြတ်လာတွေ့လျင်ချစ်သူများလားအတွေးနဲ့လိုက်ကြည့်နေရတာအမောပင်။


    မသူဇာမျော်သောသူရမှာကားပေါ်မလာပေ။

သုံးရက်လောက်အထိသူရပြန်ပေါ်မလာသောအခါ

 ဦးဒီပမှာ ရွာသားလူငယ်များနဲ့ချောင်းတစ်လျောက်

သူရကိုရှာပုံတော်ဖွင့်ကြပါတယ် ။


    နောက်ဆုံးသူရကိုရှာတွေ့ပါတယ်။ဒါပေမယ့်

အသက်ရှင်လျက်ရှာတွေ့ခြင်းမျိုးမဟုတ်ပဲ ကမ်းစပ်တစ်ခုမှာဒဏ်ရာတွေနဲ့အသက်ပျောက်နေတဲ့သူရကိုတွေ့လိုက်ရပါတယ်... ။

  သူရအနားမှာတော့မိကျောင်းခေါင်းပြတ်ကြီးတစ်ခု

ကလည်းရှိနေပါတယ် ။


     ရွာကိုသူရအလောင်းသယ်လာတော့ မသူဇာတစ်ယောက်သူရအလောင်းကိုဖက်ပြီးအူလိူက်သည်းလိုက်ငိုနေရာကတက်သွားပြီး သတိပြန်မလည်လာတော့ပဲသူချစ်တဲ့ သူရရှိရာတမလွန်ကိုလိုက်သွားရှာပါတော့တယ် ။


     သမီးဖြစ်သူသေသွားတဲ့အတွက်ဦးဒီပတစ်ယောက် ရင်ကွဲမတတ်ခံစားရခြင်းနဲ့အတူ နောင်တတွေတပွေ့တပိုက်ကြီးရနေပါတော့တယ် ။


    ဒီကိစ္စရဲ့ အဓိကလက်သည်တရားခံဟာ ဦးဒီပပဲဖြစ်ပါတယ် ။


   သူရကိုမိကျောင်းဖမ်းခိုင်းတာက မိကျောင်းကိုက်ပြီးသေအောင်အကွက်ဆင်ထားတာဖြစ်ပြီးတကယ်လို့မိကျောင်းကိုသူရကသတ်နိူင်ရင်နောက်ထပ်အစီအစဉ်တစ်ခုလည်းထားရှိပါသေးတယ်။


    သူရမှာမိကျောင်းကြီးနဲ့ရေထဲမှာသူသေကိုယ်သေ

အသက်လုတိုက်ပွဲဆင်နွဲပြီးနောက်ဆုံးသူရလက်ချက်ကြောင့်မိကျောင်းကြီးသေဆုံးသွားပါတယ် ။


    မိကျောင်းကြီးကိုသူသတ်လာကြောင်းသက်သေပြရန်မိကျောင်းခေါင်းကိုဖြတ်ပြီးရွာပြန်လုပ်နေချိန်မှာပဲ။

သူရကိုပုန်းအောင်းစောင့်ကြည့်နေတဲ့လူတစ်စုရုတ်တရက်ရောက်လာပြီးသူရကိုဓားတွေနဲ့ဝိုင်းခုတ်ကြပါတော့တယ်။

 သူရတစ်ယောက်အများနဲ့တစ်ယောက်မို့ထိုလူစုလက်ချက်ကြောင့် သေဆုံးသွားရပါတော့တယ်.... ။

 သူရကိုသတ်ဖြတ်သူများမှာမိကျောင်းကြောင့်မသေလျင်သူ့လူများကိုသတ်ရန်ကြိုတင်စီစဉ်ထားသောဦးဒီပအစီအစဉ်များပင်ဖြစ်ပါတယ်။


  ခုတော့ဦးဒီပတစ်ယောက်သူ့ပယောဂမကောင်းမူနောက်ဆက်တွဲကြောင့်သမီးဖြစ်သူပါသေရသောအဖြစ်ကြောင့်ယူကြုံးမရဖြစ်ကာစိတ်ထောင်းကိုယ်ကြေဖြစ်ကာကျန်းမာရေးထိခိုက်လာပါတယ် ။


    သူမသေဆုံးမှီအချိန်တွင် ရှိသမျပစ္စည်းဥစ္စာများထုခွဲရောင်းချကာ သမီးဖြစ်သူ

သူရကိုရပ်စောင့်နေသောတောင်ကုန်းပေါ်တွင်စေတီတော်တဆူတည်ပြီးသမီးဖြစ်သူရုပ်တုကိုပါထုလုပ်စေပါတယ် ။


      ချောင်းမှအပေါ်မော့ကြည့်ပါကအမျိုးသမီးတစ်

ယောက်လက်ပြနေခြင်းကိုအစွဲပြုပြီး 


လက်ဖန်ပြ(ဒေသရိုးရာစကားအခေါ်) ဗမာအခေါ်=လက်ဝါးပြ


စေတီကိုလည်းမူလအမည်ပျောက်၍ လက်ဖန်ပြစေတီဟုခေါ်ကြပါတော့တယ် ။


လှေသမားကြီးက လက်ဖန်ပြစေတီနဲ့ သမိုင်းကြောင်းကိုထိုနေရာတွင်အဆုံးသတ်လိုက်ပါတယ်..။


 နားထောင်နေကြတဲ့လူငယ်တစ်စုမှာ သူရနဲ့မသူဇာအဖြစ်ကိုမျက်စိထဲမြင်ယောင်ပြီးသနားနေကြပါတော့တယ်။


 စက်တပ်လှေငယ်ကလေးကတော့ မူးနွယ်ချောင်း

တလျောက်စက်သံတဘုတ်ဘုတ်ဖြင့် အထက်အရပ်စုန်တက်လျက်ရှိနေပါတော့သတည်း...။


======================


ပြီးပါပြီ


မြူခိုးအလင်္ကာ


rate now: