ကန်စောင့်ငါးနဲ့ဇော်ဂျီကယ်တင်ခံရသူ
=============
ဂူတောင်ကန်တောင် နဲ့ပတ်သက်၍ရှေးလူကြီးများအစဉ်အဆက်ပါးစပ်အပြောဖြင့်သားစဉ်မြေးဆက်ပြောလာသောဇာတ်လမ်းမျိုးစုံကစိတ်ဝင်စားစရာကောင်းလွန်းလှပါတယ် ။
ဂူတောင်နဲ့ကန်တောင်မှာတောင်တစ်လုံးစီဖြစ်ပြီး၊ တောင်မြင့်ကြီးများဖြစ်ပြီး တောင်တလုံးနဲ့တလုံး
ကလှမ်းမြင်နိူင်တဲ့အကွာအဝေးတည်ရှိပါတယ်။
ဂူတောင်မှာတောင်တစ်ခုလုံးလိူဏ်ဂူဝင်ပေါက်များ၊အသူတရာနက်သောကျင်းနက်ကြီးများဖြင့်တစ်တောင်လုံးရှိနေပြီး။
ကန်တောင်မှာရေများခန်းခြောက်နေသောကန်ကြီးတစ်ကန်ကတောင်အလယ်တွင်ရှိနေပါတယ် ။
စတုရန်းပုံလေးဖက်လေးတန်ညီညီညာညာရှိပြီး
ယခုတော့ရေမရှိပဲကန်အတွင်းခြုံနွယ်ပင်များနဲ့တောထနေပါတယ်။
ဂူတောင်နဲ့ပတ်သက်ပြီးပါးစပ်အပြောရာဇဝင်ကို
ပြောပြရလျင်..။
ရှေးလွန်လေပြီးသောကာလတစ်ခုက တောင်ကြီးတစ်တောင်ပေါ်ထူးဆန်းစွာကန်ကြီးတစ်ကန်ရှိနေပြီး နွေ၊မိုး၊ဆောင်း ရာသီမပြတ်စိမ်းစိုသော
ရေများရှိနေပြီးကြာမျိုးငါးပါးနဲ့ပြည့်နှက်နေပါတယ် ။
ထိုကန်ကြီးအနီးအနားတွင်တောင်ပေါ်နေ”အချို”ချင်းလူမျိုးများနေထိုင်သောရွာငယ်လေးတစ်ရွာရှိပါတယ် ။
ရွာသားများမှာရေရှားသောနွေကာလတွင် ထိုရေကန်ကြီးမှရေကို အသုံးပြုကြပါတယ် ။
တစ်ခုသောနွေကာလဟာ နေအလွန်ပူခြင်းနဲ့အတူ
မိုးရာသီရောက်ချိန်ထိမိုးကမရွာပဲနေကခြစ်ခြစ်တောက်ပူကာကန်ကြီးအတွင်းမှရေများလည်းအပူရှိန်ကြောင့်လျော့နည်းလာပါတယ် ။
အဲဒီအချိန်မှာပဲ သူတို့ဟိုးယခင်ကသတိမထားမိတဲ့
ကန်အတွင်းရှိနေတဲ့အရာတစ်ခုကိုရွာသားတွေသတိထားမိကြပါတော့တယ်။
အဲဒါကတော့ ကန်အတွင်းမှာ စည်ပိုင်းအရွယ်အစားမျကိုယ်ခန္ဓာရှိပြီးဆယ်တောင်မျအရှည်ရှိတဲ့အကြေးခွံရွေရောင်တောက်နေတဲ့ငါးကြီးတစ်ကောင်ကိုတွေ့လိုက်ကြရခြင်းပဲဖြစ်ပါတယ် ။
ရွာသားတွေဟာ ငါးကြီးကိုရွာလုံးကျွတ်လာကြည့်
ငါးကြီးကိုဖမ်းဖို့ကြံစည်ကြပါတော့တယ်။
အပင်ကရတဲ့သျှော်ကြိုးတွေနဲ့ပြုလုပ်ထားတဲ့ပိုက်ကွန်ကြီးတစ်ခုနဲ့
ငါးကြီးကိုလူအားသုံးပြီးဖမ်းလိုက်ကြပါ
တော့တယ် ။
ရလာတဲ့ငါးကြီးကိုခုတ်ထစ်ပြီးတစ်ရွာလုံးအိမ်ပေါက်စေ့ဝေငှပြီးချက်ပြုတ်စားသောက်ကြပါတော့တယ် ။
အဲဒီညနေမှာပဲ ကောင်းကင်ဟာ တိမ်မဲကြီးတွေအလိပ်လိပ်တက်လာပြီး၊ မိုးချိမ်းသံတွေအဆက်မပြတ်ကြားနေကြရတယ် ။
ဘေးပတ်ဝန်းကျင်တောတောင်တွေကလည်း
သစ်ပင်လဲသလို တဝေါဝေါ၊တဝုန်းဝုန်းပြိုလဲနေတဲ့
တောအော်သံတွေကိုကြားနေကြရပြန်တယ် ။
ရွာသားတွေဟာထူးထူးဆန်းဆန်းအသံတွေကြောင့်
ညရောက်ချိန်အိမ်ထဲကအိမ်ပြင်မထွက်ကြပဲရှိနေကြတယ်။
အဲဒီအချိန်မှာ တစ်ရွာလုံးနတ်ကိုးကွယ်တဲ့ ချင်း ရွာလေးမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့တစ်အိမ်တည်းသောအဖိုးကြီးအဖွားကြီးလင်မယားဟာဘုရားစင်ရှေ့ဘုရားစာတတွတ်တွတ်ရွတ်ပြီး ဘုရားရှိခိုးနေကြတယ် ။
တစ်ရွာလုံး ငါးကြီးအသားကိုစားကြပေမယ့်သူတို့
လင်မယားနှစ်ယောက်ကတော့ သားကြီး၊ငါးကြီးမစားကြပါဘူး။
ဒါ့အပြင်ရွာသားတွေကိုလည်းငါးကြီးကိုမဖမ်းဖို့၊မသတ်ဖို့သွားတားကြပေမယ့်ဘယ်သူကမှသူတို့
စကားကိုအရေးမလုပ်ကြပါဘူး...။
ဒီလိုနဲ့အဲဒီညမှာလေကြီးမိုးကြီးကျလာပါတော့တယ်။
အဖိုးကြီး၊အဖွားကြီးဟာ အိပ်မက်တစ်ခုကိုပြိုင်တူ
မက်ကြပါတယ်..။
သူတို့အိပ်မက်အတွင်းမှာ အဝတ်အစားအရောင်တောက်တောက်နဲ့လူတစ်ယောက်ကိုတွေ့ရပြီးသူဟာတောင်စောင့်နတ်ဖြစ်ကြောင်းပြောလာပါတယ် ။
တောင်စောင့်နတ်လို့ပြောတဲ့နတ်ကြီးရဲ့မျက်နှာက
ဒေါသနဲ့တင်းမာခက်ထန်နေတာကို မြင်နေကြရတယ်။
တောင်စောင့်နတ်က ရွာသားတွေသတ်စားလိုက်တဲ့ငါးဟာသူ့ငါးဖြစ်ကြောင်းသူငါးကိုသတ်စားတဲ့ရွာသားတွေကိုခွင့်မလွတ်ကြောင်းပြောလာတာကြောင့် ရွာသားတွေကို ဒုက္ခမပေးဖို့အဖိုးကြီးအဖွားကြီးကတောင်းပန်ကြပေမယ့်တောင်စောင့်နတ်ကလုံးဝခွင့်မလွတ်ကြောင်းပြောပြီးပျောက်ကွယ်သွားပါတယ်။
အဖိုးကြီး ၊အဖွားကြီးဟာပြိုင်တူလိုလိုလန့်နိူးပြီး
သူတို့မက်တဲ့အိပ်မက်ကိုပြောကြတာတူနေတာကြောင့်အံ့သြရသလို၊ရွာသားတွေအတွက်လည်းစိုးရိမ်နေမိကြ
ပြီးဘေးကင်းဖို့ဆုတောင်းရင်းမအိပ်ကြတော့ပဲ မိုးလင်းထိပုတီးစိတ်တရားထိုင်လုပ်ရင်းရှိနေကြပါတယ် ။
ဒီလိုနဲ့ တစ်ညလုံးသဲကြီးမဲကြီးရွာနေတဲ့မိုးကမနက်ကျတော့တိတ်သွားပါတယ်။
အဖိုးကြီးနဲ့အဖွားကြီးဟာအလင်းရောင်ရလာချိန်
အိမ်ကထွက်လာတော့တစ်ရွာလုံးတိတ်ဆိတ်နေတာကြောင့်ဘေးကအိမ်တအိမ်ကိုနာမည်ခေါ်ပြီးဝင်လာကြတယ်...။
ဒါပေမယ့်..။
ဘာတုန့်ပြန်သံမှမကြားရတာကြောင့် အိမ်ပေါ်တက်ကြည့်ကြချိန်မှာတော့မြင်လိုက်ရတဲ့
မြင်ကွင်းက အံ့သြထိတ်လန့်သွားရပါတော့တယ် ။
အိပ်ယာပေါ်မှာသူတို့တွေ့လိုက်ရတာက
အိပ်နေတဲ့သူတွေကိုမတွေ့ရတော့ပဲ ငါးအကြေးခွံလိုရွှေ
ပြားတွေသာ ခလေးလူကြီးပုံစံ အစုလိုက်အပုံလိုက်ရှိနေတာတွေ့လိုက်ရပါတော့တယ် ။
တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ကြည့်ကြတဲ့အခါ
သက်ရှိလူသားတစ်ယောက်မှမတွေ့ရတော့ပဲ ခလေးလူကြီးအားလုံးငါးအကြေးခွံရွှေ
ဒင်္ဂါးပြားများအဖြစ်ပြောင်းလဲသွားကြကြောင်းထိတ်လန့်ဖွယ်ရာ
တွေ့လိုက်ရပါတော့တယ် ။
အဖိုးကြီးနဲ့အဖွားကြီးက ဒါဟာတောင်စောင့်နတ်ရဲ့
ပြစ်ဒဏ်ခတ်မူတစ်ခုအဖြစ်ယုံကြည်သွားကြပါတယ် ။
တစ်ရွာလုံးရွှေ
တွေအဖြစ်မြင်နေရပေမယ့်၊အသက်ကြီးပြီမို့ရွှေ
တွေကိုလောဘစိတ်မဝင်မိတဲ့အပြင် ထူးဆန်းတဲ့အဖြစ်အပျက်ကိုမြင်ရပြီး ပိုပြီးသံဝေဂတရားရနေကြပါတယ် ။
ဒါကြောင့်မို့ အဖိုးကြီး၊အဖွားကြီးဟာရွှေ
ပြားတွေကိုရေကန်ကြီးဆီအခေါက်ခေါက်အခါခါသယ်ပြီး
ကန်ထဲပစ်ချလိုက်ကြပါတယ်... ။
အဖိုးကြီးဟာ လောကီဂမ္ဘီရအတတ်ပညာများတတ်ကျွမ်းတာကြောင့်ရွေတွေမသာမာလောဘသားများလက်မရောက်စေရန်လောကီအစီအရင်တွေပြုလုပ်ထားခဲ့ပါတယ် ။
တစ်ရွာလုံးလူသားဆိုလို့သူတို့နှစ်ယောက်တည်းသာကျန်နေတော့တာမို့လူနေအိမ်ခြေရှိတဲ့ရခိုင်ဗုဒ္ဓဘာသာတွေရှိတဲ့ရွာတွေဖက်
ဆင်းလာပြီး ဘုရားတရားလုပ်ပြီးနေကြပါတော့တယ်...။
အဖိုးကြီးကအဲဒီအကြောင်းတွေကိုဘယ်သူ့ကိုမှ
မပြောဖို့အဖွားကြီးကိုမှာထားပေမယ့် အဖွားကြီးကမိန်းမသားပီပီတခါတရံရွယ်တူအဖွားကြီးချင်းစကားစပ်မိရင်းသူတို့တစ်ရွာလုံးနတ်ငါးစားမိလို့ရွှေ
ဖြစ်သွားရတဲ့အကြောင်းပြောမိပါတော့တယ် ။
အဖွားကြီးစကားကိုကြားကြရပေမယ့်ဘယ်သူမှတော့မယုံကြပါဘူး...။
ဒီလိုနဲ့အဖိုးကြီးအဖွားကြီးဟာနှစ်အတန်ကြာတော့လူကြီးရောဂါနဲ့ဆုံးပါးသွားကြပါတော့တယ် ။
အဖိုးကြီးအဖွားကြီးပြောပြတဲ့ဇတ်လမ်းဟာတခြား
သူတွေအတွက်ပုံပြင်တပုတ်လိုဖြစ်နေပေမယ့်၊
သိုက်ဆရာတချို့နားထဲကိုအဲအကြောင်းရာဇတ်လမ်းရောက်သွားချိန်မှာတော့အဲဒီနေရာကိုသွားရောက်ကြည့်ရူကြပါတော့တယ် ။
အဖိုးကြီးအဖွားကြီးတို့ရွာဟာရခိုင်ရိုးမတောနက်ကြီးထဲမှာရှိပြီးသစ်ပင်ဝါးပင်များထူထပ်ပြီး တောင်တန်းလျိုမြောင်များပေါကာ တခြားသောရွာ
များနဲ့ဆိုပါလူငယ်များပင်တနေ့ခရီးသွားရသော
ခရီးမျိုးဖြစ်ပါတယ် ။
နွေရာသီကာလရေနည်းချိန်
ကန်ကြီးအတွင်း ရွှေ
ပြားများကိုမြင်နေကြရပါတယ် ။
ဒါမေယ့် ရွှေ
တွေကိုယူကြည့်ပေမယ့် ယူလို့မရပဲအရိပ်လိုဖြစ်နေတာကြောင့် လောကီအစီအရင်နဲ့စီမံထားမှန်းသိသွားကြပါတော့တယ် ။
အဖွားကြီးဆီကကြားလာရတဲ့ အဖိုးကြီးစီမံထားတဲ့
သိုက်တဘောင်စကားကို အမျိုးမျိုးအဖုံဖုံအဓိပ္ပါယ်ဖွင့်
ကြည့်ကြပေမယ့်အဖြေမှန်မဖော်နိူင်ပဲဖြစ်နေကြပါတယ်။
သိုက်ဆရာတစ်ယောက်ပြီးတစ်ယောက်သာ
ပြောင်းသွားပေမယ့် သိုက်တဘောင်စကားကိုယနေ့အချိန်ထိဘယ်သူကမှမဖြေနိူင်ကြသေးပါဘူး...။
ဘယ်သိုက်ဆရာမှရတနာတွေကိုရသွားတယ်လည်းမကြားမိသေးပါဘူး ။
”.လယ်ဖား၊ ပဒါ၊ ရုံး၊ ကမာ၊ ညဏ်ချင်းထပ်တူ
ယူစားပါ...” ထိုတဘောင်စကားမှာအဖိုးကြီးစီရင်
ခဲ့သော သိုက်တဘောင်စကားဖြစ်ပါတယ် ။
ထူးဆန်းစွာတိုက်ဆိုင်မူဟုဆိုရမည်ပင်။
အဖိုးကြီးရဲ့သိုက်တဘောင်စကားပေါ်ထွက်ချိန်ကာလတွင် လယ်ဖားရွာ၊ ပဒါရွာ ၊ ရုံးရွာ ၊ကမာရွာ၊စသောရွာများမရှိကြသေးပဲနောက်ပိုင်းကျမှ ထိုနာမည်နဲ့ရခိုင်ရွာများတောင်ကုတ်၊ကျောက်ဖြူကားလမ်းဘေးတွင်
ပေါ်လာတာက ထူးဆန်းသောတိုက်ဆိုင်မူတစ်ခု
ဖြစ်ပါတော့တယ် ။
(လက်ရှိအချိန်ထိထိုရွာများမှာထိုအမည်များအတိုင်းရှိနေပါသေးတယ် ။)
ဂူတောင်နဲ့ပတ်သက်လျင်လည်းမရေတွက်နိူင်သော
ဇတ်လမ်းများရှိနေပြီးထိုဇတ်လမ်းများစွာထဲမှတချို့ကိုဖော်ပြပေးပါမယ် ။
ဂူတောင်မှာမြင့်မားသောတောင်ကြီးတစ်တောင်ဖြစ်ကာထုံးကျောက်ရောသောမြေအမျိုးအစားဖြစ်ပြီး၊ တောင်ခါးပန်းအလယ်တွင်လူတစ်ကိုယ်စာဝင်ပေါက်တစ်ခုရှိပါတယ် ။
အထဲဝင်သွားပါက ပေခြောက်ဆယ်ဝန်းကျင်ခန့်ကျယ်ဝန်းသော အခန်းကျယ်ကြီးတစ်ခုရှိပြီး။
ထူးခြားချက်အဖြစ်အောက်ခြေကြမ်းပြင်မှာညီညာနေခြင်းဖြစ်ပါတယ် ။
ဂူတောင်ရှင်သခင်မနတ်ရုပ်တုက ထိုအခန်းတွင်ထုဆစ်ထားသည်ကိုတွေ့ရပြီး ထုဆစ်ထားသူအမည်ထုလုပ်သောခုနှစ်ကိုမဖော်ပြထားပါဘူး..။
ထိုတောင်သို့လာရောက်လည်ပတ်သူများမှာ ဂူတောင်ရှင်သခင်မနတ်ရုပ်တုသို့အရင်ဆုံးဝင်ရောက်ပြီး၊ ဆီမီး၊နံ့သာများပူဇော်ပြီးမမြင်နိူင်သောအနှောင့်အယှက်များဘေးရန်။တောတိရိစ္ဆာန်များဘေးရန်မှကာကွယ်စောင့်ရှောက်မူအတွက်
အကူအညီတောင်းတတ်ကြပါတယ် ။
တောနက်သောနေရာတွင်ရှိသောကြောင့်ဆင်၊ကျားကဲ့သို့တောရိုင်းတိရိစ္ဆာန်များအပါအဝင်မမြင်ရသောပရလောကသားအခြောက်အလှန့်များရှိတတ်ပါတယ်။
ဂူတောင်ရှင်သခင်မရှိရာဂူတောင်မှာ အပေါ့၊အလေးစွန့်မိတဲ့သူ။
ယုတ်ရင့်ကြမ်းတမ်းတဲ့စကားပြောမိသူတွေဟာ
ဘေးဒုက္ခတမျိုးမဟုတ်ကြုံရပါတယ်။
အဖွဲ့တစ်လုံးမှာ အဲလိုလုပ်မိသူတစ်ယောက်သာကွက်ပြီးဘေးဒုက္ခကြုံရခြင်းမျိုးဖြစ်ပါတယ်။
ဒါကြောင့်ဘယ်သူမှမလေးမစားမလုပ်ရဲကြ၊မစော်ကားရဲကြပါဘူး..။
ဂူအခန်းအတွင်းအမှောင်ထုသိပ်သည်းနေပြီးလင်းနိူ့ချေးများစုပုံနေပါတယ် ။
အခန်းအလယ်တည့်တည့်ဂူအမိုးပေါ်တွင်ဘောလုံးကဲ့သို့အပေါက်ဝိုင်းတစ်ခုရှိကာဆယ့်နှစ်နာရီတိတိအချိန်တွင်ဂူအမိုးမှနေရောင်ခနမျကျရောက်သောကြောင့်ထိုအပေါက်ကိုမွန်းတည့်ပေါက်ဟုခေါ်ဆိုကြာင်းသိရပါတယ် ။
ဂူတောင်ရှင်သခင်မနတ်ရုပ်တုရှိရာဂူပေါက်အောက်ဖက်တောင်ခြေတွင် နောက်ထပ်ဂူပေါက်တစ်ခုရှိပြီး
ပထမစဝင်ချိန်တွင်လူတစ်ယောက်စာဝင်ပေါက်ရှိသော်လည်းအတွင်းသို့ဆက်ဝင်သွားသောအခါတချို့နေရာများတွင်လေးဖက်ထောက်ဝင်ရသလို၊တချို့နေရာများတွင်ကိုယ်တစောင်းအနေအထားမျိုးဝင်ရောက်ရပါတယ်. ..။
ဟိုးယခင်အချိန်ကာလများဆီက ထိုဂူဝင်ပေါက်မှာအဆုံးအစမရှိရှည်လျားပြီး ထိုဂူအဆုံးထိမည်သူမျမရောက်ခဲ့ကြဟုသိရပါတယ် ။
ယခုအချိန်မှာတော့ ငလျင်ဒဏ်၊မြေကြောပြတ်တောက်မူများကြောင့်တစ်နာရီခန့်ဝင်လျင်နောက်ထပ်သွားစရာလမ်းကြောင်းမရှိတော့ပဲ
ဂူပေါက်ကလမ်းဆုံးနေပါတယ်..။
ဂူအတွင်းဝင်သူတွေဟာ ဖယောင်းတိုင်ကြီးများ၊မီးတုတ်များကိုအသုံးပြုပြီးဂူအတွင်းဝင်ကြရာတွင်
အမှောင်သိပ်သည်းမူကြောင့်အလင်းမှာတခြားနေရာသို့မပျံနှံ့မရောက်နိူင်ပဲမီးထွန်းထားရာနေရာတစ်ခုတည်းသာအလင်းရှိနေတာကြောင့်လူတိုင်း၊မီးတုတ်၊ဖယောင်းတိုင်ကိုင်ထားရပါတယ်..။
ထိုဂူအောက်ဖက်တောင်ခြေတွင် ဂူပေါက်နောက်တစ်ခုရှိနေပြီး ရွေဖရုံဂူ ဟုခေါ်ကြပါတယ် ။
အတွင်းပိုင်းတွင်စိုစွတ်နေပြီး ကျောက်စက်ပန်းဆွဲများဂူအမိုးပေါ်မှပုံစံမျိုးစုံကျဆင်းနေရာရွေဖရုံသီးပုံကျောက်စက်ပန်းဆွဲတစ်ခုကထင်ရှားစွာရှိနေတာကြောင့်ရွေဖရုံဂူဟုခေါ်တွင်ကြပါဟန်ပင်။
ဂူနံရံကိုပုလ္လင်အဖြစ်ထုဆစ်ကာထိုပုလ္လင်ပေါ်တွင်ဘုရားဆင်းတုတော်တစ်ဆူကကြည်ညိုဖွယ်ရာ၊သပ္ပါယ်စွာရှိနေပါတယ် ။
နွေကာလမှာတောင်ခါးလည်အထိရေနက်တဲ့စမ်းချောင်းတစ်ခုရှိနေပါတယ် ။
ဂူတောင်ကုန်းပေါ်တွင်သစ်ပင်ကြီးများပေါက်ရောက်နေပြီးအသူတရာမျနက်တဲ့ချောက်နက်တွင်းကြီးတစ်တွင်းရှိနေပါတယ် ။
တွင်းရဲ့အနက်ကဘယ်ရွေ့ဘယ်မျနက်တာဘယ်သူမှမသိကြပါဘူး။
တချို့တွင်းအနက်သိချင်သူများမှာအပ်ချည်နှစ်လုံးချည်ကိုကြိုးဆက်၍အစကိုကျောက်ခဲအသေးချည်ပြီးချကာကျင်းအနက်မည်မျရှိလဲသိလို၍စမ်းကြသော်လည်းအောက်ခြေကိုမထိကြောင်းသိရပါတယ် ။
ဂူတောင်နဲ့ပတ်သက်ပြီးထူးခြားသောသမိုင်းများရှိရာမှထိုအကြောင်းအရာများထဲမှ
၂၀၁၄ခုနှစ်တွင်ဖြစ်သွားသော ပဒါကျေးရွာသား ကိုသာမောင်အကြောင်းကထူးဆန်း၍လူအများကြားတအံ့တသြဟိုးလေးတကျော်ဖြစ်သွားရသောကိစ္စတစ်ခုဖြစ်ခဲ့ပါတယ် ။
ပဒါကျေးရွာမှာရခိုင်ပြည်နယ်တောင်ပိုင်းတောင်ကုတ်မြို့နဲ့ မအီမြို့ကြားမှရွာတစ်ရွာဖြစ်ပါတယ် ရွာမှာ အချိုချင်းလူမျိုးများမြောက်ဖက်တွင်သီးသန့်တစ်ရွာတည်ပြီးတောင်ဖက်အရပ်တွင်ရခိုင်များကတစ်ရွာတည်ထားပြီးရွာအလယ်တွင်တောင်ကျသဲချောင်းလေးတစ်ချောင်းကခြားထားကာနှစ်ရွာပေါင်းနာမည်တစ်ခုအဖြစ်ပဒါကျေးရွာလို့ခေါ်တွင်ပါတယ် ။
သာမောင်ဆိုတာအချိုချင်းလူမျိုးတစ်ယောက်ဖြစ်ပြီးတခြားနယ်သားတစ်ယောက်ဖြစ်ကာယောက်က္ခမတွေအိမ်မှာနေရင်းယောက်က္ခထီးနဲ့အတူလွှဆွဲခြင်းအလုပ်ကိုလုပ်ကိုင်နေသူဖြစ်ပါတယ် ။
ချိန်း(saw)လွှစက်များမတွင်ကျယ်သေးသောကြောင့်သစ်လုံးများကိုစင်ပေါ်တင်၍ငါးမန်းစွယ်လွကြီးဖြင့်အပေါ်မှတစ်ယောက်၊အောက်မှနှစ်ယောက်ဆွဲကာပျဉ်သစ်လုံးများရအောင် တနေကုန်လွှနဲ့
ွ့ဆွဲရတဲ့အလုပ်ဖြစ်ပါတယ် ။:
သူတို့လွဆွဲတဲ့နေရာကဂူတောင်နဲ့သိပ်မဝေးလှတဲ့တောမှာလွဆွဲအလုပ်ကိုလုပ်နေကြခြင်းဖြစ်ပါတယ်...။
တနေ့ကျတော့ရိက္ခာကုန်ခါနီးလာတာမို့အလုပ်တစ်ရက်နားလိုက်ကြပြီးတခြားတစ်ယောက်ကိုရွာကိုဆင်းပြီးရိက္ခာယူခိုင်းပြီးသာမောင်နဲ့သူ့ယောက်က္ခထီးကဒူးလေးတစ်ယောက်တစ်လက်နဲ့တောထဲဝင်ပြီးအမဲပစ်ထွက်ခဲ့ကြပါတယ်။
ချေ တစ်ကောင်တွေ့လို့ သာမောင်လှမ်းပစ်တာ
သေကွင်းသေကွက်နေရာကိုမထိပဲ မြှားတန်းလန်း
နဲ့ပြေးသွားတာမို့ သွေးစက်တွေနောက်ခြေရာခံပြီး
လိုက်လာခဲ့ကြတယ်တဖြည်းဖြည်းနဲ့သွေးစက်တွေဟာဂူတောင်ဖက်ကိုဦးတည်သွားပြီးဂူတောင်ရဲ့အပေါ်ချောက်ကျင်းနူတ်ခမ်းဘေးမှာမြှားတန်းလန်းနဲ့လဲကျနေတာတွေ့လိုက်ကြရတာကြောင့်သာမောင်ကချေအနီးအပြေးအလွားသွားပြီးချေကိုဝမ်းသာအားရထိုင်ကြည့်နေတုန်း။
ရုတ်တရက် ဆိုသလိုချေကဆတ်ခနဲခုန်ထပြီးနောက်ချေနဲ့သာ
မောင်ရင်ဘတ်ကိုစုန်ကန်ပြီးထွက်ပြေးသွားပါတယ်။ သာမောင်တစ်ယောက်မမျော်လင့်ထားတဲ့အခြေအနေမို့အားပြင်းပြင်းနဲ့ရင်ဘတ်ကိုအခံလိုက်ရချိန် နောက်သို့လူကလန်သွားပါတယ်။
လက်နှစ်ဖက်ကမြေကြီးကိုလိုက်စမ်းပေမယ့် သူ့လက်ကမြေအမာကိုမထောက်မိပဲ လေဟာနယ်ကိုသာစမ်းမိကာအရှိန်လွန်ပြီးချောက်အောက်ကိုပြုတ်ကျသွားပါတယ်.... ။
သာမောင်ရဲ့အော်သံက ချောက်ကမ်းပါးနံရံတစ်လျောက်ပဲ့တင်ထပ်ကျန်နေရစ်ခဲ့ရင်းသာမောင်ကတော့အဝီစိတွင်းလို့ခေါ်ကြတဲ့ချောက်နက်ကြီးထဲပြုတ်ကျသွားတာကိုမြင်လိုက်ရတဲ့သာမောင်ယောက်က္ခထီးကြီးမှာအံ့သြကြောင်ငေးနေရကနေသတိဝင်လာချိန်။
ချောက်နူတ်ခမ်းပေါ်ကအောက်ကိုငုံကြည့်ပြီးသာမောင်ဘယ်လိုမှအသက်ရှင်စရာလမ်းမရှိနိူင်တဲ့အခြေအနေမို့ ဘာမှမတတ်နိူင်ပဲပြန်လာခဲ့ရ
ပါတော့တယ် ။
ရွာပြန်ပြီးသာမောင်အခြေအနေကိုပြောရန်စိတ်ကူး
သော်လည်းတနေ့ခရီးမျသွားရသောရွာသို့သွားရန်
အချိန်လင့်နေပြီမို့နောက်တစ်နေ့မနက်မှရွာသို့ပြန်
လာခဲ့ပါတယ်။.
ရိက္ခာသွားယူသူနဲ့လမ်းခုလတ်တွင်တွေ့သောကြော
သာမောင်အကြောင်းပြောပြရင်းရွာသို့အတူပြန်လာကြပြီးရွာမှာသာမောင်အကြောင်းပြောပြကြပါတယ် ။
ရွာရောက်ချိန်မှာတော့ မိသားစုနဲ့ရပ်ရွာလူကြီးကိုသာမောင် အကြောင်းဖြစ်ပျက်သမျပြောပြရာ
သာမောင်မိန်းမမှာ လင်ယောက်ကျားအကြောင်း
ကိုသိရချိန်တက်မတတ်ချက်မတတ်ငိုနေတာကြောင့်လူကြီးတွေကချော့မော့နှစ်သိမ့်ပေးနေရပါတယ် ။
ဒီလိုနဲ့ သာမောင်ချောက်ထဲပြုတ်ကျသွားတာ
နှစ်ညကုန်လွန်ပြီးနောက်တစ်နေ့မှာတော့... ။
မနက်ဆယ်နာရီခန့်အချိန် ရွာဝင်လမ်းမှတစ်ဆင့်
ရွာထဲကိုလူတစ်ယောက်ဝင်လာပါတယ် ။
ထိုသူကိုတွေ့ရချိန်ရွာသားများအားလုံးမျက်လုံး
ပြူးမျက်ဆန်ပြူးဖြစ်ကုန်ကြပါတော့တယ်..။
ဘာလို့လဲဆိုတော့ရွာထဲဝင်လာသူကသာမောင်ဖြစ်တာကြောင့်မို့ပါပဲ ။
သာမောင်ပုံကအေးအေးဆေးဆေးပါပဲ၊သူ့အိမ်နားရောက်တော့ ခြံထဲလှမ်းဝင်တော့ မိသားစုတွေမျက်လုံးပြူးပြီးကြည့်နေမိကြတယ် ။
ဇနီးဖြစ်သူက မျက်ရည်အရွဲသားနဲ့သာမောင်ဆီ
ပြေးလာပြီးကြိုရင်းအိမ်ပေါ်ရောက်ချိန်။
သာမောင်တို့အိမ်ကိုရွာသားတွေဝိုင်းလာကြပြီး စိတ်ဝင်တစားနဲ့. အဝီစိချောက်ထဲပြုတ်ကျတယ်
ပြောတဲ့သာမောင်ဘယ်လိုအသက်ရှင်နေတာလဲ
ဆိုတာလူ့သဘာဝအလျောက်သိချင်ကြားချင်နေကြကာသာမောင်အိမ်မှာလူတွေစုရုန်းနေကြပါတယ် ။
သာမောင်ကခေါင်းမူး၍ဟုဆိုကာ ရေတခွက်သောက်ပြီးအိမ်ရှေ့ခန်းလှဲနေချိန်၊သာမောင်ယောက်ခထီးမှာအိမ်ပေါ်မှခပ်သုတ်သုတ်ဆင်းသွားပြီး၊ပြန်လာသောအခါ ရွာမှရွေရင်ကျော်ဆရာကြီးကိုအိမ်သို့ခေါ်ချလာပါတယ် ။
မှေးနေတဲ့သာမောင်ကိုနိူးပြီး ရွေရင်ကျော်ဆရာကြီးကစမ်းသပ်စစ်ဆေးမူတွေလုပ်ပါတော့တယ်...။
သာမောင်ရဲ့ယောက်က္ခထီးစိတ်တွင် အသူတရာမျနက်သောချောက်အတွင်းသို့သာမောင်ပြုတ်ကျပြီးအိမ်သို့ပြန်လာခြင်းမှာရိုးရိုးသားသားပြန်လာနိူင်ခြင်းမဟုတ်ပဲ ဖုတ်၊သရဲ၊တစ္ဆေများသာမောင်ကိုယ်တွင်
ပူးကပ်၍လာသည်လားသိရစေရန်ရွေရင်ကျော်ဆရာကိုသွားခေါ်ခြင်းဖြစ်ပါတယ် ။
ရွေရင်ကျော်ဆရာကြီးမှာ သာမောင်ကိုအဖန်ဖန်အထပ်ထပ်စစ်ဆေးပြီးတော့သာမောင်မှာဘာအမှောင့်ပယောဂမှမရှိကြောင်းပြောလာတာကြောင့်သာမောင်ချောက်နက်ကြီးထဲပြုတ်ကျပြီးမသေရင်တောင်ပြန်တက်လာဖို့မလွယ်တဲ့ကျင်းထဲကိုဘယ်လိုများပြန်တက်လာတာလဲဆိုတာအံ့သြစိတ်များထိန်းမရတာကြောင့် သာမောင်ချောက်ထဲပြုတ်ကျပြီး ဘယ်လိုတွေကြုံခဲ့ရသလဲဆိုတာမေးမြန်းပါတော့တယ်။ ရွာသားတွေကလည်းသာမောင်ပြောသမျနားထောင်ဖို့လူစုလာကြတာသာမောင်အိမ်ရဲ့ ဘေးပတ်လည်မှာရွာသားတွေနဲ့ပြည့်နေပါတော့တယ် ။
သာမောင်မှာပြောပြလာသောအကြောင်းအရာမှာ
သာမောင်တစ်ယောက်ချောက်ထဲပြုတ်ကျသွားချိန်
အသည်းတလှပ်လှပ်ဖြစ်ကာလူကလည်းအရှိန်ဖြင့်ပြုတ်ကျနေသောကြောင့်ကြောက်လန့်ကာအော်လိုက်မိပါတယ် ။
ချောက်ထဲပြုတ်ကျချိန်သူနားတွင်းလေတဝှီးဝှီးတိုး
နေပြီးသတိလစ်မလိုဖြစ်နေပါတယ်။
အချိန်အားဖြင့်ဆယ့်ငါးမိနစ်ခန့်ကြာတွင်သူ့ခန္ဓာကိုယ်မှာဝါဂွမ်းစကိုအပေါ်မှပစ်ချလိုက်သည်အလားပေါ့ပါးစွာအောက်သို့ကျနေသည်အလား ဖြည်းညင်းစွာပြုတ်ကျနေကြောင်းကိုသာနေကြောင်းကိုနောက်ဆုံးလုံးဝသတိလစ်သွားပါတော့တယ်....။
သာမောင်သတိရလာချိန်မှာတော့ မျက်လုံးမဖွင့်ခင်မှာပဲသူသေသွားပြီလားလို့တွေးလိုက်ပြီးလက်များကကိုယ်ခန္ဓာအနှံ့လိုက်စမ်းပြီးမှမျက်လုံးကိုဖွင့်ကြည့်လိုက်မိတယ်။
အလင်းရောင်ကောင်းစွာရနေတဲ့အခန်းတစ်ခုထဲ
သာမောင်ရောက်နေပြီး သူကိုယ်တိုင်ကကျောက်ကုတင်တစ်လုံးမှာလဲလျောင်းနေကြောင်းသိလိုက်ရတယ် ။
သာမောင်တစ်ယောက်ခေါင်းထဲမှာရီဝေဝေဖြစ်နေပြီးကုတင်ပေါ်ငုတ်တုတ်ထိုင်ရင်း အဝီစိချောက်နက်ထဲပြုတ်ကျပြီး သူသေသွားပြီး နောက်ဘဝတစ်ခုပြောင်း
နေပြီလားဆိုတဲ့အတွေးမျိုးတွေးနေမိပါတယ် ။
မကြာခင်မှာပဲ ပိုးဖဲကတ္တီပါ အနီရောင်ဝတ်ထားတဲ့
လူတစ်ယောက်တောင်ဝှေးတစ်ချောင်းကိုပခုံးပေါ်တင်ပြီးရောက်ချလာတယ် ။
ခေါင်းမှာလည်းသံပုရာခွံဦးထုတ်အနီတစ်လုံးဆောင်းထားပြီး
လူပုံစံက ဇာတ်ပွဲများတွင် တွေ့ရသောဇော်ဂျီနဲ့ဆင်တူကြောင်း သာမောင်တွေးနေမိတယ် ။
ဇော်ဂျီနဲ့တူတဲ့လူပုံစံက ထီမထင်မျက်နှာအမူအယာနဲ့
သာမောင်ကိုစိုက်ကြည့်နေချိန်.မင်းထင်တဲ့အတိုင်းပဲ..ဆိုတဲ့စကားသာမောင်နားထဲကြားလိုက်ရတယ် ။
သူ့ရှေ့ကဇော်ဂျီအဝတ်အစားနဲ့လူကပါးစပ်တစ်ချက်
မလူပ်ပဲ ရှိနေတာကြောင့်အံ့သြနေမိရပြန်တယ်..။
သာမောင်မှာစကားတွေအများကြီးပြောချင်၊မေးချင်နေတာတွေရှိပါတယ် ။
သူရောက်နေတာ ဘယ်နေရာလဲ...။
သူ့ကိုကယ်ထားတဲ့လူက တကယ့်ဇော်ဂျီလား...။
အဲဒီလိုမေးခွန်းမျိုးတွေသာမောင်မေးချင်နေပေမယ့်
သာမောင်ပါးစပ်က ဘာမှမေးလို့မရဘူးဖြစ်နေတယ် ။
ဇော်ဂျီဆိုသူကတော့ ကျောက်ခွက်ကြီးတစ်ခုအတွင်းကိုသူ့လွယ်အိတ်ထဲပါလာတဲ့အရွက်တွေနွယ်တွေထည့်ပြီး သူ့ကိုင်ထားတဲ့
တောင်ဝှေးနဲ့ထုထောင်းနေတာတွေ့ရတယ် ။
ဇော်ဂျီတွေဆေးကြိတ်တတ်ကြောင်းကြားဖူးထားတာကြောင့်ယခုဇော်ဂျီလည်းဆေးကြိတ်နေတာဖြစ်မယ်ဟုသာမောင်တွေးနေမိပါတယ် ။
ခနအကြာမှာတော့ချိုအီမွေးပျံ့တဲ့ရနံတစ်ခု
အခန်းထဲမှာဖုံးလွမ်းသွားတယ် ။
ဇော်ဂျီဆိုသူဆေးကြိတ်လာရာမှထွက်လာသောရနံ့
မျိုးဖြစ်ပါတယ် ။
အဲဒီအနံ့ကြောင့်ပဲထင်ပါရဲ့ မြွေတွေ၊ကင်းတွေ၊ဖားပြုတ်တွေ၊ကင်းလိပ်ချောတွေဟာ ဆေးခွက်အတွင်းဝင်လာကြပါတယ် ။
ဇော်ဂျီကဝင်လာသမျအကောင်ဗလောင်အကုန်လုံးကိုဆေးနဲ့ရောကြိတ်လိုက်ပါတယ် ။
အတန်ကြာကြိတ်ပြီးချိန်မှာတော့ဆေးတွေကိုလက်ဝါးပေါ်တင်ပြီးလုံးလိုက်တာ မဲပြီးနက်ပြောင်နေတဲ့သပြေသီးမှည့်အရွယ်ဆေးသုံးလုံးရလာပါတယ် ။
”သောက်လိုက်” ဇော်ဂျီကသာမောင်အနီးရောက်လာပြီးဆေးတစ်လုံးပေးပြီးသောက်ခိုင်းတဲ့အသံကိုနားထဲကြားနေရပေမယ့်ဇော်ဂျီပါးစပ်လူပ်တာတော့ မမြင်ရဘူး...။
အကောင်ဗလောင်တွေစုကြိတ်ထားတဲ့ဆေးမို့မသောက်ရဲလို့ငြင်းဖို့စိတ်ကူးသေးပေမယ့် သူ့အသက်ကိုကယ်ထားပြီးစေတနာနဲ့ပေးလာတာမို့ဆေးကိုယူပြီးလျှာမထိအာမထိမြိုချလိုက်ပါတယ် ။
ဆေးဗိုက်ထဲရောက်ပြီးခနကြာတော့ဝမ်းဗိုက်တစ်ခုလုံးပူရှိန်းလာပြီးခန္ဓာကိုယ်မှာအားအင်တွေတိုးလာသလိုသာမောင်ခံစားလိုက်ရပါတယ် ။
” ခန္ဓာကိုယ်ကတချို့ဒဏ်ရာတွေကုလို့ရပေမယ့်
ဝဋ်နာကံနာကတော့ ကုဖို့ခက်တယ်။ ပြန်ဖို့အချိန်
ရောက်ပြီထတော့...လူသား...” ဇော်ဂျီရဲ့စကားသံတချို့နားထဲကြားနေရပြီး ဇော်ဂျီကသာမောင်လက်မောင်းတစ်ဖက်ကိုကိုင်ပြီးမြေကြီးပေါ်ခြေတစ်ချက်ဆောင့်လိုက်တာ မိုးပေါ်ကိုပျံတက်သွားပါတော့တယ် ။
သစ်တောတွေတောင်ကုန်းတွေကိုသာမောင်အောက်ကိုငုံအကြည့်မှာရိပ်ခနဲ၊ရိပ်ခနဲမြင်နေရတာအိပ်မက်လိုလို၊တကယ်လိုလို
ရောထွေးနေပါတယ် ။
အချိန်ကမိနစ်ပိုင်းကလေးသာကြာသလိုခံစားရပြီး
ဇော်ဂျီကမြေပြင်ပေါ်ဆင်းလိုက်ပါတယ်။
” ဘဝတစ်ခုကညီအစ်ကိုတော်စပ်ဖူးတဲ့သံယောဇဉ်
ကြောင့်ကူညီနိူင်သလောက်ကူညီပေးတာ နောက်တကြိမ် ပြန်မတွေ့နိူင်တော့ဘူး သင်နေရပ်
သွားတော့လူသား ” သာမောင်စိတ်ထဲကမေးခွန်း
ကိုကြိုသိနေသလိုဇော်ဂျီပြောသံသူ့နားအတွင်းကြားရပြီးဇော်ဂျီမှာကောင်းကင်ပေါ်ရိပ်ခနဲထိုးတက်ကာပျောက်ကွယ်သွားတာသာမောင်ခနလောက်ငေးနေမိပါတယ် ။
ခုမှစိတ်ထဲကြည်လင်သွားပြီးပတ်ဝန်းကျင်ကိုသတိထားကြည့်မိတော့မှသူ့ရွာထိပ်လမ်းပေါ်ရောက်နေတာသိလိုက်ရပါတယ် ။
ဒီအဖြစ်အပျက်တွေက ဂူတောင်အဝီစိချောက်အတွင်းပြုတ်ကျရာမှသာမောင်ပြန်ပြောပြလာတဲ့အကြောင်းအရာများဖြစ်ပါတယ်။
သာမောင်ပြောပြလာတဲ့အကြောင်းအရာများကသိပ္ပံ
သဘောတရားအရဆိုလျင်၊ယုံကြည်လက်ခံနိူင်ရန်
ခဲယဉ်းပါတယ် ။
သာမောင်ဖက်ကကြည့်လျင် ...
သာမောင်အဝီစိချောက်အတွင်းပြုတ်ကျသွားခြင်းကိုယောက်က္ခထီးကိုယ်တိုင်တွေ့ရခြင်း..။
ထိုမျနက်သောချောက်အတွင်းပြုတ်ကျရာတွင်
အသက်ရှင်နိူင်စရာအကြောင်းလုံးဝမရှိခြင်း။
အကယ်၍အသက်ရှင်သည်ဆိုစေအုံးထိုမျနက်သောချောက်အတွင်းမှအကူအညီကိရိယာများမပါပဲ
တွယ်တက်လာနိူင်စရာအကြောင်းမရှိခြင်း..။
ယောက်က္ခမနဲ့သမက်ပူးပေါင်းပြီးလုပ်ကြံဖန်တီးထား
သောအကြောင်းအရာမဟုတ်သည်ကတော့သေချာနေပါတယ်။
ဘာကြောင့်လဲဆိုတော့ သူ့တို့အတွက်ထိုကိစ္စကိုအကြောင်းပြု၍ဘာအကျိုးကျေးဇူးဘာမှမရခြင်းကြောင့်ဖြစ်ပါတယ် ။
သာမောင်တစ်ကိုယ်လုံးတွင်တစ်ခြားဒဏ်ချက်မရှိသော်လည်းနောက်စေ့တွင်လောက်များပင်ထွက်ကျနေသောဒဏ်ရာတစ်ခုရလာပါတယ် ။
ထိုဒဏ်ရာကိုနီးစပ်ရာဆေးရုံဆေးခန်းများတွင်ကုသ
သော်လည်းမပျောက်ကင်းသောကြောင့် ရန်ကုန်
ဆေးရုံကြီးသို့ပင်တက်ရောက်ကုသခဲ့ရပါတယ်.. ။
ဇော်ဂျီဆေးကြောင့်တခြားဒဏ်ရာများပျောက်ကင်း
သော်လည်းဘဝတစ်ခုကတစ်ပါးသူကိုထိခိုက်အောင်ပြုဖူး၍ယခုဘဝတွင်ခံစားရသော ဝဋ်နာ၊ကံနာကိုကုသ၍မရနိူင်ကြောင်းဇော်ဂျီပြောလိုက်သောစကားအတိုင်းအချိန်အတော်ကြာကုသပြီး ဝဋ်ကြွေးဆပ်၍ကြေချိန်ရောက်မှကောင်းသွားပါတော့တယ် ။
(၂၀၁၄ခုနှစ်တွင်ပဒါကျေးရွာတွင်အမှန်တကယ်ကြုံ
ခဲ့ရသူတစ်ယောက်အကြောင်းရေးသားဖော်ပြခြင်းဖြစ်ပြီးကာယကံရှင်များထိခိုက်မည်စိုး၍အမည်ကိုလွဲပြောင်းရေးသားထားပါတယ်)
======================
ပြီးပါပြီ
မြူခိုးအလင်္ကာ