book

Index 4

ဝတ္ထုတို ၄

တောတွင်းသား နဲ့အသံတုဖြင့်လှည့်စားတတ်သူ 

===================


            နွေဦးရာသီမို့သစ်ပင်များမှရွက်ဟောင်းကြွေ၍ရွက်သစ်များဝေလျက်

။မိုးရာသီကာလစိမ်းစိုတောထစွာပေါက်ရောက်နေသောခြုံနွယ်ပင်များက မြက်ခြောက်များနဲ့ရောကာ တောမီးလောင်ချိန်တွင်သစ်ရွက်ခြောက်များနဲ့ရောပြီးမီးလောင်ကျွမ်းကုန်သည်။


     မိုးရာသီကာလစိမ်းစိုသောတောကြီးများမှာ

ယခုအချိန်တွင်တတောတတောင်လုံးပြောင်ရှင်းလျှက်ရှိနေသည်။


     မနက်စောစောအချိန်များတွင်ကြွေတတ်သော

သခွပ်ပန်းကြွေများကတတောလုံးတတောင်လုံး ဖွေးဖွေးလူပ်ကြွေလျက်ဖြင့်ရှိနေကြ၏ ။


       သာထူးတစ်ယောက်မနက်စောစောသုံးနာရီ

အချိန်လောက်ကတည်းကတောတွင်းသစ်လုပ်ကွက်အတွင်းရောက်နေ၏ ။


    သူ့အလုပ်ကတောတောင်အနှံ့ခုတ်လှဲထားသော

သစ်ပင်ကြီးများကို သစ်စက်ရှိရာသို့ ကျွဲနဲ့ ဆွဲပြီးပို့

ပေးရသောအလုပ်ဖြစ်သည်။


   နွေရာသီမို့နေထွက်ချိန်ရောက်လျှင်အပူ

ဒဏ်ကြောင့်အလုပ်မတွင်ပေ။


ထို့ကြောင့်

နေမထွက်မှီကပင်နေ့တွက်ကိုက်အောင်ကြိုးကြိုးစားစားလုပ်နေခြင်းပင်။


      ယခုလိုရာသီတွင်ဘယ်တောဘယ်တောင်

ဘယ်နေရာတွင်ခုတ်လှဲပြီးသစ်လုံးဘယ်နှစ်လုံးရှိသည်ဟုပြောလိုက်သည်နဲ့ တောတောင်များရှင်းလင်းနေသည်မို့ရှာရမခက်ပေ။


    သုံးနာရီကတည်းက အလုပ်လုပ်နေသောသာထူးတစ်ယောက်  ယခုဆိုလျှင်သစ်လုံးနှစ်ခေါက်သစ်စက်စခန်းသို့ သယ်ယူပြီးနေပြီဖြစ်၏ ။


    ..အောက်..အီး..အီး..အီ...အွပ်.....


   ခပ်လှမ်းလှမ်းမြောင်ကြားတစ်ခုမှတောကြက်ဖ

တွန်သံကြားလိုက်ရသောကြောင့် သာထူးကျွဲများကိုရပ်စေပြီးကြက်တွန်သံကိုထပ်မံနားစွင့်ကြည့်ရာကြက်တွန်သံထပ်မံထွက်ပေါ်လာတာကြောင့်သစ်ဆွဲကျွဲများကိုဒီအတိုင်းရပ်ထားခဲ့၍ လွယ်အိတ်အတွင်းမှလေးခွကိုထုတ်ကာလောက်စာလုံးနှစ်လုံးကိုတစ်လုံးကိုပစ်ရန်အဆင်သင့်တပ်၍နောက်တလုံးကိုအရန်သင့်ပစ်ရန်လက်တွင်ကိုင်၊အသံကြားရာမြောင်ဖက်သို့ခြေသံလုံလုံလျောက်လာခဲ့သည် ။


       မိုးရာသီတွင်နွယ်ခြုံများ၊သစ်ပင်ကြီးများဖြင့်

စိမ်းစိုနေသောမြောင်မှာတောမီးလောင်ထားခြင်းကြောင့်အောက်ခြေရှင်းလင်းနေ၏ ။


     မြောင်အတွင်းရောက်ချိန်တွင် ကြက်တွန်သံနောက်တကြိမ်ကြားလိုက်ရသောကြောင့်နဖူးတွင်ကြိုးဖြင့်ပတ်ထားသောဓာတ်မီးကိုမီးဖွင့်၍လေးခွကိုပစ်ရန်အသင့်ချိန်ကာကြက်ကိုရှာဖွေလိုက်သည်။


  သာထူးအနည်းငယ်အံ့သြသင့်သွားမိပါတယ်။ဘာလို့လဲဆိုတော့သစ်ပင်ပေါ်တွင် တောကြက်ကိုမတွေ့ရသောကြောင့်ဖြစ်၏ ။


  သူလာသည်ကိုသိသွား၍လန့်ပျံသွား

သံကိုလည်းမကြားလိုက်မိလိုက်သော သာထူးမှာ

အရွက်များရှင်းလင်းနေသောသစ်ပင်ပေါ်တွင် ဘာမှမတွေ့ရသောကြောင့်ပြန်လှည့်ရန်လုပ်နေချိန်..။


...အောက်..အီး.. အီး..အီ.....အွပ်....


...အောက်...အီး....အီး...အီ...အွပ်....


....ဟာ.....


   သာထူးတစ်ယောက်ကြောက်ရွံ့စိတ်ကြောင့်

တစ်ကိုယ်လုံးကြက်သီးမွေးညှင်းများထကုန်ကာ ခြေဖျားလက်ဖျားအေးစက်သွားရတော့၏ ။


    ကြက်မရှိသောသစ်ပင်မှကြက်တွန်သံကြားလာရခြင်းကြောင့်ပင်။ တွန်သံမှာတစ်ကြိမ်မဟုတ်၊နှစ်ကြိမ်ဆက်တွန်သံကြားလိုက်ရသောအခါ။


သာထူး တစ်ယောက်သူသရဲခြောက်ခံ

ရကြောင်းတွေးမိသွားသောကြောင့်ပင်ဖြစ်ပါ၏ ။


   ထို့ကြောင့်ထိုနေရာမှကြောက်လန့်စွာခြေလှမ်းသုတ်

သုတ်ပြန်လာချိန်တွင်နောက်ထပ်တစ်ကြိမ်ကြက်တွန်သံကြားလိုက်ရသောကြောင့် ကျွဲများကိုခပ်သွက်သွက်မောင်း၍သစ်စခန်းသို့ပြန်လာတော့သည်။


    အစပထမ ကြောက်လန့်စရာမတွေးမိ၊မကြုံရချိန်ဘာကိုမှကြောက်စိတ်မရှိသော်လည်း ယခုမူဘေးပတ်ဝန်းကျင်ကိုကျီးကန်းတောင်းမှောက်ကြည့်ပြီးနောက်ကျောမလုံသောခံစားချက်မျိုးခံစားနေရတော့၏ ။


  ချေများပြေးလွားသံ ၊ မျောက်အော်သံများကိုပင်ကြောက်လန့်စိတ်ဖြစ်နေမိသည် ။


   ကြက်နဲ့ပတ်သက်သောသူငယ်ငယ်ကကြားဖူးသော သရဲဇတ်လမ်းတပုတ်ကလည်းမတွေးပါပဲခေါင်းထဲ

အလိုလိုရောက်လာပြီးပြန်ပြောင်းသတိရနေမိပြန်သည် ။


   တော ကြက်တည်သောအလုပ်မှာ ဇွဲရှိပြီးစိတ်ရှည်ရသောအလုပ်မျိုးပင်။


တောကြက်တည်ရန်အတွက်

    တောကြက်မျိုးနွယ်ဝင်ဖြစ်သောအိမ်ကြက် တညင်ကြက်ဖတစ်ကောင်နဲ့ညွှတ်ကွင်းများလိုအပ်၏ ။


   ပထမဦးစွာတောကြက်ရှိသောတောကြက်အိပ်သော တောတောင်ကိုသိရန်အရင်လေ့လာပြီး ၊မနက်စောစောအချိန်သုံးနာရီလေးနာရီခန့်အချိန်ကပင်တောတွင်းရောက်နေရန်လိုအပ်ကာရှင်းလင်းသောမြေပြင်တစ်ခုတွင်အိမ်ကြက်ကိုငုတ်ရိုက်ချည်ကာအိမ်ကြက်နဲ့ခပ်လှမ်းလှမ်းတွင်ညွှတ်ကွင်းများကိုဝိုင်းပတ်၍စိုက်ထားရသည်။   


  ပြီးနောက်ကြက်တည်သူမှာ အိမ်ကြက်ကိုမြင်နိူင်သောခပ်ဝေးဝေးတွင်ပုန်းအောင်းပြီးမလူပ်မယှက်နေရတော့၏ ။

 

ဆေးလိပ်၊ကွမ်းများစားသောက်ပါက အနံ့ရသွားသောတောကြက်ကမလာသောကြောင့်ဘာမှလုပ်၍မရပေ။


  အိမ်ကြက်တွန်ချိန်တွင် တောကြက်မှာသူ့ပိုင်နက်အတွင်းပြိုင်ဖက်တစ်ကောင်ရောက်နေပြီတွေးကာဟိုသစ်ပင်တွင်တစ်ထောက်နား၍တွန်သံပေးဒီသစ်ပင်တွင်တစ်ထောက်နား၍တွန်သံပြုနဲ့အိမ်ကြက်ရှိရာတဖြည်းဖြည်းချည်းကပ်ရင်းလာတော့၏ ။    


    ထိုအချိန်မျိုးတွင်တောကြက်မှာ မသင်္ကာစရာတစ်ခုတွေ့သွားပါ အိမ်ကြက်အနားမလာတော့ပဲအဝေးသို့ပြန်ဆုတ်၍

အဝေးမှသာတွန်သံပြုနေတော့သည်။


   ထို့ကြောင့်ကြက်တည်သမားမှာ တောကြက်လာနေချိန်မျိုးတွင်ယားလျင်ပင်မကုတ်ဝံ့ကြပေ။  


”   ကြက်တည်သမား ကျားကိုက် ” ထိုစကားပုံမှာရှေ့သို့သာမဲနေသော ကြက်သမားမှာနောက်မှကျားရောက်လာသည်ကိုမသိပဲအကိုက်ခံရခြင်းကြောင့်ပေါ်ပေါက်လာဟန်တူ၏ ။


  နောက်ဆုံးသံသယရှင်းချိန်ရောက်မှအိမ်ကြက်ကိုခွပ်ရန်သစ်ပင်ပေါ်မှဆင်းလာသောတောကြက်မှာ မခွပ်လိုက်ရပဲ ညွှတ်ကွင်းမိရတော့သည် ။


  စိန်လှမှာ ကြက်တည်ဝါသနာပါသူဖြစ်ပြီး ရာသီမလပ်ကြက်တစ်ကောင်ပိုက်၍ သူများအိပ်ချိန်တွင်သူကတောထဲရောက်နေပြီဖြစ်၏ ။


    တစ်နေ့တွင် စိန်လှတစ်ယောက် မနက်သုံးနာရီခန့်ကြက်တည်ရန်တောထဲရောက်

နေပါသည်။


ကြက်တည်နေရာမှတောကြက်တွန်သံကိုကြား

နေရသော်လည်း...၊

တစ်နာရီခန့်ကြာအထိတောကြက်မှာ အနားသို့မလာပဲ အဝေးဆီမှသာ အသံပြုနေရာတောကြက်လာနိူးလာနိူးစောင့်နေသောစိန်လှတစ်ယောက်အနားသို့ပင်ရောက်မလာသောတောကြက်ကိုညွှတ်ကွင်းမှလွတ်မြောက်ဖူးသောကြက်ပါးတစ်ကောင်ဖြစ်ရမည်ဟုအတွေးဝင်လာ၏။


    ကြက်ဖြင့်တည်၍မရသောတောကြက်ကိုလေးခွဖြင့်

ပစ်၍ရလိုရငြားနောက်ဆုံးမျော်လင့်ချက်ဖြင့်ကြက်တွန်သံကြားရာသို့ချည်းကပ်သွားနေတော့သည်။


     တဖြည်းဖြည်းဖြင့်ကြက်တွန်သံကြားရာနေရာသို့ရောက်လာရာ သစ်ပင်ကြီးတစ်ပင်အကိုင်းတွင် စိန်လှဖက်ကိုကျောပေး၍တွန်နေသောကြက်အမြှီးပိုင်းကိုမြင်လိုက်ရ၏ ။


  ရှေ့ခေါင်းပိုင်းတဝက်ကိုသစ်ရွက်များနဲ့ကွယ်နေ၍မမြင်ရပေ။


  တစွန်းတစဖြင့်စတင်ဝင်ရောက်လာသောအလင်းနဲ့မြင်နေရသောတောကြက်မှာမှန်မှန်ကြီးတွန်သံပြုနေသည်ကိုစိန်လှတွေ့လိုက်ရ၏။


   စိန်လှမှာတောကြက်နဲ့လေးခွတပစ်စာနေရာရောက်နေသော်လည်းအပစ်ရခက်နေပါတယ် ။


တောကြက်များဟာလေးခွနဲ့ပစ်ပါကတခြားသောကိုယ်လုံးအစိတ်အပိုင်းများကိုထိပါက မသေနိူင်ပဲ ခေါင်း၊အစာအိမ် စသောနေရာများကိုထိမှန်မှသာ ရဖို့ကျိန်းသေတာမို့ပစ်ကွင်းကောင်းကိုစောင့်ဆိုင်းပြီးလေးခွနဲ့ချိန်ရွယ်ထားခြင်းပင်။


  တောင်ပံတဖျောင်းဖျောင်းခတ်ပြီးတွန်နေ

တဲ့တောကြက်ဖဟာ ဆတ်ခနဲဆိုသလို စိန်လှဖက်ကိုခေါင်းလှည့်မျက်နှာမူလာပါတော့တယ် ။


...အား..အောင်မလေးဗျ.....သရဲ...သရဲ...


   စိန်လှရဲ့ကြောက်လန့်တကြားအော်သံကတစ်တော

တစ်တောင်လုံးလွမ်းခြုံသွား၏ ။


      စိန်လှမြင်လိုက်ရသောတောကြက်မှာ 

မျက်လုံးကဂေါ်လီလုံးအရွယ်ပြူးပြူး  ပါးစပ်ကကြက်နူတ်သီးလိုချွန်နေသောပါးစပ်ရှိနေကာဦးခေါင်းအမောက်နေရာတွင်လက်မအရွယ်ဦးချိုတစ်ချောင်းနဲ့ပုံစံမကျသောကြက်တစ်ကောင်ကိုတွေ့လိုက်ရသောစိန်လှတစ်ယောက်ခနမျကြောင်ငေးကြည့်နေမိတော့၏ ။

   ကြက်သရဲမှာစိန်လှဖက်သို့လှည့်အတောင်နှစ်ဖက်ခတ်ကာတွန်သံပင်ပြုလိုက်သေးသည်။


  စိန်လှမှာသူ့တည်ကြက်ကိုပင်ပြန်မယူနိူင်ပဲ တကျိုးတည်းသုတ်ချေတင်၍ပြေးရင်းပါးစပ်မှလည်းကြောက်လန့်တကြားကပေါက်တိကပေါက်ချာအော်ဟစ်ကာရွာသို့ပြေးလေတော့သည်။


    ထိုအချိန်မှစ၍စိန်လှတစ်ယောက်ကြက်တည်ခြင်း

အလုပ်ကိုရာသက်ပန်စွန့်လွတ်လိုက်ပါ၏ ။


   သာထူးမှာကြက်သမားစိန်လှအကြောင်းတွေးပြီး

ပို၍ထိတ်လန့်စိတ်ဝင်လာ၍ သစ်ဆွဲကျွဲများကိုမညှာ

မတာစွတ်မောင်းနေပါတော့သည်။


 မနက်စောစောအချိန်တွင်ကျွန်ပ်မှာအနီးပတ်ဝန်းကျင်

တောများတွင်အိမ်ဟင်းစားအလို့ငှါ ချေ၊ဖွတ်၊မျောက်စသောတောကောင်တစ်ကောင်ကောင်


တေ့ွ့ရာပစ်မည်စိတ်ကူးဖြင့်အိမ်မှ

ထွက်လာရင်း ကျွန်ပ်အသိသစ်စခန်းပိုင်ရှင်မိုးဟိန်း

သစ်စခန်း  ခနဝင်ကာ သူတည်ခင်းကျွေးမွေးသောကောက်ညှင်းကို လှော်ပြီး၊ဆားနဲ့ရောထောင်းထားသော

နှမ်းဖြင့်တို့စားလိုက် လက်ဖက်ခြောက်ကျကျ အဖန်ရည်ကိုတကျိုက်ကျိုက်သောက်လိုက်ဖြင့်

ရှိနေစဉ် ...။


သာထူးဆိုသောသစ်ဆွဲသမား သရဲခြောက်ခံလာရကြောင်းပြောနေသံကြားရသောကြောင့်စိတ်ဝင်တစားနားထောင်နေမိတော့၏ ။


”..မိုးဟိန်းရေမင်းကငါ့ကိုကောက်ညှင်းပေါင်းနဲ့ဧည့်ခံတော့ ငါကလည်းမင်းကို အသားလက်ဆောင်ပြန်ပေးရတာပေါ့...”


”..မင်းလက်စလက်နကိုယုံပါတယ်ကွာ.. ပစ်မလွဲဖိုးတေဆိုတာနာမည်တစ်လုံးနဲ့နေတာလေ...”


”  မင်းကိုငါပေးမယ့်အသားက အစောနက

မင်းသစ်စခန်းက ကောင်လေးကိုခြောက်လိုက်တဲ့

သရဲအသားပေးမှာကွ...”


”..ဟာကွာ..အကောင်းမှတ်တာ မင်းကလည်းလာနောက်နေတယ်...”


   ”..မနောက်ဘူး ငါအဲဒီသရဲကိုခုသွားဖမ်းမလို့

မင်းလိုက်ခဲ့မလား...”


 ”..မင်းတကယ်ပြောနေတာလား ဖိုးတေ...”


  ” လိုက်ခဲ့ကွာ ဟိုသရဲခြောက်ခံရတဲ့ကောင်လေးကိုပါခေါ်ပြီးနေရာပြခိုင်းရမယ်... ”


  မိုးဟိန်းမှာကျွန်ပ်စကားကိုမယုံကြည်နိူင်ဟန်ရှိနေပါ

တယ်။ ဒါပေမယ့်ကျွန်ပ်မှာနောက်ပြောင်လေ့မရှိသော

ကြောင့် ကျွန်ပ်စကားကိုယုံရခက်၊မယုံရခက်ဟန်ဖြင့်နောက်မှလိုက်လာသလို။ 


တစ်ခြားသောသစ်စခန်းမှလူများမှာလည်းကျွန်ပ်သရဲဖမ်းမည်ဆိုခြင်းကြောင့်စိတ်ဝင်စားစွာလိုက်ပါလာကြသည်။


သရဲခြောက်ခံလိုက်ရသောသာထူးမှာလည်း တခြားသောသူများပါသောကြောင့်ကြောက်လန့်စိတ်မရှိတော့ပဲသူကြက်တွန်သံကြားရာမြောင်အတွင်းမှသစ်ပင်ကိုပြလာ၏ ။


  တဖြည်းဖြည်းမိုးလင်းလာပြီဖြစ်သောကြောင့်ပတ်ဝန်း

ကျင်မြင်ကွင်းများကရှင်းလင်းလာ၏ ။


   ကျွန်ပ်မှာ သာထူးပြသော ကြက်တွန်သံကြားရာသစ်ပင်ကြီးကိုမော့ကြည့်ရာသစ်ရွက်များမရှိတော့သော်လည်းသစ်ရွက်ခြောက်များဖြင့်အုံတည်ထားသောခါချဉ်အုံကြီးများကိုတွေ့ရပြီးပင်စည်ပတ်လည်ကိုလေ့လာကြည့်ရာကျွန်ပ်အတွေးကပိုသေချာတော့သည်။


     ကျွန်ပ်မှာ သစ်ပင်ပေါ်တက်သွားပြီးအကိုင်းခွဆုံနေရာတွင်ထိုင်ပြီးပင်စည်အားအသေအချာကြည့်လိုက်သောအခါ  သစ်ခေါင်းပေါက်ကျယ်ကြီးတစ်ခုကိုတွေ့လိုက်ရသောကြောင့်သစ်ခေါင်းဝကိုသေချာကြည့်လိုက်သလို

အထွက်အပေါက်ဝကိုသေချာလေ့လာကြည့်ပြီး အခေါင်းအတွင်းလက်နိူက်လိုက်ပါတော့သည် ။


   ကျွန်ပ်မှာလက်အတွင်းပါလာသောအရာကိုအောက်သို့ရုတ်တရက်ပစ်ချလိုက်ရာ ကျွန်ပ်ဘာလုပ်မလဲစိတ်ဝင်တစားစောင့်ကြည့်နေသူများနောက်သို့အလန့်တကြားဆုတ်ပြေးကုန်ကြ၏ ။


 ကျွန်ပ်မှာသစ်ပင်ပေါ်မှဆင်းလာပြီး

ပစ်ချလိုက်သောအရာကိုလက်နှစ်ဖက်ဖြင့်ကောက်ကိုင်လိုက်ပြီးအားလုံးမြင်အောင်ပြလိုက်ရင်း...


”   သာထူးကိုခြောက်လိုက်တဲ့ ကြက်သရဲက ဒီသင်းခွေချပ်ကြီးပါပဲ....”


”...ဟင်..ဒီသင်းခွေချပ်က ကြက်သရဲ..ဟုတ်လား..”


”...မဖြစ်နိူင်ပါဘူး သင်းခွေချပ်နဲ့ကြက်နဲ့ဘာမှမဆိုင်ဘူး...”


..သရဲက ဒီသင်းခွေချပ်လား...


   အားလုံးကျွန်ပ်အခေါင်းအတွင်းနိူက်လာသော

ငါးပိသာခန့်ရှိမည်ဖြစ်သော သင်းခွေချပ်ကြီးကိုကြည့်ကာသာထူးကိုခြောက်လိုက်သောသရဲဆိုခြင်းကြောင့်မယုံကြည်နိူင်စွာတစ်ယောက်တပေါက်ပြောဆိုလာကြ၏ ။


    သင်းခွေချပ်ကြီးမှာခေါင်းနဲ့ကိုယ်လုံးကိုခွေလျက်

ငြိမ်သက်စွာကျွန်ပ်လက်အတွင်းရှိနေ၏ ။


    ”..ကျွန်ပ်အားလုံးနားလည်အောင်ရှင်းပြပါ့မယ်

တောနေသတ္တဝါတွေထဲမှာ ခနလေးအသံတစ်ခုကို

ကြားရုံနဲ့ အသံပြုတတ်တဲ့ သတ္တဝါဟာ သင်းခွေချပ်ပဲ။


    သင်းခွေချပ်ရဲ့အကြိုက်ဆုံးအစားအစာက ခြ၊ ခါချဉ်လိုအကောင်မျိုးတွေပဲ အခုလည်းခါချဉ်ထုပ်များတဲ့ဒီသစ်ပင်က သစ်ခေါင်းမှာ တမိုးတဆောင်းခိုအောင်းနေရင်း ဒီသစ်ပင်ပေါ်အိပ်တဲ့တောကြက်ကမနက်တိုင်းတွန်သံကို သင်းခွေချပ်ကကြားနေရတာပေါ့ ။


   ဒီလိုနဲ့သစ်ရွက်တွေကြွေချိန်ရောက်လာတော့တောကြက်ကလုံခြုံတဲ့ဲအိပ်တန်းတစ်ခုရွေ့သွားတယ် ။


ဒီတော့ တောကြက်တွန်သံကိုနားရည်ဝနေတဲ့ အသံတုပြုတတ်တဲ့ ဒီသင်းခွေချပ်က မနက်တိုင်းတောကြက်လိုတွန်သံပြုပါလေရော...။


  ဒါကိုကြားတဲ့ သားထူးကသူ့ကိုကြက်တစ္ဆေခြောက်တယ်ထင်သွားတာပေါ့ ။


ထင်ရင်လည်းထင်စရာလေ အသံကကြက်တွန်သံ ၊ တောင်ပံခတ်သတ်တွေကိုတောင် တထေရာတည်းတူအောင်အသံတုပြုနိူင်တာမို့ပါပဲ။


 သေချာကြည့်ရင်တော့ပင်စည်တွေမှာသင်းခွေချပ်တက်ရာဆင်းရာခြေသည်းရာတွေရှိပါတယ်...။


  ကဲအားလုံးပဲ ဒီလောက်ဆိုရင်အသံတုဝိဇ္ဇာကြက်သရဲက ဒီကောင်ကြီးဆိုတာနားရှင်းပြီထင်ပါတယ် ။"


   အားလုံးလုံးမှာ ကျွန်ပ်ရှင်းပြလိုက်ချိန်တွင်တအံ့တသြဖြစ်ကုန်ကြပါတော့တယ် ။


   ကျွန်ပ်မှာ သင်းခွေချပ် အရေပြား(အကြေးခွံ)ကိုသေချာလှီးယူပြီးအသားကိုသစ်စခန်းမှလူများစားရန်ပေးလိုက်၏။


သင်းခွေချပ်မှာလူပ်ရှားသွားလာမူနှေးသောကြောင့်

လူသားများလက်ချက်ကြောင့်မျိုးသုန်းလုနီးပါးရှိနေ

ပြီဖြစ်၏ ။


 အသားမှာချို၍စားကောင်းပြီးအကြေးခွံမှာတန်ဖိုးရှိ

လှ၏ ။


ပြည်တွင်းဆေးဆရာများကတိုင်းရင်းဆေးဖော်စပ်ရန်စျေးကောင်းပေးဝယ်သလို၊ မြန်မာပြည်အတွင်းမှသင်းခွေချပ်များကိုစျေးကောင်းပေးဝယ်၍တရုတ်သို့..မှောင်ခိုပို့သူများလည်းရှိသည်။


      ” မင်းပြောမှပဲရှင်းသွားတော့တယ် ဖိုးတေရာနိူ့မိူ့ငါ့ကောင်တွေ သရဲကြောက်ပြီး အလုပ်လုပ်ရဲကြမှာမဟုတ်ဘူးကွ... ”


  ”ဒါကတော့ကွာ..အကြောင်းမသိရင်ဘယ်သူမဆို

ကြောက်ကြမှာပါပဲ ငါလည်းအတွေ့အကြုံအရမို့သာ

တတ်အပ်သေချာတွေးနိူင်တာ....အတွေ့အကြုံမရှိရင်ဘယ်သိပါ့မလဲ...”


   ” ဒါနဲ့ဖိုးတေ ဒီသင်းခွေချပ်တွေက အဲလိုပဲ

အသံတုပေါင်းစုံလိုက်လုပ်တတ်ကြလား... ”


   ”....ရှေးလူကြီးတွေပြောတဲ့စကားတွေအရဆိုရင်

အသံတုပေါင်းစုံလိုက်လုပ်နိူင်တယ်လို့ကြားဖူးတယ်ကွ...။


.တောထဲမှာလူစုကွဲရင်နာမည်တပ်မခေါ်ရဘူးဆိုတာက သင်းခွေချပ်တွေက 

အဲဒီနာမည်အတိုင်းလိုက်ခေါ်တတ်တော့..

သင်းခွေချပ်ခေါ်သံနောက်လိုက်ရင်း 

လူစုကွဲလမ်းပျောက်တတ်လို့လေ...။


သင်းခွေချပ်နဲ့ပတ်သက်ပြီး အဖေငယ်ငယ်ကပြောပြတဲ့ဇတ်လမ်းတပုတ်ရှိတယ်....”

    ကျွန်ပ်မှာယနေ့တောပစ်မထွက်ဖြစ်တော့ပဲမိုးဟိန်းနဲ့သင်းခွေချပ်အကြောင်းစကားစပ်မိရာမှ ကျွန်ပ်အဖေမှကျွန်ပ်ကိုငယ်စဉ်ကပြောပြဖူးသောဇတ်လမ်းတပုတ်ကို

ပြန်သတိရလာရာ မိုးဟိန်းကနားထောင်လိုကြောင်း

ပြောလာသလိုတခြားသောသစ်စခန်းမှလူများလည်းကျွန်ပ်ပြောပြမည့်ဇတ်လမ်းကိုစိတ်ဝင်စားစွာလာနားစွင့်နေကြပါတော့သည် ။


     မတင်ရီတို့အပျိုတသိုက်စု၍ တောတွင်းအလေ့ကျပေါက်နေသောအသီးအရွက်များခူးရန်တောသို့ထွက်လာကြသည်။


       ဆောင်းရာသီတွင်တောင်ပေါ်ဒေသတွင်ပေါက်

ရောက်သော ကဒတ်ညွန့်၊ ပဒတ်စာပွင့်၊ ကောက်ကောက်ရိုးများကို တောတွင်းဟိုနေရာ၊ဒီနေရာလူခွဲ၍ ရှာဖွေနေကြ၏ ။


    ကဒတ်ပင်မှဥကိုတူး၍ချက်စားသလို ၊ နွယ်ပင်လိုအညွန့််ဖျားကိုချက်ပြုတ်စားတတ်ကြပါတယ်။ 


 အဖျားကလိမ်ကောက်ကောက် ရှိသော ကောက်ကောက်ရိုးမှာလည်းနွယ်ပင်မျိုးနွယ်ဝင်ဖြစ်ကာအညွန့်တစ်ခုသာစား၍ရကာ ဥမရှိပေ။


   ပဒတ်စာပင်မှာမိုးတွင်းကာလများတွင် တစ်တောင်ခန့်အပင်ငယ်များအဖြစ်ရှိနေပြီး အပင်ကိုချက်ပြုတ်စား၍ရသလို၊ 


ယခုလိုဆောင်းကာလမျိုးတွင်

ဖြူဖြူဖွေးဖွေးအပွင့်များမြေကြီးမှတိုးထွက်လာရာ အရင်းမှတူးယူ၍ ချက်ပြုတ်ကြော်လှော်၍အမျိုးမျိုး

စားသောက်ကြ၏ ။


 မတင်ရီမှာသူငယ်ချင်းနဲ့ခွဲပြီး ဟင်းရွက်ခူးရင်းတဖြည်းဖြည်းသူငယ်ချင်းများနဲ့ဝေးသွား၏ ။


    ဟင်းသီးဟင်းရွက်အတော်အတန်ရ၍ပတ်ဝန်းကျင်ကိုသတိထားကြည့်မိချိန်တွင် သူငယ်ချင်းများကိုမတွေ့ရတာကြောင့် သူငယ်ချင်းများနာမည်အော်ခေါ်နေမိသည်။


   ...မတင်ရီ...ဟေး...မတင်ရီ.....


........ဟေး...ငါဒီမှာ......   


   သူငယ်ချင်းဖြစ်သူတစ်ယောက်အသံကို ခပ်လှမ်းလှမ်းတောင်ကုန်းဖက်မှကြားလိုက်ရသောကြောင့်မတင်ရီတစ်ယောက် အသံလှမ်းပြုပြီးထိုနေရာသို့သွားလိုက်ပါတော့သည်။


       သူမအမည်ကိုအဆက်မပြတ်ခေါ်သံပြုနေ

သောကြောင့်မတင်ရီတစ်ယောက်အသံကြားရာသွားရင်းထိုနေရာသို့ရောက်သောအခါအံ့သြသင့်မိရတော့၏ ။


   အကြောင်းမှာ သူမနာမည်ကိုခေါ်နေသောနေရာ

ရောက်သောအခါထိုနေရာတွင်မည်သူမှရှိမနေသောကြောင့်ပင်။


   မတင်ရီမှာသူငယ်ချင်းများနာမည်တစာစာခေါ်သော်

လည်းပြန်လည်တုံ့ပြန်သံမကြားရပဲသူမအသံသာပဲ့တင်ထပ်ပြန်ကြားနေရ၏ ။


     မတင်ရီမှာတောတွင်းမျက်စိလည်လျက်သူငယ်ချင်းများအော်ခေါ်၍မရသောအခါ ဝမ်းနည်းအားငယ်စွာမျက်ရည်များကျပြီးတရူတ်ရူတ်ငိုနေမိတော့သည် ။


  အချိန်ကလည်းတစတစမှောင်ရီပျိုးလာရာ မိန်းမသားတစ်ယောက်တည်း လူသူကင်းဝေးရာ

တောတွင်းရောက်နေသည်မို့ ကြောက်လန့်စိတ်များ

ဖိစီးလျက်သစ်ပင်ကြီးတစ်ပင်အောက်တွင်ထိုင်ကာ

ဒူးကိုလက်ကလေးနှစ်ဖက်နဲ့ပိုက်၍ ပဒတ်စာတူးသောဓားမတိုလေးကိုလက်ဖြင့်ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားမိသည် ။


”...ညီမ....ဘာကူညီပေးရမလဲ...”


,...အမလေး.....


တစ်ယောက်တည်းကြောက်စိတ်များနဲ့ရှိနေသော မတင်ရီမှာခေါ်သံတစ်ခုကြားလိုက်ရခြင်းကြောင့်

အလန့်တကြား အော်ကာအသံလာရာကြည့်လိုက်

မိသည်။


    သူမနဲ့ရွယ်တူခန့်ရှိမည့်ယောက်ကျားလေး

တစ်ယောက်မှာမတင်ရီမနီးမဝေးတွင်ဘယ်အချိန်ကရောက်နေသည်မသိရပ်လျက်ရှိနေသည်ကိုတွေ့လိုက်ရ၏ ။

  


    ”...ဟို...ဟို..ညီမသူငယ်ချင်းတွေနဲ့ လူကွဲသွားလို့ ဖြစ်နိူင်ရင် ရွာလိုက်ပို့ပေးပါရှင်...”


   

”..ဒီနေ့ကတော့ မိုးချုပ်နေပြီ မနက်ဖြန်ကျမှပဲ

ညီမတို့ရွာလိုက်ပို့ပေးတာပေါ့...ခုနေ့တော့ အစ်ကိုတို့ရွာမှာတစ်ညလိုက်အိပ်ပေါ့... ”


   မတင်ရီမှာလည်းဘာမှမပြောသာတော့ပဲ ထိုလူစကားအတိုင်းလိုက်လုပ်ရန်ဆုံးဖြတ်လိုက်ရတော့သည်။


    မှောင်စပြုနေပြီမို့ထိုလူကအသင့်ယူလာဟန်တူသောမီးတုတ်ကိုထွန်းညှိလိုက်ရင်းရှေ့မှဦးဆောင်သွားနေရာမတင်ရီမှာထိုလူအကျီင်္စကိုဆွဲ၍လိုက်ခဲ့တော့၏ ။


  တစ်ယောက်နဲ့တစ်ယောက်စကားစပ်မည်ပြောကြရင်းကြောက်ရွံ့နေသောမတင်ရီတစ်ယောက်ကြောက်စိတ်များအနည်းငယ်ပြေလျော့သွားသည်။


    ထိုလူနာမည်မှာ သီဟဖြစ်ကြောင်းသိရပြီး

ယခုတောအတွင်းမှရွာတစ်ရွာတွင်နေကြောင်း သူလည်း သားကောင်သုတ်ကိုင်းများကို

လှည့်လည်ကြည့်ရာမှမတင်ရီနဲ့တွေ့ခြင်းဖြစ်ကြောင်းပြောပြလာ၏ ။


  သီဟမှာသျောင်တစောင်းထုံးထားပြီ နူတ်ခမ်းမွေးစစဖြင့်ယောက်ကျားပီသသူဖြစ်သလို မတင်ရီမှာလည်း

ရွာတွင်အပျိုချောစာရင်းဝင်သူတစ်ယောက်ဖြစ်၏ ။


    ယခုလိုလူသူမနီးတောနက်ကြီးအတွင်း သီဟနဲ့အတူရှိနေရခြင်းကိုကြောက်လန့်နေသောစိတ်များနဲ့

့အတူရင်ဖိုသလိုလိုရှက်သလိုလိုခံစားနေမိပြန်သည်။


      ဆီမီးရောင်ထိန်ထိန်ဖြင့်ရွာငယ်လေးသို့ သီဟမှခေါ်သွားပြီး ရွာလယ်လမ်းအတိုင်းလျောက်လာခဲ့ကြသည်။


     မတင်ရီမှာ ဖြတ်သွားရင်းမှဘေးဘီဝဲယာအိမ်များ

သို့မျက်လုံးဝေ့ကြည့်လိုက်ရာမျက်လုံးသေကြီးများဖြင့်သူမကိုပြန်ကြည့်လာကြသောယောက်ကျားမိန်းမများကိုမြင်တွေ့ရသောအခါ ရင်ထိတ်ကာ မျက်လုံးလွဲခေါင်းငုံပြီးသီဟနောက်လိုက်ခဲ့၏။


    သီဟမှာမတင်ရီကိုအိမ်တစ်လုံးသို့ခေါ်ဆောင်သွားပြီးအိမ်တွင်းဆီမီးခွက်များထွန်းညှိလိုက်ရာမှောင်မဲနေသောအိမ်အတွင်းလင်းထိန်သွားတော့သည် ။


      ”..အစ်ကိုကတစ်ယောက်တည်းနေတာလား

မိဘတွေကရော...”


” ..အစ်ကိုငယ်ငယ်ကတည်းကဆုံးသွားကြပြီ 

တစ်ယောက်တည်းနေတာ..ဒီည ဒီမှာပဲအိပ်လိုက်

အစ်ကိုတခြားတနေရာသွားအိပ်လိုက်မယ်...”


     သီဟမှာ မတင်ရီကိုစကားပြောရင်းသူ့လွယ်အိတ်အတွင်းမှတစ်စုံတရာကိုထုတ်နေ၏ ။


    ”...ဟင်..သင်းခွေချပ်လေးပါလား တောထဲကရလာတာလား....”


”..ငယ်ငယ်လေးကတည်းကအစ်ကိုမွေးထားတာ ညီမ ..အစ်ကိုအဖော်ပေါ့..ဒီကောင်လေးကတအားလိမ္မာတယ် သင်လွယ်တတ်လွယ်တယ်... ။ ”


သီဟမှာသင်းခွေချပ်လေးကိုအခေါင်းထွင်းထားသောသစ်တုံးအတွင်းထည့်၍အတွင်းဝင်သွားပြီးပြန်

လာသောအခါ ငှက်ပျောသီးမှည့်များ၊လိမ္မော်သီးများ

ကိုပုဂံတစ်ချပ်တွင်ထည့်ယူလာကာမတင်ရီရှေ့ချပေးလိုက်သည်။


.”...စားညီမ တစ်နေကုန်ဘာမှမစားရသေးတာ

ဆာနေရောပေါ့.... ”


 သီဟစကားအဆုံးမတင်ရီတစ်ယောက်ဟန်ဆောင်ပန်ဆောင်ပင်မငြင်းနိူင်တော့ပဲ အသီးအနှံများကိုစားသောက်နေတော့သည် ။


 သီဟမှာမတင်ရီစားသောက်နေချိန်ရေအိုးမှရေတခွက်

ခပ်လာပေးသည်။


   ” တခါးပိတ်ပြီး စိတ်ချလက်ချအိပ်ညီမ 

ဘာမှမစိုးရိမ်ပါနဲ့... ”


 ”..အစ်ကိုက ဘယ်မှာသွားအိပ်မှာလဲ.... ”


”..သူငယ်ချင်းတစ်ယောက်အိမ်သွားအိပ်မလို့ညီမ..”


”...ညီမ အတွင်းခန်းမှာအိပ်မယ် အစ်ကိုအပြင်ခန်းမှာအိပ်ပေါ့... ဒီအိမ်မှာတစ်ယောက်တည်းမအိပ်ရဲဘူး...”


” ညီမသဘောအတိုင်းပါပဲ ကဲ အစ်ကိုအပြင်

ထွက်တော့မယ်... ”


  မတင်ရီအိမ်တွင်တစ်ယောက်တည်းမအိပ်ရဲကြောင့်

ပြောလာ၍သီဟမှာအပြင်ခန်းတွင်အိပ်ရန်ပြင်နေသည်။


မတင်ရီမှာအတွင်းတခါးကိုပိတ်လိုက်ရင်းအိပ်ယာပေါ်လှဲနေချိန်သူမခေါင်းမှာရိပ်ခနဲရိပ်ခနဲမူးလာပါ

တော့သည်။


    အိမ်တစ်ခုလုံးချာချာလည်နေသလိုခံစားရပြီးနောက်ဆုံးသတိလစ်မေ့မြောသွားပါတော့၏ ။


      မတင်ရီမှာသတိရလာသောအချိန်တွင်

ကျောက်ဂူတစ်ခုအတွင်းရှိနေပြီး သူမနာမည်ဘယ်သူသူမဘယ်ကလာသည်ဆိုသောအကြောင်းများကိုမေ့လျော့နေပါတော့တယ်... ။


  အဲဒီအချိန်မှာပဲသီဟမှာလိူဏ်ဂူထဲစားသောက်စရာ

အသီးအနှံများကိုပလိုင်းတစ်ခုနဲ့လွယ်ပိုးပြီးရောက်လာရှိလာပါ၏ ။


   ” ... မိန်းမ နိူးနေပြီလား.. အစ်ကိုအသီးအနှံတွေ

သွားရှာနေတာ နောက်ကျသွားတယ်... ”


”....ဘယ်လို.. ကျွန်မက ရှင့်မိန်းမ ဟုတ်လား....”


”...သဇင်ရယ်.. ဘာကိုမှမမှတ်မိတော့ပါလားး..

အစ်ကို့တောင်မမှတ်မိတော့ဘူးပေါ့..

အဖြစ်ဆိုးလိုက်တာကွာ...”


”..ကျွန်မဘယ်သူလဲတောင် ကျွန်မစဉ်းစားလို့မရဘူး

ယုတ်စွဆုံး ကျွန်မနာမည်ကိုတောင်တွေးလို့မရဘူး

ဒီတော့ကျွန်မအကြောင်းတစ်ချက်ပြောပြပေးပါ ကို.....”


 ” ..သီဟ လေ သဇင်ကအားလုံးတကယ်မေ့သွ့ားပြီ

ဆိုတော့ ကိုသီဟရှင်းပြပါ့မယ်... ”


    သီဟပြောပြချက်အရ ချမ်းသာသောသူမ မိဘများကသီဟနဲ့ချစ်နေကြခြင်းကိုသဘောမတူသောကြောင့်နှစ်ယောက်သားထွက်ပြေးလာကြ

ကြောင်း။


နောက်မှလိုက်လာသော သူမမိဘများလက်မှထွက်ပြေးရင်းချောက်စောင်းမှလိမ့်ကျပြီးသတိလစ်သွားရာယခုမှသတိရလာကြောင်းသူမအမည်သဇင်ဖြစ်ကြောင်းပြောပြလာ၏ ။


  သူမအနေနဲ့ သီဟပြောပြသောအကြောင်းအရာများကို ဘာတစ်ခုမှစဉ်းစား၍မရပဲရှိနေပါတယ် ။


  ဒါကြောင့်သီဟပြောပြသမျှကိုလက်ခံရုံမှတစ်ပါး

တစ်ခြားအကြောင်းမရှိတော့ပေ။


   သို့ရာတွင် သီဟမှာ သူမကိုညီမလေးသဖွယ်စောင့်

ရှောက်ပြီးသူမအတိတ်ကိုသတိပြန်ရချိန်မှလင်မယားအဖြစ်အတူနေထိုင်သွားမည်ဟုဆိုလာ၏ ။


    နေ့လည်နေ့ခင်းအချိန်များတွင်သီဟတစ်ယောက်

အပြင်ထွက်၍အသီးအနှံများရှာဖွေတတ်ပြီး

ညဖက်မှရောက်လာတတ်သည်။


သူမကိုကျောက်ဂူတဖက်ခြမ်းတွင်အိပ်ခိုင်း၍

သီဟမှာ သူမနဲ့ဝေးသောတခြားတဖက်တွင်

အိပ်တတ်သည်။


  ကျောက်ဂူထဲတွင်ပျင်းနေ၍ သီဟနဲ့အတူအပြင်လိုက်လိုကြောင်းပြောရာသီဟမှာအကြောက်အကန်ငြင်းဆန်တတ်ပါတယ် ။


    တစ်ခြားတနယ်ရာရွာများသို့သွားရောက်ရန်ပြော

သောအခါသီဟတစ်ယောက်မျက်စိပျက်မျက်နှာပျက်ဖြင့်သူမဖခင်နဲ့သူ့လူများကသူတို့လိုက်ရှာနေသောကြောင့်.တစ်လကိုးသီတင်းယခုနေရာတွင်ခိုအောင်းနေရန်ပြောလာပြန်၏ ။


     ထိုသို့ဖြင့်

တပတ်ခန့်ကြာသွားပြီးချိန်သီဟအပြင်သွားနေချိန်တွင်လူသံများကြားရပြီးမောင်းထုသံများကြားရခြင်း

နဲ့အတူ။


မတင်ရီဟူသောအမည်ခေါ်နေသံကိုကြားလိုက်ရပါတယ်။


     မောင်းထုသံကြားလိုက်ရပြီးမတင်ရီဟူသော

အမည်ကြားလိုက်ရချိန်သူမစိတ်အတွင်းထိုနာမည်ကိုရင်းနှီးသလိုခံစားနေရပြီး။


အစပထမပုန်းနေမိသော်လည်းနောက်ဆုံး

ပုန်းအောင်းနေရာမှထွက်ပြီးလူများရှိရာသွားလိုက်တော့၏ ။


   မောင်းထု၍တောထဲသွားလာနေသူများမှာသူမကို

တွေ့သောအခါမတင်ရီဟူ၍ဝိုင်းခေါ်လာကြသည်။


      သူမနာမည်မတင်ရီမဟုတ်ကြောင်းသဇင်ဖြစ်ကြောင်းသီဟပြောစကားကိုပြန်ပြောပြရာ ထိုလူများမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးသူမကိုဝိုင်းဖမ်းချုပ်၍ရွာသို့ခေါ်သွားကြပါတော့သည်။


  နောက်ဆုံးဟင်းသီးဟင်းရွက်သွားရှာရင်းပျောက်ဆုံး

သွားသောမတင်ရီအားတပတ်အကြာပြန်တွေ့ကြပါတော့၏ ။


   သို့ရာတွင် မတင်ရီမှာ သူမအမည်သဇင်ဖြစ်ကြောင်းသီဟဆိုသူနဲ့မိဘများသဘောမတူ၍ခိုးရာလိုက်ပြေးခြင်းဖြစ်ကြောင်းစကားကိုသာထပ်ခါတလဲလဲပြောနေပါ၏ ။


  မိဘများမှာမတင်ရီကိုသရဲတစ္ဆေပူးကပ်ခြင်းလားဟု

ပယောဂဆရာများခေါ်ပြကြသည်။


  သို့ရာတွင် မတင်ရီတွင်မည်သည့်အမှောင့်ပယောဂမှ

ကပ်မနေဟုဆိုသောအခါအတွေးရကြပ်ကုန်ကြတော့သည်။


  နောက်ဆုံးတွင် တောတွင်းအတွေ့ကြုံစုံသောဖိုးတေဖခင်ကြီးမှ မတင်ရီဖြစ်နေသောအခြေအနေကိုရှင်းပြလာသည်။


   တချို့တောတွင်းရှိသီးပင်စားပင်များမှာစားကောင်း

သောအသီးပင်ဖြစ်စေကာမူ။ 


ပေါက်ရောက်ရာမြေအနေအထားအရသော်လည်းကောင်း။ နေရောင်ခြည်ကျရောက်ရာနေရာ၊


မကျရောက်ရာနေရာစသောအကြောင်းအရာအပြင်

တခြားသော ရွေးချယ်မူများဖြင့် ။


ဘယ်အကိုင်းမှအသီးကိုစားသင့်သည်၊မစားသင့်၊

ရွေးချယ်စားသောက်ရကြောင်း။ 


  အကယ်၍တပင်လုံးတွေ့ရာအကိုင်း၊တွေ့ရာမြေနေရာမှအသီးကိုစားမိပါက စားကောင်း

သောအသီးဖြစ်စေကာမူ..။


အခန့်မသင့်လျှင်မူးဝေ၊အော့အန်ဖြစ်ရုံသာမက အချိန်တစ်ခုအထိအသိစိတ်ပျောက်သွားနိူင်ကြောင်းပြောပြလာ၏ ။


  မတင်ရီကိုတိုင်းရင်းဆေးဆရာဖြင့်သေချာကြပ်မတ်စွာကုသရာနေကောင်းကျန်းမာလာပြီးနဂိုပုံမှန်အခြေအနေပြန်ရောက်သွားသည် ။


  သို့သော်လည်း သီဟနဲ့ပတ်သက်ခဲ့သောအကြောင်းများကိုလည်းမမေ့လျောပဲသီဟမှာသူမစိတ်ကူးယဉ်မြင်နေခြင်းမျိုးမဟုတ်ပဲအပြင်တွင်တကယ်ရှိကြောင်းဆိုလာသည်။


  နောက်ဆုံးတွင်မတင်ရီကသူ့ကိုတွေ့ခဲ့သောနေရာကိုရွာသားများကိုလိုက်ပို့ခိုင်းရာကျောက်ဂူတစ်ခုလုံးရှင်းလင်းစွာရှိနေသည်ကိုတွေ့လိုက်ရပါ၏။


  မတင်ရီမှာမကျေနပ်နိူင်သေးပဲ ကျောက်ဂူပတ်ဝန်းကျင်အနှံ့သီဟကိုလိုက်ရှာကြည့်နေ၏ ။


  သီဟကိုကားအရိပ်အယောင်မျပင်မတွေ့ရပေ...။


...မတင်ရီ..မတင်ရီ...မတင်ရီ......


   အပင်တစ်ခုပေါ်မှယောက်ကျားတစ်ယောက်အသံကြားလိုက်ရခြင်းကြောင့်အားလုံးအံ့သြသင့်ကာအပင်ပေါ်တက်ကြည့်ကြရာအပင်ခေါင်းထဲတွင် သင်းခွေချပ်တစ်ကောင်ကိုတွေ့လိုက်ရပါတော့သည်။


    မတင်ရီတစ်ယောက်ဒီသင်းခွေချပ်မှာ သီဟမွေးထားသောသင်းခွေချပ်လေးမှန်းမှတ်မိနေသလိုခေါ်သံမှာသီဟအသံနဲ့တထပ်တည်းတူ

နေသည်ဟုတွေးနေမိပါ၏။


   သင်းခွေချပ်လေးကို

   ပွေ့ပိုက်ရင်းမတင်ရီမျက်ရည်များကျဆင်းလျက်ရှိနေပါတော့သည်။


သင်းခွေချပ်လေးကိုမသတ်ရန်ရွာသားများကိုတောင်းပန်ပြီးမတင်ရီနဲ့ရွာသားများပြန်လာကြချိန်တွင်


...မတင်ရီ..မတင်ရီ...မတင်ရီ....


ဟုလူတစ်ယောက်လိုခေါ်နေသော သင်းခွေချပ်အသံကြားနေကြရပါတော့သည်။


”...ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ...”


”  ဒါနဲ့ သီဟကလူလား သူကဘာလဲ...”


”မတင်ရီကရော အဆိပ်ရှိတဲ့အသီးမျိုးစားမိပြီး

မူးမေ့ပြီးစိတ်ကူးယဉ်ပြီး သီဟကိုမြင်နေရတာမျိုးလား...”


  ”...မတင်ရီကိုမြင်မြင်ချင်းချစ်မိလို့ သင်းခွေချပ်ကိုအသံတုလုပ်ခိုင်းပြီး လမ်းလွဲခေါ်တာဖြစ်ရမယ်....”


”..သီဟကလူတော့ မဖြစ်နိူင်ဘူး၊သရဲလည်းမဖြစ်နိူင်ပြန်ဘူး... ဟူး...”


  ကျွန်ပ်ဇာတ်လမ်းပြီးဆုံးသောအခါသစ်စခန်းမှလူများမှာတစ်ယောက်တစ်ပေါက်သူတို့အားသန်ရာရွေးပြောပြီးခန့်မှန်းချက်ထုတ်နေကြတော့သည်။


  ကျွန်ပ်လည်းပြန်ရန်အားလုံးကို

နူတ်ဆက်လိုက်ပါတယ်။ 


နေမြင့်နေပြီမို့

့့့သင်းခွေချပ်အကြေးခွံထုတ်ကိုယူ၍အိမ်ပြန်

လာခဲ့ပါတော့သည်။


  ကျွန်ပ်ကိုယ်တိုင်လည်းမတင်ရီဇာတ်လမ်း

နားထောင်မိချိန်မှစ၍ဇာတ်လမ်းမှာ

မတင်ရီစိတ်ကူးထားသောစိတ်ကူးယဉ်လား။


အမှန်တကယ်သီဟဆိုသူနဲ့

ကြုံခဲ့ရခြင်းလားဆိုတာမဝေခွဲတတ်သည်မှာယနေ့အထိပင်ဖြစ်ပါတော့သတည်း။


====================


ပြီးပါပြီ


မြူခိုးအလင်္ကာ


rate now: