book

Index 2

ဝတ္ထုတို ၂

လူသားဗူဒူးမှော်သွင်းအရုပ်

==============


        ကိုအေးကျော်မှာ ရိုးသားဖြောင့်မတ်သောသူတစ်ယောက်ဖြစ်၏ ။

  လူတစ်ဖက်သားအပေါ်စေတနာထားတတ်သူဖြစ်သလို

ဒုက္ခရောက်သူတွေ့ပါကလည်း လက်မတွန့်ပဲကူညီတတ်သူလည်းဖြစ်၏ ။


အမြဲတစေပြုံးပြီးစိတ်သဘောထားကောင်းသောကိုအေးကျော်မှာ လူတိုင်းကိုကူညီတတ်သူဖြစ်ပြီး စိတ်ဆိုး

ဒေါသထွက်ခဲလှသူဖြစ်သည်။


  သူစိတ်ဆိုးဒေါသကိုသူ့သူငယ်ချင်းအရင်းကြီးများက

ပင်မြင်တွေ့ဖူးခြင်းမရှိသလောက်ပင်။


   ထိုကဲ့သို့စိတ်သဘောထားကောင်းသောကိုအေးကျော်မှာအားနည်းချက်ဟုဆိုရမည်ဖြစ်သောစိတ်တခုရှိသည်။


သူစိတ်နာသွားသူမျိုးဆိုလျှင်ဘယ်လောက်ရင်းနှီးခင်မင်နေသူဖြစ်ပါစေ။ 


သူ့မျက်စိရှေ့တွင်သေဘေးကြုံနေချိန်မှာပင်ရှောင်သွား

တတ်သူမျိုးဖြစ်၏ ။


ငယ်စဉ်ကျောင်းကပြန်လာချိန်သူ့ကို ခွေးတစ်ကောင်

ကိုက်လိုက်ရာ လူကြီးများအရောက်မြန်၍သာမသေ

ခြင်းဖြစ်သည်။


 ခွေးပိုင်ရှင်များက ကိုအေးကျော်မိဘများကိုတောင်းပန်

ပြီးဆေးဖိုးကျသင့်သမျှအကုန်ကျခံကုပေး၏။

ကိုအေးကျော်ခန္ဓာကိုယ်မှတခြားသောနေရာမှခွေးကိုက်

ဒဏ်ရာများမှာအချိန်တန်သော်ပျောက်သွားသော်လည်း

ညာဖက်ပါးပြင်ပေါ်မှအမာရွတ်ကြီးတစ်ခုကအရုပ်ဆိုး

အကျည်းတန်စွာထင်ကျန်နေရစ်ခဲ့တော့သည် ။


လူချောလေးကိုအေးကျော်မျက်နှာက အမာရွတ်ကြောင့်အကျည်းတန်သွားရတော့၏ ။


မြင်သမျှလူတိုင်းကသနားဂရုဏာသက်စွာဖြင့်ကိုအေး

ကျော်အမာရွတ်ကိုကြည့်ကာ စိတ်မကောင်းစကားဆို

ကြသော်လည်းကိုအေးကျော်ကတော့ ဘာမှမခံစားရဟန်မျက်နှာအမူအယာဖြင့်ရှိနေပါသည်။


ကိုအေးကျော်ဆေးရုံမှဆင်းပြီးများမကြာမှီ ကိုအေးကျော်ကိုကိုက်သောခွေးကြီးအဆိပ်မိပြီးသေသွားပါတော့သည်။


 ကိုက်တတ်သောခွေးဖြစ်သောကြောင့် ခွေးကိုမုန်းသူတစ်ယောက်ယောက်အဆိပ်ချသတ်ခြင်းဟုဆိုကြပြီး အိမ်နီးနားခြင်းခွေးကိုက်ခံရဖူးသူနဲ့ခွေးပိုင်

ရှင်စကားများကြသေး၏ ။


ကိုအေးကျော်ကတော့ သူ့ကိုကိုက်သောခွေးသေကြောင်းသိရချိန် ခိုးဝယ်ထား

သောအဆိပ်ပုလင်းကို အစဖျောက်လိုက်တော့သည်။


တကယ်ကသူ့ကိုကိုက်သောခွေးကိုအစာတွင်အဆိပ်ခတ်လုပ်ကြံသူမှာကိုအေးကျော်ဟုမည်သူမျမထင်မှတ်

ကြပေ။

ခလေးတစ်ယောက်ကထိုသို့အဆိပ်ခတ်သောအလုပ်ကိုပြုလုပ်လိမ့်မည်ဟုမည်သူမျမတွေးမိကြချေ။


ကိုအေးကျော်ကတော့

သူ့ကိုကိုက်သောခွေးကိုသူကိုယ်တိုင်သတ်

ခြင်းပင်ဖြစ်ပါ၏ ။


  ကိုအေးကျော်ကတော်တန်ရုံစိတ်မနာတတ်သူမို့

သူမုန်းသူလည်းမရှိသလိုစိတ်နာသူလည်းမရှိသလောက်ပင်။


  ကုန်သည်ပွဲစားလုပ်သောကိုအေးကျော်မှာ လူချစ်လူခင်များသူတစ်ယောက်ဖြစ်၏ ။


    နှိမ့်ချသောစကားကိုပြောပြီးလူတစ်ဖက်သားကို

ကူညီတတ်ကြရာကိုအေးကျော်နဲ့ပတ်သက်မိသူတိုင်း

လေးစားခင်မင်ကြသည်။


    တစ်ခါက ကိုအေးကျော်နဲ့ရင်းနှီးခင်မင်သောကုန်

သည်တစ်ယောက်မှာကုန်ရူံး၍ကိုအေးကျော်ထံငွေလာချေးရာငွေအတော်များများကိုအတိုးမပါပဲချေးပေးလိုက်သည်။


     ထိုကုန်သည်မှာနောက်အခေါက်များတွင်အမြတ်ကျန်၍

ပြန်လည်အဆင်ပြေလာသော်လည်း ကိုအေးကျော်ပိုက်ဆံကိုလာမဆပ်ပဲ ရှောင်နေသည်။


ကိုအေးကျော်နဲ့မလွဲသာမရှောင်သာဆုံလျှင်သူအဆင်မပြေသေး၍ပိုက်ဆံပြန်မဆပ်နိူင်သေးကြောင်းခိုငြီးသလိုငြီးပြတတ်၏ ။


     ကိုအေးကျော်က အပြုံးမပျက်အဆင်ပြေမှပြန်ပေးရန်ပြောကာအားပေးစကားပင်ပြောလိုက်သေးသည်။


   ကိုအေးကျော်တို့အဖြစ်ကိုသိသောတခြားသူများမှာ

တက်တခေါက်ခေါက်ဖြင့်ကလိမ်ကကျသောကုန်သည်ကိုကြည့်ပြီးဒေါသဖြစ်နေကြသလို။


   ရိုးသားအေးဆေးသောကိုအေးကျော်ကိုကြည့်၍

အားမလိုအားမရဖြစ်နေကြ၏ ။


   များမကြာမှီညအချိန်ပျော်ပွဲစားရုံတစ်ခု

မှထွက်လာသောထိုကုန်သည်မှာ အမှောင်အတွင်းရပ်ထားသော သူ့ကားရှိရာသွားချိန်တွင်မျက်နှာဖုံးစွတ်လူနှစ်ယောက်

ရောက်လာပြီး ဓားထောက်၍အော်ဟစ်ပါက အသတ်

ခံရမည်ဖြစ်ကြောင်း ကားတခါးဖွင့်၍ကားကိုမြို့ပြင်

လူရှင်းသောနေရာသို့မောင်း၍ရပ်ခိုင်းသည်။


     ကြောက်လန့်စွာကားပေါ်မှဆင်းလာ

သောကုန်သည်ကိုလူနှစ်ယောက်ဝိုင်းထိုးကြပါတော့သည်။


     ကုန်သည်မေ့မြောသည်အထိရိုက်နှက်ပြီးအဝတ်အစားများကိုချွတ်၍ကားထဲထည့်ကာ ကားသော့ကိုခပ်လှမ်း

လှမ်းရေကန်ထဲသို့ပစ်ချလိုက်ပြီးထိုလူနှစ်ယောက်ထွက်ခွာသွားကြတော့၏ ။


    ကုန်သည်မှာ သတိရလာချိန်မိုးလင်းနေပြီဖြစ်ပြီး

အဝတ်အစားတကိုယ်လုံးမရှိသည့်အဖြစ်ကိုသိရသောအခါကားပေါ်တက်ရန်ကားသော့လည်းမရှိသောကြောင့်အခက်တွေ့နေရတော့သည်။


    နာရီပေါင်းများစွာဒုက္ခရောက်နေပြီး ဖြတ်သွားဖြတ်

လာလူတချို့ကိုအကူအညီတောင်း၍ အဝတ်အစား

များရှာကာရဲစခန်းသို့သွား၍ညကသူကြုံခဲ့ရသောအဖြစ်.အပျက်ကိုငိုကြီးချက်မဖြင့်သွားတိုင်တော့၏ ။


    ရဲများမှာအခင်းဖြစ်ပွားသောနေရာကိုသွားရောက်

စစ်ဆေး၍ကုန်သည်ပြောသောငွေ ၊ပစ္စည်းများကိုစစ်

ဆေးကြည့်ရာ တခုမှမပျောက်ရှပဲရှိနေခြင်းအတွက်စဉ်း

စားရကြပ်ကုန်ကြသည်။


    ပစ္စည်းမယူပဲ၊လူကိုရန်ငြိုးတစ်ခုကြောင့်ထိုးကြိတ်

ထားခြင်းဟုဆိုကာ ထိုကုန်သည်နဲ့ပြသာနာဖြစ်ထားသူ

မှန်သမျှကိုခေါ်ယူစစ်ဆေးပါတော့၏ ။


   နောက်ဆုံးဆက်စပ်စုံစမ်းမူအရကိုအေးကျော်ထံမှ

ပိုက်ဆံအတော်များများချေးဖူးသောကြောင့် ကိုအေးကျော်ကိုပါသံသယစာရင်းသွင်းကာစခန်းသို့

ခေါ်ယူမေးမြန်းခြင်းခံရတော့သည်။


   ကိုအေးကျော်က ထိုအချိန်မိမိမှာအိမ်တွင်ရှိနေကြောင်း ဇနီးမယားအိမ်နီးနားခြင်းနဲ့တကွ လုပ်ဖော်ကိုင်ဖက်များကပါသက်သေခံကြသလို၊ လုပ်ဖော်ကိုင်ဖက်ကုန်သည်ပွဲစားများက ဝိုင်းဝန်းသက်သေခံကြသည်။


    ကိုအေးကျော်မှာကုန်သည်ကိုငွေချေးထားခြင်းကို

ဇနီးဖြစ်သူမသိအောင်ချေးထားခြင်းဖြစ်၏ ။


  ယခုဇနီးဖြစ်သူကသိသွားသောအခါ ငွေပြန်မဆပ်၍

အမူပြန်ဖွင့်ပါတော့သည်။


ရဲများသိနေသည့်အပြင်ကုန်သည်ပါးစပ်ကလည်းကိုအေးကျော်ထံမှငွေချေးယူထားခြင်းကိုဝန်ခံထားခြင်းကြောင့်ချေးငွေများပြန်ရပါတော့သည်။


   ကိုအေးကျော်ဖက်မှသက်သေလိုက်ပါလာသူများမှာ

ပိုက်ဆံပြန်မဆပ်ပဲ အမူအခင်းထဲကိုပင်ဆွဲထည့်သော

ပွဲစားကိုစိတ်တိုဒေါသဖြစ်ကာ၊တရားခံရှာမရသည့်အပြင် ကိုအေးကျော်ငွေပြန်ရသည့်

အတွက်အားရဝမ်းသာရှိနေကြပါတော့သည်။


   ကိုအေးကျော်မှာဝမ်းသာဟန်လည်းမပြ၊ဝမ်းနည်းဟန်လည်းမပြ ထိုကုန်သည်ထံသွား၍ထိုးကြိတ်ခံထားရသောဒဏ်ရာ

အခြေအနေကိုပင်မေးမြန်း၍စိတ်မကောင်းဖြစ်ရကြောင်းအားပေးစကားဆိုနေခြင်းကြောင့် ကိုအေးကျော်

စိတ်သဘောထားကြီးမြတ်မူကို မြင်ရသူတိုင်းချီးကျုး

ကြတော့သည်။


   ရန်သူကိုပင်မေတ္တာထားနိူင်သောကိုအေးကျော်အဖြစ်ကပြောစမှတ်တွင်သွားပါတော့၏ ။


     အဝေးပြေးကားဂိတ်၏လူရှင်းသောလဖက်ရည်ဆိုင်၏

ထောင့်ကျကျစားပွဲ သံပုရာသီးခွံဦးထုပ်ကိုခပ်ငိုက်ငိုက်

ဆောင်း၍ရုပ်ဖျက်ထားသောကိုအေးကျော်နဲ့အတူ လူနှစ်ယောက်ရှိနေပါသည်။


ထိုလူနှစ်ယောက်မှာကိုအေးကျော်ကုန်ဝယ်နေကျရွာတစ်ရွာမှ လူမိုက်ညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး

ကိုအေးကျော်ကျေးဇူးနဲ့မကင်းသူများဖြစ်ကာကိုအေး

ကျော့်အတွက်ဆိုပါကအသက်ကိုပင်စွန့်ရန်အထိ

ဆုံးဖြတ်ထားကြသူများပင်။


  ကိုအေးကျော်ကိုလေးစားသူများမို့ ပိုကိဆံချေးပြီးအဆင်ပြေရက်နဲ့ပြန်မဆပ်သောလူတစ်ယောက်ကိုပြ၍ထိုသူသွားလာတတ်သောနေရာများကို

ကိုအေးကျော်မှနောက်ယောင်ခံလိုက်ပြီး

လူကိုမှတ်လောက်သားလောက်ဆုံးမ၍ ဘာပစ္စည်း

မှမယူလာရန်သေချာမှာပြီးခိုင်းခဲ့ခြင်းပင်ဖြစ်သည်။


  အခြေအနေငြိမ်မှရွာသို့ပြန်ရန်မှာထားပြီးမြို့ပြင်မှ

သူ့အိမ်တစ်လုံးတွင်ထားရာမှ ယနေ့ရွာပြန်ခိုင်းခြင်းပင်။


လူမိုက်ညီအစ်ကိုနှစ်ယောက်အတွက်ငွေကြေးများနဲ့အတူ

   အိမ်အတွက် လက်ဆောင်လာပေးခြင်းဖြစ်သည်။


  ကိုအေးကျော်စိတ်ကိုအကယ်၍အတွင်းကျကျနိူက်နိူက်

ချွတ်ချွတ်သာသိပါက နှစ်မျိုးနှစ်စားကောက်ချက်ချမိကြမည်ဖြစ်သည်။


  ပထမတမျိုးမှာ အလွန်တရာစိတ်သဘောထားကောင်းလွန်း၍ပွင့်လင်းရိုးသားသူနှစ်လိုခင်မင်ဖွယ်ရာကောင်းသူ။


 နောက်တမျိုးမှာအလွန်တရာလျို့ဝှက်၍ ရက်စက်စရာရှိပါက အစွန်းကုန်ရက်စက်မည့်ကြောက်စရာကောင်းသူ

ဟူ၍ပင်ဖြစ်ပါ၏ ။


   တစ်နေ့သောအခါ ကိုအေးကျော်တစ်ယောက်ကျောင်းနေဖက် မောင်မောင်ဟုခေါ်သောသင်္ဘောသားသူငယ်ချင်းတစ်ယောက်နဲ့မြို့ထဲတွင်အမှတ်မထင်ဆုံမိကြရာမှ အိမ်လည်ခေါ်ရန်အတင်းခေါ်

သောကြောင့် အရေးကြီးအလုပ်ကိစ္စမရှိသောကြောင့်

လိုက်ပါလာခဲ့တော့၏ ။


  မောင်မောင်ဇနီးကကော်ဖီနဲ့မုန့်ချပေးပြီးသူငယ်ချင်းနဲ့

နှစ်ယောက်လွတ်လွတ်လပ်လပ်စကားပြောဆိုနိူင်ရန်

ရှောင်ပေးသွားသည်။


  ရှေးဟောင်းနှောင်းဖြစ်များ၊မိသားစုအကြောင်းများပြောဆိုနေကြရင်းမှ... ။


ကိုအေးကျော်မှ...


” မောင်မောင် မင်းကောသားသမီးဘယ်နှစ်ယောက်ရ

နေပြီလဲ။

သင်္ဘောကထပ်တက်အုံးမှာလား...... ”


”..သားသမီးက သုံးယောက်ရနေပြီ...

သူတို့ရှေ့ရေးအတွက် သင်္ဘောသားအလုပ်ငြီးငွေ့နေ

ပေမယ့် ထပ်လုပ်ရအုံးမှာပေါ့...”


”..မင်းကတော့နော်.. ခလေးကသုံးယောက်တောင်

ဒါတောင်သင်္ဘောတက်နေရလို့ နိူ့မို့ဆို...ခလေးဘယ်နှစ်ယောက်တောင်များရနေမလဲ

မပြောတတ်ဘူး...”


”...ဒါနဲ့..မင်းတို့ရောခလေးဘယ်နှစ်ယောက်ရနေပြီလဲ..”


မောင်မောင်နဲ့စကားပြောဆိုစနောက်ရင်းခေးရှိလားမေး

လာရာ ပြုံးရွင်နေသောကိုအေးကျော်မျက်နှာတချက်ကွက်ခနဲပျက်သွားသော်လည်းအချိန်မှီပြန်ထိန်းလိုက်၏ ။


” မရသေးပါဘူးကွာ...ခုထိခလေးမရှိသေးဘူး...”


”..ဘယ်လိုဖြစ်တာလဲကွာအိမ်ထောင်သက်ကလည်း

မနည်းတော့ဘူး..သူ့အားနည်းချက်လား ၊ဒါမှမဟုတ်

မင်းအားနည်းချက်လား...”


”..ငါလည်းအဲတာကိုသိချင်တာကွ ၊ငါတို့အမျိုးမှာတော့ အမြုံမရှိဘူးဆိုတာမလည်းသိပါတယ်။ ငါ့မိန်းမဖက်ကတော့မပြောတတ်ဘူး....”


”..ဘယ်သူ့အားနည်းချက်လဲသိရအောင်ဆေးစစ်ချက်

လုပ်သင့်တယ် အေးကျော်...”


”...အဲတာခက်နေတာပေါ့ကွ ၊ သူကဆေးစစ်ဖို့လက်မခံဘူးသူရောငါရောဆေးစစ်မယ်ဆိုတာ သူကအမြုံမဟုတ်ဘူးတဲ့ သူမစစ်ပဲ

ငါ့ကိုစစ်ခိုင်းတာမသိရင်ငါအားနည်းချက်ကြောင့်

လိုလို..ငါကစစ်စရာလား..

အဲအကြောင်းမပြောချင်တော့ပါဘူးကွာ....”


”..ဆောရီးကွာ ငါဘာသဘောနဲ့ပြောတာမှမဟုတ်ဘူး

သူငယ်ချင်းရာ...”


”ရပါတယ်ကွာ.....”


ကိုအေးကျော်မှာနှစ်ဖက်မိဘများသဘောတူပေးစား၍လက်ထပ်ထားသော ဇနီးရှိ၏ ။


ဇနီးအမည်မှာကြည်ပြာဟုအမည်ရပြီး ချောမောလှပခေတ်ဆန်သူတစ်ယောက်ဖြစ်၏ ။


ခွေးကိုက်ဒဏ်ရာအမာရွတ်ကြောင့်ရုပ်ပျက်နေသော

ကိုအေးကျော်နဲ့ဆိုဇနီးဖြစ်သူတွဲသွားလျှင်မင်းကုသနဲ့ပပဝတီအတွဲဟုမကြာခနစနောက်ခံရသောကြောင့်

နောက်အခါကိုအေးကျော်မှာ ဇနီးဖြစ်သူနဲ့တွဲသွားတွဲလာရှောင်၏ ။


လင်စုံမယားဖက်မဖြစ်မနေတက်ရမည့်ပွဲတစ်ချို့မှလွဲ၍တစ်ခြားပွဲများကိုအေးကျော်တက်လေ့မရှိပေ။


  ဇနီးဖြစ်သူမှာခေတ်ဆန်သူပီပီရှော့ပင်းထွက်ခြင်း၊

နိူက်ကလပ်တက်ခြင်းများကို သူနဲ့ဝါသနာတူသူငယ်

ချင်းများနဲ့မကြာခနတက်လေ့ရှိသူဖြစ်သည်။


    ကိုအေးကျော်မှာ ကိုယ်တိုင်အေးဆေးနေပြီးတဖက်သားစိတ်ခံစားမူကို

မစွက်ဖက်တတ်သူပီပီ ဇနီးအပေါ် ဟိုဟာမလုပ်ရ။

ဒီဟာမလုပ်ရတားမြစ်လေ့မရှိပဲ။ 


  အိမ်ထောင်ရေးစည်းမဖောက်သောအလုပ်မှန်သမျှ

ဝင်စွက်ဖက်လေ့မရှိပေ။


ပြသာနာက အိမ်ထောင်သက်ရှစ်နှစ်အတွင်းခလေးမရ

ခြင်းကြောင့်သူကြောင့်၊ငါ့ကြောင့်ဟူသောစွတ်စွဲချက်ဖြင့်

မကြာခနပြသာနာတက်ကြခြင်းပင်။


   ”..ဟေ့ကောင်..ဟေ့ကောင်.. အေးကျော်

ငုတ်တုတ်ကြီးအိပ်ပျော်နေတာလား...အနီးကပ်

ခေါ်နေတာမကြားဘူး...”


  ”..ကြားပါတယ်ကွာ.. အလုပ်ထဲစိတ်ရောက်သွားလို့ပါ... ”


”..မင်းကလည်း သူငယ်ချင်းတွေ့တာ အလုပ်ကိုခနမေ့ထား  မင်းကိုငါပြစရာတစ်ခုရှိတယ်..မင်းလုံးဝအံ့သြသွားစေရမယ်လို့အာမခံတယ်.”


   သူတို့လင်မယားအကြောင်းတွေးနေမိသော ကိုအေးကျော်တစ်ယောက် မောင်မောင် လက်မောင်းကိုလူပ်ပြီး ခေါ်သောအခါမှ စိတ်နဲ့လူကပ်တော့၏ ။


  မောင်မောင်က ကိုအေးကျော်ကိုပြစရာရှိသည်ဟုဆိုကာအတွင်းခန်းသို့

ဝင်သွားပြီး ပြန်ထွက်လာသောအခါ တစ်တောင်ပတ်လည်ကတ်ထူဗူးလေးတစ်ဗူးကို၍

ပြန်ထွက်လာပြီး နှစ်ယောက်သားအလယ်စားပွဲပေါ်တင်လျှက်ဗူးကိုဖွင့်နေပါတော့သည် ။


  ”...ဟာ...မိုက်လှချည်လား မင်းအရုပ်က မသိရင်

တကယ့်လူသားအတိုင်းပါပဲလား....”


”...တကယ့်လူပဲလေကွာ မင်းမယုံရင်ကိုင်ကြည့်ပါလား....”


”....ဟင်...ဒါ....ဒါ........”


      ဗူးအတွင်းမှမောင်မောင်ထုတ်လာသောအရာမှာ

တစ်ခြားမဟုတ် တစ်တောင်မပြည့်တပြည့်ခန့်ရှိမည်

ဖြစ်သောအရုပ်တစ်ရုပ်ဖြစ်၏ ။


    ဆံပင်လိမ်ကောက်ကောက်၊မဲနက်သောအသား

အရေ၊ ပြူးကြောင်ကြောင်မျက်ဝန်းများဖြင့်စိုက်ကြည့်

နေပုံများက တကယ့်လူသားအသေးစားလေးအတိုင်း

တထေရာတည်းချွတ်စွတ်တူနေ၏ ။


    လက်တွင်သစ်သားထိပ်တွင်သံချွန်တပ်ထားသော

လှံငယ်တစ်ချောင်းကိုင်ကာ ခါးအောက်ပိုင်းတွင်အရှက်

လုံရုံနံငယ်ပိုင်းဝတ်ထားပြီး မျက်နှာနဲ့ကိုယ်လုံးတွင်သစ်

စေးအဖြူအနီများကိုသုတ်လိမ်းထားသောထိုလက်ရာ

မြောက်အရုပ်လေးကိုကြည့်၍ 


ကိုအေးကျော်မှအံ့သြနေရာ မောင်မောင်မှအရုပ်ကိုကိုင်

တွယ်ကြည့်ခိုင်းသောကြောင့်ကိုင်တွယ်ကြည့်ရာ 

ကိုအေးကျော်တစ်ယောက်အံ့သြတုန်လူပ်ကာလက်မှ

အရုပ်ပင်လွတ်ကျမတတ်ဖြစ်သွားရတော့သည်။


 အကြောင်းမှထိုမျလက်ရာမြောက်အရုပ်ကို သစ်သား

တစ်မျိုးနဲ့ထွင်း၍ဆေးရောင်ချယ်ထားခြင်းဟုထင်မှတ်မိသေး၏ ။


 သို့ရာတွင်ထိုသို့မဟုတ်ပဲ လူတစ်ယောက်၏အသားအရေအတိုင်းဖြစ်နေကြောင်း

အံ့သြဖွယ်ရာတွေ့လိုက်ရပါတော့၏။


 ”..ဒါ..တကယ့်လူသားလား မောင်မောင်...”


”သေချာတာပေါ့ကွ လူသားစစ်စစ်ပဲ အေးကျော်...”


”..ဒါပေမယ့်.. ဖြစ်မှမဖြစ်နိူင်တာကွာ လူကဒီလောက်

သေးတာရှိပါ့မလား...”


” ဒီလူအသေးလေးကိုငါနဲ့အလုပ်တူလုပ်တဲ့ အာဖရိကသင်္ဘောသားတစ်ယောက်ဆီက လက်ဆောင်ရတာပဲကွ သူပြောပြပုံအရတော့

အဖရိကတောထဲမှာခုချိန်ထိရှိနေသေးတဲ့လူရိုင်း

တချို့ဟာ လူသေရင်မြုတ်နှံလေ့မရှိပဲ အိုးအကြီး

တစ်လုံးထဲမှာ လူသေကိုထည့်ပြီးရင် အရွက်တစ်မျိုး

ကိုထည့်ပြီးနေ့ညမီးအဆက်မပြတ်ထိုးပြီးပြုတ်တာ

ဒီအရွယ်အစားအတိုင်းရောက်လာပါရောတဲ့....”


” အတော်ထူးဆန်းတဲ့ ကိစ္စမျိုးပဲ လက်တွေ့မြင်လို့သာ

ယုံရတယ် ဒီလူအသေးလေးကိုသာမမြင်ရရင်ယုံမှာ

မဟုတ်ဘူး....”


   ”..အဲဒီသင်္ဘောသားပြောတာကတော့ ဒီအရုပ်တွေဟာ အဖရိကရိုးရာ ဗူဒူးပညာရပ်တွေနဲ့

ထည့်သွင်းထားတယ်ပြောကြတယ်...သူတို့ကိုမလေး

မစားသွားလုပ်လို့မရဘူး..သူတို့ကိုစားကောင်းသောက်

ဖွယ်တွေနဲ့ကျွေးမွေးပြီး မိတ်ဆွေဖွဲ့ထားရင်မင်းကိစ္စ

အခက်အခဲတွေကို မင်းကိုယ်စားဖြေရှင်းပေးတယ်တဲ့......”


  ” ဟုတ်ပါ့မလားကွာ...အဲဒီလောက်ကြီးတော့

..”


 ”..ငါလည်းသိတော့မသိပါဘူးကွာ သူ့အဖိုးက အဲဒီသင်္ဘောသားကို ဒီလူသေးလေးရလာပုံပြောတဲ့

အကြောင်းအရာကတော့အတော်ထူးဆန်းတယ်ကွ...”


”  ဆိုစမ်းပါအုံး ဘယ်လိုအကြောင်းနဲ့ ဒီလိုလူသား

အရုပ်ကလေးရလာလဲဆိုတာ...”


” အဲဒီသင်္ဘောသားရဲ့အဖိုးနဲ့ သူ့သူငယ်ချင်းဟာ

အမဲလိုက်ထွက်ရင်းတောထဲမျက်စိလည်လမ်းမှားနေကြတယ်တဲ့..။


အဲဒီအချိန်မှာပဲ လူရိုင်းတွေရောက်လာလို့ထွက်ပြေး

ကြရင်း လူစုကွဲသွားကြတယ် ။


 သင်္ဘောသားအဖိုးဟာ ပုန်းလို့လွတ်သွားပေမယ့်

သူ့သူငယ်ချင်းကိုတော့ ဖမ်းမိသွားကြတယ် ။


   သူငယ်ချင်းကိုဒီအတိုင်းလူရိုင်းတွေလက်ပစ်မထား

ခဲ့ဘူး အခွင့်ကောင်းကြုံရင်ကယ်မယ် စိတ်ကူးနဲ့ သင်္ဘောသားအဖိုးဟာ လူရိုင်းတွေနောက်ကနေ

နောက်ယောက်ခံပြီးလိုက်သွားတယ်.. ။


 ဒီလိုနဲ့ လူရိုင်းတွေရဲ့ ရွာကိုရောက်သွားပြီး သူငယ်

ချင်းကိုကယ်မယ်စိတ်ကူးနဲ့ချောင်းမြောင်းပြီးအခြေ

အနေကြည့်နေတာပေါ့ ။


    အဲဒီမှာပဲထူးဆန်းတာတစ်ခုတွေ့လိုက်ရတော့တယ်


လူရိုင်းတွေဟာ သူ့သူငယ်ချင်းကိုဆေးရည်တစ်မျိုးတိုက်လိုက်တာ မူး

သွားတာလား... ။သေသွားတာလားမသိဘူးပျော့ခွေလဲကျသွားတော့တယ် ။


  ဧရာမလူတစ်ကိုယ်စာဆန့်မြေအိုးကြီးတစ်လုံးမှာ 


 အရွက်တစ်မျိုးထည့်ပြီးအောက်ကမီးပြင်းတိုက်ထားတယ်။

ရေဆူလာတော့ သူငယ်ချင်းဖြစ်သူကို အိုးထဲထည့်ပြီးပြုတ်နေတာကိုစိတ်မကောင်းစရာတွေ့လိုက်ရတော့တယ်။


ဘေးကနတ်ဆရာလိုလူတွေကလည်းအိုးကိုဝိုင်းပတ်ပြီး


အချိန်အတော်ကြာမန်းမူတ်နေကြတယ်တဲ့...။


  သူလည်းညနက်ပိုင်းအထိစောင့်ပြီးလူရိုင်းကင်းသမား

တွေငိုက်မြည်းနေချိန် သူငယ်ချင်းဖြစ်သူကို ဘာလုပ်

လိုက်တာလဲ အိုးအနားကပ်ကြည့်လိုက်တော့ သူငယ်ချင်းဖြစ်တဲ့သူကို အခုအရွယ်အစားအတိုင်း

တွေ့ရတော့တာပါပဲတဲ့....။


    သူငယ်ချင်းဖြစ်သူအရုပ်ကိုယူပြီး သဘေ်ာသား

အဖိုးဖြစ်သူဟာ လူရိုင်းတွေလက်ကလွတ်အောင်

ပြေးလာခဲ့တယ် ။


    သင်္ဘောသားပြောပုံအရ ဒီအရုပ်ဟာ ဗူဒူးမှော်သွင်း

ထားတာတဲ့ အရုပ်ပိုင်ရှင်နဲ့ အရုပ်နဲ့ စိတ်ဘခြင်းဆက်မိရင်ပိုင်ရှင်လုပ်ခိုင်းချင်တာကိုအရုပ်ကလုပ်ပေးတယ်ပြောတယ် ။


    သူ့အဖိုးဆီကလက်ဆောင်ရတဲ့အရုပ်ကိုပြန်ခါနီး

ငါ့ကိုလက်ဆောင်ပေးလိုက်တာပဲ.. ။...


အခုငါကမင်းကိုလက်ဆောင်ပေးမလို့ပဲအေးကျော်...”


”..မင်းလက်ဆောင်ကိုဝမ်းမြောက်ဝမ်းသာလက်ခံပါ

တယ်ကွာ ဒါပေမယ့် သူတို့လူမျိုးချင်းတော့စကားနား

လည်မှာပေါ့ ။ ခုငါတို့ကလူမျိုးခြားဆိုတော့ အရုပ်တကယ်စွမ်းရင်တောင် စကားနားမလည်တော့

အခက်သား..ဟား........ဟား.....ဟား......”


 ကိုအေးကျော်မှာမောင်မောင်လက်ဆောင်ပေးသောအ

ရုပ်လေးကိုထူးခြားသော အရုပ်တစ်ခုအဖြစ်သဘောကျ၍ယူလာသည်မှာကား

မှန်သည်။ 


 သို့ရာတွင် ဗူဒူးမှော်သွင်းထားသောအရုပ်တစ်ရုပ်အဖြစ်ယုံကြည်

မူကားမရှိချေ။


မောင်မောင်နဲ့စကားအချိန်အတန်ကြာပြောကြပြီးညနေစောင်းအချိန်တွင်နူတ်ဆက်ပြီးအိမ်ပြန်လာခဲ့တော့သည်။


သူအိမ်ပြန်ရောက်ချိန်တွင် အလှအပများချယ်သပြင်ဆင်ပြီးအပြင်ထွက်ရန်လုပ်နေသောကြည်ပြာကိုတွေ့လိုက်ရသည်။


  ကိုအေးကျေးနဲ့ကြည်ပြာမှာတစ်အိမ်တည်းအတူနေသောဇနီးမောင်နှံဖြစ်သော်လည်း ခလေးမရခြင်းကိစ္စအကြောင်းပြု၍ တစ်ယောက်တခွန်း

စကားအခြေအတင်များရာမှ  တအိမ်တည်းနေပြီးစကားမပြောအတူမအိပ်ကြသည်

မှာသုံးလခန့်ရှိပြီဖြစ်၏ ။


   ကိုအေးကျော်မှာအခန်းထဲဝင်လာပြီးအရုပ်ကိုစာကြည့်

စားပွဲပေါ်တင်ကာ ရေမိုးချိုးလိုက်ရင်း အိပ်ယာပေါ်

ခနတဖြုတ်လှဲနေရာမှ အိပ်ပျော်သွားတော့သည်။


   ကိုအေးကျော် အိပ်ပျော်နေစဉ် အိပ်မက်လိုလို

တကယ်လိုလိုဖြင့်ရောထွေးနေသောမြင်ကွင်းတစ်ခုမြင်

တွေ့နေရ၏ ။


   ကိုအေးကျော်စာကြည့်စားပွဲပေါ်တင်ထားသော

အရုပ်ကလေးမှာ တဖြည်းဖြည်းဖြင့်ကြီးလာပြီး လူအရွယ်အစားအတိုင်းရောက်သွားခြင်းကို အံ့သြဖွယ်ရာအဖြစ်တွေ့မြင်နေရသည်။


   ”....ငါအစားအစားအစာမစားရတာအတော်ကြာပြီ

မင်းငါ့ကို အစာကျွေးနိူင်မလား...”


..ဟင်...


 အဖရိကသားတစ်ယောက်က သူ့စကားဖြင့်ပြောလိုက်ခြင်းကို ကိုအေးကျော်ကအလိုလိုနားလည်နေသောကြောင့်

အံ့သြရပြန်သည်။


 ”..မင်းဘာစားချင်လဲ ငါကျွေးပါ့မယ်.....

မင်းစားချင်တာပြောပါ...”


”...နွားနိူ့နဲ့ အသားတချို့ငါကိုကျွေးပါ ငါမင်းကို

ကျေးဇူးပြန်ဆပ်ပါ့မယ်...။..”


 ကိုအေးကျော်က မြန်မာလိုပြန်ပြောပြီး အဖရိကသားကသူတို့စကားနဲ့ပြန်ပြောခြင်းပင်။


 သို့ရာတွင်နှစ်ယောက်စလုံး တစ်ယောက်ပြောစကား

ကိုတစ်ယောက်နားလည်နေကြ၏ ။


  ကိုအေးကျော်မှာရုတ်တရက်ဆတ်ခနဲလန့်နိူးလာပြီးသူအရုပ်နဲ့ပတ်သက်ပြီးအိပ်မက်နေခြင်း စိတ်စွဲပြီးအိပ်မက်

နေခြင်းလားဟုတွေးနေမိ၏ ။


သို့ရာတွင်မြင်ကွင်းကကြည်လင်ပြတ်သားရှင်းလင်းပြီး

တကယ်ကဲ့သို့ခံစားနေရသည် ။


   ထို့ကြောင့် အိပ်ယာမှထ၍  အိမ်ဖော်မလေးကို နွားနိူ့တစ်ပုလင်းကိုပူအောင်နွေးစေ၍

 အမဲသား တစ်ပန်းကန်ကြော်စေ၏ ။

 

 နွားနိူ့နဲ့အမဲသားရသောအခါ အရုပ်ရှေ့တွင်ချထားပြီး.....


...နွားနိူ့သောက် အမဲသားစားကွာ ငါ့နာမည်မှတ်ထားကွာ အေးကျော်တဲ့


မင်းနာမည်ကို ငါမသိတော့.. မောင်ဖြူပဲ

ခေါ်မယ်.. ဟားဟား... ဟားဟား...


   ကိုအေးကျော်မှာသက်မဲ့လူရုပ်လေးကိုအမဲသားကျွေး

နွားနိူ့တိုက်နေသောသူ့အဖြစ်ကိုပြုံးမိသည့်အပြင်

 အဖရိကလူမဲတစ်ယောက်ကို မောင်ဖြူဟု နာမည်ပြောင်ပေးပြီးသူ့ဘာသူသဘောကျကာရယ်မော

ရင်းသူလည်းတစ်ခုခုစားသောက်ရန်အပြင်သို့ထွက်လာခဲ့ပါတော့သည်။


     စားသောက်ပြီးအပြင်သို့အလုပ်ကိစ္စတစ်ခုအတွက်

ထွက်လာခဲ့တော့သည်။


   အလုပ်ကိစ္စအတွက်စကားပြောပြီးပြန်လာချိန်တွင်

ညအတော်နက်နေပြီဖြစ်သည် ။


   လူရှင်း၍မှောင်မဲနေသောလမ်းကြားတစ်ခုအရောက်တွင်

ကားမီးရောင်အောက်တွင်လူတစ်ယောက် ကားလမ်း


မပေါ်တွင်မှောက်ရက်ကြီးလဲနေသည်ကိုတွေ့လိုက်ရသည်။


 ကိုအေးကျော်စိတ်အတွင်း အမူးသမားတစ်ယောက်


အမူးလွန်လဲနေခြင်းဟုတွေးကာ ကားရပ်ပြီးကားပေါ်မှ


ဆင်းလိုက်တော့၏ ။


..ဟေ့လူ... အတော်မူးနေလား.. လမ်းဘေးဆင်းအိပ်မှပေါ့ မတော်ကားတက်ကြိတ်သွား

မှဖြင့်....


..သူများအတွက်စိတ်ပူမနေပါနဲ့ ကို့အတွက်ပဲကိုယ်စိတ်ပူစမ်းပါဆရာကြီးရေ....


..ဟင်..မင်းတို့ဘယ်သူတွေလဲ ..


..ခင်ဗျားကို သတ်ပြီး နတ်ပြည်ပို့မယ့်လူတွေပဲ....


..ခွပ်...


..အ...


   ကိုအေးကျော်မှာထောင်ချောက်တစ်ခုအတွင်းသက်

ဆင်းမိခြင်းဖြစ်၏ ။


 ကားပေါ်မှသူဆင်းလာပြီးအမူးသမားကိုစကားးလှမ်းပြောနေချိန်သူ့ဘေးနားသို့လူသုံးယောက်ဝိုင်းလာပြီးး ကားလမ်းပေါ်လဲနေသူကလည်း ထလာပါတော့သည်။


 သူ့ကိုထောင်ချောက်ဆင်ထားမှန်းသိရချိန်တွင်ကိုအေး

ကျော်နောက်စေ့ကို တုတ်တချောင်းအရှိန်ဖြင့်ကျလာပြီး

လူကလည်းခေါင်းထဲကြယ်၊လများမြင်ကာ ရှေ့သို့ယိုင်ကျသွားသည် ။


    ..ဟေ့ကောင်တွေ ကိစ္စအမြန်ရှင်းပြီး ပြန်ကြမယ်..


..ဟင်.ကားပေါ်မှာလူတစ်ယောက်ရှိနေတယ်ကွ..


..ဟာ သတင်းပေးက သူတစ်ယောက်တည်းပဲလာမယ်ဆို...


..နှစ်ယောက်ပါလည်း နှစ်ယောက်လုံးရှင်းပစ်ကွာ

မထူးတော့ဘူး နောက်မှစျေးပိုတောင်းရမယ်....


   ကိုအေးကျော်ကိုရိုက်နှက်၍ ဓားတစ်ချောင်းထုတ်ကာ သတ်ရန်လုပ်နေချိန်ကားပေါ်မှလူတစ်ယောက်ဆင်းလာခြင်းကြောင့် ကိုအေးကျော်နဲ့အဖော်တစ်ယောက်

ပါလာမှန်းသိလိုက်ကြသည်။


    ..ဟာ..ဘာကြီးလဲ...


..ဟေ့ကောင်တွေ..ဒီလူက ဘယ်သူလဲ...


..ဘယ်သူဖြစ်ဖြစ် ချကွာ....


..ဝှီး...ဝှီး....


...စွတ်...


....အား..


...ဟာ ဟေ့ကောင်တွေ ဒါလူမဟုတ်ဘူး

သရဲ...သရဲ...


   ကားပေါ်မှာလှံတချောင်းကိုင်ပြီးဆင်းလာသော

အဖရိကသားတစ်ယောက်ကိုတွေ့လိုက်ရသောကြောင့်

ကိုအေးကျော်ကို အသက်ကိုရန်ရှာနေသူများအံ့သြ

သင့်ကုန်ကြတော့သည်။


  တုတ်ဖြင့်ဝိုင်းရိုက်ရာတွင်တွင်သူတို့ရိုက်ချက်များမှာ

ထိုလူကိုတုတ်ကမထိပဲ တုတ်ကလေထုကိုရိုက်သလို

ဖြစ်သွားခြင်းကြောင့်ကြောင်ငေးနေစဉ်..။


အဖရိကသားက သူ့လက်ထဲမှလှံတံဖြင့် ထိုလူများထဲမှ

တစ်ယောက်ကိုထိုးလိုက်ရာ ပခုံးကိုထိသွားရာ ဒဏ်ရာ

ရသူကိုတခြားသူများကဖေးကူပြီးအားလုံးကြောက်လန့်တကြားထွက်ပြေးသွားကြတော့သည်။


   ကိုအေးကျော်မှာအစပထမခေါင်းအတွင်းမူးနောက်ကာ

မြင်ကွင်းကို မပီဝိုးတဝါးမြင်နေရ၏ ။


  နောက်ပိုင်းခေါင်းတဖြည်းဖြည်းကြည်လင်လာသောအခါသူကိုကယ်သူမှာ အဖရိကသားတစ်ယောက်ဖြစ်ကြောင်းမြင်တွေ့လိုက်

ရတော့သည်။


  ကိုအေးကျော်ကိုရန်ပြုရန်ကြံသူများထွက်ပြေးသွား

သောအခါ အဖရိကသားမှာလည်း ကားဘေးပတ်လျှောက်ရင်းပျောက်ကွယ်သွားပါတော့၏။


   ကိုအေးကျော်မှာ နောက်စေ့ကိုစမ်းကြည့်ရာ 

သွေးအနည်းငယ်စို့နေသောကြောင့် ဆေးခန်းတစ်ခုသို့

မောင်းလာခဲ့သည်။


 ရဲစခန်းသို့ အလုပ်ရူတ်မည်စိုး၍သွားမတိုင်ဖြစ်တော့ပေ။ 


  အိမ်ပြန်ရောက်သောအခါ ဇနီးဖြစ်သူပြန်မရောက်သေးကြောင်းသိရသည်။


   အိပ်ယာပေါ်လှဲနေရင်းမှ သူ့အားရန်ပြုရန်ကြိုးစားသူများမှာငွေကြေးလုယက်ရန်

ကြိုးစားခြင်းမျိုးမဟုတ်ပဲ ၊ အသက်ကိုရန်ရှာရန်ကြိုးစားသူများဖြစ်မှန်းသူတို့ပြောစကားများအရသိရသည်။


  သူအားမည်သူကသတ်ချင်နေတာလဲ ကိုအေးကျော်

တွေးမရပေ။


ဘေးဖက်သို့တချက်အကြည့်ရောက်စဉ် အံ့သြစရာအခြေအနေတွေ့လိုက်ရတော့သည်။


   အဖရိကလူရုပ်ကလေးရှေ့တွင်ချထားသော

အမဲသားပန်းကန်တွင်အမဲသားများရှိမနေခြင်းနဲ့အတူ။


နွားနိူ့ဖန်ခွက်တွင်လည်းနွားနိူ့များရှိမနေကြောင်းသိလိုက်ရသည်။


  သူ့အခန်းမှာလုံခြုံပြီး အပြင်မထွက်မှီအခန်းတခါး

လော့ချသွားခြင်းကြောင့် ကြောင်ဝင်စားခြင်းမဟုတ်

မှန်းကိုအေးကျော်တွေးလိုက်သလို သူကိုလာကယ်သော အဖရိကသားကယ်တင်ရှင်နဲ့

ယခုအရုပ်ဆက်စပ်နေခြင်းလားဟုတွေးနေမိတော့သည်။


    ကိုအေးကျော်မှာနောက်တနေ့မှစ၍အရုပ်ကလေးကို

နွားနိူ့နဲ့ အမဲသား ထပ်ထားပေးသည်။


  ထူးဆန်းစွာဖြင့်နွားနိူ့နဲ့အမဲသားများ တစ်ယောက်ယောက်စားထားသလိုကုန်နေသည်။


  ကိုအေးကျော်မှာ အရုပ်ကလေးထူးဆန်းမူကိုအံ့သြရသလို သူ့အသက်ကို ထိုအရုပ်ကယ်သည်ဟုစိတ်တွင်ယုံမှတ်ပြီးကျေးဇူးရှင်အဖြစ်သတ်မှတ်ကာ အမဲသားနဲ့နွားနိူ့ကိုမပြတ်တမ်း

မနက်ညပုံမှန်ထားပေးသည်။


  ကိုအေးကျော်တစ်ယောက်မနက်ဖြန်အလုပ်ကိစ္စဖြင့်မန္တလေးသို့ညအိပ်သွားရန်ရှိသောကြောင့်အိပ်စက်နေသည်။

  ကိုအေးကျော်အိပ်သောအခါ အိပ်မက်အတွင်းသို့

အဖရိကသားတစ်ယောက်ရောက်လာပြီး၊သူ့ကိုကျွေး

မွေးထားခြင်းအတွက်ကျေးဇူးတင်စကားလာပြောနေ

သည်။


    ကိုအေးကျော်က သူ့အသက်ကိုကယ်ခဲ့သူလားဟု

မေးရာခေါင်းငြိမ့်ပြလာသည်။


  ကိုအေးကျော်ကလည်းကျေးဇူးတင်စကားပြန်ပြော

နေရင်းအိပ်ယာမှလန့်နိူးလာတော့သည်။


   ကိုအေးကျော်တစ်ယောက်မန္တလေးတွင်လုပ်စရာရှိသည်အလုပ်များကြောင့် သုံးလေးရက်ခန့်ညအိပ်ခရီးကြာမည်ဖြစ်ကြောင်းအိမ်ဖော်မလေးကိုမှာကြားပြီး သူယတြာတစ်ခုချေနေသော

ကြောင့် သူအခန်းထဲမှအရုပ်ကိုအမဲသားနဲ့နွားနိူ့မနက်

ညတိုင်း အရုပ်လေးရှေ့ထားရန် အသေအချာမှာကြား

ထားခဲ့သည်။


    မန္တလေးသို့ရောက်ပြီးဟော်တယ်တစ်ခုတွင်တည်း

ခိုကာ နေ့လည်ပိုင်းအလုပ်ကိစ္စများလုပ်ရင်း ညပိုင်းမှတည်းခိုရာအခန်းရောက်လာပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ် သူ့အိပ်မက်အတွင်း အိပ်မက်

 လိုလိုဖြင့်တကယ်လိုလိုဖြင့်မြင်လိုက်ရသောမြင်ကွင်း

တစ်ခုကြောင့် ကိုအေးကျော်သွေးများပွက်ပွက်ဆူသွား

ရတော့သည်။


ကိုအေးကျော်နဲ့ကြည်ပြာတို့နှစ်ယောက်အိပ်ခန်း

   မင်္ဂလာဦးကုတင်ပေါ်တွင် ကြည်ပြာမှာ တစ်ခြား

အမျိုးသားတစ်ယောက် ချစ်ရည်လူးနေကြသောမြင်ကွင်းက ကိုအေးကျော်

ဒေါသသွေးများပွက်ပွက်ဆူလာတော့၏ ။


  နှစ်ယောက်သားချစ်ရည်လူးပြီးသောအခါ 

ကြည်ပြာပြောလိုက်သောစကားများက ကိုအေးကျော်

ဒေါသကိုထိန်းမနိူင်သိမ်းမရဖြစ်ကုန်တော့သည်။


”..ဘယ်လိုလဲ မောင်ပြောတော့ ဟိုလူကြီးကိုတခါတည်း အပြတ်ရှင်းဖို့ စိတ်ချရတဲ့

လူတွေငှါးပြီးသတ်တာဆိုခုတော့ ဟိုလူကြီးက ဘာမှမဖြစ်တဲ့အပြင် ခုမန္တလေးတောင်တက်သွားတယ်...”


  ”..အပိုင်ဆိုပြီးလုပ်တာပဲ ဒါပေမယ့် ဘယ်ကဘယ်လို အဖရိကဖက်ကအသားမည်းမည်း

လူတစ်ယောက်ရောက်လာလို့လွတ်သွားတာပဲ ချစ်ရယ်...”


”..အကြောင်းပြချက်တွေမပေးနဲ့မောင်ဒီလူကြီးမရှိမှ

ချစ်နဲ့မောင် လွတ်လွတ်လပ်လပ် နေလို့ရမှာ...


နိူ့မို့ဆို ခုလိုပဲခိုးကြောင်ခိုးဝှက်တွေ့နေရမှာ..”


” မပူနဲ့ချစ်ရယ် ဒီတခေါက်အပိုင်သေချာစီစဉ်

ပါ့မယ်... မောင်လည်းချစ်အနားဒီလူကြီးရှိနေတာ

တွေးတိုင်းဒေါသဖြစ်ရတယ်...”


  ကိုအေးကျော်တစ်ယောက်ဘယ်အချိန်ကတည်းက

ဖောက်ပြန်နေသော သူမိန်းမအဖြစ်ကိုလက်တွေ့မြင်လိုက်ရသည့်အပြင်

သူ့အသက်ကိုသတ်ရန်ကြံစည်သူမှာလည်း သူ့မိန်းမနဲ့

ဖောက်ပြန်နေသူတို့ပူးပေါင်းကြံစည်နေသောအကြံမှန်း

သိလိုက်ရတော့သည်။


    ”..မင်းဘာလုပ်ချင်လဲ မင်းလုပ်ချင်တာငါလုပ်ပေးမယ်.... ”


”...မိန်းမကဖောက်ပြန်ပြီး ကျုပ်အသက်ကိုတောင်

သတ်ဖို့ကြံစည်ထားတာ ဖြစ်နိူင်ရင်တခါတည်းသတ်လိုက်ချင်တာပေါ့.... ”


”..မင်းတကယ်သူတို့ကိုသေစေချင်ရင် ငါကူညီပေးမယ်...”


   သူ့ဘေးနားတွင်ရပ်နေသော အာဖရိကသားအမေးကို အေးကျော်တစ်ယောက်အံ့ကြိတ်စွာပြန်ဖြေနေ၏ ။


   ကုတင်ပေါ်မှနှစ်ယောက်မှာ အေးကျော်တို့ကိုမြင်ဟန်မတူသလို။ ပြောစကားကိုလည်းကြားဟန်မရှိပေ။ အချစ်နာလံထစမို့စနောက်ကျီစယ်လျှက်ရှိနေကြ၏ ။


   

ထိုစဉ်မှာပင်လော့ချထားသောအခန်းမှာ ရုတ်တရက်

ပွင့်လာသလို လူတစ်ယောက်လှမ်းဝင်လာသောကြောင့် ကုတင်ပေါ်မှစုံတွဲမှာအလန့်တကြားဖြစ်သွားကြ၏ ။


”  ဟင်...ရှင်...ရှင်...ဘယ်သူလဲ.....”


....ဟင်...မင်းဘယ်သူလဲကွ...


...ဝှီး...


...ဒုတ်...


...အု..ုအု......


..အောင်မလေး...


အဖရိကလူမဲကြီးကိုကြည့်၍သူခိုးလူမိအလန့်တကြားဖြစ်နေကြစဉ် အဖရိကလူမဲကြီးက ဖြူဖွေးသောသွား

များတချက်ပေါ်အောင်ပြုံးလိုက်ပြီး သူလက်မှလှံတံကို

လက်မြှောက်၍ပစ်လွတ်လိုက်ရာ ကြည်ပြာနဲ့ဖောက်ပြန်သူလည်ပင်းကို ထုတ်ခြင်းဖောက်စိုက်ဝင်သွားတော့၏ ။


  လည်ပင်းမှသွေးများမှာငေါက်ခနဲပန်းထွက်လာရင်း

သွေးများက အိပ်ယာခင်းအဖြူပေါ်ရဲရဲနီသွားတော့သည်။


 ...ကျွန်မ...ကျွန်မကို မသတ်ပါနဲ့....တောင်းပန်ပါတယ် ..


.....စွတ်....


...အား....


အဖရိကလူမဲကြီးမှာ ကြည်ပြာနဲ့ဖောက်သောသူလည်ပင်းမှလှံတံကိုဆွဲနူတ်ပြီး ကြောက်လန့်တကြားငိုယိုတောင်းပန်နေသော

ကြည်ပြာရင်ဘတ်ကို ထိုးစိုက်ချလိုက်ရာ ကြည်ပြာ

မှာနာကျင်စွာအော်ဟစ်လိုက်ပါတော့သည်။


 ထိုမြင်ကွင်းကိုအားရစိတ်ဖြင့်ကြည့်နေသောကိုအေး

ကျော်တစ်ယောက်ထိုအချိန်ကျမှအိပ်ယာမှနိူးလာတော့၏။


   ထိုအချိန်မှာပင်.သူ့တယ်လီဖုန်းမြည်လာ၏ ။


”....ဟယ်လို.....ကိုကိုကြီးလား..မမလေးအခန်းထဲကအော်သံကြားလို့သွားကြည့်တာ မမလေးအသတ်ခံထားတာတွေ့ရတယ်။ သူ့ဘေးမှာလည်း ယောက်ကျားအလောင်းတစ်လောင်း

ရှိနေတယ်....”


”..ဟင်........ဘယ်လို......အေးမိ... နင့်မမလေး

အသတ်ခံရတယ် ဟုတ်လား....ရဲစခန်းကိုဖုန်းဆက်

ပြီးပြီလား ....”


”...ဘာလုပ်ရမှန်းမသိထူပူပြီး ကိုကိုကြီးကိုအရင်ဆက်လိုက်တာ အေးမိကြောက်တယ်၊ လူသတ်သမားရှိသေးလားမသိဘူး ၊.. ”


”..ကိုကိုကြီးပြောတာသေချာနားထောင်အေးမိ

ရဲစခန်းကိုဖုန်းဆက် မကြောက်နဲ့ မနက်ဖြန်မိုးလင်းတာနဲ့ ကိုကိုကြီးပြန်လာခဲ့မယ်... ”


   ကိုအေးကျော်မှာသူအိပ်မက်လိုလိုအဖြစ်အပျက်က

တကယ်အပြင်တွင်ဖြစ်ပျက်နေခြင်းအတွက်အံ့သြသင့်

နေရ၏ ။.


 ယခုကိစ္စတွင်သူ့ကိုအမူပတ်နိူင်သောကြောင့် ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်ရန် တည်းခိုခန်းနဲ့ကပ်လျှက်ညလုံးပေါက်ဖွင့်သော

ဘီယာဆိုင်တွင်ဘီယာတစ်လုံးနဲ့အမြည်းများမှာရင်း

ရန်ကုန်မှသူ့မိတ်ဆွေများထံသို့ သူဇနီးအသတ်ခံရသောသတင်းကို ဖုန်းဆက်ပြော

နေပါတော့၏ ။


    မိုးလင်းသည်နဲ့ရန်ကုန်သို့ပြန်လာခဲ့တော့၏ ။


သူပြန်ရောက်လာသောအခါအိမ်တွင် ဆွေမျိုးမိဘများနဲ့အတူ၊ရဲများရောက်ရှိနေသည်ကိုတွေ့လိုက်ရတော့သည်။


  ထိုလူသတ်မူတွင်အဓိကမသင်္ကာစရာမှာ ကိုအေးကျော်ဖြစ်သောကြောင့် ကိုအေးကျော်ကို

ရဲစခန်းမှမသင်္ကာမူနဲ့ဖမ်းခေါ်သွားပြီးစစ်မေးတော့၏ ။


   ဇနီးဖြစ်သူနဲ့ဖောက်ပြန်သူကိုရက်ရက်စက်စက်သတ်သူမှာ ခင်ပွန်းမှလွဲ၍တခြားသူမဖြစ်နိူင်ဆိုသည်က သာမာန်လူများပင်တွေးနိူင်သောအတွေးပင်။


ကိုအေးကျော်မည်သို့ပင်စစ်စေကာမူ ၊သူ့မိန်းမဖောက်ပြန်နေသည်ကိုယခုမှပင်သိကြောင်း။


အခင်းဖြစ်ချိန်ကသူမန္တလေးသို့ရောက်နေကြောင်းသက်

သေအလီဘိုင်ခိုင်လုံစွာပြနိူင်၏ ။


  အိမ်ဖော်မလေးအားစစ်မေးရာတွင်လည်း ကိုအေးကျော်မှာအသောက်အစားမရှိသည့်အပြင်

မယားဖြစ်သူအပေါ်ကိုယ်ထိလက်ရောက်ရိုက်နှက်ရန်

မဆိုထားနဲ့ စကားပင်မာမာမပြောဖူးကြောင်း။


လင်မယားနှစ်ယောက်မှာလည်း ဖောက်ပြန်သောကိစ္စ

နဲ့စကားများရန်ဖြစ်သည်ကိုတခါမှမကြားမိကြောင်းဖြေ

လာ၏ ။


ယခုဖောက်ပြန်သူမှာလည်းအိမ်ကိုလာလေ့မရှိပဲ

သေဆုံးသောနေ့တွင်သာ ကြည်ပြာကားနဲ့လိုက်.

လာသည်ကိုမြင်ကြောင်းဖြေကြားလာ၏ ။


 ကိုအေးကျော်အေး၏ သူငယ်ချင်းများကိုစစ်မေးရာတွင်လည်း ကိုအေးကျော်မှာအလုပ်နဲ့သာနပန်းလုံးပြီး သူ့အိမ်ကိစ္စ

အဆင်မပြေသည်ကိုမကြားမိကြောင်း ထိုလူသတ်မူ

ကိုအေးကျော်နဲ့လုံးဝမဆိုင်ကြောင်းကိုအေးကျော်မိတ်

ဆွေများကသက်သေခံကြ၏ ။


   ရဲများမှာကိုအေးကျော်နဲ့ပတ်သက်၍လူသတ်မူသဲလွန်စ

ရှာမရသောအခါ ။

မတတ်သာသောကြောင့်ကိုအေးကျော်ကိုလွတ်ပေးလိုက်ရ၏ ။


 ကြည်ပြာနဲ့ဖောက်ပြန်သူအကြောင်းစုံစမ်းသောအခါ

ထိုလူနာမည်မှာ အောင်နိူင်ဦးအမည်ရပြီး လင်ရှိမိန်းမများနဲ့ ဖောက်ပြန်သောနာမည်ပျက်ထွက်ဖူး

သူတစ်ယောက်ဖြစ်ကြောင်းသိရပြီး ထိုကိစ္စနဲ့ပတ်သက်၍ မကျေနပ်သူတစ်ယောက်က

အောင်နိူင်ဦးကိုလာသတ်ရာမှ မျက်မြင်သက်သေကြည်ပြာကိုပါသတ်လိုက်ကြောင်းလိုသလိုကောက်ချက်ဆွဲလိုက်ကြတော့သည်။


      အိမ်တခါးလည်းမဖွင့်၊ခြံတခါးလည်းမပွင့်ပဲ

အိပ်ခန်းထဲမှလူနှစ်ယောက်ကိုသတ်သွားသူမှာ မြေလျိုးမိုးပျံအတတ်ကိုပင်တတ်သူလားဟုအထင်ရောက်စရာသဲလွန်စပျောက်နေပါတော့သည်။


အထက်ဖော်ပြပါဇာတ်လမ်းမှာ   ရန်ကုန် ဗဟန်းမှရွာမှဘုန်းတော်ကြီးကျောင်းသို့အလည်အပတ်သွားရောက်စဉ် ကျွန်တော့်အား သူ့ဘဝဇာတ်လမ်းကို ဦးဇင်းတပါးပြောပြသောအကြောင်းအရာဖြစ်၏ ။


  ကျွန်တော်မှာ အဖရိကဗူဒူးအရုပ်ကိုစိတ်ဝင်တစား

မေးမြန်းကြည့်ရာ တတ်သိနားလည်သောဆရာများ

နဲ့ အရုပ်ထဲမှဝိညဉ်ကိုဖယ်ပြီး အရုပ်ကိုမီးရိူ့လိုက်

ကြောင်းပြောပြလာသောကြောင့် လူသားဗူဒူးအရုပ်အား

ကြည့်ရူခွင့်မရခဲ့ပေ။


   ကိုအေးကျော်ဆိုသော ထူးဆန်းသောစိတ်ရှိသူ

တစ်ယောက်နဲ့ လူအငယ်စားဗူဒူးအရုပ်အကြောင်းကို

သိခွင့်ရခဲ့သောကြောင့် ရေးသားဖော်ပြလိုက်ရခြင်း

ဖြစ်ပါတော့သည်။


=====================


ပြီးပါပြီ


မြူခိုးအလင်္ကာ


rate now: