book

Index 1

ဝတ္ထုတို ၁

လေးအက္ခရာပျောက်မြို့မှတိုက်လေးအခန်းဆယ့်သုံး

============================

    

     တိုက်လေးလွာ၊ အခန်းအမှတ်၊၁၃။


 မေနန်းမှာ အလုပ်ခေါ်စာပါဂျာနယ်မှ အခန်းနံ

ပါတ်ကိုသေချာအောင်နောက်တစ်ကြိမ်ပြန်ကြည့်ပြီးပိတ်ထားသောအခန်းတံခါးကိုခေါက်လိုက်၏ ။


   အထဲမှတုန့်ပြန်မူမရှိသောကြောင့်ပိတ်ထားသော

အခန်းတံခါးကိုနောက်တကြိမ်ခပ်ပြင်းပြင်းခေါက်လိုက်ပြန်၏ ။


 လူပ်ရှားသံ၊ပစ္စည်းရွေ့လျားသံများကြားလိုက်ရပြီး

အခန်းတခါးပွင့်လာခြင်းနဲ့အတူအသက်လေးဆယ်အရွယ်ခပ်ဝဝမိန်းမတစ်ယောက်ကမေနန်းကိုစူးစမ်း

ဟန်မျက်လုံးများဖြင့်ကြည့်လာပါသည်။


 ”..ဟိုလေ သူနာပြုခေါ်ထားတာ ဒီအခန်းဟုတ်ပါတယ်နော်..ကျွန်မသူနာပြုအလုပ်အတွက်

လာလျှောက်တာပါ...”


   ” အော်..သူနာပြုအလုပ်အတွက်လာတာလား..

လာ..သမီး..အထဲကိုဝင်...”


  မေနန်းအလုပ်ခေါ်ထားသော ဂျာနယ်ကိုပြပြီးလာရင်းအကြောင်းပြောသောအခါမှ သူနာပြုလာလျှောက်သူမှန်းသိသွားဟန်ဖြင့် ပြုံးပြလာရင်းတဝက်တပျက်ဖွင့်ထားသောတခါးကိုအားလုံးဖွင့်လိုက်ကာ 

အတွင်းသို့ဝင်ခိုင်းလာသည်။


     တိုက်ခန်းမှာကျယ်ဝန်းခြင်းမရှိသောကြောင့်

အခန်းသုံးခန်းသာရှိကြောင်း မျက်လုံးဝေ့ကြည့်လိုက်ရုံနဲ့အခန်းအနေအထာ့းမေနန်းမြင်လိုက်ရသည်။


လမ်းမအပြင်ဖက်ကပ်လျှက်အခန်းမှာ 

ဘုရားခန်းဖြစ်ပြီး ဘုရားရုပ်ပုံကားချပ်များနဲ့အတူ

ဘုရားဆင်းတုတော်တစ်ဆူကိုဘုရားစင်ပေါ်တွင် 

တွေ့ရပြီးပန်းအိုးအတွင်းမှဘုရားပန်းများမှာမည်သည့်အချိန်ကနောက်ဆုံးထားလဲလှယ်ထားသည်မသိဘုရားပန်းများညိုးခြောက်လျှက်ရှိနေကြောင်းတွေ့

ရသည်။


 ဘုရားခန်းဘေးမှအလယ်ခန်းနဲ့ အစွန်ဆုံးအခန်းကိုတခါးပိတ်ထားလျှက်သားမြင်တွေ့ရ၏။


 ရေချိုးခန်းအိမ်သာမှာတခါးဝင်ပေါက်ဖက်အခြမ်းတွင်ရှိပြီး နောက်ဖေးဖက်တွင်ချက်ပြုတ်စားသောက်ရန်

စားပွဲခုံတစ်လုံးပေါ်တင်ထားသောအိုးခွက်များတွေ့နေရသည်။


   ”..ထိုင်သမီး...အန်တီနာမည်က

ဒေါ်မေသူပါ...”


” ဟုတ်ကဲ့ သမီးနာမည်မေနန်းပါ...”


”.အိမ်မှာက ဘာမှမရှိတော့ 

အန်တီအအေးဖြစ်ဖြစ်သွားဝယ်လိုက်မယ်.. ”


”..နေ..နေ..ရတယ်..အန်တီ.. သမီးခုပဲသောက်လာတာ အလုပ်ကိစ္စပဲပြောကြရအောင်...”


   ထိုင်ခုံနှစ်လုံးမျက်နှာခြင်းဆိုင်ချထားသောစားပွဲပေါ်

မေနန်းဝင်ထိုင်လိုက်ချိန်အဒေါ်ကြီးကမေနန်းရှေ့ဝင်ထိုင်လိုက်ရင်းလောကဝတ်စကားဆိုနေရာမေနန်းကသူမလာရင်းအလုပ်ကိစ္စဖြစ်မဖြစ် 

သိချင်စိတ်လောနေသည်မို့လာရင်းကိစ္စကိုဦး

တည်ပြောဆိုလိုက်ခြင်းဖြစ်၏ ။


    ”..အလုပ်က..သမီးဒီမှာနေပြီး.. အန်တီတို့အမေကိုပြုစုပေးရမှာ စားသောက်ဖို့စားစရိတ် 

ဆေးဖိုးအန်တီတို့ပေးခဲ့မှာသမီးအဲလိုနေနိူင်တယ်မလား...”


...ရှင်....


 အလုပ်ကခက်ခဲမည်ဟုမေနန်းတွေးထားသော်လည်းထင်ထားသည်ထက်ပိုလွယ်ကူစွာရသောကြောင့်

မေနန်းအံ့သြသင့်မိသွားရခြင်းဖြစ်သည်။


”...သမီးဖက်က ဘာအခက်အခဲရှိလို့လဲ အခက်အခဲရှိရင်ပြောပါ ....”


”..သမီးပြုစုရမယ့် လူမမာကဘယ်မှာလဲ အန်တီ..”


”..လာ...သမီး...ဒါ..သမီးပြုစုရမယ့် အန်တီတို့

အမေပဲအောက်ပိုင်းလေဖြတ်နေတာလေ...”


 အန်တီကြီးမှဘုရားခန်းဘေးမှအခန်းတခါးကိုဖွင့်လိုက်ရာ ကုတင်တစ်လုံးပေါ်တွင် ဆေးပိုက်၊

ဆီးပိုက်များဖြင့်ငြိမ်သက်စွာလဲလျှောင်းနေသော 

ပိန်လှပ်လှပ်အဖွားကြီးတစ်ယောက်ကိုမေနန်း

တွေ့လိုက်ရ၏။

 

တစ်ခန်းလုံးမှာဆေးပေါင်းစုံအနံ့များဖြင့်မွန်ထူ

လျှက်ရှိနေသည်။


 အဒေါ်ကြီးကပြုစုရမည့်လူနာကိုပြပြီးအခန်းတခါးပြန်ပိတ်ကာခုံပေါ်ပြန်ထိုင်လိုက်သောကြောင့်မေနန်းလည်းပြန်ထိုင်လိုက်ရ၏ ။


”...သမီးက ဒီမှာနေရပြီးအန်တီတို့အမေ

ကိုပြုစုနိူင်ရင်အလုပ်ဆင်းလို့ရပါပြီ...”


”..တခြားလူတွေကရော အန်တီ..ဒီမှာဘယ်သူ

မှမနေကြဘူးလား...”


”..သားသမီးတွေကသူ့အိမ်ထောင်နဲ့သူ့အလုပ်နဲ့

မြို့ထဲမှာနေကြတာ အန်တီအပါအဝင်ဘယ်သူမှ

အမေနဲ့လာနေဖို့အဆင်မပြေဘူးလေ ဒါကြောင့်

အလုပ်ခေါ်စာထည့်လိုက်ရတာပဲ..ကဲသမီးဖက်က

အဆင်ပြေလား...”


”ပြေပါတယ် အန်တီ..သမီးကနယ်ကလာပြီး

ရန်ကုန်မှာဆေးဝါးကျွမ်းကျင်လာတက်ပြီး

အလုပ်တစ်ခုရှာနေတာပါ။


နေရေးထိုင်ရေးစားရေးသောက်ရေးလည်း

အဆင်ပြေတော့ခုအလုပ်ကသမီးအတွက် 

တအားကောင်းတဲ့အလုပ်လို့ပြောလို့ရပါတယ်...”


”..အိုကေ..သမီး..ဒီလိုဆိုရင် နှစ်ဦးနှစ်ဖက်

အဆင်ပြေပြီလို့ ဆိုရမှာပေါ့ မနက်ဖြန်လောက်သမီးအလုပ်ဆင်းလို့ရမလား..”


”...အဆောင်ပြန်အပ်ရမှာနဲ့တခြားကိစ္စလေးတွေလုပ်ရမှာနဲ့မို့မနက်ဖြန်တော့မဆင်းနိူင်သေးဘူး အန်တီသဘက်ခါလောက်မှအဆင်ပြေမယ် အန်တီ...”


   ”..ကောင်းပါပြီကွယ် ဒီလိုဆိုလည်း

 သဘက်ခါတော့ ဆက်ဆက်ရောက်အောင်လာခဲ့ပါ...”


   ဆေးဝါးကျွမ်းကျင်သင်တန်းတက်ပြီးအလုပ်ရှာနေသောမေနန်းတစ်ယောက်လစာကောင်းသောအ

လုပ်တစ်ခုရသောကြောင့်ဝမ်းသာနေမိတော့၏ ။


 အလုပ်တစ်ခုရရန်ခက်ခဲသောကာလမျိုးတွင်ယခု

အလုပ်ကမေနန်းအတွက်အစစအရာရာအဆင်ပြေနေပါ၏ ။


 ပထမအချက်..နေစရာအတွက်အခက်အခဲမကြုံသလို၊ပိုက်ဆံကုန်စရာမလိုတော့ခြင်း။


ဒုတိယအချက်

။ စားသောက်ရေးအတွက်လည်းစီစဉ်ပေးမည်ဆိုခြင်းကြောင့်အစားအသောက်အတွက်လည်းကုန်ကျစရာမရှိခြင်း။


တတိယအချက်။ ပြုစုရမည့်လူနာအိမ်တွင်တခြားအိမ်သားများရှိပါက၊

ဘယ်လောက်ပဲသဘောကောင်းသည်ဆိုဆိုဧည့်သည်အဖြစ်နေရပါကအနေရအထိုင်ရခက်တတ်ကြရာ။ 


ယခုဆိုပါကကိုယ့်အိမ်ကို့ယာလိုနေထိုင်ရမည့်အခြေအနေကကျေနပ်စရာအတိဖြစ်နေခြင်း။


စသောအကြောင်းအရာများအပြင်ရသမျလစာအသားတင်စုမိနိူင်သော သူမအလုပ်က ကောင်းသည်

ထက်ပို၍ကောင်းသည်ဟုဆိုရမည်ပင်။


    အလုပ်ဆင်းရမည့်နေ့တွင်အထုတ်အပိုးများပါ

သည်မို့မေနန်း TAXIငှါးကာအလုပ်ဆင်းရမည့်နေရာသို့သွားနေပါသည်။


”..သမီးက အခန်းငှါး ပြီးပြောင်းနေတာလား...”


”...အော်...ဟုတ်ကဲ့...ဦးလေး....”


”...ဒါနဲ့..သမီးသွားနေမယ့်မြို့မှာ ထူးဆန်းတဲ့

အရာတစ်ခုရှိတာ ဦးလေးသတိထားမိတယ်....”


”...ဟင်...ဘာများလဲ...ဦးလေး....”


   ယာဉ်မောင်းဦးလေးကြီးဘေးတွင်ကားအပြင်ဖက်ငေးရင်းလိုက်ပါလာသောမေနန်းမှာဦးလေးကြီး

ဆက်ပြောလာသောစကားကြောင့်စိတ်ဝင်တ

စားမေးမြန်းလိုက်မိတော့၏ ။


  ”..ဟုတ်တယ် သမီး ဦးလေးက taxiမောင်း

နေတော့ ဒီမြို့ခနခနရောက်ဖြစ်ရင်းသတိ

ထားမိတာ ဒီမြို့က ၄ ဂဏန်းပျောက်မြို့ပဲ....”


”...ဘယ်..ဘယ်လို.... ၄ ဂဏန်းပျောက် သမီးနားမလည်ဘူး ဦးလေး....”


”..ဒီလိုကွယ့်..ဒီမြို့မှာ လမ်းတွေကို တစ်လမ်း၊နှစ်လမ်းသုံးလမ်းဆိုပြီးအက္ခရာအလိုက်ခေါ်လာပေမယ့်လေးလမ်းကိုကျတစ်ခြားနာမည်တစ်ခုပေးထားတယ် ဥပမာ လေးလမ်း

နေရာမှာ ပိတောက်ရွေဝါလမ်းလို့ခေါ်တာမျိုး....။


အဲဒီလိုနဲ့နောက်တစ်လမ်းကျတော့ ငါးလမ်း

 ခြောက်လမ်းအက္ခရာနံပတ်အတိုင်းခေါ်လာပြီး ၁၃ လမ်းကျတော့အစောနကပြောသလို တခြားနာမည်တစ်ခုအစားထိုးထားပြန်တယ်...


ဆယ့်သုံးကလည်းပေါင်းရင်လေးပဲလေ၊အဲတာက

တိုက်ဆိုင်တာတော့မဟုတ်ဘူး မြို့စတည်ကတည်းက အကြောင်းတခုကြောင့်ဖျောက်ထားခဲ့ဟန်

တူတယ်...”


”..သမီးကခုမှစနေမှာဆိုတော့ အဲတာတွေတော့မသိဘူး ဒါပေမယ့် ထူးတော့ထူးဆန်းတယ်နော်....”


” မြို့ကိုစတည်တဲ့လူကြီးတွေက ၄ ဂဏန်းနဲ့ပတ်သက်ပြီး မကောင်းတဲ့နိမိတ်တစ်ခုခုရှိနိူင်လို့ဖျောက်ထား

ခဲ့ဟန်တူပါတယ်... ”


မေနန်းနဲ့ကားသမားဦးလေးကြီးစကားပြောဆိုရင်းဖြင့်ကားမှာမေနန်းအလုပ်လုပ်ရမည့်တိုက်တန်းရှေ့

လမ်းပေါ်ရောက်လာပါတော့သည်။


 ကားပေါ်မှအထုတ်များကိုလမ်းပေါ်တွင်စုပုံပြီးကားခကျသင့်ငွေပေးချေကာလေးလွှာမှအခန်းအမှတ်

ဆယ့်သုံးသို့တက်လာခဲ့သည်။


   မေနန်းတခါးခေါက်ချိန်တွင် ဒေါ်မေသူကတခါးလာဖွင့်ပေး၏ ။


     ဆန်၊ဆီ၊ဆားမီးဖိုချောင်အတွက်လိုအပ်သည်များ

ပြည့်စုံစွာဝယ်ထားသည်ကိုမေနန်းတွေ့လိုက်ရ၏။


  မေနန်းမှာ နောက်ဆုံးခန်းအတွင်းသူမပစ္စည်းများ

ထည့်သွင်းရင်း နေရာချနေသည်။


 ”..သမီးရောက်လာပြီဆိုတော့ အန်တီပြန်တော့

မယ်အမေ့ကိုဆေးတိုက်ရမယ့်အချိန်တွေ

၊နောက်ဆေးအမျိုးအစားတွေကို စာရင်းလုပ်ပေးထားခဲ့တယ် သမီး...”


   ဒေါ်မေသူတစ်ယောက်မေနန်းရောက်လာပြီဖြစ်သောကြောင့်တစ်လစာအိမ်အသုံးစရိတ်နဲ့ဆေးဖိုးထုတ်ပေးပြီးတစ်ခုခုအရေးကြီးပါကဖုန်းဆက်ရန်ဖုန်းနံပတ်ပေး၍ပြန်သွားတော့သည်။


   မေနန်းမှာ လူမမာအခန်းဝင်ကြည့်ရာ အိပ်နေခြင်းလား၊မှိန်းနေခြင်းလားမဆိုနိူင်မျက်လုံးမှေးမှိတ်၍အသက်မှန်မှန်ရူနေကြောင်းတွေ့ရသည်။


    မေနန်းမှာညစာအတွက်လိုအပ်သည်များဝယ်ခြမ်းရန်အောက်သို့ဆင်းလာရင်းစျေးရှိရာမေးမြန်း၍ညနေခင်းစျေးတွင်ညနေစာအတွက်ဟင်းချက်စရာတချို့နဲ့ဘုရားပန်းကပ်ရန်ပန်းများဝယ်ယူလိုက်သည်။ 


  ပြန်ရောက်သောအခါဘုရားကျောင်းကိုသန့်ရှင်းရေးလုပ်ပြီးပန်းအဟောင်းများလွင့်ပစ်၍ပန်းအိုးများဆေးကြောကာဘုရားပန်းအသစ်များကပ်လှူပြီး

 ညနေစာချက်ပြုတ်၍ လူမမာအခန်းဝင်ကြည့်ရာ အဘွားကြီးမှာ အိပ်ယာမှနိူးနေကြောင်းတွေ့ရ၏ ။


”..အဘွားရေ.. နိူးနေပြီလား.....”


”..နင်ကဘယ်သူလဲ...”


”..အဘွားကို ပြုစုဖို့ အဖွားသမီးကခေါ်

ထားတာပါ သမီးနာမည် မေနန်းပါ...


.အဘွားကို သမီးကိုယ်လက်သန့်စင်ပေးမယ်နော်...”


  အဘွားကြီးမှာ လူကသာလူမမာပုံစံရှိသော်လည်းစကားသံကမာကြောခက်ထန်နေ၏။


  မေနန်းမှာ ရေဇလားတစ်ခုယူလာပြီး လူမမာအဘွားကြီးကို ကိုယ်လက်သန့်စင်ပေးပြီး။

သူမလည်းရေချိုးခန်းဝင်ကာရေချိုးလိုက်တော့သည်။


ညနေခြောက်နာရီခန့်တွင်အနည်းငယ်မှောင်လာသောကြောင့် အခန်းမီးများဖွင့်လိုက်သည်။


   ငါးဆန်ပြုတ်တစ်ပန်းကန်ခူး၍ လူမမာကိုကျွေးမွေးရာသုံးလေးဇွန်းမျသာစား၍တော်ပြီဆိုကာငြင်းနေသောကြောင့်ဆေးတိုက်လိုက်ရ၏ ။


      မေနန်းမှာ ညစာစားသောက်ပြီးလူမမာအ

ဘွားကြီးအခန်းဝင်သွားကြည့်ရာ.....


...အဘွား...ထိုင်နိူင်တယ်.....


..ရူး...တိုးတိုး..အသံတွေကြားနေရတယ်...


...ဘယ်ကအသံလဲ အဘွား....


..တိုက်ခန်းတခါးရှေ့ရောက်နေပြီ.....


...ဒေါက်...ဒေါက်.....ဒေါက်...


....ဟာ.....


 အောက်ပိုင်းလေဖြတ်နေသောလူမမာအဘွားကြီးလူအကူအညီမပါပဲကုတင်ပေါ်ထိုင်နေသောကြောင့်မေနန်းအံ့သြစွာရှိနေစဉ်အဘွားကြီးထံမှထူးဆန်းစွာအသံကြားနေရသည်ဟုဆိုလာသောကြောင့် မေနန်းကမေးမြန်းနေစဉ်တိုက်ခန်းတခါးခေါက်သံက အဘွားကြီးစကားအဆုံးနဲ့တပြိုင်တည်းထွက်ပေါ်လာခြင်း

ကြောင့်မေနန်းမှာ ရင်ထဲထိတ်ခနဲခုန်သွားမိ၏ ။


တခါးဝရှေ့တွင်ရပ်နေရင်းဘာကိုစိုးရွံ့မှန်းမသိသော

စိုးရွံ့စိတ်တမျိုးဝင်နေမိပြန်သည်။


 ...ဒေါက်...ဒေါက်....ဒေါက်.....


ထိုအချိန်မှာပင်နောက်တကြိမ်တခါးခေါက်သံကြားလိုက်ရသောကြောင့် စိတ်ကိုတင်း၍ အခန်းတခါးကို

ဆွဲဖွင့်လိုက်တော့သည် ။


မေနန်းတခါးကိုမရဲတရဲဖွင့်၍အပြင်သို့ကြည့်လိုက်ရာအပြင်ဖက်တွင်မည်သူမျရှိမနေသောကြောင့်အံ့သြ

စိတ်ဝင်ကာတခါးအပြင်ထွက်၍ဟိုဒီကြည့်နေမိ၏ ။


...ခစ်..ခစ်...ခစ်...ခစ်...


အပေါ်တက်သောတိုက်ခန်းလှေကားထောင့်ချိုးမှ

ရယ်မောသံနဲ့အတူ အပေါ်ထပ်သို့တက်ပြေးသော

ကလေးနှစ်ယောက်ကိုရိပ်ခနဲတွေ့လိုက်ရသော

အခါမှ မေနန်းပြုံးလိုက်မိသည်။


”အတော်ဆိုးတဲ့ကလေးတွေ..”မေနန်းစိတ်အတွင်း

ပြောလိုက်မိခြင်းပင်။


အပေါ်ထပ်မှခလေးများကတခါးကိုလာခေါက်၍

ပုန်းနေကြပြီးလူကြီးများလာ၍ တခါးခေါက်သူမတွေ့၍အူကြောင်ကြောင်ဖြစ်နေသောလူကြီးများကိုကြည့်ပြီးပျော်နေကြဟန်ရှိသည်။


ယခုတိုက်တန်းတွင်ခြောက်ထပ်ရှိရာ မေနန်းရောက်နေသောတိုက်အလွှာကလေးလွှာဖြစ်သောကြောင့်

အပေါ်ထပ်တွင်နောက်ထပ်နှစ်လွှာရှိနေသေးသည်။


လူမမာအခန်းအတွင်းပြန်ဝင်လာရာ 

အဘွားကြီးမှာထိုင်လျှက်အတိုင်းရှိနေသေး၏ ။


”...အဘွား...သက်သက်သာသာလှဲနေရအောင်နော်...”


”...ငါလှဲနေလို့... မဖြစ်ဘူး..ငါ့သားပြန်လာရင်

တခါးဖွင့်ပေးရအုံးမယ်....”


”..အဘွားသားလာမယ် ဟုတ်လား...”


”...အင်း..ခုညလာလိမ့်မယ်...”


”...အဘွားအိပ်နေပါ တကယ်လို့ 

အဘွားသားရောက်လာရင်သမီးတခါးဖွင့်ပေးလိုက်ပါမယ်....”


အဘွားကြီးကို ချော့မော့အိပ်ခိုင်းရင်းအဘွားကြီးသားလာမည်ဆို၍မေနန်းစဉ်းစားရကြပ်နေ၏ ။


 ဒေါ်မေသူအပြောအရ အဘွားကြီးသားဆိုသူ

အကြောင်းမပါသောကြောင့်ပင်။


အသက်ကြီးလာ၍ မှတ်ညဏ်ယိုယွင်းပြီး 

လျှောက်ပြောနေခြင်းဟုသာတွေးလိုက်ရင်း 

ဆီးအိတ်ကိုလဲပေးပြီး အဘွားကြီးအိပ်မှန်းသေချာမှအပြင်သို့ထွက်လာခဲ့တော့သည်။


 အဘွားကြီးကိုစောင့်ကြပ်ရမည့်အလုပ်မို့ညပိုင်းတွင်

နှစ်နှစ်ခြိုက်ခြိုက်အိပ်၍မရသောအခြေအနေမို့ကော်ဖီတစ်ခွက်နဲ့ဖုန်းကိုဖွင့်၍စိတ်ဝင်စားရာရာလေးများ

ရှာဖွေကြည့်ရင်းမှေးခနဲတချက်အိပ်ငိုက်သွားမိသည်။


   ဆတ်ခနဲပြန်နိူးလာချိန်ဖုန်းမှအချိန်ကိုကြည့်လိုက်ရာတဖြည်းဖြည်းဖြင့်ညဆယ့်နှစ်နာရီသို့ရောက်

နေပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။


ပျင်းရိပြီးအိပ်ချင်လာသောကြောင့် ဖုန်းကိုပိတ်ပြီး

လမ်းလျှောက်ရင်း လူမမာအဘွားကြီး 

ငြီးတွားသံကြောင့်ဝင်သွားကြည့်ရာသားဖြစ်

သူကိုမေးနေခြင်းကြောင့်ချော့မော့ရင်း

ဆေးတိုက်ရသေး၏ ။


...ဒေါက်...ဒေါက်....ဒေါက်....


..ဟော.. သားလေး လာပြီထင်တယ် 

တခါးခေါက်သံကြားတယ်...


..သမီးတခါးသွားဖွင့်ကြည့်လိုက်မယ်အဘွား...


တခါးခေါက်သံကြောင့်အဖွားကြီးမှာဂနာမငြိမ်

လူပ်လူပ်ရွရွဖြစ်နေသောကြောင့်မေနန်းမှာတခါးသွားဖွင့်ကြည့်ရန်တခါးဝသို့ရောက်လာခဲ့သည်။


 တခါးဖွင့်လိုက်ချိန်တွင်အခန်းအတွင်းမှ

တိုးထွက်လာသောမီးရောင်ဖြင့် အခန်းတခါးဝတွင် 

ဆယ့်တစ်ဆယ့်နှစ်အရွယ်ကောင်လေးတစ်ယောက်ကငါးနှစ်ခြောက်နှစ်အရွယ်ကောင်မလေး

တစ်ယောက်ကိုပခုံးဖက်၍ရပ်နေခြင်းကို

တွေ့လိုက်ရ၏ ။


”..ကလေးတွေ..ညနက်ပြီ ဒီအချိန်ထိတခါး

လာခေါက်ပြီးဆော့နေကြတယ်...သွား..အိပ်ကြတော့...”


...မမ...မမ...သားတို့ကိုကယ်ပါအုံးအမေ့ယောက်

ကျားမူးလာပြီးအမေ့ကိုရိုက်နေတယ် ..

သားတို့ကိုလည်းသတ်ပစ်မယ်တဲ့....


..အီး..ဟီး...ဟီး...ဟီး...သမီးတို့ကိုပါသတ်မယ်တဲ့

ကြောက်တယ်...ဟီး.......


...ဟင်....


အစပထမကလေးများကိုတွေ့၍တခါးလာခေါက်

၍ဆော့နေကြသည်ထင်၍မျက်နှာထားတင်းဖြင့်ပြောနေသောပြောဆိုနေသော မေနန်းမှာ 

ကြောက်လန့်တကြားသနားစဖွယ်အမူအယာဖြင့်ပြောလည်းပြောငိုလည်းငိုဖြင့်ရှိနေသောကြောင့်ရုတ်

တရက်မို့လက်မကိုင်မိခြေမကိုင်မိဖြစ်သွားရတော့၏။


..ဟေ့ကောင်တွေ..မင်းတို့ဘယ်ရောက်နေလဲ ငါခေါ်တုန်းအခုလာနော်.. 

မလာလို့ငါကိုယ်တိုင်လာခေါ်ရရင်တော့ ငါ့အကြောင်းသိမယ်...


မေနန်းကလေးများကိုတစ်ခုခုနှစ်သိမ့်စကားပြော

ရန်ပြုနေစဉ်အပေါ်ထပ်လှေကားနားမှ ကြိမ်းမောင်းသံထွက်ပေါ်လာရာထိုအသံကြားချိန်ကလေး

နှစ်ယောက်ကိုယ်မှာဆတ်ခနဲတွန့်သွား၏။


 မျက်ရည်လည်ရွဲ အသနားခံသောမျက်လုံးများဖြင့်မေနန်းကိုလည်ပြန်လှည့်ကြည့်လှည့်ကြည့်လုပ်ရင်းလှေကားပေါ်တက်သွားကြတော့သည်။


 မေနန်းမှာတခါးဝတွင်ရပ်၍အပေါ်မှအသံများကို

နားစွင့်ကြည့်နေမိ၏ ။


..အထဲဝင်ကြစမ်း အေဘေးလေးတွေ ငါ့အကြောင်းသိမယ်...


...ဒုန်း...


....အမလေး...ကြောက်ပါပြီဗျ...


...အီး....ဟီး..ဟီး...


...ရှင်.လွန်နေပြီနော် ကိုယ့်သားသမီးမဟုတ်တိုင်း

ရိုက်နှက်နေတာ...


..လွန်တော့မင်းကဘာလုပ်ချင်လဲ တစ်အိမ်လုံးငါကနွားလိုရှာကျွေးနေရတာကွ...


တခါးကိုဆောင့်ပိတ်သံ၊ကလေးများကိုရိုက်နှက်ရာမှငိုသံ ၊ မူးယစ်နေသူတစ်ယောက်၏ဆဲဆိုကြိမ်းမောင်းသံများနဲ့အတူဒေါသစွက်နေသောမိန်းမတစ်

ယောက်၀င်ဟန့်သံကြောင့်

့မေနန်းမှခလေးများအတွက်စိုးရိမ်စိတ်ဝင်ပြီးအပေါ်

ထပ်သို့မဝံ့မရဲတက်လာရင်းကြားနေရ၏ ။


 အပေါ်ထပ်သို့တက်ရာထောင့်ချိုးလှေကားမီးလုံးမှာ

မီးကျွမ်းနေဟန်မလင်းသောကြောင့်အမှောင်အတွင်း

ဖုန်းဖလက်မီးလေးဖြင့်တက်လာနေရခြင်းဖြစ်သည်။


  အခန်းကိုလှမ်းမြင်နေရသောလှေကားထစ်တွင်ရပ်၍တခါးဝသို့လှမ်းကြည့်ရာ အခန်းတခါးကတဝက်မျှပွင့်နေပြီးအခန်းအတွင်းအခြေအနေကိုတစွန်း

တစလှမ်းမြင်နေရ၏ ။


  မူးယစ်နေသောလူတစ်ယောက်ရှေ့တွင်ခလေးနှစ်ယောက်မှာကုတ်ကုတ်လေးထိုင်နေလျှက်ရှိပြီး ကြောက်ရွံမူကြောင့်တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်

ကာရိူက်၍ရိူက်၍ငိုနေကြသည်။


   ထိုလူနဲ့မျက်နှာခြင်းဆိုင်တွင် ကလေးများမိခင်ဖြစ်ဟန်တူသောမိန်းမတစ်ယောက်ကအမူးသမား

ကိုပြန်ခံပြောနေသည်ကိုမေနန်းတွေ့နေရသည်။


    ...ငါ့သားသမီးတွေကိုထိရဲထိကြည့် အသက်ချင်းလဲပလိုက်မယ်.သည်းခံနေတာကြာပြီ ခုတော့သည်းမခံနိူင်တော့ဘူး....


   ...ဘာမထိရဲစရာရှိလဲသောက်ခလေးတွေ

 ဓားနဲ့တောင်ခုတ်သတ်ပစ်လိုက်မယ်....


....ခုတ်ရဲခုတ်ကြည့်လေ နင်ငါ့အကြောင်းသိမယ်...


..ဒီကောင်မစကားများတယ်. .


..ကဲဟာ...ကဲဟာ....ဒုတ်...ဒုတ်...


..အား...အား....


...အမလေး..သားလေး..သမီး.....


..အမလေး ငါ့သားနဲ့သမီးသေပါပြီ...


 မေနန်းတစ်ယောက်ကြောက်လန့်မူကြောင့်မြင်ကွင်းကိုကြက်သေသေလျှက်ဖြင့်ကြည့်နေမိပါတော့သည်။


ကြောက်လန့်၊မယုံကြည်နိူင်စရာမြင်ကွင်းမျိုးပင်။


ဓားတစ်ယမ်းယမ်းဖြင့်ကလေးများဇက်ပေါ်

ဓားတင်၍ခုတ်မည်တကဲကဲပြုနေသောအမူးသမားမှဆတ်ခနဲကိုယ်လုံးတစ်ချက်တွန့်သွားပြီး

 ဓားကိုမြှောက်၍ခလေးနှစ်ယောက်ကိုခုတ်ချလိုက်ပ

ါတော့၏ ။


မေနန်းတစ်ယောက်ကြောက်လန့်စွာပါးစပ်မှအသံထွက်အော်ရင်းမျက်လုံးများမှိတ်လိုက်ပြီးမရဲတရဲပြန်ဖွင့်

ကြည့်ရာသွေးအိုင်ထဲလဲနေသော 

ကလေးနှစ်ယောက်ကိုဖက်၍ငိုနေသောမိန်းမနဲ့အတူ။ 


သွေးတစက်စက်ကျနေသောဓားကြီးကိုကိုင်ပြီး

ငေးငေးငိုင်ငိုင်ရှိနေသော အမူးသမားကိုတွေ့ရ၏ ။


သူ့ပုံစံကယခုမှအိပ်ယာမှနိူးလာသူပုံစံမျိုးပင်။


 ...ငါ့သားတွေကိုသတ်တဲ့ သေနာကောင်

ငါ့သားသမီးတွေသေသလိုနင်လည်းသေစေရမယ်...


.....စွတ်....စွတ်..


...အား....


...အား...


နာကျင်စွာအော်သံနှစ်ချက်ဆက်တိုက်ထွက်ပေါ်လာ၏ ။


ပထမအော်သံမှာ အမူးသမားအော်သံဖြစ်ပြီး

၊ဒုတိယအော်သံက အမျိုးသမီးထံမှဖြစ်၏ ။


သားသမီးများကိုဖက်၍ငိုနေသော အမျိုးသမီးမှာ 

ကတ်ကြေးတစ်လက်ကိုင်ထားခြင်းဖြစ်ပြီး

ထိုကတ်ကြေးဖြင့်အမူးသမားကို နှစ်ချက်ဆင့်ထိုး

လိုက်ရာ ကြောင်ငေးနေသောအမူးသမားမှာ နေရာမှာပင်ပုံခေါက်လဲကျသွားတော့သည်။


ထို့နောက်..  ကတ်ကြေးကိုလက်နှစ်ဖက်ဖြင့်စုံကိုင်၍

သူ့ဗိုက်အတွင်းထိုးစိုက်လိုက်တော့သည်။


   မေနန်းတစ်ယောက်သွေးပျက်စရာမြင်ကွင်းကြောင့်

ရင်တလှပ်လှပ်တုန်လျှက်ဒူးများညွှတ်ကျမလိုရှိနေပါသည်။


     ထိုအချိန်မှာပင် လျှပ်စစ်မီးကရှော့ဖြစ်သကဲ့သို့

မှိတ်တုတ်၊မှိတ်တုတ်လင်းလိုက်မှိန်လိုက်ဖြစ်နေပါ၏ ။  


   ..ဟင် အမလေး ဘုရား..ဘုရား....


  ကြောက်မက်ဖွယ်သွေးသံတရဲရဲသတ်ဖြတ်

ကြသောမြင်ကွင်းကြောင့် နှလုံးရပ်မလိုပင်ခံစာ

းနေရစဉ် နောက်ထပ်ကြောက်လန့်စရာမြင်ကွင်းတစ်ခုကိုမေနန်းမြင်တွေ့ရပြန်၏ ။


  မှိတ်တုတ်၊မှိတ်တုတ်မီးရောင်အောက်တွင်

လဲကျသေဆုံးနေကြသော ခလေးနှစ်ယောက်နဲ့

 လူကြီးနှစ်ယောက်မှာသွေးသံတရဲရဲဖြင့်မတ်တတ်

ရပ်လာကြပြီးခံစားချက်မရှိသောမျက်လုံးသေကြီး

များဖြင့် မေနန်းရှိရာစိုက်ကြည့်၍လာနေကြ

သောကြောင့်မေနန်းတယောက်အောက်သို့ကမန်းကတန်းဆင်းပြေးခဲ့တော့သည်။


   မေနန်းလက်အတွင်းကိုင်ထားသောဖုန်းမှာလည်း

အလန့်တကြားပြေးရာတွင်လက်မှပြုတ်ကျ 

ကျန်နေရစ်ခဲ့တော့၏ ။.


    အောက်ထပ်လေးလွှာရောက်သောအခါ အခန်းအတွင်းအူယားဖားယားဝင်ပြီး တခါးကိုဂျက်ထိုး

ပိတ်လိုက်၏။


ရင်ဘတ်မှာခရီးအဝေးကြီးဖြတ်သန်းလာရသူလို

မောပန်းမူအရှိန်ဖြင့်နိမ့်ချည်မြင့်ချည်ရှိနေသည်။


  မြင်လိုက်ရသောမြင်ကွင်းမှာကြောက်လန့်ရာကောင်း

 ပြီးဆန်းကျယ်သောမြင်ကွင်းမျိုးပင်။ 


တစ်မိသားစုလုံးသေဆုံးသည်ကိုမြင်လိုက်ရသလို၊

 သွေးအိုင်ထဲမှပြန်ထလာကြသောမြင်ကွင်းက

မျက်စိအမြင်အာရုံလှည့်စားမူမဟုတ်မှန်း 

မေနန်းသိနေ၏ ။


  ကြောက်ရွံ့တုန်လူပ်စိတ်ဖြင့်တခါးဆီစိုက်ကြည့်

နေစဉ်လူမမာအဘွားအိုအခန်းမှစကားပြောသံ ကြားလိုက်ရသောကြောင့် မည်သူနဲ့စကားပြောနေသလဲဟုနားစွင့်ကြည့်ရာအဘွားအိုအသံအပြင်နောက်အသံတစ်ခုထပ်ကြားနေရသောကြောင့်စိုးရိမ်စိတ်ဖြင့်စေ့ထားသောအခန်းတခါးကိုတွန်းဖွင့်၍အခန်းအတွင်း

ဝင်ကာတခါးဝင်ပေါက်မှပိတ်ထားသောမီးခလုတ်ကို

စမ်း၍ဖွင့်လိုက်ရာအဘွားအိုကုတင်ခြေရင်းနားတွင်

အခန်းဝကိုကျောပေးထားသောယောက်ကျား

တစ်ယောက်ကိုတွေ့လိုက်ရတော့သည်။


”..ဟေ့...ရှင်ဘယ်သူလဲ.. ဘယ်လိုအခန်းထဲရောက်လာတာလဲ...”


 ကြောက်လန့်သော်လည်းမာန်တင်းကာအသံလေး

တုန်တုန်ဖြင့် မေနန်းမေးလိုက်ချိန်တွင် အဘွားအိုဖက်လှည့်နေသူက သူမဖက်လှည့်လာပါတော့သည်။


...ဟင်...


 မျက်နှာတစ်ခုလုံးစိစိညက်ညက်ကြေကာသွေးသံတရဲရဲမျက်နှာကြောင့်လိပ်ပြာလွင့်မတတ်ထိတ်လန့်သွား

စဉ်လှဲနေသောအဘွားကြီးမှာကုတင်ပေါ်မှဆင်း၍

မတ်တတ်ရပ်လိုက်၏။


  ..ကောင်မလေး ဒါငါ့သားလေ 

ငါပြောနေတဲ့ငါ့သားလေးလေ...


..အား...အောင်မလေး သရဲ...သရဲ...


မေနန်းတစ်ယောက်မျက်နှာကြေနေသော

လူကိုတွေ့ရသောကြောင့်ကြောက်ရွံတုန်လူပ်နေစဉ်။


လေဖြတ်နေသောအဘွားကြီးကပါမတ်တတ်ရပ်

၍ပြောလာရာကြောက်လန့်တကြားဖြင့်အခန်းတခါးကိုဖွင့်၍အောက်သို့ပြေးဆင်းလာခဲ့တော့သည်။


   ကြောက်လန့်မူကြောင့် တခါးကိုဘယ်လိုဖွင့်မှန်း

လှေကားထစ်ဘယ်နှစ်ထစ်ခုန်ကျော်လာမိမှန်းမ

သိမေနန်းတိုက်ရှေ့လမ်းပေါ်ရောက်ချိန်ကျမှ

သတိဝင်တော့၏။


လမ်းပေါ်ခဏရပ်ပြီး

   လေးလွှာပေါ်မော့အကြည့်တွင် ငါးလွှာဝရန်တာပေါ်ထွက်ရပ်၍မေနန်းကိုစိုက်ကြည့်နေကြသောသွေးသံတရဲရဲဖြင့်မိသားစုကိုလှမ်းမြင်နေရသောကြောင့်

လမ်းထိပ်ဖက်ဆီသို့တရှိန်ထိုးပြေးထွက်လာခဲ့တော့

သည်။


     လမ်းထိပ်ရောက်သောအခါ ရပ်ကွက်လမ်းမကြီး

အတိုင်းစုန်ပြေးရင်း ညလုံးပေါက်ဖွင့်သောလက်ဖက်

ရည်ဆိုင်တစ်ဆိုင်ရှေ့ရောက်သောအခါတင်းထား

သောစိတ်ကိုဖြေလျှော့လိုက်သောခနတွင်မေနန်းသတိလစ်လဲကျသွားပါတော့သည်။


မေနန်းသတိရလာသောအခါ လက်ဖက်ဆိုင်ပိုင်

ရှင်မိန်းမ(နောက်မှသိ) ကဘေးမှစိုးရိမ်တကြီး

ယပ်တောင်တချောင်းနဲ့မေနန်းမျက်နှာယပ်ခတ်ရင်း ရှိနေသည်။


  မေနန်းမှာရင်ပူပြီးအာခေါင်များခြောက်ကပ်

နေသောကြောင့်ရေတစ်ဗူးကုန်ထိသောက်လိုက်ပြီး ဘာကြောင့်ပြေးလာသည့်အကြောင်းမေးမြန်းနေသူများကိုသူမကြုံတွေ့ရသမျှပြောပြလိုက်တော့၏ ။


  ”...ဘုရား...ဘုရား...ကံကြီးပေလို့ပေါ့ညီမရေ...”


  ”...ငါးလွှာရဲ့မျက်နှာခြင်းဆိုင်အခန်းကလူမနေဘူး

ငါးလွှာကတော့ ဘယ်သူမှကိုမနေတာ လွန်ခဲ့တဲ့နှစ်ကအရက်မူးနေတဲ့ပထွေးက မယားပါသားနဲ့သမီးကိုသတ်လိုက်တာ မိန်းမဖြစ်သူက အဲဒီလူကိုသတ်ပြီး သူ့ကိုသူသတ်သေလို့ လေးလောင်းပြိုင်သေကုန်ကြတာ။ 


တရားနာဆွမ်းကျွေးခနခနလုပ်ပေမယ့် 

မကျွတ်လွတ်ကြပဲ ခြောက်လှန့်နေတာမို့ အဲဒီအခန်းမှာတင်မကပဲ မျက်နှာခြင်းဆိုင်ကပါလူမနေရဲတာ...”


လက်ဖက်ရည်ဆိုင်ပိုင်ရှင်မိန်းမကမေးနန်းကိုအခန်းအကြောင်းရှင်းပြနေခြင်းဖြစ်၏ ။


   ” ဒါနဲ့ ကျွန်မ ပြုစုပေးရမယ့်အဘွားကြီးအခန်းမှာ

လူတစ်ယောက်မျက်နှာကြီးကြေပြီးတွေ့ခဲ့တယ်။


နောက်ပြီးလေဖြတ်နေတဲ့အဘွားကြီးကလည်း

ကုတင်ပေါ်ကဆင်းလာတယ်...”


   ”..သူတို့အကြောင်းတွေတော့သိပ်မသိပါဘူး

အဘွားကြီးကလေဖြတ်နေတာကြာပြီ သားအငယ်ဆုံးနဲ့ နေတာ သမီးတွေကတော့အိမ်ထောင်ကျပြီး မြို့ထဲမှာနေတာတော့သိတယ်.. ။


 သားအငယ်ဆုံးကလည်းကံဆိုးပါတယ်

ကုန်ခဲ့တဲ့လက ကားလမ်းဖြတ်အကူးကားတိုက်ခံ

လိုက်ရတာမျက်နှာတစ်ခုလုံးရစရာမရှိကြေကုန်တယ်။


သမီးတွေကသူတို့အမေရောဂါသည်ကြီးသားစိတ်နဲ့

တစ်ခုခုဖြစ်မှာစိုးလို့ ခရီးသွားနေတယ်ပဲလိမ်ထားကြတာ အဘွားကြီးခမျာသားသေလို့သေမှန်းမသိရှာပါဘူး. ။..”


   မနက်မိုးလင်းလူစု၍ လေးလွှာတိုက်ခန်းပေါ်

တက်ကြည့်ကြရာ အခန်းအတွင်းသေဆုံးနေသောအဘွားကြီးကိုတွေ့လိုက်ကြရ၏ ။


တစ်ခြားတိုက်ခန်းတွင်နေသူများမှာမကြာခန

ခြောက်လှန့်ခံရမူကြောင့်ညပိုင်းအသံများကြား

လျှင်ထွက်ကြည့်မရှိကြကြောင်းသိရ၏။


   မေနန်းမှာဖုန်းရှာရင်းအပေါ်တက်ကြည့်ရာ 

သူမဖုန်းအားလှေကားပေါ်ပြန်တွေ့ပြီး

ငါးလွှာတိုက်ခန်းကိုမရဲတရဲချောင်းကြည့်ရာတခါး

ပိတ်ထားသည်ကိုတွေ့လိုက်ရသည်။


   မေနန်းလည်း ဒေါ်မေသူထံဖုန်းဆက်၍သူမမိ

ခင်ဆုံးသွားကြောင်းပြောပြရာမကြာမှီတခြားသောမိသားစု၀င်များနဲ့အတူရောက်ရှိလာကြတော့သည်။


   မေနန်းမှာ ဒေါ်မေသူတို့မိသားစုရောက်လာသောအခါ အထုတ်အပိုးများယူကာတိုက်ခန်းမှဆင်းလာ

ခဲ့တော့၏။


  နူတ်ဆက်စကားပြောစဉ်ဒေါ်မေသူပေးသောပိုက်ဆံတစ်လစာကိုမယူလိုကြောင်းငြင်းခဲ့သေး၏ ။


  ညကအဖြစ်ကိုပြန်တွေးကြည့်ပါက သားကို

မျှော်နေသောအဘွားကြီးဆုံးချိန်တွင်

 သားဖြစ်သူဝိညဉ်ရောက်လာခြင်းဖြစ်နိူင်ကြောင်း 

မေနန်းတွေးကြည့်နေမိပြန်သည်။


   taxiတစီးလာ၍လက်တားကာစျေးမေးရန်

ခေါင်းခန်းမှယာဉ်မောင်းကိုကြည့်မိရာ

တိုက်တိုက်ဆိုင်ဆိုင်ပင်သူမယခုမြို့သို့လာစဉ်စီးနင်းလိုက်ပါလာသောယာဉ်မောင်းဦးလေးကြီးကားဖြစ်နေမှန်းသိလိုက်ရသည်။


”  မနက်အစောကြီးဒီဖက်ခရီးသည်ရလို့ဆွဲလာတာ

ဘယ်သွားမလို့လဲ.. အထုတ်အပိုးနဲ့...”


”...ရန်ကုန်ပြန်ပြောင်းတော့မယ် ဦးလေးရေ

ဦးလေးပြောတဲ့ အက္ခရာပျောက်မြို့မှာ

အသက်မပျောက်တာကံကောင်းလို့

..”


မေနန်းပြောစကားကိုကားသမားကြီးက

သဘောကျဟန်တဟားဟားရယ်မောရင်းကားလေးကမေနန်းကိုတင်ဆောင်၍လေးအက္ခရာဖျောက်

မြို့ကိုကျောခိုင်း၍ရန်ကုန်သွားလမ်းပေါ်

အရှိန်ဖြင့်ပြေးလွှားလျှက်ရှိနေပါတော့သတည်း။

..............................................


ယခုဝတ္ထုပါလေးအက္ခရာပျောက်မြို့မှာ ရန်ကုန်တိုင်း

ဒေသကြီး ယုဇနဥယျာဉ်မြို့တော်ပင်ဖြစ်ပါသည်။


လေးလမ်းနဲ့ဆယ့်သုံးလမ်းကို ယခုအချိန်အထိ

တစ်ခြားအမည်များဖြင့်သာပြောင်းလဲခေါ်ဆိုကြ

သည်မှာယနေ့အချိန်ထိပင်ဖြစ်ပါသည်။


============================


ပြီးပါပြီ


မြူခိုးအလင်္ကာ


rate now: