book

Index 24

အပိုင်း(၁၂) Zawgyi

မိုးသည်းည.....ကာရန်


~~~~~~~~~~


"သား မနက်ဖြန်အစောဆုံးကားနဲ့ပြန်လာခဲ့တော့။ ဝတ်စုံတွေလည်း မေမေတို့စီစဉ်ပြီးပြီ။ ဒီနေ့...အိမ်ရှေ့မှာ မဏ္ဍပ်ထိုးနေကြတယ်။ သားသူငယ်ချင်းတွေလည်း မနက်ကတည်းကရောက်နေကြတာ"


ရေပက်မဝင်အောင်ပြောသွားတဲ့ မိခင်ရဲ့စကားတွေကိုလည်း စွဲ မကြားတချက်၊ကြားတချက်ဖြစ်နေသည်။ မယုံနိုင်ခြင်းများစွာဖြင့် ဆွံ့အနေမိစဉ်၊


"အဟင်း...သားအရမ်းအံ့သြနေပြီထင်တယ်။ ကဲ..ကဲ...သားသိမ်းစရာရှိတာသိမ်းထား။ မေမေလည်း စာလုံးဖော်တဲ့လူမလာသေးလို့ လိုက်သွားရဦးမယ်"


"နေ...နေပါဦးမေမေ။မေမေတို့ တကယ်ကြီးလုပ်နေကြတာလား"


စွဲ စကားလုံးတွေထစ်ငေါ့ကာ နှာသီးဖျားမှာ ချွေးတွေပင်စို့လာ၏။ မေမေ ခုလိုချက်ချင်းကြီးစီစဉ်မယ်လို့ မထင်ခဲ့မိတာ သူမှားသွားသည်။ ရွှေကြုတ်ကို မေ့ပစ်ပြီးကတည်းက သူမအကြောင်းကို သူခေါင်းထဲမထည့်မိခဲ့။ မေမေလည်းမေ့မေ့ပျောက်ပျောက်ဖြစ်နေလောက်ပြီး ထင်ပြီး သူ မပြောဖြစ်ခဲ့တာ.. ခုတော့မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ကုန်ပြီ။


စွဲ...မင်းဘာလုပ်မလဲ။


"ဟဲ့....ဒါနောက်စရာကိစ္စများထင်နေတာလား။ဟိုမသွားခင် လက်ထပ်ချင်ပါတယ်ဆိုတော့လည်း မင်းဘဲ..ခုဘာဖြစ်ရပြန်တာလဲ စွဲ။ ငါတို့မျက်နှာပျက်အောင်တော့ မင်းလုပ်မယ်မကြံနဲ့။ မင်း တောင်းဆိုလို့ မိဘတွေကမဖြစ်မနေလိုက်လျောပေးရတာ...အမျိုးမျိုးမလုပ်နဲ့စွဲ။ မိန်းကလေးဘက်ကိုလည်း မင်းငဲ့ကွပ်ဦး"


ကျစ်!...မဟုတ်သေးပါဘူးမေမေရာ။ စွဲ မချင့်မရဲဖြင့် ခေါင်းခါလိုက်မိသည်။ ဒီကိစ္စက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စ။ 


"ခက်ပါလား မေမေရာ။ ကျွန်တော့်ကိုမတိုင်ပင်ဘဲလုပ်ချလိုက်ပြန်ပြီဗျာ"


"တော်စမ်း စွဲ။ လက်ထပ်ချင်တော့လည်း မင်းဘဲ ငါတို့မျက်နှာပျက်ရအောင် မင်းလုပ်နေတာလား။ ကောင်မလေးက ရိုးရိုးအေးအေးပညာတတ်လေး...တခါထဲပြောလိုက်မယ် စွဲ...မင်းသူ့ကိုဘဲ ယူရမယ်"


"ဟာဗျာ!.....မေမေနဲ့တော့ခက်ပါတယ် မမေးမစမ်းဘဲ လုပ်ချလိုက်ပြန်ပြီ။ ဒုက္ခတွေရောက်ကုန်ပြီနဲ့တူပါတယ်"


ရွှေကြုတ်နဲ့လက်ထပ်ချင်ပါတယ်လို့ပြောခဲ့တာလည်းစွဲ သူကိုယ်တိုင်မို့ မိခင်ကို ဘယ်လိုရှင်းပြရမလဲ မသိတော့ပေ။ ရေချိုးပြီးစမို့ လည်ပင်းမှာ ဘသတ်တစ်ထည်စုံချလျက် ရေလဲ ပုဆိုးတစ်ထည်သာဝတ်ထားသည်။ စိတ်ရှုပ်ရှုပ်ဖြင့် ရေစိုနေသည့်ခေါင်းကို သဘတ်ဖြင့်ပွတ်သုတ်ရင်း အခန်းထဲဝယ်ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည်။


ပြဿနာမှ တကယ်ပြဿနာကြီး။ ဖိတ်စာတွေဝေပြီးတဲ့အပြင် အိမ်ရှေ့မှာတောင် မဏ္ဍပ်ထိုးနေပြီတဲ့။ သူ ဘာလုပ်ရမလဲ..တောဓလေ့မို့ မဏ္ဍပ်ကို ကြိုဆောက်ကာ ရွာလုံးကျွတ်ကျွေးမွေးနေမှာ။ ခုချိန်မှ ငြင်းရင်လည်း အရှက်တွေကွဲရတော့မည်။ 


စောစောကမှ ရေချိုးထားပေမဲ့ သူ့တစ်ကိုယ်လုံးချွေးတွေပျံနေပြီ။ ချွေးစတို့ဖြင့် စိုနစ်နေသည့်မျက်နှာကို အကြိမ်ကြိမ်သုတ်ရင်း ပြောစရာ စကားလုံးရှာမရဖြစ်နေသည်။ 


ကျွန်တော် လက်မထပ်နိုင်ဘူးလို့ပြောလိုက်ရင် မေမေ အကြီးအကျယ်ရှော့ခ်ရသွားနိုင်၏။ တစ်နယ်လုံးပျံ့နှံ့ပြီးကာမှ သတို့သားဖြစ်တဲ့သူက လက်မခံရင် သူတို့မိသားစုရဲ့သိက္ခာတွေအပြင် မိန်းကလေးရဲ့အသိုင်းအဝိုင်းပါ အမည်းစက်စွန်းထင်းကုန်တော့မည်။ဇွတ်မှိတ်လက်ထပ်လိုက်ဖို့ကျပြန်တော့လဲ....ရွှေကြုတ်ရဲ့အပြစ်ကို သဘောထားကြီးကြီးနှင့်ခွင့်မလွှတ်နိုင်။ယခုမှ  ဆုပ်လည်းစူး၊စားလည်းရူးရတော့မဲ့ အဖြစ်...။


သူ့အတွက်ဇနီးကို ပညာတတ် လူလိမ္မာလေးသာ ဖြစ်စေချင်တဲ့မေမေ၊ဒီအကြောင်းတွေသာ အမှန်အတိုင်းသိသွားခဲ့ရင်...ခွင့်လွှတ်ကြည်ဖြူပေးမှာတဲ့လား။ သူ မထင်ပါ...မေမေရဲ့ စိတ်ကို သူအသိဆုံး...။ ပစ္စည်းဥစ္စာမချမ်းသာချင်နေ စာရိတ္တဆင်းရဲတဲ့မိန်းကလေးမျိုးကို မေမေဘယ်နည်းနဲ့မှ ချွေးမအဖြစ်အသိအမှတ်ပြုမှာ မဟုတ်။


"စွဲ...မေမေပြောတာကြားလား။ ဟဲ့ကောင်လေး ဘာလုပ်နေတာလဲ ။မေမေပြောတာရော ကြားရဲ့လား"


"ဗျာ!.....မေမေဘာပြောလိုက်တာလဲ"


စွဲ မိခင်ပြောတာ မကြားလိုက်တာမို့ နောက်တစ်ခေါက်ပြန်မေးလိုက်ရသည်။


"မင်းဘာဖြစ်နေတာလဲ စွဲ။ မေမေတို့မျက်နှာပျက်ရအောင်တော့မလုပ်နဲ့နော်...။ ဒီမှာ အားလုံးစီစဉ်ပြီးနေမှ..."


ဟူး....အဲဒါကြောင့် ကျွန်တော်စိတ်ညစ်တာ မေမေ။ ကျွန်တော်ဘယ်လိုဆုံးဖြတ်ရမလဲ။


"မင်းစွဲဘဏ္ဍာ..."


"ပြောပါမေမေ"


မေမေ သူ့နာမည်ကို အစအဆုံးခေါ်လိုက်ထဲက မေမေဒေါသအတိမ်အနက်ကို သူမှန်းလိုက်မိပြီ။ သူ့ကို ဒေါသဖြစ်ပြီဆို သူ့နာမည်အစအဆုံးခေါ်တော့သည်။


"ပညာတတ်၊ဥစ္စာပေါ၊ရုပ်ချောတဲ့ နတ်ပခြုပ်လိုမိန်းကလေးကိုမှ မင်းလက်မထပ်ရင် မင်းဘယ်လိုမိန်းကလေးမျိုးကို ယူမယ်စိတ်ကူးထားလို့လဲ ပြောစမ်း"


မေမေ နှုတ်ဖျားက စကားသံအဆုံး စွဲမျက်လုံးတွေ အဆမတန်ပြူးထွက်သွားလေသည်။ သူ နားကြားများလွဲတာလား...။ မေမေ ခေါ်လိုက်တဲ့နာမည်က သူ့အတွက် တကယ့်အစိမ်းသက်သက်။ 


"ဘယ်သူ....ဘယ်သူလဲ မေမေ"


အယောင်ယောင်အမှားမှားဖြင့် မရည်ရွယ်ဘဲ မေးခွန်းတစ်ခုက သူ့နှုတ်ဖျားကနေ အစီအစဉ်မကျစွာ ထွက်သွား၏။


"နတ်ပခြုပ်လေ....စနိုးရဲ့သမီးကြီး နတ်ပခြုပ်။ မေမေ သိတယ် သား...အငယ်မမြရွှေကြုတ်ကို မေမေနည်းနည်းမှ သဘောမကျဘူး။ မေမေ့ချွေးမ သူ့ကိုမေမေလက်သင့်မခံနိုင်ဘူး...စာရိတ္တပျက်ပြားတဲ့မိန်းကလေးမျိုးကို မေမေလက်မခံနိုင်တာလည်း သားကြိုသိနေမှာပါ။ ခု မေမေတို့အကြီးမလေးနတ်ပခြုပ်နဲ့သားကိုနေရာချထားပေးမှာ"


"ကျစ်!.....မေမေကလည်းဗျာ"


စွဲ ဆံပင်တွေထဲလက်ထည့်လျက် သုံးလေးချက်ဆင့်ပြီးခါထုတ်လိုက်မိသည်။ နတ်ပခြုပ်တဲ့ မြရွှေကြုတ်ရဲ့ အစ်မ...သူမကရော မြရွှေကြုတ်လိုအကျင့်စရိုက်မျိုးတွေရှိမနေပါဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ 


"ဘာမေမေကလည်းဗျာလဲ....မင်းအတွက်အသင့်တော်ဆုံးမိန်းကလေးက နတ်ပခြုပ်ကလွဲပြီးနောင့တစ်ယောက်မရှိတော့ဘူး စွဲ။ မေမေ အားလုံးစုံစမ်းပြီးပြီ...ကောင်မလေးက မင်းနဲ့လည်းသက်တူရွယ်တူ ပညာအဆင့်အတန်းချင်းလည်းအတူတူဘဲ။ ပြီးတော့ ကောင်မလေးက ဘာသတင်းမှ မထွက်တဲ့တကယ့်အရိုးခံလေး။ အကျင့်စာရိတ္တအားလုံးကောင်းတယ်။ နတ်ပခြုပ်လို အစစအရာရာပြည့်စုံတဲ့မိန်းကလေးမျိုး မေမေတို့နယ်တဝိုက်မှာ မရှိသေးဘူး။ မေမေကတော့ နတ်ပခြုပ်ကိုဘဲ မေမေ့ချွေးမအဖြစ်လက်ခံနိုင်မယ် စွဲ"


မေမေရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် စွဲ မျက်မှောင်ကျုံ့သွားရပြီး ဖုန်းကို ဘယ်ကနေညာသို့လက်ပြောင်းကိုင်လိုက်သည်။


"မင်းငြင်းဖို့မစဉ်းစားနဲ့ စွဲ။ မြရွှေကြုတ်အကြောင်းကို မေမေအားလုံးသိပြီးပြီ။ ညီအစ်မဆိုပေမယ့် သန့်စင်တဲ့မိန်းကလေးမျိုးကိုဘဲ မေမေတို့အသိုင်းအဝိုင်းထဲခေါ်နိုင်မယ်။ မြရွှေကြုတ်လို နာမည်ဆိုးနဲ့မိန်းကလေးကို မေမေ့သားလေးနဲ့ ဘယ်လိုမှ သဘောမတူနိုင်ဘူး...။ သူတို့ရွာနားက ကောင်လေးနဲ့သတင်းကိုလည်း သားကြားမှာပါ"


မေမေ ဟိုကိစ္စကို သိသွားပြီပေါ့။ ဟုတ်မှာပါလေ...လိုင်းပေါ်မှာ မိနစ်နှစ်ဆယ်လောက်ကြာသွားတာ တနယ်လုံးမပျံ့ဘူးလို့ ဘယ်သြးပြာနိုင်မလဲ။ 


"ကျွန်တော် သိပြီးပါပြီ မေမေ"


"ဒါတောင် မင်းက သူ့ကိုယူချင်သေးတာလား ...ဘာလဲ မင်းကလှည်းကျိုးဝင်ထမ်းချင်တာလား မင်းစွဲဘဏ္ဍာ...ပြောစမ်းပါ"


"ဟာ!....မဆိုင်တာ မေမေရာ။ ကျွန်တော်က အဲဒီလိုလုပ်စရာလား"


"အေး....အဲဒါဆိုလည်းပြီးတာဘဲ။ မေမေ စီစဉ်တဲ့ကိစ္စကို မင်းလက်ခံပါ။ မနက်ဖြန် ကားနဲ့ ပြန်လာခဲ့တော့"


"ကျွန်တော် လက်မထပ်ချင်သေးဘူးမေမေ။ ပြီးတော့...နတ်ပခြုပ်က...မြရွှေကြုတ်ရဲ့အစ်မအရင်းကြီး။ ဟာဗျာ...ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူးမေမေရာ"


ဟုတ်တယ်လေ...နတ်ပခြုပ်ဆိုတဲ့နာမည်တောင်သုံးခါပြည့်အောင်ကြားဘူးခဲ့တာမဟုတ်။ လူကိုတွေ့ဖူးဖို့ကတော့ ပိုတောင်ဝေးသွားသည်။ ကိုယ် မသိတဲ့ မိန်းမတစ်ယောက်ကို လက်မထပ်ချင်ပါဘူး။ မြရွှေကြုတ်နဲ့ပြဿနာတွေက ပြေလည်ရုံရှိသေးတာ သူ့အစ်မဆိုတာကြီးနဲ့ လက်ထပ်ရမယ်တဲ့လေ။ 


"တော်စမ်း မင်းစွဲဘဏ္ဍာ...မိဘကလက်နဲ့ရေးတာကို မင်းကခြေနဲ့ဖျက်ချင်တာလား။ ငါ့ကို ပေါ့သေးသေးထင်နေသလား စွဲ...အေး...ဒီပွဲကိုသာ မင်းမတက်ရင် နောက်နေ့ငါ့အလောင်းကိုသာလာကောက်ဖို့ပြင်ထားလိုက်..."


"မမေ.....နပေါဦး မမေ....ဟာ"


ဖုန်းချသွားပြီမို့ စွဲ ဖုန်းကိုင်လျက်ပြာလောင်ခတ်ကျန်ခဲ့သည်။ 


"ဘာလဲကြာ....."


ဖုန်းကို ခုတင်ပေါ်လှမ်းပစ်ပြီး ခေါင်းထဲလက်နှစ်ဖက်စုံထည့်လျက် ပါးစပ်ကနေ တအားအော်ပစ်လိုက်သည်။ ဖြစ်ချင်တိုင်းမဖြစ်ရတော့ ရင်တစ်ခုလုံးမွန်းကျပ်ပိတ်လှောင်နေရသည်။


ဘယ်လိုမှ ငြင်းမရအောင်ချောင်ပိတ်ရိုက်နေပြီမို့ သူ့ဘက်မှာ ငြင်းဆန်ဖို့ခွန်အားမရှိတော့ပါ။ 


မေမေရာ...ကိုယ့်သားလေးကို လွယ်လွယ်နဲ့သဘောတူလိုက်ရလား။ တဖက်မိန်းကလေးရဲ့အကြောင်းကို ခရေစေ့တွင်းကျသိအောင်မလုပ်တော့ဘူးလား။ 


အကျီဝတ်ဖို့တောင် ခွန်အားမရှိတော့သလို ခုတင်ပေါ် သူ့ကိုယ်ကြီးကို ပစ်လှဲချလိုက်သည်။ မွန်းကျပ်နေသည့် စိတ်ကဘယ်လိုမှ ဖြေဖျောက်လို့မရ...အိပ်ယာပေါ်လူးလွန့်နေပေမယ့် သူလက်ထပ်ရတော့မယ်ဆိုတဲ့အတွေးကြီးက နှိပ်စက်နေလေတော့၏။


"သူရိန်...."


အကျိုးအကြောင်းမေးကြည့်ဖို့ အနီးစပ်ဆုံးလူကို အပြေးအလွှားစဉ်းစားလိုက်တော့ သူရိန်မျက်နှာပေါ်လာသည်။ သီဟကို မေးလို့မဖြစ်ပါ...နတ်ပခြုပ်ကို သဘောကျနေပါတယ်လို့ သူ့ရှေ့မှာ ဖွင့်ဟပြောဘူးတဲ့ သီဟ။ သူနဲ့နတ်ပခြုပ်ကိစ္စကို သိပြီးလောက်ပြီ။ 


သီဟတစ်ယောက် ဘယ်လောက်ခံစားနေရမလဲ ...စွဲသူငယ်ချင်းဘက်ကတွေးမိတော့ ခံစားချက်ကပိုဆိုးသွားသည်။ သူငယ်ချင်း အချင်းချင်းသစ္စာမဲ့တဲ့ကောင် ဖြစ်နေပြီလား။


"အေး...စွဲကြီး...ငါတောင်မင်းဆီဖုန်းဆက်တော့မလို့..အစောကြီးလည်းမဆက်ရဲဘူးကွ။ တော်ကြာ...မင်းသင်တန်းချိန်နဲ့တိုးနေမှာစိုးလို့"


သူရိန်တို့ကို ဖုန်းနံပါတ်အသစ်ပြောင်းထားတာ ပေးပြီးထဲက တစ်ခါမှ မဆက်ဖြစ်။ သူရိန်ဖုန်းခေါ်တိုင်း သူ့သင်တန်းချိန်နဲ့အမြဲတိုးနေတော့ သူရိန်တစ်ယောက် ဖုန်းမခေါ်ရဲတော့ပေ။


"သူရိန်....မင်းကို ငါမေးစရာရှိလို့"


"အဟဲ....နတ်ပခြုပ်အကြောင်းလား...ဒါဆိုရင်တော့ သူ့ကိုသာမေးတော့ သားကြီးရေ"


သူရိန်က အမြင်ကပ်စရာအသံဖြင့် တဟားဟားရယ်မောနေတော့၏။


"အသံကိုက ကိုကိုဦးအသံနဲ့....တော်စမ်းဟေ့ကောင် ငါအကောင်းပြောမလို့"


"သတို့သားအသစ်စက်စက်ကြီးကလည်း ဒေါသကြီးပါ့...နတ်ပခြုပ်အစားငါတော့မတွေးရဲစရာဘဲ"


"ခွေးကောင် မင်းပါးစပ်ပိတ်ထား...မေးတာဖြေ အပိုတွေမပြောနဲ့...လေကအလကားရပေမယ့် ဘေကအလကားမဟုတ်ဘူး"


"မသိလို့ပါ ကိုကပ်စေးရယ်....အဲဒီလောက်ထိ စီးပွားရေးကိုနားလည်သွားတာ ကျေးဇူးတင်ပါတယ်"


သူရိန်က သူ့ကိုကပ်ရိနေတာမို့ ဖုန်းကိုနှုတ်ခမ်းနားကပ်လျက် ဆဲပေးလိုက်သည်။


"ဟား....ဟား...."


မနာတဲ့အပြင် သူရိန်တစ်ယောက် အအြင်ကပ်စရာကောင်းလောက်အောင်တဟားဟားအော်ရယ်နေသေးသည်။ အဲဒီလိုပါပဲ သူတို့သူငယ်ချင်းတွေက ပြောမနာ၊ဆိုမနာနဲ့ တစ်ယောက်စိတ်ညစ်ရင်တစ်ယောက်ကဖေးမဖို့အသင့်ရှိနေကြတာ။ ယခုလည်း...သူစိတ်ညစ်နေမှန်းသိလို့ သူရိန်တမင်စနေတာ။ စောစောက အလိုမကျတဲ့ခံစားချက်တွေက အနည်းငယ်လျော့ပါးသက်သာသွားသလိုလို။


"ရယ်မနေနဲ့ဟေ့ကောင်....သီဟတစ်ကောင်ရော"


"သီဟလား....အင်း ဒီကောင်လည်း မင်းတို့အိမ်ရောက်နေတယ် စွဲ"


"အိမ်မှာ ဟုတ်လား"


"ဟုတ်တယ် စွဲ။ ငါတို့တကယ်ကို မယုံနိုင်ဘူးကွာ။ မင်းနဲ့မြရွှေကြုတ်ပြတ်သွားပြီးမှ နတ်ပခြုပ်နဲ့ဘယ်လိုဖြစ်ပြီးတော့"


သူရိန်က စကားကို ထိန်းထိန်းသိမ်းသိမ်းပြောနေပေမယ့် စွဲ နားလည်နေသည်။ သီဟ အတော်ကြေကွဲနေရှာမှာ။


"ငါလည်း ဘယ်လိုမှ နားမလည်တော့ဘူး သူရိန်။ ဒီအကြောင်းတွေကို ခုမှ ငါသိရတာ။ ငါပြောတာကို မင်းယုံရဲ့လား"


"မင်းမလိမ်တတ်တာ ငါတို့အားလုံးသိနေတော့လည်း ခက်သားကွ။ မင်းနဲ့ကြိုက်တာက မြရွှေကြုတ်..ဟော..ခုလက်ထပ်တော့နတ်ပခြုပ်တဲ့။ ရေရေလည်လည်မျက်စိလည်တယ်သူငယ်ချင်း"


"ငါ လုံးဝမသိတာ သူရိန်။ မေမေက ငါ့ကိုမနက်ဖြန်ပြန်လာဖို့ခေါ်နေတယ်။ ငါ...ငါ အမှန်အတိုင်းပြောရရင် နတ်ပခြုပ်ကိုလက်မထပ်ချင်ဘူး"


"ဒါဆိုမြရွှေကြုတ်ကိုယူချင်တာလား။ ဒါဆိုရင်လည်း အလွယ်လေး သူငယ်ချင်း...ကျွန်တော်ကြိုက်တာ မြရွှေကြုတ်ပါ နတ်ပခြုပ်မဟုတ်ပါဘူးလို့ ပြောလိုက် သေချာတာတော့ မင်းအူပွင့်မှာဘဲ"


အရေးထဲ သူရိန်က လာနောက်နေသေးသည်။


"တော်စမ်းပါကွာ ဒီမှာညစ်နေရတဲ့အထဲ...နတိပခြုပ်ဆိုတာ နာမည်တောင်ရင်းနှီးတာမဟုတ်ဘူးကွ။ လူဆိုဝေးလာဝေးဘဲ..."


"ဒါဆိုရင်တော့ မင်းထက်ငါသာသွားပြီ သားကြီး။ သူ့ကိုသွားကြောင်းလမ်းတဲ့နေ့က ငါတို့မြင်ဖူးလိုက်တယ်ကွ။ဘယ်လိုလဲ မနာလိုဖြစ်သွားလား"


"ခေါက်ထားစမ်းပါကွာ...."


စွဲရဲ့လက်သုံးစကားကြောင့် တဖက်ကသူရိန် ရယ်မောလိုက်ပြန်ကာ၊


"မင်းကခေါက်ထားချင်တာလား စွဲ။ လုံးဝ အလန်းလေးနော်...."


"စိတ်ကိုမဝင်စားတာ...သူကပပဝတီလောက်ချောနေရင်တောင် ငါက ကုသမင်းမဟုတ်ဘူး သူရိန်"


"အေးပါ...ပြောထားဦးပေါ့...နတ်ပခြုပ်ကို မမြင်ဘူးသေးလို့ပါ...တခါလောက်မြင်ဘူးသွားရင်..."


"ဘာမှဖြစ်ဖို့မရှိဘူး....တော်ပြီဟေ့ကောင်...ဖုန်းချလိုက်တော့မယ်"


"နတ်ပခြုပ်နောက်တကောက်ကောက်လိုက်နေမှာ မြင်ယောင်သေးတယ်"


"စာရင်းထဲကို မရှိတာ....သားကြီး။ဒါပဲ..."


"စွဲ....နတ်ပခြုပ် ရန်ကုန်ရောက်နေတယ်တဲ့နော်...မနက်ဖြန်ပြန်ရင် စောင့်ခေါ်ခဲ့ဦး"


သူရိန်စကားမဆုံးခင် သူဖုန်းချပစ်လိုက်၏။သူရိန် ဘာပြောလိုက်မှန်း မသိလိုက်...။ သီဟ တစ်ယောက် သူ့ကိုစိတ်ဆိုးနေမလား။စွဲ သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်နေမိသည်။


"ကျစ်!....."


ဘယ်လိုမှ နေမရတဲ့အဆုံး ခုတင်ဘေးတွင်နေရာတကျထားသည့် ဗီရိုပုလေးရဲ့အံစွဲကို ဖွင့်လိုက်ပြီး အထဲက စီးကရက်ဗူးနဲ့မီးခြစ်ကိုနှိုက်ယူလိုက်သည်။ 


အံစွဲကိုပြန်ပိတ်ပြီး ဗူးထဲက စီးကရက်တစ်လိပ်ကိုထုတ်ယူကာ နှုတ်ခမ်းမှာတပ်လိုက်၏။ ပြီးတော့ အသင့်ရှိနေသည့်မီးခြစ်ဖြင့်မီးညှိပြီး နှစ်ချက်သုံးချက် အသက်အောင့်ပြီး ဖွာလိုက်သည်။ 


နတ်ပခြုပ်တဲ့...။ ဒီနာမည်ကို ကြားဖူးတာ ဒါပါနဲ့မှ နှစ်ခါ။ ပထမတစ်ခါတုန်းက သ့သူငယ်ချင်းသီဟပါးစပ်ဖျားမှ ဖြစ်သည်။ အဲဒီတုန်းက နတ်ပခြုပ်ဆိုတဲ့နာမည်ဆန်းနဲသူမကို စိတ်ဝင်စားခြင်းမရှိခဲ့သလို မေ့မေ့ပျောက်ပျောက်ဘဲနေခဲ့တာ။ တစ်ချိန်မှာ သူနဲ့ပက်သက်လာမယ်လို့ ဘယ်သူကထင်မှာလဲ။ 


ခုတော့ သူအမှတ်တမဲ့ထားခဲ့တဲ့အရာတစ်ခုက သူ့ဆီသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီ။ သူမက သူနဲ့လက်ထပ်ရမဲ့မိန်းကလေးတဲ့။ စွဲ ဘယ်လိုမှ မယုံနိုင်။ မေမေကိုယ်တိုင်ပြောသွားတာပေမယ့်...အိပ်မက်မက်နေသလိုဖြစ်နေသည်။


နတ်ပခြုပ်.....နတ်ပခြုပ်.....မင်းကဘယ်လိုမိန်းကလေးမျိုးလဲ။ မြရွှေကြုတ်လို ဆံပင်ရှည်ကြီးတရမ်းရမ်းနဲ့ ယောက်ျားတကာရဲ့အသည်းကို ခြွေနိုင်တဲ့ဆေးဆိုးပန်းရိုက်မျက်နှာပိုင်ရှင်လား။ 


စီးကရက်ကို အားပါးတရရှိုက်သွင်းရင်း သူ တွေးနေမိ၏။ မေမေ သဘောကျတဲ့မိန်းကလေးဆိုတော့ တော်ရုံမိန်းကလေးမျိုးမဖြစ်တန်ရာ။ အဟင်း....စိတ်ဝင်စားဖို့တော့ကောင်းနေပြီ နတ်ပခြုပ်။ မင်းရဲ့နာမည်နဲ့တင်အတော်ကြီး စိတ်ဝင်စားဖို့ကောင်းနေပြီ။


တလွန့်လွန့်တက်သွားသည့် မီးခိုးငွေ့တွေကိုလိုက်ကြည့်ရင်း စွဲ... သူမကို အတွေးထဲမှာ ပုံဖော်ကြည့်နေမိသည်။


~~~~~~~~~~~~~~~~~~~~~~~~~~


"ကဲဟယ်......"


"ဝုန်း!.....ဒုန်း....."


"ဖရော!......ဘုတ်!....."


"သွားကြ.....အားလုံးကလူလိမ်တွေ...အားလုံးကအလိမ်အညာတွေ...."


"ဒေါက်!....."


အိပ်ခန်းအတွင်း၌ရှိသမျှပစ္စည်းတွေအားလုံး ခဏချင်းပြန့်ကျဲကုန်၏။ တစ်ခန်းလုံး ရစရာမရှိအောင် ရှုပ်ပွသွားပြီး ထိုအရှုပ်တွေကြားထဲ ရွှေကြုတ် ထိုင်ချလိုက်ကာ မျက်ရည်များကပါပါးပြင်ပေါ်လိမ့်ဆင်းလာကြသည်။


"ဘာလို့လဲ....ဘာကြောင့် ပခြုပ်ဖြစ်နေရတာလဲ"


"ဘုန်း!...."


သူမရှေ့မှာ ရှိနေသည့်ပန်းရောင်စာအုပ်လေးကို အဝေးသို့လှမ်းပေါက်ပစ်လိုက်ကာ စိတ်ရှိတိုင်းရေရွတ်နေမိသည်။


"ဘာလို့ငါမဟုတ်ရတာလဲ။ စွဲက ငါ့အပိုင်....စွဲကို ငါပိုင်တယ်"


မျက်လုံးများကစူးရဲလာလျက် နှုတ်ခမ်းသားတွေကို တအားကိုက်ချလိုက်၏။


"စွဲကို ငါပဲ လက်ထပ်ရမယ်....ပခြုပ်...နင်ပိုင်ရမယ်မထင်နဲ့။ ဒီမဂ်လာပွဲကို ငါရအောင်တားမယ်"


နှုတ်ဖျားက စကားသံနှင့်အတူ သူမရဲ့မျက်လုံးများက မရိုးသားခြင်းများစွာဖြင့် ဘေးတိုက်ရွေ့လျားသွားသည်။


"အဟင်း.....ပခြုပ်...နင်ပိုင်ရှင်ဖြစ်လိမ့်မယ်မထင်လိုက်နဲ့"


ဗီရိုဆီရောက်သွားသည့်မျက်လုံးများက ကြောက်စရာကောင်းလောက်အောင် နီရဲနေလျက် နှုတ်ခမ်းများက အကျည်းတန်စွာမဲ့သွား၏။ထို့နောက်...ဗီရိုဆီတရွေ့ရွေ့တိုးကပ်သွားပြီး အံစွဲကို ဆွဲဖွင့်လိုက်သည်။


"ကျွီ!....."


ပိုးထည်တိုက်တစ်ခုရဲ့နာမည်နှင့် အိတ်ကလေးက သူမထည့်ထားတဲ့အတိုင်း အံထဲမှာ အခန့်သားနေရာယူနေသည်။ နာမည်ကြီးပိုးထည်တိုက်က သူမကို ပြူးပြဲလှောင်ပြောင်လို့နေသည်။


ရွံ့ရှာစရာတစ်ခုလို အိတ်ကို မမှိန်မသုန်စိုက်ကြည့်ရင်း၊


"ချွေးမအဖိုးတန်လေးကို ချစ်နေတယ်ပေါ့...အဟင်း...ငါ့အတွက်အဟုတ်ရင် နင်လည်းမဝတ်ရဘူး ပခြုပ်"


"ကြွပ်!....."


အံထဲကနေ ထုတ်ယူလိုက်ပြီး လက်ထဲပါလာတဲ့အိတ်ကို နာနာကြည်းကြည်းစိုက်ကြည့်နေလိုက်သည်။ သူမမျက်ဝန်းထဲမှာ ခံပြင်းနာကျင်ခြင်း၊ ရှက်ဒေါသဖြစ်ခြင်း၊ မနာလိုခြင်း၊မုန်းတီးရွံ့ရှာခြင်းများပေါင်းစည်းကာ ရောင်စဉ်တွေပြေးနေ၏။


"ပခြုပ်....နင်ဘာကြောင့်ကံကောင်းနေရတာလဲ။ စွဲရဲ့ကိုယ်ဝန်ကိုလည်းလွယ်ရတယ်..ခုတစ်ခါ စွဲကို ထာဝရပိုင်ဆိုင်ခွင့်ပါရလိုက်ပြန်ပြီ။ ဟင့်အင်း....ငါလုံးဝမနာလိုဘူး ပခြုပ်"


ပခြုပ်နဲ့ စွဲလက်မထပ်ဖြစ်အောင် သူမလုပ်ရမည်။ စွဲရဲ့အမေက ပခြုပ်ကိုစမြင်ထဲက အရမ်းလိုလိုလားနေခဲ့တာ...ပခြုပ်မှာကိုယ်ဝန်ရှိနေတယ်လို့ပြောလိုက်ရင် သူ့သားနဲ့သဘောတူနိုင်ပါဦးမလား။ 


မဖြစ်ဘူး...လုံးဝပြောလို့မဖြစ်ဘူး။ အဲဒီလိုပြောလိုက်မှ ဒီကိုယ်ဝန်က စွဲရဲ့ကိုယ်ဝန်မှန်းအားလုံးသိကုန်မှာ။ ငါ အသိပေးလိုက်မှ ကြော်ငြာသလိုဖြစ်သွားမှာ....ဘယ်သူမှ မသိတာပိုကောင်းတယ်။


အဟင်း....နင်စွဲကို လက်ထပ်ရမယ်လို့ထင်နေသလား ပခြုပ်။ မရဘူး....နင့်စိတ်ကူးတွေကို ငါကိုယ်တိုင်ဖျက်စီးပြမယ်။


မုန်းတယ်...ဒေါ်ထက်ထက်သာဆိုတဲ့အဲဒီမိန်းမကြီးကိုလည်းမုန်းတယ်။ ပခြုပ်ကိုကျတော့ သမီး..သမီးနဲ့ပါးစပ်ဖျားကမချဘူး...။ ငါ့ကျတော့ မိန်းမရှုပ်တဲ့။ တောက်!....ရှင်လည်း ကောင်းကောင်းကြီးအရှက်ကွဲစေရမယ် ဒေါ်ထက်ထက်သာ။ မြရွှေကြုတ်...အကြောင်းရှင် သိစေရမယ်။


ရှင်အရမ်းလိုချင်နေတဲ့ ချွေးမအလိမ္မာလေးကို ရှင်ရရစေမယ်။ ရွှေကြုတ် နာကြည်းစွာပြောရင်း အိတ်ကိုခုတင်ပေါ်မှောက်ချပစ်လိုက်သည်။ ထိုအခါ...သတို့သမီးဝတ်စုံတွေက ခုတင်ပေါ်အပုံလိုက် ကျလာ၏။


"အဟင်း!......"


မဲ့ပြုံးတစ်ခုနှင့် အဆုံးသတ်သွားပြီး စားပွဲပေါ်တင်ထားတဲ့ ကတ်ကြေးကို ရွှေကြုတ်လှမ်းယူလိုက်ကာ၊


"ရှင့်ချွေးမအတွက် အဖိုးတန်အဝတ်တွေ ပိုပြီးတန်ဖိုးကြီးသွားအောင် လုပ်ပြမယ် ဒေါ်ထက်ထက်သာ"


စကားသံနှင့်တပြိုင်နက် သူမလှုပ်ရှားမှုများက လျင်မြန်လွန်းသည်။


"ဗြီး!..........ဗြီး!......."


"ကဲဟယ်!......ကဲဟယ်......."


"ဗြီး!.........ဗြီ!........"


"ဟား......ဟား.......ရှင်ဘာတတ်နိုင်သေးလဲ....."


ချုပ်ပြီးသား မဂ်လာဝတ်စုံများက သူမလက်ထဲမှာ ပျက်စီးခြင်းသို့ဆို့ရောက်လေပြီ။ ကတ်ကြေးနှင့်ထိုးခွဲထားသည့် ဝတ်စုံများကို ကြည့်ပြီး သူမအားရပါးရရယ်မောနေမိတော့၏။


ကျွန်မ ရူးနေတယ်လို့ဆိုချင်လည်းဆိုလိုက် စွဲ။ရူးနေတယ်ဆိုရင်တောင်.. အဲဒါ...ရှင့်ကြောင့်ရူးတာ....။


~~~~~~~~~~~~~~~~~~~~~~~


ညနေခင်းရဲ့အလှအပကို ကုန်းတော်ပေါ်ကနေ စီးမိုးကြည့်ဖို့ ပခြုပ် ဘုရားကိုထွက်လာခဲ့တာ။ ရွှေတိဂုံဘုရားကုန်းတော်ကို စက်လှေကားဖြင့်တက်ခဲ့ပြီး မွေးနံထောင့်ကိုရောက်တော့ ကိုရဲက ပခြုပ်ကို သူမရဲ့မွေးနံထောင့်ဖြစ်တဲ့ကြသပတေးထောင့်မှာ ထားခဲ့ကာ သူ့မွေးနံထောင့်ကိုထွက်သွား၏။


ပခြုပ်ရဲ့မွေးနံထောင့်မှာ အောင်သပြေပန်းရဲရဲလေးတွေနဲ့ ဂန္ဓမာပန်းအဖြူများကို ကပ်လှူရင်းဆုတောင်းနေမိသည်။ ညနေစောင်းဆိုတော့ ကုန်းတော်ပေါ်မှာ ဘုရားဖူးတွေစည်းကားနေသည်။ သို့သော်...ပခြုပ်ရဲ့မွေးနံထောင့်မှာတော့ ပခြုပ်တစ်ယောက်ထဲသာ။


မနက်ဖြန်။ မနက်ဖြန်ဆိုတာ သူမမရောက်ချင်သော နေ့တစ်နေ့ပင်။ မေမေ့စကားကို မလွန်ဆန်နိုင်လို့ ပခြုပ်လက်ခံလိုက်ရပေမယ့် အပြစ်တစ်ခုကို ကျူးလွန်မိသလိုကြီး ခံစားနေရသည်။မိသားစုရဲ့အရှက်နဲ့သိက္ခာအတွက် ပခြုပ် မေမေ့စကားကိုလက်ခံခဲ့ရပေမယ့် တဖက်လူအပေါ် ပခြုပ်မတရားမှိန်းသိပါသည်။


"အရှင်ဘုရား...ဘဝဆက်တိုင်း သည်လိုဝဋ်ကြွေးမျိုးနှင့်ကင်းဝေးရပါစေဘုရား။ ဝဋ်ကြွေးဆိုရင်လည်း ဤဘဝ၊ဤမျှနဲ့ကျေပါစေ...."


ဆုတောင်းပြီးလို့ ဝတ်ဖြည့်နေစဉ်...သူမဘေးမှာ အရိပ်တစ်ခုလာရောက်ထိုးလာကာ ချိုအီအီရေမွှေးနံ့လေးတစ်ခု ပျံ့လွင့်လာ၏။ ဘုရားဖူးနောက်တစ်ယောက်ဆိုတဲ့အသိဖြင့် လက်ထဲကပန်းတွေကို ပန်းအိုးထဲသွားထိုးပြီး ရသေပ်ပါယျနလေိုကျသညျ။ မျက်ဝန်းထောင့်ကနေ အဖြူရောင်အရိပ်လေးကိုမြင်နေရကာ...ကိုယ်သင်းနံ့လေးက လေနှင့်အတူ တချက်တချက် သူမထံလွင့်လာ၏။


တစ်ဆယ့်ခုနစ်...တစ်ဆယ့်ရှစ်....။ဟင်....။

ရေသက်စေ့ပူဇော်နေစဉ်...သူမလိုပဲ ရေပူဇော်လာသူရဲ့မျက်နှာကို ဖျတ်ခနဲမော့အကြည့်...၊


"သူ....."


ကားပေါ်ကလူ...။ ပခြုပ်ကို ကူညီခဲ့တဲ့လူ။ သူကလည်း ပခြုပ်ကိုမြင်သွားကာ ပြုံးပြလာ၏။ လက်ခနဲပေါ်သွားသည့်သွားစွယ်လေးနှင့် ကြည်စင်နေသည့်မျက်နှာလေးကြောင့် ပခြုပ်ပြန်ပြုံးပြလိုက်ကာ၊


"ဘုရားလာတာလား..."


"အင်း.....တိုက်ဆိုင်ပြန်ပြီနော်...."


သူ့ပြောမှ ပခြုပ်နဲ့သူ မွေးနေ့တူနေတာကို သတိထားမိသွားရသည်။ ရေသက်စေ့လည်းပြည့်နေပေမယ့် ပခြုပ်ယောင်နနဖြင့် ခွက်ကလေးကို ဆက်ကိုင်ထားနေမိသည်။


"တစ်ယောက်ထဲလား....."


ရေပူဇော်ရင်း သူကမေးနေ၏။ ပါးစပ်က မနားသလို ရေပူဇော်တာလည်း မနားသည့် သူ့က စေ့စပ်သေချာသူတစ်ယောက်ပါလားဟု ပခြုပ် ကျိတ်ချီးကျူးလိုက်မိသည်။ ရသေပ်ပါယျရသေညျ့ လက်ချောင်းလေးတွေက မွှေးညှင်းတို့ဖြင့်ကြည်သန့်နေကာ နှစ်လိုဖွယ်ကောင်းနေ၏။မရှည်လွန်းမတိုလွန်းသည့်ဆံပင်များကို ဘေးခွဲဖီးလျက် ရခိုင်ပုဆိုးလေးကို လည်ကတုံးလက်ရှည်အဖြူလေးနဲ့တွဲဝတ်ထားသဖြင့် သူ့ပုံကသန့်ရှင်းချောမွေ့နေသည်။


ဟင်...။ ပခြုပ် ခိုးကြည့်နေစဉ် ဖျတ်ခနဲ သူမျက်လွှာပင့်လာသဖြင့် သူမ သူခိုးလူမိဖြစ်သွားရ၏။ 


"အဖော်မပါဘူးလား...."


သူက နောက်တစ်ခွန်းထပ်မေးလာတာမို့ ပခြုပ်ပြန်ဖြေမို့ ပါးစပ်ပြင်လိုက်စဉ်၊


"ပခြုပ်ရေ.....ပြန်ကြမယ်လေ ညီမလေး"


ကိုရဲရဲ့အသံက နောက်ပါးကနေ ထွက်ပေါ်လာ၏။


"ဟုတ်.....ပြန်မယ်လေ ကိုရဲ"


မလိုလားတဲ့အကြည့်တွေကြောင့် ပခြုပ် ရှိန်သွားရသည်။ ကောင်လေးတစ်ယောက်နဲ့အတူယှဉ်ရပ်နေတာမို့ ကိုရဲတမျိုးထင်ကာ မကြည်မလင်ဖြစ်နေပုံရ၏။


"သွားလိုက်ပါဦးမယ်ရှင့်"


သူ့ကိုနှုတ်ဆက်ပြီး ပုဝါလေးပခုံးပေါ်တင်လျက် လှည့်ထွက်သွားသည့် အနီရောင်အရိပ်လေးကို သူမရည်ရွယ်ပါဘဲ လှည့်ကြည့်လိုက်မိသည်။ ထိုစဉ်...၊


"ကိုရဲ စောင့်နေရတာ ကြားသွားသလား။ ပခြုပ် ရသေပ်ပါယျနလေို့နညျးနညျးကွာသှားတယျ"


ဟင်.....။ပခြုပ်....ပခြုပ်တဲ့....။စွဲ...မှင်သက်မိကာ အနီလေးရဲ့ကျောပြင်မှာ အကြည့်တွေစူးစိုက်သွားရသည်။


"ပခြုပ်......မင်းကနတ်ပခြုပ်လား"


အပိုင်း(၁၃)ဆက်ရန်


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: