book

Index 1

အပိုင်း(၁)

⛈⛈ မိုးသည်းည....ကာရန်⛈⛈

             

🌸~♥~🌸~♥~🌸~♥~🌸~♥~🌸~♥~🌸


"ဂျိမ်း!!............"


"ဂျိမ်း!!......ဒလိန်း......."


"အမေ့!........"


လျှပ်ရောင်တဝင်းဝင်း၊မိုးခြိမ်းသံတွေဆူညံ့နေ

သည့် ညတစ်ညမှာ မိန်းမပျိုလေးတစ်ယောက်...ပြတင်းတံခါးတွေကိုလိုက်ပိတ်နေလေသည်။ လျှပ်ရောင်တစ်ချက်လက်လိုက်တိုင်း သူမနှုတ်ဖျားကနေ အလန့်တကြားရေရွတ်သံလေး ထွက်ပေါ်လာပြီး ကိုယ်လေးကိုကျုံ့သွားတတ်လေ၏။ 


"ဂျိုင်း........ဒုန်း...."


"ဝေါ.....ဝေါ........"


တဝေါဝေါတိုက်ခတ်လာသည့် မိုးရဲ့ရှေ့တော်ပြေး  လေကြောင့် ပြတင်းပေါက်တံခါးရွက်တွေက ပြင်ထောင်ကိုပြေးရိုက်ပြီးပြန်ကန်ထွက်သွားတဲ့အသံက တိတ်ဆိတ်သည့် ဉာဥ့်ယံမှာ ကျယ်လောင်စွာထွက်ပေါ်လို့နေလေသည်။ လျှပ်ရောင်ဝင်းခနဲလက်လိုက်ချိန်ဝယ်...တိုက်ခံနှစ်ထပ်ပြင်ထောင်အိမ်ကြီးက ထင်းခနဲဖြစ်သွား၏။ 


"ဂျိမ်း!!........."


"ဖရော.......ဖရော.....ဖောက်....ဖောက်...."


လေနှင့်အတူရောလျက်...မိုးပေါက်များကသွပ်ပေါ်တစ်ဖောက်ဖောက်ကျဆင်းလာကာ

ပြတင်းတံခါးတွေလိုက်ပိတ်နေသည့် မိန်းမပျိုလေးကိုယ်လေးကိုပါ ပြတင်းပေါက်မှတဆင့်ပစ်မှန်ကုန်တော့သည်။ တဝင်းဝင်းလက်နေသည့် လျှပ်စီးများရဲ့အလင်းရောင်ကြောင့် အပြာရောင်ဒူးအတိဂါဝန်လေးပေါ် ခဲရောင်အနွေးထည်လေးထပ်ထားသည့် မိန်းမပျိုလေးရဲ့ပုံက မိုးမသည်းခင်ပြတင်းတံခါးတွေပိတ်ပြီးရေးကိုသာလောကြီးနေ၏။ပြတင်းပေါက်တစ်ခုကနေ တစ်ခုသို့ပြေးလွှားပိတ်ဆို့နေသဖြင့် ပုခုံးသာသာဆံပင်လေးတွေဝေ့ခါလျက် ဂါဝန်စလေးပါတဝဲဝဲ...။


"ဂျိုင်း!!.......ဒလိန်း......ဂျိမ်း....."


"မိုးနှောင်းပိုင်းမှ မိုးကလည်းကောင်းလိုက်တာ"


သူမနှုတ်ဖျားမှ ငြီးငြူသံတိုးတိုးလေးထွက်လာပြီး အိမ်တစ်ပတ်ချာလည်ရှိအပေါက်တွေကိုလိုက်ပိတ်နေလေတော့သည်။ မီးရောင်တွေလင်းထိန်နေသည့် အိမ်ကြီးထဲဝယ်..ကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်လို့နေသည်။အိမ်ရှေ့ဘက်ရှိ ပြတင်းပေါက်ကိုပိတ်ရင်း သူမအပြင်ကိုလှမ်းမျှော်ကြည့်လိုက်မိသည်။ ဉာဥ့်သိပ်မနက်သေးပေမယ့် ဘေးအိမ်တွေအားလုံးအမှောင်ချနေသည့်မြင်ကွင်းကြောင့် သူတို့လည်းစောစောအိပ်နေကြပြီဆိုတာ သိလိုက်သည်။


"ဒေါ်လေးငယ်တို့လည်းအိပ်နေကြပြီထင်တယ်။ မိုးကလည်းနော်...စပါးတွေရိတ်ချိန်မှ.."


ပြတင်းပေါက်ကနေ ခေါင်းပြူကြည့်နေရာမှ အထဲပြန်ဝင်လိုက်ကာ တံခါးကိုသေချာပိတ်လိုက်သည်။ တောအရပ်ဒေသမို့..နေ့ခင်းဘက်တွင် လယ်ထဲ၊ခြံထဲဝင်ကြကာ ပင်ပင်ပန်းပန်းလုပ်ကိုင်ကြပြီး ညဘက်ရောက်တဲ့အခါ စောစောအိပ်ယာဝင်ကြတော့သည်။တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ဝယ် နှစ်ထပ်ပြင်ထောင်အိမ်ကြီးတစ်ခုလုံးမှာ သူမတစ်ထောက်ထဲသာ။ အပေါ်ထပ်ရှိ ပြတင်းပေါက်တွေပိတ်ပြီးသွားတော့ ကျွန်းလှေကားကြီးပေါ်ကနေ သူမ ဆင်းလာခဲ့သည်။ထို့နောက် အိမ်ရှေ့တံခါးမကြီးဆီလျှောက်သွားပြီး ကျွန်းတံခါးရွက်နှစ်ချပ်ကိုဆွဲပိတ်လိုက်ချိန်.....၊


"ဂျိမ်း!!......."


"အမေ့!......."


လန့်သွားပြီး တံခါးရွက်ကို သူမ ယောင်၍လွှတ်မိကာ နောက်ကို နှစ်လှမ်းလောက်ဆုတ်မိသွားသည်။ထိုစဥ်....၊


"ဝေါ......ဝေါ.......ဝေါ........"


လေရောမိုးပါ ရောကာ စစ်ခင်းလေပြီ။ မိုးနတ်သားနှင့်လေနတ်သားတို့ အတူတူပူးပေါင်းစစ်စင်နေစဥ် တံခါးရွက်ကြီးကို ဆွဲပိတ်နေသည့် သူမမျက်နှာလေးမှာ စိုးရိမ်ပူပန်တဲ့သောကအရိပ်တွေအပြည့်။ တံခါးမကြီးပိတ်ပြီးသွားတော့ အိမ်ရှေ့ပြတင်းတံခါးတွေကို လိုက်ပိတ်ရင်း သူမမျက်လုံးတွေက အိမ်ရှေ့လမ်းမပေါ်သို့ တမျှော်မျှော်။ သူမမျက်လုံးတွေက တစုံတယောက်ပြန်အလာကို မိုးသည်းသည်းထဲဝယ် မျှော်နေပုံ။ သူမဖွင့်ထားသည့် MRTV-4 ရုပ်သံလိုင်းမှ ရှစ်နာရီလေးဆယ့်ငါးမှာ လွှင့်သည့် ဇာတ်ကားပင်လာနေပြီ။ သူမအကြိုက်ဆုံးဇာတ်ကားကပင် ခုချိန်မှာ သူမကိုမဆွဲဆောင်နိုင်တော့ပေ။ နောက်ဖေးဘက်ထွက်သည့် တံခါးပေါက်တစ်ခုကိုပါ ပိတ်လိုက်ရင်း ချမ်းအေးနေသည့် ကြားဝယ် သူမကိုယ်လေးမှာချွေးတစ်လုံးလုံးဖြစ်နေသည်။


"ကြာလိုက်တာနော်....မေမေတို့မရှိတယ်ဆို သူလုပ်ချင်တာလုပ်တော့တာဘဲ။ ဟင်း...ပြောစကားလည်းနားမထောင်ဘူး။ခုချိန်များမေမေတို့ပြန်လာရင်.... ဘုရား..ဘုရား..."


သူမရင်ဘတ်လေးကိုပြန်ဖိလျက် ဘုရားတလိုက်မိ၏။ ဖေဖေနဲ့မေမေက သူမတို့ရွာနဲ့သုံးမိုင်ခန့်ဝေးသည့် မြို့ပေါ်ရှိ မေမေ့ညီမနေမကောင်းလို့ သတင်းသွားမေးရင်း မနက်ဖြန်မှ ပြန်လာလိမ့်မည်။ အိမ်မှာသူမတစ်ယောက်တည်း။ 


"စပါးတွေ ရိတ်ချိန်မှ မိုးကကောင်းနေလိုက်တာနော်..."


လူကြီးလေးတစ်ယောက်လို ပူပင်နေရင်း ပြတင်းတံခါးတွေပိတ်လို့ပြီးသွားခဲ့လေပြီ။ ဖေဖေတို့မေမေတို့အခန်းထဲဝင်ကာ ပြတင်းပေါက်ကို ပိတ်လိုက်ပြီးစာအုပ်ဗီရိုထဲကနေ စာအုပ်တစ်အုပ်ဆွဲယူလာခဲ့သည်။ ပြီးတော့...တီဗီခုံပေါ်ခဏတင်လိုက်ပြီး ဘုရားခန်းနှင့် ဖေဖေတို့အခန်းကြားရှိ အခန်းထဲသို့

ဝင်လာခဲ့ရင်း ပွစလောင်းလန်နေသည့် စောင်တွေခေါင်းအုံးတွေကို နေရာတကျစီထားလိုက်သည်။ ထို့နောက်...ခုတင်ခြေရင်းမှာ ကွင်းလုံးချွတ်ကာပုံထားတဲ့ထဘီကို ကောက်ယူလိုက်ပြီး တန်းခေါ်ဖြန့်တင်လိုက်၏။ အောက်ခံအကျီတွေနှင့် ထဘီတွေ၊အကျီတွေကို လုံးထွေးထားတာမို့ သူမခေါက်လိုက်ပြီး ဗီရိုဘေးရှိ အဝတ်ခြင်းထဲ ထည့်လိုက်သည်။


"ပြောလို့လည်းမရပါလား...အဝတ်တွေကိုမသိမ်းဘူး...မိန်းကလေးဖြစ်ပြီးတော့။ အိမ်ထောင်ကျရင် ဘယ်လိုနေမလဲမသိဘူး"


ပွစိပွစိတဗြစ်တောက်တောက်ဆိုရင်း ပွစလောင်းလန်နေသည့်တစ်ခန်းလုံးကို လိုက်ရှင်းပေးနေလေတော့သည်။ စာကြည့်စားပွဲပေါ်မှာ ပြန့်လပြဲဖြစ်နေသည့် စာအုပ်တွေကို စီပေးရင်း ပန်းရောင်အဖုံးနဲ့စာအုပ်လေးတစ်အုပ်က သူမခြေတောက်ပေါ်လျောကျသွား၏။


"ဟင်!......."


"ဘာစာအုပ်လဲ....."


သံမံတလင်းပေါ် ထိုင်ချလိုက်ပြီး စာအုပ်လေးကို ကောက်ယူလိုက်သည်။ ထို့နောက် အဖုံးလေးကို ဆွဲလှန်လိုက်တော့...၊


"သြော်......."


ပြာလွင်လွင်နှင့် စိုတောက်နေသည့် ဂျင်းဘောင်းဘီကို အဖြူရောင် တီရှပ်လေးနဲ့တွဲဖက်ဝတ်ဆင်ကာ အပေါ်ကနေ အကွက်လက်ရှည်လေးကို တံတောင်အထိလက်ခေါက်တင်ပြီး နှုတ်ခမ်းလေးတွန့်ရုံပြုံးနေသည့် ယောကျ်ားတစ်ယောက်။ လူချောတစ်ဦးလို့မှတ်ချက်ပြုရင်း ဓာတ်ပုံအောက်က

ပန်းရောင်မှင်ဖြင့် ခပ်သော့သော့ရေးထားသည့် စာတန်းလေးက မျက်လုံးထဲဝင်လာ၏။

သူမဖတ်ကြည့်လိုက်တော့....၊


"အချစ်ဆုံး စွဲ"


စာတန်းလေးကြောင့် သူမအားရပါးရပြုံးလိုက်မိ၏။ ထို့နောက် စာအုပ်လေးကိုပြန်ပိတ်

လိုက်ကာ စားပွဲပေါ်တင်လိုက်ရင်း၊


"အချစ်ဆုံးဆိုတာရော တကယ်ရှိလို့လား...

အဟင်း....ဟင်း..."


တစ်ယောက်ထဲရယ်မောရင်း ထရပ်လိုက်ကာ ပြတင်းတံခါးကို ဆွဲပိတ်ဖို့လက်ရွယ်လိုက်ပြီးမှ သူမလက်လေးနောက်ပြန်ရုတ်သွား၏။ထို့နောက်...မပိတ်ဖြစ်တော့ဘဲ ခန်းစီးစလေးကို တွန်းဖယ်ကာ အခန်းထဲကနေ ပြန်ထွက်ခဲ့လေသည်။ မီးဖိုဆောင်ဘက်ကို လျှောက်လာရင်း ထမင်းစားပွဲပေါ်က မုန့်ဗူးကို ဖွင့်လိုက်ကာ မုန့်တစ်ခုယူပြီး မီးဖိုဆောင်ဘက်ကနေ အိမ်မဘက်ပြန်ကူးလာခဲ့သည်။


"ခုချိန်ထိပြန်မလာသေးပါလားနော်...။မေမေတို့သာသိရင် ငါပါရော အသတ်ခံရတော့မယ်"


တီဗီရှေ့မှာထိုင်လိုက်ရင်း မုန့်ဖောက်စားနေလိုက်ပြီး အသံကိုနားစွင့်နေလိုက်သည်။ အပြင်က မိုးသံလေသံက တဝေါဝေါရွာသွန်းနေဆဲ။လျှပ်စီးရောင်တွေနဲ့မိုးခြိမ်းသံတွေကြောင့် သူမကိုယ်လေးတုန် တုန်သွားကာဇာတ်ကားထဲလည်း စိတ်မရောက်တော့ပေ။တီဗီပိတ်လိုက်ပြီး စောစောက တင်ထားခဲ့​သည့် စာအုပ်ကိုယူလိုက်ကာ တီဗီရှေ့တွင် လဲလျောင်းလိုက်သည်။ ထို့နောက် စာအုပ်ကို

ဖတ်နေလိုက်သည်။ စာအုပ်က ဟိုတလောကမှ မေမေဝယ်လာတဲ့ဘာသာပြန်စာအုပ်တစ်အုပ်...။ စောစောက မေမေတို့အခန်းထဲဝင်ရင်း သူမမဖတ်ရသေးသည့် စာအုပ်ကို မွှေနှောက်ရှာလိုက်တော့ ဒီဘာသာပြန်စာအုပ်ပါလာခဲ့တာ။ မေမေနဲ့ခုရက်ပိုင်းစာအုပ်တွေအကြောင်း မပြောဖြစ်...။မေမေတစ်ယောက် လယ်တွေရိတ်သိမ်းဖို့ကိစ္စနဲ့အလုပ်များနေတာမို့ မေမေကိုယ်တိုင်ပင် စာအုပ်ကို ဖတ်ရသေးပုံမပေါ်။ 


စာရွက် တစ်ရွက်ချင်းလှန်လှောဖတ်လိုက်တော့ စိတ်ချောက်ချားစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတော့သည်။ ခုလို မိုးတွေသည်းနေသည့် ညမှာ ဒီလိုစာအုပ်မျိုးဖတ်ရတာ ပိုအရသာရှိနေ၏။ စူးစမ်းလေ့လာတတ်သည့်လူစွမ်းကောင်းတစ်ယောက်နှင့် ဝိဉာဥ်အကြောင်းကို ရေးသားထားတာမို့ အသည်းတအေးအေးဖြင့် ဖတ်နေရသည်။ အိမ်မှာ သူမတစ်ယောက်ထဲဆိုတာကို ခဏမေ့ကာ စာအုပ်ထဲစိတ်ရောက်သွား၏။ တခါတခါ..အသက်ရှူဖို့ပင်မေ့နေလေတော့သည်။ စိတ်ဝင်စားစရာ ဇာတ်ထဲစိတ်ရောက်နေရာမှ...၊


"ဂျိမ်း!!.....ဂျိုင်း...."


မိုးခြိမ်းသံနှင့် လျှပ်စီးလက်လိုက်တာမို့ သူမလက်ထဲက စာအုပ်လေးလွတ်ကျသွားတော့သည်။ စာအုပ်ကိုပြန်ကောက်ရင်း တိုင်ကပ်နာရီကိုမော့ကြည့်တော့ ညဆယ်နာရီခွဲလို့နေလေပြီ။ စာအုပ်ထဲစိတ်ရောက်နေတာမို့ အချိန်တွေ ကုန်လို့ကုန်သွားမှန်းပင် မသိ။စာအုပ်ကို ဗီရိုမြင့်ကြီးပေါ်တင်လိုက်ပြီး သူမမီးဖိုဘက်လျှောက်လာကာ ဘေစင်မှာ သွားတိုက်လိုက်သည်။ မျက်နှာတော့ မသစ်တော့..။ညအိပ်ယာဝင်ရင် သနပ်ခါးလေးနဲ့မှ အိပ်ပျော်တတ်သည့် သူမ..ညနေထဲက လိမ်းထားတဲ့သနပ်ခါးလေးတွေပျက်ကုန်မှာစိုးသည်။ မီးဖိုထဲက မီးတွေ ပိတ်လိုက်ပြီး အိမ်ရှေ့ပြန်ထွက်လာကာ အပြင်ကို နားစွင့်

နေလိုက်သည်။ ခုချိန်ထိ ဘာမှ မထူးခြား။


"ဘယ်တွေသွားပြီး ဘာတွေလုပ်နေပါလိမ့်နော်..။ဖုန်းဆက်ကြည့်ဦးမှ..."


ပလပ်ပေါက်ထိုးထားသည့် ဖုန်းကို ဖြုတ်လိုက်ပြီး ထိပ်ဆုံးက နာမည်လေးကို ခေါ်လိုက်သည်။


"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်..."


"ဟာ....ဘာလို့စက်ပိတ်ထားရတာလဲ.."


ဖုန်းလေးကို အကြိမ်ကြိမ်ခေါ်နေပေမယ့် လူကြီးမင်းနဲ့သာတိုးနေတော့သည်။ နောက်ဆုံး သူမသာ လက်လျှော့လိုက်ရပြီး မီးတွေပိတ်လိုက်သည်။ ထိုအခါ အိမ်ကြီးတစ်ခုလုံးက ကြောက်စရာကောင်းလောက်အောင်မှောင်မည်းသွားပြီး မိုးသံလေသံတွေကြားဝယ် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ ဒေါ်လေးငယ်တို့သာ သိသွားရင် ဒုက္ခ...။သူမတစ်ယောက်ထဲ သောကပွားနေရသည်။ Flashမီးလေးထိုးကာ အခန်းထဲဝင်ခဲ့ပြီး မိုးသည်းထန်နေသည့် အပြင်ဘက်ကို ပြတင်းတံခါးကနေ ခေါင်းပြူကြည့်လိုက်သည်။ ထိုအခါ...သူမမျှော်လင့်နေသည့် အရိပ်အယောင်ကို မမြင်ရဘဲ မိုးပေါက်တွေကသာ သူမမျက်နှာနဲ့ရင်ဘတ်ကိုပြေးမှန်ကုန်တော့သည်။ 


"ခက်တော့တာပါဘဲ....ဘာတွေလုပ်နေလို့ ကြာနေရတာလဲ"


တံခါးပေါက်လေးကို ဆွဲပိတ်ရင်း သူမဒေါသလေးနည်းနည်းထွက်လာ၏။ တံခါးဂျက်ကို မချဘဲ တံခါးရွက်ကို စေ့ရုံစေ့ကာ ခုတင်ပေါ် လှဲအိပ်လိုက်မိသည်။ ဖုန်းနောက်တစ်ကြိမ်ခေါ်ကြည့်ပြန်တော့လည်း စက်ပိတ်ထားတယ်ဘဲပြောနေတော့တာ...။ သူမ စိုးရိမ်စိတ်တွေ ပိုများလာရကာ.. အိပ်မပျော်နိုင်ဘဲ ဘယ်ညာလူးလိမ့်နေမိသည်။ တစ်ယောက်အိပ်ခုတင်ဆိုပေမယ့် အတော်အသင့် ကျယ်ဝန်းသည့် ခုတင်ပေါ်ဝယ် သူမကိုယ်လေး ဂနာမငြိမ်။ 


"ဝေါ....ဝေါ.....ဖရော.....ဖြောက်....ဖြောက်.."


မိုးက ပိုမိုသည်းလာကာ တံခါးတွေပိတ်ထားသည့် ကြားကနေ အပေါ်ထပ်ပြင်ထောင်ကို ရိုက်ခတ်သံတွေဆူညံနေ၏။ မှေးခနဲအိပ်ပျော်မလို့ဖြစ်သွားတာမို့ သူမ ထထိုင်လိုက်ကာ ဖုန်းလေးကို ဖွင့်ကြည့်လိုက်တော့ ညဆယ့်တစ်နာရီ။ သူမ သက်ပြင်းမောလေး ချလိုက်မိရင်း...ဖုန်းမီးရောင်ဖြင့်တံခါးပေါက်လေးကို ဖွင့်ကြည့်လိုက်မိပြန်သည်။ 


"ဟင်း....."


မိုးတွေသည်းနေသည့် တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကသာ စီးကြိုနေတာမို့ သက်ပြင်းရှည်လေးချကာ တံခါးပြန်မစေ့ဘဲ ခုတင်ပေါ်ပြန်လှဲချလိုက်သည်။ အရင်ညတွေက စပါးတွေ သိမ်းတဲ့အလုပ်တွေကြောင့် ဉာဥ့်နက်တဲ့အထိ နေခဲ့ရလို့ သူမအတော်ပင်ပန်းနေခဲ့တာ။ ခေါင်းအုံးထက် ခေါင်းတင်လိုက်တာနဲ့ မျက်တောင်လေးတွေ မှေးစင်းကျလာပြီး မျက်ခွံတွေပါလေးလံလို့လာသည်။

ထို့နောက်....မိုးသံလေသံကြားဝယ်သူမမျက်လုံးတွေဖွင့်မရတော့ဘဲ အိပ်ပျော်ခြင်းဆီသို့ ရောက်ရှိသွားလေတော့၏။


"ဝေါ......ဝုန်း.......ဒလိန်း.....ဂျိမ်း....."


~~~~~~~~~~~~🌸~♥~🌸~~~~~~~~~~~


"ဟင်......."


"ဝေါ.....ဝေါ......."


သူမ ခန္ဓာကိုယ်ကို ထိတွေ့လာသည့် အေးစက်စက် အထိအတွေ့ကြောင့် မျက်လုံးတွေ ဆတ်ခနဲပွင့်သွားရပြီး သူမကိုယ်လေးတွန့်သွားရ၏။


"အို!..........အမေ့...."


နောက်ကျောကနေ သိုင်းဖက်ထားသည့် တင်းကျပ်တဲ့အနှောင်အဖွဲ့နှင့်အတူ လည်ဂုတ်လေးကို ထိကပ်နမ်းခံလိုက်ရတာမို့ သူမကိုယ်လေး ဓာတ်လိုက်သလိုဖြစ်သွားရပြီး လန့်အော်လိုက်ကာ အတင်းရုန်းထလိုက်သည်။


"မရုန်းပါနဲ့ ရွှေကြုတ်ရယ် ချစ်လို့ပါ......"


ဟင်....။ သူမဂုတ်သားလေးကို ဖိကပ်နမ်းရှိုက်ရင်း တိမ်းမူးနေသည့် အသံကြောင့် သူမ

လန့်သွားရသည်။ ဘုရား...ရွှေကြုတ်ဆိုပါလား။ ဟင်အင်း...ဟင်အင်း....ငါ ရွှေကြုတ်မဟုတ်ဘူး။


"ဟင်အင်း....ကျွန်မ...ကျွန်မ ရွှေကြုတ်မဟုတ်ဘူး..."


သူမ အကြောက်အလန့်ငြင်းဆန်ကာ သူ့ရင်ခွင်ထဲကနေ အတင်းရုန်းထွက်နေပေမယ့် တင်းကျပ်လွန်းသည့် အနှောင်အဖွဲ့ကြားမှာ မလွတ်မြောက်နိုင်ခဲ့။ သူက သူမကိုယ်လေးကို ဆွဲလှည့်လိုက်ကာ တစ်ပတ်လှည့်လိုက်တော့ သူမကိုယ်လေးက သူ့ခန္ဓာကိုယ်အောက်သို့ အလိုလိုရောက်သွားရသည်။ မရင်းနှီးတဲ့ အထိအတွေ့မှာ သူမ အရမ်းကိုကြောက်လန့်သွားရ၏။


"အဟင်း.....ရွှေကြုတ်ရယ်....ရွှေကြုတ်က ကိုယ့်ကိုညာချင်တာလား။ မရဘူးနော်...ကိုယ်မတုံးဘူးရွှေကြုတ်...ချစ်တယ်"


"ဟင်အင်း...အို... မလုပ်ပါနဲ့။တောင်း...အို..."


သူမ ကြောက်လန့်ကာ တောင်းပန်ရင်း ရုန်းကန်နေပေမယ့် သူမမသိတဲ့သူက သူမရဲ့နှုတ်ခမ်းပြည့်ပြည့်လေးကို အပိုင်သိမ်းသွားခဲ့လေပြီ။ မရင်းနှီးတဲ့ သူနဲ့ သူမကိုယ့်အန္တရာယ်ကို ကိုယ်သိလိုက်လေပြီ။ ထိုလူ၏ ပါးစပ်ကထွက်ပေါ်နေသည့် သူမမနှစ်သက်တဲ့ရနံ့ကြောင့် သူမခေါင်းလေးခါယမ်းကာငြင်းဆန်နေ မိသည်။ ထိုရနံ့ဟာ ယာမကာနံ့မှန်းသိလိုက်တော့ သူမအသားတွေပါတုန်လာ၏။


"ချစ်လို့ပါ ရွှေကြုတ်ရယ်...မရုန်းပါနဲ့ကွာ"


"ဟင်အင်း...ဟင်အင်း....လွှတ်....."


"ချစ်တယ်......"


"အို...."


သူမ မျက်လုံးလေးတွေ ဝိုင်းသွားရကာ နှုတ်ခမ်းလေးနွေးထွေးသွား၏။ 


မေမေ....ကယ်ပါဦး။ ဟင့်....ဟင့်....မေမေ...သမီးကြောက်တယ်။ ကယ်ပါဦးမေမေရယ်။ ပါးစပ်က မအော်နိုင်တော့ မျက်ရည်တွေ တသွင်သွင်ကျလျက် စိတ်ထဲကနေ မေမေ့ကိုတနေမိသည်။


"ရှင်....လူယုတ်မာ...လွှတ်..........."


"ဂျိမ်း!!......."


"ဝေါ......ဝေါ.....ဝုန်း...ဝုန်း...."


မိုးက အညှိုးကြီးစွာ ရွာသွန်းချလိုက်တာမို့ ပတ်ဝန်းကျင်တစ်ခုလုံး မိုးသံ၊လေသံနဲ့ဖုံးလွှမ်းလို့သွားကာ သူမရဲ့ အော်သံတွေက ဗလုံးဗထွေးနဲ့ ပျောက်ကွယ်လို့သွားရသည်။ 


သူမ ဘယ်လို ရုန်းရုန်း မလွတ်မြောက်နိုင်ခဲ့။တင်းကျပ်တဲ့ အနှောင်အဖွဲ့ကြားမှာ သူမကျောပြင်တစ်ခုလုံးချွေးတွေနင့်နေလေပြီ။


"ချစ်လို့ပါ ရွှေကြုတ်ရယ်......."


မဟုတ်ဘူး....မဟုတ်ဘူး။ကျွန်မ ရွှေကြုတ်မဟုတ်ဘူး....။ ပါးပြင်လေးတွေ၊လည်တိုင်၊နှုတ်ခမ်း၊နဖူးနဲ့ဆံပင်တွေထဲ မွတ်သိပ်စွာနမ်းရှိုက်နေရင်း သူမနားရွက်လေးနားကပ်လျက် တိုးဖွဖွဆိုနေသည့် သူရဲ့ချိုမြမြစကားသံကြောင့် သူမနှုတ်ခမ်းသားလေးကို ဖိကိုက်ရင်း ငိုရှိုက်နေရာမှ အသံတိတ်ငြင်းဆန်နေမိလေသည်။ သူမ အင်အားတွေဆုတ်ယုတ်ကာစကားသံတွေပါ ထွက်မလာနိုင်တော့ပေ။ စကားဆုံးသည်နှင့် သူမနားရွက်ဖျားလေးကို သူ ဖွဖွလေးနမ်းရှိုက်လာ၏။ တင်းကျပ်လွန်းသည့် အနှောင်အဖွဲ့တွေကြားမလွတ်မြောက်နိုင်ခင် နောက်တစ်ကြိမ်ပြိုဆင်းလာသည့် အနမ်းရိုင်းများကြောင့် သူမနှုတ်ခမ်းလေးကို ဖိကိုက်လျက် အိပ်ယာခင်းကိုသာ မလွှတ်တမ်းဆုပ်ဆွဲထားလိုက်မိတော့၏။


မိုးသည်းညရဲ့ ပန်းချီတစ်ချပ်က စုတ်ချက်ကြမ်းကြမ်းဖြင့် အကျည်းတန်နေလျက်.....။


အပိုင်း(၂)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: