🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~
စာသင်ခန်းထဲမှ ထွက်လာကတည်းက
သူ မဆွဲရဲလောက်ဘူးအထင်နဲ့
သူမရဲ့သူငယ်ချင်းလက်ကိုတွဲလာသည့်
သူ့ရဲ့ပူတူးလေး။
ကလေးဉာဏ်လေးနဲ့ ဉာဏ်ထွင်နေသည့် ပူတူးကို
သူ လက်ပိုက်လျက်ကနေ ခပ်တည်တည်ပဲ ကြည့်နေလိုက်တော့ အစ်မတော်ချောက
သူ့ရှေ့ကနေ ခပ်တည်တည်ပဲဖြတ်လျှောက်သွား၏။
"ဟေ့ လာခဲ့''
"အာ့...
"ဟေ့လူ ခင်ဗျား ဒါ ဘာလုပ်တာလဲ''
ရုတ်တရက်မို့ သူ ပူတူးရဲ့လက်မောင်းလေးကနေ
ဖျတ်ခနဲလှမ်းဆွဲလိုက်တာနဲ့ ပူတူးက
သူ့လက်ထဲပါလာပြီး သူမရဲ့သူငယ်ချင်းက
သူ့ကို ရန်လိုသောမျက်လုံးများြဖင့် ကြည့်ကာ ရန်တွေ့လာသည်။
"ဘာလုပ်တယ်ထင်လဲ''
"ကျွန်မသူငယ်ချင်းကို အခုချက်ချင်း ပြန်လွှတ်ပေး လာ ခက်''
လွှတ်ပေးဆိုပြီး သူ့လက်ထဲမှ
ပူတူးရဲ့ကျန်တဲ့လက်တစ်ဖက်ကို ဆွဲယူနေတာမို့ ဂုဏ် ပူတူးရဲ့ပုခုံးမှဘေးတိုက်သိမ်းဖက်လိုက်ပြီး
"မိန်းကလေးချင်းမို့ ငါ့ခလေးအသားကိုထိတာ ကိစ္စမရှိပေမယ့် မင်းကြောင့် သူ့လက်ကလေးတွေနာသွားရင် မင်းမလွယ်ဘူးနော်''
"အံမယ် ရှင်က ဘာမို့လို့ ကြောက်ရမှာလဲ''
"ငါကိုဘာလို့ကြောက်ရမလဲဆိုတာ မင်းသူငယ်ချင်းကိုမေးကြည့်ပေါ့ ပူတူး ဖြေလိုက် မင်းနဲ့ကိုယ် ဘယ်လိုပတ်သတ်လဲဆိုတာ''
".......''
"ကိုကိုပြောနေတယ်လေ ပူတူး
ကိုယ်တို့ဘယ်လိုပတ်သတ်လဲဆိုတာ မင်းသူငယ်ချင်းသိအောင် ပြောပြလိုက်''
"..........''
"ပူတူး ကိုကိုပြောနေတာ နားမလည်ဘူးလား
အာ.. နေပါစေတော့ ကိုယ်ပဲပြောပြလိုက်မယ်
ဒီမှာ ကလေးမ မင်းသူငယ်ချင်း
နွေသစ်ခက်နဲ့ ငါနဲ့က ရည်းစားတွေ
ဘာလို့ရည်းစားတော်နေရတာလဲဆိုရင်
မင်းသူငယ်ချင်းက ငါ့ကို ကြိုက်တယ်လို့ပဲပြောသေးလို့ ငါ့အလိုဆိုရင် ချစ်သူဖြစ်ချင်တာ''
"ခက်...
ဂူးဂူး ထိုလူ့စကားကြောင့် ခက်ကို မယုံနိုင်သလိုလေးကြည့်ကာ ခေါ်လိုက်တော့ ခက်က မျက်နှာငယ်လေးဖြင့်သာ သူမကိုပြန်ကြည့်လာသည်။
"ခက် သူပြောနေတာဟုတ်လား''
"........''
"ခက် ဟုတ်လားလို့''
"ဟေ့ဟေ့ မင်း ငါ့ခလေးအသားကိုမထိနဲ့''
သူဖက်ထားသည့် ပူတူးရဲ့လက်အဖျားလေးကို လာဆွဲဖို့ပြင်နေတာကြောင့် ဂုဏ် ပူတူးကိုဖက်ထားလျက်ကနေ နောက်ဆုတ်ရင်းပြောလိုက်၏။
"ကဲ ကဲ ကလေးမ အခု ပူတူးကို သူ့ရည်းစားဖြစ်တဲ့ ငါ့လက်ထဲမှာထားခဲ့ပြီး ကိုယ့်လမ်းကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့သွား''
"အို.. ဒါက ဂူးဂူးသဘောပါ''
"အဟွန့် ဟုတ်ပြီလေ မင်းမသွားဘူးဆိုရင် ငါတို့သွားမယ် လာ ပူတူး''
"ဟင့်အင်း ခက် မလိုက်ချင်ဘူး''
"မရဘူး မင်းမှာငြင်းပိုင်ခွင့်မရှိဘူး''
ထိုစကားကိုသာပြောပြီး ခက်ရဲ့လက်ဖဝါးလေးကို သူ့လက်ဖြင့်ထပ်ကိုင်လိုက်ပြီး ထိုနေရာမှထွက်သွားရန်ပြင်နေတာမို့ ခက် ဂူးဂူးကို အားကိုးတကြီးကြည့်ကာ
"ဂူး ဂူး''
"ဘာမှ မဂူးနဲ့၊ မင်းကို ကိုယ်ဘာမှမလုပ်ဘူး''
ဘာမှမလုပ်မှန်းတော့သိတာပေါ့။
ရှင်နဲ့မျက်နှာချင်းဆိုင်ရမှာကို ကြောက်နေတဲ့ ခက်က ဘယ်လိုလုပ်ပြီး ရှင်ခေါ်ရာကို အသာတကြည်နဲ့လိုက်နိုင်မှာလဲ။
ခက် သူ့လက်ထဲမှာ ခပ်တင်းတင်းဆုပ်ကိုင်ထားသည့်
သူမရဲ့လက်လေးကို ပြန်ရုန်းကြည့်ပေမယ့် အချည်းနှီးသာ။
ကားပါကင်ရောက်မှ လွတ်ငြိမ်းခွင့်ရသည့်
နီရဲနေသော လက်ဖဝါးလေးကို ကျန်တဲ့လက်လေးဖြင့် ဖိပွတ်လိုက်တော့
"နာသွားလို့လား ဆောရီးကွာ
မင်းက အတင်းရုန်းတော့ လွတ်ထွက်မသွားအောင်လို့ ကိုယ်တမင်ခပ်တင်းတင်းဆုပ်ထားမိလိုက်တာ''
".......''
"အခု ကားပေါ်တက်တော့ မင်းနဲ့ရှင်းစရာရှိတယ်''
သူ ကားတံခါးဖွင့်ပေးလိုက်ပေမယ့် မတက်သေးပဲ ပေကပ်ကပ်လုပ်နေတာကြောင့် သူကပဲ ကားထဲကို အတင်းတွန်းထည့်လိုက်ရပြန်သည်။
သူကားထဲဝင်ထိုင်လိုက်တော့
သူမလေးက သူ့ကိုမျက်နှာလွှဲကာ ကားအပြင်ကိုသာငေးကြည့်နေတာမို့
"မင်းအရင်နေ့တွေက ကျောင်းမသွားဘူးလား''
"သွားပါတယ်''
"ဒါဆို ဘာလို့ ကိုယ်နဲ့မတွေ့တာလဲ''
"အစောကြီးထသွားတာ''
"အပြန်ကျတော့ရော?...
"အပြန်လဲ.... အာ့ ရှင်ဘာလုပ်တာလဲ?''
သူမေးသမျှကို မျက်နှာလွှဲပြီးဖြေနေတဲ့ ပူတူးကို
အသည်းယားလာတာကြောင့် ပုခုံးလေးမှဆွဲလှည့်လိုက်တော့ ဒေါသရိပ်ပါသည့် မျက်ဝန်းနက်နက်လေးတွေဖြင့်ကြည့်ကာ ရန်တွေ့လာပြန်သည်။
"ကိုယ့်ကိုကြည့်ပြောရမှာပေါ့ကွ ကားအပြင်မှာ ဘယ်သူရှိလို့လဲ ပြော အပြန်ကျဘယ်လိုပြန်တာလဲ''
"သူငယ်ချင်းတွေက အလှည့်ကျနဲ့ ဘတ်စ်ကားဂိတ်ထိလိုက်ပို့တာ''
"ဪ... ဉာဏ်ကြီးရှင်ပဲ''
မထင်ရဘူး ဒီလောက်လူကောင်သေးသေးလေးက ဒီလောက်ဉာဏ်များလိမ့်မယ်လို့။
သူ့ကို မကျေနပ်သည့်ပုံစံလေးဖြင့်
နှုတ်ခမ်းလေးစူပြီးထိုင်နေသည့် ပူတူးကို
သူသေချာလေးစိုက်ကြည့်လိုက်ပြီးမှ သူမမျက်နှာရှေ့တည့်တည့်ကို လက်ဖြန့်လိုက်ပြီး
"မင်းရဲ့ ဖုန်းပေး''
"ရှင်.!.! ဘာ ဘာလုပ်မလို့လဲ''
ခက်ပြန်မေးလိုက်တော့ သူက ဘာမှပြန်မပြောပဲ မျက်မှောင်ကျုံ့၍သာ ကြည့်နေတာကြောင့် ဘေးလွယ်အိတ်လေးထဲမှ ဖုန်းကိုထုတ်ယူကာ သူ့ထံလှမ်းပေးလိုက်၏။
"ဒီကောင်ဘယ်သူလဲ''
ဖုန်းဖွင့်ဖွင့်ချင်း စခရင်မ်ပေါ် ေပါ်လာသည့် ပုံကို ခက် ဘက်လှည့်ပြပြီး မေးနေသည့် သူ့ပုံစံက မှုန်ကုတ်လို့ပါပဲ။
"ဒီကောင် ဘယ်သူလဲလို့ ပူတူး''
"Khar Ra လေ''
"Khar Ra''
Khar Raဆိုပြီး ဖုန်းကိုပြန်ကြည့်နေသည့် သူ့ကို
ခက် ခေါင်းလေးငြိမ့်ပြလိုက်၏။
"ဒီကောင်နဲ့ မင်းနဲ့ ဘယ်လိုပတ်သတ်တာလဲ''
"ရှင်.!.!. ဘာကိုမေးတာလဲဟင်''
"မင်းနဲ့ ဒီကောင်နဲ့ ဘယ်လိုပတ်သတ်တာလဲလို့''
ခက်ကိုတစ်လှည့် စခရင်မ်ကိုတစ်လှည့်
လက်ညှိုးထိုးပြီး ပြောနေသည့် သူ့ကို ခက် မျက်လုံးဝိုင်းလေးဖြင့် အံ့ဩသလိုလေးကြည့်ကာ
"အဲ့ဒါ မောဒယ်လ် မင်းသားလေ''
ခက်ပြောလိုက်မှ ဟုတ်လို့လားဆိုသည့်သဘောဖြင့်
ဖုန်းကိုပြန်ငုံ့ကြည့်နေ၏။
ဘုရားကိုနောက်ခံထားပြီး လက်နောက်ပစ်ထားသည့်ပုံစံလေးဖြင့် ကင်မရာကိုတစောင်းလေးကြည့်နေသည့် Kha Raပံုစံက သူ့အတွက် ဘယ်နေရာက အဆင်မပြေလို့ပါလိမ့်။
ဒါ့အပြင် ပုံထဲမှာ Khar Raက မီးခိုးရောင်စတစ်လက်ရှည်ကို အပေါ်ဆုံးကကြယ်သီးတစ်လုံးဖြုတ်ပြီး ရွှေဝါရောင်ဖျော့ဖျော့လေး အပေါ်မှ အနက်ရောင်အစင်းကြားလေးတွေပါသည့် ပုဆိုးနှင့်တွဲဝတ်ထားတာမို့ မြင်လို့လဲ သင့်တော်ပါတယ်။ ဒါ့ကို ဘာလို့များ.....
"ဒီပုံကို ကိုယ်ဖျက်ပစ်လိုက်ပြီေနာ် ရတယ်မလား''
ဝတ္တရားအရသာမေးလိုက်တာပါ။
တကယ်က ဖျက်လို့တောင်ပြီးသွားပြီ။
"ကိုယ့်ဖုန်းနံပါတ်ကို ဘယ်လိုမှတ်ထားပေးရမလဲ
ကိုကိုလို့ပဲ မှတ်ပေးရမလား''
"ဒီအတိုင်း နာမည်ပဲမှတ်လိုက်ပါ''
"Fb viber Ig Twitter telegram ဘာသုံးလဲ''
"Fbပဲသုံးတာ''
ခက် ပြန်ဖြေလိုက်တော့ သူမရဲ့ဖုန်းကိုကြည့်ကာ ခေါင်းငြိမ့်ပြ၏။ မိနစ်အတော်ကြာသည်အထိ သူမဖုန်းကို ကလိပြီးမှ သူမထံကို ပြန်လှမ်းပေးလိုက်ပြီး
"ညကို ၉နာရီထိုးတာနဲ့ ကိုယ်ဖုန်းခေါ်မှာနော်
မကိုင်ပဲနေရဲရင် နေကြည့်လိုက်''
"၉နာရီဆိုရင် ခက် မအားဘူး''
၉နာရီဆိုတာက သူမနဲ့ မေမေ ညတိုင်းဘုရားဝတ်တက်နေကျအချိန်ပါ။
ဒါ့ကြောင့် တကယ်မအားလို့ပြောလိုက်သည်ကို
ထိုလူက မယုံသည့်မျက်လုံးများဖြင့် သူမကိုစူးစိုက်ကြည့်နေတာမို့..
"တကယ် အဲ့ဒီ့အချိန်ဆို မေမေနဲ့ ဘုရားဝတ်တက်နေကျ''
"ဒါဆို ဘယ်အချိန်အားလဲ''
"ဟင်... ဘာလုပ်ဖို့လဲ''
"ဖုန်းဆက်ပါတယ်ဆိုမှ စကားပြောချင်လို့ပေါ့''
"ဘာပြောမှာလဲဟင်...
အခုပြောလိုက်လို့မရဘူးလား''
"ဟ.. မင်းတော်တော်အမေးအမြန်းထူတာပဲ
မရဘူး အခုပြောတဲ့စကားနဲ့ ညပြောမယ့်စကားနဲ့မတူဘူး''
"ညကျရင် ဘာစကားပြောမှာမို့လို့လဲ''
"နွေ.. သစ်.. ခက်''
ခက် သူ့စကားကိုပဲ ထပ်ထပ်ပြီးမေးလိုက်တော့
သူက စိတ်မရှည်တော့သည့်ပုံစံဖြင့် သူမနာမည်ကို ဆောင့်ခေါ်လိုက်၏။ ထိုအခါမှ သူမက ဇတ်လေးပုဝင်သွားကာ ကားအပြင်ကိုငေးကြည့်နေ၏။
"အားအား မအားအား ညကျရင် ကိုယ်ဖုန်းဆက်မှာပဲ မင်းဖုန်းမကိုင်ရင် မင်းအိမ်အထိ ကိုယ်လိုက်လာမှာ ယုံတယ်မလား''
"ဒါပေမယ့်...
"ဘာမှဆင်ခြေမပေးနဲ့ ကိုယ်က ဖုန်းခေါ်ရင် မင်းက ဖုန်းကိုင်ကိုကိုင်ရမယ်''
"ခက် မအားဘူးလို့ ရှင့်ကိုပြော....
အာ့... ဘာ ဘာလုပ်မလို့လဲ''
ချက်ချင်းကြီးဆိုသလို ခက်ရဲ့ပါးနှစ်ဖက်ကို သူ့ရဲ့လက်တစ်ဖက်ဖြင့် ဖျစ်ညှစ်ကာ မျက်နှာနားအတင်းတိုးကပ်လာတာမို့ ခက် မျက်လုံးပြူးပြူးလေးဖြင့်မေးလိုက်တော့..
"မင်းသတ္တိကောင်းလွန်းနေလို့ ဆုံးမမလို့
ကိုယ့်ကိုဘယ်လိုခေါ်ရမယ်လို့ မင်းကိုသင်ထားလဲ ဟမ်''
"ဒါပေမယ့် ခက် မှ အဲ့လိုကြီးမခေါ်ချင်တာ''
"မခေါ်ချင်လို့မရဘူး
ခေါ်ရမယ် ကိုယ့်ကို ကိုကိုလို့ခေါ်ရမယ်''
"ဟင့်အင်း... ရှင်ဘယ်လို အွန့်..
စကားပြောခွင့်မရအောင် ခက်ရဲ့ နှုတ်ခမ်းလွှာလေးထက်တွင် သူ့ရဲ့ပြင်းရှရှအနမ်းတွေက အချိန်အတော်ကြာအောင်နေရာယူထားလိုက်ပြီး...
"အင့်... ဖယ် ရှင့်ကိုဖယ်လို့ပြောနေတာနော်''
"အခုကစပြီး ကိုယ့်ကို ရှင်လို့တစ်ခါပြောရင် တစ်ခါနမ်းမယ်''
ဂုဏ် သူမရဲ့ပုခုံးလေးတွေကို ကိုင်ထားလျက်ကနေပြောလိုက်တော့ သူမလေးက သူ့ကို အလွန်အမင်းဒေါသထွက်နေသည့်ပုံဖြင့်..
"ကျွန်မကို ဘယ်လို မိန်းမစားလို့ထင်နေတာလဲ ဟင် ကျွန်မ ရှင့်အပေါ်မှာ ဘာအပြစ်တွေလုပ်ထားလို့ အခုလိုမျိုး အနိုင်ကျင့်နှိပ်စက်နေရတာလဲ အင့် အဟင့်...
"ဟေ့ မင်းငိုမလို့လား အေး ငိုရဲရင်ငိုကြည့်စမ်း''
ဒီလူနဲ့တော့ ဒုက္ခပါပဲ။ အနမ်းလဲခံရသေးတယ် အဆူလဲခံရသေးတယ်။
ကလေးဆူသလို သူမကို လက်ညှိုးလေးထိုးပြီးဆူလိုက်တော့ ငိုဖို့အားယူပြီးရှိုက်နေရမှ တိခနဲငြိမ်သွား၏။
"ဒီမှာ ကိုယ့်ကိုကြည့်..
ကြည့်ဆို ကြည့်လိုက်နော် ပူတူး''
သူ့ကိုကြောက်တယ်သာပြောတာ။
သူ့စကားဆို ဘယ်တော့မှ တစ်ခါတည်းနဲ့ နားမထောင်သည့် ကောင်မလေးမို့ အခုလဲ နှစ်ခါထပ်ပြီး အမိန့်ပေးလိုက်မှ မျက်ရည်လေး ဝဲတဲ ဝဲတဲဖြင့် သူ့ကိုမော့ကြည့်လာပြန်ကာ..
"ကိုကိုက ပူတူးကိုချစ်လို့ နမ်းတာလေကွာ''
"ချစ်လို့ ''
ချစ်လို့ ဆိုသည့်စကားကို ခက် ထပ်မေးလိုက်တော့ ထိုလူက ပြုံးလျက်ကနေခေါင်းငြိမ့်ပြသည်။
ချစ်လို့လို့ပြောရအောင် ခက်တို့က အဲ့ဒီ့လောက်ရင်းနှိီးနေတဲ့သူတွေမှမဟုတ်တာ။ ထို့ကြောင့် ခက် သူ့ကို မျက်လုံးထောင့်ကပ်ကြည့်လိုက်ပြီး ခေါင်းလေးရမ်းလိုက်တော့..
"သိတယ် ကိုယ်ဒီလိုပြောရင် မင်းယုံမှာမဟုတ်ဘူးဆိုတာ ကိုယ်သိတယ်
အဲ့ဒါကြောင့် မင်းနဲ့အရင် နီးစပ်အောင် ရင်းနှီးအောင် ကိုယ်ကြိုးစားဖို့တွေးထားတာ
ဒါပေမယ့် မင်းက ကိုယ့်ကိုရှောင်တယ်လေ''
ဂုဏ် စကားကိုဆက်မပြောသေးပဲ
အခုထိ ကားပါကင်မှာရှိနေသေးတာမို့ ကားလေးကို စက်နှိုးလိုက်တော့...
"ဘယ် ဘယ်သွားမှာလဲ''
"ရောက်ရင်သိမှာပေါ့''
"ခက် ကအိမ်ပြန်မလို့''
"သိတယ် ပြီးရင် ကိုကိုလိုက်ပို့မယ်''
"နောက်ကျရင် မေမေမျှော်နေမှာစိုးလို့''
"နောက်မကျစေရဘူးကွာ''
ခက် အကြောင်းပြချက်အမျိုးမျိုးပေးလိုက်ပေမယ့် တစ်ခုမှမအောင်မြင်လိုက်။
ငြင်းမရ ပြုမရတဲ့ သူ့ကြောင့် နောက်ဆုံး ကားလေးက ခြံဝင်းကျယ်ကျယ်ကြီးတစ်ခုထဲကို မောင်းဝင်သွားသည်အထိ ခက် ငြိမ်သက်နေရဆဲ။
"လာလေ ဆင်းခဲ့''
"ဟင့်အင်း မဆင်းတော့ဘူး
ရှင်.. ဟို ကိုကိုလုပ်စရာရှိတာသာလုပ်ပါ
ခက် ကားပေါ်ကပဲစောင့်မယ်''
"မရဘူး ကိုယ် မင်းကို ဒီအိမ်ကိုခေါ်လာတာ အကြောင်းရှိလို့ ဆင်းခဲ့''
"ဟုတ်''
ကားတံခါးဖွင့်ပြီး သူမရဲ့လက်လေးကိုလှမ်းဆွဲလိုက်တော့ သူမက သူမရဲ့လွယ်အိတ်လေးကိုကိုင်ပြီးထွက်လာတာမို့..
"အဲ့ဒါတွေက ကားထဲမှာပဲ ထားခဲ့လေကွာ''
"ဟုတ်ကဲ့''
"အဟွန်း လိမ္မာတယ်''
သူမရဲ့ခေါင်းလေးကို အသာလေးပုတ်ပြီး ပြောနေတဲ့သူက ခုနကလူမှဟုတ်ရဲ့လား။
ပြုံးနေတဲ့မျက်နှာကကျတော့ အရမ်းနူးညံ့နေပြန်သည်။
ခက် ကားပေါ်ကဆင်းတာနဲ့ ခြံထဲကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ခြံတံခါးကနေ တိုက်လေးဆီမရောက်ခင်အထိ နေရာအလွတ်ကြီးတွင် အလယ်မှ ကားလမ်းလေးချန်ထားပြီး ဘေးတစ်ဖက်တစ်ချက်တွင်တော့ မြက်ခင်းပြင်စိမ်းစိမ်းလေးက နေရာအပြည့်ယူထားသည်။
"ဒီနေရာကို မှတ်မိလား ပူတူး''
"ဟင့်အင်း ခက် မှ မရောက်ဖူးတာ''
"ဟုတ်လား မရောက်ဖူးတာ သေချာလား''
"အင်း''
သူမအမှန်တိုင်းဖြေလိုက်ပေမယ့် ကိုကိုက ပြုံးထေ့ထေ့လုပ်နေတာမို့..
"တကယ် ခက် မရောက်ဖူးဘူး''
"ဟုတ်ပါပြီ အဲ့ဒီ့အချိန်တုန်းက မင်းက အရမ်းငယ်သေးတာကို''
"ဟင် ခက်က ဒီကိုရောက်ဖူးတယ်ပေါ့ ဟုတ်လား''
"လာ အိမ်ထဲဝင်မယ်''
သူမမေးတာကို ပြန်မဖြေပဲ ဆွဲခေါ်သွားပြန်တာမို့ သူမလဲအိမ်ထဲလိုက်ဝင်လိုက်ရပြန်သည်။
ခက်ရဲ့ရင်ဘတ်လောက်အထိ မြင့်သော ပန်းအိုးရှည်ရှည်သွယ်သွယ်ကြီးနှစ်အိုးက အိမ်အဝင်ပေါက်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီတွင် ခန့်ခန့်ညားညားကြီးရှိနေသည်။
ပန်းအိုးကြီးနှစ်လုံးရဲ့ အလယ်မှာရှိသည့် လမ်းလေးအတိုင်းဝင်သွားလိုက်တာနဲ့ ဧည့်ခန်းကျယ်ကြီးနှစ်ခန်းက လမ်းလေးရဲ့ဘေးတစ်ဖက်တစ်ချက်တွင် နေရာယူထားြပန်သည်။
အဲ့ဒီ့ဧည့်ခန်းတွေကို ကျော်သွားတာနဲ့ ဘာပရိဘောဂမှမရှိဘဲ အဖိုးတန်ေကာ်ဇောအပြည့်ခင်းထားသည့် ဟောခန်းကျယ်ကြီးက ကြိုဆိုနေသည်။
ခက် ထိုဟောခန်းကြီးရဲ့အလယ်တွင်ရပ်ကာ ရှေ့တည့်တည့်ကိုကြည့်လိုက်တော့ အပေါ်ထပ်ကိုတက်ရန်ပြုလုပ်ထားသည့် လှေကားကြီးကထင်းခနဲ။
လှေကားမှာ သာမန်ပုံသဏ္ဍာန် ရစ်ခွေထားခြင်းမဟုတ်။
အိမ်ကြီးပေါ်ကို တက်ရန် လှေကားနှစ်ဖက်ဖြင့်
ဂငယ်ပုံစံပြုလုပ်ထားပြီး အလယ်တွင်ပြန်ဆုံကာ ထိုလှေကားနှစ်ခုဆုံသော နေရာတွင် ဝရံတာပုံသဏ္ဍာန် ပြုလုပ်ထားသေးသည်။
ဒါ့အပြင် လှေကားနှစ်ဖက်စလုံးတွင် ကောဇောများကို အစမှအဆုံးခင်းထားသေးတာမို့ ခက် ကိုကို့ကိုပြန်လှည့်ကြည့်လိုက်ပြီး
"ဧည့်သည်လာမှာမို့လို့လားဟင်''
"မလာပါဘူး ဘာလို့လဲ''
"မသိပါဘူး ဧည့်သည်လာမှာမို့လို့ ပြင်ဆင်ထားတာလားလို့''
"ဪ.. အဲ့လိုထင်သွားတာလား
အဲ့ဒါက ဒီလိုရှိတယ် ပူတူးရဲ့
ကိုယ့်အဘွားရဲ့ အဘေးက ဘုရင့်အမှုတော်ထမ်းဆိုလားပဲ ကိုယ်တော့သေချာမသိပါဘူး
အဲ့ဒါကြောင့် သူတို့ကိုသူတို့ မင်းမျိုးမင်းနွယ်တွေဆိုပြီး ဒီအိမ်ကိုလဲ ရှေးတုန်းကပုံစံနဲ့ပဲဆောက်ထားကြတာ ပူတူးကြည့်ကြည့်ပါလား ဇာတ်လမ်းတွေထဲမှာတွေ့ရတတ်တဲ့ စော်ဘွားတွေရဲ့အိမ်လိုပဲ''
"ဪ...
"ဖေဖေ့လက်ထက်ရောက်မှ ဒီဘက်ခေတ်နဲ့အညီြဖစ်သွားအောင် ဒီဇိုင်းနည်းနည်းပြင်လိုက်တာ''
"ဪ...
သူဘာပြောပြော တဪဪဖြင့် ထူးဆန်းသလိုလေးနားထောင်နေသည့် သူမရဲ့နှာခေါင်းလေးကို ဖွဖွလေးဆွဲလိုက်လိုက်တော့ မျက်နှာလေးရှုံ့မဲ့သွားသေးသည်။
"ဒီအိမ်ကိုရော မမှတ်မိဘူးမလား''
"ခက် က ဒီအိမ်ကို တကယ်ရောက်ဖူးလို့လားဟင်''
"အွန်း ဒါေပမယ့် အဲ့ဒီ့အချိန်တုန်းက မင်းအရမ်းငယ်သေးတယ်''
ပြုံးနေတဲ့မျက်နှာနှင့်ပဲ သူမကိုပြောနေ၍လားတော့မသိ။ သူ့ကို သူမ သိပ်ပြီးမကြောက်တော့သလိုပင်။
"နောက်ထပ်တစ်နေရာကိုထပ်သွားကြည့်ရအောင်''
"ကျန်သေးတာလား''
သူမထပ်မေးလိုက်ပေမယ့် သူကပြန်မဖြေပဲ ရှေ့ကနေဦးဆောင်ပြီးထွက်သွားပြန်သည်။
"ဝိုး...
ရေကူးကန်နားအရောက် သူမလေးဆီမှ ထွက်လာသည့် အာမေဋိတ်သံလေးကြောင့် နောက်လှည့်မကြည့်ပဲ ပြုံးလိုက်ကာ
"သဘောကျသွားတယ်မလား''
"ဟုတ် အရမ်းလှတာပဲနော်''
"အဟွန်း... ဟုတ်တယ် လှတယ် ပြီးတော့ ဒီရေကန်နဲ့ပတ်သတ်ပြီးတော့လဲ အမှတ်တရတွေရှိသေးတယ်''
သူပြောရင်း နောက်ပြန်လှည့်လိုက်တော့
သူထင်သလို သူမလေးက ရေကူးကန်ကြီးကို သဘောကျနေခြင်းမဟုတ်ပဲ ရေကူးကန်ရဲ့အရှေ့ဘက်ခြမ်းမှာစိုက်ထားသည့် ခရေပင်တွေကိုသာ မော့မော့လေးငေးကြည့်နေ၏။
"အရမ်းလှတယ်ဆိုတာ ဒီခရေပင်တွေကိုပြောတာလား''
"ဟုတ်တယ်လေ ကိုကို''
"မင်းက ခရေပန်းကြိုက်တာလား''
"ခက်ကလား... ကြိုက်တယ်လို့လဲမဟုတ်ပါဘူး
ဒါပေမယ့် မေမေကတော့ ခရေပန်းဆိုတအားကြိုက်တာ
်ဘယ်လောက်အထိလဲဆိုရင် ပန်ပြီးလို့ညှိုးခြောက်သွားရင်တောင် လွှင့်မပစ်ရက်ပဲ သိမ်းထားတဲ့အထိ ချစ်တာ အဟွန်း''
"ကိုယ်မင်းကိုချစ်သလိုပေါ့''
ခရေပင်ကြီးကို မော့မော့လေးကြည့်ပြီး သူမလေးအမေအကြောင်းပြောပြီး ပြုံးနေသည့်ကလေးမလေး။ သူလဲဝင်ပြောလိုက်ရော မျက်နှာလေးက နှင်းဆီခင်းလေးသဖွယ် ရဲပေါက်သွားကာ တစ်ဖက်ကိုမျက်နှာလွှဲသွားတော့သည်။
"ပူတူး မေမေ ခရေပန်းတွေကိုချစ်သလိုပဲ
ကိုကိုက မင်းလေးကိုချစ်တာ''
".....''
"ဟေ့ ဘာလို့ ဟိုဘက်ကိုမျက်နှာလွှဲသွားတာလဲကွ
ဒီမှာ ကိုယ့်ကိုကြည့်''
"ဟင့်အင်း''
မျက်နှာလွှဲထားလျက်ကနေ ေခါင်းခါငြင်းနေသည့် သူမလေးကို သူပုခုံးလေးနှစ်ဖက်မှကိုင်လိုက်တော့...
"ခက် အိမ်ပြန်တော့မယ်''
"ကိုယ်ပြန်ပို့မှ ပြန်လို့ရမှာမဟုတ်ဘူးလား''
"ခက် ပြန်တတ်ပါတယ်''
"သိတယ် ဒါပေမယ့် ကိုယ်လိုက်ပို့မှပြန်ရမယ်
မင်းကိုစိတ်မချလို့ ဘာလို့စိတ်မချလဲဆိုတာသိတယ်မလား''
"ခက်က ကလေးမှမဟုတ်တာ''
"ကလေးမဟုတ်လို့စိတ်မချတာပေါ့''
တကယ်ပါ။
ထိုနေ့က သူ့စိတ်တိုင်းကျ သူ့အိမ်မှာအကြာကြီး
ခေါ်ထားသည်။
ခရေပန်းတွေကောက်ရင်းကနေ မှတ်မိလားလို့မေးသလို ရေကူးကန်ကြီးကို ကြည့်ခိုင်းပြီး သတိရပြီလားလို့ မေးပြန်သည်။
သူဘာမေးမေး ခက် တကယ်မသိတာမို့ မသိဘူးလို့ဖြေရင်လဲ သူကစိတ်မဆိုးပဲ ပြုံးပဲပြုံးနေတတ်သည်။
အခုလဲ ပြန်ပို့မယ်ဆိုပြီး ဘာလုပ်ဖို့များအပေါ်ထပ်တက်သွားသလဲ မသိ။
အိမ်ရှေ့မှာရပ်ထားသည့် ကားအနားတွင် ရပ်ပြီး
အိမ်ထဲမှ ထွက်မလာသေးသည့်သူ့ကို ခေါင်းလေးတမျှော်မျှော်ဖြင့် လှမ်းကြည့်လိုက်စဥ်...
"ဝူး... ကျွိ..''
ရပ်ထားသည့် သူ့ရဲ့ကားနောက်တွင် အဖြူရောင်နောက်ထပ်ကားတစ်စီး ရပ်သွားပြီး ထိုကားထဲမှ အမျိုးသမီးဆင်းလာတာမို့ ခက် ဘာရယ်မဟုတ် လှည့်ကြည့်လိုက်တော့...
"ဂုဏ်လေးဧည့်သည်ထင်တယ်''
"ရှင်.... ဟုတ်ကဲ့''
"ဪ... နှင်းဆီမြိုင်က ကလေးမလေးမလား''
"ဟုတ်ကဲ့ မမ''
အနွယ် သူမကိုခေါင်းလေးငုံ့ပြီးဖြေလိုက်သည့် ကလေးမလေးကို ေသသေချာချာစိုက်ကြည့်လိုက်သည်။
ကော်ဖီရောင်ပေါ်မှ အနက်ရောင် အပွင့်သေးသေးလေးတွေပါသော မြန်မာဝမ်းစက်လေးနဲ့ တင်ပါးအထိရှည်သော ဆံနွယ်တွေကို နှစ်ထပ်စည်းပုံစံလေးပြုလုပ်ကာ တစ်ရစ်ကို ဖြန့်ချထားသည်။
ခြေချောင်းသွယ်သွယ်လေးအောက်က
အနက်ရောင် ကတ္တီပါဖိနပ်အပါးလေးကို
အကြည့်ရောက်သွားခိုက်...
"ဪ... မကြီးရောက်နေတာလား?''
မေးတာက သူမကိုမေးတာဖြစ်ေပမယ့်
ကြည့်နေတာက ခုနက ကလေးမလေးကို။
ဒါ့အပြင် ကလေးမလေးရပ်နေသည့်နေရာကို
လျှောက်သွားပြီး အဲ့ဒီ့ဘက်က ကားတံခါးပါဖွင့်ပေးလိုက်သေးသည်။
"တက်တော့ ပူတူး
နောက်ကျလို့ မေမေမျှော်နေဦးမယ်''
ဂုဏ်ကသာ ပြုံးချိုနေသည့်မျက်နှာကြီးဖြင့်
ပြောနေတာဖြစ်ပေမယ့် ကလေးမလေးက
ခေါင်းတစ်ချက်ငြိမ့်ပြရုံကလွဲပြီး ဘာမှပြန်ပြောခြင်းမရှိ။
ထို့နောက် ဂုဏ်ဖွင့်ပေးထားသည့် ကားထဲကို
ကလေးမလေးဝင်ရန်ပြင်လိုက်တော့
ဂုဏ်က ကလေးမလေးခေါင်းနဲ့တိုက်မိမှာစိုး၍ထင်ပါရဲ့။ ကားတံခါးဘောင်လေးကို လက်ဖြင့်ကာပေးထားသေးသည်။ဒါကို ဟိုကလေးမလေးက သတိထားမိပုံမရ။
အချေစတိုင်လ်အပြည့်ဖြင့် နေလာသည့်
ကိုယ့်မောင်ရဲ့ကျဆုံးခန်းကိုကြည့်ကာ
အနွယ်ပြုံးလိုက်စဥ် ဂုဏ်က ဒီဘက်ကိုပြန်လျှောက်လာနေတာမို့ သူမ ဂုဏ့်ရဲ့လက်ကိုဆွဲကာ
"ဂုဏ် အဲ့ဒါ ဘယ်သူလေးလဲ''
"မကြီးရဲ့ ယောင်းမအလောင်းအလျာလေး''
"ဟင် တကယ်လား''
"မယုံလဲမတတ်နိုင်ဘူး''
သူမကို ပုခုံးတစ်ချက်တွန့်ကာ ကားပေါ်တက်သွားသည့် ဂုဏ့်ကြောင့် အနွယ် ကလေးမလေးအကြောင်းတွေကို သေချာမမေးလိုက်ရပေမယ့်
စိတ်ထဲမှာတော့ ဘာကိုကျေနပ်သွားမှန်းမသိ။
>>>>>>>>>><<<<<<<<<<
"ဝသန်ကလဲကွာ သူငယ်ချင်းအချင်းချင်းကြီးကို
အဲ့လိုကြီးတော့မလုပ်ပါနဲ့''
နေအရိပ် သူ့ကိုကျောပေးပြီး ရပ်နေသည့် ဝသန့်ကို ယောက်ျားကြီးတန်မဲ့ လိုက်ချော့နေရသည်။
"ဝသန် ဟျောင့်... ''
"ဘာလဲကွာ မင်းမပြန်သေးဘူးလား''
"မင်းမှ ငါပြောတာကိုယုံမပေးတာကို''
"ယုံချင်စရာကြီးကိုကွ''
ဝသန် နောက်လှည့်ကြည့်ပြီးပြောလိုက်တော့
နေအရိပ်မျက်နှာကြီးရှုံ့မဲ့သွားကာ
"ကျန်တာတွေမယုံလဲရတယ်ကွာ
ဒီတစ်ခုကိုတော့ ယုံပေးစမ်းပါ
မင်းညီမကို ငါတကယ်ချစ်တာ''
"ဟျောင့် နေအရိပ် မင်းလွန်လာပြီနော်''
"ငါအမှန်အတိုင်းပြောနေတာ
ငါဘယ်လိုလုပ်ပြရင် မင်းယုံမှာလဲ ဟမ်''
"ဘယ်လိုမှမယုံဘူး''
"ဟာ အဲ့ဒါကတော့ မင်းသပ်သပ်ညစ်တာပဲ
ငါဝန်ခံတယ်ကွာ အရင်က ရည်းစားတွေများချင်များမယ် အဲ့ဒါအရင်ကပဲလေ အခုနဲ့ဆိုင်မှမဆိုင်တာ မင်းအနေနဲ့ ငါ့ကိုမယုံဘူးဆိုတာလဲ လက်ခံတယ် ဒါပေမယ့် အခုလိုကြီးတော့ မငြင်းသင့်ဘူး''
".......''
"ဝသန် ဝသန် ဟျောင့် ဝသန်လို့ဆို''
တမင်ညစ်ပြီးမထူးပဲနေပေမယ့်
သူမထူးမချင်းဆက်တိုက်ခေါ်နေတော့မှာကို
သိတာမို့ နေအရိပ်မျက်ခွက်ကြီးကို မျက်မှောင်ကုတ်ကြည့်လိုက်ပြိီး
"ဘာလဲကွာ''
"မင်းက ငါ့ကို ရည်းစားများလို့ မင်းညီမနဲ့သဘောမတူနိုင်ဘူးပြောထားလို့ အခုတွဲနေတဲ့ ကောင်မလေးတွေ အကုန်ဖြတ်ထားတာနော်''
"အဲ့ဒါဘာလုပ်ရမှာလဲ''
"ဘာလုပ်ရမျာလဲကွ သစ်ခက်လေးနဲ့ ငါ့ကို သဘောတူပေးလိုက်ပေါ့''
"သဘောတူရအောင် မင်းတို့ကကြိုက်နေတာမှမဟုတ်ပဲ''
"ငါဘက်ကတော့ သစ်ခက်လေးကိုချစ်တာ 100%သေချာတယ်ကွာ''
တကယ်ကြီးကို ရူးနေသည့် နေအရိပ်ကြောင့်
ဝသန်စိတ်ရှုပ်လာရသည်။
မိန်းမရှုပ်တာကလွဲရင် ကျန်တာအပြစ်ပြောစရာမရှိတဲ့ကောင်မို့ အခု ရည်းစားတွေပါဖြတ်ပစ်ထားတယ်ဆိုတော့ အပြစ်ရယ်လို့ထောက်ပြစရာမရှိ။
ဒါ့ကြောင့် သူ့ကိုမျှော်လင့်တကြီးကြည့်နေသည့်
နေအရိပ်ကို မျက်လုံးစွေကြည့်လိုက်ပြီး
"မင်းက ငါ့ညီမကိုတကယ်လက်ထပ်မှာမို့လို့လား''
"ဟမ်...
သူမေးလိုက်တော့ ပါးစပ်အဟောင်းသားဖြင့်
သူ့ကိုတအံ့တဩကြည့်နေသည့် နေအရိပ်ကို ကြည့်ကာ မဲ့ပြုံးလေးပြုံးလိုက်ပြီး
"မဖြေနိုင်ဘူးမလား မင်း ငါ့ညီမကို အရင်ကောင်မလေးတွေလိုပဲ အပျော်တွဲဖို့တွေးထားတာမလား ဟုတ်တယ်မလား''
"ဟျောင့် မဖြေနိုင်လို့မဟုတ်ဘူး
မင်းပြောတာကိုအံ့ဩသွားလို့ကွ
မင်းသာသဘောတူရင် မင်းညီမကို
ငါအခုချက်ချင်း တရားရုံးခေါ်သွားပြီး လက်ထပ်လို့ရတယ် ဘယ်လိုလဲ သဘောတူလား''
ထိုစဥ် သူတို့ရှေ့မှဖြတ်လျှောက်လာသည့်
နွေသစ်ခက်ကြောင့် နှစ်ယောက်လုံးငြိမ်ကျသွားပြီး
"ညီမလေး ပြန်လာပြီလား''
"အမလေး လန့်လိုက်တာ
ကိုကို်ကလဲ ဘာလို့ဒီလောက်အကျယ်ကြီး ခေါ်ရတာလဲ''
"ဟောဗျာ ကိုကိုကပုံမှန်အတိုင်း ခေါ်တာပါကွာ ဘာတွေတွေးနေလို့ ဒီလောက်တောင် လန့်သွားရတာလဲ''
"ဟင့်အင်း မတွေးပါဘူး တကယ် ဘာမှမတွေးဘူး''
ကိုကို့ကို လိမ်လိုက်ရပြန်ပြီ။
အမှန်က လမ်းထိပ်အထိလိုက်ပို့ပေးတဲ့ ဟိုလူပြောသွားသော ညကျရင်ဖုန်းဆက်ဆိုတဲ့ကိစ္စကို
တွေးပြီးလမ်းလျှောက်လာခြင်း။
"မေမေက အိမ်ကြီးထဲမှာလားဟင်''
"ဟုတ်တယ် ညီမလေးလဲ သွားနားတော့လေ''
"ဟုတ်''
နွေသစ်ခက် သူတို့နားကနေထွက်သွားတာနဲ့
နေအရိပ်က ခုနကစကားကိုစလာပြန်သည်။
"သဘောတူတယ်မလား ဟမ်''
"သဘောတူတယ် မတူဘူးဆိုတာက
မင်းနဲ့ငါ့ညီမအပေါ်မှာမူတည်တယ်
ငါ့ညီမက မင်းကိုလက်ခံရင် မင်းကလဲ အရင်လိုမဟုတ်တော့ရင်တော့.... အွန်း..
"အွန်းဆိုတာက ဘာလဲကွ သဘောတူတာလား မတူတာလား''
"ငါပြောပြီးပြီပဲ မင်းနဲ့သစ်ခက်လေးအပေါ်မှာပဲ
မူတည်တယ်လို့
ကြိုးစားကြည့်ပေါ့ကွ ဒါပေမယ့်တစ်ခုတော့ရှိတယ်နော်
ငါ့ညီမဆန္ဒမပါရင် ငါလက်ခံမှာမဟုတ်ဘူး
ပြီးတော့ ငါ့ညီမသိက္ခာကျမယ့်လုပ်ရပ်တွေ မလုပ်ရဘူး နောက်ပြီး...
"ငါသိပါတယ်ကွ စိတ်ချ ငါ့ကြောင့် သစ်ခက်လေးစိတ်မဆင်းရဲစေရဘူး''
"ပြီးတာပဲ''
ဒီကောင် နေအရိပ်က တစ်ခါ တစ်ခါ အရမ်းဒူတာပဲ။
ကိုယ်ကြိုက်ရင် ကိုယ်ဘာသာရအောင်လိုက်ပေါ့။
အခုတော့ ညီမကိုကြိုက်တာနဲ့ အစ်ကိုကို လာဖားနေရတယ်လို့။
>>>>>>>>>><<<<<<<<<<
အိမ်ရှေ့က ကားရပ်သံကြားတာနဲ့
အနွယ် ဧည့်ခန်းထဲ ထိုင်နေရာကနေ အိမ်ရှေ့ကိူအပြေးရောက်သွားကာ
"ပြန်လာပြီလား ဂုဏ်လေး''
"အွန်း မကြီးက မပြန်သေးဘူးလား''
ကားသော့ခတ်ပြီး အိမ်ထဲဝင်လာသည့် ဂုဏ်က
အနွယ့်ကို ခေါင်းလေးငဲ့ကြည့်ပြီးပြောကာ အိမ်ထဲတန်းဝင်သွား၏။
"မပြန်သေးဘူး မင်းကိုစောင့်နေတာလေ''
"ဘာလုပ်ဖို့စောင့်နေတာလဲ''
ခြေလှမ်းကျဲကျဲဖြင့် လမ်းလျှောက်ရင်း စကားပြောနေသည့် ဂုဏ်က လှေကားပေါ်တက်ဖို့ပြင်နေတာမို့ အနွယ် လက်ကနေလှမ်းဆွဲထားလိုက်ပြီး
"နေပါဦး ဂုဏ်ရဲ့ မမ မင်းကိုမေးချင်တာရှိလို့ပါ''
"ပူတူးအကြောင်းမလား''
"ပူတူး ပူတူးဆိုတာ ခုနက ကလေးမလေးကိုပြောတာမလား''
"အွန်း''
"မမက သူ့အကြောင်းထက် မင်းအကြောင်းကိုပိုသိချင်တာ၊ မင်း အဲ့ကောင်မလေးကို တကယ်ချစ်တာလား၊ ဒါမှမဟုတ်ရင် အရင်လို အပျော်တွဲဖို့သပ်သပ်လား''
"ကျွန်တော် သူ့ကိုလက်ထပ်မှာ''
"ဟမ် ဘယ်လို ဘယ်လို.... ဒါဆို မင်းက..
သူမထပ်မေးဖို့ပြင်လိုက်ပေမယ့်
ဂုဏ်က လှေကားတွေကိုဖြတ်နင်းပြီး
အပေါ်ထပ်ကိုတလွှားလွှားတက်သွားချေပြီ။
"ဂုဏ် မင်းကို ဟိုကပြန်လာပြီးကတည်းက လုံးဝပျက်စီးနေတယ်ဆိုပြီး ဖေဖေက ပြောနေတာနော်''
"ဟုတ်တာ ပြောတာပဲလေ''
"ဒါတော့ ဒါပေါ့ဟဲ့
ဒါပေမယ့် မင်းက ဖေဖေကျေနပ်အောင် ဖေဖေ့အလုပ်ထဲဝင်လုပ်လိုက်ရင်...
သူမစကားမဆုံးခင် ဟိုးအပေါ်ထပ်က ဝရံတာကနေ သူမကိုငုံ့ကြည့်လာသည့် ဂုဏ်က
"ကျွန်တော်အလုပ်လုပ်မှာပါ
ဒါပေမယ့် ဖေဖေ့လို ဝန်ထမ်းတွေကို အားကိုးပြီး
နှစ်ရှည်လများလုပ်နေရမှာတော့ မကြိုက်ဘူး''
"မင်းက ဘာလုပ်ချင်တာမို့လို့လဲ
မင်းလုပ်ချင်တာကို မမတို့ကိုပြောလေ
လိုအပ်တာတွေကိုလုပ်ပေးမှာပေါ့''
"ပိုက်ဆံလိုတယ်လို့ထင်ေနတာေတာ့ မဟုတ်လောက်ပါဘူးနော်''
ဂုဏ် ခပ်ပြုံးပြုံးဖြင့်မေးလိုက်တော့
မကြီးက အောက်ထပ်ကနေ အပေါ်ထပ်ကို လှမ်းပြီးမျက်စောင်းထိုးကာ
"အမလေး မင်းချမ်းသာမှန်းသိပါတယ်နော် ဟွန့်
တကတည်း ကြွားစရာမရှိ ကိုယ်အစ်မ ကိုယ်ပြန်ကြွားနေရတယ်လို့''
"ကြွားတယ်လို့ထင်ရင်လဲ မတတ်နိုင်ဘူး
မကြီးတို့က အလုပ်မလုပ်ပဲနေရင် ပိုက်ဆံမရှိဘူးလို့ထင်နေကြတာကို''
"မထင်ပါဘူး မင်းကိုတော့ ပိုက်ဆံမရှိဘူးလို့
မထင်ပါဘူး၊ အလုပ်လုပ်မယ်ဆို အရင်းအနှီးလဲရှိရဲ့သားနဲ့ ဘာလို့များအချိန်ဆွဲနေရတာလဲဟယ်''
"သူများပိုက်ဆံနဲ့ မလုပ်ချင်လို့''
"ဒါဆိုလဲ ကိုယ့်ပိုက်ဆံနဲ့လုပ်နိုင်အောင် ကြိုးစားရမှာပေါ့ ဘာကိုစောင့်နေတာလဲ ဂုဏ်ရယ်''
"မိန်းမ မရသေးလို့လေ''
"ဒါဆို မိန်းမရရင်တော့ အလုပ်လုပ်မယ်ပေါ့
အဲ့လိုလား''
ဒါကျတော့မဖြေ။
သူမကို လှောင်ပြုံးလေးပြုံးကြည့်ပြီး
လှေကားရဲ့ဟိုးဘက်ထိပ်က သူ့အခန်းဆီဝင်သွား၏။
"ဒီကောင်လေးနဲ့တော့ ခက်တာပဲ ဟင်း...
နေစမ်းပါဦး ပူတူးဆိုတဲ့အခေါ်အဝေါ်လေး ကြားဖူးပါတယ် ဘယ်မှာကြားဖူးပါလိမ့်''
အနွယ် ကားလေးဆီပြန်သွားရင်း စဥ်းစားနေပေမယ့် ဘယ်လိုမှစဥ်းစားမရ။ ဘယ်လိုမှစဥ်းစားမရတဲ့အဆုံး သက်ပြင်းရှည်ကြီးချလိုက်ပြီး.....
>>>>>>>>>><<<<<<<<<<
📞🎼 စေ..လိုရာ စေလိုက်တော့သခင်
သခင်..လိုရာ အဆင်သင့်ဖြစ်မယ်
📞🎼 အရာ..ရာကို ပိုင်စိုးတဲ့သခင်
ဆိုနေတဲ့သီချင်းများ ရှင်သန်ရခြင်းဘဝ
ဒါတွေအားလုံး ဖန်ဆင်းပေးတဲ့သခင်
📞🎼 စေ..လိုရာ စေလိုက်တော့သခင်
သခင်..လိုရာ အဆင်သင့်ဖြစ်မယ်
📞🎼 အရာ..ရာကို ပိုင်စိုးတဲ့သခင်
ဆိုနေတဲ့သီချင်းများ ရှင်သန်ရခြင်းဘဝ
ဒါတွေအားလုံး ဖန်ဆင်းပေးတဲ့သခင်
စာကြည့်စားပွဲလေးပေါ်က ♥ကိုကို♥ဆိုတဲ့ အဝင်ကောလ်လေး အဆက်မပြတ်မြည်နေသည့် ဖုန်းလေးကိုကြည့်ကာ ခက် သက်ပြင်းတွေဘယ်နှစ်ကြိမ်မှန်းမသိ ချမိနေသည်။
မကိုင်မချင်း ဆက်တိုက်ခေါ်နေမှာကိုသိတာ
ကြောင့်
နောက်ဆုံး ဖုန်းလေးကိုကောက်ကိုင်လိုက်ပြီး
"ဟယ် လို''
"အခုချက်ချင်း ခြံထဲဆင်းခဲ့''
"ဟင်''
ဒါပဲပြောပြီး ချက်ချင်းချသွားသည့် ဖုန်းလေးကိုကြည့်ကာ ခက် ယောင်နနဖြင့် ကျန်ခဲ့သည်။
ခြံထဲဆင်းခဲ့ဆိုတော့ ဘာလဲ ခြံရှေ့ရောက်နေတာလား။
ကိုယ့်ဟာကိုယ် တွေးမိပြီး မျက်လုံးလေးပြူးကာ အလန့်တကြားဖြစ်သွားစဥ်....
📞🎼 စေ..လိုရာ စေလိုက်တော့သခင်
သခင်..လိုရာ အဆင်သင့်ဖြစ်မယ်
📞🎼 အရာ..ရာကို ပိုင်စိုးတဲ့သခင်
"ဟယ်လို''
"အခုချက်ချင်းထွက်လာခဲ့လို့ ကိုကိုပြောနေတာနော်၊ မဟုတ်ရင် ကိုယ် မင်းအိမ်ထဲထိ ဝင်လာမှာ''
"နေ နေပါဦး ဟယ်လို ဟယ်လို...
ခက် ကျသွားသည့်ဖုန်းလေးကိုကိုင်ကာ
အိမ်ရှေ့ထွက်လာခဲ့တော့ မေမေက ဘုရားစင်ရှေ့ထိုင်ကာ တရားထိုင်နေသည်။
နေမကောင်းလို့ဆိုတဲ့ ဆင်ခြေသုံးပြီး
ခက် မေမေ့ကို ယုံအောင်လိမ်လိုက်နိုင်ပေမယ့်
ဒီလူကိုတော့ ခက် မလိမ်တတ်။
မလိမ်ရဲတာဆို ပိုမှန်မည်ထင်သည်။
ဘုရားရှိခိုးနေသည့် မေမေ့ရဲ့နောက်ကနေ
ခြေသံမကြားရအောင် ခပ်ဖွဖွလေးလျှောက်နေရတဲ့ အခိုက်အတန့်က ခက် အတွက်တော့ အခက်အခဲဆုံးပဲ။
အိမ်ပေါက်ဝရောက်မှ မေမေ့ကို ပြန်ကြည့်လိုက်တော့
ခက် ထွက်လာတာကို မသိပဲ ပုံမှန်အတိုင်း ဘုရားရှိခိုးနေတာကိုတွေ့မှ သက်ပြင်းလေးချကာ ခြံကြီးဘက်ကိုထွက်လာခဲ့သည်။
ခက်တို့နေတဲ့အိမ်နဲ့ မမကြီးတို့နေတဲ့ တိုက်ကြီးရဲ့အလယ်မှာ ရေကူးကန်ကြီးရှိသေးသည်။
ဒါ့ကြောင့် ခြံရှေ့ကိုသွားဖို့ ရေကူးကန်နဲ့ အိမ်ကြီးကိုကျော်ပြီးသွားရသေးသည်။
တိုက်ကြီးအနားကိုရောက်မှ ခြံရှေ့ထွက်ရင် အိမ်ထဲက တစ်ယောက်ယောက် မြင်သွားမှာ စိုးတာကြောင့် ခက် ရှေ့ကိုဆက်မသွားရဲ။
ထို့ကြောင့် တိုက်ကြီးဘေးက ပိတောက်ပင်ကြီးရဲ့အကွယ်မှာ ရပ်လိုက်ပြီး ခြံရှေ့ကို လှမ်းကြည့်လိုက်တော့ ဟိုလူက သူ့ရဲ့ပြိုင်ကား အနက်ရောင်လေးရဲ့ အမိုးပေါ်တက်ထိုင်နေပြီး လက်ထဲတွင်လည်း ဂစ်တာလေးကိုင်ထားသေးသည်။
ဂုဏ် သူ့ကိုသစ်ပင်အကွယ်ကနေ ချောင်းကြည့်နေသည့် ကလေးမလေးကို ကြည့်ကာ လက်ထဲက ဂစ်တာလေးကိုမြှောက်ပြလိုက်၏။
မိတ်ကပ်ရောင်အခံပေါ်မှ အပြာရောင်သစ်ခက်သေးသေးလေးတွေပါသည့် ဒူးကျဂါဝန်ဝဲဝဲလေးက သူ့ရဲ့ပူတူးနဲ့အရမ်းလိုက်ဖက်နေသည်။ ထုံးစံအတိုင်း ဂါဝန်နဲ့ဆင်တူ လက်ရှည်အပါးလေးလဲ ဝတ်ထားသေးသည်။
နက်မှောင်နေသည့် ဆံနွယ်ရှည်တွေကို ဖြန့်ချထားပြီး အလယ်ခွဲခွဲကာ ကလစ် တစ်ဖက်တစ်ခုဖြင့် ညှပ်ထားတာမို့ နဖူးထက်က ဆံမြိတ်လေးတွေက မျက်ခုံးလှလှလေးကို ဖုံးထားသည်။
သူ့ကိုအလိုမကျသလို စူပုတ်ပုတ်လေးကြည့်နေသည့် ကလေးမလေးကြောင့် သူ့သွားတွေပေါ်အောင် ရယ်လိုက်မိပြီး လက်ထဲက ဂစ်တာလေးကို စတင်တီးခတ်လိုက်ကာ
🎼နှလုံးသားကို ရစ်ဖွဲ့ခဲ့ပြီ ဒီကြိုးလေး
မမြင်နိုင်လဲ ရုန်းလို့မရတော့ဘူး
🎼သူ့ဆွဲငင်အား လွှဲမရနိုင်လို့
ဒီနှောင်ကြိုး ချည်နှောင်မဆုံး
🎼အစွဲအလန်းဟာ ဖြတ်တောက်မရအောင်လွန်ကဲနေ ဒီအလှများ အသည်းကကိုးကွယ်ခဲ့
🎼ဘာကြောင့် ဒီလောက်များ.. ရစ်ဖွဲ့နေလဲ
ဒီနှောင်ကြိုး ဖြည်ပါဦး
🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်
မင်းကမသိပေမယ့်
အိပ်မက်လှလှမက်မယ် ကိုယ်မင်းနဲ့
🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်
ထပ်တိုးရစ်ချည်ဆဲ
ခံစားချက်များနဲ့ ပြည့်လျှံနေတဲ့အသည်း
🎼ဘယ်သူလာမြင်နိုင်မှာလဲ
🎼အကြင်နာတွေ ေရာင်ပြန်ပေးကွယ်
🎼ဒီနှောင်ကြိုး ဘယ်ဘဝအထိ ရှိနေမလဲ
ဒါ အဆိုတော် ဘိုဘိုရဲ့ သီချင်းအေးအေးလေးပဲ။
သူ့ပုံစံကြည့်တော့ ခေတ်လူငယ်တစ်ယောက်ရဲ့ပုံစံဆိုပေမယ့် ဆိုတဲ့သီချင်းကျတော့ နားဝင်ချိုတဲ့ သီချင်းအေးအေးလေးမို့ ခက် အံ့ဩရပေမယ့် သူနဲ့ပတ်သတ်ရင် အရာရာက အံ့ဩစရာတွေချည်းပဲမို့ သိပ်တော့မထူးဆန်းတော့ပါဘူး။
🎼အရိပ်တစ်ခုလို တမ်းတမှုဟာပြန်မရခဲ့
ဒီရင်ထဲ မင်းတစ်ယောက်တည်းကိုပဲ
🎼နေှာင်ကြိုးရှင်လေး လှည့်ကြည့်ပါဦး
ရင်ခုန်ရင်း မျှော်လင့်ခြင်း
🎼အစွဲအလန်းဟာ ဖြတ်တောက်မရအောင်လွန်ကဲနေ ဒီအလှများ အသည်းကကိုးကွယ်ခဲ့
🎼ဘာကြောင့် ဒီလောက်များ.. ရစ်ဖွဲ့နေလဲ
ဒီနှောင်ကြိုး ဖြည်ပါဦး
🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်
မင်းကမသိပေမယ့်
အိပ်မက်လှလှမက်မယ် ကိုယ်မင်းနဲ့
🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်
ထပ်တိုးရစ်ချည်ဆဲ
ခံစားချက်များနဲ့ ပြည့်လျှံနေတဲ့အသည်း
🎼ဘယ်သူလာမြင်နိုင်မှာလဲ
🎼အကြင်နာတွေ ေရာင်ပြန်ပေးကွယ်
🎼ဒီနှောင်ကြိုး ဘယ်ဘဝအထိ ရှိနေမလဲ
🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်
မင်းကမသိပေမယ့်
အိပ်မက်လှလှမက်မယ် ကိုယ်မင်းနဲ့
🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်
ထပ်တိုးရစ်ချည်ဆဲ
ခံစားချက်များနဲ့ ပြည့်လျှံနေတဲ့အသည်း
🎼ဘယ်သူလာမြင်နိုင်မှာလဲ
🎼အကြင်နာတွေ ေရာင်ပြန်ပေးကွယ်
🎼ဒီနှောင်ကြိုး ဘယ်ဘဝအထိ ရှိနေမလဲ
သီချင်းဆုံးသွားတာနဲ့ ခက် အိမ်လေးဆီပြန်ရန် လှည့်အထွက် လက်ထဲက ဖုန်းလေးထမြည်လာတာမို့ ပြန်ကြည့်လိုက်တော့ ❤ကိုကို❤တဲ့။
မပြီးနိုင်တဲ့ သူ့ရဲ့အရစ်ရှည်မှုတွေကို ခက်စိတ်မရှည်ပေမယ့် စိတ်ထင်တိုင်းလဲလုပ်လို့မရတာကြောင့်...
"ဟယ်လို''
"ပူတူး ခြံရှေ့မထွက်ခဲ့ချင်ဘူးလားဟင်''
"ဟင့်အင်း ခက် မမကြီးကို ကြောက်တယ်''
"ကိုယ့်ကိုရော မကြောက်...
"ဂျိမ်း... ဒုန်း...
"ဂုဏ်''
ဂျိမ်းခနဲ တံခါးလှပ်သံကြီးနဲ့အတူ ထပ်ကြားလိုက်ရတဲ့ ဂုဏ်ဆိုတဲ့ အသံချွဲချွဲလေးကြောင့် ခက် နောက်ပြန်ပြီးလှည့်ကြည့်လိုက်တော့ ကားဘေးမှာ ဂစ်တာလေးကိုင်ပြီး ရပ်နေသော
ကိုကို့ကို ပြေးပြီးဖက်လိုက်သည့်.....
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘
အပိုင်း(၁၀)မျှော်
စာရေးသူ-Merida(Tulip)