🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
ဒေါ်ခင်စောသိုက် ဧည့်ခန်းထဲကိုဝင်ဖို့ပြင်လိုက်စဥ် နှာခေါင်းထဲကို စူးရှစွာဝင်လာသည့် အရက်နံ့ကြောင့် မျက်နှာကိုရှုံမဲ့ပစ်လိုက်၏။ စိတ်ထင်သလိုတွေလုပ်ကာ ပျက်စီးနေသည့် သားတော်မောင်က ဧည့်ခန်းတွင် အခန့်သားထိုင်ကာ လက်ထဲက အရက်ခွက်ကိုမချနိုင်အောင် ယမကာရဲ့ကျေးကျွန်ဖြစ်မှန်းမသိဖြစ်နေ၏။
"ဘယ်လိုတွေတောင် ဖြစ်ပျက်နေရတာလဲ မျိုးရိုးဂုဏ် ဟမ်..
"မေမေ့.. အေ့.. ဒီအချိန်ကြီး.. ဘာကိစ္စ... ရှိလို့..အေ့....
"ကျစ်... စိတ်ပျက်ဖို့ကောင်းလိုက်တာ ဂုဏ်ရယ်၊ မင်း ဘယ်လိုတောင် ပျက်စီးနေတာလဲ၊ ကိုယ့်ကိုကိုယ် ကျန်းမာရေးမကောင်းဘူးဆိုတာရော သတိရသေးရဲ့လား''
ဂုဏ်နဲ့ထောင့်ကျသည့်နေရာတွင် ဝင်ထိုင်ရင်း ငြူငြူစူစူပြောလိုက်တော့ ဂုဏ်က သူမကို မျက်လုံးတွေမှေးစင်းကာကြည့်နေပြီး...
"ကျွန်တော် ဘာမှ... မဖြစ်ပါဘူး''
"ဘာမှမဖြစ်ခင်တော့ ဘာမှမဖြစ်ဘူးပေါ့၊ ဖြစ်ခါမှ အမေကယ်ပါ အဖေကယ်ပါ လုပ်လို့မရဘူးနော် ဂုဏ်၊ အသက်ဆိုတာ အပိုပါတဲ့အရာမဟုတ်ဘူး၊ အသက်ကို ဉာဏ်စောင့်တဲ့ သိရဲ့လား''
"ကျွန်တော့် အသက်က ပူတူးလေ မေမေရာ.. အေ့.. အခု.. အခု.. ပူတူးက ကျွန်တော့်ကို...ထား.. သွား..ပြီဆိုတော့.. အေ့.. ဘယ်လိုဉာဏ်ကမှ ကျွန်တော့်အသက်ရှည်အောင် မစောင့်.. ရှောက်နိုင်တော့ဘူး.. အေ့.. ကျွန်တော် သေသွားဖို့ပဲရှိ..တော့တာ''
အရက်တွေအမူးလွန်ကာ လျှာလေးအာလေးဖြင့် ပြောနေသည့် စကားတွေကြောင့် ဒေါ်ခင်စောသိုက်သက်ပြင်းရှည်ကြီး ချလိုက်ရသည်။
မိန်းမတစ်ယောက်အတွက်နဲ့ ဒီလောက်ထိ သွေးပျက်နေသည့် သားကို အားမလို အားမရဖြစ်ကာ ဆူငေါက်ပစ်ချင်ပေမယ့် တကယ်တမ်းကျတော့ မဆူရက်ပါ။ ဒီကောင်လေး သူ့ပူတူးကို ဘယ်လောက်အထိ ချစ်ပြီး ဘယ်လောက်အထိ မြတ်နိုးလဲဆိုတာ သူမ မသိတာမှမဟုတ်ဘဲ။
နောက်ပြီး ဒီပူတူးလေးကို အခုချိန်မှာ သူမကိုယ်တိုင်ကလဲ လက်မလွှတ်နိုင်တော့ပါ။ ဘာလို့ဆို သူမလေးဆီမှာ ''တော်ဝင်နန်း"ရဲ့ အမွေဆက်ခံသူ မျိုးဆက်သစ်လေးရောက်ရှိနေပြီမဟုတ်လား?။
"မင်း ဒီနေ့ သစ်ခက်လေးဆီမသွားဘူးလား?''
"သွားတယ်လေ... သွားတာပေါ့.. အေ့.. ကျွန်တော့်အသက်လေးဆီကို သွားတာပေါ့ဗျ၊ ဒါပေမယ့်...ဒါပေမယ့် မေမေသိလား ပူတူးက အရမ်း..ကို.. ရက်စက်တာပဲ အေ့.. သူအရမ်းရက်စက်တယ်''
"သူက မင်းကို ဘာလုပ်လိုက်လို့လဲ''
"မလုပ်ပါဘူး.. ဘာမှ.. မလုပ်ဘူး၊ ပူတူးလေးက သိပ်ပြီးလိမ္မာတာလေ..
ခုနကတော့ ရက်စက်တယ်ပြောပြီး အခုကျလိမ္မာတယ်ဖြစ်သွားပြန်တာမို့ ဒေါ်ခင်စောသိုက် စိတ်မရှည်ဖြစ်လာကာ မျက်စောင်းထိုးကြည့်လိုက်တော့...
"ပူတူး.. နေမကောင်းဘူး..မေမေ.. အေ့..
"ဒါတော့ သိတယ်ပေါ့၊ သမီးနေမကောင်းတာကို သိရဲ့သားနဲ့ မင်းမို့လို့ ဒီအရည်တွေကို စိတ်အေးလက်အေး မြိုကျတယ်နော်''
"စိတ်ညစ်လို့..သောက်တဲ့အရည်တွေပါဗျာ၊ မေမေ့ရဲ့ချွေးမက.. ပေးတဲ့.. ဒဏ်ရာတွေကို ဒီအရည်တွေကပဲ ကုစားပေးနိုင်လို့.. ဒီအရည်တွေကို.. မြို...ချ....နေ..ရတာ အေ့..
"တော်စမ်း မျိုးရိုးဂုဏ်၊ ငါ့ကို ဘာမှဆင်ခြေဆင်လက်တွေ လာမပေးနဲ့၊ မင်းကို ငါ ဒီလောက်ပျော့ညံ့တဲ့ကောင်လို့ ထင်ကို ထင်မထားဘူး တကယ်''
"ပူတူးက ကျွန်တော့်ကို ကွာရှင်းချင်နေတာလေ... အဲ့ဒါကို ကျွန်တော်က ဘယ်လိုလုပ်ပြီး ရဲရင့်ပြရမှာလဲ... အေ့... အခုလို ပျော့ညံ့မနေဘဲ... သတ္တိရှိရှိနဲ့ ကွာရှင်းပေးလိုက်ရမှာလား၊ မပေးနိုင်ပါဘူး... မပေးဘူး.. ဘာကိစ္စနဲ့မှ... အေ့.. ဘာကိစ္စနဲ့မှ ပူတူးကို ကျွန်တော် ကွာမပေးဘူး၊ သူက ဟိုးအရင်ကတည်းက ကျွန်တော့်အပိုင်''
အမူးပါးဆိုတာ ဂုဏ်ကမှ အစစ်။ မူးသာမူးတာ ပြောနေကျစကားဖြစ်တဲ့ ''ပူတူးက ကျွန်တော့်အပိုင်''ဆိုတဲ့ စကားကိုတော့ ပါးစပ်ဖျားကကို မချ။
"ကွာမပေးချင်ဘူးပြောပြီး ဒီအရက်တွေပဲ ထိုင်သောက်နေရလား ဂုဏ်၊ သမီးလေး နေမကောင်းတာကိုသိရင် ဆေးခန်းတွေဘာတွေလိုက်ပို့ရမယ်ဆိုတာ မင်းမသိဘူးလား''
"သူမှ ကျွန်တော့်ကို သူ့အနားမကပ်ခိုင်းတာ.. အေ့..
"တော်တော့ ဂုဏ် မင်းအရမ်းကိုများနေပြီ''
ပြောနေရင်းကနေ ရှေ့မှာထောင်ထားသည့်ပုလင်းကိုငှဲ့ဖို့ပြင်နေတာမို့ ဒေါ်ခင်စောသိုက် ပုလင်းကို စားပွဲခုံရဲ့တစ်ဖက်အစွန်းကို တွန်းပို့ရင်း တားလိုက်တော့ သူမကို အရက်ရှိန်တက်နေသည့် မျက်လုံးရဲရဲကြီးများဖြင့် ကြည့်လာသည့် သားက..
"ကျွန်တော့်ကို.. သနားရင်..
"သနားလို့ပဲ အခု မေမေ မင်းကို ကူညီဖို့လာတာပဲလေ သားရယ်၊ မင်း သစ်ခက်လေးကို မရရတဲ့နည်းနဲ့ ပြန်ချော့မှရတော့မယ် ဂုဏ်''
သူမစကားကို နားမလည်သလို မျက်ထောင့်နီကြီးများဖြင့်သာကြည့်နေသည့် သားကို ဒေါ်ခင်စောသိုက် စူးစိုက်ကြည့်လိုက်ပြီး...
"မင်း အခုလိုပဲ မူးရူးနေလို့ကတော့ သစ်ခက်လေးကို ပြန်ခေါ်နိုင်မှာမဟုတ်တာ သေချာတယ်၊ နောက်ပြီး သစ်ခက်လေးအပြင် မင်းရဲ့ရင်သွေးလေးကိုပါ တစ်ခါတည်း စွန့်လွှတ်လိုက်ရလိမ့်မယ်နော် ဂုဏ်''
"ဟင်... ရင်သွေးလေး...
ရိုးတိုးရိပ်တိတ်ဖြင့် ဝေဝါးဝါးဖြစ်နေသည့် သူ့ရဲ့အာရုံတွေက ရင်သွေးလေးဆိုသည့်စကားကြောင့် တုံ့ခနဲတည်ငြိမ်သွားရ၏။ မယုံကြည်နိုင်ခြင်းများစွာဖြင့် မေမေ့ကိုပြန်မေးကြည့်လိုက်တော့ မေမေက သူ့ကို ခပ်တည်တည်လေးပဲကြည့်ကာ...
"ဟုတ်တယ် သမီးမှာ သားရဲ့ကိုယ်ဝန်ရှိနေတယ်၊ ခန့်မှန်းခြေအရတော့ ၅ပတ်လောက်ရှိနေပြီ''
"မေမေ့ကို ဘယ်သူပြောလဲ''
"သစ်ခက်လေးကို စမ်းသပ်ပေးတဲ့ဆရာဝန်က မေမေ့သူငယ်ချင်း ခင်ခင်လေ၊ ခင်ခင်က သားတို့မင်္ဂလာပွဲကို လာထားတော့ သမီးကိုမှတ်မိပြီး ဒီအကြောင်းလှမ်းပြောပြတာ''
"ဘယ်အကြောင်းကိုလဲ''
ခုနကလို လေးကန်ကန်လေသံနဲ့မဟုတ်တော့ပေမယ့် ပြောနေသည့်စကားကို နားမလည်တာကတော့ မူးနေတာထက်ပိုဆိုးလှ၏။
"မေမေ့.. ကျွန်တော်မေးနေတာကို ဖြေပါဦး၊ အန်တီခင်က ဘယ်အကြောင်းကို ပြောပြတာလဲ''
"ဂုဏ်... မင်း ဘယ်လိုဖြစ်နေတာလဲ၊ အရက်သောက်လွန်ပြီး ဦးနှောက်တွေ ချောင်ကုန်တော့တာလား''
"ဟာ.. မေမေကလဲဗျာ၊ ကျွန်တော်မေးတာကို အရင်ဖြေပါဦး''
"ဟင်း... ဟုတ်တယ် ဟုတ်တယ်၊ မင်းရဲ့ပူတူးမှာ မင်းရဲ့ရင်သွေးလေးရှိနေပြီ''
"ဗျာ...
ဗျာဆိုတာရဲ့နောက်တွင် ဂုဏ့်ရဲ့မျက်နှာထက်က အပြောင်းအလဲများစွာ။ အံ့အားသင့်ခြင်းကနေ တဖြည်းဖြည်း ပြုံးသည့်ဘက်ကိုရောက်ရှိသွားပြီး ဆတ်ခနဲပင်ထရပ်လိုက်မိသည်အထိ။
ရင်သွေးလေး... ငါ့ရဲ့ရင်သွေးလေး...
ပူတူးဆီမှာ ငါ့ရဲ့ရင်သွေးလေးရှိနေတယ်တဲ့..ဟား...
"မေမေ''
"ပြော''
"ပူတူးဆီမှာ ကျွန်တော့်ရင်သွေးလေးရှိနေတာဆိုတော့ ပူတူး.. ပူတူးက.. ကျွန်တော့်ကို ထားသွားမှာမဟုတ်တော့ဘူးပေါ့နော်.. ဟုတ်လား မေမေ''
"သိချင်ရင် သွားမေးပေါ့''
"ဟုတ်တယ်နော် ကျွန်တော်သွားမေးရမယ် ဟုတ်တယ်၊ ဘာပဲဖြစ်ဖြစ် ပူတူးကို ကျွန်တော်အနားကနေ ထွက်မသွားနိုင်အောင် တားထားနိုင်မယ့်နှောင်ကြိုးလေးဆိုတော့ အခုကတည်းက ကျွန်တော်ဂရုတစိုက်နဲ့ပြုစုပေးရမယ်၊ ဒါဆို ကျွန်တော် အခုပဲ ပူတူးဆိီသွားမယ် မေမေ''
"ဟဲ့.. ဟဲ့.. နေစမ်းဦး ဂုဏ်..
သွားမယ်ဆိုတာနဲ့ နံရံမှာချိတ်ထားသည့် ကားသော့ကို ပြေးဖြုတ်လိုက်သည့် ဂုဏ့်ကြောင့် ဒေါ်ခင်စောသိုက် မျက်လုံးမျက်ဆံပြူးသွားကာ ရေးကြိီးသုတ်ပျာ တားလိုက်ရ၏။
"နေဦး ဂုဏ်၊ မေမေ့ မင်းကို နောက်ထပ်ပြောပြစရာ ရှိသေးတယ်''
"နောက်မှပဲပြောပါ မေမေရာ၊ ကျွန်တော့် ပူတူးကို အရမ်းတွေ့ချင်နေပြီ''
"တွေ့ချင်လဲ မသွားရဘူး၊ မင်း တအားသောက်ထားတာ မဟုတ်လား ကားမမောင်းရဘူး''
"သောက်ထားတာမှန်ပေမယ့် ကျွန်တော် အခု နည်းနည်းလေးမှမမူးပါဘူး''
ဟုတ်သည်။ ရင်သွေးဆိုသည့် အသံကြားလိုက်ရကတည်းက သူသောက်ထားသမျှ အရက်တွေဟာ အငွေ့ပဲပျံသွားသလား? လေပဲလွင့်သလားမသိ။ ခေါင်းထဲတွင် ကြည်စင်ရှင်းသန့်နေတာတော့ အမှန်။
"မလိုချင်ဘူး သွားချင်ရင် မနက်မှသွား၊ အခု ဒီမှာလာထိုင်ပြီး မေမေပြောတာကို သေချာနားထောင်စမ်း''
"ဟာ.. မေမေ့..
"လာထိုင်လို့ ပြောနေတယ်လေ''
ဒုတိယအကြိမ်ထပ်ပြီး အမိန့်ပေးလိုက်တော့မှ နေရာတွင်လာဝင်ထိုင်သည့် ဂုဏ်။ ဒါတောင် ရှုံ့မဲ့စူပုတ်နေသည့် မျက်နှာထားက ရှိနေသေး၏။
"ခင်ခင်ကပြောတယ်''
".......''
"သမီးလေးမှာ နှလုံးရောဂါအစပျိုးနေတဲ့ လက္ခဏာတွေရှိနေတယ်တဲ့''
"ဗျာ...
"သားလဲ သိတဲ့အတိုင်းပဲ၊ သမီးရဲ့မေမေက နှလုံးရောဂါရှိတယ်လေ၊ ပြောရရင်တော့ နှလုံးရောဂါမျိုးရိုးရှိတာပေါ့၊ အခု သမီးက သူ့အမေဆီကနေ ဒီရောဂါကို ဆက်ခံလိုက်ရတာလို့ပဲပြောရမလား''
"ဟာဗျာ...
"အင်း... နှလုံးရောဂါရှိတဲ့သူတွေအတွက် ကိုယ်ဝန်ဆောင်တာက နည်းနည်းပိုပြီးခက်ခဲတတ်တော့...
"ခက်ခဲတတ်တယ်၊ အဲ့ဒါ ဘာပြောတာလဲ မေမေ၊ ကိုယ်ဝန်ကြောင့် ပူတူးတစ်ခုခုဖြစ်နိုင်တယ်လို့ပြောချင်တာလား''
ယောက်ယက်ခတ်ကာ မေးနေသည့် ဂုဏ့်ရဲ့ပုံစံက အထိတ်တလန့်ဆိုပေမယ့် မေမေကတော့ တည်ငြိမ်လွန်း၏။ ဒါကိုပဲ ဂုဏ်အားမရနိုင်ကာ...
"မေမေ့..
"အင်း... နှလုံးရောဂါရှိနေတဲ့သူဆိုတော့ သာမန်လူတွေလောက်တော့ ကလေးမွေးတာ ဘယ်လွယ်မလဲ၊ riskတွေတော့ ပိုများတာပေါ့၊ ဒါပေမယ့်...
"ဒါဆို ကျွန်တော် ဒီကလေးကို မယူဘူး''
"ဘာ...
"ပူတူးကို ကျွန်တော့်အနားကနေ ထွက်မသွားနိုင်အောင် ချည်ပေးမယ့်နှောင်ကြိုးလေးလို့ထင်ပြီး ကျွန်တော် ဝမ်းသာသွားတာ၊ အခုလို ပူတူးကို အန္တရာယ်ပေးနိုင်တဲ့ကလေးဆိုရင်တော့ ကျွန်တော်မလိုချင်ဘူး၊ ယူလဲမယူဘူး''
"မျိုး... ရိုး... ဂုဏ်...
ကိုယ့်ရင်သွေးကို မလိုချင်ဘူးဆိုပြီး ပြောထွက်ရက်သည့် သားကို ဒေါ်ခင်စောသိုက် ဒေါသတကြီးအော်ခေါ်လိုက်သော်လည်း မျက်နှာထားကို နည်းနည်းလေးမှလျော့မပစ်ဘဲ တင်းခံနေတာကြောင့်...
"အဲ့ဒါ မင်းကလေးနော် ဂုဏ်''
"ကျွန်တော့်အတွက်က ပူတူးက ပထမပဲမေမေ''
"တော်တော်လေး ဖခင်စိတ်ရှိတဲ့သူပဲ''
"မေမေထင်ချင်သလို ထင်နိုင်တယ်၊ ကျွန်တော်ကတော့ ပူတူးကို အန္တရာယ်တွင်းထဲမပို့နိုင်ဘူး၊ ဒီကလေးကို ကျွန်တော်မယူဘူး''
ေနာက်ဆုံးအထိ ပြတ်သားနေသည့် ဆုံးဖြတ်ချက်တို့ဖြင့် သားတော်မောင်ကို ဒေါ်ခင်စောသိုက် ခေါင်းတခါခါဖြစ်နေတော့သည်။ သူ့မိန်းမတစ်ခုခုဖြစ်သွားမှာစိုးလို့ ကိုယ့်ကလေးကို စွန့်လွှတ်ပစ်နိုင်တဲ့ ထူးဆန်းဖွယ် လူသား။ ပြတိုက်ထဲမှာ မှန်ဘောင်သွင်းပြီးပြထားဖို့ပင်ကောင်းတော့သည်။
>>>>>>>>>><<<<<<<<<<
"သစ်ခက်ရေ.. သစ်ခက်... ညီမလေး အိပ်နေတာလား?''
"မအိပ်ပါဘူး ဘာလို့လဲ ကိုကြီး''
ပန်းပင်တွေကို ရေလောင်းပြီး ေမာသလိုလိုရှိတာကြောင့် ခက် အခန်းထဲဝင်ပြီး အနားယူနေခိုက် အခန်းရှေ့ကနေ ခေါ်နေသည့်ကိုကြီးကို ပြန်ပြီးအသံပြုလိုက်၏။ ပြီးမှ တံခါးသွားဖွင့်ပေးလိုက်ရင်းမှ...
"ဘာလို့လဲဟင်''
"ဒယ်ဒီက ခေါ်ခိုင်းလိုက်လို့''
"ဖေဖေကလား ဘာလုပ်ဖို့တဲ့လဲ''
"အဲ့ဒါတော့ ကိုကိုလဲမသိဘူးလေ၊ နောက်ကလိုက်ခဲ့နော် ကိုကို သွားနှင့်မယ်''
ခက် ခေါင်းငြိမ့်ပြလိုက်တော့မှ ခက်ကို စိတ်မချသလိုကြည့်ပြီး ထွက်သွားသည့် ကိုကြီး။ ဒီရက်တွေမှာ ကိုကြီး ခက်ကို အရိပ်တကြည်ကြည့်နဲ့ဖြစ်နေတာကို ခက်သိသည်။ အဲ့ဒါဟာ သူမရဲ့ကျန်းမာရေးအခြအနေကြောင့်ဆိုတာလဲ ခက် သတိထားမိ၏။
မေမေပြောတာကတော့ ခက်ဆီမှာ ကိုကိုရင်သွေးလေး ရှိနေပြီတဲ့။ အဟွင်း ဘယ်လောက်တောင် ဆန်းကြယ်လိုက်တဲ့ ကံကြမ္မာကြီးလဲ။ အားလုံးပြီးဆုံးသွားဖို့ရည်ရွယ်ပြီး အဆုံးသတ်ခဲ့တဲ့အချိန်ကျမှ တိုက်ဆိုင်စွာပဲ ရောက်လာသည့် ကလေးလေး။ ဒီကလေးကြောင့် ခက်ရဲ့ဆုံးဖြတ်ချက်တွေကို ပြင်သင့်တယ်လို့တွေးမိပေမယ့် အခုချိန်အထိ ခက်ဆီ့ကိုရောက်မလာသည့် ကိုကို့ကြောင့် ခက့်ရဲ့အတွေးဟာ အတွေးအဖြစ်ပဲ ရပ်တန့်နေရဆဲ။
"ဟင်... ဒါ.. ဒါ.. ကိုကို့ကားပဲ''
ဟုတ်ပါသည်။ အိမ်ကြီးရဲ့ရှေ့က ကားစင်ဝင်အောက်တွင် ကားသုံးစီးတန်းစီရပ်ထားပြီး အလယ်က ကားက ကိုကို့ရဲ့ပြိုင်ကားနီနီရဲရဲလေး။ ကိုကို့ကားရဲ့အရှေ့က မေမေ့ရဲ့ကား။ ဒါဆို.. ဒါဆို ကိုကိုတို့ဒီအိမ်ကို ရောက်နေကြတာလား။
"သမီး.. အိမ်ထဲမဝင်ဘဲ အဲ့ဒီ့မှာ ဘာရပ်လုပ်နေတာလဲ''
"မေမေ အိမ်ထဲမှာ ကိုကိုတို့ရောက်နေတာလားဟင်''
"ဟုတ်တယ် သမီးကို စောင့်နေကြတာ လာခဲ့''ဆိုပြီး ခက်ရဲ့လက်ကိုဆွဲကာ အိမ်ထဲလျှောက်လှမ်းသွားသည့်မေမေရဲ့နောက်တွင် ခက် ယောင်နနနဲ့ ပါသွားရ၏။
"သမီး လာ ဒီနားထိုင်''
ဖေဖေက သူ့ဘေးကနေရာတွင် လာထိုင်ဖို့ခေါ်တာကြောင့် ခက် ဖေဖေ့ဘေးတွင် အသာလေးဝင်ထိုင်လိုက်ပြီး ဧည့်ခန်းထဲမှာရှိနေသည့် လူတွေကို ေဝ့ဝဲကြည့်လိုက်၏။
ခက်နဲ့မျက်နှာချင်းဆိုင်မှာရှိနေသည့် ဆိုဖာခုံရှည်ကြီးပေါ်တွင် ဦးရာဇဂုဏ်နဲ့ ဒေါ်ခင်စောသိုက်ထိုင်နေပြီး သူတို့ရဲ့ဘေးတစ်ဖက်တစ်ချက်စီတွင် မမအနွယ်နဲ့ မမခေတ်သစ်က ထိုင်နေ၏။ အားလုံးက ခက်ကို တစ်ခါမှမမြင်ဖူးသူတစ်ယောက်လို ငေးစိုက်ကြည့်နေကြပြီး သူတို့ရဲ့နောက်မှာရပ်နေသည့် ကိုကိုကတော့ ခက်ကို ရီဝေအုံ့မှိုင်းနေသည့် အကြည့်မျိုးဖြင့်စိုက်ကြည့်နေတာမို့ ခက် အကြည့်တို့ကိုလွှဲကာ ခေါင်းလေးငုံ့ပြီး မျက်လွှာချထားလိုက်ရ၏။
"သမီး သစ်ခက်လေး နေကောင်းရဲ့လားဟင်''
အရမ်းကိုဖြူလျော့နေသည့် မျက်နှာညှိုးညှိုးလေးကြောင့် အစော စိတ်ပူကာမေးလိုက်တော့ သူမကို ကြိုးစားပြိီးပြုံးပြနေမှန်းသိသာလှသည့် အပြုံးယဲ့ယဲ့လေးဖြင့်...
"ဟုတ် ခက် နေကောင်းပါတယ်''
"သမီးရဲ့မျက်နှာလေးက အရမ်းကိုဖျော့တော့နေတော့ နေများမကောင်းဘူးလားလို့''
"မဟုတ်ပါဘူး ခက် တကယ်နေလို့ကောင်းပါတယ်''
မင်း လိမ်နေတာ ကိုယ်သိတယ် ပူတူး။ မတွေ့တာဖြင့် နှစ်ရက်တောင်မပြည့်သေးဘူး ဒီလောက်တောင် ေချာင်ကျသွားသည့် မျက်နှာသေးသေးလေးကိုကြည့်ရုံနဲ့ မင်း ဘယ်လိုမှအဆင်မပြေဘူးဆိုတာ ကိုယ်သိတယ်။
"ကိုယ်တို့ လာရင်းကိစ္စပဲ အရင်ပြောကြရအောင် အစော''
"ပြောလေ အစ်ကို''
"အင်း... ဒီလို သမီးရေ၊ အခု ဖေဖေတို့ ဒီအိမ်ကို လာတယ်ဆိုတာက သမီးကသားနဲ့ ကွာရှင်းဖို့လုပ်နေတယ်ဆိုလို့''
ထိုစကားကြောင့် ခက် ကိုကို့ကို ပြန်ကြည့်လိုက်မိတော့ အခုချိန်ထိ ခက်ကိုသာ စိုက်ကြည့်နေဆဲဖြစ်နေသည့် ကိုကို။ မဟုတ်မှ... ခက်နဲ့ တကယ်ကွာရှင်းဖို့တွေးပြီး မိဘတွေပါ ခေါ်လာတာလား။ ကွာရှင်းကြဖို့ကို ကိုကိုလက်ခံလိုက်တာလား။
"ဖေဖေသိရသလောက်ကတော့ သမီးဘက်က ကွာရှင်းဖို့တောင်းဆိုခဲ့ပေမယ့် သားက လက်မခံလို့ ဒီကိစ္စကြန့်ကြာနေတာဆို''
"ဟုတ်ကဲ့''
"အင်း.. အခု ဒီကိုလာတာက ဒီကိစ္စကို အပြတ်ဖြတ်ချင်လို့''
"ဟုတ်.. ခက်ကလဲ ဒီလိုပဲဖြစ်စေချင်တာပါ၊ စာချုပ်ပါလာတယ်မဟုတ်လား ခက် လက်မှတ်ထိုးပေးပါ့မယ်''
အဆုံးထိ ကွာရှင်းဖို့သာအတွေးရှိနေသည့် ပူတူးကို ဂုဏ် မချင့်မရဲဖြစ်လွန်းတာကြောင့် အံကြိတ်ထားမိ၏။ ရက်စက်ပုံကတော့ လူလေးနဲ့ နည်းနည်းမှကို မလိုက်ဖက်တာပါ။
"သမီး အထင်မှားနေတယ်ထင်တယ်၊ ဖေဖေပြောတဲ့ အပြတ်ဖြတ်ချင်တယ်ဆိုတာက သမီးတို့ဖြစ်နေကြတဲ့ပြဿနာကို သေချာရှင်းပြီး အပြတ်ဖြတ်တာကိုပြောတာပါ''
"ဟုတ်တယ် သမီးရဲ့၊ အခု မမစောတို့က သမီးကို ပြန်လာခေါ်ကြတာတဲ့''
"ဟင်''
"ပြန်လိုက်ခဲ့ပါ သစ်ခက်လေးရယ်၊ မလေးေလကလေးအပေါ်မှာ အနိုင်ကျင့်သလိုဖြစ်ခဲ့တာတွေအတွက် တကယ် နောင်တရနေတာပါ''
"ဟုတ်ပါတယ်ကွယ် သမီး မေမေတို့နဲ့ပြန်လိုက်ခဲ့ပါနော်၊ သားဆေးရုံတက်နေတုန်းက သမီးအပေါ် မေမေ ခပ်စိမ်းစိမ်းဆက်ဆံမိခဲ့တဲ့အတွက်လဲ တကယ်တောင်းပန်ပါတယ်၊ အဲ့ဒီ့အတွက်ကြောင့်နဲ့ဆိုရင်ေတာ့ သားကို မစွန့်ပစ်လိုက်ပါနဲ့ကွယ်''
"အဲ့ဒါကြောင့် မဟုတ်ပါဘူး မေမေ.. အဲ.. အန်တီ၊ခက်နဲ့ သူနဲ့က ဘယ်လိုမှရှေ့ဆက်ဖို့ မဖြစ်နိုင်တော့လို့ ခက် အခုလိုဆုံးဖြတ်လိုက်တာပါ''
"ပူတူး..
"သား''
တကယ့်ကို အကဲဆတ်လွန်းသည့် ဂုဏ်က မျက်စိ မျက်နှာပျက်ကာ ဝင်ပြောဖို့လုပ်နေတာကြောင့် ဒေါ်ခင်စောသိုက် ဝင်ဟန့်လိုက်ပြီး ဘာမှဆက်မပြောအောင် ခေါင်းလေးရမ်းပြလိုက်၏။
"သေချာစဥ်းစားပါဦး သမီးရယ်၊ မေမေတို့ မြန်မာဓလေ့ထုံးတမ်းတွေအရဆိုရင် တည်ပြီးသားအိမ်ထောင်တစ်ခုကို တည်မြဲစေဖို့ပဲ လိုလားကြတာ မဟုတ်လား''
"ခက့်ကြောင့်နဲ့ အားလုံးနစ်နာခဲ့ရတာပါ၊ သူဆိုရင် ခက်ကြောင့် သေတော့မလိုဖြစ်သွားရတယ်''
"အဲ့ဒါအတွက် ကိုယ်က မင်းကို ဘာပြောနေလို့လဲပူတူး၊ မင်း အပြစ်ပါဆိုပြီး ကိုယ် လက်ညှိုးထိုးပြီး ပြောဆိုမိခဲ့လို့လားကွာ''
"ဒါပေမယ့် ခက့် ကိုယ့်အပြစ် ကိုယ်သိတယ်လေ၊ခက့်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ကိုကို့အနားမှာ ခက်က ဘယ်လိုလုပ်ပြီး လိပ်ပြာလုံလုံနဲ့နေရဲမှာလဲ''
"ကျစ်... အဓိပ္ပါယ်မရှိလိုက်တာကွာ၊ မင်း ဒီလို...
"သား.. မင်းကို မေမေ ဘာပြောထားသလဲ ဟင်''
ဒီအိမ်ကိုမလာခင်ကတည်းက ဘာစကားတစ်ခွန်းမှ ဝင်မပြောဖို့ သားကို မှာထားပေမယ့် သူမစကားဆို အမြဲတမ်းနားမထောင်ခဲ့သည့် သားကတော့ ထုံးစံအတိုင်း သူထင်ရာ သူပြောဖို့ပဲ ပြင်နေလေသည်။
"မေမေပြောတဲ့ အဆင်ပြေအောင်ကြည့်စီစဥ်ပေးမယ်ဆိုတာကြီးကို ကျွန်တော် မစောင့်နိုင်ဘူး မေမေ''
"ဂုဏ်...
"ဒီမှာ ပူတူး မင်း သေလောက်အောင် ကွာရှင်းချင်နေရင်လဲ ကိုယ်ကွာရှင်းပေးမှရမှာ၊ ကိုယ် မင်းကို လုံးဝကွာရှင်းပေးမှာ မဟုတ်လို့ ကိုယ့်ကိုကိုယ် အပင်ပန်းခံမနေနဲ့''
"ဟုတ်သားပဲ သမီးရယ်၊ သမီးရဲ့ဆုံးဖြတ်ချက်ကို ပြင်ပြီး အရင်လိုပဲ...
ဆက်ပြောမယ့် စကားတွေဟာ ခေါင်းကိုတွင်တွင်ခါနေသည့် သစ်ခက်လေးကြောင့် ရပ်တန့်သွားရပြန်သည်။ ဒီကောင်မလေး ဒီလောက်ခေါင်းမာလိမ့်မယ်လို့ ထင်မထားတာ အမှန်ပါ။
သူမတို့ဘက်ကသာ အတင်းနားချဖို့ကြိုးစားနေပေမယ့် သစ်ခက်ရဲ့ဖေဖေနဲ့ မေမေကတော့ ဘာဆို ဘာတစ်ခွန်းမှဝင်မပြောဘဲ ခပ်အေးအေးပင်။ ပုံစံကတော့ သူတို့သမီးလက်မခံရင် ဘာမှလုပ်မည့်ပုံမရှိပါ။ ဒါ့ကြောင့် သူမတို့ ဆက်ပြောဖို့ အားပြတ်သွားမိကာ...
"အခုဆို သမီးမှာက သားရဲ့ရင်သွေးလေးလဲ ရှိနေပြီဆိုတော့...
"အဲ့ဒီ့ကိစ္စကို အန်တီတို့ ဘယ်လိုသိလဲ''
ခက် အံ့ဩမိတာမလွန်ပါ။ ဒိီကိစ္စကို ေမမေနဲ့ခက်သာ သိထားပြီး ဖေဖေတောင်မသိပါ။ ဒါကို သူတို့ဘက်က ဘယ်လိုလုပ်ပြီး သိသွားလဲဆိုတာ...
"ဘယ်လိုသိလဲဆိုတာက အရေးမကြီးပါဘူး ကလေးရယ်၊ အဓိကက ဒီကလေးကို မိတကွဲ ဖတကွဲ မဖြစ်စေချင်တာပါ၊ ေနာက်ပြီး တော်ဝင်နန်းရဲ့အမွေဆက်ခံမယ့်ကလေးလေးမို့လို့ မမတို့တန်ဖိုးထားပြီး လိုချင်တာ''
"ဒါဆို ခက်ကို ကိုကိုနဲ့ကွာရှင်းဖို့ကို ပြန်ပြီးစဥ်းစားခိုင်းတာက ဒီကလေးကြောင့်ပေါ့''
"အဲ့လို မဟုတ်ပါဘူးကွယ်၊ မမပြောချင်တာက...
"တော်ပါပြီ တော်ပါပြီ မမရယ်၊ နောက်ဆုံးအထိ ခက်အပေါ်မှာ သံယောဇဥ်မရှိခဲ့ြကဘူးဆိုတာကို ခက် သိလိုက်ရတာပေါ့''
မျက်ရည်လေးတွေဝဲတက်လာပြီး ဂုဏ့်ကို တစ်လှည့် မေမေတို့ကို တစ်လှည့်ကြည့်ကာ ပြောနေပုံက တကယ့်ကို ဝမ်းနည်းသွားသည့်ဟန်။ ဝမ်းမနည်းမှလဲ နေရော မကြီးပြောပုံက မသိရင် ကလေးကိုလိုချင်လို့ သူမလေးကို အတင်းပြန်လာခေါ်နေသလိုလိုကြီးဖြစ်နေလေတော့...
"ကလေးအတွက်ကြောင့်ဆိုရင်တော့ စိတ်ချပါ ခက် ဒီကလေးကို မွေးပြီးသွားတာနဲ့ တော်ဝင်နန်းကို လွှဲပြောင်းပေးမှာပါ၊ အဲ့ဒါကြောင့် ခက်တို့ကွာရှင်းဖို့ကိုသာ လုပ်ပေးကြပါ''
ငိုကြီးချက်မဖြစ်သွားသည့် သူ့ရဲ့ပူတူးတူးလေးကို ဘယ်လိုပြန်ပြီးနှစ်သိမ့်ရမလဲမသိခင် ပူတူးက ဖျတ်ခနဲဆိုသလို အနားကနေထွက်သွားတာကြောင့်...
"ပူတူး... ပူတူး အဲ့လိုမဟုတ်ဘူးလေကွာ၊ ဒီမှာ ကိုကိုပြောတာ နားထောင်ဦး''
တားသာ တားလိုက်ရပေမယ့် ဂျစ်တစ်တစ်ကောင်မလေးကဖြင့် နောက်ကိုတစ်ချက်လှည့်မကြည့်ဘဲ အိမ်ထဲကနေ ပြေးထွက်သွား၏။ သူမရဲ့လက်ရှိကျန်းမာရေးအခြေအနေကြောင့် ဂုဏ် သူမအတွက်စိုးရိမ်သွားကာ နောက်ကနေ ပြေးလိုက်သွားလိုက်ပေမယ့် လွယ်လွယ်နဲ့ဖမ်းလို့မမိနိုင်ဘဲရှိကာ ရေကန်နားရောက်မှ ဂုဏ် သူမရဲ့ရှေ့ကို ပြေးရပ်လိုက်ပြီး ပုခုံးနှစ်ဖက်ကိုဖမ်းဆုပ်ကာ...
"ဘာလို့ ကိုယ့်အနားကနေ ပြေးချင်နေရတာလဲ ပူတူးရာ၊ မင်းထင်ချင်တာတွေထင်ပြီး အခုလို ထွက်သွားလို့မရဘူးလေ၊ ကိုယ်ပြောမယ့်စကားကို နားထောင်ပေးသင့်တယ်လို့ မထင်ဘူးလား ဟင်''
"ဟင့်အင်း.. ခက် ဘာမှနားမထောင်ချင်တော့ဘူး၊ ရှင်လဲ အတူတူပဲ ခက့်ထက် ခက်ဗိုက်ထဲက ကလေးကို လိုချင်လို့သာ အခုလို.. အဟင့်..အခုလို ခက်ကို ပြန်လာခေါ်နေတာ''
"မဟုတ်တာကွာ ဘာကိစ္စ ဒီလိုတွေးရတာလဲ၊ မင်းကိုချစ်လို့ မင်းကိုမခွဲနိုင်လွန်းလို့ အခုလို လိုက်ခေါ်တာပေါ့၊ မင်းသိထားဖို့ကလေ ဟော့ဒီ့လောကကြီးထဲမှာ ကိုယ်အချစ်ဆုံးက မင်းပဲ၊
ဂုဏ့်ရဲ့စကားကို ခေါင်းလေးရမ်းကာ မယုံကြောင်းပြောနေသည့် ပူတူးကို သူ မချင့်မရဲဖြစ်ကာ ဆွဲဖဲ့ပစ်လိုက်ချင်မိ၏။ သို့ပေမယ့် မျက်ရည်စက်လက်ဖြစ်နေသည့် မျက်နှာလှလှလေးကြောင့် သူ့မှာ သက်ပြင်းကြီးသာချလိုက်ပြီး...
"ကိုယ် အခု မင်းကိုပြန်လာခေါ်တာ''
"ဟင့်အင်း ခက် မလိုက်ဘူး၊ ခက် ရှင်နဲ့ဘယ်တော့မှ ပြန်မလိုက်တော့ဘူး ခက် ကွာရှင်းမှာ''
"ဘယ်သူ့သဘောနဲ့လဲ''
"........''
"အရင်က မင်းတစ်ယောက်တည်းကိုတောင် ကိုယ် မစွန့်လွှတ်နိုင်တာ၊ အခု မင်းဆီမှာ ကိုယ့်ရဲ့ရင်သွေးလေးရှိနေပြီဆိုတော့...
"အဲ့ဒိီ့ကလေးကို ခက် မွေးပြီးရင် ရှင်တို့ဆီပို့ပေးမယ်''
"ကလေးပဲ လိုချင်တာဆိုရင် မင်းကို အောက်ကျခံပြီး ဘာလို့ လာခေါ်နေမှာလဲ၊ ကိုယ့်ဟာကိုယ် တခြားမိန်းမတစ်ယောက်ယောက်ကို ကောက်ယူပြီး ကလေးမွေးလိုက်တော့မှာပေါ့၊ အခုက မင်းကိုလိုချင်လို့သာ ကိုယ်ဒီလောက်ချော့နေတာ''
"မယုံဘူး''
"ပြီးတော့ မင်းရဲ့ကျန်းမာရေးကြောင့် ကိုယ် ဒီကလေးကို မယူဖို့တွေးထားတယ်''
"ဟင်...
ဒါ ဘာစကားလဲ။ ဒီကလေးကို မယူဖို့ တွေးထားတယ်ဆိုတော့... မဟုတ်မှ.. ကလေးကိုစွန့်ပစ်ဖို့များတွေးထားတာလား။ ကိုယ့်အတွေးနဲ့ကိုယ် ထိတ်လန့်သွားပေမယ့် မဟုတ်ပါစေနဲ့လို့တွေးကာ ကိုကို့ကို ပြန်မော့ကြည်လိုက်တော့ ကိုကိုက သူမကို ပြုံး၍စိုက်ကြည့်နေပြီး...
"မင်းမှာ နှလုံးရောဂါရှိနေတယ် ပူတူး၊ အဲ့ဒါကြောင့် အခုချိန်မှာ ဒီကလေးကိုမွေးဖွားဖို့ဆိုတာက အရဲစွန့်ရာကျလွန်းတယ်လေ၊ သူများတွေလဲ ဒီလိုပဲမွေးနေကြတာပဲဆိုပေမယ့် ကိုယ်ကတော့ မင်းအသက်နဲ့ရင်းပြီး ဒီကလေးကိုမယူဘူး ပူတူး၊ မပြောကောင်း မဆိုကောင်း မတော်တဆ မင်းတစ်ခုခုဖြစ်သွားခဲ့ရင် ကိုယ် ရူးမှာ၊ ပြီးတော့ မင်းအသက်နဲ့လဲပြီးမှ ရလာတဲ့ကလေးကိုလဲ ကိုယ်မေတ္တာထားနိုင်မှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် ကိုယ် ဒီကလေးကို မလိုချင်ဘူး''
"အခု ကိုကိုက ခက်ကို ဘာလုပ်စေချင်နေတာလဲ''
"ဒီအကြောင်းပြောပြတယ်ဆိုတာက ကိုယ့်အတွက် ကလေးထက် မင်းကပိုပြီးအရေးပါတယ်ဆိုတာကို သိစေချင်လို့လေ၊ ဘာလုပ်စေချင်နေတာလဲဆိုတဲ့ မေးခွန်းအတွက်ကတော့ အင်း... ကိုယ်တို့ဒီကလေးကို ဖျက်ချလိုက်ကြရအောင်ကွာ''
"ကိုကို့...
အံ့ဩထိတ်လန့်ခြင်း များစွာဖြင့် ခေါ်လိုက်သည့် ခက်ရဲ့အသံဟာ တိုးသဲ့သဲ့လေးပါ။ ကိုကို့စကားတွေကိုနားထောင်လိုက်ရုံနဲ့ ခက်ဟာ ကိုကို့အတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို သိပေမယ့် ဒီလိုမျိုးကြီး ကလေးကိုစွန့်လွှတ်လိုက်ဖို့အထိ ပြောတာကတော့ ကိုကိုရက်စက်လွန်းပါသည်။ အမှန်ဆို ကိုကိုက ဒီကလေးလေးရဲ့ဖခင်တစ်ယောက် မဟုတ်ဘူးလား။
"ကိုယ်ပြောလိုက်တဲ့စကားတွေက လူသားမဆန်သလို ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမယ့် ကိုယ်ပြောပြီးပြီလေ မင်းအသက်နဲ့အလောင်းအစားလုပ်ရမယ့်အရာမျိုးကို ကိုယ်ဘယ်တော့မှ မလုပ်ဘူး''
"ဒါဆို ခက်က ဒီကလေးလေးကို.. ဖျက်ချ ဟင့်အင်း... ခက် မလုပ်ဘူး''
"မလုပ်လို့မရဘူး ပူတူး၊ ကိုယ် မင်းကို ဘယ်လိုနည်းနဲ့မှ အထိခိုက်မခံနိုင်ဘူး''
"ကိုကို အရမ်းကို ရက်စက်တာပဲ''
"မင်းကိုထိခိုက်စေမယ့်အရာမို့လို့ ကိုယ်ရက်စက်နေတာ၊ ကိုယ်လဲ လူသားတစ်ယောက်ပါပဲ၊ ကိုယ်ချစ်တဲ့သူကမွေးပေမယ့် ကိုယ့်ရင်သွေးကို လိုချင်တာပေါ့၊ ဒါပေမယ့်.. ကျစ်...
ကလေးကိုဖျက်ချဖို့ပြောလိုက်တာနဲ့ သူ့ကို ရွံ့ရှာစက်ဆုပ်သွားသည့်အကြည့်မျိုးဖြင့် ကြည့်လာသောပူတူးကို သူဘယ်လိုရှင်းပြရမှန်းမသိတော့ပါ။ အမှန်ဆိုရင် သူ့ရဲ့တဇွတ်ထိုးလုပ်ရပ်ကြောင့် ရလာသည့်ရင်သွေးမို့လို့ သူမလေးလဲ မလိုချင်ဘူးဆိုပြီး ဖြစ်နေရမှာပါ။ သူ့အနေနဲ့ကလဲ သူမ ဒီကလေးကိုမလိုချင်လောက်ဘူးထင်ပြီး ဖျက်ချမယ်ဆိုတဲ့စကားကို လွယ်လွယ်ပဲပြောထွက်မိလိုက်တော့....
"ကိုကို ဘယ်လိုပဲပြောပြော ခက်ကတော့ ဒီကလေးလေးကို စွန့်လွှတ်မှာမဟုတ်ဘူး၊ ကိုကိုပြောသလို မလုပ်လို့ ကိုကို ခက်နဲ့လမ်းခွဲချင်တယ်ဆိုရင်လဲ ကိုကို့သဘောအတိုင်း လုပ်နိုင်တယ်''
"အဲ့ဒီ့တော့ ကလေးပြောချင်တာက ဒီကလေးကို ဖျက်ချခိုင်းမယ်ဆိုရင် ကိုယ်နဲ့ကွာရှင်းမယ်ပေါ့ ဒီလိုသဘောလား ပူတူး''
"ကလေးနဲ့ခက်ကို ခဲွဲခြားပြီးမြင်နေသရွေ့ ခက် ကိုကိုနဲ့ပြန်ပြီးအဆင်ပြေဖို့ ကြိုးစားမှာ မဟုတ်ဘူး ကိုကို၊ ခက်ကို ချစ်သလိုပဲ ကလေးကိုချစ်ရမယ်၊ ကလေးကိုတန်ဖိုးထားသလို ခက်ကိုလဲ တန်ဖိုးထားရမယ်၊ ဒီလိုမျိုး သာတူညီမျှမချစ်နိုင်ရင်တော့ ခက် ကိုကိုနဲ့ကွာရှင်းရလိမ့်မယ်''
"ဒါဆို ကိုယ်က ဒီကလေးကို မွေးဖို့လက်ခံမယ်ဆိုရင် ကိုယ်တို့အရင်လိုပြန်နေနိုင်မယ်ပေါ့''
"ကိုကို့စိတ်ရင်းနဲ့ လက်ခံရင်ပေါ့''
ဒါဟာ သူ့အတွက် လွယ်ကူသော ပုစ္ဆာတစ်ခုကို အဖြေမရှာနိုင်သလိုပါပဲ။ ဒီလိုတွက်ရင် ဒီလိုအဖြေရမယ်ဆိုတာကို သိနေတာကြောင့် ဘယ်လိုပုံသေနည်းကိုပဲသုံးသုံး ရလဒ်ကတော့ ထူးခြားမှာမဟုတ်တာ သေချာသည်။ ရွေးချယ်စရာမရှိတော့တာ သေချာသွားသည့်နောက်မှာတော့ ဂုဏ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်က....
>>>>>>>>>><<<<<<<<<<
"နှလုံးရောဂါက အခုမှအစပျိုးစဆိုတော့ စနစ်တကျနဲ့သာ ကုသမှုခံယူလိုက်ရင် အရာရာကို အလွယ်တကူပဲ ကျော်ဖြတ်သွားနိုင်မှာပါ၊ တစ်ခုပဲ လူနာကို စိတ်ချမ်းသာအောင် ထားဖို့တော့လိုမယ်နော်''
ဒီစကားဟာ ဒေါက်တာခင်ခင်ရဲ့ အကြံပေးစကားတစ်ခွန်းပါ။ ဒီစကားကိုကြားပြီးကတည်းက ဂုဏ့်အတွက် ပူတူးဆိုတာ လေထိမခံ နေထိမခံနိုင်သည့် ပန်းလေးတစ်ပွင့်ဖြစ်သွားတော့သည်။
ဘယ်လိုမှ ကွာရှင်းမပေးနိုင်တဲ့အတွက် ဂုဏ် ကလေးကိုလက်ခံလိုက်ဖို့ပဲတွေးကာ ပူတူးရဲ့ကျန်းမာရေးကိုသာ သူအာရုံစိုက်ထားလိုက်၏။
"ဒေါ်ထွေး ကျွန်တော့်ပူတူးလေးရော?''
"အပေါ်ထပ်တက်သွားတာ မြင်လိုက်တာပဲ သားရယ်''
ဒေါ်ထွေးရဲ့အဖြေကို သူသဘောမကျစွာ မျက်ခုံးတွေတွန့်ကျုံ့ပစ်လိုက်တော့ သိပ်ကို အရိပ်အကဲသိလွန်းသည့် ဒေါ်ထွေးက...
"အပေါ်ထပ်က အခန်းထဲမှာ သူ့အရုပ်လေးကျန်ခဲ့လို့ဆိုပြီး တက်သွားတာပါ''
"ပူတူး အဲ့လိုလှေကားကို တက်လိုက်ဆင်းလိုက်လုပ်နေမှာစိုးလို့ အောက်ထပ်မှာပဲပြောင်းနေတာလေ ဒေါ်ထွေး၊ ပူတူးရဲ့ကျန်းမာရေးအခြေအနေက အမောခံခိုင်းလို့မရဘူးဗျ''
"အင်းပါ ဒေါ်ထွေးလဲ သိပါတယ်''
"သိရင် တားရမှာပေါ့၊ ပူတူးက ကလေးမို့လို့ မသိရင်တောင် ဒေါ်ထွေးက သိရမယ်လေ''
ဒီရက်တွေမှာ ဂုဏ် ပူတူးလေးကို ပိုးမွေးသလို ဂရုတစိုက်နဲ့ ပြုစုယုယနေတာကို သိနေပြီးသားမို့ အခု သူမကိုအပြစ်တင်နေသော ဂုဏ့်အား အကဲပိုလိုက်တာလို့ မတွေးမိပါ။ သူ့မိန်းမကို အရမ်းချစ်ပြီး အရမ်းဂရုစိုက်နေတာဆိုတော့ ဒီလောက်တော့ စိတ်ဆိုးမှာပဲလေ။
"ကိုကို့..
ဂုဏ် ဒေါ်ထွေးကို အပြစ်တင်နေရင်း နားထဲကိုချိုဆိမ့်သွားသည့် ပူတူးရဲ့ခေါ်သံလေးကြောင့် အသံလာရာ လှေကားထိပ်ကို သူမော့ကြည့်လိုက်၏။ သူ ဂရုစိုက်ပေးတာနဲ့အမျှ တစ်နေ့တစ်ခြား ကျန်းမာလာသည့် သူ့ရဲ့ပူတူးလေးက အခုတော့ ပြုံးပြုံးရွှင်ရွှင်လေးပင် ဖြစ်လာ၏။ ေနာက်ပြီး သူမလေးဝတ်ထားသည့် အဝါနုရောင်ဂါဝန်လေးကြောင့် သူမကိုကြည့်ရတာ နုဖတ်နေပြန်သည်။
အရမ်းကိုမှ ချစ်စရာကောင်းလွန်းသည့် ပူတူးကို ဂုဏ် ေခတ္တမျှငေးမောကြည့်နေစဥ် သူ့ဆီကို ပြေးဆင်းလာသည့် ပူတူးကြောင့် မျက်လုံးအစုံက ပြူးကျယ်သွားရကာ...
"ဟာ... ဟိတ်.. ဘာလို့ပြေးဆင်းလာတာလဲ၊ ရပ်နေ ရပ်နေ အဲ့ဒီ့မှာပဲရပ်နေ''ဆိုပြီး ခက်ရှိနေသည့် နေရာသို့ လှေကားထစ်တွေကို တလွှားလွှားနင်းဖြတ်ကာ ပြေးတက်လာတော့သည်။
"ပူတူးကို ကိုကို ဘာပြောထားလဲ၊ မင်းအပင်ပန်းခံလို့မဖြစ်ပါဘူးဆိုတာကိုကွာ''
အနားရောက်တာနဲ့ သူမလက်ထဲက သူဝယ်ပေးထားသည့် poohရုပ်ကြီးကို လက်လွှဲယူလိုက်ပြီး ပုခုံးလေးကိုထိန်းဖက်ရင်းဆိုလိုက်တော့ သူ့ကို အလိုမကျသော မျက်လုံးလေးဖြင့် ကြည့်လာသည့် ပူတူး။
"အကြည့်တွေ ပြင်လိုက်ကွာ၊ ကိုကိုက မင်းကို စိတ်ပူလို့ပြောနေရတာကွ''
"စိတ်ပူရအောင် ခက်က ဘာတွေလုပ်နေလို့လဲ''
"ဟုတ်တယ် ဟုတ်တယ်၊ ကိုယ့်ကလေးက ဘာမှမလုပ်ဘူး၊ ကိုယ်က အစိုးရိမ်လွန်သွားတာ''
အရင်လိုဆိုရင် သူ မကြိုက်တာတစ်ခုခုလုပ်မိလို့ကတော့ မပြီးနိုင် မစီးနိုင် ဆူပြောနေတတ်သည့်ကိုကိုဟာ အခုနောက်ပိုင်း ခက် ဘာပြောပြော အမြဲတမ်းအလျော့ပေးပြီးသား။ ဒါကိုပဲ ခက်မှာ မကျေမနပ်ဖြစ်ရပြန်သည်။ မသိရင် ခက်ကို မနိုင်လို့လွှတ်ထားသည့် ပုံစံမျိုးဖြစ်နေတယ်မဟုတ်လား။
"ကိုကိုနော် ခက်ကို မရွဲ့နဲ့''
"ဟော.. ဘာရွဲ့လို့လဲကွ''
"ဘာရွဲ့လဲ ကိုကို့ဟာ ကိုကိုသိမှာပေါ့၊ ခက်ကို အလျော့ပေးတာလိုလို လျစ်လျူရှုတာလိုလိုနဲ့''
"မဟုတ်ပါဘူးကွာ၊ ပူတူးပြောသလို မဟုတ်ဘူး၊ ကိုယ်က ဘာလို့ ပူတူးကို လျစ်လျူရှုရမှာလဲ၊ ပူတူးနဲ့ အရင်လို ငြင်းခုံနေရင် ကိုယ့်ကလေးပင်ပန်းမှာစိုးလို့ မဆိုသလောက်လေး အလျော့ပေးလိုက်တာ''
"ခက့်ရဲ့ရောဂါကြောင့် အခုလိုလုပ်တာမဟုတ်လား''
သိပ်ကိုကလေးဆန်လွန်းသည့် ပူတူးက သူမရဲ့ရောဂါအကြောင်းပြောလိုက်တိုင်း ငိုမဲ့မဲ့လေး ဖြစ်နေတတ်တာမို့ အခုလဲ မျက်ရည်လေးတွေဝေ့ကာ သူ့ကိုမေးလာ၏။ ဒီကလေး စိတ်ညစ်မှာစိုးလို့ အရာရာကို ဂရုစိုက်နေတဲ့ကြားထဲက ငိုမယောင်ဖြစ်နေသည့် ပူတူးကြောင့် သူ့မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားကာ...
"ဘာလို့ မျက်ရည်တွေဝဲနေရပြန်တာလဲ ပူတူးရာ''
"နှလုံးရောဂါက သေနိုင်လို့လားဟင်''
"ဟင်...
"ဟုတ်တယ်မလား၊ ခက်ရဲ့အခြေအနေက ခေါက်ခနဲလဲကျပြီး သေသွားနိုင်တဲ့အခြေအနေ ဟုတ်တယ်မလား''
"မဟုတ်ပါဘူး''
"ကိုကို လိမ်နေတာ၊ ခက်သိတယ် ခက် အကြာကြီးမနေရတော့ဘူး၊ ခက်သေတော့...
ခက့်စကားမဆုံးခင် ခက်ရဲ့နှုတ်ခမ်းတစ်စုံကို ဖိကပ်နမ်းရှိုက်ပစ်လိုက်သည့် ကိုကို့ကြောင့် ခက် မျက်လုံးပြူးသွားရ၏။ ဒါ သူ မပြောစေချင်တဲ့စကားပြောနေလို့ နှုတ်ပိတ်တဲ့နည်းလမ်းများလား။
"နောက်ကို ဒီလို အဓိ္ပ္ပါယ်မရှိတဲ့စကားတွေ မပြောရဘူးနော် ပူတူး၊ ကိုကို မကြိုက်ဘူး''
"........''
"ဘယ်လိုအရာတွေကမှ မင်းကို ကိုယ့်ဆီကနေ ဆွဲထုတ်သွားခွင့်မရှိဘူး ပူတူး၊ ကိုယ်နဲ့အတူ နှစ်တွေအကြာကြီး အတူတူနေသွားရမယ်''
သူပြောသမျှ စကားတွေကို အင်းမလုပ် အဲမလုပ်နဲ့ ပြူးကြောင်ပြီးကြည့်နေပုံက ခုနသူ့အနမ်းကြောင့် အသိလွတ်သွားသည့်နှယ်။
မျက်လုံးပြူးလေးဖြင့် သူ့ကို ကြောင်ကြည့်နေသည့် ပူတူးကို သူ အသည်းယားစွာ ပြုံးပြုံးကြီးစိုက်ကြည့်နေရင်းမှ ''သူမ စိတ်လှုပ်ရှားလို့မရဘူး''ဆိုတာကို သတိရသွားကာ သူမရဲ့ပုခုံးနှစ်ဖက်ကို ကိုင်လှုပ်လိုက်ပြီး...
"ပူတူး.. ပူတူး.. ဟေ့.. ကိုကိုခေါ်နေတာလေ ပူတူး''
"ဟင်..
"ပူတူး ဘာဖြစ်သွားတာလဲ၊ မောတာလား အသက်ရှူကြပ်တာလား ဟင် ကိုကို့ကိုပြော''
သူ့ရဲ့စိုးရိမ်တကြီးမေးခွန်းတွေကြားမှ ပုံမှန်အသိစိတ်ပြန်ရသွားသည့် ပူတူးက အခုနကအနမ်းခံလိုက်ရတာကို ရှက်ဝဲဝဲလေးဖြစ်သွားကာ မျက်နှာတစ်ခုလုံး နီပေါက်သွားသည်။ ထို့နောက် သူမရဲ့ပုခုံးနှစ်ဖက်ကို ကိုင်ထားသည့် သူ့လက်တွေကို ဖယ်ချကာ ကျန်နေသေးသည့် လှေကားထစ်သုံးခုကို နင်းဖြတ်ကာ ပြေးဆင်းသွားတော့၏။
"အဟွင်း... ရှက်စရာမဟုတ်တာကိုကွာ''
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ☺☺
အပိုင်း (၄၆)မျှော်
စာရေးသူ-Merida(Tulip)