🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~
(၁၅)နှစ်ခန့်ကြာပြီးနောက်
"ဒီပန်းအိုးက အပေါ်ထပ်က
မမလေးအခန်းကို ပို့ရမှာနော်
ဟဲ့ မတူး မတူး လိုက်ကာတွေက ဘယ်မှာလဲ တကယ်ပါပဲ တစ်ခုခု ယူခိုင်းလိုက်ရင်
ပေါ်ကိုမလာတော့ဘူး အဲ့ဒီ့မတူးကတော့
မတူးရေ...
"လာပါပြီ လာပါပြီ အန်တီခင်ရဲ့''
ထိုအခါမှ မတူးက လိုက်ကာတွေကိုပွေ့ကာ
စတိုခန်းထဲမှ အပြေးအလွှားထွက်လာ၏။
မနက်ဖြန်သည် ''နှင်းဆီမြိုင်''စံအိမ်ရဲ့
မမလေး မေနှင်းစက် နိုင်ငံခြားကို
ပညာသင်သွားရာမှ ပြန်လာမည့်ရက်။
ထို့ကြောင့် တစ်အိမ်လုံးမှာရှိတဲ့
အလုပ်သမားတွေ တစ်ယောက်မှ
အငြိမ်မနေရအောင်
ယောက်ယက်ခပ်နေကြသည်။
ခက် မေမေရှိမယ့် နောက်ဖေးက
မီးဖိုခန်းဘက်ကို လျှောက်သွားမည့်
ခြေလှမ်းတွေက အိမ်တော်ထိန်း အန်တီခင့်ရဲ့ အသံကြောင့် တုံ့ခနဲရပ်သွားသည်။
အန်တီခင်က အိမ်တော်ထိန်းဆိုပေမယ့်
ဒီအိမ်ရဲ့ အလုပ်သမားအားလုံးကို
မိသားစုဝင်တွေလိုပဲ ပြောဆိုဆက်ဆံတတ်ပြီး အခုလို ဆူညံပူညံလုပ်တာမျိုး
ခက် တစ်ခါမှ မမြင်ဖူးပါ။
ဒါ့ကြောင့် ခက် ဧည့်ခန်းထဲတွင်
အလိုမကျသော မျက်နှာဖြင့် မတူးကို
အပြစ်ဆိုနေသည့် အန်တီခင့်ကို
ထူးဆန်းသလိုလေးကြည့်လိုက်ကာ
"အန်တီခင်''
"ဟင် ဪ...
သစ်ခက်လေး ကျောင်းကြပန်လာပြီလား''
"ဟုတ် မေမေရော?''
"သမီးမေမေက မီးဖိုခန်းဘက်မှာ''
"အန်တီခင် ဒီနေ့...
"ဟဲ့ အဲ့ဒါက အဲ့လိုတပ်ရမှာမဟုတ်ဘူးလေ ဪ ဒုက္ခပါပဲ ပေးပေး ငါ့ကို''
ခက်စကားမဆုံးခင် အန်တီခင်က
ဘေးက ကောင်မလေးကို
အော်ငေါက်ဆူပူနေတာမို့
ခက် ပုခုံးလေးတွန့်ကာ
အသာလေးနောက်ဆုတ်လိုက်၏။
ထိုစဥျ
ကားပေါ်မှ ကျော့ကျော့မော့မော့ဆင်းလာတဲ့
ကိုကို့ကြောင့် ခက် တံခါးအကွယ်က
ပန်းအိုးကြီးနားတွင် ကွယ်ပုန်းလိုက်တော့
"ပုန်းမနေနဲ့ ကိုကိုမြင်ပြီးသား လာ ထွက်ခဲ့''
ကိုကိုက အဲ့လိုပါပဲ။
ဘယ်တော့နေနေ ခက်ထက်အရင်
ကြိုသိနေတတ်လွန်းတာမို့
ခက် နှုတ်ခမ်းလေးစူကာ
ကိုကို့ရှေ့ကို ထွက်ရပ်လိုက်ပြီး
"ဘယ်လိုလုပ်ပြီး မြင်သွားရပြန်တာလဲ ဟွန့်''
"ကိုကိုပြောဖူးပါတယ်
ကိုကို့ရဲ့ သစ်ခက်လေး ဘယ်ရောက်နေနေ
ကိုကိုက သိပြီးသား အဟွန်း''
ခါးထိအောင်ရှည်သည့်
ဆံနွယ်နက်နက်လေးတွေကို
ဝသန် လက်လေးနဲ့ အသာဖွရင်းဆိုလိုက်တော့ သစ်ခက်လေးက သူ့ကိုနှုတ်ခမ်းစူကာ
မျက်စောင်းလေးထိုး၏။
ပြီးမှ သူ့ကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး မျက်ခုံးတန်းနက်နက်လေးတွေကို
တွန့်ကွေးပစ်လိုက်ကာ
"အခု ကိုကို ဘယ်ကပြန်လာတာလဲ ဟမ်
ကိုကိုပြောတော့ ဒီနေ့ ဘယ်မှ မသွားပါဘူးဆို ခက်ကို လိမ်တာပေါ့ ဟုတ်လား''
"ဟား မဟုတ်ပါဘူးကွာ
တကယ် တကယ် ကိုကို ဒီနေ့တစ်နေကုန်
အိမ်မှာနေနေတာပါ
အခုလေးမှ အပြင်ကို ခဏသွားတာ
ဒါတောင် မာမီကသွားခိုင်းလို့''
သူပြောလိုက်တော့ သစ်ခက်လေးက
ဟုတ်လို့လားဆိုသည့် မျက်လုံးများဖြင့်
ကြည့်နေတာမို့ သူ နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်ပြီး
"တကယ်ပါဆိုကွာ
မယုံရင် အန်တီထားကို မေးကြည့်''
"သွားပါ မေမေကဖြင့် အမြဲတမ်း ကိုကို့ဘက်ကကို''
"ဒါတော့ အန်တီထားက ကိုကို့ကိုပိုချစ်လို့ ဖြစ်မှာပေါ့''
"ကိုကိုနော် မေမေက ခက်ကိုပိုချစ်တာ
ခက်ကမှ မေမေ့သမီးကို
ဘာလို့ ကိုကို့ကိုပိုချစ်ရမှာလဲ''
"ဟုတ်လို့လား ကိုကိုကတော့မယုံပါဘူး သစ်ခက်လေးနဲ့ ကိုကိုနဲ့ ရန်ဖြစ်တိုင်း
အန်တီထားက အမြဲတမ်း ကိုကို့ဘက်ကပဲ မဟုတ်ဘူးလား''
"ကို ကို့''
ဒီလိုစ,တိုင်း ဒေါသထွက်ကာ စိတ်ဆိုးတတ်သည့်
ကောင်မလေးက သူ့ကို မျက်စောင်းလှလှလေးထိုးကာ ရှူးရှူးရှားရှားဖြစ်လာ၏။
တကယ်လဲ ဟုတ်ပါသည်။
မေမေက ခက်ထက် ကိုကို့ကိုပဲ
အမြဲတမ်းဦးစားပေးတတ်သည်။
ဒီကိစ္စကို ခက်က ကြေးတိုက်ပြီးပြောတိုင်းလဲ မေမေပြောနေကျစကားက
ကိုကိုက သခင်မကြီးရဲ့သား
ဒီအိမ်ရဲ့သခင်လေးမို့လို့ပါတဲ့လေ။
"ခက်ခက်''
နှစ်ယောက်သားရန်ဖြစ်နေစဥ်
လှေကားပေါ်မှဆင်းလာသည့် သခင်မကြီးက ခက်ကို အမြင်မကြည်သည့် အကြည့်များဖြင့်
စူးစိုက်ကြည့်ကာ ခေါ်လိုက်သည်မို့
အဆူခံရတော့မည်ဆိုတာ အလိုလိုသိ၏။
ဒါ့ကြောင့် ကိုကို့ဘက်ကို လှည့်ရပ်နေရာမှ
သခင်မကြီးဆင်းလာမည့်ဘက်ကို
ခေါင်းလေးငုံ့ရပ်လိုက်ပြီး
"ဟုတ်ကဲ့ သခင်မကြီး''
"ညည်းကို ထူးဖို့ခေါ်နေတာမဟုတ်ဘူး
ဝသန့်ကိုဘယ်လိုဆက်ဆံနေတာလဲ ဟမ်
ကိုယ့်အဆင့်ကိုယ်သိစမ်း
ညည်းက သားကိုအော်ဟစ်နေရအောင်
ညည်းကို ညည်းဘာထင်နေလဲ''
"မာမီကလဲဗျာ
ကလေးကို ဘာလို့ဒီလောက်ဆူနေတာလဲ''
"မင်းဘာမှဝင်မပြောနဲ့ ဝသန်
မင်းအလိုလိုက်နေလို့ ဒီကလေးမ အတင့်ရဲနေတာ
ခွေးလေးအရောဝင် ပါးယက်နားယက်ဆိုတာ သိပ်မှန်တာပဲ''
"မာ မီ''
သစ်ခက်လေး ခေါင်းကြီးငုံ့ငိုနေပြီဆိုတာကို
ပြောချင်သမျှ အားမနာတမ်းပြောနေသည့်
မာမီက သတိထားမိမလားမသိပေမယ့်
အရိပ်တကြည့်ကြည့်နေနေတဲ့ သူကတော့သိသည်။
ဒါကြောင့် မာမီ့ကို ဝင်တားလိုက်ခြင်း။
"သစ်ခက်လေး အန်တီထားဆီလာတာမလား သွားလေ''
"ဟုတ် ခက်ကိုသွားခွင့်ပြုပါ သခင်မကြီး''
"နေဦး ညည်းကိုခိုင်းစရာရှိသေးတယ်''
"ဟုတ် ခက်ဘာလုပ်ပေးရမလဲရှင့်''
"ရော့ ဒီလိပ်စာအတိုင်းသွား
အဲ့ဒီ့ကိုရောက်ရင် မနက်ဖြန် လေဆိပ်ကိုသွားရင် ငါဝင်ခေါ်မယ်လို့ပြောလိုက် ကြားလား''
"ဟုတ်ကဲ့ သခင်မကြီး''
ခက် လက်ထဲမှ လိပ်စာကဒ်လေးကိုကိုင်ပြီး သခင်မကြီးရှေ့မှ ထွက်ရန်ပြင်လိုက်တော့
ကိုကိုက သူမရဲ့လက်တစ်ဖက်ကို
လှမ်းဆွဲထားကာ
"ကိုကို လိုက်ပို့မယ်''
"ဟင့်အင်း ရပါတယ်
ခက်သွားတတ်ပါတယ် ကိုကို''
"သွားတတ်တာတော့ဟုတ်တာပေါ့ တစ်ယောက်တည်းဆိုတော့...
"တစ်ယောက်တည်းလဲ သူ့ကိုဘယ်သူမှမဆွဲဘူး မင်းစိတ်ပူမနေနဲ့''
"မာမီကလဲဗျာ...
"ဟိုကောင်မလေးသွားတော့''
"ဟုတ်ကဲ့ သခင်မကြီး''
ခက် ကိုကိုနဲ့သခင်မကြီးရှေ့မှ
ခေါင်းလေးငုံ့ကာ ထွက်လာခဲ့၏။
သခင်မကြီးက မမနှင်းစက်လို
ခက်ကို ရိုက်တာ နှက်တာမျိုးမရှိပေမယ့်
ခက် သခင်မကြီးကိုတော့ကြောက်သည်။
အခုလဲ ကြောက်တဲ့စိတ်ကိုရှေ့တန်းတင်ပြီး
အိမ်ထဲမှထွက်ကာ လမ်းမကြီးပေါ်ကိုအရဲစွန့်ပြီး......
>>>>>>>>>><<<<<<<<<<
"ဘုတ် ဖရော...
"ဒါဘာတွေလဲ သေချာကြည့်ကြစမ်း''
ဦးရာဇဂုဏ် စားပွဲပေါ်ပစ်ချလိုက်သော
ဓာတ်ပုံတွေကို ဒေါ်ခင်စောသိုက်အပါအဝင် အနွယ်နဲ့ခေတ်သစ်က မျက်လုံးပြူးလေးဖြင့်
ကြည့်နေမိသည်။
ပုံတစ်ချို့တစ်ဝက်က စားပွဲပေါ်မှ
လျှောတိုက်ကျသွားပြီး ကြမ်းပြင်ပေါ်တွင်
ပြန့်ကျဲနေသလို တချို့ကတော့ စားပွဲပေါ်တွင်ဖရိုဖရဲ။
မြောက်မြားလှစွာသောဓာတ်ပုံတွေထဲတွင်
ဂုဏ်လေးက ပင်တိုင်စံအဖြစ်ပါဝင်နေပြီး
မတူကဲွဲပြားလှတဲ့ မိန်းကလေးတွေက တစ်ပုံကိုတစ်ယောက်။
"ပြောလေ ဒါဘာတွေလဲ''
"အနွယ်တို့က ဘယ်လိုလုပ်သိမှာလဲ''
"ခေတ် ညည်းသိတယ်မလား
တစ်လကိုတစ်ကြိမ်လောက်
ကနေဒါကိုလိုက်သွားနေတာဆိုတော့
ဒီအကြောင်းတွေ သိကိုသိရမယ်''
"ဖေဖေကလဲ ခေတ် ကနေဒါကိုသွားတယ်ဆိုတာက
ဂုဏ်လေးအဆင်ပြေမပြေပဲ သွားကြည့်တာလေ ဒါမျိုးတွေအထိတော့ ဘယ်လိုလုပ်ပြီးသိမှာလဲ''
"မဖြစ်နိုင်ဘူး ငါ့ကိုလာလိမ်မနေကြနဲ့
ကနေဒါကို ငါလိုက်ကြည့်မယ်ဆိုရင် ပျာပျာသလဲတားနေကြကတည်းက
ငါရိပ်မိသင့်တာ ကြည့်စမ်း
ညည်းတို့မောင် ဘယ်လောက်ပျက်စီးနေသလဲ ဘယ်လောက် ရှုပ်နေသလဲဆိုတာ''
ဦးရာဇဂုဏ် စားပွဲပေါ်က ဓာတ်ပုံတွေကို လက်ညှိုးတစ်ထိုးထိုးဖြင့် ပြောနေသမျှ
စောတို့သားအမိတစ်တွေကတော့ ငြိမ်လို့ စိမ်လို့ပါပဲ။
"စော မင်းဘယ်အချိန်ကတည်းက သိနေတာလဲ''
"ရှင်!.!.!
"မင်းသားပျက်စီးနေတာကို
ဘယ်အချိန်ကတည်းက သိနေတာလဲလို့''
"ဘယ်အချိန်ကတည်းက သိရမှာလဲ
ခုလေးတင် အကိုဒိီပုံတွေထုတ်ပြမှသိတာပေါ့''
"ဪ ဪ... လိမ်ကြစမ်း ညာကြစမ်း
မင်းတို့စိတ်ထဲမှာ ငါ့ကို လှိမ့်ချင်တိုင်း လှိမ့်လို့ရမယ့်
ငတုံးကြီးလို့ထင်နေကြတယ်ပေါ့ အဲ့လိုလား''
"မဟုတ်ပါဘူး အကိုရယ်
စောတို့က ဘာလို့အဲ့လိုထင်ရမှာလဲ
တကယ့်ကိုမသိတာပါ
ဒါနဲ့ အကိုက ဒီပုံတွေဘယ်ကရလာတာလဲဟင်''
ဒေါ်ခင်စောသိုက် ခင်ပွန်းဖြစ်သူရဲ့ လက်မောင်းလေးကို ကိုင်ပြီးလေပြေထိုးမေးလိုက်ပေမယ့် အကိုကဖြင့် မျက်ထောင့်နီကြီးဖြင့်
သူမကိုစိုက်ကြည့်ကာ
"ဘယ်ကရတယ်ဆိုတာ
အခုချိန်မှာအရေးကြီးလား
ပြီးခဲ့တဲ့အချိန်တွေမှာ ဂုဏ်လေးက
ဟိုမှာဘယ်လိုကြိုးစားနေပါတယ်
ဘာဆုတွေရတယ် ညာဆုတွေရတယ်ဆိုပြီး
မင်းတို့အားလုံးပေါင်းပြီးငါ့ကိုညာထားတဲ့ကိစ္စအရင်ရှင်း''
"ညာတာမဟုတ်ပါဘူး အကိုရယ်
သားက လူငယ်ပဲလေ
လူငယ်ဆိုတော့ လူငယ်သဘာဝ
ရည်းစားဘာညာတော့ထားမှာပေါ့''
"ဟုတ်ပြီ အဲ့ဒီ့အထိငါလက်ခံတယ်
ဒါပေမယ့် အဲ့ရည်းစားက အယောက်၂၀ထက်ပိုနေတာက ပြဿနာပဲ''
"ဒါကတော့ ယောက်ျားကောင်းမောင်းမတစ်ထောင်ပဲလေ အကိုရယ်''
"ဟုတ်သားပဲ ဖေဖေကလဲ''
အတိုင်အဖောက်ညီနေသော သားအမိ၃ယောက်ကို
သူ အလိုမကျသောမျက်လုံးများဖြင့်
သိမ်းကျုံးကြည့်ပစ်လိုက်၏။
အလိုလိုက်တယ်ဆိုတာ တော်ရုံပဲကောင်းတယ်မဟုတ်လား။
အခုဟာက ချစ်လို့အလိုလိုက်တာထက်
နှစ်ချင်လို့တမင်ပစ်ထားသလိုဖြစ်နေတာမို့
သူ စောကို ခပ်စူးစူးလေးကြည့်ကာ
"ယောက်ျားကောင်း မောင်းမတစ်ထောင်ဆိုရင် ကိုယ်အခုချိန် နောက်ထပ် မိန်းမတွေထပ်ယူလိုက်ရမလားစော
ကိုယ်ကလိုချင်လို့မဟုတ်ပါဘူး
မင်းယောက်ျားငါက ယောက်ျားကောင်းပါဆိုပြီး မင်းဂုဏ်ယူလို့ရအောင်လို့''
"ရှင်နော်၊ အဲ့လိုလုပ်ရဲလုပ်ကြည့်လိုက်လေ ကျွန်မအကြောင်းသိသွားမယ်''
"အဟွန်း.. တော်တော်တရားကျဖို့ကောင်းတဲ့သူတွေ
အခုလို ဂုဏ်လေးပျက်စီးရတာလဲ
အဓိကတရားခံက မင်းတို့သားအမိ ၃ယောက်ပဲ ဒီတော့ ဟိုကောင်ပြန်လာလို့ ငါဆုံးမရင်
တစ်ယောက်မှဝင်မပါနဲ့''
"ဖေဖေကလဲ
ဂုဏ်လေးကို မတရားပြောနေရင်တော့
ဝင်ပါသင့်ရင် ဝင်ပါရမှာပဲ
ပြီးတော့ ကလေးက ၁၅နှစ်လောက်
အိမ်နဲ့ဝေးပြီးနေနေရတာကို ပြန်ရောက်ရောက်ချင်း
အတင်းဆူငေါက်တာမျိုး မလုပ်ပါနဲ့
အနွယ်မကြိုက်ဘူး''
"မကြိုက်တော့ ဘာလုပ်ပေးရမှာလဲ
ဒီလောက်အကြာကြီးနေမှ မြန်မာပြည်ပြန်လာတာမို့
ဆိုင်းတွေ ဗုံတွေတီးပြီး ကြိုပေးရမှာလား
ဒါမှမဟုတ်ရင် နာမည်ကြီးceleတွေငှားပြီး ကြိုဆိုပေးရဦးမှာလား
ဒီလို သဘောလား အနွယ်''
သူ ထေ့ငေါ့ပြီးမေးလိုက်တော့
အနွယ့်အပြင် ခေတ်သစ်ကပါ မေကျမနပ်ဖြင့် နှုတ်ခမ်းတစ်စူစူ။
မကျေနပ်သမျှ အပြစ်တင်ပြီးပြောနေရရင်
ဒီနေ့အဖို့က အဆုံးသတ်နိုင်တော့မှာ မဟုတ်တာမို့
ဇနိီးနဲ့သမီးတွေကို စိတ်ပျက်သည့်မျက်လုံးများဖြင့်
တစ်ချက်ကြည့်ကာ ဧည့်ခန်းထဲမှ ထွက်သွားရန်ပြင်လိုက်ရ၏။
ထိုစဥျ...
ဧည့်ခန်းဝတွင်ရပ်နေသည့် ဒေါ်ထွေးက
သူ့တို့ရှိသည့်ဘက်ကို လျှောက်လာပြီး
"သူဌေးမင်းရှင့်
နှင်းဆီမြိုင်စံအိမ်က လူေရာက်နေလို့ပါ''
"ဘယ်က နှင်းဆီမြိုင်လဲ''
"ဘယ်က နှင်းဆီမြိုင်ဖြစ်ရမှာလဲ
နှင်းစက်တို့အိမ်ကပေါ့ ဖေဖေကလဲ''
ဘေးတွင်ငြိမ်ထိုင်နေသည့် ခေတ်သစ်က အားတက်သရောဝင်ပြောမှ ပိုပြီးတွေးစရာဖြစ်သွားတာမို့
ဦးရာဇဂုဏ် မျက်ခုံးကြီးတွန့်ကျသွားကာ
"ဘယ်က နှင်းစက်လဲ''
"ဪ ဖေဖေကလဲလေ
အဲ့ဒါကြောင့် ပြောတာပေါ့
ဖေဖေက ဂုဏ်လေးအကြောင်း သေချာမသိပဲနဲ့ ဂုဏ်လေးကိုမကောင်းဘူးပဲထင်နေတာကို
နှင်းစက်ဆိုတာက ကနေဒါမှာ ဂုဏ်လေးနဲ့ကျောင်းနေဖက် သူငယ်ချင်း
အဲ့ထက်လဲပိုချင်ပိုမှာပေါ့ အဟင်း..
"ခေါ်ခဲ့ ဒေါ်ထွေး''
"ဟုတ်ကဲ့ သူဌေးမင်း''
ဒေါ်ထွေးပြန်ထွက်သွားပြီး
ခဏနေတော့ ဧည့်ခန်းဘက်ကို
ကောင်မလေးတစ်ယောက်ဝင်လာ၏။
လူလေးက ဖြူဖြူသွယ်သွယ်နဲ့
လူကောင်သေးသေးလေးဆိုပေမယ့်
ရှည်လျားလှသည့်ဆံနွယ်တွေကြောင့် တစ်မျိုးအသွင်ဆန်းနေသည်။
ဖြူနုနေတဲ့အသားအရေနဲ့ သူမဝတ်ထားတဲ့ ချယ်ရီရောင် မြန်မာဝမ်းစက်ရိုးရိုးလေးက လိုက်ဖက်နေတာတော့အမှန်။
ခက် အိမ်ကြီးရဲ့ ဧည့်ခန်းထဲကိုဝင်လာရင်းမှ အိမ်ရှင်တွေထိုင်နေသည့် နေရာကို
မရောက်သေးခင် ကြမ်းပြင်ေပါ်ကျနေသည့်
ပုံတွေကြောင့် ကောက်ယူပေးရန်ပြင်လိုက်သည်။
စုစုပေါင်း ၄ ၅ပုံလောက်ရှိသည့် ပုံတွေထဲကမှ တစ်ချို့ကတော့ မှောက်နေပြီး
တစ်ချို့ကိုတော့ မြင်နေရသည်။
မြင်နေရသည့် ပုံတွေထဲကမှ ပုံတစ်ခုက
ကောင်လေးနဲ့ကောင်မလေး မျက်နှာချင်းနီးကပ်စွာ
နမ်းနေသည့်ပုံမို့ ခက် မျက်နှာလေးပင်ရဲတက်သွားရသေးသည်။
"နှင်းဆီမြိုင်က လွှတ်လိုက်တာမင်းလား''
"ရှင် ဟုတ်ကဲ့''
ခက် အသံခပ်ပြတ်ပြတ်နဲ့ မေးလာသည့် မမတစ်ယောက်ကို ခေါင်းလေးငြိမ့်ပြီးပြန်ဖြေလိုက်ရင်းမှ
လက်ထဲက ဓာတ်ပုံတွေကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။
"ဘာကိစ္စနဲ့လဲ''
"သခင်မကြီးက မနက်ဖြန် လေဆိပ်သွားရင်
ဝင်ခေါ်မယ် စောင့်ပေးပါလို့
ပြောခိုင်းလိုက်လို့ပါ မမ''
"ဪ...
ဒါနဲ့မင်းကို အရင်ကအဲ့ဒီ့အိမ်မှာမတွေ့ဖူးပါဘူး အလုပ်သမားအသစ်လား''
"ရှင်... မဟုတ်ပါဘူးရှင့်
ခက်က အရင်ကတည်းက အဲ့ဒီ့အိမ်မှာနေတာပါ မမ''
ခေတ် ကောင်မလေးကို
ခေါင်းအစ ခြေအဆုံးကြည့်လိုက်ရင်းမှ
ခေါင်းကို လေးပင်စွာ ငြိမ့်ပြလိုက်ပြီး
"ဘာပြောစရာရှိသေးလို့လဲ''
"မရှိတော့ပါဘူး မမ''
"မရှိရင်ပြန်တော့လေ ဘာလုပ်ဖို့ရပ်နေတာလဲ''
"ဟုတ် ဒါဆို ခက်ကိုခွင့်ပြုပါဦးရှင့်''
ခက် ဧည့်ခန်းထဲမှာရှိနေသည့်
လူတွေအားလုံးကို ဝေ့ကြည့်ပြီး နှုတ်ဆက်လိုက်၏။
ခုနက မမကလွဲရင် ကျန်တဲ့သူတွေအားလုံးက သူမကို ပြူးစိုက်ကြည့်နေတာမို့
ခက် မချိပြုံးလေးပြုံးပြလိုက်ပြီး ဧည့်ခန်းထဲမှ အမြန်ထွက်လာခဲ့လိုက်တော့သည်။
"တော်တော်ချစ်စရာကောင်းတယ်နော်''
ကလေးမလေးထွက်သွားမှ စတင်လာတဲ့စကားသံက မေမေ့ဆီမှ။
"ဟုတ်တယ် မေမေ အနွယ်ဖြင့်
ဒီကောင်မလေးကို ငေးနေရတာနဲ့ စကားပြောဖို့တောင်မေ့သွားတယ်
အဟွန်းဟွန်း''
"မမတို့ကတော့ပိုပြီ
ဒီလောက်ကတော့ ဘယ်မိန်းကလေးနေနေလှပါတယ်နော်''
"ဒါတော့ ဖေဖေကန့်ကွက်တယ်
အခုခေတ်မှာ ဒီလိုအလှမျိုးက ရှားသွားပြီ ခေတ်ပြောတဲ့အလှက ကာလာစုံခြယ်ထားတဲ့
ပူလောင်ခြင်းအလှတရားတွေပဲဖြစ်မှာ''
"ဘယ်လိုအလှပဲဖြစ်ဖြစ်ပါ ဖေဖေရယ် အဓိကက လူကအရည်အချင်းရှိဖို့လဲ
လိုသေးတယ်လေ''
ခေတ်စကားဆုံးတာနဲ့ မေမေရော မမကပါ သူမကို အလိုမကျသလိုကြည့်လာ၏။
မေမေက သူမကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီး
"ဒီကောင်မလေးမှာ အရည်အချင်းရှိမရှိ သမီးက ဘယ်လိုသိလဲ''
"ဘယ်လိုသိရမှာလဲ
သူ့မှာသာ သူများတွေထက်သာလွန်တဲ့အရည်အချင်းရှိရင်
ဂုဏ်လေးတို့ နှင်းစက်တို့လို
နိုင်ငံခြားမှာ စာသင်နေရမှာပေါ့''
"ဒါကတော့သမီးအတွေးတိမ်တာပဲ
နိုင်ငံခြားမှာ ကျောင်းနေမှ အရည်အချင်းရှိတာလား
မြန်မာနိုင်ငံမှာနေပြီး အရည်အချင်းရှိတဲ့သူတွေလဲ
ဒုနဲ့ဒေးပါဟယ်''
"ဒါပေမယ့် အဲ့လိုလူတွေက
လူနည်းစုတွေပါ မေမေရယ်''
"ဘယ်လိုပဲဖြစ်...
"ကဲ တော်ပြီ
စော မင်းသမိီးကိုဘာမှပြိုင်ငြင်းမနေနဲ့ မင်းသမီးက တစ်ဖက်ပိတ်''
"ဖေဖေနော်..
ဖေဖေနော်ဆိုတာကလွဲရင်
ဘာမှဆက်ပြောခွင့်မရလိုက်ပါ။
အမြဲတမ်းဖေဖေနဲ့ အယူအဆချင်းလွဲနေကျမို့
ဖေဖေကလဲ သူမနဲ့ပြိုင်ငြင်းခြင်းမလုပ်ပါ။
အခုလဲ ထုံးစံအတိုင်း
သူမကို ခပ်ထေ့ထေ့ကြည့်ကာ
ဧည့်ခန်းထဲမှထွက်သွားတော့၏။
>>>>>>>>>><<<<<<<<<<
လေယာဥ်ကွင်းရဲ့ တစ်နေရာတွင်
ခေါင်းလေးတမော့မော့ဖြင့်
စောင့်မျှော်နေသူတွေက မနည်းမနော။
ထိုလူအုပ်ထဲတွင် ဒေါ်ခင်စောသိုက်နှင့်
ဒေါ်နန်းမြင့်သူက အဆိုးဆုံးပင်။
သူမတို့နှစ်ယောက်ရဲ့နောက်တွင်တော့ အနွယ်နဲ့ခေတ်သစ်က တစ်တွဲ
ဝသန်နဲ့ သစ်ခက်တို့ကတစ်တွဲ။
"ဟိုကလေးမလေးက ဘယ်သူလဲဟင် နန်း''
"ဘယ်သူကိုမေးတာလဲ မမစော''
"ဟိုကလေးမလေးလေ''
နန်း မမစောလက်ညှိုးထိုးပြသည့်ဘက်ကိုကြည့်လိုက်တော့
ဝသန်နဲ့ ဘာတွေပြောပြီးသဘောကျနေမှန်းမသိသည့်
နွေသစ်ခက်။
သူမလေးရဲ့စတိုင်လ်အတိုင်း
အဝါနုရောင် ကြိုးတစ်ချောင်းဂါဝန်ဒူးကျလေးအပေါ်မှ
အဖြူရောင်လက်ရှည်လေး ထပ်ဝတ်ထားတာမို့
ကလေးလေးတစ်ယောက်နှယ်။
ဒီကြားထဲကမှ အားရပါးရရယ်ချလိုက်တိုင်း ခေါင်းလေးယိမ်းသွားသလို
ဆံနွယ်ရှည်ရှည်တွေက ယိမ်းခနဲ။
"ခက်ခက်ကို မေးတာထင်တယ်
သူ့နာမည်က နွေသစ်ခက်တဲ့ မမစော
သူ့အမေက နန်းငယ်ငယ်ကတည်းက လက်တိုလက်တောင်းလုပ်ပေးတဲ့
အိမ်အကူလေ''
"ဪ... မနေ့က အိမ်လာသေးတယ်လေ အဲ့ဒါ သူပြန်သွားတော့ အကိုနဲ့သမီးကြီးက ချစ်စရာကောင်းလိုက်တာဆိုပြီး
ပြောနေကြသေးတာ အဟွန်းဟွန်း''
"ခက်ခက်က လိမ္မာတယ်လေ
၁၀တန်းကို ဂုဏ်ထူး၃ခုနဲ့အောင်တာ''
"ဟုတ်လား တော်လိုက်တာနော်''
"ဟုတ်ပါ့ ဟုတ်ပါ့
သားကဆို သူကလေးကို ညီမအရင်းလေးလိုကို
ဂရုစိုက်တာ ချစ်တာလေ''
"သားက ကျောင်းပြီးပြီဆို''
"ပြီးပြီ သူ့ဒယ်ဒီ့ဆီမှာ
အလုပ်ဝင်လုပ်ခိုင်းနေတာကို ေခါင်းမာနေတာလေ''
"ကလေးတွေက ဒီလိုပါပဲ
ဂုဏ်လေးဆိုလဲ သူ့အဖေဆီမှာ
အလုပ်ဝင်လုပ်ခိုင်းနေတာကြာပြီ
မြန်မာပြည်မလာချင်ဘူးဆိုပြီး ခေါင်းမာနေတာ
အခု ကျောင်းလဲပြီးတော့ မနည်းပြန်ချော့ခေါ်ထားရတာ''
"ဟိုမှာ ဂုဏ်လေးတို့ထွက်လာပြီ''
ခေတ်ရဲ့အသံစူးစူးလေးကြောင့်
သူမတို့နှစ်ယောက်လုံး တဖက်ကိုလှည့်ကြည့်လို်က်၏။
ဟုတ်ပါရဲ့ ထွက်လာတဲ့လူတွေအများကြီးထဲကမှ
အရပ်ရှည်ရှည် အသားဖြူဖြူဖြင့်
သူမရဲ့ သားချောလေး။
နိုင်ငံခြားမှာ အကြာကြီးနေခဲ့လို့ ထင်ပါရဲ့ တကယ့်ကို နိုင်ငံခြားသားကြီးအတိုင်းပင်။
သူ့အနောက်ကမှ
ရွှေဝါရောင်လှိုင်တွန့်ဆံပင်ကွေးကွေးများဖြင့်
နုဖတ်ကြွရွနေသည့် နှင်းစက်။
"သားလေး''
"မေမေတို့က ဘာလို့လာကြိုနေတာလဲဗျာ ကျွန်တော်ပြန်တတ်ပါတယ်''
ဂုဏ် မျက်ခုံးတွေကိုတွန့်ကွေးပစ်လိုက်ပြီး
အလိုမကျသလိုပြောလိုက်ပေမယ့်
မေမေက သူ့ပါးကို လက်နှစ်ဖက်ဖြင့် ညှပ်ကိုင်လိုက်ပြီး
"သားကို မေမေ့ကလွမ်းနေရတာကိုကွ''
"ပိုပြီ မေမေရာ
နေ့တိုင်း vcပြောနေရတာပဲကို''
"ဟုတ်ပါ့ မေမေတို့များပိုချက်က လက်လန်တယ်
မလေးက ပြောပါတယ်
အိမ်ကစောင့်နေလို့ပြောတာကို လုံးဝမရဘူး''
"ဒါကတော့ မေမေလဲ ဂုဏ်လေးကိုမတွေ့တာကြာပြီလေ
ရောက်ရောက်ချင်းတွေ့ချင်မှာပေါ့''
အကဲပိုနေသည့် မေမေနဲ့ အစ်မနှစ်ယောက်ကိုကြည့်ကာ
ဂုဏ် နှာခေါင်းရှုံ့ပစ်လိုက်၏။
သူ့ကိုကလေးလို့များ ထင်နေသေးတာလား။
"မတွေ့ရတာကြာတော့ အရမ်းလွမ်းနေလို့လို့
ပြောလိုက်လေ အန်တီ အဟင်းဟင်း''
ဒေါ်နန်းမြင့်သူရဲ့ ခါးကိုဖက်ထားရင်း
ပြောလိုက်သည့် နှင်းစက်က ရယ်သံလေးစွက်ပြီး
ပြောလိုက်တော့ မေမေကလဲခေါင်းလေးငြိမ့်ကာ
"ပြောလိုက်စမ်းပါ သမီးရယ်
သားက အဲ့လိုပဲ ဒီအမေရဲ့စိတ်ကိုနားမလည်ဘူး''
"အဟင်း ဟင်း ဂုဏ်ကဆိုးတယ်လေ အန်တီ''
"မာမီ ဝသန်ရော''
"ပါပါတယ်ရှင် ဟိုးမှာ...
"ဝသန်''
နှင်းစက် ခပ်လှမ်းလှမ်းမှာရှိသည့်
မောင်ဖြစ်သူကိုလှမ်းခေါ်လိုက်မှ သူမကို တစ်ချက်ကြည့်ပြီး
သူမရှိရာကိုလှမ်းလာသည့် ဝသန်။
ဒါတောင် ေဘးက ခက်ခက်ကို
လက်ဆွဲခေါ်လာသေးသည်။
"မမ အားလုံးအဆင်ပြေခဲ့တယ်မလား''
"ပြေပါတယ် မင်းလဲ ကျောင်းပြီးတာကိုအလုပ်မဝင်သေးဘူးဆို''
"မာမီပြောတာလား''
"ဘယ်သူပြောပြောပေါ့
ဟုတ်လား မဟုတ်ဘူးလားပဲဖြေ''
သူမမေးလိုက်တော့ ဝသန်က မျက်ခုံးထူထူကြီးကို
လက်မဖြင့်ကုတ်ခြစ်နေရင်းမှ
"အလုပ်ကဘယ်အချိန်ဝင်ဝင်ပါ ရပါတယ် ဒါနဲ့ မမ ခရီးပန်းလာတယ်မလား
လာလေပြန်ကြရအောင်''
ဝသန် ပြောရင်းဆိုရင်းမှ
မမရဲ့ဘေးတွင်ရှိသည့် လက်ချ်ကေ့ကြီးကိုဆွဲယူလိုက်စဥ်
မမက သူ့လက်ကိုပုတ်ထုတ်လိုက်ပြီး
"ဘာလုပ်မလို့လဲ''
"သယ်ပေးမလို့လေ''
"အို ငါ့အဝတ်တွေနဲ့ကို မသယ်နဲ့ ဘုန်းနိမ့်မယ်
မိခက် ညည်းဘာရပ်လုပ်နေတာလဲ လာ သယ်လေ''
"ရှင်.. ဟုတ်ကဲ့ မမကြီး''
ခက် ကိုကို့ဘေးတွင်ရပ်နေရာမှ
မမကြီးရှိတဲ့ဘက်ကို လျှောက်သွားလိုက်ပြီး လက်ချ်ကေ့ကိုဆွဲမလိုက်၏။
ဆွဲမပြီးသည်အထိ
လေယာဥ်ကွင်းကနေ ပြန်ဖို့အစီအစဥ်မရှိသေးသည့်
မမကြီးတို့ကြောင့် ပြန်ချရမလိုလို ဆက်မရမလိုလိုဖြစ်နေစဥ်
ဘေးကိုကြည့်လိုက်တော့
မမကြီးနဲ့အတူပါလာသည့် လူက
သူမကို စူးစိုက်ကြည့်နေတာမို့ မျက်နှာလွှဲလိုက်ရ၏။
ဘယ်လိုလူလဲမသိဘူး
ခုနကတည်းက သူမကိုကြည့်နေတာသေချာသည်။
အခုလဲ သူမကကြည့်တာကို
ခပ်စူးစူးပဲပြန်ကြည့်နေတာမို့
ကိုယ်ကပင် မျက်နှာလွှဲထားရသည့်အဖြစ်။
"ကဲ မပြန်ကြတော့ဘူးလား''
ဝသန်စိတ်မရှည်သလိုမေးလိုက်မှ
အားလုံးက လှုပ်လှုပ်ရှားရှားဖြစ်သွားသလို မမကလဲ ဟိုလူ့ဘက်ကိုလှည့်သွားကာ
"ဂုဏ်မနက်ဖြန်ကျရင်
နှင်းစက်တို့အိမ်ကို လာခဲ့နော်
မနက်ဖြန် နှင်းစက်အိမ်မှာ သူငယ်ချင်းတွေနဲ့ ပါတီလုပ်မှာ''
"အင်း''
"သေချာပေါက်လာရမယ်နော်
မလာရင်စိတ်ဆိုးမှာ''
"အင်းပါဆိုဟာ''
ကိုယ်စိတ်ဝင်စားနေတာက တစ်ခြား
လာပြောနေတာကတစ်မျိုးမို့
ဂုဏ်စိတ်မရှည်စွာအော်ပစ်လိုက်၏။
ထိုအခါမှ နှင်းစက်လဲငြိမ်ကျသွားကာ
မေမေ့တို့ကို နှုတ်ဆက်ပြီး
သူတို့ရှေ့မှထွက်သွားတော့၏။
သူ့မျက်လုံးထဲ စွဲထင်ကျန်နေခဲ့တာက အဝါနုရောင်ဂါဝန်ဒူးကျလေးကို
အဖြူရောင်လက်ရှည်လေးဖြင့်
ထပ်ဝတ်ထားသည့် ဆံပင်ရှည်ရှည်
ပါးဖောင်းဖောင်းနဲ့ ကလေးမလေး။
တစ်ယောက်ယောက်နဲ့တူနေတာ သေချာပေမယ့်
ဘယ်သူနဲ့များတူနေတာပါလိမ့်နော်။
>>>>>>>>>><<<<<<<<<<
"မမကြီး ခက်ကိုခေါ်တယ်ဆိုလို့''
မှန်တင်ခုံရှေ့တွင် မျက်နှာကိုအနုစိတ်အလှပြင်နေသော မမကြီးရဲ့ ကျောဘက်တွင်ရပ်ပြီး သူမ အသံပေးလိုက်မှ မှန်ထဲကနေတစ်ဆင့် သူမကိုကြည့်ကာ
"အေး ည အိမ်မှာပါတီရှိတာသိတယ်မလား''
"ဟုတ် သိပါတယ် မမကြီး''
"ညကျရင် ညည်းအပြင်မထွက်ပဲနေပါ၊
ဧည့်သည်တွေက ညည်းကိုမြင်ပြီး
ဘယ်သူလဲ ဘာညာမေးနေရင် ဖြေရခက်လို့''
မမကြီးရဲ့စကားကို သူမမျက်လုံးလေးဝိုင်းစက်ကာ နားထောင်နေမိ၏။
အမြဲတမ်းခွဲခြားခံခဲ့ရတာမို့ ဒီကိစ္စကသူမအတွက်မထူးပေမယ့် မကြားရတာကြာတဲ့စကားတွေမို့ ရင်ထဲတော့အောင့်သက်သက်။
"ဟေ့ ငါပြောတာကြားလို့''
"ဟုတ် ကြားပါတယ် မမကြီး၊ စိတ်ချပါ ခက်အိမ်ထဲက အိ်မ်အပြင်မထွက်ပါဘူး''
"အကောင်းဆုံးပဲ''
"မမကြီးပြောစရာမရှိတော့ရင် ခက်ကို သွားခွင့်ပြုပါနော်''
နှင်းစက်ခေါင်းလေးသာငြိမ့်ပြလိုက်သည်။
သူမ ခွင့်ပြုမှ အခန်းထဲကနေ ထွက်သွားသည့် ကောင်မလေးကို အလိုမကျခြင်းများစွာဖြင့် ငေးကြည့်လိုက်၏။
ခက်က ဒယ်ဒီနဲ့တူတာမျိုးမဟုတ်ပဲ အန်တီထားနဲ့တော်တော်တူသည်။ ဒါ့ကြောင့်လဲ ဒယ်ဒီက အသည်းစွဲနေတာပေါ့။
နှင်းစက်ဆီကို တစ်လနေလို့ တစ်ခါတောင်ဖုန်းမဆက်တဲ့ ဒယ်ဒီက ခက်ကိုတော့တစ်နေ့တစ်ခါ ဖုန်းဆက်သည်တဲ့။
ခက်ကိုမွေးပြီးကတည်းက အခုချိန်ထိ ခက်ဝတ်တဲ့အဝတ်အစားမှန်သမျှ ဒယ်ဒီပဲဂရုတစိုက် ဝယ်ပေး ဆင်ပေးခဲ့တာချည်းပင်။ အဝတ်အစားတင်ပဲလားဆိုတော့ မဟုတ်ချေ။ ခေါင်းအစ ခြေအဆုံး ခက်ခက်ရဲ့အပြင်အဆင်အားလုံးက ဒယ်ဒီ့ရဲ့အလိုတော်အတိုင်း။ မာမီ့ရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုမျိုးသာမရှိရင် ဒယ်ဒိီက သူမတို့မိသားစုကိုပစ်ပြီး နောက်ဖေးက မိခက်တို့အိမ်လေးမှာ သွားနေမှာ အသေအချာပင်။
>>>>>>>>>><<<<<<<<<<
"ကိုကိုနဲ့အပြင်လိုက်ခဲ့နော် သစ်ခက်၊ ဒယ်ဒီ့သူငယ်ချင်းတွေရော ဖိတ်ထားတာမို့ မိတ်ဆက်ပေးချင်လို့''
"ဟင့်အင်း မလိုက်ချင်ပါဘူး၊ ခက် မေမေ့ကို ဝိုင်းကူလုပ်ပေးမလို့ကို''
"ကူလုပ်ပေးရအောင် သစ်ခက်ကဘာလုပ်တတ်လို့လဲ၊ ဘာမှလုပ်တတ်တာလဲ မဟုတ်ပဲနဲ့ကွာ''
"မလုပ်တတ်တော့ဘာဖြစ်လဲ မေမေကသင်ပေးမှာပေါ့ နော် မေမေရယ်''
ခက် ဗီဒိုကြီးထဲမှ ပန်းကန်တွေကို ထုတ်ယူနေသည့် မေမေ့ကို ခါးလေးမှဖက်လိုက်တော့ ရုတ်တရက်မို့ မေမေကလန့်သွားကာ
"ဟဲ့ အမလေး သမီး ဘယ်လိုလုပ်လိုက်တာလဲ၊ ဒီမှာ ပန်းကန်တွေ ကျကွဲတော့မလို့''
"မေမေကလဲ ခက်ကိုတောင်လန့်ရသလား''
"လန့်တာမဟုတ်ပါဘူး၊ သမီးက နောက်ကနေ ဖက်လိုက်တာကို''
"ဟွန့် ခက်မို့လို့လန့်တာပါ၊ ဖေဖေ့ကိုဆိုရင် မေမေမလန့်ဘူးမလား၊ ဖေဖေလဲ ဒီလို မေမေ့ကိုဖက်နေကျပဲလေ''
"ဟမ် ဒီကောင်မလေး ဘာတွေလျှောက်ပြောနေတာလဲ''
အကိုလေးကို သခင်မကိုကြောက်တဲ့စိတ်ကြောင့် လုံးဝလက်မခံခဲ့ပေမယ့် အကိုလေးက နိုင်ငံခြားကပြန်လာတိုင်း အိမ်လေးကိုရောက်ရောက်လာသည်။ လာတိုင်းလဲ ဘယ်လောက် အလိုမကျသလိုနေနေ ပွတ်သီးပွတ်သပ်တော့ လုပ်နေကျ။ ဒါကို သမီးကမြင်ဖူး၍လား။
"သစ်ခက် လာ ကိုကိုနဲ့ခြံထဲလိုက်ခဲ့၊ ဒီမှာဆက်နေရင် အန်တီထားလက်နဲ့ မင်းခေါင်းနဲ့နီးတော့မှာ လာခဲ့''
"မလာပါဘူးဆို၊ ခက် အပြင်မထွက်ချင်ဘူး''
"ဘာလို့လဲ''
"အပြင်မှာလူတွေ ရှုပ်ယှက်ခက်နေတာကို မျက်စိနောက်လို့''
"အောင်မာကွာ၊ ညစျေးတန်းကျတော့ မရမကထွက်ချင်တဲ့မင်းက လူရှုပ်လို့မကြိုက်ရဘူးရှိသေး''
"တူမှမတူတာကို ၊ ညစျေးတန်းမှာလူရှုပ်တာက စျေးသည်တွေနဲ့မို့လေ၊ ပြီးတော့ မုန့်တွေလဲစားလို့ရလို့''
"အခုလဲ စားလို့ရတာပဲကွာ၊ သစ်ခက်ကြိုက်တဲ့ အကင်တွေရောရှိတယ်၊ လာပါ ကိုကိုနဲ့လို်က်ခဲ့''
"ဟင့်အင်း မလိုက်ဘူး''
မလိုက်ဘူးဆိုပြီး အန်တီထားကိုကွယ်ကာ ေနာက်ဆုတ်သွားသည့် သစ်ခက်ကြောင့် ဘယ်လိုမှခေါ်မရတော့ဘူးဆိုတာ သူသိလိုက်၏။ ခေါင်းမာတာမျိုးမဟုတ်ပေမယ့် တမင်ဂျီကျနေတာသိသာနေတာမို့ သူကပဲအလျော့ပေးလိုက်ကာ
"မလိုက်ချင်လဲနေတော့ကွာ၊ အန်တီထားကိုတော့ ရှုပ်မနေနဲ့နော်၊ အန်တီထား သစ်ခက်ကို ပြောမရရင် ခေါင်းကိုနာနာသာထု''
"အဟင်း ဟင်း ထုစရာလား၊အန်တီထားမှာက ဒီသမီးလေးပဲ ရှိတာကို''
အန်တီထားက ခက်ရဲ့ခေါင်းလေးကို ပွတ်သပ်ပေးရင်းပြောလိုက်တာမို့ ခက်က သူ့ကို ဘယ်လိုလဲဆိုသည့်သဘောဖြင့် မျက်ခုံးလေးပင့်ပြနေ၏။
"သမီး ဒီပန်းကန်တွေကို မတူးတို့ဆီသွားပို့လိုက်၊ မတူးတို့က နောက်ေဖးမှာနော်''
"ဟုတ်ကဲ့''
"ကောင်းကောင်းသယ်သွားဦးနော်၊ ကျကွဲလို့သမီးခြေထောက်ပေါ်ကျနေမှာစိုးလို့''
"ဟုတ်ကဲ့မေမေ''
"အင်းအင်း''
ပန်းကန်တွေကို နောက်ဖေးသယ်ထုတ်သွားသည့်
ခက်ကို ဝသန်နှာခေါင်းရှုံ့ကြည့်လိုက်ပြီး
"အန်တီထားအလိုလိုက်နေလို့ သစ်ခက်က ဒီလောက်ဆိုးနေတာ''
"အန်တီထားထက် သားကြောင့်လို့ထင်တာပဲ၊ ညစျေးတန်းတွေ ဘာတွေသွားချင်ရင် အန်တီထား လိုက်မပို့ဖူးဘူး၊ ဘယ်သူလိုက်ပို့တာလဲ မသိဘူးနော်''
"ဒါကတော့ လိုက်မပို့လို့ရမလား၊ ကျွန်တော့်မှာ ဒီညီမလေးပဲရှိတာကို၊ သူသွားချင်တာတော့ လိုက်ပို့ရမှာပေါ့''
"ဪ အန်တီထားက ဘာပြောလို့လဲ၊ ဘယ်သူလိုက်ပို့တာလဲ မသိဘူးလို့ပဲပြောတာကို အဟင်းဟင်း''
ဝသန်သူ့ကို လှောင်နေသည့် အန်တီထားကြောင့် မျက်နှာကြီး ရှုံ့မဲ့သွား၏။ သူကလဲ လှောင်ချင်စရာ။ သစ်ခက်လေး မျက်နှာမကောင်းရင် အလိုမကျရင်မနေတတ်တဲ့သူဆိုတော့ ဘာလိုချင်လိုချင် ဘာလုပ်ချင်လုပ်ချင် အားလုံးလိုက်လုပ်ပေးနေကျမဟုတ်လား။
"ဝသန်ရေ ဟျောင့် ဘာလုပ်နေတာလဲ''
ရုတ်တရက်ကြီး အနားရောက်လာသည့် သူငယ်ချင်းဖြစ်သူ နေအရိပ်ကြောင့် ဝသန်ပျာယာခတ်သွားကာ
"နေအရိပ် မင်း မင်းက ဘယ်လိုလုပ်ပြီး အိမ်ထဲဝင်လာတာလဲ''
"ဘယ်လိုဝင်လာရမှာလဲ တံခါးပေါက်ကနေဝင်လာတာပေါ့''
"ဟုတ်လား အေး အေး လာလေကွာ အပြင်ပြန်သွားရအောင်''
"အင်း ဒါနဲ့ဒီအန်တီက မင်းပြောတဲ့အန်တီထားဆိုတာလား၊ အန်တီ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ''
ဒီကောင့်အကြောင်းသိနေတာမို့
ဝသန်အွပင်ကိုဇွတ်ခေါ်ထုတ်နပေမယ့်
အရစ်ရှည်နေသေးတာမို့
"ဟျောင့် လာလို့ဆိုကှာ''
"နေပါဦး မင်းကလဲ၊ အနျတီ ကျွန်တော့်နာမည်က နေအရိပျပါ၊ လမ်းမှာတွေ့ရင် ခေါ်လို့ရပါတယ်''
"ဪ အေးအေး''
"မေမေ့ မတူးက မေမေ့ကို ပြောစရာရှိလို့တဲ့''
အဲ့ဒါမှအေးရော။
သစ်ခကျကို ဒီကောင်မြင်မှာစိုးလို့
အွပင်ဇွတ်ခေါ်ထုတ်နေကာမှ
သစ်ခကျက ဆိုက်ဆိုက်မြိုက်မြိုက်ကြီး
ေရာက်ချလာ၏။
အလိုမကျခြင်းများစွာကို
လက်မှာအားထည့်ပစ်လိုက်ွပီး
နေအရိပ်ကိုဆောင့်ဆွဲခေါ်ထုတ်ကာ
ခြံထဲထွက်လာခဲ့သည်အထိ ဒီကောင်က
သစ်ခကျကိုကြည့်ကာ မှင်သက်နေဆဲ။
"ဝသန် အဲ့ဒါ မင်းပြောနေကြ သစ်ခက်လေးဆိုတာလား''
ဝသန္မဖြေ။
ဒီကောင် ဘယ်လောက်ဖွန်ကြောင်လဲဆိုတာ သူအသိဆုံး။
တွခားသူကိုကြောင်တာ ကိစ္စမရှိပေမယ့်
ကိုယ့်ညီမကိုတော့ အကြောင်မခံနိုင်။
"ဝသန် ငါမေးနေတယ်လေ၊ အဲ့ဒါ မင်းပြောဖူးတဲ့ မင်းညီမ သစ်ခက်လေးမလား၊ ဟား မင်းညီမက မင်းနဲ့တွခားစီပဲကှာ၊ ခစျြစရာကောင်းချကျက အရုပ်လေးအတိုင်းပဲ နုဖတ်ဥအက်နေတာပဲ''
"အရိပ် မင်းငါ့ညီမကိုတော့ ဖွန်မကြောင်နဲ့နော်၊ သူငယ်ချင်းအချင်းချင်းကို ဆွဲမထိုးချင်ဘူး''
"မင်းကလဲ ငါ ဘယ်တုန်းက ဖွန်ကြောင်ဖူးလို့လဲ''
"ဪ.... မင်းအကြောင်းကို ငါကမသိရှာဘူးကို''
"မင်းမသိပါဘူး အခု မင်းညီမကြောင့် ငါရင်တွေခုန်နေတာကိုလေ''
"ဘာကှ၊ အရိပ်မင်းသေဖို့သာပြင်ထား''
သူလက်သီးရွယ်လိုက်တာနဲ့ အရိပ်က
နောက်ပြန်ဆုတ်သွားကာ လက်နှစ်ဖက်ဖြန့်ပြီး
ပုခုံးတွန့်ြပေနေသး၏။
အရင်ကလဲ အရိပ်ရဲ့ဒီလိုပုံစံကိုမြင်နေကဆြိုပေမယ့်
ဒီနေ့တော့ လုံးဝကိုကြည့်မရတာ အသေအချာ။ ဘာကြောင့်လဲ မမေးနဲ့။
ဝသန်ဆိုတဲ့ကောင်က ညီမထိ ဓားကြည့်ဆိုတာမျိုး။
>>>>>>>>>><<<<<<<<<<
မီးရောင်စုံအောက်မှ တီးလုံးသံတို့ကြောင့်
ခြံထဲက လူငယ်တစ်သိုကျကတော့
အကြိုက်တွေ့နေသည်။
ဒါမျိုးပှဲတွေဆို အရမ်းကြိုက်တဲ့
ဂုဏ်တစ်ယောက် မျက်နှာကြီးရှုံ့မဲ့နေတာ ထူးဆန်း၏။
"နှင်းစက် ငါ ဟိုဘကျခဏသွားဦးမယ်''
"ဘယ်လဲ ဂုဏ်''
"ခြံနောကျက ရေကူးကန်ဘက်''
"ဘာသွားလုပ်မလို့လဲ''
အိမျကမမေ့ထကျ အမေးအွမန်းထူနေသည့်
နှင်းစကျကို သူစိတ်မရှည်သလိုကြည့်လိုက်ပြီး
"သွားချင်လို့ သွားမှာ၊ ဘာလဲ အဲ့နေရာက ကနျ့သတ်နယ်မြေမို့သွားမရဘူးလား''
"ဟို အဲ့လိုမဟုတ်ပါဘူး၊ နှင်းစကျက ဧည့်သည်တှေကို ဧည့်ခံရဦးမှာမို့လို့ လိုက်မပို့နိုင်လို့ပါ၊ သွားလေ ဂုဏ်သွားချင်ရင် သွားလို့ရပါတယ်''
သွားလို့သာပြောတာ
အခုထိ သူ့လကျကို လွှတ်မပေးသေးပေ။
သူရောကျကတည်းက
သူ့လကျကိုမလွှတ်တမ်းဆုပ်ကိုင်ထားသည့်
နှင်းစက်ကြောင့် လူကအလိုမကျခြင်းများစွာ။
နောက်ဆုံး စိတ်မရှည်တတ်တဲ့သူ့အကျင့်အရ သူမလက်တွေကို ဆတ်ခနဲခါထုတ်ပစ်လိုက်ပြီး
"ဟိုမှာ မင်းသူငယ်ချင်းတွေထင်တယ်''
"အယ် ဟုတျတယ် မြတ်နိုး လာလေ''
နှင်းစက် သူမသူငယ်ချင်းတွေဆီ
အာရုံရောက်နေခိုက် သူ ထိုနေရာမှရှောင်ထွက်လာလိုက်၏။
တော်တော်မလွယ်တဲ့ နှင်းစက်ရယ်။
အလိုမကျခြင်းများစွာကြောင့် တွန့်ကှေးနေသည့်မကျြခုံးတို့က ရေကူးကန်ဘက်အရောက်
ခက်ြချင်းပြေကသြွားပြန်၏။
အကြောင်းကတော့ ကန်ဘေးက ကြမ်းပြင်ပေါ်တွင်
ခုန်ဆွ ခုန်ဆွဖြင့် အလုပ်ရှုပ်နေသည့်
ကောင်မလေးကြောင့်။
ကြမ်းပြင်တွင် ခင်းထားသည့်
စတုရန်းပုံ ကွှေပွားတှကေို ခွေထောက်တစ်ဖက်ထောက်ပြီး
ခုန်နေသည့် ကောင်မလေးက သူထင်တာသာမမှားရင်
မနေ့က လေယာဉ်ကွင်းမှာ သူငေးမိသည့် ပါးဖောင်းဖောင်းလေး။
ကောင်မလေးက ချာခနဲ သူ့ဘကျကိုလှည့်လာပြန်သည်။
မနေ့ကပုံစံလေးအတိုင်းကိုမှ
အနက်ရောင်ဂါဂန်လေးပေါ်တှငျ
အနီရောင် အပေါ်ထပ်လက်ရှည်အပါးလေးနဲ့
ကလေးမလေးက မနေ့ကအတိုင်း
ဆံပင်ရှည်တွေကိုဖြန့်ချထားသေး၏။
အနည်းငယ်လှမ်းတဲ့နေရာဆိုပေမယ့်
ရေကူးကန်ဘေးကမီးတိုင်ရဲ့အလင်းကြောင့် သူမကို ထင်ထင်ရှားရှားမြင်နေရ၏။
"ကိုကိုလား''
ခက် တိုက်ကြီးရဲ့အရိပ်အောကျက
အမှောငျထဲကနေ သူမဘကျကိုလှည့်ရပ်နေသည့် ပုဂ္ဂိုလ်ကိုသေချာမမြင်ရတာမို့
လှမ်းမေးလိုက်ပေမယ့် ထိုပုဂ္ဂိုလ်ကွပန်မဖွေ။
"ကိုကိုလားလို့
ဟှနျ့ ခကျကို လာမွေခာက်နဲ့နော်''
ဒါလဲ ပြန်မွေဖ။
ကိုကိုပြောနေကြွဖစ်တဲ့
ရေကူးကနျနားမှာသရဲရှိတယ်ဆိုသော
စကားကိုအမှတ်ရသွားကာ
တဖြည်းဖြည်းလူကကြောက်စိတ်လေးဝင်လာတာမို့
နောကျကို ဆုတ်လိုက်ပြီး
"ဘယ်သူလဲလို့ ဟင့် ကိုကိုမလား၊ ဟုတျတယ်မလား ခကျကိုမွေခာက်နဲ့နော် ခက်ဖေဖေနဲ့တိုင်ပြောမှာ''
".........''
"ကိုကို အဟင့် ခက်ကြောက်တယ် ခကျကို မခွောက်ပါနဲ့နော် အဟင့် ဟင့်''
ဂုဏ် သူ့ကိုကြည့်ပြီး
သွေးရူးသွေးတန်းပြောနေသည့် ကောင်မလေးကြောင့်
လူကအလိုလိုပွုံးမိသွားပြီး အမှောင်ထဲမှထွကျကာ
ထိုကောင်မလေးဆီလျှောက်သွားလိုက်တော့
"ကိုကိုမလား ဟုတ်တယ္မလား''
"ဟင်ကိုကိုလဲ မဟုတ်ဘူး''
ကိုကိုလဲ မဟုတ်ဘူးတဲ့။
ဒီစကားကို သူမှတ်မိပါသည်။
လွန်ခဲ့သော ၁၅နှစ်ကလဲ သူ့ကို ဒီလိုပဲ
အားကိုးတကြီးကြည့်ပြီးမှ 'ကိုကိုလဲမဟုတ်ဘူး'ဆိုပြီး
နောက်လှည့်ပြန်ပြေးတဲ့ပုံရိပ်လေး။
အခုလဲ သူ့ကိုကြည့်ကာ နောကျကိုလှည့်ပြေးဖို့
ွပင်နေတဲ့ ကောင်မလေးကို လက်မောင်းမှလှမ်းဆွဲထားလိုက်ပြီး
"ဟိတ် နေဦး''
"အာ့ လွှတ် လွှတ်ပါ''
ဘယ်သူမှန်းမသိသော
ထိုလူ့ရဲ့လက်ထဲမှ သူမရဲ့ လက်ကို
ပြန်ရုန်းကြည့်ပေမယ့် လုံးဝမလွှတ်။
ဒါ့အပြင် အရောင်တောက်နေသော
မျက်လုံးစူးစူးတို့ဖြင့် သူမကို စိုက်ကြည့်ကာ
"မင်း ဘယ်သူလဲ''
"ရှင်.!.!.!''
>>>>>>>>>><<<<<<<<<<
အားပေးတဲ့အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘😘
လိုအပ်ချက်တွေရှိတာမို့ ဝေဖန်ပေးပါဦး
အပိုင်း(၅)မျှော်
စာရေးသူ-Merida(Tulip)