book

Index 32

အပိုင်း (၃၂)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


ဂုဏ်လေး နွေသစ်ခက်ကို ခိုးပြေးလာတဲ့နေ့က "တော်ဝင်နန်း"ကို ခေတ် နောက်ဆုံးအကြိမ်ရောက်ခဲ့ခြင်းဖြစ်၏။ သူမ ဒီအိမ်ကို မရောက်ဖြစ်တာ အလွန်ဆုံးရှိမှ တစ်လကျော်ကျော်ပေါ့။ 


ဒီတစ်လအတွင်းမှာ ''တော်ဝင်နန်း''က အများကြီးပြောင်းလဲသွားသည်။ ပြောင်းလဲမှုများစွာထဲမှ အသိသာဆုံးတစ်ခုက ဧည့်ခန်းနှစ်ခန်းလုံးတွင်ချိတ်ထားသည့် မင်္ဂလာဓာတ်ပုံတွေပါ။


အရင်က သူမတို့မိသားစုဓာတ်ပုံချိတ်သည့်နေရာတွင် အခုတော့ မိုးပြာရောင်မင်္ဂလာဝတ်စုံတွေနဲ့ ဂုဏ်လေးတို့လင်မယားပုံက နေရာယူထားတာကြောင့် ခေတ် မကျေမနပ်ဖြစ်သွားကာ...


"မင်းကို ဒီလောက် မသိတတ်တဲ့ကလေးလို့ ထင်မထားဘူး''


နံရံမှာချိတ်ထားသည့် ဓာတ်ပုံတွေကိုကြည့်ပြီးပြောနေတာမို့ မလေး ဘာကိုဆိုလိုချင်လဲဆိုတာ ဂုဏ်သိသည်။ ဒါ့ကြောင့်လဲ ဂရုမစိုက်စွာပင် ဆိုဖာပေါ်ခပ်တည်တည်ဝင်ထိုင်လိုက်ရင်း...


"ဒီအခန်းထဲက မိသားစုပုံက အပေါ်ထပ်က လှေကားထိပ်ကနံရံမှာ ပြောင်းချိတ်ထားတယ်၊ ဟိုဘက်အခန်းက ပုံကတော့ စာကြည့်ခန်းထဲမှာ''


"အဲ့ဒီ့ပုံတွေက ဧည့်ခန်းထဲမှာထားဖို့ မသင့်တော်လို့လား ဂုဏ်လေး''

"မလေး ထင်ချင်သလိုထင်ပါ၊ သေချာတာကတော့ မလေးထင်သလောက် ကျွန်တော် ဉာဏ်မမဲ့ဘူး''


သူမရဲ့မေးခွန်းကို ဖြေတာမဟုတ်ဘဲ ပတ်ရှောင်ပြီးပြောသွားသည့် ဂုဏ်လေးကြောင့် ခေတ် မကျေမနပ်နဲ့ ဆိုဖာပေါ်ကို ဆောင့်ဆောင့်အောင့်အောင့်ဝင်ထိုင်လိုက်၏။ 


ဒီကောင်လေးနဲ့သာ ပြိုင်ပြီး စကားရည်လုနေရင် သူမပဲ ရှုံးဖို့သေချာတာမို့ ဒီအကြောင်းကို ခေတ် မပြောတော့ဖို့တွေးလိုက်၏။ ပြီးမှ အိတ်ထဲက စာရွက်တစ်ချို့ကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်ရင်း...


"နှင်းစက်လေးက အလုပ်လျှောက်ဖို့ပြင်ဆင်နေတယ်တဲ့၊ အဲ့ဒါ ဂုဏ်လေးက ကူညီပေးလိုက်ဦး''

"ဘာကို ကူညီပေးရမှာလဲ''


"အခု နှင်းစက်လေး လျှောက်မယ့်ကုမ္ပဏီက ဂုဏ်လေးအလုပ်ဝင်နေတဲ့ ကုမ္ပဏီပဲလေ၊ အဲ့တော့ ဂုဏ်လေးက ထောက်ခံပေးမယ်ဆိုရင်...

"အဲ့လိုမျိုးတွေ ကျွန်တာ်မကြိုက်ဘူး မလေး၊ သူ့အရည်အချင်းနဲ့ သူဝင်လာနိုင်အောင် ကြိုးစားပါလို့ပဲ ပြောလိုက်ပါ''


အပြတ်သားဆုံး ငြင်းပစ်လိုက်သည့် ဂုဏ့်ကြောင့် မလေးရဲ့မျက်နှာက လငမုပ်ဖမ်းသလို ညိုမဲသွားသည်။ နောက်ပြီး သူ့ကို စူးစူးရဲရဲကြီးကြည့်ကာ...


"မင်းနဲ့ သူက သူငယ်ချင်းမဟုတ်ဘူးလား ဂုဏ်လေးရဲ့''

"သူငယ်ချင်းဆိုတိုင်း ဒီလိုမျိုး လုပ်ပေးစရာလိုသလား မလေးရာ''


"လိုတာပေါ့၊ သူငယ်ချင်းဆိုတာ အကူအညီလိုရင် အပြန်အလှန်ကူညီကြရတာပဲလေ''


"ကူညီသင့်တဲ့အရာဆို ကျွန်တော် ကူညီမှာပါ၊ အခုဟာက သူ့မှာလဲ ဒီအလုပ်ကိုရနိုင်လောက်တဲ့ အရည်အချင်းရှိနေတာပဲ၊ ဒါကို ဘာကိစ္စနဲ့ ကျွန်တော့်ကို ကြားဝင်ပြီးလုပ်ခိုင်းနေရတာလဲ၊ ဘာလဲ မလေးက ကျွန်တော်နဲ့နှင်းစက်ကို တမင်နီးစပ်အောင်လုပ်ပေးပြီး အောငျသှယျခငြျတာလား''


"မဟုတ်ပါဘူး မလေးပြောချင်တဲ့ အဓိပ်ပါယျက မင်းဘက်က ကူညီပေးတယ်ဆိုတာမျိုးလေကွာ''


"နာမည်လိုချင်တာလား? ဒါဆိုရင် ပိုဆိုးတာပေါ့၊ ကျွန်တော်က စိတ်ထဲကမပါဘဲ နာမည်ရချင်ရုံသပ်သပ်နဲ့ ဘာအလုပ်မှမလုပ်ဘူး''


"မင်း တော်တော်ပြောရခက်တဲ့ ကလေးပဲ ဂုဏ်၊ အခု မမပြောတာက မင်းအတွက် ပင်ပန်းတဲ့အရာလဲ မဟုတ်..


"ဟိတ် ပူတူး အဲ့ဒါ ဘယ်လဲ''


သူမနဲ့ စကားပြောနေရင်းကနေ ရုတ်တရက်ထွက်လာသည့် ပူတူးဆိုသည့်အသံကြောင့် ခေတ် အပေါက်ဝကို လှမ်းကြည့်လိုက်သည်။ နွေသစ်ခက်ဆိုသည့် ကလေးမလေးက ဧည့်ခန်းရှေ့ကနေ မြောက်ကြွ မြောက်ကြွလေး လျှောက်ကာ ခြံရှေ့သွားဖို့ပြင်နေသည့်ပုံ။ 


မျိုးရိုးဂုဏ်ဆိုတဲ့ကောင် မျက်လုံးမှာ cctvများ တပ်ထားသလား အောက်မေ့ရသည်။ အခန်းပေါက်ဝနဲ့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ သူမကတောင် နွေသစ်ခက်ကို မမြင်တာ။ ဘေးမှာထိုင်နေသည့် ဒီကောင်လေးက ဘယ်လိုလုပ်မြင်သွားသလဲ မသိ။


"အဲ့ဒါ ဘယ်လဲလို့ ကိုကိုမေးနေတာနော်''


ဂုဏ် မေးနေတာကို မဖြေဘဲ ထုံးစံအတိုင်း မထုံတက်တေးလုပ်နေသည့် ပူတူးကို စိတ်မရှည်တာကြောင့် ထိုင်ရာမှာထကာ ပူတူးဆီလျှောက်သွားလိုက်ပြီး...


"ဘယ်သွားမှာလဲ''

"ခက့်အပင်တွေကို ရေသွားလောင်းမလို့''


"ဒါဆို ကိုယ် လိုက်ခဲ့မယ်''

"ကိုကိုက ဘာလို့လိုက်မှာလဲ၊ မလေးနဲ့စကားပြောနေတာမဟုတ်ဘူးလား နေခဲ့''


"ပူတူးတစ်ယောက်တည်းဆိုရင် တစ်ကိုယ်လုံး ရေတွေစိုရွှဲနေအောင် လုပ်လာဦးမှာ ကိုယ်သိတယ်''

"အဲ့လိုလုပ်ရအောင် ခက်က ကလေးလား?''


"နေ့တိုင်း ဒီလိုပဲ လုပ်နေတာလေ၊ မလေးမှာ ကျွန်တော့်ကို ပြောစရာ တခြားကိစ္စရှိသေးလား၊ မရှိရင် ကျွန်တော်ခြံထဲသွားတော့မယ်''


သူပဲမေးပြီး သူပဲဖြေကာ အိမ်ထဲကနေထွက်သွားသည့် မောင်ဖြစ်သူကို ခေတ် တစ်ခွန်းမှပြောချိန်မရလိုက်။ ဒီကောင်လေး တော်တော့်ကို ကဲလွန်း သဲလွန်းနေတာကတော့ သေချာပါသည်။ 


>>>>>>>>>><<<<<<<<<<


"ဘာမှာမလဲခင်ဗျ''


ကန်တင်းမှာဝင်ထိုင်လိုက်တာနဲ့ လာမေးတဲ့ ဝိတ်တာကောင်လေးကြောင့် ခက် လွယ်အိတ်ကိုစားပွဲပေါ်တင်လိုက်ရင်းမှ...


"စတော်ဘယ်ရီမစ်ရှိတ်နဲ့ ဘာဂါတစ်ပွဲပေးနော်၊ ဂူးဂူး နင် ဘာစားမှာလဲ''


"ဂူးဂူး နင်ဘာစားမှာလဲလို့''


သူမမေးနေတာကို ဘာမှပြန်မပြောသည့် ဂူးဂူးကြောင့် ခက် ကြည့်လိုက်တော့ အစ်မတော်ချောက ငူငူငိုင်ငိုင်နဲ့ ဘာကိုတွေးနေသလဲမသိ။ ဒါ့ကြောင့် ခက် ဂူးဂူးရဲ့လက်ကိုကိုင်ပြီး...


"ဂူးဂူး ဟဲ့ ဂူးဂူး''

"ဟင်... ဘာလဲ''


"ဘာစားမှာလဲလို့''

"ဪ... နင်မှာတာပဲ မှာလိုက်လေ''


အရင်နဲ့မတူဘဲ ထူးဆန်းနေသည့် ဂူးဂူးကို အကဲခတ်ကြည့်ပြီးမှ ခေါင်းငြိမ့်ကာ ဝိတ်တာကောင်လေးကို မုန့်မှာလိုက်သည်။ ထိုကောင်လေး အနားကထွက်သွားတော့မှ ခက် ဂူးဂူးကိုသေချာစိုက်ကြည့်ပြီး...


"ဂူးဂူး နင်ဘာဖြစ်နေတာလဲ''

"ဘာမှမဖြစ်ပါဘူး''


"မဟုတ်သေးပါဘူး၊ တစ်ခုခုတော့ ဖြစ်နေပါတယ်၊ ဘာဖြစ်နေတာလဲ ငါ့ကိုပြော''

"တကယ် ဘာမှမဖြစ်ပါဘူးဟာ''


ဂူးဂူးပုံစံက တကယ်မပြောချင်တဲ့ပုံစံမို့ ခက် ထပ်မမေးတော့ဖို့ ဆုံးြဖတ်လိုက်၏။ သို့ပေမယ့် အရင်နဲ့မတူဘဲ ငူငူငိုင်ငိုင်လေးဖြစ်နေရှာသည့် ဂူးဂူးကို အကဲခတ်ကြည့်နေမိသေးသည်။


သူမတို့မှာထားတဲ့မုန့်တွေ စားပွဲပေါ်လာချပေးတာကိုပင် သတိမထားနိုင်လောက်အောင် အသိလွတ်နေသည့် ဂူးဂူးကြောင့် စိတ်ထဲတွင် စိုးရိမ်သွားကာ...


"ဂူးဂူး နင်တစ်ခုခု ဖြစ်နေတာလား''

"ခက်''


"ဟင်.. ပြောလေ နင် ဘာပြောချင်လို့လဲ''

"ငါ အရမ်းကြည့်ရဆိုးလားဟင်''


"ဘာရယ်''

"ငါ့ရုပ်က ကျက်သရေမရှိဘူးလား ဟုတ်လား''


"ခွိ.. အဟင်း ဟင်း''


ဂူးဂူးရဲ့စကားအဆုံး မုန့်လာချပေးသည့် ဝိတ်တာထံမှခွီခနဲရယ်သံလေးထွက်လာတာမို့ ခက်တို့နှစ်ယောက်လုံး ထိုကောင်လေးကို မျက်မှောင်ကြုံ့ကြည့်လိုက်သည်။ ထိုအခါမှ ကောင်လေးက မျက်နှာပိုးသတ်သွားသည့်ဟန်ဖြင့် နှုတ်ခမ်းကိုစေ့ပိတ်ပစ်လိုက်ပြီး အနားက ထွက်သွား၏။


"နင့်ကို ကျက်သရေမရှိဘူးလို့ ဘယ်သူကပြောလဲ ဂူးဂူးရဲ့''

"ကိုကို ရည်းစားရသွားပြီ''


"ဟမ်.. ကိုကို ကိုကိုဆိုတာ ဘယ်သူလဲ''


ခက် ဘာဂါလေးကိုကိုင်ထားရင်းမေးလိုက်တော့ ဂူးဂူးက မစ်ရှိတ်ဘူးထဲကိုပိုက်လေးနဲ့မွှေနေရင်းကနေ...


"ကိုကိုဘုန်းဝသန်လေ''

"ကိုကြီးကလား ရည်းစားရသွားတာ''


"အင်း ဟိုနေ့က ငါနဲ့တွေ့တာလေ၊ ကိုကို့ရည်းစားက အရမ်းလှပြီး အရမ်းကျက်သရေရှိတာပဲ''

"ဟုတ်လား ခက်တောင်မတွေ့ဖူးသေးဘူး၊ ဒါနဲ့ နေစမ်းပါဦး ကိုကြီးရည်းစားထားတာနဲ့ နင်ခုနက မေးတာဘာဆိုင်လို့လဲ''


"ကိုကို့ရည်းစားနဲ့ယှဥ်ရင် ငါ့ပုံစံက ကျက်သရေမရှိဘူးလားလို့''

"ဟော.. ဂူးဂူးရယ် ဟိုက သူ့စတိုင်လ်နဲ့သူ နင်က နင့်စတိုင်လ်နဲ့နင်လေ၊ ဘာကိစ္စ သူများနဲ့သွားယှဥ်ပြီး ကိုယ့်ကိုကိုယ် စိတ်ဆင်းရဲခံနေတာလဲ၊''


"ကိုကိုက ငါ့ကိုမကြိုက်ဘဲ အဲ့ဒီ့မမကိုကြိုက်သွားတာကို ယှဥ်ရမှာပေါ့''

"အဟွတ် အဟွတ်..


ရှင်းရှင်းလင်းလင်းပြောချလိုက်သည့် ဂူးဂူးစကားကြောင့် ခက် မစ်ရှိတ်သောက်နေရင်းမှ သိီးသှားကာ ဂူးဂူးကိုပြန်ကြည့်လိုက်တော့ ပုံစံက စနောက်နေတဲ့ပုံစံမဟုတ်။ သီးသွားသည့် သူမကို ခပ်တည်တည်လေးသာကြည့်ပြီး..


"ငါက ကိုကို့ကို တကယ်ကြိုက်တာ၊ ကိုကိုကကျတော့ ငါ့ကိုမကြိုက်ဘဲ အဲ့ဒီမမကို သွားကြိုက်တယ်''

"ဂူးဂူး..


"ငါ နောက်နေတယ်လို့ ထင်နေတာလား''


ဒီလိုမေးတော့ ခက် ခေါင်းကို ဆတ်ခနဲ ငြိမ့်ပြလိုက်၏။


"ငါ အတည်ပြောနေတာ ခက်ရဲ့၊ အဲ့ဒါ ခုမှမဟုတ်ဘူး ဟိုးအရင်ကတည်းက၊ နင့်ကိုယောင်းမတော်ချင်တယ်လို့ ပြောပြောနေတာက အစကတော့ နင့်ကို စရင်းနောက်ရင်းနဲ့ ပြောတာဆိုပေမယ့် နောက်ပိုင်းက ငါအတည်ပြောနေတာ၊ ဒါပေမယ့် အခု ကိုကိုက...


ဆက်မပြောတော့ဘဲ ခေါင်းလေးငုံ့ချသွားသည့် ဂူးဂူးကို ခက် ဘယ်လို နှစ်သိမ့်ပေးရမလဲ မသိတော့ပါ။ ဒါ့ကြောင့် ကျောလေးကို အသာလေးပုတ်ပေးရင်း...


"အခုထိ နင့်မှာ ကြိုးစားဖို့အခွင့်အရေးရှိသေးတာပဲလေ၊ ကူညီနိုင်သမျှ ခက် အားလုံးကူညီပေးမယ် သိလား''ဆိုပြီးတော့ ပြောလိုက်တော့ ဂူးဂူးက သူမကို အားကိုးသည့်မျက်လုံးလေးများဖြင့် ကြည့်လာ၏။


"မဖြစ်မနေ ယောင်းမတော်ရမယ်ဆိုရင် ခက်က ခက်အစ်ကိုကို ဘာလို့ သူစိမ်းလက်ထဲထည့်ရမှာလဲ၊ စိတ်ချ ကိုကြီးကို နင်နဲ့ပဲ သဘောတူမှာ၊ ပြီးတော့ အခု သူတို့က ယူပြီးသွားတာမှမဟုတ်တာ၊ ပြတ်ကို ပြတ်ကြဦးမှာ သေချာတယ်''


"တကယ်လို့ မပြတ်ဘူးဆိုရင်ရော?''

"ဟင်.. မပြတ်ရင်လား.. ဒါဆိုလဲ ခက်တို့က ပြတ်အောင်လုပ်ပေးလိုက်ကြတာပေါ့ အဟွန်း ဟွန်း''


ခက်ရဲ့စကားအဆုံး ပြုံးသွားသည့် ဂူးဂူးကြောင့် ခက် ကျေနပ်သွားမိသည်။ အပေါင်းအသင်းရှားပါးလွန်းသည့် ခက်အတွက် ဂူးဂူးဆိုတာက ဘုရားပေးတဲ့ဆုလာဒ်ပါပဲ။ ဒီလို သူငယ်ချင်းကောင်းလေးကို စိတ်ချမ်းသာစေဖို့ဆိုရင် ခက် ဘာပဲလုပ်ပေးရ လုပ်ပေးရ။ အို ကုန်ကုန်ပြောရရင် အခုလို ခက်ရဲ့ကိုကြီးကို ပေးရမယ်ဆိုရင်တောင် ပေးလိုကျမှာပါ အဟွန်း။ ဒါပေမယ့် ကိုကြီးတော့ မသိစေနဲ့ပေါ့။


>>>>>>>>>><<<<<<<<<<


အချိန်က ညနေစာ စားချိန်ရောက်နေတာမို့ ဂုဏ် အောက်ထပ်ကိုဆင်းလာခဲ့သည်။ ဆင်းလာတဲ့တစ်လျှောက်လုံး အိမ်ထဲကို မျက်လုံးဝေ့ကြည့်ပြီး ပူတူးကိုရှာလိုက်ပေမယ့် အရိပ်တောင်မမြင်ရပေ။


"သား ထမင်းစားတော့မလား?''

"ဟုတ် စားတော့မယ် ဒေါ်ထွေး၊ ဒါနဲ့ ပူတူးရော ဘယ်ရောက်နေလဲ''


ထမင်းစားပွဲနားရောက်နေတာတောင် မထိုင်နိုင်သေးဘဲ မေးလိုက်တော့ ဒေါ်ထွေးက ပြုံးစိစိဖြင့်...


"သမီးက ဟိုဘက်အခန်းမှာ ရှေှဝါလေးကို အစာကျွေးနေတာလေ''

"ဟုတ်လား?''ဆိုပြီး ဟိုဘက်က မီးဖိုခန်းဘက်ကို ခြေဦးလှည့်လိုက်သည့် ဂုဏ်လေးကြောင့် ဒေါ်ထွေးရယ်လိုက်မိသည်။


ဒီကောင်လေး ချစ်တတ်ပုံက မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်ပါပဲ။


"ပူတူးလေး ထမင်းစားမယ်လေ''

"စားတော့မလို့လား''


"အင်းပေါ့၊ အချိန်လဲကြည့်ဦး ၇နာရီတောငျထိုးပွီးနပွေီလေ ကလေးရဲ့''

"ဟုတ်လား၊ ဒါဆိုလဲ ကိုကိုစားနှင့်လေ၊ ခက် ရွှေဝါလေးစားပြီးတဲ့အထိ စောင့်နေလိုက်ဦးမယ်''


လက်ထဲက ငါးကြော်လေးကို သေးသေးလေးတွေဖဲ့ပြီး ရွှေဝါ့ပန်းကန်ထဲထည့်ပေးရင်း ပြောလိုက်၏။ သို့ပေမယ့် အနားကထွက်သွားပုံမရသေးသည့် ကိုကို့ကြောင့် ခက် မော့ကြည့်လိုက်တော့ ကြမ်းပြင်မှာဆောင့်ကြောင့်ထိုင်ပြီး ကြောင်စာကျွေးနေသည့် သူမကို ကိုကိုက လက်ပိုက်ရပ်နေလျက်ကနေ ခပ်ထေ့ထေ့ကြည့်နေ၏။


"ကိုကို့ ဘာလို့လဲဟင်''

"ဘာကို ဘာလို့လဲဟင်လဲ''


"ကိုကိုက ခက်ကို ဒီလိုကြီးကြည့်နေလို့လေ''ဆိုပြီး ကိုကို့ပုံစံအတိုင်း မျက်နှာကြီးစူပုတ်ပစ်လိုက်ပြီး မျက်မှောင်ကြုံ့ပြလိုက်တော့ ကိုကို့မျက်နှာမှာ အပြုံးတစ်ပွင့် လက်ခနဲတောက်ပသွား၏။


"ထမင်းစားရအောင်ပါဆိုတာကို ပူတူးက ဂရုမှမစိုက်တာကို''

"ကိုကို့ကို စားနှင့်လို့ ခက်ပြောသားပဲ''


"အဲ့လိုရမလားကွ၊ ကိုယ်က မင်းမပါဘဲ ဘယ်တုန်းကစားဖူးလို့လဲ၊ မရဘူး အခုထ ကိုယ်နဲ့ထမင်းအတူတူစားမယ်'' 

"ဒါဆိုလဲ ခဏလေးစောင့်ဦး၊ ခက် ဒါလေးအရိုးနွှင်ပေးခဲ့လိုက်ဦးမယ်''


"ကြောင်ကို အရိုးနွှင်ပေးစရာလိုလို့လား၊ ဒီအတိုင်းတောင် အကောင်လိုက် ခိုးစားနေကြတာပဲလေ''


ကြောင်ကိုများ တကူးတကအရိုးနွှင်ပေးနေရတယ်လို့။ သူ့ကိုကျတော့ နည်းနည်းလေးတောင်ဂရုမစိုက်ဘဲ ကြောင်ကိုကျ အကဲပိုပြနေတာမို့ ဂုဏ် မနာလိုစွာပြောလိုက်တော့ ပူတူးက သူ့ကို မျက်လုံးထောင့်ကပ်ကြည့်လိုက်ပြီး...


"ရွှေဝါက ဘယ်တုန်းကမှ ခိုးမစားဘူး''

"ကိုယ်က ပူတူးအကဲပိုနေတာကို ပြောချင်တာ''


"ဘာလဲ ခက် အရင်ကလဲ ဒီလိုပဲလုပ်ပေးနေတာပဲကို''

"အရင်က အရင်၊ အခုက အခုပဲ မတူဘူးကွ၊ မင်းဟာက လွန်လွန်းတယ်၊ ယောက်ျားဖြစ်တဲ့ကိုယ့်ကိုကျတော့ ရေလေးတောင် ခပ်မတိုက်ချင်ဘဲနဲ့ ဒီကြောင်ကိုပဲ အရေးလုပ်လွန်းအားကြီးတယ်၊ ကြာလာတော့ ကိုယ် စိတ်တိုလာပြီ သိရဲ့လား''


မနာလိုစိတ်တွေများပြီး ဂုဏ် တကယ်လဲစိတ်ဆိုးလာတာမို့ အသံခပ်မာမာနဲ့ပြောလိုက်တော့ ပူတူးက ထိုင်နေရင်းမှ သူ့ကို ထူးဆန်းသလိုကြည့်လာ၏။ ထို့နောက် ဘာကိုသဘောပေါက်သွားသလဲမသိ။ ရေခဲသေတ္တာထဲမှာ ရေတစ်ခွက်ယူလာကာ သူ့ရှေ့ကိုထိုးပေးပြီး...


"အင့်.. ဒီမှာရေ ခက် ကိုကို့ကိုရေခပ်ပေးတယ်နော်၊ နောက်တစ်ခါလာပြီး အပြစ်မပြောနဲ့တော့''

"ပူတူး.. မင်းကိုယ့်ကိုရွဲ့တာလား''


"မဟုတ်ပါဘူး ကိုကိုပဲ ခက်က ရေခပ်မပေးလို့ စိတ်ဆိုးနေတာမဟုတ်လား''


လည်တာလား အ,တာလားမသိပေမယ့် သူမလေး လုပ်နေပုံက ဂုဏ် စိတ်ဆိုးရခက်ခက်။ အခုလဲ ပြောပြီးတာနဲ့ အစာစားနေသည့်ကြောင်လေးရှေ့ ထိုင်နေပြန်တာကြောင့် ဂုဏ် အလိုမကျဖြစ်သွားကာ...


"ထမင်းစားမယ်လို့ ကိုယ်ပြောနေတယ်နော် ပူတူး''

"ခဏလေးပါ တကယ် ခဏလေးဆိုရပြီ''


ခက် ကိုကို့ကိုမကြည့်ဘဲ လက်လေးပဲကာပြလိုက်တော့ ကိုကိုက အစာစားနေသည့် ရွှေဝါကို ဂုတ်မှဆွဲပြီ မ,သွား၏။ ရုတ်တရက်မို့ ခက် ကိုကို့လုပ်ရပ်ကိုကြောင်ကြည့်နေမိစဥ် ကိုကိုက ရွှေဝါ့ကိုတန်းလန်းဆွဲပြီး ခက် ရှေ့ကထွက်သွား၏။ 


"ကိုကို့ အဲ့ဒါ ဘာလုပ်တာလဲ''

"ဒီကြောင်ကို သွားပစ်မလို့''


"ဟင်...


ဒီလိုပြောပြီး အိမ်ရှေ့ထွက်သွားတာမို့ ခက် ဆတ်ခနဲထရပ်ပြီး နောက်ကနေ လိုက်သွားကာ...


"ကိုကိုနော် ရွှေဝါက ကိုကို့ကို ဘာလုပ်နေလို့ သွားပစ်မှာလဲ''

"အချိန်ပြည့် မင်းနားကပ်နေလို့ကို ပစ်မှာ''


"ကြောင်ပါဆိုမှ လူနားကပ်မှာပေါ့၊ ဟင့်အင်း... မပစ်ရဘူးနော် ပေး ခက်ကို ရွှေဝါလေးပြန်ပေး''

"မ.. ပေး.. ဘူး..''


"ကိုကို့''

"ဘာလဲ အော်ချင်သလောက်အော် ဂရုမစိုက်ဘူး၊ ကိုယ်ကတော့ ဒီကြောင်ကို ပစ်ရမှကို ကျေနပ်မှာ ''


ပြောလဲပြော လူကလဲ ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်နေတာမို့ ခက် လိုက်လို့မမှီဘဲဖြစ်နေ၏။ ဒါ့ကြောင့် ခက် ပြေးပြီး ကိုကို့ရဲ့ရှေ့မှာပိတ်ရပ်လိုက်ရင်း လက်နှစ်ဖက်ဖြန့်ကာ...


"ပြန်ပေးပါနော် ကိုကို၊ ခက် ရွှေဝါလေးကို မပစ်ရက်လို့ပါ နော် ကိုကို''

"မင်းကိုလဲ မပစ်ခိုင်းပါဘူး၊ ဖယ် ကိုယ့်ဟာကိုယ်သွားပစ်မှာ''


"ဟင့်အင်း.. ဟင့်အင်း... ဒီလိုမလုပ်ပါနဲ့''


ကိုကို့ပုံစံက တကယ်လုပ်မည့်ပုံမို့ ခက် အသည်းအသန်ငြင်းနေမိသည်။ နောက်ပြီး ကိုကိုတနျးလနျးဆဲှဲပွီး အကိုင်ခံထားရသည့် ရွှေဝါလေးကလဲ သူ အပစ်ခံရတော့မှာကို သိနေသည့်အတိုင်း မျက်လုံးထဲမှာ အရညျကွညျလေးတှဝေေ့ပွိီး အသနားခံနေသည့်နှယ်။


"ကိုကို့ ခက်တောင်းပန်ပါတယ်နော်၊ နောက်တစ်ခါကျရင် ရွှေဝါလေးအစား ကိုကို့ကိုပဲ အရေးလုပ်မယ်၊ ကိုကို့ကိုပဲ ဂရုစိုက်ပါ့မယ် တကယ် ကတိပေးတယ်''


"ရွှေဝါလေးအစားဟုတ်လား၊ မလိုချင်ဘူး ကိုယ့်ကို ဘယ်သူနေရာမှအစားထိုးစရာမလိုဘူး၊ ဖယ် ကိုယ်တကယ်သွားပစ်မှာ''


"အဟင့်.. မပစ်ရဘူး၊ ဘာလို့ ရွှေဝါလေးကို ပစ်ရမှာလဲ အဟင့် ရွှေဝါလေးကို ပြန်ပေးပါနော် အဟင့် ဟီး.. ဟီး..''


သူ့ရှေ့ကနေ ဖယ်မပေးဘဲ မျက်ရည်တွေပါကျအောင် ငိုသွားသည့် ပူတူးကြောင့် ဂုဏ် ပျာယာခတ်သွားပြီး လက်ထဲက ကြောင်လေးကို ကြမ်းပြင်ပေါ်ပစ်ချလိုက်မိ၏။ ထို့နောက်မှ သူ့ရဲ့အငိုသန်လေးကို ရင်ခွင်ထဲထွေးပွေ့ကာ..


"အဲ့လောက်ငိုရလား ပူတူးရာ၊ တိတ် တိတ် ကိုယ်က မင်းချစ်တဲ့ကြောင်လေးကို တကယ်ပစ်ပါ့မလားကွ ဟမ်၊ မငိုနဲ့တော့ ကိုကိုက အလကားစနေတာပါ''


ရင်ခွင်ထဲက ကလေးလေးကို ဂုဏ် ကျောလေးပုတ်ပေးရင်းချော့လိုက်၍ အငိုတိတ်သွားပေမယ့် ရှိုက်နေဆဲ။ 


"တိတ်ပါ ကလေးရယ်၊ ပူတူးမကြိုက်ရင် ကိုယ်နောက်ထပ် ဒီလိုမစတော့ဘူးနော်''

"အဟင့်... ကိုကိုက လူဆိုးကြီးသိလား၊ ရွှေဝါကို ဂုတ်ကနေတန်းလန်းဆွဲခေါ်သွားတာ''



"ကိုကို့ကို ဒီလောက်ရက်စက်တတ်လိမ့်မယ်လို့ ထင်မထားဘူး''


"မဟုတ်ပါဘူး ပူတူးရယ်၊ ရက်စက်တာမဟုတ်ပါဘူး''

"ဒါဆို ဘာလို့ ရွှေဝါ့ကိုဒီလိုလုပ်လဲ''


မျက်တောင်ဖျားတို့တွင် ခိုကပ်နေဆဲမျက်ရည်စတို့ဖြင့် အရည်လဲ့နေသောမျက်ဝန်းလှလှလေးက ဖျတ်ခနဲပင့်လာကာ ရန်တွေ့နေသည်က ဂုဏ့်အတွက် အချစ်ပိုရပြန်သည်။ 


သူ့ကိုစိတ်ဆိုးပြီး ရန်လိုနေသည့်သူမက နှုတ်ခမ်းလေးကိုပါ စူထားသေးတာမို့ ကလေးငယ်လေးတစ်ယောက်သဖွယ်။ 


ဒီအဆိုးလေးရဲ့ ချစ်စဖွယ်ဟန်ပန်လေးကြောင့် ဂုဏ် သတိမထားမိလိုက်ဘဲ ဟက်ခနဲရယ်လိုက်တော့ နောက်ထပ်လက်ဆောင်က သူမထံမှ မျက်စောင်းလှလှလေးတစ်ချက်။


"ကိုယ်က ပူတူးကို အရမ်းချစ်တာကွ၊ ချစ်လွန်းလို့လဲ အခုလို တိရစ္ဆာန်နဲ့ယှဥ်ပြီး နေရာလုနေရတာပေါ့၊ မင်းဆီကဆင်းသက်လာမယ့် မေတ်တာတှေ စေတနာတွေ အားလုံးကို ကိုယ်ကပဲ ရချင်တာ၊ ကိုယ့်ကိုကျော်ပြီး တခြားတစ်စုံတစ်ရာဆီပေးလိုက်တာမျိုးဆိုရင် ကိုယ်မခံစားနိုင်ဘူး တကယ်၊ ကိုယ့်ကိုခွင့်လွှတ်နော်''


"နောက်တစ်ခါ ဒါမျိုးထပ်မလုပ်နဲ့''

"ဒါဆို အခု ခွင့်လွှတ်တယ်ပေါ့''


ဂုဏ် မေးလိုက်တော့ ခေါင်းလေးငြိမ့်ပြပြီး ရင်ခွင်ထဲပြန်တိုးဝင်လာသည့် ပူတူးလေးက သူ့ခါးကိုပါ ဖက်ထားသေး၏။ နောက်ပြီး အသည်းယားဖို့ကောင်းလောက်အောင် သူ့ရင်ဘတ်ကျယ်ကျယ်ကြီးကို သူမရဲ့ပါးလေးဖြင့် ဖိပွတ်နေရင်းမှ...


"ခက်အချစ်ဆုံးလူက ကိုကိုပဲဆိုတာ မသိဘူးလားလို့''

"အဟွန်း... မသိဘဲနေမလားကွ သိတာပေါ့၊ ကိုယ့်ပူတူးလေးက ကိုယ့်ကိုချစ်တယ်ဆိုတာလဲ သိတယ်၊ ပူတူးက ကိုယ့်ကိုချစ်လို့ ဂျီကျပြီးဆိုးနေတာလဲ သိတယ်၊ ဒါပေမယ့် ကိုယ်က ပူတူးထက် အသက်သာကြီးတာ စိတ်က ပူတူးထက်၅နှစ်စာလောက်ငယ်နေတာ ဘယ်လိုလုပ်မလဲ''


"ဟင့်အင်း ဟင့်အင်း.. ခက်ထက် ကိုကိုငယ်ချင်လို့မရဘူးနော်၊ ခက်ကပဲ ကိုကို့ကိုဆိုးချင်တာ ကိုကို့ကိုမချော့ချင်ပါဘူး''

"ဟွန့်... တော်တော်ချစ်ဖို့ကောင်းတယ်နော်''


ငေါ့ပွောလိုကျသညျ့ ကိုကို့စကားကြောင့် ခက် ခေါငျးလေးထောငျကွညျ့လိုကျတော့ ကိုကိုက ခက်ကိုစိုက်ကြည့်နေတာမို့ သွားလေးဖြဲပြလိုက်ပြီး...


"ဘယ်လိုနေနေ ကိုကိုက ချစ်တယ်မဟုတ်ဘူးလား''

"ဘယ်သူကပြောလဲ၊ ကိုယ်ကလဲ အမြဲတမ်းချော့နေရရင် မချစ်ချင်ပါဘူး''


"အဟွန်း... ခက်ကို မချစ်ဘဲကိုကိုမနေနိုင်ပါဘူး''


အပိုင်တွက်ပြီး ပြောနေသည့် သူမလေးကို ဂုဏ်  နှာခေါင်းရှုံ့မိသည်။ 


တကယ်တော့ သူမလေးပြောတာ မှန်ပါသည်။ ဒီကောင်မလေး ဒီလောက် လက်လန်အောင်ဆိုးပြနေတာကို သူ့မှာ အချစ်မလျော့ဘဲ အဆိုးလေးပါလားဆိုပြီး ပိုတိုးလို့ချစ်နေရပြန်သည်မဟုတ်လား။


"ကိုကို့ ခက်ဗိုက်ဆာတယ်''

"ဆာသွားပြီလား ဒီဗိုက်က၊ ခုနကဖြင့် ထမင်းစားဖို့ခေါ်တာကို မတုန်မလှုပ်နဲ့ ဒီကြောင်ကိုပဲ အရေးလုပ်နေပြီးတော့များ''


"အရေးလုပ်တာမဟုတ်ပါဘူး၊ ဒီအိမ်မှာ အားတဲ့လူက ခက်ပဲရှိတာကို၊ ရွှေဝါလေးကို ခက်ကမှ အစာမကျွေးရင် ဘယ်သူက ကျွေးအားပါ့မလဲ၊ အဲ့ဒါကြောင့်ပါ''


မျက်ခုံးလေး ပင့်ကာ ပင့်ကာဖြင့် ပြောလိုက်တော့မှ ကိုကိုက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ခါးကိုဖက်ထားသည့် ခက်ရဲ့လက်တွေကိုဖြုတ်ချကာ လက်ဖျားလေးမှကိုင်လိုက်စဥ်...


"ကြည့်ဦး ပူတူးရာ၊ မင်းလက်မှာ ဆီတွေချည်းပဲ''

"အယ်.. ဟုတ်ပါ့၊ ခုနက ငါးကြော်တွေကိုင်ထားတာ၊ ဟင် ဒါဆို ကိုကို့အင်္ကျီကိုဆီတွေပေကုန်မှာပေါ့''


ခက် ပြောပြောဆိုဆိုဖြင့် ကိုကို့ကျောဘက်ကို သွားရပ်ပြီးကြည့်လိုက်တော့ ဆင်စွယ်ရောင်အင်္ကျီလေးတွင် ခက်ရဲ့လက်ကနေ ပေပွသွားသည့် ဆီတွေက အကွက်လိုက်။ 


>> ကိုကို စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ <<


သူ့နောက်သွားရပ်ပြီး ဘာအသံမှမကြားရတော့ဘဲ ငြိမ်ကျသွားသည့်ပူတူးကြောင့် ဂုဏ် လှည့်ကြည့်လိုက်တော့ လက်မလေးကိုက်ကာ သူ့ကိုမျက်နှာငယ်လေးနဲ့ကြည့်နေရှာသည့် ပူတူးလေး။


"ဘာလို့လဲ ပူတူး''

"ကိုကို့ အင်္ကျီမှာ ဆီတွေပေကုန်ပြီ''


"ဪ.. ဟုတ်လား''


ဒီလောက်ပဲပြောကာ ပြီးသွားသည့် ကိုကို့ကို ခက် ဘာဆက်ပြောရမှန်းကိုမသိတော့။


"ခက်ကို စိတ်ဆိုးသွားလားဟင်''

"ကိုယ်က ဘာလို့စိတ်ဆိုးရမှာလဲ ပူတူးရဲ့''


"ခက်ကြောင့် ကိုကို့အင်္ကျီမှာဆီတွေပေကုန်တာလေ''

"အဲ့ဒါ ဘာဖြစ်လဲ၊ ပေသွားရင် လျှော်လို့ရတာပဲလေ၊ တကယ်လို့ လျှော်မရဘူးဆိုရင်တောင် ပစ်လိုက်ရင်ပြီးတာပဲ၊ ဒီအင်္ကျီလေးတစ်ထည်အတွက်နဲ့ ကိုယ်က မင်းကိုစိတ်ဆိုးစရာလားကွ၊ လာ ဗိုက်ဆာနေပွီဆို ထမင်းစားမယ်လေ''


"ဒါဆိုလဲ ခက် ပြန်လျှော်ပေးမယ်နော်၊ ချွတ် ချွတ် ခက်အခုပဲ သွားလျှော်လိုက်မယ်''


"မလိုပါဘူး ပူတူးလေးရဲ့၊ ပြီးမှ ဒေါ်ထွေးကို လျှော်ခိုင်းမယ်''


"ဟင့်အင်း.. ခက်ကြောင့်ဖြစ်တာပဲဟာ ခက် တာဝန်ယူရမှာပေါ့၊ ချွတ်လိုက်ပါ''


"ဘာတွေကို ဒီလောက်တာဝန်ယူချင်နေတာလဲ ကလေးရာ၊ မလိုဘူး ကိုယ့်ကလေးကို ကိုယ်က ဒါတွေလုပ်ခိုင်းဖူးလို့လား၊ ရတယ် မလုပ်နဲ့''


သူ ဒီလိုပိတ်ပြောလိုက်မှ ငြိမ်ကျသွားသည့် ပူတူးကြောင့် နားလည်သွားသည်ဟု ထင်မိလိုက်သည်။ သို့ပေမယ့် သူထင်သလို မဟုတ်။ မျက်ရည်လေးတွေဝေ့ဝဲပြီး သူ့ကိုမော့ကြည့်လာသည့်ပူတူးကြောင့် သူ ထူပူသွားရပြန်၏။


"ဘာလို့လဲ ပူတူးလေးရာ၊ ဘာလို့ ငိုနေရပြန်တာလဲ''

"ခက်ကို ကိုကို တကယ်စိတ်ဆိုးသွားပြီမဟုတ်လား အဟင့် အင့် ဟင့်''


"ဟာ... မဟုတ်ပါဘူးကွာ၊ ကိုယ်တကယ်စိတ်မဆိုးဘူး၊ ဒီမှာ ကိုယ့်ကိုကြည့်ဦး၊ ကိုယ့်ရုပ်က ပူတူးကိုစိတ်ဆိုးတဲ့ရုပ်ပေါက်နေသလား ဟမ် ''

"အင်း''


ဒုက္ခပါပဲ။ တကယ့်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းနေတဲ့ ရုပ်လေးနဲ့ ခေါင်းငြိမ့်ပြနေတာမို့ ဂုဏ် ကိုယ့်ရုပ်ကိုယ် မှန်ထဲပဲပြေးကြည့်ရတော့မလိုလိုဖြစ်သွား၏။ 


"ဘာကိုအင်းလဲ ပူတူးရဲ့''

"ကိုကို့မျက်နှာကြီးက ခပ်တည်တည်ကြီးဖြစ်နေတာကို အဟင့် ဟင့် ဟီး...


"ဟာ.. ဟာ.. ပူတူးလေး မငိုရဘူးလေကွာ၊ ဒီခလေးလေးနဲ့တော့ ခက်နေပွီ၊ ကဲ ပြော ကိုယ်က ဘယ်လိုလုပ်ပေးမှ ပူတူးက အငိုတိတ်မှာလဲ''

"ကိုကို့ အင်္ကျီချွတ်ပေး ခက် ပြန်လျှော်ပေးမယ်နော်''


အငိုမရပ်သေးဘဲ နှာလေးရှုံ့ပြီးပြောလိုက်တဲ့ ပူတူးကြောင့် နောက်ဆုံးတော့ သူပဲ အလျော့ပေးလိုက်ရသည်။ ဝတ်ထားတဲ့အင်္ကျီကို ချွတ်ပြီး သူမလက်ထဲထည့်ပေးလိုက်မှ ကျေနပ်သွားပုံရသည့် ပူတူးလေးက အပေါ်ထပ်ကို လှစ်ခနဲပြေးတက်သွား၏။ ကျန်ခဲ့တဲ့ ကိုယ့်မှာသာ အပေါ်ပိုင်းဗလာကျင်းပြီး ကြောင်တောင်တောင်နဲ့။ 


ကိုယ့်ကလေး ဘယ်လောက်ဆိုးလဲဆိုတာ အဲ့ဒါသာကြည့်ကြပေတော့ ဟင်း...


"သားဂုဏ် အင်္ကျီချွတ်ကြီးနဲ့ ဘယ်လိုဖြစ်တာတုန်း''


သိရဲ့သားနဲ့ ပြုံးစိစိလာမေးနေသည့် ဒေါ်ထွေးကြောင့် ဂုဏ် မျက်နှာတစ်ခုလုံး ထူပူသွား၏။ ဒါ့ကြောင့် ဘာမှပြန်မပြောဘဲ လည်ပင်းကို လက်တစ်ဖက်နဲ့ အကြောင်းမဲ့ပွတ်သပ်ရင်း အပေါ်ထပ်တက်သွားလိုက်တော့...


"ထမင်းမစားတော့ဘူးလား သား''

"ပြီးမှ ပူတူးနဲ့ပြန်ဆင်းခဲ့မယ် ဒေါ်ထွေး၊ အခု အင်္ကျီသွားဝတ်လိုက်ဦးမယ်''


"ကလေးလျှော်မယ့်အင်္ကျီကို သွားလုပြီးလျှော်မှာတော့ မဟုတ်ဘူးမလား အဟင်း ဟင်း''

"ဟာဗျာ.. ဒေါ်ထွေးကလဲ''


"မဟုတ်ပါဘူး တော်ကြာ ကလေးကထပ်ပြီး စိတ်ကောက်သွားရင်...

"ဖွဖွ မပြောကောင်း မဆိုကောင်းဒေါ်ထွေးရာ၊ အခုတောင် အငိုသန်လွန်းလို့ မနည်းချော့ထားရတာကို ထပ်ပြီး စိတ်ကောက်စရာလား''


ပွစိ ပွစိပြောကာ လှေကားအတိုင်းအပေါ်တက်သွားသည့် ဂုဏ့်ကိုကြည့်ကာ ဒေါ်ထွေး ပြုံးနေမိသည်။ ဘယ်သူက ထင်မှာလဲ။ ဒီလောက် စိတ်ဆတ်ပြီး မာနကြီးလွန်းတဲ့ မျိုးရိုးဂုဏ်က မိန်းကလေးတစ်ယောက်ကို ကလေးချော့သလို အလျော့ပေးပြီးချော့နေမယ်လို့လေ။


>>>>>>>>>><<<<<<<<<<


>> Savage love <<

(ရက်စက်တဲ့အချစ်)


>> Did somebody, did somebody break your heart? <<

(တစ်စုံတစ်ယောက်ကများ မင်းရဲ့အသည်းကိုခွဲခဲ့လို့လား?)


>> Lookin like an angle but your savage love <<

(မင်းဟာနတ်သမီးလေးလိုပဲ ဒါပေမယ့် မင်းရဲ့အချစ်ဟာ ရက်စက်တယ်)


>> But when you kiss me, i know you don't give two fucks.  But i still want that <<

(မင်း ကိုယ့်ကိုနမ်းတဲ့အချိန် ****မပါဘူးဆိုတာ ကိုယ်သိတယ်၊ ဒါပေမယ့် ကိုယ်လိုချင်တယ်)


>>Your savage love <<

(မင်းရဲ့ ရက်စက်တဲ့အချစ်)


အခန်းထဲ ဝင်လာလာချင်း ကုတင်ပေါ်တင်ထားခဲ့သည့် ဖုန်းက ဆက်တိုက်မြည်နေတာမို့ အရိပ် ကောက်ယူကြည့်လိုက်၏။


 သစ်ခက်လေး ဆိုပြီး screenမှာ ပေါ်နေတာမို့ အရိပ် ထူးဆန်းသွားသည်။ ဘယ်တုန်းကမှ ဘယ်အချိန်ကမှ သူမလေးကစပြီး သူ့ကိုဖုန်းခေါ်ခဲ့ဖူးတာ မရှိဘူးမဟုတ်လား။ ပြီးတော့ အခုဆို သူမလေးအနားမှာ မျိုးရိုးဂုဏ်လဲ ရှိနေတာဆိုတော့...


>> Your savage love- love- love <<

(မင်းရဲ့ ရက်စက်တဲ့အချစ်)


>> Your savage love- love- love <<

(မင်းရဲ့ ရက်စက်တဲ့အချစ်)


"ဟယ်လို''

"ဟယ်လို အစ်ကိုလားဟင်''


တစ်ဖက်မှ သူမလေးရဲ့ အသံက ခပ်တိုးတိုးလေးမို့ အရိပ် စိုးရိမ်သွားကာ...


"ဟုတ်တယ် သစ်ခက်လေး၊ ဘာဖြစ်လို့လဲဟင် တစ်ခုခုဖြစ်နေလို့လား?''

"ဟင့်အင်း မဟုတ်ပါဘူး''


"ဒါဆို အသံက ဘာလို့...

"ကိုကို မသိအောင် ခိုးပြောနေတာမို့လို့ပါ''


"ဪ.... ကိစ္စရှိလို့လား သစ်ခက်လေး''


ခက် ဝရံတာကနေ အခန်းတံခါးဝဆီလှမ်းကြည့်လိုက်ပြီးမှ...


"အစ်ကို့ကို ခက် မေးစရာရှိလို့''

"မေးလေ ဘာမေးမှာလဲ''


"ကိုကြီးလေ အခု ရည်းစားထားနေတယ်တဲ့''

"ကိုကြီးဆိုတာ''


"ကိုကြီးဝသန်လေ''

"ဪ.. အဟွန်း.. သစ်ခက်လေးက အရင်ကဝသန့်ကို ကိုကိုလို့ခေါ်တာလေ အခုမှ ကိုကြီးဆိုတော့ ကိုယ်က ဘယ်သူများလဲလို့''


အရိပ် ဒီလိုဆိုလိုက်တော့ သစ်ခက်လေးရဲ့ရယ်ကျဲကျဲရယ်သံလေး ထွက်လာ၏။ ဘာလို့ ဒီလို ပြောင်းခေါ်လဲဆိုတာတော့ အရိပ် ထပ်မမေးမိပါ။ သို့ပေမယ့် အကြောင်းပြချက်ကိုတော့ သိနေပါသည်။


"ကိုကြီးအခုတွဲနေတဲ့ မမကို အစ်ကိုသိလားဟင်''

"အွန်း... သိတယ်လေ၊ ဘာလို့လဲ''


"ခက် သိချင်လို့ပါ၊ အဲ့ဒီ့မမအကြောင်း ခက်ကို ပြောပြနော်''

"ပြောပြသင့်တဲ့ အကြောင်းပြချက်ရှိလို့လား''


"ဟင်...


ခက်ထင်တာက အစ်ကို ခက်ကို ပြောပြမယ် ထင်ခဲ့တာ။ အခု အစ်ကို့ရဲ့ခပ်တည်တည်မေးလိုက်တဲ့ စကားအရ လွယ်လွယ်ပြောပြမယ့်ပုံမရှိတာ သေချာသည်။ 


ပြောမပြတာထက် ခက် မေးတဲ့အကြောင်းကို ကိုကြီးကို သွားပြောပြနေမှဖြင့်... ဟင့်အင်း... မဖြစ်ဘူး မဖြစ်ဘူး။ တော်ကြာ ကိုကြီးက ခက်ကိုလာပြီးပြဿနာရှာလို့ ဂူးဂူးရဲ့အကြောင်းပါ သိသွားရင် ဂူးဂူးသိက္ခာကျသွားမှာပေါ့။


"ဟေ့... သစ်ခက်လေး ဟယ်လို ဟယ်လို..

"ဟုတ် ခက် နားထောင်နေတယ် အစ်ကို''


"အခု သစ်ခက်လေးမေးတာကို ပြောပြလိုက်ဖို့က ကိုယ့်အတွက်အပန်းမကြီးပါဘူး၊ ဒါပေမယ့်ကွာ ဘယ်လိုပြောရမလဲ၊ သစ်ခက်လေးသိချင်တာက ကိုယ့်အကြောင်းမဟုတ်တော့ လွယ်လွယ်ကူကူပြောပြလိုက်ဖို့ခက်တယ်၊ ကိုယ်ပြောချင်တာက သူများရဲ့personalကိစ္စဆိုတော့..


"ခက်က ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ပါဘူး၊ ဒီအတိုင်း သိချင်ရုံပါပဲ''


"သိချင်ရုံပဲဆိုတာ သေချာလို့လား''


ခက် ဘယ်လိုပြန်ဖြေရမလဲမသိ ဖြစ်သွား၏။ သိချင်ရုံလောက်တော့ ဘယ်ကမလဲ။ ဒါပေမယ့် သိချင်ရတဲ့အကြောင်းအရင်းတွေအထိ ပြောပြဖို့ကလဲ တကယ်အဆင်မပြေတာကြောင့်....


"အစ်ကို ပြောဖို့အဆင်မပြေရင် မပြောပါနဲ့၊ ခက် နားလည်ပါတယ်''


"သစ်ခက်လေးဘက်က ပွင့်ပွင့်လင်းလင်းပြောပြရင် ကိုယ်က ပြောပြပေးဖို့ အဆင်သင့်ပါကွာ''

"ဟင့်အင်း... ခက် မပြောပြချင်ဘူး၊ ရပါတယ် အစ်ကို အဆင်မပြေဘူးဆိုလဲ...


"ဘယ်သူနဲ့ပြောနေတာလဲ ပူတူး''

"ဟင်.. ကိုကို..


ဖုန်းပြောနေတဲ့ဘက်ကို အာရုံရောက်သွားပြီး ကိုကိုရောက်လာတာကိုပင် ခက် သတိမထားမိလိုက်ပါ။ ကိုကို့ရဲ့အသံကြားမှ ခက် လှည့်ကြည့်လိုက်တော့ ကိုကိုက သူမဆီကို လျှောက်လာနေပြီဖြစ်သည်။


"ဘယ်သူနဲ့ ပြောတာမို့လို့ ဒီလောက်အေးနေတဲ့ ဝရံတာမှာ လာပြောနေရတာလဲကွ''


ဂုဏ် လက်ထဲက သိုးမွှေးခြုံထည်လေးကို သူမပုခုံးပေါ် တင်ပေးရင်းမေးလိုက်သည်အထိ ပူတူးက မျက်လုံးပြူးလေးဖြင့် သူ့ကို ကြောင်ကြည့်နေဆဲ။ ပြီးမှ အခုထိပြောနေဆဲဖြစ်သည့် ဖုန်းလေးကို ဆတ်ခနဲချပစ်ပြီး လက်လေးကိုပါ နောက်ပစ်ပြီး ဝှက်လိုက်တာမို့ ဂုဏ် အလိုမကျဖြစ်သွားကာ...


"ဘယ်သူနဲ့ပြောနေတာလဲလို့ ကိုယ်မေးနေတာနော်''

"ဟင့်အင်း...


"မင်းဖုန်းပေး''

"ကိုကိုက ဘာလုပ်မလို့လဲ''


"ဘာလုပ်လုပ်ပါ ပေးဆို ပေး''

"ဟင့်အင်း မပေးချင်ဘူး''


"ပူတူး''


ဖုန်းကိုင်ထားသည့်လက်ကို နောက်ပစ်ထားကာ မပေးဘူးဆိုပြီး အသည်းအသန်ငြင်းနေတဲ့ပူတူးကြောင့် ဂုဏ် စိတ်ထဲ အလိုမကျဖြစ်သွားကာ အော်လိုက်တော့ ပူတူးက လန့်သွားသည့်ပုံဖြင့် ကိုယ်လေးတုန်သွား၏။ 


"ဆောရီး ပေး မင်းရဲ့ဖုန်း''

"ခက် ဘာမှမဟုတ်တာ မလုပ်ထားပါဘူး''


"ဒါဆို ကိုယ့်ကိုဖုန်းပေးလေကွာ၊ ဘာလို့ ဒီလောက်တောင် မလုံမလဲဖွဈနရေတာလဲ၊ ဘာလဲ ကိုယ်မသိအောင် ပြောရမယ့်သူရှိနေတာလား''

"ကိုကို့..


"ဘာလဲ ဘာလဲ ကြာတယ်ကွာ ဖုန်းပေးစမ်းပါဆို''


ဒီလောက်တောင်းနေတာကို ရွတ်ပေပေလုပ်နေသည့် ပူတူးကြောင့် ဂုဏ် စိတ်မရှည်ဖြစ်လာကာ လက်နောက်ပစ်ပြီးဝှက်ထားသည့် ဖုန်းကို လှမ်းယူလိုက်တော့ ပူတူးက ကိုယ်ကိုလှည့်ပစ်လိုက်ပြီး ဖုန်းကို လက်နှစ်ဖက်ဖြင့်အရှေ့မှာ ဆုပ်ကိုင်ထားလိုက်သည်။


အစက ဘယ်သူနဲ့များပြောနေတာလဲဆိုပြီး သိချင်ရုံပဲရှိခဲ့သည့် ဂုဏ် အခုတော့ သူမလေးလုပ်နေပုံကြောင့် ရင်ထဲပူလာကာ သူမလက်ထဲက ဖုန်းကို အတင်းလုယူနေမိသည်။ သူ့ကိုကျောပေးပြီး ရှေ့ကဖုန်းကိုသာကျစ်နေအောင်ဆုပ်ကိုင်ထားသည့် ပူတူးကို နောက်ကနေသိမ်းဖက်လိုက်ပြီး လက်တွေကတော့ သူမလေးလက်ထဲမှဖုန်းကိုရဖို့ ကြိုးစားလိုက်၏။


"ကိုကိုနော်.. ဒါကိုကို ခက်ရဲ့privacyကို ချိုးဖောက်နေတယ်ဆိုတာ သိရဲ့လား''

"မသိဘူးကွာ၊ မင်း ကိုယ်မသိအောင် ဘာတွေလုပ်နေလဲဆိုတာပဲ သိချင်တယ်၊ ဖယ်နော် အဲ့ဒီ့လက်တွေက''


"ဟင့်အင်း.. မဖယ်ဘူး''

"မဖယ်တာ သေချာလား''


"ခက် ပြီးရင် ကိုကို့ကိုပြောပြမှာပေါ့''

"မလိုချင်ဘူး ကိုယ်က အခုသိချင်တာ''


"ကိုကိုနော်.. ဟင့်အင်း.. မပေးဘူး'


ဖုန်းကို ကျစ်နေအောင်ဆုပ်ထားသည့် သူမရဲ့လက်တွေကို အတင်းဆွဲခွာပစ်လိုက်ရင် ဒီဖုန်း သူ့လက်ထဲပါလာမှာသေချာသည်။ ဒါပေမယ့် ခက်တာက သူမရဲ့လက်ချောင်းတွေနာသွားရင်ဆိုသည့်စိတ်ဖြင့် သူဒီလိုလဲမလုပ်ရက်။ 


ဒါ့ကြောင့် ဂုဏ် သူမကို လွှတ်ပေးလိုက်ပြီး...


"မင်းမှာ ကိုယ့်ကို လျှို့ဝှက်ထားရမယ်အရာရှိနေတယ်ထင်တယ်''

"ဟင့်အင်း.. အဲ့လိုမဟုတ်ပါဘူး''


"ဟုတ်လဲ ကိုယ် ဂရုမစိုက်တော့ဘူး၊ မင်းလုပ်စရာရှိတာ ဆက်လုပ်ပါ၊ ခုနက ကိုယ်ဝင်လာလို့ မင်းဖုန်းပြောနေတာ ရပ်လိုက်ရတယ်မဟုတ်ဘူး၊ အိုခေ ဆက်ပြောနေလိုက်ပါ၊ ကိုယ် ရှောင်ပေးမယ်''


ဂုဏ် ဝမ်းနည်းသွားသလို ဟန်ဆောင်ပြီးပြောလိုက်၏။ သူ ဒီလိုပြောလိုက်တာနဲ့ ချက်ချင်း ညှိုးငယ်သွားသည့် ပူတူးရဲ့မျက်နှာကြောင့် ဂုဏ် စိတ်ထဲကြိတ်ပြုံးလိုက်သည်။ ဒီကောင်မလေး ဘယ်လောက်အယုံလွယ်လဲဆိုတာ သူ မသိဘဲနေမလား အဟွန်း။


ထို့နောက် ဂုဏ် သူမလေးကို ခပျစူးစူးလေးတဈခကြျကွညျ့လိုကျပွိီး သူမလေးရှေ့ကနေလှည့်ထွက်ဖို့ပြင်လိုက်တော့ သူ့ရဲ့ခါးကိုဖက်လာသည့် လက်သေးသေးလေးတစ်စုံ။


"ခက် တောင်းပန်ပါတယ်၊ ခက် ကိုကို့ကို လျှို့ဝှက်ချင်လို့ မဟုတ်ပါဘူး''

"ရတယ် ကိုယ်နားလည်တယ်''


"ခက်ကို စိတ်ဆိုးတာလားဟင်''

"စိတ်မကောင်းဖြစ်တာပါ၊ ဒါပေမယ့် မင်းမှာလဲ ပြောပြလို့မရတဲ့ အကြောင်းပြချက်ရှိမယ်ဆိုတာ ကိုယ်သိပါတယ်၊ ထားလိုက်ပါ မင်းဖုန်းပြောနေတာကို ကိုယ်မတွေ့ခဲ့ဘူးလို့ပဲ သဘောထားပြီး စိတ်ချမ်းချမ်းသာသာနေပါ''


ကိုကို့စကားတွေက ခက့်ကို တစ်စုံတစ်ရာနဲ့ ရိုက်နှက်နေသည့်အတိုင်း။ ပုံမှန်ဆိုရင် ဒီလိုအခြေအနေမှာ ကိုကို ဝုန်းဒိုင်းကြဲပြီးလုပ်နေမယ်ဆိုတာ သေချာသည်။ အခု ကိုကို့ပုံစံက ခက်ကိုအလျော့ပေးလိုက်တာလိုလို၊ လျစ်လျူရှုလိုက်တာလိုလိုနဲ့မို့ ခက် စိတ်ထဲမွန်းကြပ်သွားကာ ကိုကို့ရှေ့မှ ပိတ်ရပ်လိုက်ပြီး...


"ကိုကိုကြည့်ချင်ရင် ကြည့်ပါ''


သူ့ရှေ့ကို ဖုန်းလေးထိုးပေးလာသည့် ပူတူးကြောင့် ဂုဏ် ရယ်ချင်စိတ်ကို ထိန်းမရ။ သို့ပေမယ့် သူဟန်ဆောင်နေတာကိုသိသွားပြီး စိတ်ကောက်သွားမှာစိုးတာကြောင့် နှုတ်ခမ်းတွန့်ရုံသာပြုံးလိုက်ပြီး...


"ကိုယ် မကြည့်ချင်ပါဘူး''

"မကြည့်လို့မရဘူး၊ ကိုကို ခက်ကို ယုန်ထင် ကြောင်ထင်နဲ့ အထင်လွဲတာမခံနိုင်ဘူး၊ အင့် ကိုကို ကြိုက်သလိုစစ်ကြည့်''


"ကိုယ်က မင်းကို အထင်လွဲခွင့်မရှိဘူးလား ပူတူး''

"မဟုတ်ပါဘူး ခက်ပြောချင်တာက...


"တော်ပြီ ပူတူး ကိုယ်မင်းနဲ့ အငြင်းအခုံမလုပ်ချင်ဘူး၊ ဖယ် ကိုယ် သွားမယ်''


"ခက် အစ်ကိုနဲ့ဖုန်းပြောနေတာပါ''


ဂုဏ် သူမလေးကို ကွေ့ရှောင်သွားလိုက်ပြီး အခန်းထဲဝင်ဖို့ပြင်လိုက်စဥ် သူမရဲ့ အသံတိုးတိုးလေးကြောင့် သူ ဆက်ပြီးဟန်မဆောင်နိုင်တော့ဘဲ နောက်မှာကျန်ခဲ့သည့်ပူတူးကို ချာခနဲလှည့်ကြည့်လိုက်ပြီး....


"မင်း ဘာပြောလိုက်တယ် ပူတူး''

"ခက် အစ်ကိုနဲ့ ဖုန်းပြောနေတာပါ၊ ဒါပေမယ့် ခက်တို့က ရိုးရိုးသားသားပဲ ပြောတာပါ၊ ကိုကိုသိသွားရင် ခက်ကိုစိတ်ဆိုးမှာစိုးလို့...


"တော် တိတ်.. 


ခက်ကို လက်ညှိုးကြီးထိုးကာ အမိန့်ပေးလိုက်သည့် ကိုကို့ကြောင့် ခက် ပါးစပ်ကို လက်ဝါးနှစ်ဖက်ဖြင့် ထပ်ပိတ်ထားလိုက်မိသည်။


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😁😁


အပိုင်း (၃၃)မျှော်


စာရေးသူ- Merida(Tulip)


rate now: