book

Index 30

အပိုင်း (၃၀)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


"ပူတူး ခဏထဦး၊ ဒီမှာ ကိုယ်မင်းအတွက် သကြားရည်လေးယူလာတယ်''


ဗိုက်နာတယ်ဆိုပြီး အိပ်ယာပေါ်ခွေခေါက် ရှုံ့မဲ့နေသည့် ပူတူးကို ဂုဏ် ဆွဲထူလိုက်သည်။ ထို့နောက် သကြားရည်ထည့်လာသည့် ဖန်ခွက်လေးကို သူမလက်ထဲထည့်ပေးလိုက်ပြီး သူ့လက်တွေကတော့ ကုတင်ခေါင်းရင်းက ခေါင်းစည်းကြိုးလေးကိုယူကာ သူမလေးရဲ့ဆံနွယ်ရှည်ရှည်တွေကို ဖွဖွလေး စည်းပေးလိုက်၏။


"ဗိုက်နာတယ်ဆိုတော့ ဘာလုပ်ပေးရမှန်းမသိတော့ အရင်တစ်ခါလိုပဲ သကြားရည်ပဲယူလာခဲ့တာ၊ အရမ်းနာနေသေးတာလား ပူတူး''

"အင်း နာတယ်''


"ဒါဆို ကိုယ် ဆရာဝန်ကို ဖုန်းဆက်ခေါ်လိုက်မယ် နော်''

"ဟင့်အင်း မခေါ်ပါနဲ့၊ ခဏနေရင် သက်သာသွားမှာပါ''


လက်ထဲမှ ဖန်ခွက်လေးကို ကိုကို့ဆီထိုးပေးလိုက်ပြီး ခက် အိပ်ယာပေါ် ပြန်လှဲချလိုက်၏။ နေ့လည်က ငပိရည်စပ်စပ်ကြီးတွေကြောင့် ဗိုက်ထဲက မနေနိုင်အောင် နာနေတာမို့ ခက် စကားလဲများများမပြောချင်ပါ။ ဒါ့ကြောင့် အိပ်ဖို့ပြင်လိုက်ပေမယ့် တလှုပ်လှုပ်ဖြစ်နေသည့် ကိုကိုက သူမရဲ့ ဗိုက်ပေါ်ကို လက်လေးတင်ထားပြီး ဘာတွေရွတ်ဖတ်နေသည်မသိ။


"သား သားမေမေဖုန်းဆက်တယ်''

"ဪ.. ကျွန်တော့်ကို ဖုန်းပေး''


ဂုဏ် ဒေါ်ထွေးလက်ထဲမှ ဖုန်းကို လက်ပြောင်းယူလိုက်ပြီး မျက်လုံးလေးမှိတ်ပြီး အနားယူနေသည့် ပူတူးကို စိတ်မဖြောင့်သလိုကြည့်ပြီးမှ ဝရံတာဘက်ထွက်လာလိုက်၏။


"မေမေ ဘာကိစ္စရှိလို့လဲ''

"သမီးလေး နေမကောင်းဘူးဆိုလို့''


"ဟုတ်တယ် မေမေ''

"မေမေက သားဆီရော သမီးဆီရော ဖုန်းခေါ်နေတာ မကိုင်ကြလို့လေ၊ အဲ့ဒါနဲ့ ဒေါ်ထွေးကိုဆက်လိုက်မှ သမီးနေမကောင်းတာသိတယ်၊ ဘယ်လိုဖြစ်တာလဲ သား''


"ဗိုက်နာတာ မေမေ၊ မတည့်တာတစ်ခုခုစားလိုက်တယ် ထင်တယ်၊ ဘာတွေစားထားလဲမေးတာကို မဖြေဘူး''


ဂုဏ် အခန်းထဲက ပူတူးကို ပြန်လှည့်ကြည့်ရင်းပြောလိုက်၏။ အရင်တစ်ခါ ဗိုက်နာတာက ငရုတ်သီးတွေစားလို့ နာတာမှန်းသိတော့ အခုလောက် စိတ်မပူမိပါ။ အခုက ဘာစားထားလဲဆိုတာကို မေးလို့မရတာမို့ သူ့မှာ ထိုင်မရ ထမရ။


"နေ့လည်က အိမ်မှာ ငပိရည်တွေနဲ့ထမင်းစားသွားတယ်လို့ ပြောတယ် သား၊ အဲ့ဒါနဲ့များ မတည့်လို့လား''


"နေ့လည်က ပူတူးက မေမေတို့အိမ်လာသွားတာလား''


"ဟုတ်တယ်လေ၊ သမီးက သားကိုမပြောဘူးလား''

"ဟင့်အင်း ကျောင်းကပြန်လာကတည်းက ဗိုက်နာတယ်ဆိုပြီး ခွေခေါက်နေတာ၊ ဘာမှလဲ မေးမရဘူး''


"ဒါဆို တော်တော်လေးနေမကောင်းလို့ထင်တယ်၊ နေ့လည်က မေမေက သမီးကို အိမ်မှာနေ့လည်စာခေါ်ကျွေးတာ၊ သမီးရောက်တဲ့အချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ေဆးရုံမှာ လူနာရောက်လာလို့ သမီးကို မင်းရဲ့မလေးနဲ့ထားခဲ့လိုက်တာ၊ အဲ့ဒါ မင်းမမက အကျင့်ပုတ်လိုက်တယ်ထင်ပါရဲ့၊ စန်းစန်းပြောတာကတော့ သမီးက ဘာဟင်းနဲ့မှမစားဘဲ ငပိရည်တွေနဲ့ပဲ စားသွားတယ်တဲ့၊ အဲ့ဒါကို မေမေ စိတ်မကောင်းလို့ တစ်ညနေလုံး သမီးဆီ ဖုန်းခေါ်နေတာ၊ မကိုင်လို့လေ''


ရှည်လျားလှသည့် မေမေ့ရဲ့စကားတွေနောက်မှာ ဂုဏ် စိတ်ပျက်စွာ သက်ပြင်းချလိုက်မိသည်။ ဒါ့ကြောင့် ပူတူးက သူဘာမေးမေး မဖြေတာပေါ့။ ဒီလောက် မလေးက သူမအပေါ်အနိုင်ကျင့်လိုက်တာကို တစ်ခွန်းမှပြန်မတိုင်သည့် ပူတူးကို သူ စိတ်ပေါက်မိပေမယ့် အခုချိန် စိတ်အတိုဆုံးက ပူတူးကို အိမ်ခေါ်ပြီးအနိုင်ကျင့်သည့် မလေးကိုပါ။


"မလေး အခု အိမ်မှာရှိလား မေမေ''

"ရှိတယ် သား၊ မေမေလဲ မင်းမမကို တော်တော်လေး ဆူထားတယ်''


ဒါ သူ့ကို ထပ်မပြောဖို့ တားချင်တဲ့ သဘောလား။ ပထမက မလေးကို ဒေါသထွက်နေသည့် စိတ်တွေက အခု မလေးရှေ့မှ ကာဆီး ကာဆီးလုပ်နေသည့် မေမေ့ဆီကို မြှားဦးလှည့်သွားကာ..


"မေမေက ဘာကိစ္စနဲ့ ပူတူးကို အိမ်ခေါ်ရတာလဲ''

"မေမေပြောပြီးပြီလေ၊ သမီးကို နေ့လည်စာ ကျွေးချင်လို့ပါဆို''


"နေ့လည်စာကျွေးချင်လို့ နေပါဦး ဒါဆိုလဲ ကျွန်တော့်ကို ဘာလို့အသိမပေးလဲ''

"မေမေက ကိုယ့်ချွေးမကိုယ်တွေ့ဖို့အရေး မင်းဆီမှာ ခွင့်တောင်းနေရဦးမှာလား''


"မေမေတို့ရိုးသားတယ်ဆိုရင် ကျွန်တော်မသိအောင် အခုလို ပူတူးကို ခေါ်ထုတ်မှာမဟုတ်ပါဘူး၊ အခုဟာက...


"တော်စမ်း မျိုးရိုးဂုဏ်၊ မင်းစကားတွေက မေမေတို့ကပဲ မင်းမိန်းမကို အိမ်ခေါ်ပြီးအနိုင်ကျင့်နေသလိုလိုနဲ့၊ ဒီမှာ မင်းသိထားဖို့က မေမေကလေ နွေသစ်ခက်ကို အရင်က ချွေးမတော်ဖို့ အလိုမကျပေမယ့် အခုချိန်မှာတော့ သမီးတစ်ယောက်လို သဘောထားတာပါ၊ ပြီးတော့ ဒီနေ့ကိစ္စကလဲ မေမေက တကယ့်ကို သဘောရိုးနဲ့ အိမ်ခေါ်ပြီး ထမင်းကျွေးတာကို...


"တော်ပါပြီ မေမေရာ၊ မေမေ ဘယ်လိုပဲပြောပြော အခု လက်တွေ့မှာ ကျွန်တော်မရှိတဲ့အချိန် ကျွန်တော်မသိတဲ့အချိန်မှာ မေမေတို့ ပူတူးကို အိမ်ခေါ်ပြီး အနိုင်ကျင့်လွှတ်လိုက်တာပဲလေ၊ မေမေ့မှာ ဘယ်လို သဘောပဲရှိရှိ မေမေတို့ဆီက ပြန်လာပြီး ပူတူးနေမကောင်းတာကလဲ မျက်မြင်ပဲ''


မေမေ့စကားကို မယုံတာထက် ပူတူးကို သူ မသိအောင်ခေါ်သွားတာကို မကျေနပ်တာကြောင့် ဂုဏ် အကန်တွေပဲ ပြောလိုက်၏။ 


တကယ်ဆို သူ့ကို အသိပေးတယ်ဆိုရင် ဒီလောက်ဒေါသထွက်မှာမဟုတ်။ အခုက တစ်ခါဆို ဆိုသလောက် အနိုင်ကျင့်လိုက်တာက သိသာနေတာမို့ ဂုဏ် စိတ်ပေါက်ပေါက်နဲ့ ပြောပစ်လိုက်တာကို မေမေကလဲ မခံမရပ်နိုင်ဖြစ်သွားကာ..


"မင်း မသိအောင် ခေါ်တယ်ဆိုတာထက် မင်းသိရင် အခုလို အကဲပိုနေမယ်ဆိုတာ သိလို့ကို မပြောဘဲ ထားတာ၊ တိုက်ဆိုင်ပြီး အခုလိုဖြစ်သွားတော့ မေမေလဲ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် မင်းထင်သလို အိမ်ခေါ်ပြီး အနိုင်ကျင့်ချင်လို့ မင်းကို လျှို့ဝှက်ထားတာ မဟုတ်ဘူးဆိုတာတော့ မေမေ သစ္စာဆိုရဲတယ်''


"ဘာသစ္စာမှဆိုစရာ မလိုပါဘူး၊ မေမေ့ကို ကျွန်တော်ယုံပါတယ်၊ ကျွန်တော် မယုံတာက မလေး၊ အဲ့တော့ ကျွန်တော်ကပဲ မေမေ့ကို တောင်းဆိုပါရစေ၊ ပူတူးကို မေမေ အမြင်ကြည်ကြည် မကြည်ကြည် နောက်တစ်ခါ မေမေ့အိမ်ကိုမခေါ်ပါနဲ့''


"ဘာပြောတယ် အိမ်ကိုမခေါ်ပါနဲ့ ဟုတ်လား''

"မလေးကို ပြောလိုက်ပါ၊ မကျေနပ်တာရှိရင် ကျွန်တော်နဲ့ပဲ လာရှင်းပါ၊ ပူတူးကို ကြားထဲက မြေစာပင်မလုပ်ပါနဲ့လို့''


"မျိုးရိုးဂုဏ်''

"ကျွန်တော် စိတ်ရှိတဲ့အခါ မေမေ့အိမ်ကို ပူတူးနဲ့အတူ လာမှာပါ၊ ဒီကြားထဲတော့ ပူတူးကို အနိုင်မကျင့်ကြဖို့ မျှော်လင့်ပါတယ်၊ ဒါပဲ မေမေ''


ပြောချင်တာတွေ ပြောချလိုက်ပြီးမှ ဂုဏ် မေမေ့ကို အားနာချင်သလိုလိုဖြစ်သွားသည်။ 


တကယ်ဆို သူဒေါသဖြစ်တာက မလေးကိုပါ။ မလေးကို ဒေါသ​ေတွ ပေါက်ကွဲလို့မရတော့ မေမေ့အပေါ်ကိုပဲ ပုံချလိုက်ကာ စကားတွေပါလွန်သွားသည်။ လွန်သွားလဲ မတတ်နိုင်ဘူး။ သူ့ဘက်က စကားလွန်သွားလို့ မခေါ်ချင်ဘူး၊ မပတ်သတ်ချင်ကြဘူးဆိုရင် ပူတူးအတွက် ရန်ကင်းတာပေါ့လေ။


ဂုဏ် ထိုသို့တွေးလိုက်ပြီး အခန်းထဲပြန်ဝင်လာလိုက်တော့ ပူတူးရဲ့ဗိုက်ကို ဖိနှိပ်နေတဲ့ ေဒါ်ထွေးကြောင့် ထိုနားကို ပြေးသွားလိုက်ပြီး...


"ဘာလုပ်နေတာလဲ ဒေါ်ထွေး''

"သမီးက ဗိုက်နာနေတယ်ဆိုလို့ နှိပ်ပေးနေတာပါ''


"ဟာ.. အဲ့လိုနှိပ်လို့ ဘယ်ဖြစ်မှာလဲ၊ တော်ကြာ ပိုပြီးနာသွားမှ ဒုက္ခပါပဲ၊ ဒေါ်ထွေး သွားပြီးနားလိုက်တော့ ရော့ ဒီမှာ ဒေါ်ထွေးရဲ့ဖုန်း''


အတင်းနှင်ထုတ်လိုက်မှ ထထွက်သွားသည့် ေဒါ်ထွေး။ ဘယ့်နှယ့် ငရုတ်သီးစားလို့ ဗိုက်နာတာကို လာပြီးနှိပ်နေရတယ်လို့။ တော်ကြာ ငရုတ်သီးစားလို့ ဗိုက်နာတာထက် သက်သာအောင်ဆိုပြီး နှိပ်ပေးတာတွေက ပိုဆိုးနေမှဖြင့်။


ဂုဏ် ပူတူးရဲ့ ဘေးတွင် တင်ပါးလွှဲလေး ဝင်ထိုင်ကာ...


"ပူတူး ဘယ်လိုနေသေးလဲ၊ သက်ရော သက်သာရဲ့လား''

"အရမ်းနာတယ်၊ ဗိုက်ထဲမှာ မတရားပူနေတာ''


"ပူမှာပေါ့၊ ငပိရည်စပ်စပ်ကြီးတွေကို စားလာတာကို''

"ဟင်...ကိုကိုက ဘယ်လိုလုပ်သိလဲ''


"ခုနက မေမေ ဖုန်းဆက်တာ''

"ခက်က ကိုကို့ကို ဖုံးကွယ်ချင်လို့ မဟုတ်ပါဘူး၊ ကိုကိုသိသွားရင်....


"တော်ပါပြီ ဒီအကြောင်းတွေ မပြောချင်ဘူး၊ ကိုကို ပူတူးကို တစ်ခုပဲပြောမယ်၊ နောက်တစ်ခါ ကိုကိုမသိဘဲ ဘယ်သူခေါ်ခေါ် လိုက်မသွားရဘူးကြားလား''


ခက်ကို မူကြိုကလေးလေးလို့များ ထင်နေလားမသိ။ ပြောနေပုံက သူ့မျက်စိအောက်မှာမှ မဟုတ်ရင် စိတ်မချတဲ့ပုံအပြည့်ဖြင့်။


"ကြားလားလို့ ပူတူး''

"ခက်ကို ကလေးများထင်နေလား''


"ကလေးလို့ထင်နေလားဆိုတော့ ဟုတ်တယ် ကလေးလို့ပဲ ထင်တယ်၊ ကိုယ်တောင်မှချစ်လွန်းလို့ မဆူရက် မရိုက်ရက်တဲ့ ကလေးကို သူများတွေက အိမ်ခေါ်ပြီး အနိုင်ကျင့်တယ်ဆိုတော့ ကိုယ် ဘယ်လိုနေရပါ့မလဲ''


"ဘယ်သူက ခက်ကို အနိုင်ကျင့်​ေနလို့လဲ''

"ကဲ တော်ပါပြီဆိုမှ တော်ပြီ တော်ပြီ ထပ်မပြောနဲ့တော့၊ အခု ကိုယ့်ပူတူးလေး သက်သာဖို့အရေးကြီးတယ်၊ ပြော ကိုယ်ဘယ်လိုလုပ်ပေးရမလဲ''


"ဘာမှလုပ်မပေးပါနဲ့၊ ခဏနေရင် သက်သာသွားမှာပါ၊ ဒါမှမဟုတ်ရင်လဲ အိပ်ပျော်သွားရင် သက်သာသွားမှာပါ''


ခက် ဒီလိုပြောလိုက်တယ်ဆိုတာနဲ့ ကိုကိုက ခက်ကို ဆတ်ခနဲပွေ့ချီပြီး ထရပ်လိုက်သည်။ ရုတ်တရက်မို့ ခက် ကိုကို့ရဲ့လုပ်ရပ်ကို နားမလည်တာကြောင့် မျက်လုံးလေးပြူးကြည့်လိုက်ပြီး...


"ကိုကို့ ဘာလုပ်တာလဲ''

"ချော့သိပ်မလို့လေ၊ ပူတူးပဲ အိပ်ပျော်သွားရင် သက်သာသွားမှာဆို၊ အဲ့ဒါကြောင့် ကိုယ့်က လမ်းလျှောက်ပြီး ချော့သိပ်မလို့''


"အို... မလိုပါဘူး၊ ခက် ဒီအတိုင်းလဲ အိပ်ပျော်ပါတယ်၊ ချပေးပါ ပြန်ချပေးနော်၊ ခက်က အလေးကြီးကို တော်ကြာ ကိုကိုခါးနာသွားလိမ့်မယ်''


"မနာပါဘူးကွာ၊ မင်းရဲ့ကိုယ်လုံးသေးသေးလေးကို လေးတယ်လို့ ဘယ်သူကပြောလဲ၊ ကိုယ့်အတွက်တော့ ဝါဂွမ်းလေးအတိုင်းပဲ ပေါ့ပါးနေတာပဲ''


"ဒါပေမယ့်...

"မှ..


"ဟင်.. ကိုကို..


ခက် အထွန့်တက်ဖို့ပြင်နေတာကို သိနေသည့်ကိုကိုက ခက်ကို ပွေ့ချီထားလျက်ကပင် နှုတ်ခမ်းဖူးဖူးလေးကို နမ်းပစ်တာမို့ ခက် လန့်သွားသည်ကို ကိုကိုက သဘောကျသလိုရယ်၏။


"မင်း ဗိုက်နာတာကို ကိုယ်က အစားဝင်ခံပေးချင်ပေမယ့် မတတ်နိုင်လို့ သက်သာအောင် ချော့သိပ်မယ်၊ ကိုယ့်ပူတူးတူးလေးက မျက်လုံးတွေမှိတ်ပြီး အိပ်ပျော်သွားအောင်ကြိုးစား ဟုတ်ပြီလား''


"ကိုကို လေးနေမှာကို''

"ကိုယ်က ဘာမှမဖြစ်ပါဘူးဆို၊ ကိုယ့်ကို အားနာရင် မြန်မြန်အိပ်ပျော်အောင်လုပ် ဟုတ်ပြီလား''


"ကိုကို့ကို အားနာလို့ပဲ...


🎼နှလုံးသားကို ရစ်ဖွဲ့ခဲ့ပြီ ဒီကြိုးလေး

မမြင်နိုင်လဲ ရုန်းလို့မရတော့ဘူး


🎼သူ့ဆွဲငင်အား လွှဲမရနိုင်လို့

ဒီနှောင်ကြိုး ချည်နှောင်မဆုံး


ခက် ပြောနေတဲ့စကားကိုပင် မဆုံးလိုက်ပဲ ခက်ကို ပွေ့ချီပြီး အခန်းထဲ လမ်းလျှောက်ရင်းမှ ကိုကိုက သူ့ရဲ့လက်စွဲတော် သီချင်းလေးကို ကောက်ကာငင်ကာ ထဆိုလိုက်သည်။ 


လိုအပ်ချက်ဆိုတာ မရှိတဲ့ကိုကိုက အခုလဲ သီချင်းကို တည်တည်ငြိမ်ငြိမ်လေးနဲ့ စွဲမက်ချင်စရာကောင်းအောင် ဆိုပြနေတာမို့ ခက် ငြိမ်ငြိမ်လေး နားထောင်နေလိုက်သည်။


🎼အစွဲအလန်းဟာ ဖြတ်တောက်မရအောင်လွန်ကဲနေ ဒီအလှများ အသည်းကကိုးကွယ်ခဲ့


🎼ဘာကြောင့် ဒီလောက်များ.. ရစ်ဖွဲ့နေလဲ

ဒီနှောင်ကြိုး ဖြည်ပါဦး


🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်

မင်းကမသိပေမယ့် 

အိပ်မက်လှလှမက်မယ် ကိုယ်မင်းနဲ့


🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်

ထပ်တိုးရစ်ချည်ဆဲ

ခံစားချက်များနဲ့ ပြည့်လျှံနေတဲ့အသည်း


🎼ဘယ်သူလာမြင်နိုင်မှာလဲ

🎼အကြင်နာတွေ ေရာင်ပြန်ပေးကွယ်

🎼ဒီနှောင်ကြိုး ဘယ်ဘဝအထိ ရှိနေမလဲ


🎼အရိပ်တစ်ခုလို တမ်းတမှုဟာပြန်မရခဲ့

ဒီရင်ထဲ မင်းတစ်ယောက်တည်းကိုပဲ


🎼နေှာင်ကြိုးရှင်လေး လှည့်ကြည့်ပါဦး

ရင်ခုန်ရင်း မျှော်လင့်ခြင်း


🎼အစွဲအလန်းဟာ ဖြတ်တောက်မရအောင်လွန်ကဲနေ ဒီအလှများ အသည်းကကိုးကွယ်ခဲ့


🎼ဘာကြောင့် ဒီလောက်များ.. ရစ်ဖွဲ့နေလဲ

ဒီနှောင်ကြိုး ဖြည်ပါဦး


🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်

မင်းကမသိပေမယ့် 

အိပ်မက်လှလှမက်မယ် ကိုယ်မင်းနဲ့


🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်

ထပ်တိုးရစ်ချည်ဆဲ

ခံစားချက်များနဲ့ လှများ အသည်းကကိုးကွယ်ခဲ့


🎼ဘာကြောင့် ဒီလောက်များ.. ရစ်ဖွဲ့နေလဲ

ဒီနှောင်ကြိုး ဖြည်ပါဦး


🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်

မင်းကမသိပေမယ့် 

အိပ်မက်လှလှမက်မယ် ကိုယ်မင်းနဲ့


🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်

ထပ်တိုးရစ်ချည်ဆဲ

ခံစားချက်များနဲ့ ပြည့်လျှံနေတဲ့အသည်း


🎼ဘယ်သူလာမြင်နိုင်မှာလဲ

🎼အကြင်နာတွေ ေရာင်ပြန်ပေးကွယ်

🎼ဒီနှောင်ကြိုး ဘယ်ဘဝအထိ ရှိနေမလဲ


သူ့သီချင်းဆုံးသွားတာနဲ့ ထုံးစံအတိုင်းအိပ်ပျော်​​​ေနသည့် ပူတူးရဲ့လက်လေးတွေက သူ့လည်တိုင်ကိုဖက်တွယ်ထားရာမှ လျောကျလာ၏။ 


ထို့ကြောင့် အခုသူရောက်နေသည့် နေရာမှ ကုတင်ရှိရာကို ပြန်လျှောက်သွားလိုက်ပြီး ပူတူးမနိုးအောင် ကုတင်ပေါ်သာသာလေး ချပေးလိုက်သည်။ ထို့နောက်မှာတော့ သူမရဲ့ နဖူးလေး၊ ပါးလေးနဲ့ နှုတ်ခမ်းလေးပါမကျန်အောင် အနမ်းလေးများပေးလိုက်ပြီး သူမလေးရဲ့အိပ်မက်အထိပါ လိုက်နှောင့်ယှက်ဖို့ရန်အတွက် သူမလေးဘေးတွင် သူပါ ဝင်လှဲပြီး အိပ်စက်လိုက်တော့သည်။


>>>>>>>>>><<<<<<<<<<


ဦးရာဇာဂုဏ် ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်ကတည်းက ရှေ့တည့်တည့်မှာရှိနေသည့် သမီးဖြစ်သူ ခေတ်သစ်ဂုဏ်ကို မျက်တောင်မခတ်တမ်း ကြည့်လိုက်ပြီး...


"သမီးငယ်ကို ဖေဖေပြောစရာရှိတယ်''

"ပြောလေ ဖေဖေ၊ ဘာပြောချင်လို့လဲ''


"မနက်ဖြန် ဖေဖေ Singaporeကို အလုပ်နဲ့ခရီးသွားရမယ်၊ နှစ်ပတ်ကနေ တစ်လအထိကြာနိုင်တယ်''


"အဲ့ဒါ ခေတ်က ဘာလုပ်ပေးရမှာလဲ ဖေဖေ''

"ဘာလုပ်ပေးရမှာလဲဆိုတော့ ဘာပြဿနာမှမရှာဘဲ နေပေး ဟုတ်ပြီလား''


"ခေတ်က ဘယ်တုန်းကပြဿနာရှာလို့လဲ''

"မနေ့က ပြဿနာရှာတာလေ''


"မနေ့က ဘာဖြစ်လို့လဲ ဖေဖေရဲ့''


ခေတ် မသိချင်ယောင်ဆောင်ပြီး ပြောလိုက်တာကို ​ေဘးက မမအနွယ်ဂုဏ်က မျက်စောင်းထိုးကြည့်သည်။ ညက ဂုဏ်လေးနဲ့မေမေ ဖုန်းပြောပြီးကတည်းက နွေသစ်ခက် ဗိုက်နာတာ သူမကြောင့်ပါဆိုပြီး မမအနွယ်ဂုဏ်က သူမကို လာဆူထားသေးသည်။ အခု ဖေဖေကပါ ဆူဖို့ပြင်နေတာမို့ ခေတ် ခပ်တည်တည်ပဲ မေးလိုက်တော့...


"ဘာဖြစ်လို့လဲဆိုတော့ မနေ့က သမီးလုပ်ရပ်ကြောင့် နွေသစ်ခက် ဘယ်လိုဖြစ်သွားလဲ သိတယ်မလား''


"အဲ့ဒါ ခေတ်နဲ့ဘာဆိုင်လဲ၊ ခေတ်က သူ့ကို စားပါ စားပါဆိုပြီး ငပိရည်တွေ အတင်းထိုးကျွေးတာမှ မဟုတ်ပဲ၊ သူ့ဟာသူ စားချင်လို့စားတာလေ၊ အစကတည်းက ကိုယ်နဲ့မတည့်မှန်းသိရင် မစားဘဲနေပါ့လား''


"သမီး စကားကို ဒီလိုမပြောနဲ့၊ ဟိုက စားစရာမရှိလို့ ရှိတဲ့ ဟင်းနဲ့စားသွားရတာ၊ မေမေ ဒီလောက် ဟင်းတွေအများကြီးချက်ထားခဲ့တဲ့ဟာကို ကလေးက ငပိရည်နဲ့စားသွားရတယ်ဆိုကတည်းက သမီး ဘယ်လောက်အနိုင်ကျင့်လိုက်သလဲဆိုတာ မေးကြည့်စရာကို မလိုဘူး''


"အဲ့ဒီ့ဟင်းတွေကို ခေတ်က မစားနဲ့လို့ ပြောလို့လား၊ သူ့ဟာသူ မစားတာကို''


"မစားရဲအောင် ခေတ်က ကလေးကို ဘယ်လောက်ပြောဆိုထားသလဲမှ မသိတာ''


"ခေတ်က ဘာပြောရမှာလဲ''


ေမမေနဲ့ မမအနွယ် နှစ်ယောက်ပေါင်းပြီး အပြစ်တင်နေသမျှကို ခေတ်ကလဲ အရှုံးမပေးဘဲ ပြန်ပြောနေမိသည်။ 


"သမီးအနေနဲ့ နွေသစ်ခက်ကို အမြင်မကြည်ဘူးဆိုတာ ဖေဖေသိပါတယ်၊ ဒါပေမယ့် မနေ့က သမီးရဲ့လုပ်ရပ်က အရမ်းအောက်တန်းကျလွန်းတယ်''


"ဖေဖေ့''

"နေဦး သမီး၊ ဖေဖေပြောတာကို အရင်ဆုံးအောင် နားထောင်''


အမိန့်သံပါသည့် ဖေဖေ့စကားကြောင့် ခေတ် အထွန့်မတက်ရဲဘဲဖြစ်ကာ နှုတ်ခမ်းလေးမဲ့ပစ်လိုက်၏။


"မိသားစုတစ်ခုမှာ တစ်ချိန်မဟုတ် တစ်ချိန် သူစိမ်းဆိုတာ ဝင်လာမှာပဲ ခေတ်၊ အဲ့ဒီ့သူစိမ်းကို မိသားစုလို့မသတ်မှတ်ဘဲ သူစိမ်းလို့မြင်နေသရွေ့ သူဟာ သူစိမ်းဖြစ်နေမှာပဲ၊ အေး အခုပြောသလို သူစိမ်းလို့မြင်နေရင်ကို ပြဿနာမဟုတ်သေးဘူး၊ အဲ့ဒီ့လောက်အထိ ဖေဖေ လက်ခံပေးလို့ရသေးတယ်၊ အခုဟာက သမီးက နွေသစ်ခက်ကို သူစိမ်းဆိုတာထက် ရန်သူလို့်မြင်နေပြီး တိုက်ချင် ခိုက်ချင်နေတာ၊ နိုင်တဲ့အချိန် နိုင်သလို အနိုင်ကျင့်လိုက်မှာပဲလို့ သမီးတွေးတယ်မလား၊ ဟုတ်တယ်မလား ခေတ် ဖေဖေမေးနေတာဖြေလေ''


"အဲ့လို မဟုတ်ပါဘူး၊ ဂုဏ်လေးနဲ့ပတ်သတ်ပြီး ခေတ်တို့မိသားစုထဲကို ဝင်လာမယ့်သူစိမ်းဟာ နှင်းစက်လေးပဲလို့ ယုံကြည်ထားတာ၊ ဒါပေမယ့် အဲ့လိုဖြစ်မလာဘူးလေ၊ အဲ့ဒီ့အတွက် ခေတ် သူ့ကိုမုန်းတယ် အဲ့ဒါအပြစ်လား ဖေဖေ''


"သမီးတကယ်မုန်းရင် သူ့ကိုလျစ်လျူရှုလိုက်ပါလား၊ ဘာလို့ အခုလို အနိုင်ကျင့်ရတာလဲ''


"ခေတ်က သူရှိတဲ့နေရာကို သွားတာမဟုတ်ဘူးဖေဖေ၊ သူကသာ ခေတ်ရှိတဲ့နေရာကိုလာတာ''


"မေမေခေါ်လို့ လာတာပါကွယ်၊ သစ်ခက်လေးကသမီးသူ့ကို အမြင်မကြည်မှန်းသိလို့ အလိုက်တသိရှောင်နေပေးတာပါ၊ အခုဟာက မေမေခေါ်လို့ကို ရောက်လာတာ''


တစ်အိမ်လုံးက ဝိုင်းပြီးဆူနေတာမို့ ခေတ် ထပ်မပြောတော့ဘဲ ငြိမ်နေဖို့ပဲ တွေးလိုက်၏။ မနေ့က နွေသစ်ခက် နေမကောင်းဘူးလို့ သိကတည်းက သူမလဲ ကိုယ့်ကိုကိုယ်မှားမှန်း သိပါတယ်။ သို့ပေမယ့် မာနကြောင့် တင်းထားတာပါ။


"နောက်ဆုံးအနေနဲ့ ဖေဖေ သမီးကို တစ်ခုပဲပြောမယ်၊ သမီးရဲ့မောင်က အဲ့ကလေးမလေးကို အရမ်းချစ်တယ်ဆိုတာ သမီးသိမှာပါ၊ သမီးက ကလေးမလေးကို ရန်သူလိုဆက်ဆံရင် သမီးမောင်က သမီးကို သူစိမ်းတစ်ယောက်လို ဆက်ဆံလိမ့်မယ်''


"အဲ့ဒါတော့ ဟုတ်တယ် သမီး၊ မနေ့က မေမေဖုန်းဆက်တော့ သားက နောက်တစ်ခါ သူ့မိန်းမကို ဒီအိမ်မခေါ်ပါနဲ့ဆိုပြီး ပြောသွားတာ၊ အရမ်းလဲ စိတ်ဆိုးနေတယ်ထင်တယ်''


ဒီလို ပြောလိုက်တော့ ခေတ်ရဲ့မျက်နှာလေး ညှိုးသွားတာကို ဒေါ်ခင်စောသိုက် သတိထားမိသည်။ သို့ပေမယ့် ဘာမှပြန်မပြောဘဲ မျက်လုံးဝိုင်းလေးဖြင့်သာကြည့်နေတာမို့...


"သမီးရဲ့စိတ်ကို ပြင်ကြည့်ပါလားကွယ်၊ သစ်ခက်လေးက ချစ်ဖို့ကောင်းပါတယ်၊ သမီးက သူ့ကို မုန်းတဲ့မျက်လုံးတွေနဲ့ ကြည့်နေလို့သာ အခုလို ကိစ္စတွေဖြစ်နေတာပါ''


"သမီး ဒီလိုပဲ ဆက်လုပ်နေရင် သားနဲ့ပါ ပြဿနာဖြစ်တော့မှာ သေချာတယ်၊ ဒီတော့ သားနဲ့ ပြဿနာမဖြစ်ချင်ရင် သမီးရဲ့စိတ်ကိုအရင်ပြင်၊ မပြင်နိုင်ရင် သားနဲ့ အဆက်အသွယ်ဖြတ်''


"ဖေဖေ့ ဘာတွေပြောနေတာလဲ၊ ခေတ်ကဘာလို့ ဂုဏ်လေးနဲ့ အဆက်အသွယ်ဖြတ်ရမှာလဲ၊ အဓိပ္ပါယ်မရှိလိုက်တာ''


"ကဲ အစော ကိုယ် ကုမ္ပဏီသွားတော့မယ်''

"ဟုတ် အကို''


"ဖေဖေပြောထားပြီးပြီနော်၊ ဖေဖေခရီးသွားတုန်း ဘာပြဿနာမှမဖြစ်စေနဲ့၊ အထူးသဖြင့် ခေတ် ကြားလား''


ကုမ္ပဏီသွားဖို့ ထရပ်ပြီးသွားမှ ခေတ်ကိုကြည့်ပြီး ထပ်ပြောနေသည့်ဖေဖေ့ကြောင့် ခေတ်နှုတ်ခမ်းလေးစူပစ်လိုက်ပြီး...


"ဖေဖေ့ချွေးမကို ခေတ် လက်ဖျားနဲ့တောင်မထိဘူး၊ စိတ်ချ''


"ထိချင်လဲ ထိပေါ့၊ ဖေဖေ့ထက် သားနဲ့အရင်ရှင်းရမယ်ဆိုတာတော့ သိထား''


ပြောပြီးတာနဲ့ မေမေနဲ့အတူ ထွက်သွားသည့် ဖေဖေ့ကို ခေတ် စူပုတ်ပုတ်လေးကြည့်နေမိသည်။ ဖေဖေပြောသွားတဲ့အထဲမှာ အမှားမပါဘူးဆိုတာသိပေမယ့် လက်မခံနိုင်တဲ့ သူမစိတ်ကိုလဲ အံ့ဩမိသည်။ 


"နေ့လည်ကျရင် ငါ ကလေးဆီသွားမလို့၊ လိုက်မှာလား''


အနွယ် အကဲစမ်းသလိုမေးလိုက်တာကို ခေတ်က သူမကို မျက်စောင်းကြီးထိုးကြည့်ပြီး...


"မလိုက်ပါဘူး မမတို့ပဲ သွားပြီး အကဲပိုပေးလိုက်ကြ''ဆိုပြီး ထိုနေရာမှ ဆတ်ခနဲထွက်သွားသည့် ညီမဖြစ်သူကိုကြည့်ကာ အနွယ် ေခါင်းလေးရမ်းကာ...


"နင့်ကိုကြည့်ရတာ ပူလောင်လိုက်တာ ခေတ်ရယ်၊ ဘာလို့ ဒီလောက် အတ္တတွေကြီးနေရတာလဲ''


>>>>>>>>>><<<<<<<<<<


"ပူတူး''


သစ်ပင်တွေနဲ့ အလုပ်ရှုပ်နေသော သူမအနားကို ေရာက်လာသည့် ကိုကိုက မီးခိုးရောင် ညအိပ်ဝတ်စုံလေးနဲ့မို့ အိပ်ယာနိုးနိုးချင်း ထလာတယ်ဆိုတာ သိသာလှသည်။ 


"ပူတူးက ဘာလို့ အ​စောကြီး ထသွားတာလဲ၊ ဒီမှာ ကိုယ် နိုးနိုးချင်း မင်းကိုမတွေ့တော့ ဘယ်လောက် လန့်သွားတယ်မှတ်လဲ၊ လာပါဦး morning kissလေးပေးချင်လို့''ဆိုပြီး ခက်ကို ဖက်ဖို့ပြင်နေတဲ့ ကိုကို့ကြောင့် ခက် ဆတ်ခနဲထရပ်လိုက်၏။ 


ထို့နောက် ကိုကိုနဲ့ဝေးသွားအောင် ေနာက်ကို ဆုတ်လိုက်တော့ ကိုကိုက အလိုမကျသလို မျက်ခုံးတွေတွန့်ကျုံ့ပစ်လိုက်ပြီး....


"ဘာလို့ နောက်ဆုတ်သွားတာလဲ ပူတူး''

"ကိုကိုက ခက်ကို ဖက်မလို့လုပ်နေတာကို''


"ဟာ.. ဘာလဲ ကိုယ်က မင်းကို ဖက်လို့မရဘူးလား ဟမ်''

"မဟုတ်ပါဘူး ခက်က အခု အပင်တွေကို ပိုးသတ်ဆေးဖျန်းနေတာလေ၊ အဲ့ဒါ ကိုကို့ကိုပါ ဆေးတွေပေပွကုန်မှာစိုးလို့''


"ပေတော့ ဘာဖြစ်လဲ''

"ဟင်... ပေတော့ ဘာဖြစ်လဲဆိုရင် ဘာမှတော့မဖြစ်ပါဘူး၊ ဒါပေမယ့် ကိုကို လက်တွေဘာတွေ ဆေးနေရမှာပေါ့၊ မဟုတ်ရင် အစာတွေထဲရောက်သွားပြီး အဆိပ်ဖြစ်သွားမှာ''


"ဖြစ်ဖြစ်ကွာ အခု မင်းကိုဖက်ထားရဖို့ပဲ အရေးကြီးတာ''


ခေါင်းမာလွန်းသည့် သူ့အကျင့်အတိုင်း အခုလဲ ခက်ဆီကို လျှောက်လာနေတာမို့ ခက် လက်ထဲမှ ဆေးဘူးလေးကို အသာချထားလိုက်၏။ ပြီးမှ ရေတိုင်ကိုပြေးသွားလိုက်ကာ လက်ကိုဆေးရင်းမှ...


"ခက်စကားဆို ဘယ်တော့မှ နားမထောင်နဲ့ ကြားလား''

"ဒိီစကားက ကိုယ်ကပြောရမှာ၊ ကိုယ် အိပ်ယာမနိုးမချင်း မင်းကို ကိုယ်နားက ထမသွားပါနဲ့လို့ မှာမထားဘူးလား ဟမ် ပူတူး''


"ခက် ဒီနေ့ကျောင်းပိတ်တယ်လေ ကိုကိုရဲ့''

"ကျောင်းပိတ်တာနဲ့ ကိုယ်ပြောတာနဲ့ ဘာဆိုင်လဲ''


ဂုဏ် ဒီလိုမေးလိုက်တော့ လက်ဆေးပြီးသွားဟန်ရှိသည့် ပူတူးက လက်ကရေတွေကိုခါရင်းမှ သူ့ဘက်ကိုလှည့်လာပြီး...


"ေကျာင်းပိတ်တော့ ခက် လုပ်စရာရှိတာတွေ လုပ်ရမှာပေါ့၊ ဥပမာ အခုလို အပင်တွေကို ဆေးဖျန်းတာတို့ ဘာတို့ပေါ့''

"ကိုယ့်ကိုရော ဆေးဖျန်းမပေးချင်ဘူးလား ပူတူး''


"ဟင်.. ကိုကိုက ဘာဆေးဖျန်းချင်လို့လဲ''

"မင်း ချစ်မယ့်ဆေး''


ထူးဆန်းသည့်ကိုကို့စကားကြောင့် ခက် ခစ်ခနဲရယ်လိုက်တော့ ကိုကိုက ခက်ရဲ့ခါးလေးကို ဖက်ကာ..


"အမြန်ဆုံး မင်းကိုယ့်ကိုချစ်လာနိုင်တဲ့ဆေးရှိလား၊ ရှိရင် ဖျန်းပေးပါ၊ ကိုကို့ရဲ့ဆံစကနေ ခြေဖျားအထိ နေရာလွတ်မကျန်အောင် ဖျန်းပေး၊ ဒါမှ မင်းကိုယ့်ကို အမြန်ဆုံးချစ်လာမှာ''


"အဟွန်း ဟွန်း.. ကိုကိုက ကလေးလေးကျနေတာပဲ ခစ်.. ခစ်.. ခစ်..


"ရယ်တယ်ပေါ့၊ ကိုယ့်ကို လှောင်တာလား ပူတူး ဟင် မေးနေတာဖြေလေကွာ၊ ကိုယ့်ကိုလှောင်တာလားလို့''


စိတ်တိုသည့်ပုံစံမဟုတ်ဘဲ ခက်ကို စနောက်နေသည့်ပုံစံ အပြည့်ရှိသည့်ကိုကိုက ခက်ရဲ့မျက်နှာနားလေးတိုးကပ်ကာ မေး​ေနတာမို့ ခက် ေခါင်းကိုတစ်ဖက်လှည့်ပစ်လိုက်ပြီး...


"ကိုကိုနော် စောစောစီးစီးကို ပြဿနာမရှာနဲ့''

"ရှာမှာပဲကွာ၊ မင်းနဲ့က ရန်ဖြစ်မှ စကားများများပြောလို့ရတာမဟုတ်ဘူးလား''


"ရန်မဖြစ်လဲ စကားများများ​ပြောလို့ရပါတယ်နော်၊ နေဦး ကိုကို့ကို ခက် ပြောစရာရှိသေးတယ်''

"ဘာလဲ ဘာပြောမှာလဲ''


"ခက် ဒီနေ့ မေမေ့ဆီခဏသွားမယ်နော်''

"ပူတူးက ​လုပ်ပြန်ပြီကွာ၊ ကျောင်းပိတ်တဲ့ရက်လေးကို ကိုယ့်အနားနေမယ်စိတ်မကူးဘူး၊ ကိုယ်နဲ့ဝေးရာပဲ ပြေးချင်နေတာ၊ ကြာလာတော့ ကိုယ် ဝမ်းနည်လာပြီဗျ''


သူမကို ကျောခိုင်းကာ မြက်ခင်းပြင်ကို ခြေထောက်တစ်ဖက်ဖြင့် လျှပ်တိုက်ရင်း စိတ်ပျက်သလိုပြောနေသည့် ကိုကို့ရဲ့ရှေ့မှာ ခက် သွားရပ်ပြီး ကိုကိုမျက်နှာကို အကဲခတ်ကြည့်လိုက်သည်။ မျက်နှာကြီးစူပုတ်နေသည့် ကိုကိုက ခက်ကို အမှန်အကန်စိတ်ဆိုးနေသည့်ပုံမို့ ခက် ကိုကို့ရဲ့ခါးကိုဖက်လိုက်ပြီး မော့မော့လေးကြည့်ကာ...


"ခက်က မေမေ့ဆီ ခဏပဲသွားမှာပါ၊ ကိုကိုလဲ လိုက်ချင် လိုက်ခဲ့ပေါ့ နော် နော်လို့''

"ပူတူးက သွားမှတော့ ကိုယ်လဲ လိုက်ရမှာပေါ့၊ ဒါပေမယ့် အကြာကြီးမနေဘူးနော်''


"အင်း အင်း ခဏပဲနေမှာ''

"အဲ့ဒါပြီးရင် တစ်နေကုန် ကိုယ့်အနားပဲနေရမှာ''


"ကိုကိုက အလုပ်မလုပ်ဘူးလား''

"ကိုယ့်မိန်းမရဲ့ ရှားရှားပါးပါး ကျောင်းပိတ်ရက်လေးကို ကိုယ်က အလုပ်လုပ်စရာလား''


"ခက်က စနေ တနင်္ဂနွေတိုင်း ကျောင်းပိတ်တာကို ကိုကိုကလဲ''


ခက် ဒီလိုပြောလိုက်တော့ ကိုကိုက ခက်ရဲ့ပါးကို သာသာလေးဆွဲဖဲ့ကာ...


"ကြားထဲက ၅ရက်ကို ကိုယ်ဘယ်လို ကျော်ဖြတ်နေရလဲဆိုတာ ပူတူးမှမသိတာကွ၊ ကိုယ့်မှာ မင်းကို ကျောင်းပို့ပြီးပြန်လာပြီဆိုရင် ကိုယ့်မျက်စိကွယ်ရာမှာ မင်းဘာတွေလုပ်လို့ ဘာတွေဖြစ်နေမလဲဆိုပြီး စိတ်ပူရတာက တစ်မျိုး၊ မင်း ကျောင်းဆင်းချိန် မရောက်သေးမချင်း နာရီတကြည့်ကြည့်နဲ့ မျှော်နေရတာက တစ်မျိုး၊ ဒီကြားထဲ ကိုယ်ဖုန်းဆက်တဲ့အချိန် မင်းချက်ချင်းတန်းမကိုင်ရင် ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး ရင်ပူရတာက ရှိသေး၊ မင်းကသာ ကျောင်းရောက်သွားရင် ကိုယ့်ကိုမေ့သွားတာ၊ ကိုယ့်မှာက မင်း ကိုယ့်မျက်စိရှေ့ပြန်မရောက်မချင်း ရင်တမမနဲ့ သိရဲ့လားဗျ''


တည်ငြိမ်နေသည့် ကိုကို့ရဲ့ မျက်လုံးအကြည့်တို့ကြောင်​့ ကိုကို လိမ်နေတာမဟုတ်မှန်း ခက်သိသည်။ ခက်နဲ့ပတ်သတ်ပြီး ဒီလောက်တောင် စိတ်မချဖြစ်နေရှာသည့် ကိုကို့ကို ခက် သနားသွားတာမို့ ကိုကို့ခါးကို ကျစ်နေအောင်ဖက်ထားလိုက်ပြီး...


"ခက်လဲ လူကသာ ကျောင်းရောက်နေတာပါ၊ ကိုကို့ကို အချိန်တိုင်းသတိရပါတယ်နော်''

"အဟွန်း... ဟုတ်လို့လား၊ ကိုယ်ကတော့ ကိုယ် ကျေနပ်အောင်လို့ ညာပြောနေတယ် ထင်တာပဲ''


ဂုဏ် ဒီလို ခပ်ထေ့ထေ့ပြောလိုက်တော့ သူ့ခါးကိုဖက်ထားသည့် ပူတူးက သူ့ကိုမော့ကြည့်ပြီး မျက်စောင်းလေးခဲကာဖြင့်...


"ခက်က ကိုကို့ကို ဘယ်တုန်းကညာပြောဖူးလို့လဲ''

"မညာဖူးဘူးလား ဟုတ်လား၊ ကိုယ့်ပူတူးတူးလေးက ကိုယ့်ကို မညာဖူးဘူးပေါ့''


"ကိုကိုနော် ခက်ကို မယုံသလိုလာမလုပ်နဲ့၊ ခက်တကယ်ပြောနေတာ၊ ခက် ကျောင်းသွားရင် ကိုကိုခက်ကို သတိရသလို ခက်လဲ ကိုကို့ကို သတိရတာပဲ''


"ကိုကိုက သတိရတာထက် မင်းလေးကိုလွမ်းတာပါဗျ''

"အွန်းလေ ခက်လဲ ကိုကို့ကို လွမ်းတာပဲလေ''


"မဟုတ်သေးဘူး လွမ်းတယ်ဆိုတာက ချစ်မှလွမ်းတာ၊ ကိုကို လွမ်းတာက ပူတူးကိုချစ်လို့''

"ခက် လွမ်းတာလဲ ကိုကို့ကိုချစ်လို့''


ဂုဏ် လူလည်ကျပြီး ပြောနေသမျှကို ဘာမသိ ညာမသိနဲ့ ပက်ခနဲ ပက်ခနဲ အနိုင်လိုချင်စိတ်ဖြင့် ပြန်ပြောနေသည့် ပူတူးက သူမရဲ့ စကားကို သတိထားမိဟန်မရှိတာသေချာသည်။


"သေချာလား ပူတူး''

"သေချာတယ်''


"ပြီးမှ ဘွာတေးလုပ်လို့မရဘူးနော်''

"အင်း''


"ဟား... မျိုးရိုးဂုဏ်တော့ အဖြေရပြီကွ၊ ဟား..ဟား... ပူတူးက ငါ့ကိုချစ်တယ်တဲ့''

"ဟင်...


ဂုဏ် လိုချင်တဲ့အဖြေရသွားလို့ ဝမ်းသာသွားကာ သူမရဲ့ကိုယ်လေးကို ဆတ်ခနဲပွေ့ချီလိုက်မှ သူမက စကားမှားသွားမှန်းသိသွားသည့် ပူတူးက မျက်လုံးပြူးလေးဖြင့်...


"ကိုကို လူလည်ကျတာ၊ ခက်က ကိုကို့ကို...


"ချစ်တယ်ဆို''

"ဟင့်အင်း... ကိုကိုနဲ့ ငြင်းရင်းပြောလိုက်မိတာ၊ ကိုကို အတည်ယူမနေနဲ့''


"မရပါဘူး၊ မင်းပဲ ခုနက ချစ်တယ်ပြောပြီးတော့၊ အခုမှ ဘွာတေးလုပ်လို့မရဘူးလေကွာ''

"ကိုကို သပ်သပ်လူလည်ကျသွားတာကို၊ ဖယ်ပါ ခက်ကို အောက်ချပေး၊ ခက် ဒီလိုကြီးမနေချင်ဘူး''


"မနေချင်လဲ ကိုယ်က နေချင်တယ်လေ၊ အဟွန်း... လှလိုက်တဲ့ မနက်ခင်းလေးကွာ ဟား... ဟား...


လိုချင်တာရသွားလို့ ကျေနပ်နေသည့် ကိုကို့ရဲ့​ရယ်သံက အရမ်းကို ကျယ်လွန်းနေသည်။ ဒါ့အပြင် ခက်ကို ပွေ့ချီကာ ခြံထဲမှာ လှည့်ပတ်မွှေရမ်းနေတာမို့ ခက် ခေါင်းပင်မူးချင်သွားကာ..


"ကိုကို ခက်ကို အောက်ချပေးပါဆို၊ ကိုကိုလို့ဆို ခက် ခေါင်းတွေမူးလာပြီ''

"ဟင်... ဟုတ်လား ဆောရီး ဆောရီး၊ အဟွန်း... ကိုယ် အရမ်းဝမ်းသာသွားလို့ သတိလက်လွတ်ဖြစ်သွားတာ''


ဂုဏ် ပူတူးကို ပွေ့ချီထားရာမှ ချပေးလိုက်ပေမယ့် လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကြပ်စွာပွေ့ဖက်ထားရင်းက ပြောလိုက်တော့ ပူတူးက အတင်းရုန်းကာ...


"ဖယ်ပါ ဘယ်လိုဖြစ်နေတာလဲ၊ ဒါ ခြံရှေ့မှာနော် မရှက်ဘူးလား၊ ခုနကလဲ အသံအကျယ်ကြီးနဲ့ တကယ်ပဲ ဘယ်လိုဖြစ်နေတာလဲမသိဘူး၊ ကဲ ဖယ်ပါဆိုမှ ကိုကိုရာ''


"ကိုယ် လွှတ်လိုက်ရင် မင်းက ထွက်ပြေးသွားမှာကိုကွ၊ အဲ့ဒါကြောင့် မလွှတ်ပေးတာ၊ ဒီနေ့လေးက တန်ဖိုးရှိလိုက်တာကွာ အဟွန်း... ဟွန်း..


"ခက် ကိုကို့ရင်ဘတ်ကြီးကို ကိုက်ဆွဲပစ်မှာနော်၊ လွှတ် ဆို လွှတ်''

"ဟာ.. ဟေ့.. ကိုက်တော့မဆွဲနဲ့နော်၊ မင်းကိုက်ရင် တကယ်နာတာဗျ''


"ဒါဆို လွှတ်လေ''

"ကိုယ့်ကို ချစ်တယ်လို့ တစ်ခါထပ်ပြောမှ''


ဂုဏ် ညစ်တစ်တစ်နဲ့ ထပ်ပြောလိုက်တော့ သူမလေးက ဒေါသပါသည့်မျက်လုံးများဖြင့် သူ့ကို စူးစိုက်ကြည့်နေတာမို့ ဂုဏ် ဖက်ထားသည့် လက်တွေကို သူမရဲ့လက်အဖျားလေးဆီရွေ့လိုက်ပြီး... 


"ခုနက ချစ်တယ်ပြောပြီး အခုကျတော့ စားမတတ် ဝါးမတတ်လာကြည့်နေပါလား၊ ပူတူး မင်းတို့မိန်းမတွေ အပြောင်းအလဲ မြန်လှချည်လားကွ''


"ဘာကို အပြောင်းအလဲမြန်တာလဲ၊ ခုနက ကိုကိုလူလည်ကျလို့ ခက် ယောင်ပြီးပြောလိုက်မိတာ''


"ဒါဆို မင်းက ကိုယ့်ကိုမချစ်ဘူးပေါ့''

"ဟုတ်တယ် မချစ်ဘူး''


"ခုနက မှားပြောတာပေါ့''

"ဟုတ်တယ် မှားပြောတာ''


"ဒါဆို ကိုယ့်ကိုမုန်းလား''

"ဘာဆိုင်လို့လဲ''


"ဖြေပါ ကိုယ့်ကိုမုန်းလား''


ခက် ကိုကို့ကို မုန်းလား မမုန်းဘူးလားဆိုတာကို မသိဘူးလား။ ခက် ကိုကို့ကို ချစ်​ေနတယ်ဆိုတာကို ကိုကို မသိဘူးဆိုရင်တောင် မမုန်းဘူးဆိုတာလောက်တော့ ကိုကို သိသင့်ပါတယ်။


"ပူတူး ကိုယ်မေးတာဖြေလေ၊ ကိုယ့်ကို မုန်းလား''


ဂုဏ် ထပ်မေးလိုက်ပေမယ့် ဘာတစ်ခွန်းမှ ဖြေကြားခြင်းမရှိသည့် ပူတူးကြောင့် ဂုဏ် သူမရဲ့ လက်လေးနှစ်ဖက်ကို စုကိုင်ကာ လက်ဖမိုးလေးတွေကို ဖိကပ်နမ်းရှိုက်လိုက်ပြီး...


"မင်း ကိုယ့်ကို မမုန်းဘူးဆိုတာ ကိုယ်သိတယ်၊ ပြီးတော့ ကိုယ့်ကို ချစ်တယ်ဆိုတာလဲ ကိုယ်သိတယ်''

"ဟင့်အင်း.. ခက်..


"ဘယ်အချိန်အထိ မင်းရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားဖို့ တွေးထားတာလဲ ပူတူး၊ မင်းသိတဲ့အချစ်က ဘယ်လိုမျိုးလဲ ကိုယ်မသိပေမယ့် ကိုယ်သိတဲ့အချစ်က ကိုယ့်ကြောင့် ကိုယ်ချစ်တဲ့သူ ပျော်နေစေချင်တာပဲ၊ ခုနက မင်းဆီက ချစ်တယ်ဆိုတဲ့စကားလေးကြောင့် ကိုယ် ဘယ်လောက်ပျော်သွားလဲ တွေ့လား၊ ကိုယ်သာ မင်းနေရာမှာဆို တခြားအရာတွေထက် ကိုယ်ချစ်တဲ့သူ ပျော်ဖို့ပဲဦးစားပေးမှာ''


သူ့ရဲ့စကားတွေနောက်မှာ ပူတူး မျက်လွှာလေးချပြီး ငြိမ်သွားတာမို့ ဂုဏ် ဆက်ပြောဖို့ အရှိန်ရသွား၏။


"ခုနက မင်း ယောင်ပြီးပြောလိုက်တာလို့ ပြောတယ်နော်၊ ဒါဆို ကိုယ့်ကို မုန်းလားလို့မေးတော့ မုန်းတယ်လို့ ဘာလို့ ယောင်ပြီးတောင် မဖြေတာလဲ ဟမ် ပူတူး''

"ဟင့်အင်း ခက် မသိဘူး''


"မသိလို့ မရဘူး၊ ဒီမှာ ကိုယ့်ကို ကြည့်''


ကြည့်ဆိုပြီး သူကပဲ သူမရဲ့ မေးဖျားလေးမှ ဆွဲပင့်လိုက်ကာ...


"ဘယ်လို စကားပဲဖြစ်ဖြစ် ​ေဟာ့ဒီ့နှုတ်ခမ်းဖျားလေးက ထွက်လာဖို့ဆိုရင် ရင်ထဲက အရင်းခံရတယ်ကွ၊ မင်းရင်ထဲမှာ ကိုယ့်အတွက် အမုန်းဆိုတာ မရှိဘူး၊ အဲ့ဒါကြောင့် ကိုယ် ဘယ်လောက် အစ်အောက်မေးမေး မုန်းတယ်ဆိုတဲ့အဖြေထွက်မလာတာ၊ ဒါပေမယ့် မင်းရင်ထဲမှာ အချစ်တွေတော့ရှိနေတယ်၊ အတိအကျပြောရရင် ကိုယ့်အတွက် တည်ရှိနေတဲ့ အချစ်၊ ဟုတ်တယ်မလား''


"ဟင့်အင်း.. ခက် မသိဘူး၊ ခက် အိမ်ထဲဝင်တော့မယ်''


ခက် သူ့လက်တွေကို ရုန်းကြည့်လိုက်ပေမယ့် မလွှတ်ပေးတဲ့အပြင် လက်ကောက်ဝတ်လေးနှစ်ဖက်ကို သူ့လက်တွေဖြင့် ခိုင်ခိုင်မာမာဆုပ်ကိုင်ထားသေး၏။


"လုပ်ပါ တစ်ခါလောက် သတ္တိမွေးပြီး ပြောကြည့်လိုက်''

"ခက်က ဘာပြောရမှာလဲ''


"ချစ်တယ်ဆိုတဲ့ နှစ်ခွန်းတည်း''


သူ လိုချင်တာမရမချင်း လွှတ်ပေးမည့်ဟန်မရှိသည့် ကိုကိုကြောင့် ခက် ဘာလုပ်လို့လုပ်ရမှန်းပင်မသိတော့။ ကိုကိုပြောသလို ခက်ရင်ထဲမှာ ကိုကို့အတွက် အချစ်တွေရှိနေတာ မှန်ပေမယ့် ခက်တာက အဲ့ဒီ့ ချစ်တယ်ဆိုတဲ့ နှစ်ခွန်းတည်းပြောဖို့ကို ခက်အတွက် ခက်ခဲနေခြင်းပါ။ ဒါ့အပြင် ခက်ကို အဖြေတောင်းနေသည့် ကိုကိုက မျက်တောင်ပင်ခတ်ရဲ့လားမသိအောင် မမှိတ်မသုန်စိုက်ကြည့်နေတာမို့ ခက် မျက်နှာကို ခပ်လွှဲလွှဲလေးလုပ်ကာ သက်ပြင်းလေးချလိုက်ပြီး..


"ခက် ရှက်တယ်''

"ဘာကိုလဲ''


"ကိုကိုက ခက်ကို အဲ့လိုကြီးစိုက်ကြည့်နေတော့ ခက် ဖြေရမှာရှက်တယ်''

"ဟား.. ချစ်တာကို ချစ်တယ်လို့ပြောတာ ရှက်စရာလား ပူတူးရဲ့၊ ပထမဆုံးအကြိမ်မို့လို့ မင်းအတွက် ခက်ခဲနေတာပါ၊ နောက်ဆို ကိုယ့်လိုပဲ ချစ်တယ်ဆိုတာကို တစ်နေ့အခါတစ်ရာလောက် ပုတီးစိပ်နေလိမ့်မယ်''


ဂုဏ် ပြောလိုက်ပေမယ့် မတုန်မလှုပ်ဖြစ်နေသေးတဲ့ ပူတူးကြောင့် သူမရဲ့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ ထိုအခါမှ သူ့ကို မော့မော့လေးကြည့်လာသည့် ပူတူးကို သူ ပြုံးပြီးကြည့်လိုက်ပြီး...


"ကိုယ် မင်းကို ချစ်တယ် ပူတူး''

".......''


"ကိုယ် မင်းကို ချစ်တယ်''

".......''


"ကိုယ် မင်းကို ချစ်တယ်''

".......''


"ကိုယ် မင်းကို ချစ်တယ်''

".......''


"ကိုယ် မင်းကို ချစ်တယ်''

".......''


"ကိုယ် မင်းကို ချစ်တယ် ပူတူး''


ချစ်တယ်ဆိုတာကို တစ်ခွန်းပြီး တစ်ခွန်း ဆက်တိုက်ပြောနေသည့် ကိုကိုက အပြုံးမပျက်ပါ။ ဒါ့အပြင် ခက်ပြောလာမည့် တစ်စုံတစ်ရာကို မျှော်လင့်နေဟန်ရှိသည့် ကိုကို့ အကြည့်တွေရဲ့ ညှို့ငင်နေမှုကြောင့် ခက် ကိုကို့ကို မော့ကြည့်လျက်ကပင်...


"ခက်လဲ ကိုကို့ကို ချစ်ပါတယ်''

"ရာနှုန်းပြည့် သေချာရဲ့လား ပူတူး၊ ဒီတစ်ခါလဲ ယောင်ပြီးပြောတာပဲလား''


"100% ပဲ၊ ခက် ကိုကို့ကို အရမ်းချစ်တယ်၊ သိလား''


သူ့ခါးကိုဖက်ပြီး သူ့ရင်ခွင်မှာ ခေါင်းလေးတိုးခွေ့ပြီး ပြောနေသည့် ပူတူးကြောင့် သူ အကျေနပ်ကြီးကျေနပ်သွားကာ သူမရဲ့ဆံနွယ်လေးတွေကိုနမ်းရှိုက်လိုက်ရင်းမှ...


"မင်းကိုယ်မင်း မသိပေမယ့် မင်း ကိုယ့်ကိုချစ်​နေတယ်ဆိုတာ ကိုယ်သိနေတာ ကြာပါပြီ''

"ကိုကိုက ဘယ်လိုလုပ်သိလဲ''


"မင်းရဲ့ ဖြူစင်လွန်းသည့် မျက်ဝန်းတစ်စုံဆီက၊ မင်းက ကိုယ့်ကို မချစ်ပါလားလို့ တွေးမိတဲ့အချိန်တိုင်း အဲ့ဒီ့မျက်ဝန်းလေးက ကိုယ့်အတွေးမှားတယ်လို့ သက်သေပြနေတာလေ''

"ကိုကိုက ခက့်ကို အရမ်းချစ်လို့နေမှာပေါ့''


"အွန်းပေါ့ ကိုယ်က အရမ်းချစ်လို့ မင်းမျက်ဝန်းထဲကစာတွေကို ဖတ်တတ်တာ''

"ခက်လဲ ကိုကို့ကို အရမ်းချစ်တယ်ဆိုတော့ နောက်ဆို ကိုကို့မျက်လုံးထဲက စာတွေဖတ်တတ်မှာပေါ့နော်''


"မပြောတတ်ဘူး၊ ကိုယ့်လောက်ချစ်ရင်တော့ ဖတ်တတ်မယ်ထင်တယ်၊ ဒါပေမယ့် ကိုယ့်အပေါ်မှာ ကိုယ်ချစ်သလောက်ချစ်နိုင်ဖို့က မလွယ်ဘူး၊ ကိုယ်က မင်းကို အများကြီး အများကြီးချစ်တာလေ အဟွန်း...


ခက် မငြင်းတော့ပါ။ ကိုကို မလိမ်ဘူးဆိုတာ ခက် သိသည်။ နောက်ပြီး ကိုကို ခက်ကို့ ဘယ်လောက်တောင် ချစ်လိုက်သလဲဆိုတာ အားလုံးထက် ခက်က အသိဆုံးပဲ မဟုတ်လား။


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😁😁


အပိုင်း (၃၁)မျှော်


စာရေးသူ-Merida(Tulip)


rate now: