book

Index 3

အပိုင်း (၃)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~


စာသင်နေရတဲ့ အချိန် ၃နာရီက 

ဂုဏ့်အတွက် ရှည်ကြာလွန်းနေ၏။


စာသင်ချိန်ပျက်ရင် လုံးဝမကြိုက်တဲ့ 

မေမေကြောင့် ထွက်မလာရဲပေမယ့် 

ထိုင်နေရတဲ့တစ်လျောက်လုံး

လက်ကနာရီကိုမြှောက်ကြည့်လိုက် 

နံရံကနာရီကိုလှမ်းကြည့်ဖြင့် 

တစ်ယောက်တည်း ဗျာများနေရသည်။


ဒါကိုရိပ်မိသည့် ဆရာမက 

သူ့ကို ခပ်စူးစူးလေးကြည့်ကာ


"ဂုဏ် ဘာဖြစ်နေတာလဲ''

"ဟင် ဘာမှမဖြစ်ပါဘူး''


"ဘာမှမဖြစ်တဲ့လူကလဲ ဒီမှာကြည့်လိုက်ဦး

မင်းတွက်ထားတာ အားလုံးအမှားတွေချည်းပဲ

ပြီးတော့ မှားထားတဲ့အပုဒ်တွေက 

မင်းမျက်စိမှိတ်တွက်ရင်တောင် 

ဘာလဲ စာသင်ရတာ စိတ်မပါဘူးလား''


"ဟုတ်တယ် ကျွန်တော် စာသင်ရတာ 

ဒီနေ့ ကျွန်တော့်ကို နာရီဝက်လောက်စောဆင်းပေးလို့ရမလား''


"မရဘူး''


"ကျစ်... ဒါဆိုလဲ ဆရာမတစ်ယောက်တည်းပဲ 

ဆက်သင်နေလိုက်တော့

ကျွန်တော်ကတော့ ဆင်းပြီ''


"ဟေ့ မျိုးရိုးဂုဏ် ပြန်လာခဲ့''


ဂုဏ်နောက်ကအသံကို လျစ်လျူရှုကာ 

အောက်ထပ်ကို ဒရောသောပါး ဆင်းလာလိုက်သည်။


သူ့ကိုမြင်တာနဲ့ မေမေက နာရီကိုလှမ်းကြည့်လို်က်ပြီး


"နာရီဝက်လိုသေးတယ်လေ သားငယ်''

"ကျွန်တော် စိတ်မပါတော့လို့

ပူတူးလေး နိုးပြီလား မေမေ''


"ဘာကိ္စ္စ စာသင်တာကိုစိတ်မပါရတာလဲ''

"စိတ်မပါတာကို ဘာလို့စိတ်မပါတာလဲဆိုတော့ 

ကျွန်တော်က ဘယ်လိုဖြေရမှာလဲ 

ပူတူးလေးနိုးနေပြီမလား''


ဒုတိယအကြိမ်ထပ်မေးလာတာမို့

သူမ သားကိုမျက်စောင်းလေးထိုးကြည့်လိုက်ပြီး


"သားနော် မေမေက စာသင်ချိန်ပျက်တာလောက် 

ဒေါသထွက်တာမရှိဘူး''


"နောက်မဖြစ်စေရဘူး မေမေ

ပူတူးလေး နိုး...


"နိုးပြီ နိုးပြီ

တကတည်း ဘယ်လိုတောင်ဖြစ်နေလဲမသိဘူး''

"မေမေကလဲ''


ဂုဏ်က မျက်ခုံးလေးတွေတွန့်ပြီး 

အလိုမကျသလိုလေးပြောပြီးမှ


"ပူတူးလေးက အခုဘယ်မှာလဲ''

"ဒေါ်ထွေးတို့အခန်းထဲမှာ

ဟဲ့ ဒါဘယ်လဲ''


သူမပြောလိုက်တာနဲ့ ဒေါ်ထွေးတို့အခန်းဘက်ကို

ဦးတည်ပြီး ထွက်သွားတဲ့ ဂုဏ်ကို 

လှမ်းဆဲွဲပြီးမေးလိုက်တော့ ဂုဏ်က ခပ်တည်တည်ဖြင့်


"ပူတူးဆီသွားမလို့လေ''

"အို ဘာကိစ္စသွားရမှာလဲ''


"သူနဲ့စကားပြောချင်လို့''

"ဟဲ့ အို ဒီကောင်လေးနဲ့တော့ ခက်ပါတယ်''


တကယ်လဲခက်တဲ့ ဂုဏ်ရယ်ပါ။

သူမလှမ်းဆွဲနေတာကို ဂရုမစိုက်သည့်ပုံစံဖြင့်

ဒေါ်ထွေးတို့အခန်းထဲကို ခပ်တည်တည်နဲ့ ဝင်သွားတာမို့ သူမပါ နောက်ကလိုက်ဝင်ခဲ့ရတော့၏။


"သမီးလေးနာမည်က ဘယ်သူလဲကွဲ့''


ဒေါ်ထွေးမေးနေသည်ကို 

အခန်းထောင့်နံရံကိုကပ်ပြီး ပြန်မဖြေပဲ

ကြောင်တောင်တောင်လေးကြည့်နေသည့် 

ပူတူးကို ဂုဏ် စူးစိုက်ကြည့်ကာ


"သူ့နာမည် ပူတူးလေး ေဒါ်ထွေး''

"ဪ ဂုဏ်လေး''


"ကိုကို''


သူ့ကိုမြင်တာနဲ့ ဒေါ်ထွေးက ပြုံးပြနှုတ်ဆက်လိုက်သလို ပူတူးလေးကပါ သူ့ကို မော့မော့လေးကြည့်လိုက်ပြီး ကိုကိုဟုခေါ်ပြီး သူ့အနားပြေးကပ်သွားတာမို့ 

အားလုံး အံ့ဩသွား၏။


"ကိုကိုလဲ မဟုတ်ဘူး''

"ဟုတ်ပါတယ် ပူတူးလေးရဲ့ ကိုကိုပါ''


"ဟင့်အင်း မဟုတ်ဘူး

မီးမီးကိုကိုက ဒီလိုမဟုတ်ဘူး''

"ဟင်..


ဂုဏ့်ကိုခေါင်းလေးရမ်းပြီးကြည့်ကာ

နောက်ပြန်ဆုတ်သွားတဲ့ ကလေးမလေးကို

ဒေါ်ထွေးက ပွေ့ချီထားလိုက်ပြီး


"အယ် သူဌေးကတော် 

ကလေးမလေးက စကားပြောတတ်တယ်တော့

နိုးလာကတည်းက စကားတစ်ခွန်းမှ မပြောလို့ 

စကားများမပြောတတ်လို့လားဆိုပြီး သနားနေတာ

အဟွန်း စကားပြောတတ်လို့ တော်ပါသေးတယ်''


"ဟုတ်ပါ့ရှင် ကဲ စကားပြောတတ်တယ်ဆိုတော့ 

သမီးနာမည်ဘယ်သူလဲ အန်တီ့ကိုပြော''


"သူ့နာမည်က ပူတူးလေးပါဆို မေမေကလဲ''


ဂုဏ် အတင်းဝင်ပြောလိုက်တော့ 

မေမေက မျက်စောင်းလေးထိုးကြည့်ကာ


"ပူတူးလေးက မင်းပေးထားတဲ့နာမည်လေ သူ့မှာလဲ တခြားနာမည်ရှိမှာပေါ့''


"ရှိလဲ မပြောရဘူး

မေမေတို့က သူ့နာမည်သိရင် 

သူ့နာမည်နဲ့ သတင်းစာထဲထည့်မလို့မလား''


"အင်းပေါ့

ဒါမှ သူ့မိဘတွေနဲ့ ပြန်တွေ့မှာလေကွယ်''


"ဟင့်အင်း မရဘူး

ပူတူးကို ဘယ်သူ့မှပြန်မပေးဘူး

ပူတူးလေး မင်းနာမည်ကို ဘယ်သူ့ကိုမှမပြောရဘူးနော်

တကယ်လို့ပြောပြရင် မင်းကို အရူးကြီးကဖမ်းသွားလိမ့်မယ် ကြားလား''


ဒေါ်ထွေးလက်ထဲမှ ပူတူးလေးကို လက်ညှိုးထိုးပြီး

ခြိမ်းခြောက်နေသည့် ဂုဏ့်ကို

ကလေးမလေးက မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ပြီး


"အရူးကြီးက ဒီအိမ်မှာရှိလို့လားဟင်''

"ဒီအိမ်မှာတော့ မရှိဘူးပေါ့ကွ

ဒါပေမယ့် မင်းနာမည်ကို သူများတွေသိသွားရင် 

အရူးကြီးရောက်လာမှာ''


"မလာခိုင်းနဲ့နော် မီးမီး အရူးကြီးကိုကြောက်တယ်''


"ကြောက်ရင် မင်းနာမည်ကို ဘယ်သူ့မှပြောမပြနဲ့''


ဂုဏ် တမင်ခြောက်လှန့်ပြီးပြောလိုက်သည်ကို

ပူတူးလေးက အတည်မှတ်သွားကာ

ဒေါ်ထွေးပုခုံးပေါ်မျက်နှာလေးမှောက်ချကာ

တဟီးဟီးငိုချလိုက်၏။


ငိုချင်လဲ ငိုပါစေတော့။

အဓိကက ပူတူးလေးနာမည်ကို မေမေတို့

သိမသွားဖို့အရေးကြီးတယ်မလား။


"သားငယ် သွား အပြင်ထွက်တော့''

"မေမေကလဲ..


"မေမေကမလဲနဲ့

ဒီကလေးမလေးကို သူ့အိမ်ကလူတွေရှာနေမှာပေါ့

မင်းကြောင့်နဲ့ သူအိမ်မပြန်ရရင် 

သူ့အိမ်ကလူတွေ ဘယ်လောက်စိတ်ပူနေမလဲ

အဲ့ဒါကြောင့် မေမေကတော့ 

သူ့နာမည်ကို သိအောင်လုပ်ရမှာပဲ

မင်းမသိချင်ရင် အပြင်ထွက်နေ''


"မထွက်ပါဘူး ဘာလို့အပြင်ထွက်ရမှာလဲ ပြီးတော့ ပူတူးလေးက ကျွန်တော့်အပိုင်''


"သားအပိုင်လို့ပြောရအောင် 

ပူတူးလေးက သက်မဲ့ပစ္စည်းမို့လို့လား''


"ဟာ မသိဘူး 

ပူတူးကို ဘယ်သူ့မှပြန်မပေးရဘူး''


"မျိုးရိုးဂုဏ် မင်းဘယ်လိုဖြစ်နေတာလဲ''


"အို မေမေကလဲ ဘာလို့ ဂုဏ်လေးကိ

အရမ်း ဆူနေရတာလဲ''


ဆူဖို့မှကြံရုံရှိသေး။

ခေတ်သစ်က အခန်းထဲဝင်လာပြီး 

သူ့မောင်ရှေ့ကနေ ကာရပ်လိုက်ကာ 

အနွယ်ကတော့ သူမကိုပင် 

အပြစ်တင်နေလိုက်သေးသည်။


သူတို့အဲ့လိုဦးစားပေးလို့ အခုလိုပြောမရ ဆိုမရ

ခေါင်းမာနေတာမဟုတ်လား။


"ခေတ်သစ် ဖယ်စမ်း

ညည်းတို့အဲ့လို ကာဆီးကာဆီးလုပ်နေလို့ 

 ဒီကောင် ငါ့ကိုမလေးစားတာ''


"မောင်လေးက မေမေ့ကို ဘယ်မှာမလေးမစားလုပ်နေလို့လဲ''


"ဘာလုပ်ရမှာလဲ

ဒီမှာ ကလေးမလေးကို သူ့အပိုင်ဆိုပြီး 

အိမ်ပြန်ပို့ဖို့လုပ်နေတာကို 

အနှောင့်အယှက်လုပ်နေတယ်လေ''


မေမေက ဒေါသတကြီးပြောလိုက်တော့

သူမနောက်တွင် ကွယ်ထားသည့် ဂုဏ်လေးက

ရှေ့ကိုထွက်လာကာ


"ကျွန်တော်မှ ပူတူးကိုသူများတွေကို မပေးချင်တာ''

"ဘာလို့မပေးချင်ရတာလဲ ဟမ် ''


"ကျွန်တော် ပူတူးလေးကို 

သူကမင်းနဲ့ဘာဆိုင်လို့လဲ''


"ချစ်လို့ လိုချင်လို့ 

အဲ့ဒါကြောင့် ဘယ်သူ့ကိုမှ မပေးဘူး

လာ ပူတူးလေး ကိုကိုနဲ့လိုက်ခဲ့''


ဒေါ်ထွေးလက်ထဲမှ ကလေးမလေးကို 

အတင်းဆွဲချပြီး လက်ကလေးဆွဲကာ 

အခန်းထဲမှ ထွက်သွားသော ဂုဏ့်ကို 

အားလုံးဝင်မတားမိဘဲ ပြူးကြောင်ပြီးကြည့်နေမိသည်။


ဒေါ်ခင်စောသိုက် ဂုဏ့်နောက်ကို လိုက်သွားရန်ပြင်လိုက်တော့ အနွယ်က သူမလက်ကို ဆွဲထားပြီး


"လွှတ်ထားလိုက်ပါ မေမေရယ်

ပူတူးလေးက အရမ်းချစ်စရာကောင်းလို့ အရုပ်အသစ်လေးရသလိုမျိုး

 ဂုဏ်လေးသဘောကျနေတာပါ

တစ်ရက်နှစ်ရက်လောက်နေရင် သူရိုးသွားမှာပေါ့

အခုတော့ လွှတ်ထားလိုက်ရအောင်နော်''


"ညည်းတို့က ညည်းမောင်လေးကျေနပ်အောင် 

သူများသားသမီးကို အိမ်မှာခေါ်ထားမယ်ပေါ့လေ

သူ့မိဘတွေ ဘယ်လောက်စိတ်ပူနေမယ်ဆိုတာ 

တွေးမိရဲ့လား ဟမ် အနွယ် ပြောစမ်း''


"မသိဘူး မေမေ

အနွယ်သိတာက ဂုဏ်လေးကိုစိတ်မညစ်စေချင်ဘူး

သူပျော်မယ်ထင်ရင် အားလုံးလိုက်လျောပေးမှာပဲ''


အဲ့ဒါမှ အေးရော။

ပျော်မယ်ထင်ရင် အားလုံးလိုက်လျောပေးမှာပဲတဲ့။

ဒေါ်ခင်စောသိုက် သူတို့မောင်ကလွဲရင်

ဘယ်သူ့မှမ​ြမင်တဲ့ သမီးနှစ်ယောက်ကို 

စိတ်ပျက်သလိုလေးကြည့်ကာ


"အေး အဲ့လို ကြပ်ကြပ်အလိုလိုက်

ခြေရောလက်ရော မြှောက်ထားရမယ့်အချိန်မှ 

နောင်တရပါပြီလာမပြောနဲ့၊

ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ''


"ဘယ်တော့မှ မပြောဘူး မေမေ''


"အေးပါ အေးပါ

ကိုယ့်ဇာတ်ကိုယ်နိုင်ရင် လုပ်ကြပေါ့''


သူမတို့ကို မျက်စောင်းတစ်ထိုးထိုးဖြင့်

ဒေါသတကြီးထွက်သွားသည့်မေမေ့ကြောင့်

ညီအစ်မနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် 

မျက်ခုံးပင့်ပြလိုက်ကြ၏။


ဂုဏ်လေးကတော့ ​ဟိုကလေးမလေးကို

စက်ဘီးပေါ်တင်ပြီး ခြံထဲပတ်စိီးနေပြီး 

မျက်နှာကြီးက ပြုံးလို့ဖြီးလို့။


နောက်ကထိုင်လိုက်နေရသည့် 

ကလေးမလေးကသာ ငိုမဲ့မဲ့လေး။


မဟုတ်မှလွဲရော ဂုဏ်လေးအတင်းခြိမ်းခြောက်ထားလို့ စီးနေရတာဖြစ်မည်။


ဂုဏ် ပူတူးလေးကို စက်ဘီးပေါ်တင်ကာ

အချိန်အတော်ကြာအောင် ပတ်စီးပြီးမှ

စက်ဘီးကို ခြံနောက်က ရေကူးကန်ကြီးဘက်ကို ဦးတည်လိုက်၏။ 


ပြီးနောက် စက်ဘီးကို ဒေါက်ထောက်လိုက်ပြီး


"ပူတူးလေး လာလေ''


စက်ဘီးနားတွင်ရပ်ကျန်ခဲ့သည့် ပူတူးကို 

ခေါင်းလေးငြိမ့်ပြီးခေါ်လိုက်ပေမယ့် 

မလာပဲ ရပ်နေတာကြောင့် 

ဂုဏ် သူမလေးနားကို ပြန်သွားလိုက်ပြီး 

လက်ကလေးကို အသာဆွဲကာ


"လာ ကိုကိုနဲ့ ကန်ဘောင်မှာသွားထိုင်ရအောင်''

"ဟင့်အင်း မီးမီးကို မေမေ့ဆီပြန်ပို့ပေး

အိမ်ပြန်ချင်တယ်''


"မရဘူး မပြန်ရဘူး 

ဒီနေ့ကစပြီး ကိုကိုနဲ့ပဲနေရမှာ''


"မနေချင်ဘူး မေမေနဲ့ပဲနေချင်တာ ဟီး ဟီး အိမ်ပြန်ပို့ပေး''


"မပြန်ရပါဘူးဆို

ငိုချင်လဲဆက်ငို ကိုကိုကတော့ ပူတူးကို 

အိမ်ပြန်မပို့ဘူး''


သူပြောလိုက်တော့ ပူတူးက သူ့ကို 

မော့မော့လေးကြည့်ပြီး အားပါးတရငိုချလိုက်၏။


ငိုချင်သလောက်ငိုစမ်းဆိုပြီး ပစ်ထားသလောက်

အချိန်အတော်ကြာအောင် ငိုနေတာမို့

သူစိတ်မရှည်ဖြစ်လာကာ


"ဟေ့ တိတ်တော့ ငါနားငြီးတယ်''

"ဟီး ဟီး ဟီး အိမ်ပြန်ပို့ပေး ဟီး 

မေမေရေ မီးမီးကို လာခေါ်ပါ ဟီး ဟီး''


"တိတ်တော့လို့ပြောနေတယ်နော် မကြားဘူးလား

အေး မတိတ်ဘူးဆိုရင် ငါ မင်းကို 

ရေကန်ထဲပစ်ချမှာနော်''


သူခြိမ်းခြောက်လိုက်ပေမယ့် 

သူမလေးက ရေကန်ကိုတစ်ချက်ကြည့်ကာ 

ဆက်ပြီးငိုနေတာမို့ စိတ်တိုတိုဖြင့် သူမရဲ့လက်ကိုဆွဲကာ ရေကူးကန်ဘက်ကို လျှောက်သွားလိုက်၏။ 


ပြီးမှ သူမကို ကန်အစပ်နားတွင် ကျောပေးကာ 

ရပ်စေလိုက်ပြီး ပုခုံးနှစ်ဖက်ကို ကိုင်ကာ


"ဆက်ငိုရင် ငါတကယ်တွန်းချလိုက်မှာ''

"ဟီး ဟီး ဟီး မေမေရေ ဟီး ဟီး မီးမီးကို လာခေါ်....


"ဝုန်း ဗွမ်း''

"ဟဲ့ ဂုဏ်လေး''


ခပ်လှမ်းလှမ်းကနေ အကဲခတ်ကြည့်နေသည့် 

အနွယ် ဂုဏ့်လုပ်ရပ်ကြောင့် ရေကန်ဘက်ကို အလောသုံးဆယ်ပြေးလာလိုက်တော့ 

ပူတူးလေးက ရေကန်ထဲတွင် 

ငုပ်ချည်ပေါ်ချည်ဖြစ်နေ၏။


ဂုဏ့်ကိုကြည့်လိုက်တော့လဲ မျက်နှာကြီးတစ်ခုလုံးနီရဲကာ ဒေါသထွက်နေသည့်ပုံဖြင့်။


ထို့ကြောင့် ရင်ခေါင်းလောက်ထိနက်သော 

ရေကန်ထဲဆင်းကာ ကလေးမလေးကို ဆယ်ယူလိုက်ပြီး ရေကန်ဘောင်ပေါ်တင်ပေးလိုက်စဥ် 

မေမေက သူမတို့ရှိရာကို ပြေးလာပြီး


"ဘာဖြစ်ရပြန်ပြီလဲ

ကြည့်စမ်း ကလေးမလေးက နေမကောင်းပါဘူးဆိုမှ 

ဘယ်လိုလုပ်ရေကန်ထဲပြုတ်ကျရပြန်တာလဲ

ဂုဏ် မင်း...


"ပူတူးလေးက ဂုဏ်နဲ့ဆော့ရင်း 

ရေကန်ထဲခြေချော်ကျသွားတာပါ မေမေ''


မေမေ့ရဲ့ဒေါသတွေ ဂုဏ့်ဆီမရောက်ခင် 

အနွယ်ဝင်ပြောလိုက်၏။ 

မဟုတ်ရင် မလွယ်ဘူး။ 

ဂုဏ်ကတော့ အခုထိ တည်တင်းနေဆဲမျက်နှာထားကြီးဖြင့် ကလေးမလေးကို တစ်ချက်ကြည့်ကာ 

မျက်နှာကြီးလွှဲသွား၏။


"အဟွတ် အဟွတ်''


ကလေးမလေးကို မေမေ ရင်ဘတ်လေးကို 

ဖိကာဖိကာဖြင့် ရေထုတ်ပေးလိုက်မှ 

မျက်လုံးလေးဖွင့်လာ၏။ 


သို့ပေမယ့် တစ်ခုခုကိုကြောက်နေသည့်မျက်လုံးလေးဖြင့် အနွယ်တို့ကို စူးစိုက်ကြည့်ပြီးမှ မေမေ့ကိုဖက်ကာ 


"ကိုကို့ကို ကြောက်တယ် အဟင့် ဟင့် 

မီးမီးကို အိမ်ပြန်ပို့ပေးပါနော် အဟင့် 

အိမ်ပြန်ချင်တယ်''


"မင်းကိုမပြန်ရဘူးလို့ပြောနေတာ 

နားမလည်ဘူးလား''


"ဂုဏ်...


ဒေါ်ခင်စောသိုက် ကလေးမလေးကို ပွေ့ဖက်ထားရင်းမှ 

ဂုဏ်ကိုအော်ပစ်လိုက်၏။

ထိုအခါမှ ဂုဏ်က ငြိမ်ကျသွားပြီး မျက်နှာပြန်လွှဲသွားကာ အိမ်ထဲဝင်သွားတော့၏။


>>>>>>>>>><<<<<<<<<<


စင်ဝင်အောက်ကို 

ကားလေးထိုးရပ်သွားသည်နှင့်တစ်ပြိုက်နက်

မင်းသစ် အလျင်လိုသော ​ေ​ြခလှမ်းများဖြင့် 

အိမ်ထဲကိုပြေးဝင်သွားလိုက်၏။ 


သစ်ခက်လေးပျောက်သွားတယ်ဆိုတဲ့ သတင်းရရချင်း

သူမြန်မာပြည်ကို ချက်ချင်းပြန်လာခဲ့၏။


"အကိုလေး သမီးလေ သမီးလေးမရှိတော့ဘူး''

"ကိုယ်သိပြီးပြီ အခု အဲ့ဒါကြောင့် ပြန်လာတာ''


"သမီးလေးကို ပြန်ရှာမတွေ့တော့ရင် ဘယ်လိုလုပ်မလဲ''

"ကိုယ်တွေ့အောင်ရှာမှာပါ

နန်းတို့ရော မရှိဘူးလား''


သူ အိမ်ထဲကို မျက်လုံးဝေ့ကြည့်ပြီးမေးလိုက်စဥ်

နန်းနဲ့ နှင်းစက်က လှေကားပေါ်မှာဆင်လာပြီး


"ဒယ်ဒီ ပြန်ရောက်နေတာလား အဟွန်း 

နှင်းစက်အတွက် ဘာဝယ်ခဲ့လဲ''


"ဆောရီးကွာ သမီးအတွက် 

ဒယ်ဒီဘာမှ ဝယ်မလာခဲ့ရဘူး

နန်း သစ်ခက်လေးက မင်းနဲ့အပြင်သွားရင်းပျောက်သွားတာဆို''


"ဟုတ်တယ်

မနက်က နန်းတို့အပြင်သွားတာကို 

လိုက်ချင်တယ်ဆိုလို့ ခေါ်သွားလိုက်တာ 

ပြန်ခါနီးတော့ သူ့ကိုရှာမတွေ့တော့လို့''


"မင်းတို့က ကလေးကို ဘယ်မှာထားခဲ့လို့လဲ''

"ကားပေါ်မှာလေ

နန်းလဲ လိုက်ရှာကြည့်ပါသေးတယ် 

ဘယ်လိုမှ ရှာမတွေ့လို့ ပြန်လာခဲ့လိုက်တာ''


နန်းရဲ့ပုံစံက အနည်းငယ်စိုးရိမ်နေတဲ့ပုံပေါ်တာမို့

မင်းသစ် အပြစ်တင်ရခက်နေ၏။


"ဘယ်ပန်းခြံလဲ''

"(××××)ပန်းခြံမှာ အကို

အခုချိန်ဆို ပန်းခြံကပိတ်လောက်ပြီ

နန်းတို့ ရဲစခန်းမှာလဲ ကလေးပျောက်လို့ဆိုပြီး 

အကြောင်းကြားထားပါတယ်''


"ရဲစခန်းက အခုထိ ဆက်သွယ်မလာသေးဘူးလား''

"ဟင့်အင်း''


"အကိုလေး သမီးတစ်ခုခုများဖြစ်နေလား မသိဘူး''

"ဘာမှမဖြစ်လောက်ပါဘူးကွာ

ကျစ်....


ထားကိုသာ စိတ်သက်သာရာရအောင် 

ပြောလိုက်ရပေမယ့် သူ့ရင်ထဲမှာလဲ ထားနဲ့မခြား ပူလောင်နေရသည်။ 


ဒါ့ကြောင့် ပန်းခြံဘက်ကို သွားရှာကြည့်ရန် 

အိမ်ထဲမှ ထွက်လာခဲ့တော့ 

ထားကပါ သူ့နောက်က ပြေးလိုက်လာပြီး


"သက်ထားရော လိုက်ခဲ့ချင်လို့ပါ

သက်ထား သမီးလေးကို ရှာချင်လို့ 

လိုက်ခွင့်ပြုပါနော် အကိုလေး''

"လိုက်ခဲ့လေ''


အကိုရော သက်ထားရော အိမ်ထဲက ထွက်သွားမှ

နန်း သမီးကြီးကို ခပ်စူးစူးလေးကြည့်ကာ


"နွေသစ်ခက် ပျောက်သွားတာ 

သမီးနဲ့မဆိုင်ဘူးဆိုတာ သေခ​ျာတယ်နော်''


ဒါ ဘယ်နှစ်ကြိမ်မြောက်မေးခြင်းလဲဆိုတာ 

မသိတော့ပါ။ 

ေနွသစ်ခက်ပျောက်သွားတယ်ဆိုတာကို 

စိတ်မကောင်းဖြစ်မိပေမယ့်

ဒီကိစ္စရဲ့ တရားခံက နှင်းစက်ဖြစ်နေမှာ မလိုချင်ပါ။


ဒါ့ကြောင့် မေးလိုက်တော့ နှင်းစက်က 

ပုခုံးလေးတွန့်ကာဖြင့်


"မာမီမယုံလဲ မတတ်နိုင်ဘူး''

"မယုံလို့ပြောတာ မဟုတ်ပါဘူး

တကယ်လို့ သမီးကြောင့်ဆိုရင် 

သမီးဒယ်ဒီရဲ့စိတ်ကို သိတယ်မလား

နွေသစ်ခက်ကိုထိရင်

သူဘယ်လောက်စိတ်တိုလဲဆိုတာ''


"အဲ့လိုတွေ ဖြစ်နေတာကို မကျေနပ်တာပဲ နှင်းစက်ကတော့ ဒယ်ဒီ့ကို ချစ်လိုက်ရတာ ဟွန့် ဒယ်ဒီကကျတော့...


"သမီးဒယ်ဒီက သမီးကိုချစ်ပါတယ်''


"ဘယ်နေရာများချစ်လို့လဲ

နွေသစ်ခက်ကို ချစ်တာရဲ့ ဆယ်ပုံတစ်ပုံလောက်

ချစ်ရင်တောင် နှင်းစက် အခုလိုလုပ်မှာမဟုတ်ဘူး''


"ဟင်...


ဒါဘာကို ရည်ရွယ်တဲ့စကားလဲ။

ဒီစကားကိုပြန်မေးဖို့ သမီးကိုကြည့်လိုက်တော့ 

သူမကိုကျောခိုင်းကာ အိမ်ပေါ်ကို 

ပြန်တက်သွားပြီဖြစ်တာမို့ 

သမီးနောက်ကနေ အပြေးလိုက်သွားကာ


"သမီး ခုနက သမီးပြောတာ ဘာအဓိပ္ပါယ်လဲ

နွေသစ်ခက်ကို သမီးဘာလုပ်ခဲ့တာလဲ ဟမ် မာမီ့ကိုပြောစမ်း''


နှင်းစက်မဖြေပါ။

များပြားလှတဲ့ လှေကားတွေကို တစ်ထစ်ချင်းနင်းပြီး အပေါ်ကိုတက်လာသမျှ 

မာမီကလဲ နောက်မှ ခေါင်းမာစွာ လိုက်မေးနေ၏။


နောက်ဆုံး အပေါ်ထပ်ရောက်သွားမှ 

နှင်းစက် မာမီ့ကိုပြန်ကြည့့်လိုက်ပြီး


"ဒယ်ဒီ့ရဲ့ အချစ်တွေကို သူ့ဆီပဲပုံပေးထားလို့ 

မကျေနပ်လို့ သူ့ကိုအိမ်ပြန်လာလို့မရအောင်

ပစ်ထားခဲ့တာ မာမီ 

နှင်းစက်မှားမှန်းလဲသိတယ် 

ဒါပေမယ့် မာမီမလုပ်ရက်ခဲ့လို့ 

အဲ့လိုမပြတ်သားခဲ့လို့ နှင်းစက်တို့ ေမာင်နှမနှစ်ယောက်လုံး

ဒယ်ဒီ့ရဲ့ ဥပေက္ခာပြုမှုတွေကို ခံနေရတာ

အဲ့ဒါကြောင့် နှင်းစက်မလုပ်ချင်ပဲ လုပ်ခဲ့တာ

နှင်းစက်မှာ အပြစ်ရှိတယ်လို့ မာမီယူဆရင် ကြိုက်တဲ့အပြစ်ပေးပါ''


"အို သမီးရယ်...


ဘယ်လိုအပြစ်ပေးရက်ပါ့မလဲ။

ဒီလောက်အရွယ်လေးနဲ့ ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေက ဒီလောက်တောင် များနေရလား။

နန်း သမီးကို အသာလေးထွေးဖက်ထားလိုက်ပြီး

ဆံပင်လေးတွေကို သပ်ပေးလိုက်ကာ


"သမီးမှာ အပြစ်မရှိပါဘူးကွယ်

သမီးအတွက် မာမီရှိတယ်နော်

ဘယ်သူတွေ ဘာပဲပြောပြော 

သမီးဘက်မှာ မာမီအမြဲတမ်းရှိတယ်

ဒါ့​ကြောင့် နောက်ကို သမီးဖြစ်ချင်တာရှိရင် မာမီ့ကိုပဲပြောပါ

မာမီလုပ်ပေးမယ် ဒီနေ့လိုတော့ သမီး အရဲမစွန့်ပါနဲ့နော်''


"ဟုတ်ကဲ့ပါ နှင်းစက် နောက်မလုပ်တော့ပါဘူး''


နန်း ခေါင်းလေးငြိမ့်ပြကာ 

သမိီးနဲ့ နဖူးလေးကို နမ်းရှိုက်လိုက်၏။


သူမတို့နှစ်ယောက်ကို တစ်နေရာကနေ ကြည့်ကာသက်ပြင်းချလိုက်သည့် ဝသန်လေးကိုတော့ 

မမြင်လိုက်မိပါ။


>>>>>>>>>><<<<<<<<<<


"မေမေ''


ဒေါ်ထွေးအခန်းထဲမှ ထွက်လာသည့် မေမေ့ကို

သူ မျက်နှာငယ်လေးဖြင့် ခေါ်လိုက်ပေမယ့်

မေမေက သူ့ကို နှာခေါင်းရှုံ့ကြည့်ကာ

ရှောင်ထွက်သွား၏။


"မေမေ့ ကျွန်တော် ပူတူးလေးကိုကြည့်ချင်လို့''

"မရဘူး''


"မေမေကလဲဗျာ..

"ငါ့ကိုဘာမှလာမပြောနဲ့ ဂုဏ်

ကိုယ့်အပြစ်နဲ့ကိုယ်ပဲ

ဘယ်နှယ့် ဒီလောက်ကလေးငယ်ငယ်လေးကို 

မင်းမို့လို့ ရေကန်ထဲတွန်းချရက်တယ်''


"ဒါကတော့ ပူတူးလေးက 

ကျွန်တော်မကြိုက်တာ ပြောတာကို''


"သူအိမ်ပြန်ချင်လို့ အိမ်ပြန်ချင်တယ်ပြောတာပဲ 

မင်းက ဘာလို့မကြိုက်ရတာလဲ ဟမ်''


သူမမေးလိုက်တော့ ဂုဏ်က ပြန်ပြောဖို့ 

အားမာန်အပြည့်ဖြင့် ပါးစပ်တပြင်ပြင်ဖြစ်နေ၏။


သူ့အပိုင်မို့လို့ဆိုလို့ စကားထွက်လာမှာ 

ကြိုသိတာကြောင့် ဂုဏ်မပြောခင် 

သူမကြိုပိတ်ပြောလိုက်ကာ


"မင်းအပိုင်လို့ ပြောဦးမလို့မလား

သွား အခန်းထဲပြန်တော့ မင်းဒီနေ့ 

ဟိုဟိုဒီဒီအကြောင်းပြပြီး စာလဲမကြည့်ဘူး သွား အခု စာသွားကြည့်''


"ကြည့်မှာပါ ဒါပေမယ့် ပူတူးလေးကို 

ကြည့်ပြီးမှ စာကြည့်မယ်''


"မလိုချင်ဘူး သွား အခုစာသွားကြည့်

ပြီးတော့ ပူတူးလေးက မင်းကိုကြောက်နေတာ 

မင်းကိုတွေ့ချင်မှာလဲ မဟုတ်ဘူး''

"ဟာဗျာ..


ဂုဏ် စိတ်ပျက်သလိုလေး ရေရွတ်မိသည်။

အိမ်ပြန်မယ်လို့ မပြောရဲအောင် 

ခြောက်လိုက်တာဆိုပေမယ့် 

အခုလိုကြီး သူ့ကိုမတွေ့ရဲလောက်အောင် 

ကြောက်နေတာကို သဘောမတွေ့ပါ။ 


သို့ပေမယ့် သူဘယ်လိုပြောပြော 

မေမေက ခွင့်မပြုမှာကိုသိနေတာကြောင့်


"မနက်ကျရင်တော့ ကြည့်လို့ရတယ်မလား မေမေ''

"အင်း အင်း''


"ဒါဆိုလဲ ပြီးတာပဲ''


မကျေနပ်သောမျက်နှာလေးဖြင့် ပြောကာ

အခန်းတံခါးလေးပွင့်နေသော ဒေါ်ထွေးအခန်းထဲကို

မျက်လုံးဝေ့ကြည့်သွားသေး၏။ 


ပြီးနောက် စာကြည့်ခန်းထဲကို ဝင်သွားမှ သူမလဲ စိတ်ချလက်ချ ဖြစ်သွားသည်။ 


မဟုတ်ရင် ပူတူးလေးငိုအောင် 

ဘာထပ်လုပ်ဦးမလဲ မသိနိုင်ဘူး မဟုတ်လား။


>>>>>>>>>><<<<<<<<<<


"ဟင် ဂုဏ်လေး ဘာရပ်လုပ်နေတာလဲ''


အချိန်က မနက်၆နာရီ။ 

မနက်စာပြင်ဖို့ အခန်းထဲမှ ထွက်လာသည့် ဒေါ်ထွေး အခန်းရှေ့တွင် လက်ပိုက်ရပ်နေသော 

ဂုဏ့်ကိုမြင်လိုက်တော့ အံ့သြကာ မေးလိုက်ခြင်း။


"ပူတူးလေးအိပ်နေတုန်းပဲလား''

"ဟုတ်တယ် ဂုဏ်လေး

ညက အရမ်းဖျားနေလို့ ဂုဏ်လေးမေမေတောင် 

လာလာကြည့်ရသေးတယ်"


"အခုရော''

"သက်သာသွားပါပြီ 

သားက ဝင်ကြည့်ချင်လို့လား၊ လာလေ''


ဒေါ်ထွေး တံခါးကိုဖွင့်ပေးလိုက်တော့ 

ဂုဏ်လေးက အခန်းထဲဝင်သွားကာ 

ပူတူးလေးအိပ်နေသော ကုတင်ဘေးတွင် ရပ်ကာ


"ဒေါ်ထွေး လုပ်စရာရှိတာ သွားလုပ်ပါ''

"ဪ အေးကွယ်

ဒါဆို ဒေါ်ထွေးသွားပြီနော်''


သူ ခေါင်းငြိမ့်ပြလိုက်သည်။

ဒေါ်ထွေးထွက်သွားမှ သူကုတင်ပေါ်ကို 

တင်ပါးလွှဲလေးဝင်ထိုင်ပြီး 

ပူတူးလေးကို စူးစိုက်ကြည့်လိုက်၏။


မနေ့ကအိမ်ကို ခေါ်လာတုန်းက 

အဝတ်အစားနဲ့မဟုတ်တော့ပဲ 

မေမေတို့ဆင်ပေးထားသည့် အဝါနုရောင် ဂါဝန်လေးနဲ့မို့ အသားလေးက ဝင်းဝါနေ၏။


နီရဲမို့မောက်နေသည့် ပါးဖောင်းဖောင်းလေးနဲ့ 

အခုမှိတ်ထားသည့် မျက်ဝန်းနက်နက်လေးတွေကို

သူသဘောကျခြင်းပါ။


"ပူတူးလေး ပူတူး''


အိပ်ပျော်နေသော ကောင်မလေးကို ပုခုံးလေးမှကိုင်ကာ မနိုးမချင်း လှုပ်နှိုးလိုက်၏။ 


ထိုအခါမှ ပူတူးလေးက မျက်လုံးတွေဖွင့်ကြည့်လာပြီး သူ့ကိုမြင်တာနဲ့ ဆတ်ခနဲတုန်သွားကာ


"မီးမီးကို ဘာမှမလုပ်ပါနဲ့နော် အဟင့် ဟင့် မီးမီး ကိုကို့ကိုကြောက်လို့ပါ နော် ''

"ကိုကိုက ပူတူးလေးကို ဘာမှမလုပ်ပါဘူး ဘာလို့အဲ့လောက်တောင် ကြောက်နေရတာလဲ''


သူပြောလိုက်ပေမယ့် ပူတူးလေးက 

ကြောက်ရွံ့နေဟန်ရှိသည်။


အိပ်နေရာမှ ဆတ်ခနဲထထိုင်လိုက်ပြီး

အခန်းကိုဝေ့ကြည့်နေတာမို့ သူ သက်ပြင်းလေးချကာ


"အန်တီထွေးက အပြင်မှာ''

"အန်တီထွေးဆီသွားချင်လို့''


"သွားလေ ကိုကို လိုက်ပို့မယ် လာ..


ဂုဏ် သူမလက်လေးကို ဆွဲကာ 

အခန်းပြင်ထွက်လာသည်အထိ 

ကြောက်ရွံ့သောမျက်လုံးများဖြင့် 

သူ့ကိုမော့ကြည့်မော့ကြည့်လုပ်နေသေး၏။


"အယ် ဂုဏ်လေး နိုးနေပြီလား''

"ဟုတ်ကဲ့ မလေးက ဘာလုပ်မလို့လဲ''


လက်ထဲတွင် ခြင်းလေးကိုင်ထားတဲ့ မလေးကို 

မေးလိုက်တော့ မလေးက ခြင်းလေးကိုမြှောက်ပြပြီး


"ဘုရားကပ်ဖို့ ​ြခံထဲက ခရေပန်းသွားကောက်မလို့''

"ဒါဆို ကျွန်တော် ကောက်ပေးမယ်လေ ခြင်းပေးလိုက်''


"နေပါ မလေးဘာသာပဲ လုပ်ပါ့မယ်

ဂုဏ်လေးက ကျောင်းသွားရမှာဆိုတော့ သွား အဝတ်အစားလဲချည်''


"အစောကြီးရှိသေးတာကို ပေးပါ 

ကျွန်တော်နဲ့ ပူတူးလေး ကောက်ခဲ့မယ်''


လက်စသပ်တော့ သူ့အကြံနဲ့သူကို။

ခေတ်သစ် ဂုဏ့်ကိုတစ်လှည့် ပူတူးလေးကို တစ်လှည့်

ကြည့်လိုက်ပြီးမှ လက်ထဲက ခြင်းလေးကို 

ဂုဏ့်လက်ထဲလွှဲပေးလိုက်ပြီး


"မနေ့ကလို ထပ်မလုပ်ရဘူးနော် ဂုဏ်''

"သိပါတယ် မလေးကလဲ''


"သိရင်ပြီးတာပါပဲ

ဒီတစ်ခါဆို မေမေက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး

သွား သွား''


ဂုဏ် ပူတူးလေးလက်ကိုဆွဲကာ 

ခြံထဲက ခရေပင်တွေရှိရာကို ထွက်လာခဲ့၏။


ရေကူးကန်ရဲ့ အရှေ့ဘက်က အုတ်နံရံအခြေတွင် ခရေပင်တွေချည်း ၅ပင်တန်းစိုက်ထားတာမို့ 

အခုလို မနက်စောစောဆိုရင် အဲ့ဒီ့ဘက်တစ်ခြမ်းလုံး ခရေပန်းတွေဖြင့် ဖွေးနေတတ်၏။


"ပူတူးလေး နာမည်က ဘယ်လိုခေါ်လဲ''


ဂုဏ် ပန်းကောက်ရင်းကနေ မေးလိုက်တော့ 

ပူတူးလေးက လက်ထဲမှပန်းတွေကို 

ခြင်းထဲပြောင်းထည့်ရင်းမှ 

သူ့ကို မျက်လုံးလေးပင့်ကြည့်လိုက်ပြီး


"ဟင့်အင်း မပြောပါဘူး

မီးမီးနာမည်ကို သူများတွေသိသွားရင် 

အရူးကြီးရောက်လာမှာ''


"အဟွန်း ဟုတ်တယ် မပြောပြနဲ့ 

ဘယ်သူမေးမေး မပြောရဘူး ကြားလား''


"ဟုတ်''

"ဒီနေ့ ကိုကိုက ကျောင်းသွားရမှာ

အပြန်ကျရင် ပူတူးလေးအတွက် မုန့်ဝယ်ခဲ့မယ်နော်

ပူတူးလေးက ဘာမုန့်စားချင်လဲ''


"ချိုချဥ်''

"ချိုချဥ်လား ရတယ် 

ကိုကိုအပြန်ကျရင် အများကြီးဝယ်ခဲ့မယ် ကိုကို့ကိုစောင့်နေရမယ်နော် ကြားလား''


"ဟုတ်''


ကြောက်လို့လားတော့မသိ။

သူပြောသမျှကို ခေါင်းလေးငြိမ့်ပြီး 

တဟုတ်ဟုတ်ဖြစ်နေသည့် ပူတူးလေးကို 

သူသဘောတွေကျကာ ခေါင်းလေးကို ဖွဖွလေးပုတ်လိုက်၏။


အိမ်မှာ အငယ်ဆုံးဆိုသည့် ဂုဏ်ပုဒ်လေးကြောင့်

အမြဲတမ်း သူလိုချင်တာ အားလုံးရခဲ့၏။


အလိုလိုက်လွန်းပြီး အလိုက်သိလွန်းတဲ့ 

မမတို့နှစ်ယောက်ကြောင့်

သူ့အနေနဲ့ ဘာကိုလိုချင်ပါတယ်လို့ တောင့်တစရာမလို။


ထို့ကြောင့် လိုချင်တာရယ်လို့ 

မရှိလောက်အောင် ပြည့်စုံနေတဲ့ဘဝမှာ

အခုချိန် အလိုချင်ဆုံးက ပူတူးလေးရယ်ပါ။


ဘာကြောင့်လိုချင်လဲဆိုတဲ့မေးခွန်းအတွက်ကတော့

ပူတူးလေးက သူ့အတွက်အသစ်အဆန်းဖြစ်နေလို့များလား။

ဒါမှမဟုတ်ရင် ချစ်စရာကောင်းနေလို့လား။


သို့ပေမယ့် သူ့အတွက်ကတော့ အရုပ်အသစ်ရလို ့ပျော်နေတဲ့ခံစားချက်မျိုးလဲမဟုတ်၊ ညီမလေးတစ်ယောက်ရလို့ ဝမ်းသာခြင်းနဲ့လဲမတူ။


ဘာအတွက်ကြောင့်လဲဆိုတာကတော့ 

ပူတူးလေးကို မြင်နေရရင်ကို ေကျနပ်နေလို့ပါပဲ။


"သား ဂုဏ်လေး ကျောင်းသွားရမယ်လေ လာခဲ့တော့''


သူတို့ဆီကိုလျှောက်လာရင်း ခေါ်လိုက်တဲ့ မေမေ့ကို 

သူပြန်လှည့်ကြည့်လိုက်ပြီးမှ ပန်းတွေကို 

အာရုံတစိုက်ကောက်နေသည့် 

ပူတူးလေးကို လက်မောင်းလေးမှ အသာဆွဲထူလိုက်ပြီး


"ကိုကို ကျောင်းသွားရတော့မှာ

ကိုကိုမရှိတုန်း ဘယ်သူနဲ့မှ လိုက်မသွားရဘူးနော်

ပြီးတော့ နာမည်မေးရင်လဲ မဖြေရဘူး ကိုကိုပြောတာ နားလည်တယ်မလား''


သူမေးလိုက်တော့ 

သူ့ကိုမျက်လုံးဝိုင်းလေးများဖြင့်ကြည့်ကာ

 ခေါင်းငြိမ့်ပြ၏။ 


ထိုအခါမှ သူမရဲ့ဆံပင်တွေကို အသာထိုးဖွလိုက်ကာ


"ကိုကို့ရဲ့ပူတူးလေးက လိမ္မာလိုက်တာကွာ အဟွန်း''


ဂုဏ့်ရဲ့ ထူးထူးဆန်းဆန်း အမူအရာတွေကိုကြည့်ကာ

ဒေါ်ခင်စောသိုက်မှာ ပြုံးတုံ့တုံ့ဖြစ်သွား၏။


ကိုယ့်သားရဲ့ပုံစံက ဖေ့စ်ဘုတ်မှာ တွေ့ရတတ်သည့်

ကလေးစုံတွဲလိုလို ဘာလိုလိုမဟုတ်လား။


သေချာကြည့်လိုက်မှ What's wrong with secetory Kim? ဇာတ်လမ်းလွှင့်တဲ့အချိန်က အဲ့ဒီ့ဇာတ်လမ်းထဲက မင်းသားနဲ့မင်းသမီးပုံစံ တူအောင်ရိုက်ထားတဲ့ ကလေးစုံတွဲလေးနဲ့ အတော်ပင်တူလှသည်။


>>>>>>>>>><<<<<<<<<<


ဂုဏ့်ကို ကျောင်းလိုက်ပို့တဲ့ကားထွက်သွားတာနဲ့

ခြံထဲကို ကားနှစ်စီးမောင်းဝင်လာ၏။

ပထမတစ်စီးမှ ရုပ်ရည်ခပ်ဖြောင့်ဖြောင့်အမျိုးသားတစ်ဦးနဲ့ ခပ်ချောချော အမျိုးသမီးတစ်ဦး ဆင်းလာပြီး နောက်ကားမှ အသက်ခပ်လတ်လတ် အမျိုးသား၃ဦးဆင်းလာ၏။


ဒေါ်ထွေး ဧည့်သည်တွေကို 

သေချာစူးစိုက်ကြည့်လိုက်ပြီးမှ


"ဘာကိစ္စများရှိလို့ပါလဲရှင်''

"ဟိုလေ ကျွန်မက နွေသစ်ခက်ရဲ့မေမေပါ''


"ရှင်.. ဘယ်က နွေသစ်ခက်လဲမသိဘူး''


ဒေါ်ထွေးပြန်မေးလိုက်တော့ ထိုအမျိုးသမီးက 

သူ့ဘေးမှ အမျိုးသားကိုမော့ကြည့်၏။


ထိုအခါမှ ထိုလူက ဒေါ်ထွေးကို ပြုံးပြလိုက်ပြီး


"ဒီလိုပါဗျ မနေ့က ကျွန်တော်တို့သမီးလေးကို 

ပန်းခြံမှာ ပျောက်သွားလို့ပါ

အဲ့ဒါ ပန်းခြံက လူကြီးတွေကို သွားမေးကြည့်လိုက်တော့ 

ဒီအိမ်က ခေါ်ယူ​စောင့်ရှောက်ထားတယ်ပြောလို့ပါ

ပန်းခြံက တာဝန်ရှိတဲ့လူကြီးတွေလဲ ပါပါတယ်

​ေမးကြည့်လို့ရပါတယ်ခင်ဗျ''


"ဟုတ်ပါတယ် မနေ့က ဒီအိမ်က ဦးရာဇာဂုဏ်ကိုယ်တိုင် 

ကလေးမလေးကို အိမ်ခေါ်သွားမယ်လို့ ပြောထားလို့ပါ''


"ဪ... ပူတူးလေးရဲ့ မိဘတွေထင်တယ် လာပါ အိမ်ထဲဝင်ပါဦး

ကျွန်မ သူဌေးမင်းနဲ့ သူဌေးကတော်ကို အကြောင်းကြားလိုက်ပါဦးမယ်''

"ဟုတ်ကဲ့''


ထိုအမျိုးသမီးခေါ်ဆောင်လာတဲ့ ဧည့်ခန်းထဲတွင် 

သက်ထားတို့အားလုံးဝင်ထိုင်လိုက်၏။.


ကြီးမား​ပြီးခမ်းနားလှသည့် ဧည့်ခန်းကြီးရဲ့နံရံတွင်

ပန်းခ​ျီကားမြောက်များစွာဖြင့် အလှဆင်ထား၏။


ဒါ့အပြင် ဧည့်ခန်း၏ ခေါင်းရင်းနံရံတွင်

မိသားစုပုံဟုယူဆရသော လူ့တစ်ရပ်စာလောက်ရှိသည့် ဓာတ်ပုံကြီးကို ရွှေရောင်ဘောင်အကွပ်ဖြင့် 

ခမ်းနားထည်ဝါစွာ ချိတ်ထားသေး၏။


"မေမေ့...


အိမ်ရဲ့ပုံစံကို ငေးမောကြည့်နေစဥ် 

နားထဲ ရုတ်တရက်စူးဝင်လာသည့် 

အသံစူးစူးလေးကြောင့် လှည့်မကြည့်ရသေးခင် 

သူမမျက်နှာထက်တွင် အပြုံးလေးဖြစ်ထွန်းသွား၏။

ဒါ သမီးလေး အသံပဲ။


ဟုတ်ပါတယ် မနေ့ကတည်းက ပျောက်ရှသွားသည့် သမီးရဲ့ အသံစူးစူးရှရှလေး။


"သမီးလေး အဟင့် 

မေမေ့သမီးလေး ဘာမှမဖြစ်ပါဘူးနော်

 မေမေက သမီးကို စိတ်ပူနေရတာ''


သမီးကို လွတ်ထွက်သွားမှာစိုးသည့်အလား 

ဖက်ထားရင်း တမ်းတမ်းတတ ပြောမိ၏။


အကိုလေးကလဲ သူမတို့ကို ခပ်ပြုံးပြုံးလေးသာ 

ကြည့်နေပြီး


"သစ်ခက်လေး ဖေဖေ့ကိုရော မမြင်ဘူးလားကွ''


ထိုအခါမှ သက်ထားရဲ့ရင်ခွင်ထဲကနေ 

သူ့ကိုမော့ကြည့်ပြီး


"ဟင် ဖေဖေက ဟိုးအဝေးကြီးက ပြန်လာတာလား''

"ဒါပေါ့ကွ

ဖေဖေ့သမီးလေး ပျောက်သွားတယ်ဆိုလို့ အလောတကြီးပြန်လာရတာ''


ထိုစဥ် အမျိုးသားကြီးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး အခန်းထဲဝင်လာကာ သူမတို့ကို ပြုံးပြပြီး


"ပူတူးလေးရဲ့ ဖေဖေနဲ့ မေမေထင်တယ်''


"ဟုတ်ကဲ့ ကျွန်မက သမီးလေးရဲ့မေမေ ေဒါ်သက်ထားပါ

ဒါကတော့သူ့ဖေဖေ ဦးမင်းသစ်ပါရှင့်

ဒီက အစ်မတို့က သမီးလေးကို စောင့်ရှောက်ပေးထားတယ်လို့

ပန်းခြံကလူကြီးမင်းတွေက ပြောလိုက်လို့ ရောက်လာတာပါ''


"ဟုတ်တယ် မနေ့က အိမ်ကသားငယ်လေးရဲ့ မွေးနေ့လေ

အဲ့ဒါပန်းခြံမှာ မွေးနေ့ပွဲလုပ်ရင်း ပူတူးလေးကိုတွေ့တာ

ဖျားလဲဖျားနေတော့ ပန်းခြံကလူကြီးတွေကို အသိပေးပြီး 

အိမ်ကိုခေါ်လာလိုက်တာ''


အမျိုးသမီးကြီးက ဖြေလိုက်၏။

ပြီးမှ သမီးလေးကို ခေါင်းလေးပုတ်ကာ


"ပူတူးလေးက အခုအိမ်ပြန်ရတော့မှာမို့လို့ ပျော်နေတယ်မလား''

"ဟုတ်''


"အဟွန်း ဟွန်း ကိုကို့ကို မစောင့်တော့ဘူးလား

အခုပြန်တော့မှာလား''


"ကိုကိုကအိမ်မပြန်ခိုင်းဘူးတဲ့

မီးမီးက မေမေတို့နဲ့နေချင်တာ

ကိုကိုနဲ့မနေချင်ဘူး

ကိုကို့ကိုကြောက်တယ်''


"ဟောတော့ အဟွန်း ဟွန်း''


အခုမှ အားကိုးရပြီး ပြောရဲဆိုရဲလာသည့်

ကလေးမလေးကို အားလုံးက ပြုံးစိစိဖြင့်ကြည့်နေကြ၏။


ပန်းခြံက လူကြီးတွေကလဲ သက်ထားတို့က မိဘအရင်းတွေကဖြစ်ကြောင်း ထောက်ခံပေးသလို 

သမီးရဲ့ပုံစံကလဲ မိဘရင်းတွေနဲ့ တွေ့တဲ့ပုံပေါ်တာမို့ 

ဟိုဘက်က အလွယ်တကူပဲ လက်ခံသွားသည်။


မနေ့က သမီးကိုတွေ့တဲ့ပုံစံကအစ 

ကျေးဇူးတင်စကားပြောပြီးတော့ 

အချိန်ပင်အတော်ကြာသွားပြီဖြစ်သည်။


"ဒါ ကျွန်တော့်ရဲ့ businessကဒ်ပါ ခင်ဗျ နောက်ကို ခိုင်းချင်တာရှိရင်ပဲဖြစ်ဖြစ် တစ်ခုခုလိုအပ်တာရှိရင် 

အားမနာပဲခိုင်းလို့ရပါတယ်

သမီးလေးကို ကယ်ထားတဲ့ကျေးဇူးဆပ်ချင်လို့ပါ''


"မဟုတ်တာ ကျေးဇူးအတင်ခံချင်လို့ ယကူညီထားတာမှမဟုတ်တာ ရပါတယ်ကွာ''


"ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ 

ဒီက အကိုကြီးတို့ကို ကျေးဇူးတင်ပါတယ်ဗျာ

သမီးလေးက ကျွန်တော့်ရဲ့ အသက်မို့လို့ပါ အဟွန်း''


မင်းသစ် ထားရင်ခွင်ထဲမှ သမီးလေးကို 

ခေါင်းလေးပုတ်ပြီး ပြောလိုက်တော့ 

အိမ်ပိုင်ရှင် လင်မယားက ခပ်ပြုံးပြုံးပင်။


"ဒါဆို ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး''

"ကောင်းပါပြီဗျာ နောက်လဲ လာလည်လို့ရတယ်နော်

အိမ်က သားက မင်းတို့သမီးလေးကို 

အရမ်းသဘောကျနေတာကွ ဟား ဟား''


"ဟုတ်ကဲ့ရှင့်

ကျေးဇူးတင်ပါတယ် နောက် ထပ်လာခဲ့ပါဦးမယ်''


ကျေးဇူးတင်စကား တဖွဖွပြောပြီးမှ 

ပြန်သွားသည့် မိသားစုကိုကြည့်ကာ 

ဒေါ်ခင်စောသိုက် သက်ပြင်းလေးချလိုက်၏။


ဂုဏ်လေးပြန်လာရင် ရစ်တော့မှာ ကောက်တော့မှာ 

သေချာပြိီမဟုတ်လား။


"ဒေါ်ထွေး ကော်ဖီပန်းကန်တွေ သိမ်းလိုက်ပါဦး''

"ဟုတ်ကဲ့''


စားပွဲပေါ်မှ ကော်ဖီပန်းကန်တွေကို 

ဗန်းလေးထဲအစီအရီထည့်လိုက်ပြီး 

စားပွဲဟိုဘက်ခြမ်းတွင်ရှိသည့် 

မုန့်ပန်းကန်လေးကို လှမ်းယူလိုက်စဥ် 

ဗန်းထဲမှ ကောဖီပန်းကန်လေးက စောင်းသွားကာ 

စားပွဲပေါ် ဖိတ်လျှံကျသွား၏။


"ကျစ် ငါ့နှယ်နော် ပြီးချင်ပါတယ်ဆိုမှ မပြီးတော့ဘူး

တစ်သျှူးက ဘယ်ရောက်သွားပါလိမ့်နော်''


စားပွဲအစွန်းတွင်ရှိသည့် တစ်သျှူးဘောက်စ်ထဲမှ 

တစ်သျှူး ၄ ၅ ၁၀ရွက်လောက် ထုတ်ယူလိုက်ကာ 

စားပွဲပေါ်မှ ပေကျံနေသော ကော်ဖီတွေကို 

ဖိဆွဲချလိုက်ပြီး အမှိုက်တောင်းလေးလဲ 

ပစ်ထည့်ချလိုက်၏။ 


ထို အထဲတွင် ကဒ်လေးတစ်ခုပါသွားသည်ကို 

သတိမထားမိလိုက်ပါချေ။


"ဒေါ်ထွေး စားပွဲပေါ်က ကဒ်လေးတစ်ခုတွေ့လိုက်လားဟင်''

"ဒေါ်ထွေးတော့ ဘာကဒ်မှ မတွေ့ပါဘူး''


"ဟင် ဟုတ်လား

ဒါဆို အကိုသိမ်းသွားတယ်ဖြစ်မယ်

ဘာမှမဟုတ်ပါဘူး လုပ်စရာရှိတာ ဆက်လုပ် ဆက်လုပ်''


ဒေါ်ထွေး သိမ်းလက်စပန်းကန်တွေကို 

ကောက်ယူလိုက်ပြီး မီးဖိုခန်းဘက်ဝင်လိုက်တော့၏။


>>>>>>>>>><<<<<<<<<<


"ဟဲ့ သား အဲ့ဒါ ဘာလုပ်မလို့လဲ''


ဂုဏ့်လက်ထဲမှ ဖုန်းလေးကို လှမ်းဆွဲယူရင်းမေးလိုက်၏။ ကျောင်းက ပြန်လာကတည်းက 

ပူတူးလေး ပြန်သွားတာကို မကျေမနပ်တွေ ဖြစ်နေပြီး အခုလဲ တစ်နေရာရာကို ဖုန်းဆက်ဖို့ပြင်နေပြန်သည်။


"သား မေမေမေးနေတယ်လေ ဘာလုပ်မလို့လဲလို့''

"တီတီလေးဆီ ဖုန်းဆက်မလို့''


"ဘာလုပ်ဖို့လဲ''

"ကျွန်တော် တီတီလေးရှိတဲ့ ကနေဒါကိုလို်က်သွားမလို့''


"ဘာလို့လိုက်သွားမှာလဲကွယ်

ကနေဒါဆိုတာက ရန်ကုန်နဲ့ပဲခူးလို နီးတာမဟုတ်ဘူး

ပြီးတော့ မေမေတို့မှာ ဒီသားလေးတစ်ယောက်တည်းရှိတာကို 

အဝေးကြီးမှာခွဲမထားနိုင်ပါဘူး

မသွားနဲ့နော် သားလေး''


ဒေါ်ခင်စောသိုက်လက်ထဲမှ ဖုန်းလေးကို 

ကျစ်နေအောင်ကိုင်ထားပြီး ပြောလိုက်၏။

သို့ပေမယ့် ဂုဏ်က လက်ခံသွားသည့်ပုံမပေါ်ပါ။

သူမကို စူးခနဲတစ်ချက်ကြည့်လိုက်ပြီး 

အပေါ်ထပ်ကို ခြေလှမ်းခပ်ကျဲကျဲဖြင့် တက်သွား၏။


မျက်နှာစူပုတ်ပုတ်ဖြင့် အခန်းတံခါးကို 

ဒိုင်းခနဲနေအောင် ဆောင့်ပြီးပိတ်သွားသည့် 

ဂုဏ်လေးကို အနွယ် အံ့သြသလိုလေးကြည့်လိုက်ကာ


"ဒီကောင်လေး ဘာဖြစ်လာပြန်တာလဲ''


"မေမေ ဂုဏ်လေးဘာဖြစ်နေတာလဲ''

"ဘာဖြစ်ရမှာလဲ ပူတူးလေးကို 

အ​ိမ်​ပြန်ခိုင်းလိ​ုက်လို့တဲ့လေ ''


"ဪ... မေမေက ဂုဏ်လေးအကြောင်းသိရဲ့သားနဲ့ 

သူတို့ဆီက လိပ်စာယူမထားလိုက်ဘူးလား''


"မယူထားပဲနေပါ့မလား

ယူထားလိုက်တာပေါ့

ဒါပေမယ့် ဘယ်နားထားမိမှန်းကိုမသိတာ ရှာတာလဲ နေရာကိုနှံ့နေပြီ''


သူမစိတ်ပျက်သလိုပြောလိုက်တော့

အနွယ်က သက်ပြင်းချ၏။

အိမ်ပေါ်က ကိုယ်တော်လေးက ဒီပုံအတိုင်းဆို

ကနေဒါကိုလိုက်သွားတော့မှာ သေချာနေပြီမဟုတ်လာ။


"နောက်ရက်တွေ လာလည်ဦးမယ်လို့တော့ ပြောသွားပါတယ်

လာလည်ရင်တော့ အဆင်ပြေမှာပါ''


"မလာရင် မေမေ့သားကို ဘယ်လိုလုပ်မလဲ အခုကတည်းက ေကာက်နေ ရွဲ့နေတာကို ပြီးတော့ သူက ကနေဒါကိုလာမယ်လို့သာ ဖုန်းဆက်လိုက် 

တီတီလေးက လေယာဥ်လက်မှတ်ပါ တစ်ခါတည်းပြင်ပြီးသား''


"အိုကွယ် ငါက မွေးထားတဲ့မအေ

ငါကမလိုက်ခိုင်းရင် သူဘာတတ်နိုင်မှာလဲ''


"ဟုတ်ပါ့ မေမေ့သားက 

တော်တော်လေး စကားနားထောင်တာဆိုတော့''


အနွယ် နှုတ်ခမ်းလေးမဲ့ပြီးပြောလိုက်တော့ 

မေမေက ငြိမ်ကျသွား၏။


ဟုတ်ပါတယ် ဂုဏ်က သူလုပ်ချင်ရင် 

ဘယ်သူ့စကားမှ နားမထောင်တတ်ပါ။

တစ်အိမ်လုံးက ကြောက်ရသည့် ဖေဖေ့ကိုတောင်

သူက ထည့်တွက်တာမှမဟုတ်ပဲ။


အခုလဲ ကနေဒါကိုသွားမယ်ဆိုရင် 

ဖေဖေက သွားခိုင်းမှာသေချာသလောက်ရှိသည်။

ဆိုတော့ကာ ဂုဏ်လေးကို 

တားနိုင်မယ့်သူ တစ်ယောက်မှမရှိ။


"ဒီသားအမိတွေ ဘာဖြစ်နေကြပြန်တာလဲ''

"ဖေဖေတောင် ပြန်လာပြီ''


"အချိန်လဲ ကြည့်ဦးလေကွာ

ဂုဏ်ရော''


မြင်တယ်မလား။

ဒီအိမ်ကလူတွေက အပြင်ကပြန်လာလို့ ဂုဏ်လေးကိုမတွေ့ရင် အဲ့ဒီလို အာရုံစိုက်ပြီးကို မေးကြတာ။


"အပေါ်ထပ်မှာဖေဖေ ကောက်လို့ ကွေးလို့''

"ဟော ဘာဖြစ်ရပြန်ပြီလဲ''


ဦးရာဇဂုဏ် လက်ထဲမှ အိတ်လေးကို 

ဇနီးဖြစ်သူထဲလှမ်းပေးရင်း မေးလိုက်တော့

စောက သူ့ကို မဲ့တဲ့တဲ့လေးကြည့်ကာ


"ကနေဒါသွားမလို့တဲ့ ကိုရယ်

မနက်က ပူတူးလေးကိုပြန်ထည့်လိုက်တာကို 

စိတ်ဆိုးသွားတာလေ''


"ဟေ ဟုတ်လား

နေပါဦးကွ ဟိုအိမ်က လိပ်စာပေးခဲ့တယ်မဟုတ်လား

အဲ့ဒီ့လိပ်စာအတိုင်း လိုက်သွားခိုင်းလိုက်လေ''


"အဲ့ဒီ့ကဒ်က ဘယ်လိုပျောက်သွားမှန်းကို မသိ​တာ ကိုရေ

အစကတည်းက ကို့သားက ခေါင်းကခပ်မာမာဆိုတော့ 

အခု သူ့ကိုကနေဒါမသွားရဘူး ပြောလိုက်တာ 

စောကိုကောက်သွားတာလေ''


"ဒါဆိုလဲ လိုက်သွားခိုင်းလိုက်ပေါ့''


"ဖေဖေ''


အနွယ် မျက်လုံးပြူးလေးဖြင့် ခေါ်လိုက်ပြီး 

မသွားခိုင်းနိုင်ဘူးဆိုသည့် သဘောဖြင့် 

ေခါင်းလေးပါရမ်းပြလိုက်၏။


"ဘာလဲ သမီးတို့က ဂုဏ့်ကို မခွဲနိုင်လို့လား''


"မခွဲနိုင်ပါဘူး အနွယ်တို့မှာ ချစ်စရာက 

ဒီမောင်လေးတစ်ယောက်ပဲရှိတာ

ပြီးတော့ အနွယ်တို့မရှိရင် မောင်လေးအဆင်ပြေမှာမဟုတ်ဘူး

တီတီလေးကလဲ သူ့အလုပ်နဲ့သူဆိုတော့ မောင်လေးကို ဂရုစိုက်နိုင်မှာမဟုတ်ဘူး''


"အဲ့ဒါကြောင့် ဖေဖေက သွားခိုင်းစေချင်တာ

ဒီမှာသာဆက်နေရင် သမီးတို့ကြောင့် 

ဂုဏ်က ဘာမှလုပ်တတ်တော့မှာမဟုတ်ဘူး ချစ်တာတော့ ချစ်တာဆိုပေမယ့် 

ဘာမှလုပ်ခွင့် ကိုင်ခွင့်မပေးနိုင်လောက်အောင် 

ဂရုစိုက်နေတာမျိုး ဖေဖေမကြိုက်ဘူး ဖေဖေလဲ ဂုဏ့်ကိုချစ်တာပါပဲ

ဒါပေမယ့် တကယ်လို့ ဂုဏ်ကသာ ဟိုမှာနေပြီး 

ကျောင်းဆက်တက်မယ်ဆိုရင် ဖေဖေကတော့ 

ဝမ်းမြောက်ဝမ်းသာပို့လိုက်မှာပဲ''


"အို မပို့နိုင်ပါဘူး

စောမှာ ဒီသားလေးတစ်ယောက်တည်းရှိတာ''


စောဝင်ပြောလိုက်တော့ ကိုက ခပ်ယဲ့ယဲ့လေးပြုံးကာ


"ကိုယ့်မှာရော သားဘယ်နှစ်ယောက်ရှိနေလို့လဲ''


"ဒါပေမယ့် စောက အမေလေ 

ကို့လိုတော့ မျက်နှာလွှဲခဲပစ်မထားနိုင်ပါဘူး''


"ဒါဆိုလဲ ဂုဏ့်ကို မင်းရအောင်တားကြည့်ပေါ့

ကိုယ်ကတော့ သားသဘောကို လိုက်လျောဖို့အသင့်ပဲ''


နှုတ်ခမ်းလေးမိန့်ပြီး ခေါင်းလေးစောင်းပြောလိုက်တဲ့ 

ဖေဖေ့ကို အနွယ်ရော မေ​ေမရော မကျေနပ်ပါ။

ဒါပေမယ့် ဖေဖေပြောသလို ဂုဏ်လေးကို 

တားဖို်ဆိုတာလဲ မလွယ်တာမို့ သက်ပြင်းရှည်ကြီးတွေသာ ချလိုက်ပြီး.......


××××× ××××× ×××××


အားပေးတဲ့ အသဲတွေအားလုံးကိုကျေးဇူးတင်ပါတယ်😘😘


အပိုင်း(၄) မျှော်


စာရေးသူ-Merida(Tulip)


rate now: