🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
"တော်လောက်ပြီ ပူတူး''
"ဟင်...
မေးချင်တာတွေ တရစပ်မေးနေချိန် ဘယ်အချိန်ကတည်းက ရောက်လာမှန်းမသိသည့် သူက
သူမလက်ထဲက ဖုန်းကိုဆွဲယူကာ ဂွပ်ခနဲေနအောင် ချပစ်လိုက်၏။
ပြီးတာနဲ့ မတ်တပ်ရပ်နေသည့်သူက ဘောင်းဘီအိတ်ထဲကို လက်တစ်ဖက်ထည့်လိုက်ပြီး ထိုင်နေသည့် သူမကို အပြစ်သားတစ်ယောက်ကို ကြည့်သလိုမျိုးကြည့်ကာ..
"မင်း သိပ်ပြိိီးသတ္တိကောင်းနေတယ်ပေါ့လေ၊ ဟမ်.. ကိုယ် ဘာပြောထားလဲ''
"ခက်ရဲ့နေရာကနေလဲ တွေးကြည့်ပေးပါဦး၊ ခက် ေမမေ နဲ့အဆက်အသွယ်ပြတ်နေတာ ဘယ်လောက်ကြာပြီလဲ''
"ကိုယ်တို့ ဒီအိမ်ကိုရောက်တာ ၅ရက်မပြည့်သေးဘူး ပူတူး၊ အေး မင်းပြောသလို မင်းလဲ မင်းအေမနဲ့အဆက်အသွယ်ပြတ်နေသလို ကိုယ်လဲ ကိုယ့်အမေနဲ့ နောက်ဆုံးစကားပြောခဲ့တာက
မင်းကို ခိုးလာတဲ့နေ့ကပဲ''
"ဒါပေမယ့် မေမေ့မှာ နှလုံးရောဂါရှိပါတယ်လို့
ခက် ပြောထားတယ်လေ''
"ကိုယ့်အမေမှာ နှလုံးရောဂါမရှိတာကိုပဲ အပြစ်တင်ရမလိုလိုပဲ''
စကားကို အမြင်ကပ်ချင်စရာကောင်းလောက်အောင် ကပ်သပ်ပြောနေတာမို့ ခက် နှုတ်ခမ်းလေးကို သွားစွယ်ချွန်ချွန်လေးဖြင့် ဖိကိုက်လိုက်၏။
"ကိုယ့်အပြစ် ကိုယ်သိရင် မှားသွားပါတယ်ဆိုတာလောက်တော့ ပြောရမယ်မဟုတ်လား''
"ခက် မမှားဘူး''
"အွန်း.. မမှားဘူးလား၊ ကိုယ်က အခန်းထဲမှာပဲနေပါလို့ မှာခဲ့တာကို အခုအောက်ထပ်မှာရောက်နေတယ်၊ ပြီးတော့ ဖုန်းခိုးပြောနေတာက မမှားဘူးလား''
"ခိုးမပြောစေချင်ရင် အစကတည်းက ခက်ကို ဖုန်းပြောခိုင်းပါ့လား၊ ပေါ်တင်မပြောခိုင်းမှတော့ ခိုးပြောရမှာပေါ့၊ သူကျတော့ သွားချင်တဲ့နေရာ လျှောက်သွားနေပြီးတော့ ခက်ကိုတော့ အခန်းထဲမှာ ပိတ်ထားလို့ရမလား''
"ရတယ်၊ ကိုယ်က ဒီလိုနေဆိုရင် မင်း ဒီလိုပဲနေရမှာပေါ့၊ အဲ့ဒါ ဘာဖြစ်လို့လဲဆိုရင် ကိုယ်က အခုချိန်မှာ မင်းရဲ့အုပ်ထိန်းသူ ခင်ပွန်းပဲ''
သူ ဒီလိုပြောတော့ ခက်က မျက်စောင်းထိုးကြည့်သည်။ ဘယ်လိုနေနေ ချစ်စရာကောင်းတဲ့ သူမရဲ့အမူအယာလေးတွေကြောင့် ဂုဏ် ကြာကြာမဆူရက်တော့ပဲ သူမအနားကို ကပ်ထိုင်ကာ လက်လေးတစ်ဖက်ကို ဆွဲယူလိုက်ပြီး..
"ကိုယ်မင်းကို မေးစရာရှိတယ်''
"မမေးနဲ့ မဖြေဘူး''
"မဟုတ်တာကို ခေါင်းမမာချင်စမ်းနဲ့ ပူတူး၊ မင်းဖြေအောင် ကိုယ်လုပ်နိုင်တယ်ဆိုတာ မင်းအသိဆုံး''
ပြုံးယောင်သမ်းနေသည့် သူ့ရဲ့မျက်နှာကြောင့်
ခက် မျက်နှာလွှဲပစ်လိုက်ဖို့ ပြင်တော့ သူက ခေါင်းလေးရမ်းပြကာ..
"မလေး မင်းကို လာတွေ့တယ်ဆို''
"ဘယ်က မလေးလဲ မသိဘူး''
"ကိုယ့်ရဲ့အစ်မငယ်လေ၊ နာမည်က ခေတ်သစ်ဂုဏ်''
နာမည်ပြောလိုက်မှ ငြိမ်သက်သွားသည့် သူမရဲ့ပုံစံက ဟုတ်တယ်လို့ ဝန်ခံလိုက်သည့်အတိုင်း။
ဂုဏ် သက်ပြင်းရှည်ကြီးချလိုက်ကာ..
"မလေး ပြောသွားတဲ့စကားတွေကြောင့် ကိုယ့်ကို ငြင်းနေတာလား ဟုတ်လား''
"ဒါတွေကို ကိုကိုက ဘယ်လိုသိလာတာလဲ''
"ဘာလို့ ကိုယ့်ကိုပြောမပြတာလဲ ဟင်''
"လိုမှမလိုပဲ၊ ခက်က အစကတည်းက ကိုကိုနဲ့ပတ်သတ်ဖို့အတွေးမှမရှိတာ၊ အဲ့ဒါကို ကိုကို့အစ်မက ကိုကိုနဲ့မပတ်သတ်ပါနဲ့လို့ပြောတာကို''
"ဒါပေမယ့် အခု ပတ်သတ်နေရပြီမဟုတ်လား''
"ဟုတ်တယ်၊ အဲ့ဒါကြောင့် ကိုကို့အစ်မက ခက်ကို လှောင်နေမှာသေချာတယ်''
မျက်နှာလေးပျက်သွားသည်က သိသိသာသာ။
"အလှောင်မခံချင်ရင် ဘာလို့ စကားကိုအကုန်ပြောခဲ့လဲ၊ ကိုယ့်ကိုစိတ်မဝင်စားဘူးလို့ ပြောခဲ့တယ်ဆို''
"ဒါဆို ကိုကို့အစ်မက ခက်ကို တင်တင်စီးစီးကြီး
လာပြောနေတာကို ခက်က ဒီအတိုင်းငြိမ်ပြီးနားထောင်ရမှာလား''
"ငြိမ်ပြီးနားထောင်ခိုင်းနေတာမဟုတ်ဘူး၊ မင်းပြောခဲ့တဲ့စကားတွေကို ကိုယ်မကြိုက်လို့ပြောနေတာ၊ နေစမ်းပါဦး ကိုယ့်မောင်ကို နိုင်အောင်ထိန်းပါလို့ရော ပြောခဲ့တယ်ဆို တကယ်လား''
"ဟုတ်တယ် ပြောတယ်၊ ပြောတော့ဘာဖြစ်လဲ၊ အခု ကိုကိုက ကိုကို့အစ်မကို ခက်ပြောခဲ့တာတွေကို မကျေနပ်လို့ လာမေးနေတာမလား၊ ဒါဆိုရင်တော့ ခက် ကိုကို့ကို ဘာမှပြောစရာမရှိတော့ဘူး၊
ကိုကို မကျေနပ်ရင် ကိုကိုကြိုက်သလိုဆုံးဖြတ်''
"ဘာကို ဆုံးဖြတ်ခိုင်းနေတာလဲ''
မျက်နှာခပ်တင်းတင်းဖြစ်နေသည့် သူမကို ဂုဏ် မျက်မှောင်ကျုံ့ကြည့်လိုက်ပြီး မေးလိုက်၏။
သူမက မျက်နှာကို ဆတ်ခနဲလွှဲပစ်လိုက်ပြီး..
"အစကတည်းက ကိုကို့အစ်မနဲ့ ခက်နဲ့က အဆင်ပြေတာမှမဟုတ်တာ၊ အဲ့ဒါကို ကိုကိုက အခုလို ကိုကို့ရဲ့အစ်မဘက်ကနာနေရင်...
"ဟေး..ဟေး.. ကိုယ်က ဘယ်သူ့ဘက်ကမှ နာလို့ပြောတာမဟုတ်ဘူး၊ ဒီအတိုင်း သိချင်ရုံသပ်သပ်ပဲ၊ ဒါပေမယ့် သေချာပြန်တွေးရရင် ကိုယ့်ဘက်ကနစ်နာတယ်၊ မင်းတို့ချင်း ပြောချင်တာတွေပြောပြီး ကြားထဲက ကိုယ့်ကိုစကားလုပ်သွားတာ''
"အဲ့ဒါ ကိုကို့အစ်မလေ၊ ခက်က ကိုကို့ရဲ့အစ်မဆီကို၊ သွားပြီးတော့ ကိုကို့အကြောင်းတွေပြောတာမဟုတ်ဘူး၊ ကိုကို့ရဲ့အစ်မကသာ ခက့်ရဲ့ကျောင်း...
ပြောဖို့ပြင်ပြီးကာမှ မပြောချင်တော့တာကြောင့်
သူမ ဆက်မပြောပဲ ရပ်ပစ်လိုက်၏။
ဒါကိုပဲ ကိုကိုက ဆက်ပြောဆိုသည့်ပုံစံဖြင့် သူမကို စူးစိုက်ကြည့်နေသေးတာမို့..
"ကိုကို့အစ်မက အားလုံးပြောလိုက်တယ်မဟုတ်လား''
"မင်းပြောတာကို ကြားချင်တာ၊ မလေးရဲ့ရှေ့မှာ ကိုယ့်ကို ဘယ်လို ပစ်ပစ်ခါခါ ငြင်းလွှတ်လိုက်လဲဆိုတာကို မင်းကိုယ်တိုင်ပြန်ပြောပြ''
"ဟင့်အင်း.. မပြောချင်ဘူး''
"မပြောချင်တာလား အဲ့လိုပြောချင်တဲ့စိတ် မရှိတော့တာလား''
"ဘာလဲ''
"မင်း အခု ကိုယ့်ကို မငြင်းရက်တော့ဘူးမလား''
"ဘာလို့မငြင်းရက်ရမှာလဲ၊ ကိုကို့အစ်မသာ ခက်ကို အရင်တစ်ခါကလို ထပ်လာပြီးပြောကြည့်၊ ကိုကို ခက်ရဲ့မျက်နှာကို ထပ်တွေ့ရမယ်မထင်နဲ့''
သူမရဲ့ ပြတ်သားလွန်းတဲ့စကားကြောင့် သူ ဆွံ့အသွားခိုက် သူမကတော့ ထိုင်ခုံလက်ရန်းကို
အားပြုကာ ထရပ်လိုက်၏။
ပြီးတာနဲ့ ထိုင်နေသည့် သူ့ကို မျက်လုံးလေးစွေကြည့်ကာ..
"ခက် အိမ်ကိုခဏလောက်ပြန်လို့မရဘူးလားဟင်''
သူ ဘာမှမပြောပဲ သူမကို မော့ကြည့်လိုက်တော့..
"မေမေ နေမကောင်းဘူးတဲ့''
"ကိုယ် ဆရာဝန်လွှတ်ပေးလိုက်မယ်''
ဆက်ပြောစရာစကားမရှိလောက်အောင် ခက် ေဒါသထွက်သွား၏။
အားရပါးရပြောပစ်လိုက်ချင်တဲ့ စကားတွေကလဲ
သူ့ရဲ့ ဘာမထီအကြည့်တွေကြောင့် ပြောမထွက်တော့ပဲ မျက်ရည်တွေသာ ဝဲတက်လာတာမို့ သူ့ကို ကျောခိုင်းကာ ထွက်လာခဲ့လိုက်တော့သည်။
"ဒိီလူ တကယ် လူစိတ်မရှိဘူးပဲ''
>>>>>>>>>><<<<<<<<<<
"တီ....တီ...တီ..''
"တီ....တီ...တီ..''
"တီ....တီ...တီ..''
"တီ....တီ...တီ..''
ဒီလောက် မရပ်မနား ဟွန်းတီးနေတာကို မသိကျိုးကျွန်ပြုနေသော သံတံခါးကြီးကို ဂုဏ် မကျေမချမ်းစိုက်ကြည့်လိုက်၏။
သူ မရှိတဲ့အချိန်မှာ တမင်သပ်သပ်အိမ်ပေါ်တက်လာပြီး ပူတူးကိုခေါ်သွားကြတာမို့ သူအခုလို နှင်းဆီမြိုင်ကိုလာပြီး ပဲွဲကြမ်းနေရခြင်းပါ။
သို့ပေမယ့် သူ့ရဲ့ကားကိုဂရုမစိုက်ပဲ မသိကျိုးကျွန်ပြုနေပုံကြောင့် ဒေါသတွေပိုထွက်လာရတာမို့ ဆုံးဖြတ်ချက်တစ်ခုချကာ ကားကို
နောက်ပြန်ဆုတ်လိုက်ပြီး...
"ဝူး... ဒရော... ဂျုံး...
"ဂျုံး... ဒိုင်း.. ဒိုင်း...
ကားကို နောက်ပြန်ဆုတ်လိုက်ပြီးမှ တံခါးကို အရှိန်နဲ့ပြန်ဝင်တိုက်နေသည့် ဂုဏ့်ရဲ့ပုံစံက မိုက်ရူးရဲဆန်စွာ။
တစ်ကြိမ်မက နှစ်ကြိမ်မကဖြင့် အကြိမ်ပေါင်းများစွာ တိုက်နေတာမို့ အိမ်ထဲကနေ လှမ်းကြည့်နေသည့် ဝသန် မနေသာတော့ပဲ ထွက်လာခဲ့လိုက်ရ၏။
သူ ခြံတံခါးနားရောက်တာနဲ့ အုတ်တံတိုင်းအခြေလေးတွင် မျက်စိ မျက်နှာပျက်ဖြင့် ရပ်နေသည့်
ခြံစောင့်ဖိုးမောင်က သူ့ဆီကိုပြေးလာကာ..
"အစ်ကိုလေး ကျွန်တော် သူ့ကို ဘယ်လိုမှပြောမရလို့ပါ''
"အင်းပါ ငါသိတယ် အခု ခြံတံခါးဖွင့်ပေးလိုက်''
"ဟုတ်ကဲ့ အစ်ကိုလေး''ဆိုပြီး တံခါးနားကို ခပ်သုတ်သုတ်ပြေးသွားကာ သော့ဖွင့်ပေးလိုက်၏။
တံခါးဖွင့်လိုက်သည်နှင့်တပြိုင်နက် ကားက အရှိန်ဖြင့် ခြံထဲကို ဝင်လာပြီး ရပ်နေသည့် ဝသန့်ကိုပင် ပွတ်ကာ သီကာလေး မောင်းဝင်သွား၏။
ဘယ်တော့မှ အချိုးမပြေသည့်သူမို့ ဝသန် ထိုကားကို ခပ်ချဥ်ချဥ်ကြည့်ကာ နောက်မှလိုက်သွားလိုက်တော့ ထိုလူက ကားပေါ်ကဆင်းတာနဲ့ ခြံနောက်က အိမ်လေးဆီကို ဦးတည်နေတာကြောင့်...
"ဟေ့လူ.. ဟေ့လူ.. နေဦး၊ အဲ့ဒါ ဘယ်ကိုသွားမလို့ပြင်နေတာလဲ''
အမောတေကာ မေးပြီး သူ့ဆီပြေးလာသည့် ဝသန့်ကြောင့် သူ ခြေလှမ်းတွေရပ်တန့်သွားကာ နောက်ကို လှည့်ကြည့်လိုက်ပြီး...
"မင်း ငါ့မိန်းမကို ခေါ်သွားလို့ အခု ပြန်လာခေါ်တာလေ''
"ဘယ်သူက ခင်ဗျားမိန်းမလဲ ဟမ်၊ ဒီအိမ်မှာ ခင်ဗျားနဲ့ပတ်သတ်တဲ့သူ တစ်ယောက်မှမရှိဘူး''
"ဟုတ်တယ်၊ ဒီအိမ်မှ ငါနဲ့ပတ်သတ်တဲ့မရှိဘူး၊
ဒါပေမယ့် ခြံနောက်က အိမ်မှာ ငါ့မိန်းမရှိတယ်''
ဂုဏ်က မှုန်တည်တည်မျက်နှာထားဖြင့် ပြောကာ
ချာခနဲနေအောင် လှည့်ထွက်ပစ်လိုက်ပြီး ခြံနောက်ကို ဦးတည်လိုက်ပြန်သည်။
ဝသန်ကလဲ လှည့်ထွက်သွားသည့် ဂုဏ့်ရဲ့ရှေ့တွင် ပိတ်ရပ်ကာ..
"ညီမလေးက ခင်ဗျားနဲ့မနေချင်ဘူးတဲ့''
"သူ့မှာ ရွေးချယ်ခွင့်မရှိဘူး''
"ဘာလို့ မရှိရမှာလဲ၊ ဒီမှာ ညီမလေးက လွတ်လပ်တဲ့ခေတ်လူငယ်တစ်ယောက်ပါ၊ ခင်ဗျား သူ့ကို ဘာလို့ ချုပ်နှောင်ချင်နေရတာလဲ''
"ခေတ်လူငယ်တစ်ယောက်ဆိုတာ မှန်ရင်မှန်လိမ့်မယ်၊ ဒါပေမယ့် ပူတူးက လွတ်လပ်တဲ့သူမဟုတ်ဘူး၊ သူက အခုချိန်မှာ အိမ်ထောင်သည်တစ်ယောက် ပြီးတော့ ငါ့မိန်းမဖြစ်နေပြီ၊ ဒါကို မင်းက လွတ်လပ်တယ်လို့ ထင်နေတာလား''
"ခင်ဗျား ဒီလိုပြောလို့မရဘူးဗျ၊ ခင်ဗျားက အလိုမတူပဲ ညီမလေးကို ခိုးယူပေါင်းသင်းနေတာ၊ အဲ့ဒါ ဥပဒေနဲ့ မညီဘူးဆိုတာ ခင်ဗျား မသိဘူးလား ဟမ်''
"မသိချင်ဘူး၊ ငါအခု သိတာက ပူတူးကို ပြန်ခေါ်သွားဖို့ပဲ၊ မင်းအခု ငါ့ရှေ့က ဖယ်''
"မဖယ်ဘူး၊ ခင်ဗျား ညီမလေးကို ကားနဲ့တိုက်ပြီး
ခိုးသွားတာကို ကျွန်တော်သိပြီးသား၊ ခင်ဗျားသာ ဒီလို လူယုတ်မာ ဇာတ်မခင်းခဲ့ရင် အခုလိုတွေ ဖြစ်လာစရာအကြောင်းမရှိဘူး၊ ပြီးတော့ ခင်ဗျားနဲ့ညီမလေးက ဘာမှဖြစ်ခဲ့ကြတာလဲ မဟုတ်ဘူး''
မနေ့က ညီမလေး သူ့ကိုဖုန်းပြောနေရင်းကနေ
ဖုန်းကျသွားကတည်းက သူ စိတ်ထဲထင့်နေခဲ့တာ။
ဒါကြောင့် ဒီနေ့ တော်ဝင်နန်းကို လိုက်သွားပြီး
ညိီမလေးကို အကျိုး အကြောင်းမေးဖို့ဆိုပေမယ့်
သူ ရောက်တာနဲ့ အိမ်ကိုပြန်လိုက်ဖို့ပဲ အတင်းပြောနေတဲ့ ညီမလေးကြောင့် ဟိုလူမရှိတဲ့အချိန်မို့ တစ်ခါတည်း ခေါ်ထုတ်လာခဲ့သည်။
အိမ်ရောက်မှ သစ်ခက်ပြောပြလို့ သူတို့အားလုံး အကြောင်းစုံကိုသိခဲ့ရခြင်းဖြစ်သည်။
သူ သိခဲ့တဲ့အတိုင်း ဂုဏ့်ကို ပြောပြပြီး ညီမလေးကို ပြန်မထည့်ရဖို့ ပြောနေပေမယ့် ဂုဏ့်ရဲ့မျက်နှာက တင်းမာနေပြီး သူ့ကိုလဲ ခပ်စူးစူးကြီးကြည့်ကာ...
"မင်း ရူးမနေနဲ့ ဝသန်၊ ကားနဲ့တိုက်ပြီးတောင် ခိုးထားရတဲ့ မင်းညီမကို ဘာမှမလုပ်ပဲ အလှကြည့်နေရအောင် ငါက အဲ့လောက် သမာဓိခိုင်တဲ့ကောင်မဟုတ်သလို မင်းညီမကလဲ ဘာမှမလုပ်ပဲ ပစ်ထားရလောက်အောင် အလှပျက်မနေဘူး ဟွန်း၊ မင်းညီမ ဘယ်လောက် ချစ်စရာကောင်းလဲဆိုတာ ငါသိသလောက်တော့ မင်းလဲ သိမှာပါ''
"ခင်ဗျား...
"ဖယ်စမ်းကွာ၊ ငါအခုချိန်မှာ ဘယ်သူ့မျက်နှာကိုမှ ကြည့်နေမှာမဟုတ်လို့ ငါ့ရှေ့ကဖယ်''
ဖယ်လို့ပြောပြီး သူကပဲ ဝသန်ကို ဘေးတွန်းထုတ်ပစ်လိုက်ပြီး ခြံနောက်က အိမ်လေးကို တလွှားလွှားလျှောက်သွားလိုက်၏။
သူနဲ့အတူ နောက်ကနေ လိုက်လာသည့် ဝသန့်ရဲ့
ခြေသံကိုလဲ ကြားပေမယ့် သူလှည့်မကြည့်ဖြစ်တော့ပါ။
အခုချိန်မှာ သူ အာရုံအစိုက်ဆုံးကိစ္စက ပူတူးကို တွေ့ရဖို့နဲ့ ပြန်ခေါ်သွားဖို့။
ဒါကလဲလွယ်မှာမဟုတ်ဘူးဆိုတာ သူသိပြီးသား။
"ပူတူး... ပူတူး.. ထွက်ခဲ့နော်၊ မဟုတ်ရင် ကိုယ်အထဲဝင်လာမှာ''
"ခင်ဗျား ဘာလို့ ဇွတ်အော်ခေါ်နေရတာလဲ၊
အထဲမှာ အန်တီထားက နေကောင်းတာမဟုတ်ဘူး''
"အဲ့ဒါ ငါမသိဘူး ဝသန်၊ ငါစိတ်ဝင်စားတာ ပူတူးပဲ၊ ပူတူး အပြင်ထွက်လာဖို့ပဲ ငါအာရုံစိုက်မှာ၊ ပူတူး... ပူတူး.. ထွက်ခဲ့လို့ ကိုယ်ပြောနေတာနော်၊ ကိုယ်ဒေါသမထွက်ခင် မင်းထွက်လာရင်ကောင်းမယ် ပူတူး...
ဒေါသက ထွက်နေပြီဆိုတာ သူကိုယ်တိုင်အသိဆုံး။
သူအပြင်ကို ခဏလေးသွားတဲ့အချိန်ကို ဝသန့်အားကိုးနဲ့ နှင်းဆီမြိုင်ကို လိုက်သွားရဲလောက်အောင် သူ့ရဲ့ဒေါသတွေကို သူမလေး ဂရုမစိုက်တာကို ပိုပြီးလဲ အူယားမိ၏။
"ပူတူး..
"မောင်မျိုးရိုးဂုဏ်''
ေဒါသတကြီးသူ့ရဲ့ခေါ်သံအဆုံးမှာ ပူတူးနဲ့အတူ ပူတူးရဲ့မေမေပါ အိမ်ထဲက ထွက်လာ၏။
ခြေထောက်က သက်သာနေပြီမို့ ဂျိုင်းထောက်မပါပဲ သွားလာနိုင်ပြိီဖြစ်တဲ့ ပူတူးက သူမ အမေရဲ့ လက်မောင်းလေးကိုတွဲကာ အိမ်ရှေ့ကို ထွက်လာခြင်း။
တစ်ယောက်က ခြေထောက်မှာ ပတ်တီးနဲ့ဖြစ်ပြီး တစ်ယောက်ကတော့ နေမကောင်းသည့်ပုံံဖြင့် ခပ်နွမ်းနွမ်းလေးဖြစ်နေတာကြောင့် ဘယ်သူက ဘယ်သူ့ကိုတွဲလာသလဲဆိုတာ မသိတော့။
"လာ.. ပြန်မယ် ပူတူး..
သူမ မိခင်ရဲ့လက်ကိုတွဲကာ သူ့ကိုတစ်ချက်မှ မကြည့်ပဲ မျက်နှာလေးငုံ့ချထားသည့် ပူတူးကို သူ အသည်းယားစွာ လက်ကောက်ဝတ်လေးမှ လှမ်းဆွဲလိုက်တော့...
"ဟင့်အင်း... ခက် မလိုက်ချင်ဘူး''
"မရဘူး.. လာခဲ့''
သူ အတင်းဆွဲထားသည့် လက်လေးကို လက်သီးဆုပ်ပြီး ရုန်းကြည့်ပေမယ့် လွတ်မြောက်ခြင်းမရှိ။
သူမကို အတင်းဆွဲခေါ်ထုတ်ဖို့ပြင်နေသည့် သူ့ကိုဝင်တားခြင်းမရှိပဲ ရပ်ကြည့်နေသည့် မေမေနဲ့ ကိုကို့ကိုလဲ သူမ နားမလည်နိုင်တော့ပါ။
ဒါ့ကြောင့် မေမေ့ကို အားကိုးတကြီးလေးကြည့်ကာ...
"မလိုက်ချင်ပါဘူးဆို ခက်တောင်းပန်ပါတယ်နော်၊ အခု မေမေကလဲ နေမကောင်းလို့ပါ''
"မင်းအမေကို ပြုစုပေးရလောက်တဲ့အထိ မင်းကရော နေကောင်းနေလို့လား ဟမ်၊ လူကြည့်တော့ ဖြူဖတ်ပြီး ယိုင်နဲ့နေတဲ့ ခန္ဓာကိုယ်နဲ့ လာခဲ့၊ အခု အိမ်ပြန်မယ်''
"ဟင့်အင်း...မပြန်ဘူး ဒါ ခက်ရဲ့အိမ်''
"မဟုတ်ဘူး မင်းအိမ်က တော်ဝင်နန်း''
"အဲ့ဒါ ကိုကို့ရဲ့အိမ်လေ ခက်အိမ်မှ မဟုတ်တာကို''
သူမနှုတ်ဖျားကနေ သူ့ကို ကိုကိုဆိုပြီး လွှတ်ခနဲခေါ်လိုက်မိတော့ မေမေနဲ့ ကိုကိုက သူမကို ဘာလိုလိုအကြည့်တွေဖြင့် ကြည့်လာ၏။
္''အန်တီနေမကောင်းလို့ ပြုစုပေးရမယ့် လူလိုတယ်ဆိုရင် ကျွန်တော် နာ့စ်တစ်ယောက်ငှားပေးပါ့မယ်၊ ပူတူးကိုတော့ ကျွန်တော် ပြန်ခေါ်သွားပါရစေ''
"ဟင့်အင်း.. ခက် မလိုက်ဘူးနော်၊ ေမမေ့ကို ခက်ပဲ ပြုစုမှာပေါ့၊ ဘာလို့ နာ့စ်ငှားရမှာလဲ မငှားနဲ့''
"မင်းကို ကိုယ် တောင်းဆိုနေတာမဟုတ်ဘူး
မင်းငြိမ်ငြိမ်နေ''
"အန်တီ့ကို တောင်းဆိုတာဆိုရင်လဲ အန်တီ ခွင့်မပြုပါဘူး၊ ဒါကြောင့် သမီးလေးကို ထားခဲ့ပြီး မောင်မျိုးရိုးဂုဏ် ပြန်လိုက်ပါတော့''
ပူတူးအမေရဲ့ စကားကြောင့် သူအလိုမကျဖြစ်သွားစဥ် ပူတူးရဲ့လက်တစ်ဖက်ကို လှမ်းဆွဲလိုက်တဲ့ ပူတူးအမေကြောင့် သူလဲ ပူတူးရဲ့လက်တစ်ဖက်ကို အလျင်အမြန်ပြန်ဆွဲထားလိုက်ရ၏။
သူတို့နှစ်ယောက်ရဲ့အလည်က ပူတူးကတော့
ဟိုကြည့် ဒီကြည့်ဖြင့် မျက်နှာလေးက ရှုံ့မဲ့မဲ့။
"အန်တီ့ကို ကျွန်တော်တစ်ခုတော့ပြောပါရစေ၊ အခုချိန်မှာ ပူတူးက အန်တီ့ရဲ့သမီးဆိုပေမယ့်
ကျွန်တော့်ရဲ့ဇနီးပါ၊ အဲ့ဒီ့တော့ ကျွန်တော်ခွင့်မပြုရင် သူ ဒီမှာ နေခွင့်မရှိပါဘူး''
"နွေသစ်ခက်က အန်တီမွေးထားတဲ့ အန်တီ့သမီးပါ မောင်မျိုးရိုးဂုဏ်''
"ဟုတ်ပါတယ် အန်တီ့သမီးပါ၊ အဲ့ဒီ့အတွက် အန်တီကသူနဲ့ဆိုင်ပါတယ်၊ ဒါပေမယ့် မပိုင်ပါဘူး သူ့ကို ကျွန်တော်ပိုင်တာပါ၊ နေခဲ့ဖို့တွေ ထားခဲ့ဖို့တွေ ပြောရလောက်တဲ့အထိ အန်တီ့မှာ အခွင့်အရေးမရှိဘူး၊ သူနဲ့ပတ်သတ်တဲ့ အရာအားလုံးကို ဆုံးဖြတ်ပေးပိုင်ခွင့်က သူ့ရဲ့ယောက်ျားဖြစ်တဲ့ကျွန်တော့်မှာပဲရှိတယ်''
"မင်းတို့ လက်မထပ်ရသေးဘူးလို့ အန်တီသိထားတယ်''
ဒီတစ်ခါတော့ ဂုဏ်က မျက်နှာပျက်သွားသည်။
ဒါကလဲ ခဏပါပဲ။ ပြီးတာနဲ့ ခက်ကို ခပ်ပြုံးပြုံးလေး ငဲ့ကြည့်ပြီး..
"စာချုပ်နှင့်တကွ လက်မှတ်ထိုးပြီး လက်ထပ်တာမျိုးကို ပြောချင်တာဆိုရင်တော့ ဟုတ်ကဲ့ ကျွန်တော်နဲ့ ပူတူးလက်မထပ်ရသေးပါဘူး၊ အဲ့ဒီလို လက်ထပ်မှုမျိုးကလွဲရင် ပူတူးနဲ့ကျွန်တော်
လင်မယားအရာမြောက်ပြီးသားပါ အန်တီ''
"အို... မဟုတ်တာ၊ မေမေ မဟုတ်ဘူးနော် သူနဲ့ခက် ဘာမှမဖြစ်ခဲ့ဘူး''
သူ့စကားအဆုံး ခက်က သူမမိခင်ကို ခေါင်းပြုတ်မတတ်ခါရမ်းကာ ငြင်းလိုက်သလို ဝသန်ကလဲ...
"မျိုးရိုးဂုဏ် ခင်ဗျား တော်တော်မိုက်ရိုင်းတဲ့သူပဲ၊ သူများအိမ်အထိလာပြီး အရှက်ခွဲနေတာ ခင်ဗျား တော်တော်လွန်သွားပြီ''
"မင်းတို့အိမ်အထိလာပြီး အရှက်ခွဲအောင်လုပ်တာ မင်းတို့ပဲလေ၊ ငါခွင့်မပြုပဲ ဘာလို့ ပူတူးကို
ခေါ်သွားလဲ၊ ဒီကိစ္စမှာ ငါရိုင်းရင်လဲ ရိုင်းလိမ့်မယ်
လွန်ရင်လဲ လွန်မယ်၊ ဒါပေမယ့် အရင်ဆုံး စည်းကျော်လာတာ မင်းတို့ဘက်ကပဲလေ''
"ဒါဆို ခင်ဗျား အစကတည်းက ညီမလေးကို
မတော်မတရားမလုပ်ခဲ့နဲ့ပေါ့၊ မိဘ မောင်နှမတွေမသိအောင် အသာလေးခိုးယူပြီး ပေါင်းသင်းနေရလောက်အောင် ကျွန်တော့်ညီမကအပေါစားမိန်းမမဟုတ်ဘူး''
"သူ ဘယ်လိုမိန်းမမျိုးလဲဆိုတာ မင်းမပြောလဲ
ငါသိပြီးသားပါ၊ အခု မင်းတို့ဘက်က ငါ့ကိုမကျေမနပ်ဖြစ်နေတာက အတင်းအကြပ်ခိုးယူပြီး ပေါင်းသင်းခဲ့လို့လား ဒါမှမဟုတ် အခုလို လာခေါ်နေလို့လား''
"နှစ်ခုလုံးပဲ မောင်မျိုးရိုးဂုဏ်၊ မင်းအဆင့်အတန်းနဲ့ဆိုရင် အန်တီ့သမီးထက်သာတဲ့ မိန်းကလေးတွေကို စိတ်ကြိုက်ရွေးယူလို့ရပါတယ်ကွယ်၊ ဒါကိုပဲ ဘာလို့ အန်တီတို့သားအမိကို စိတ်ဒုက္ခပေးနေရတာလဲ''
"စိတ်ဒုက္ခပေးတယ်.. အဟက် ကျွန်တော်ကလား''
သူ့ကိုယ်သူ လက်ညှိုးလေးပြန်ထိုးပြီး မေးနေသည့် ဂုဏ်က နှုတ်ခမ်းတွေကိုပါ မဲ့ပစ်လိုက်၏။
ထို့နောက် ဒေါ်သက်ထားနဲ့မျက်လုံးချင်းဆုံအောင်စိုက်ကြည့်လိုက်ပြီး..
"အခု လောလောဆယ် စိတ်ဒုက္ခရောက်နေရတာ
စိတ်ဆင်းရဲနေရတာ ကျွန်တော်ပါ အန်တီ၊ အန်တီပြောသလို ပူတူးထက်သာတဲ့မိန်းမတွေကို
စိတ်ကြိုက်ရွေးယူလို့ရတယ်ဆိုရင်တောင် ကျွန်တော် ရွေးချယ်ခဲ့တာက ပူတူးပါ၊ နှစ်ဖက်မိဘတွေရဲ့ သဘောထားကို အလေးမထားပဲ
လုပ်ချင်ရာ လုပ်ခဲ့မိတာကိုလဲ ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်၊ အဲ့ဒီ့အတွက် ကျွန်တော်ကို အမြင်မကြည်ဘူးဆိုရင် ကျွန်တော် ပူတူးကို လူကြီးစုံရာနဲ့ အန်တီ့လက်ထဲပြန်လာအပ်ပြီး ပြန်တောင်းယူပါ့မယ်၊ အခုတော့ ပူတူးကို ကျွန်တော်နဲ့ပြန်ထည့်ပေးပါ၊ သူ နေမကောင်းသေးဘူး''
"ခက် ပြန်မလိုက်ချင်ဘူးနော် မေမေ၊ ခက် မေမေနဲ့ပဲ အရင်လို နေချင်တာ''
"ဘယ်အရာကမှ အရင်လိုပြန်မဖြစ်ဘူး ပူတူး၊ အခုချိန်မှာ မင်းက ကိုယ့်ရဲ့ဇနီးတစ်ယောက်၊ ကိုယ်က ခွင့်မပြုပါဘူးဆိုရင် ဘယ်သူကမှ တစ်စုံတစ်ရာ ဝင်ပြောခွင့်မရှိဘူး၊ ဘာလို့်လဲဆိုရင် ကိုယ်က မင်းရဲ့ခင်ပွန်းဖြစ်နေလို့''
မေမေ့ကိုမော့ကြည့်ပြီး ပြောနေသည့် သူမရဲ့
လက်ကောက်ဝတ်လေးကို အားပါပါနဲ့ဆွဲယူကာ
အမိန့်ဆန်ဆန်စကားတွေ ပြောလာသည့် သူ။
ကိုကို့မျက်နှာပေါ်မှာ အမျိုးမျိုးပြောင်းလဲနေသော ေကာက်ကြောင်းတွေကို သူမ နားမလည်နိုင်စွာ ငေးကြည့်နေမိစဥ် မေမေက သူမရဲ့လက်ကို ဆွဲထားသည့် ကိုကို့ရဲ့လက်ကိုဖယ်ချပစ်လိုက်ပြီး ခက်နဲ့ ကိုကိုရဲ့ကြားတွင် ဝင်ရပ်လိုက်၏။
"သမိီးကို မင်းနဲ့ပြန်ထည့်ပေးလိုက်စရာ ဘာအကြောင်းမှမရှိဘူး မောင်မျိုးရိုးဂုဏ်''
"ပူတူးနဲ့ ကျွန်တော် အတူရှိနေခဲ့တာ တစ်ပတ်နီးပါးပါ အန်တီ၊ အခုချိန်မှာ ကျွန်တော်နဲ့ပြန်ထည့်မပေးလိုက်ရင် ပတ်ဝန်းကျင်က ပူတူးကို ဘယ်လိုဝေဖန်ကြမယ်ဆိုတာ ကျွန်တော့်ထက် အန်တီက ပိုသိမှာပါ''
"သိတယ် အဲ့ဒီ့ေဝဖန်တဲ့စကားလုံးတွေကို ငါ့သမီးလေးပေါ် မကျရောက်အောင် ငါကာကွယ်ပေးသွားမှာပါ''
"ဘာလဲ ပူတူးကို နားပိတ်ထားမလို့လား''
"ပိတ်သင့်ရင် ပိတ်ထားရမှာပဲ၊ မဟုတ်မမှန်တဲ့စကားတွေကြောင့် သမီးလေး စိတ်ဒဏ်ရာ ရသွားမှာထက်စာရင် အန်တီတတ်နိုင်တဲ့လက်နှစ်ဖက်ကိုသုံးပြီး သမီးကို နားပိတ်ထားမှာပဲ''
"သပ်သပ်မဲ့ အားကုန်မခံပါနဲ့ အန်တီ၊ အန်တီက နေကောင်းတာလဲ မဟုတ်ပဲနဲ့၊ အခု ပူတူးကိုသာ ကျွန်တော့်လက်ထဲ ထည့်ပေးလိုက်ရင် အန်တီ့လက်တွေကိုသုံးပြီး ပူတူးကိုနားပိတ်စရာမလိုပါဘူး''
သမီးကို ဇွတ်အတင်းပြန်တောင်းနေသည့်ပုံစံက
နည်းနည်းလေးမှ လက်လွတ်မခံနိုင်သည့်ပုံအပြည့်ဖြင့်။
ပြောသွားသည့် စကားလုံးတိုင်းမှာ သမီးကို ဘယ်လောက်မြတ်နိုးကြောင်း ဘယ်လောက် အလိုရှိကြောင်းက မကြည့်ချင် မြင်လျက်သား။
နှင်းစက်လေးရဲ့ တောင်းဆိုမှုသာမရှိခဲ့ရင်
သူမလဲ ဒီလောက်ခေါင်းမာနေမှာမဟုတ်တာ သေချာသည်။
"အချိန်တွေကုန်ပါတယ် ကိုမျိုးရိုးဂုဏ်၊ ညီမလေးကလဲ ခက်ဗျားနဲ့ပြန်လိုက်မှာမဟုတ်သလို အန်တီထားကလဲ ပြန်ထည့်မှာမဟုတ်ဘူး၊
ခင်ဗျားပြန်လိုက်ပါတော့ဗျာ''
"နွေသစ်ခက် မပါပဲ ငါက ဘာလို့ပြန်ရမှာလဲ၊ ငါ့ကိုပြန်စေချင်ရင် နွေသစ်ခက်ကို ပြန်ထည့်ပေးပါ''
"ခက် မလိုက်ချင်ပါဘူးဆို''
"မလိုက်လို့မရဘူး''
"ပြန်လိုက်ပါတော့ မောင်မျိုးရိုးဂုဏ်၊ မဟုတ်ရင် အန်တီ မင်းကို ရဲစခန်းမှာ အလိုမတူပဲခိုးယူပေါင်းသင်းမှုနဲ့ တရားစွဲရလိမ့်မယ်''
"ဟင်.. မေမေ
မေမေခြိမ်းခြောက်လိုက်တာက ကိုကို့ကိုဆိုပေမယ့် မျက်လုံးလေးပြူးပြီး လန့်ဖျတ်သွားတာက ခက်ရယ်ပါ။
မေမေနေမကောင်းဘူးဆိုတာကြောင့် သူမ နှင်းဆီမြိုင်ကို ပြန်လာချင်ခဲ့တာ မှန်သည်။
အချိန်တန်လို့ ကိုကိုပြန်လာခေါ်ရင် လိုက်သွားရမယ်ဆိုတာကိုလဲ သူမသိသည်။
မေမေကိုယ်တိုင်ကလဲ ခက်ကို ကိုကိုနဲ့ြပန်ထည့်ပေးမှာပဲလို့ ယုံကြည်ခဲ့တာပါ။
ဘာလို့လဲဆိုရင် ခက်တို့အခြေအနေက ဘာမှမဖြစ်ခဲ့ကြဘူးဆိုပေမယ့် လက်ခံပေးရတော့မယ့် အခြေအနေတစ်ခု ဖြစ်နေတာကြောင့်ပါ။
သို့ပေမယ့်... အခု မေမေက ကိုကို့ကိုလက်ခံမပေးတဲ့အပြင် တရားစွဲမယ်ဆိုတာကြောင့် ခက် မေမေ့ရဲ့လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့ မေမေက သူမကိုခေါင်းလေးစောင်းကြည့်ကာ..
"ဟုတ်တယ် သမီး၊ မေမေ သမီးတို့နှစ်ယောက်ကို လုံးဝသဘောမတူဘူး''
"ဒါပေမယ့် မေမေရယ်..
"အန်တီ သဘောမတူလို့မရတဲ့ အခြေအနေတစ်ခုပါ''
"ဘယ်လိုအခြေအနေဖြစ်ဖြစ် ငါလုံးဝသဘောမတူဘူး၊ အိုကွယ်..ကုန်ကုန်ပြောရရင် မင်းနဲ့သမီးကြားမှာ တစ်ခုခု ပတ်သတ်စရာတွေဖြစ်ခဲ့ရင်တောင် ဒါတွေအားလုံးကို အန်တီကိုယ်တိုင် တာဝန်ယူနိုင်တယ်''
"အန်တီပြောချင်တာက...
ဂုဏ် ဆက်မမေးတော့ပဲ မျက်လုံးတွေကျဥ်းမြောင်းသွားအောင် ပူတူးအမေကို စိုက်ကြည့်လိုက်တော့ ပူတူးအမေက ခေါင်းငြိမ့်ပြကာ..
"သမီးမှာ မင်းရဲ့ကိုယ်ဝန်ပါလာခဲ့ရင်တောင် အန်တီဖျက်ချခိုင်းပစ်မှာ၊ မင်းနဲ့တော့လုံးဝသဘောမတူနိုင်ဘူး''
>>>>>>>>>><<<<<<<<<<
ဒေါ်သက်ထားရဲ့ သူ့အပေါ်ပြတ်သားလွန်းတဲ့ စကားလုံးတွေရဲ့နောက်မှာတော့ ဂုဏ်က ကားရှိရာကို လှည့်ပြန်သွားပေမယ့် သူ့အိမ်ကို ပြန်သွားခြင်းတော့ မဟုတ်ခဲ့။
ကားထဲမှ ဘေ့စ်ဘောရိုက်သည့် တုတ်ကိုဆွဲချယူလာပြီး ခက်တို့အိမ်ဘက်ကို ပြန်လျှောက်လာလိုက်တော့ အခုထိ အိမ်ထဲမဝင်ကြသေးသည့် ပူတူးနဲ့ ဒေါ်သက်ထားအပြင် ဝသန်ကပါ သူ့ကို ထိတ်လန့်တကြားကြည့်လာပြီး...
"ကိုမျိုးရိုးဂုဏ် ခင်ဗျား ဒါ ဘာလုပ်မလို့လဲ''
"ငါ့ဟာငါ ဘာလုပ်လုပ် မင်းအပူပါလား''
"ဒီမှာ ခင်ဗျားရမ်းကားချင်တိုင်း ရမ်းကားရအောင် ဒါ မင်းမဲ့တိုင်းပြည်မဟုတ်ဘူး''
"ဘယ်လိုတိုင်းပြည်ဖြစ်နေ ဖြစ်နေ ငါစိတ်မဝင်စားဘူးကွာ''
"ခွမ်း... ချလွမ်း...
"ဟာ..
"ဟင်..
"အမလေး..
ခက်တို့အိမ်အဝင်ဝမှာ တန်းစီစိုက်ထားသည့်
ပန်းအိုးများစွာထဲကမှ ထိပ်ဆုံးကတစ်လုံးကို
ဂုဏ့်လက်ထဲက တုတ်ဖြင့် လွှဲရိုက်ပစ်တာမို့
ကျန်တဲ့လူအားလုံး လန့်ဖျတ်ကုန်ကြသည်။
"ဒါ ဘာလုပ်တာလဲ မောင်မျိုးရိုးဂုဏ်''
"ဘာလုပ်တယ်ထင်လဲ အန်တီ''
လက်ထဲကတုတ်ကိုကိုင်ထားပြီး လူမိုက်စတိုင်လ်အပြည့်ဖြင့် ချဥ်စရာကောင်းအောင် ေမးနေသည့် ကိုကို့ကို ခက် တစ်ခါမှ မမြင်ဖူးသလိုလေး ငေးကြည့်နေမိတာအမှန်။
"မင်းလုပ်ရပ်တွေ အရမ်းလွန်နေပြီကွယ်၊ ဒီလို အိမ်ကပစ္စည်းတွေကို ဖျက်ဆီးမယ်ဆိုရင် အန်တီကလဲ သည်းခံမှာ မဟုတ်တော့ဘူး''
"ကျွန်တော်ကလဲ အဲ့လိုပဲ ဖြစ်စေချင်တာပါ၊ လုပ်ပါ ရဲစခန်းကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်ပေါ့၊ ဒါမှ တော်ဝင်နန်းနဲ့ နှင်းဆီမြိုင် ရဲစခန်းမှာ အမှုဖွင့်ပြီး ရှင်းလို့ရမှာပေါ့''
"အန်တီ အဲ့လိုတွေ မဖြစ်စေချင်ဘူး၊ ဒီတော့ မောင်မျိုးရိုးဂုဏ်က အိမ်ကို အေးအေးဆေးဆေးပြန်လိုက်ပါကွယ်''
"ပူတူးမပါပဲ လုံးဝမပြန်နိုင်ဘူး၊ အန်တီ ကျွန်တော့်ကို ပြန်စေချင်ရင် ပူတူးကို ကျွန်တော်နဲ့ပြန်ထည့်ပေးလိုက်ပါ''
"အို..သမီးကို ဘာလို့ပြန်ထည့်ပေးရမှာလဲ''
"ခွမ်း... ခွမ်း..
ဒေါ်သက်ထားရဲ့ ငြင်းဆိုတဲ့စကားသံအဆုံးမှာ
ပန်းအိုးနှစ်လုံးကွဲသွားသည့်အသံက ထပ်ဆင့်။
တစ်ပြိုင်တည်း ဝသန်ကလဲ ဂုဏ့်ရဲ့အက်ျီလည်ပင်းကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ပြီး
"ခင်ဗျား တော်သင့်ပြီ''
"လုံးဝပဲ''
"ရှင် ဘယ်လိုဖြစ်လို့ ဒီလောက်ရမ်းကားနေရတာလဲ''
"ရှင်.. ဟုတ်လား အဟွန်း...
ခွမ်း... ခွမ်း... ခွမ်း...
တားမရ ဆီးမရအောင် ရမ်းကားလွန်းနေသည့်သူက အိမ်ရှေ့မှာ တန်းစီစိုက်ထားသည့် ပန်းအိုးတွေကို တစ်လုံးမကျန် အကုန်ရိုက်ခွဲပစ်လိုက်၏။
တားလေ ပိုဆိုးလေ ဖြစ်နေတာမို့ ေဒါ်သက်ထားနဲ့
ဝသန်ကလဲ ဝင်မတားတော့ပဲ သူ့ရဲ့ရမ်းကားတဲ့ပုံစံကို ကြည့်နေလိုက်သည်။
ထိုစဥ် အိမ်ကြီးဘက်ကနေ ဦးမင်းသစ်အပါအဝင် နှင်းစက်တို့သားအမိပါ ပြေးလာကြပြီး ဦးမင်းသစ်က တုတ်ကိုင်ထားသည့် ဂုဏ်နဲ့ ကွဲကြေနေသည့် ပန်းအိုးတွေကို တလှည့်စီ ကြည့်ကာ..
"ဘာဖြစ်ကြတာလဲ''
"ညီမလေးကို လာခေါ်တာတဲ့ ဒယ်ဒီ၊ အဲ့ဒါ အန်တီထားက ပြန်မထည့်ဘူးပြောလို့ ဒီလူ ရမ်းကားနေတာ''
ဝသန်ဝင်ဖြေလိုက်တော့ ဦးမင်းသစ်ရဲ့ မျက်နှာတွင် အလိုမကျခြင်းတွေ ပေါ်လာပြီး မျက်ခုံးတွေပါ တွန့်သွားပြီး
"သမီးလေးက ဒီကို သူ့အမေနေမကောင်းလို့ ခဏပြန်လာတာမဟုတ်ဘူးလား''
"ကျွန်တော်မရှိတုန်းကို အန်ကယ့်သား ခေါ်သွားတာပါ အန်ကယ်''
"ဟေ..
"ဒါ့ကြောင့် ကျွန်တော် အခုပြန်လာခေါ်တာပါ''
"သမီးကို အန်တီပြန်မထည့်နိုင်ဘူးလို့ ပြောပြီးပြီလေ''
"ကျွန်တော့်မိန်းမကို ကျွန်တော်ပြန်လာခေါ်တာကို ဘာလို့ မထည့်နိုင်ရတာလဲ''
"မင်းတို့နှစ်ယောက်ကို အန်တီ လုံးဝသဘောမတူဘူးလို့ ပြောပြီးသားပဲ''
"အန်တီ..''
"ထား''
ဘယ်လိုရည်ရွယ်ချက်တွေနဲ့ သဘောမတူဘူးပြောနေရသလဲမသိ။ ဖြစ်ပျက်ခဲ့သမျှအားလုံးမှာ ကိုယ့်ဘက်က မိန်းကလေးရှင်မို့ လက်ထပ်ဖို့ကို အတင်းတိုက်တွန်းပေးရမှာကို အခုတော့ သဘောမတူပါဘူးတဲ့။
ဦးမင်းသစ် နားမလည်နိုင်စွာဖြစ်သွားပေမယ့်
သူ့နောက်က နှင်းစက်ကတော့ ကျေနပ်ပြုံးလေးဖြင့်သာ။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ ထား''
"သမီးရဲ့ကိစ္စကို ကျွန်မပဲဆုံးဖြတ်ပါရစေ အကိုလေး''
"သမီးက ကိုယ့်ရဲ့သမီးပါ ထား၊ မင်းမှာ သမီးနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိသလို ကိုယ်ကလဲ အဖေတစ်ယောက်ဖြစ်နေလို့ ကိုယ့်မှာလဲ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်၊ ဘယ်လိုစိတ်နဲ့များ သဘောမတူပါဘူးလို့ ပြောနေရတာလဲ ဟမ်''
"သမီးက မောင်မျိုးရိုးဂုဏ်နဲ့ မလိုက်ဖက်ပါဘူး အကိုလေးရယ်''
"ဒါ အခုချိန်မှာ ဆုံးဖြတ်လို့မရတော့ဘူး၊ မင်း နေမကောင်းလို့ သမီးကို ခဏခေါ်ထားချင်တာဆိုရင် ကိုယ်လက်ခံတယ် ခေါ်ထား၊ ဒီလိုမဟုတ်ပဲ သဘောမတူလို့ပြန်ခေါ်ထားချင်တာမျိုးဆိုရင်တော့ ကိုယ်လက်မခံဘူး ထား''
မေမေ့ကို ဆူနေသည့် ဖေဖေကြောင့် ခက် ဘာလုပ်ပေးရမှန်းမသိတဲ့အဆုံး...
"ခက်က ပြန်မလိုက်ချင်တာပါ ေဖဖေ''
"မလိုက်လို့မရဘူး သွား အခုချက်ချင်းလိုက်သွား၊ သမီးအတွက်ကြောင့်နဲ့ ဖေဖေ တစ်ရှက်ကနေ နှစ်ရှက်မဖြစ်ချင်ဘူး''
"ဖေဖေ့ ခက် ဒီမှာပဲ မေမေနဲ့နေချင်တာ''
"မရဘူးလို့ ဖေဖေပြောနေတယ်လေ၊ အခုချိန်မှာ သမီးက အိမ်ထောင်သည်တစ်ယောက်၊ သမီးအမေနေမကောင်းလို့ ပြုစုပေးချင်ပါတယ်ဆိုရင်တောင် မောင်မျိုးရိုးဂုဏ်က ခွင့်မပြုရင် သမီးမပြုစုရဘူး''
"ကျွန်တော် အန်တီ့အတွက် နာ့စ်တစ်ယောက်
ပို့ပေးပါ့မယ်''
ခွင့်မပြုဘူးဆိုတာကို တိုက်ရိုက်မပြောပဲ
လူလိမ္မာနည်းနဲ့ ငြင်းလိုက်သည့် ဂုဏ့်ကို ဦးမင်းသစ် ပြန်လှည့်ကြည့်ပြီး ခေါင်းငြိမ့်ကာ..
"သမီးကို ပြန်ခေါ်သွားလိုက်ပါ မောင်မျိုးရိုးဂုဏ်၊
ပြီးတော့ မင်းတို့ဘက်ကလဲ ထုံးတမ်းအစဥ်အလာတွေနဲ့အညီ အမြန်ဆုံးဆောင်ရွက်ပေးစေချင်ပါတယ်၊ သမီးက မိန်းကလေးဆိုတော့ ပတ်ဝန်းကျင်က ပြောစရာဖြစ်သွားမှာ မလိုချင်လို့ပါ၊ အန်ကယ်ပြောတာကို မင်းနားလည်မယ်ထင်ပါတယ်''
"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်၊ နောက်တစ်ပတ်ထဲကို ကျွန်တော် အားလုံးစီစဥ်ထားပါတယ်''
"အွန်း.. ကဲ ကဲ သွားကြတော့''
ဦးမင်းသစ် ပြောလိုက်သည်နဲ့တစ်ပြိုင်နက် ဂုဏ်က ခက်ရဲ့လက်လေးကိုလှမ်းဆွဲကာ ထွက်သွားဖို့ပြင်သည်။
သူမ အမေကိုကြည့်ပြီး ငိုမဲ့မဲ့လေးဖြစ်နေတဲ့ခက်က သူ့ကို မလိုက်ချင်တဲ့အကြောင်းကို အသနားခံသော မျက်လုံးလေးဖြင့် ကြည့်လာတာမို့..
"ကိုယ့်အပြစ်ကိုသိရင် ဘာမှ တောင်းဆိုလို့မရဘူးဆိုတာ သိထားပါ ပူတူး၊ ကိုယ်ကေစတနာရှိရှိနဲ့ လိုက်ပို့မယ့်အချိန်အထိ မစောင့်နိုင်ဘဲ ကိုယ်မသိအောင်ခိုးပြီးထွက်သွားတဲ့အတွက် ကိုယ် ဘာမှလိုက်လျောပေးချင်စိတ်မရှိဘူး၊ လာ သွားမယ်''
ပုံမှန်ဆိုရင် ဒေါသကြောင့် တရွတ်တိုက်မတတ်ဆွဲခေါ်သွားမှာသေချာသည့် ဂုဏ်က အခုတော့ဖြင့် ခြေထောက်က ဒဏ်ရာနှင့်ခက်ကို လက်လေးဆွဲကာ ဖြည်းဖြည်းချင်းစောင့်ခေါ်သွားသည်။
သူတို့နှစ်ယောက်လုံး မြင်ကွင်းကနေ ပျောက်ကွယ်သွားမှ ဦးမင်းသစ်က ဒေါ်သက်ထားကိုပြန်ကြည့်ပြီး..
"ထား မင်းဘာလို့ သဘောမတူဘူးပြောလိုက်ရတာလဲ''
ထိုအခါ ဒေါ်သက်ထားရဲ့မျက်လုံးတွေက နောက်တွင်ရပ်နေသည့် နှင်းစက်ဆီဝေ့ဝဲရောက်သွား၏။
ဒါကို ဦးမင်းသစ်က မရိပ်မိပေမယ့် ဒေါ်နန်းမြင့်သူက အကဲခတ်မိပြီး မျက်နှာပျက်သွားကာ...
"အကို နန်းတို့ပြန်နှင့်မယ်နော်''
"အွန်း..ထား ကိုယ်မေးနေတာကို ဖြေလေ၊ ဘာလို့ အခုလိုတွေ ပြဿနာဖြစ်အောင်လုပ်တာလဲ''
"သမီးကို ကျွန်မ မခွဲနိုင်လို့ပါ''
"လိမ်နေတာ၊ မင်းလိမ်နေတယ်ဆိုတာ မင်းရဲ့မျက်လုံးတွေက ပြောပြနေတယ် ထား၊ ကိုယ့်ကို အမှန်အတိုင်းပြော၊ ဘာလို့ အခုလို လုပ်လိုက်တာလဲ''
"ဒယ်ဒီကလဲဗျာ၊ အန်တီထားက နေမကောင်းလို့်
ညီမလေးကို သတိရလို့ဖြစ်မှာပေါ့၊ ပြီးတော့ ညီမလေးကို ပြန်ခေါ်လာတာက ကျွန်တော်ပါ၊ ဒယ်ဒီအပြစ်ပေးချင်ရင်ကျွန်တော့်ကိုပဲပေးပါ၊
အန်တီထားနဲ့ မဆိုင်ပါဘူး''
နှင်းစက်တို့သားအမိထွက်သွားပေမယ့် ကျန်နေခဲ့သည့် ဝသန်က ကာကွယ်နေခြင်း။
ဦးမင်းသစ်က ဝသန့်ကိုစိတ်ပျက်သလိုကြည့်ကာ
"ဟုတ်တယ် ဒီပြဿနာရဲ့အစက မင်းပဲ ဝသန်၊ ဘာလို့ သမီးကို အိမ်ပြန်ခေါ်လာရတာလဲ''
"ညီမလေးက လိုက်ချင်တယ်ပြောတာကို''
"လိုက်ချင်တယ်ဆိုတိုင်း ခေါ်လာလို့ရမလားကွ၊ အခုချိန်မှာ ဒယ်ဒီတို့က သမီးကို ဆိုင်ပဲဆိုင်တော့တာ မပိုင်ဘူး၊ ပြီးတော့ သမီးက အခုထိ ကလေးစိတ်လေးနဲ့မို့ အရာရာကို ဘယ်ဆုံးဖြတ်နိုင်မှာလဲ၊ ဒါကို အကြီးဖြစ်တဲ့မင်းက ဦးဆောင်ပြီး မဟုတ်တာတွေ လုပ်လာရသလား ဟမ်''
"ကျွန်တော် မှားသွားပါတယ် ဒယ်ဒီ၊ နောက်တ်ခါ ဒါမျိုးမဖြစ်စေရပါဘူး''
"မှားမှန်းသိရင် နောက်တစ်ခါဆိုတာ မရှိစေနဲ့''
"ဟုတ်ကဲ့ ဒယ်ဒီ''
"အွန်း.. သွား ပြန်တော့''
ဝသန်ပါ ထွက်သွားတော့ ဦးမင်းသစ်နဲ့ သက်ထားနှစ်ယောက်သာ ကျန်ခဲ့တော့သည်။
"ဘယ်အချိန်မှ ကိုယ်တို့သားအဖအတွက် သတ္တိရှိပေးနိုင်မလဲ ထား ဟင်''
သက်ထားရဲ့ လက်အဖျားလေးနှစ်ဖက်ကို
စုကိုင်ပြီး မေးလိုက်တာမို့ သူမ လန့်ဖျတ်သွားကာ လက်တွေကို ရုန်းလိုက်မိသည်။
သို့ပေမယ့် လွတ်မြောက်ခြင်းမရှိဘဲ ပိုပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခံလိုက်ရတာကြောင့်...
"အကိုလေး ဒီလိုမလုပ်ပါနဲ့၊ သခင်မမြင်သွားရင် မသင့်တော်ပါဘူး နော်၊ လွှတ်ပါ''
"မင်းရဲ့သခင်မကို ကြောက်လို့်မပြီးတော့ဘူးလား၊ အခုဆို သမီးလေးတောင် အိမ်ထောင်ပြုသွားပြီ၊ ကိုယ့်အပေါ်ကို မင်းနားလည်ပေးမယ့်အချိန်ရောက်ဖို့ ကိုယ် ဘယ်လောက်ထပ်စောင့်ရဦးမှာလဲ''
"အခုအတိုင်းလဲ အားလုံးအဆင်ပြေနေတာကို
အကိုလေးက ဘာဖြစ်ချင်လို့လဲ''
သက်ထား ဒီလိုမေးလိုက်တော့ အကိုလေးက
သက်ပြင်းရှည်ကြီးချကာ သူမရဲ့လက်တွေကို လွှတ်ပေးလိုက်ပြီး အိမ်ရှေ့တွင်ရပ်နေရာမှ ကွဲသွားသည့် ပန်းအိုးတွေကို ကြည့်လိုက်ရင်း..
"မနက်ဖြန်ကျရင် ပန်းအိုးအသစ်တွေ ပြန်လာပို့ခိုင်းလိုက်မယ်''
"ဟင့်အင်း ရပါတယ်၊ ကျွန်မဘာသာ ပြန်ဝယ်...
"မင်း အဲ့လိုစည်းခြားတာတွေကို ကိုယ်မကြိုက်တာပဲ ထား၊ နန်းတို့သားအမိတွေကြောင့် မင်းကိုယ့်ကို ဒီလိုတွေ ခပ်ကင်းကင်းနေနေတာဆိုရင်တောင် ကိုယ် နားလည်ပေးလို့ရတယ်၊ ဒါပေမယ့် မင်းရဲ့ပုံစံက ကိုယ်နဲ့ပတ်သတ်ရမှာကို
ကြောက်နေတဲ့ ပုံစံဖြစ်နေတယ်၊ ပြောစမ်းပါ ကိုယ်နဲ့ပတ်သတ်ရမှာကြောက်နေတာလား''
"မဟုတ်ပါဘူး''
"အေး.. ဟုတ်လို့လဲ မရဘူး၊ ဘာလို့လဲဆိုရင် ကိုယ်က မင်းရဲ့ယောက်ျားဖြစ်နေလို့''
"အကိုလေး''
သူ့စကားကို မကြိုက်သည့်ပုံစံဖြင့် မျက်စိ မျက်နှာပျက်ကာ တားနေသည့် သက်ထားကို အူယားလာတာမို့ မင်းသစ် မှုန်တည်တည်လေးကြည့်လိုက်တော့..
"ဘာလို့ ဒီလိုတွေပြောနေရတာလဲ အကိုလေးရယ်''
"ချစ်လို့လေ ကိုယ်ချစ်တာကို မင်းမသိချင်ယောင်ဆောင်လွန်းလို့၊ ပြီးတော့ ကိုယ်က မင်းရဲ့ယောက်ျားဆိုတာကို မင်း မေ့နေတယ်ထင်လို့''
အသက်တွေကြီးလာပေမယ့် သူ ချစ်တယ်ပြောတိုင်း မျက်နှာလေး ရဲပေါက်သွားတတ်သည့် ထားက မပြောင်းမလဲ ရှက်သွေးြဖာနေသည်။
ထားကို သူ ချစ်စနိုးလေးဖြင့် ေငးကြည့်ပြီး
ပြုံးလိုက်ကာ..
"မင်းအတွက် မင်း တွေးတတ်အောင် ကြိုးစားပါ ထားရယ်၊ ဘာလို့များ သူများအတွက်ပဲ ကြည့်ပေးနေရတာလဲ''
"ကျွန်မ နေတတ်သလိုပဲ နေတာပါ၊ ဘယ်သူ့အတွက်ရယ်လို့ တွေးပြီးလုပ်နေတာ မဟုတ်ပါဘူး''
"ဒါဆို မင်းနေတတ်တဲ့ပုံစံက ပြဿနာဖြစ်နေတာထင်တယ်၊ ဟိုးအရင်ကလဲ နန်းအတွက်နဲ့ မင်း အရာရာမှာ နောက်ဆုတ်ပေးခဲ့တယ်၊ ဒါကလဲ နန်းက မင်းရဲ့သခင်မမို့လို့ပဲလေဆိုပြီး မင်းရဲ့စိတ်ကို ကိုယ်နားလည်ပေးနိုင်အောင် ကြိုးစားခဲ့တယ်၊ ဒါပေမယ့် သမီးကိုတော့ မင်းလို နောက်မဆုတ်ခိုင်းပါနဲ့၊ သမီးက မင်းရဲ့စကားဆို နားထောင်မှာသေချာတယ်၊ မင်းကိုချစ်တဲ့ သမီးလေးက မင်းရဲ့စကားကို နားထောင်ပြီး မဖြစ်သင့်တဲ့အရာတွေကို လုပ်လိုက်ရင် ဆိုးကျိုးက သမီးလေးပဲခံစားရမှာ၊ ပြီးတော့ မျိုးရိုးဂုဏ် သူ သမီးကို ဘယ်လောက်မြတ်နိုးလဲဆိုတာ ကိုယ်ကြည့်ရုံနဲ့သိတယ်၊ မင်းနဲ့သမိီး နှစ်ယောက် လုပ်ချင်တာ လုပ်လိုက်လို့ ရလာတဲ့ ရလဒ်က ကိုယ်နဲ့မင်းလို ထပ်တူကျတဲ့ ကွဲကွာခြင်းမျိုး ဖြစ်သွားမှာ ကိုယ်မလိုချင်ဘူး၊ အဲ့ဒါကြောင့် အခုကစပြီး
သမီးနဲ့ပတ်သတ်တာအားလုံး ကိုယ်ပဲဆုံးဖြတ်မယ်''
ဒီလောက်ပဲ ပြောပြီး သူမကို စေ့စေ့ကြည့်ကာ
အိမ်ကြီးဘက် ပြန်လှည့်ထွက်သွားသည့်
အကိုလေးရဲ့ ကျောပြင်ကို သူမ ငေးကြည့်နေလိုက်မိသည်။
မျက်နှာချင်းဆိုင်ဆုံကြပြီဆိုရင် ခေါင်းငုံ့ပြီး အကြည့်လွှဲထားတတ်တဲ့ ကျွန်မက အခုလိုလှည့်ထွက်သွားမှ ကျောခိုင်းထားတဲ့ အကိုလေးရဲ့ပုံရိပ်ကို မြတ်မြတ်နိုးနိုး ကြည့်တတ်တာကို
ဘယ်သူကများ သိနိုင်ပါ့မလဲ။
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ ဝေဖန်ပေးပါ😁
အပိုင်း(၂၀)မျှော်
စာရေးသူ-Merida(Tulip)