book

Index 18

အပိုင်း(၁၈)

  • Author : Merida
  • Genres : Romance, Comedy, Drama

🎗🎗 နှောင်ကြိုး 🎗🎗


~~~~~~~~~~


"မေမေက ဘာပြောလဲ''

"ကိုကို့ကို အိမ်ပြန်လာခဲ့ဦးတဲ့''


"ဒါပဲလား တခြားဘာပြောသေးလဲ''

"ဟင့်အင်း''


"သေချာလား''


သူမက ခေါင်းလေးကို တဆတ်ဆတ်ငြိမ့်ပြ၏။

တကယ်လဲ သူမကို ဘာမှပြောမသွားတာပါ။

ကိုကိုရှိလားဆိုတာရယ် အိမ်ပြန်ခဲ့လို့ပြောတာရယ်ကလွဲရင် သူမကို ဘာမှမပြောပဲ ဖုန်းချသွားခြင်းဖြစ်သည်။


"အဲ့ဒါ ကိုကိုပြန်မှာလားဟင်''


သူမ မေးလိုက်တော့ လပ်တော့ပ်ကိုကြည့်ရင်း ကိုကိုက နှုတ်ခမ်းတွေကိုမဲ့ချပြီး ခေါင်းရမ်း၏။


"ဘာလို့လဲဟင်''

"ကိုယ့်ကိုပြန်စေချင်လို့လား''


"အင်းပေါ့''

"ဘာလို့လဲ''


"ကိုကို့မေမေက ကိုကို့ကိုမျှော်နေမှာပေါ့၊ ခက်တို့ ဒီရောက်နေတာ ဘယ်လောက်တောင်ရှိပြီလဲ''


"နှစ်ရက်တောင် မပြည့်သေးပါဘူးကွာ''


ခက်ကသာ ကိုကို့ကိုကြည့်ပြီး ပြောနေတာဆိုပေမယ့် ကိုကို့ရဲ့ အကြည့်တွေက လပ်တော့ပ်ဆီမှလုံးဝမခွာပဲ ခက်နဲ့ကိုကိုစကားပြောနေရတာပါ။


သူမ ပြောနေတဲ့စကားတွေကို စိတ်မဝင်စားသည့်ပုံ လုပ်နေတာမို့ ခက် မျက်​​စောင်းလေးထိုးလိုက်တော့.. 


"ကိုယ့်ကို မျက်စောင်းထိုးနေတာ ကိုယ်သိတယ်နော်''

"မဟုတ်ပဲနဲ့''


"ညာပြန်ပြီကွာ၊ နေဦး ဆေးသောက်ပြီးပြီလား ဟမ်''


လပ်တော့ပ်ကိုအသုံးပြုနေရင်းကနေ မျက်လုံးလေးလှန်ကြည့်ပြီးမေးလာသည့် ကိုကို့ကို သူမ ခေါင်းငြိမ့်ပြလိုက်၏။


ခေါင်းငြိမ့်ပြလိုက်တာနဲ့ ကိုကိုက လပ်တော့ပ်ဘက်ကို ပြန်လှည့်သွားတာမို့...


"ကိုကိုက ဘာလုပ်နေတာလဲ''


ခက်ကို ဂရုမစိုက်ဘဲ ဒီလပ်တော့ကိုပဲ အာရုံစိုက်နေတာမို့ ခက် စူစူအောင့်အောင့်လေးမေးလိုက်တော့ ကိုကိုက သူ့အလုပ်သူလုပ်ရင်းမှ..


"အလုပ်လုပ်နေတာပေါ့''


"ကိုကို့မှာ ဘာအလုပ်ရှိလို့လဲ''

"ဟာ... စော်ကားလှချည်လားကွ၊ ဒီမှာ ကိုယ် မင်းနဲ့မညားခင်ကတည်းက အလုပ်ရှိတယ်''


"ကိုကိုအလုပ်သွားတာလဲ တစ်ခါမှမမြင်ဖူးပါဘူး''


"အလုပ်ကို နေ့တိုင်းသွားနေမှ အလုပ်ရှိတယ်လို့ ထင်နေတဲ့ logicကြီးကို ပြင်လိုက်စမ်းပါကွာ၊ မဟုတ်မှလွဲရော မင်းက ကိုယ့်ကို အလုပ်သွားစေချင်တာလား၊ ကိုယ့်ကိုမျက်စိရှုပ်လို့ ပထုတ်ချင်နေတာမလား''


"မဟုတ်ပါဘူးနော်''

"ဟုတ်လို့လဲမရဘူး မင်းအနားမှာ ကော်နဲ့ကပ်ထားသလို ကပ်နေဦးမှာ၊ အခုက ကိုယ်အပြီးသတ်ပေးမယ့် projectတစ်ခု လုပ်နေရလို့ မင်းကို ဂရုမစိုက်နိုင်သေးတာ''


"ဘာprojectလဲဟင်''


"ကနေဒါက ITကုမ္ပဏီတစ်ခုနဲ့ တွဲလုပ်နေတဲ့ projectလေ၊ ပူတူးနားလည်အောင်ပြောပြရရင် ကော်ဖီဖျော်တဲ့စက်ထုတ်ဖို့ နည်းလမ်းထွင်နေတဲ့သဘောပေါ့''


"ဪ....''


"စက်ရုံကနေလာတဲ့ ကော်ဖီမှုန့်တွေမသုံးဘဲ ကော်ဖီစေ့စစ်စစ်နဲ့ဖျော်တဲ့ ကော်ဖီရဖို့ကို လုပ်နေတာ၊ အဲ့ဒီစက်ထဲမှာ ကော်ဖီစေ့ကို အမှုန့်ဖြစ်အောင်ကြိတ်တဲ့ Grinderလဲပါတယ်၊ အမှုန့်ကိုလဲ ကော်ဖိီဖြစ်သွားအောင် ဖျော်ပေးမယ့် Blenderလဲထည့်ထားသေးတယ်၊ နောက်ပြီး alarmပေးပြီး ဖျော်နိုင်ဖို့အထိ တွေးထားတာ၊ alarmပေးတာက အခု တချို့နိုင်ငံတွေမှာ သုံးနေပြီလေ၊ အခုမှ ကိုယ်တို့ကုမ္ပဏီက စလုပ်ဖို့စီစဥ်တာလေ''


"Alarmပေးပြီး ဖျော်တယ်ဆိုတာ ဘယ်လိုလဲဟင်''

"ဘယ်လိုလဲဆိုတော့... ဥပမာကွာ မနက်6နာရီ အိပ်ယာထဖို့အတွက် ကော်ဖီဖျော်တဲ့စက်မှာပါတဲ့ နာရီကို alarmပေးထားတယ်ဆိုရင် 6နာရီထိုးတာနဲ့ နှိုးစက်လဲမြည်မယ် ကော်ဖီလဲ ဖျော်ပြီးသားဖြစ်နေတာလေ''


"ဟင်.. အဲ့လို တကယ်ရှိတာလား''


သူ ပြောပြတာကို အထူးအဆန်းလိုဖြစ်သွားသ

ည့် ပူတူးက မျက်လုံးဝိုင်းဝိုင်းလေးဖြင့် သူ့ကို မေးနေတာကြောင့်..


"အွန်း.. ရှိတယ် ပူတူးဇာတ်လမ်းတွေထဲမှာ

မမြင်ဖူးဘူးလား''


"ဟင့်အင်း... ခက်က အဲ့လိုနိုင်ငံခြားဇာတ်လမ်းတွေမကြည့်ဘူး''


အခု သူပြောပြသမျှကို မျက်လုံးအဝိုင်းသားပြီး

ငေးစိုက်ကြည့်ပြီး နားထောင်နေတဲ့ပုံက တကယ့်ကို မမြင်ဖူးတာ သေချာသည့်ပုံ။ ဒီလို ထုံထုံအအလေးကို ေခတ်နဲ့အညီ တိုးတက်မှုတွေသိလာအောင် သူ ကြိုစားရဦးမှာပါလား။ 


"ကိုကို''

"ဟင်''


"ကိုကိုက အဲ့လိုစက်ထုတ်ဖို့အထိလုပ်နိုင်တယ်ပေါ့ ဟုတ်လား''


"အဟွန်း.. ကိုယ်က ကနေဒါမှာ ITနဲ့ကျောင်းပြီးတာလေ ပူတူးရဲ့၊ ဒီprojectက ကိုယ့်ရဲ့ ၆ခုမြောက်project''


"ဪ.... ခက်က ကိုကို့ကို အလုပ်မရှိဘူးထင်နေတာ''


စိတ်ထဲထင်တဲ့အတိုင်း အမှန်အတိုင်းပြောလိုက်တော့ ကိုကိုက သူမကို မျက်မှောင်ကျုံ့ကြည့်၏။ ကြည့်လဲမတတ်နိုင်ဘူး။ ကိုကိုအလုပ်သွားတာကို တစ်ခါမှ မှ မမြင်ဖူးတာကို။


"ပူတူး''

"ရှင်''


"ကိုယ်နဲ့လက်မထပ်ချင်တာက ကိုယ့်မှာအလုပ်မရှိဘူးလို့ ထင်လို့လားဟင်''


"ဟင်.. မဟုတ်ပါဘူး၊ ကိုကို့ဘာသာ အလုပ်ရှိရှိ မရှိရှိ ခက်နဲ့ဘာဆိုင်တာမှတ်လို့''


"ဒါဆို ဘာလို့ လက်မထပ်ချင်ရတာလဲ''

"ခက်ပြောပြီးလေ ခက်ကိုဖေဖေက ကိုနေအရိပ်နဲ့...


"တော်.. တော်.. အဲ့ကောင့်နာမည်ထပ်မပြောနဲ့''

"ကိုကိုပဲ မေးပြီးတော့ ဟွန့်''


သူမေးလို့လဲ ဖြေရသေးတယ်။ ဒါကို လာပြီးဒေါသထွက်ပြနေတာမို့ ခက် အမြင်ကပ်ကပ်နဲ့ မျက်စောင်းထိုးပစ်လိုက်ကာ...


"ခက်က ဘယ်တော့မှ အိမ်ပြန်ရမှာလဲ''

"ဘယ်တော့မှ မပြန်ရဘူး ဒါ မင်းအိမ်ပဲ''


"ဒါဆိုလဲ မေမေနဲ့ခက် ဖုန်းပြောပါရစေ၊ ကိုကိုပြောတော့ ကိုကို့စကားနားထောင်ရင် ခက်ကို မေမေနဲ့ဖုန်းပြောခိုင်းမယ်ဆို၊ အခု ခက်တစ်နေ့လုံး ကိုကိုခိုင်းသလို နေတာပဲလေ နော်၊ မေမေနဲ့ ဖုန်းပြောချင်လို့ပါ''


မျက်နှာငယ်လေးနဲ့ တောင်းဆိုနေသည့် ပူတူးကို

ဘာမှပြန်မပြောပဲ သူစိုက်ကြည့်နေမိ၏။


ဒီနေ့ တစ်နေကုန် ပူတူး သူ့စကားကို အရမ်းနားထောင်ပြီး နေနေတယ်ဆိုတာ မှန်ပေမယ့်

သူ့မေမေနဲ့ ဖုန်းပြောခိုင်းအထိ သူခွင့်မပြုချင်ပါ။

ဘာကြောင့်လဲဆိုတာလဲ သူမသိ။


"ကိုကိုလို့..

ေမမေနဲ့ ဖုန်းပြောချင်လို့ပါနော်၊ ခဏပဲ တကယ် ​ခဏပဲလေ''

"မနက်ဖြန်မှပြောကွာ''


"အခုက ဘာလို့လဲ''

"ကိုယ်မအားသေးဘူး''


"ကိုကို မအားတာနဲ့ ခက်ဖုန်းပြောတာနဲ့က

ဘာဆိုင်လို့လဲ၊ ခက်ကို ဖုန်းလေး ခဏပဲပေးလိုက်ရင် ရတာကို''


ခက် အတင်းချော့ပြီးတောင်းနေပေမယ့် ကိုကိုက ခေါင်းရမ်းပြကာ လပ်တော့ပ်ကို ပြန်ကြည့်ပြီး အလုပ်ဆက်လုပ်နေတာမို့...


"ကို..ကို့.''

"ဘာလဲကွာ.. ကိုယ်က မဆက်ရဘူးဆိုရင် မဆက်နဲ့ပေါ့၊ ဘာလို့အရမ်းစကားတွေများနေရတာလဲ ဟမ်၊ အခု ဘယ်အချိန်ရှိနေပြီလဲ၊ သွား အခန်းထဲဝင်ပြီး အိပ်တော့''


သူ့အသံကို တမင်မာပစ်လိုက်ကာ မျက်နှာပါတင်းပြီး ဆူပစ်လိုက်တော့ သူမလေးက ငိုမဲ့မဲ့မျက်နှာလေးနဲ့ မျက်စောင်းထိုးကြည့်နေ၏။


မျက်စောင်းထိုးတာလောက်က သူ့အတွက်မထူးဆန်းပေမယ့် ငိုမဲ့မဲ့လေး ဖြစ်သွားတာကျတော့ သူ စိတ်မကောင်းဖြစ်သွားတာမို့... 


"ကိုယ်က ပူတူးကိုဆူတာမဟုတ်ပါဘူး၊ အခု ကိုယ်တကယ်မအားသေးဘူးလေ၊ ပူတူးလဲ မြင်တာပဲကို၊ အဲ့ဒါကြောင့် အခု ပူတူးက ကိုယ့်ကိုဂျီကျမနေပဲ မနက်ဖြန်မှ ပူတူးမေမေနဲ့ ဖုန်းပြောလေ နော်၊ ကိုယ့်ခလေးလေးက လိမ္မာပါတယ်''


"မသိဘူး ဘာမှလာမပြောနဲ့၊ ကိုကိုက ကတိလဲ မတည်ဘူး၊ ခက်ကို မေမေနဲ့ဖုန်းပြောခိုင်းမယ်ဆိုပြီး အချိုသပ်နေတာ ခက် သိတယ်၊ ကြည့်ထားပါ ခက် ကိုကို့ဆီကနေ ရအောင်ထွက်ပြေးမှာ''


"လွယ်မယ်ထင်ရင် လုပ်ကြည့်ပေါ့''


တကယ့်ကို အနိုင်ဘက်ကနေပဲ ပြောနေတာမို့

ခက် သူ့ကို မျက်​စောင်းသာ အကြိမ်ကြိမ်ထိုးလိုက်၏။


ဆက်ပြီးထိုင်နေရင် ဆက်ပြီးစကားများနေရမှာ

သေချာတာကြောင့် ခက် ထိုင်ခုံလေးကို မှီထားသည့် ဂျိုင်းထောက်လေးကို ဆွဲယူကာ ထရပ်လိုက်ပြီး..


"ကိုကို ခက်ကို အမြဲတမ်း မနိုင်ပါဘူး ဟွန့်..''


"အခုလဲ ကိုယ် အရှုံးပေးထားတာပဲလေ မဟုတ်ဘူးလား''


"ဘယ်နေရာမှာ အရှုံးပေးတာလဲ၊ ခက်ကို ဘယ်တော့မှ ရွေးချယ်ခွင့် ဆုံးဖြတ်ခွင့် မပေးဘူး၊ ကိုကို့စိတ်တိုင်းကျ ခက်ကို နေခိုင်းနေတာ၊ ကိုကို့ကို ခက် အရမ်းအမြင်ကပ်တယ် သိရဲ့လား''


ပြောချင်ရာ ပြောချသွားပြီး ဂျို​င်းထောက်လေးကို အားပြုကာ သူရှေ့မှ လှည့်ထွက်သွားသည့် ပူတူးကြောင့် သူရင်ထဲ အပြစ်မကင်းသလိုဖြစ်သွားသည်။


ဟုတ်ပါတယ်။

သူကလဲ သူမလေး ပြောသွားသလို

သူ့စိတ်တိုင်းကျ လုပ်ချင်တိုင်း လုပ်နေမိတာကို။


စိတ်ကောက်သွားမှန်းမသိပေမယ့် ချက်ချင်းလိုက်မချော့ဖြစ်သေးပဲ လုပ်စရာရှိတာတွေကို လက်စသတ်နေလိုက်၏။


အားလုံးပြီးသွားမှ လပ်တော့ပ်ကို ကောက်ယူကာ

အခန်းထဲ ပြန်ဝင်လာလိုက်တော့ညပူတူးက ကုတင်ပေါ်တွင် ဘေးတစောင်းလေး အိပ်နေတာမို့..

လပ်တော့ပ်ကို စားပွဲပေါ် တင်ခဲ့လိုက်ပြီး သူမလေးရဲ့ ဘေးတွင်ဝင်လှဲလိုက်၏။


သူ့ကို ကျောပေးပြီး အိပ်နေသည့် သူမရဲ့ခေါင်းအောက်ကို လက်တစ်ဖက်လှျိုသွင်းလိုက်ပြီး ကျန်တဲ့လက်ကိုတော့ သူမရဲ့ ခါးသေးသေးလေးတွင် နေရာပေးကာ ဖြန့်ချထားသည့် သူမရဲ့ဆံနွယ်တွေထဲကို ခေါင်းတိုးဝင်လိုက်တဲ့အချိန် သူမ ကိုယ်လေးတွန့်သွားကာ ရုန်းလိုက်တာမို့...


"မရုန်းနဲ့ကွာ၊ ကိုယ်က မင်းကို ချော့မလို့လေ''

"ဟင့်အင်း.. ရတယ် မချော့နဲ့၊ ဖယ်ပါ ခက် ဒီလိုကြီး မနေချင်ဘူး ဖယ်နော်''


"ညကလဲ ဒီလိုကြီးနေတာပဲလေ''

"ညတုန်းက ခက် မှမသိတာ''


"အခုလဲ မသိချင်ယောင်ဆောင်ထားလိုက်ကွာ၊ မင်းကို ကိုယ် လက်မထပ်ရသေးခင်အထိ မင်းမကြည်ဖြူပဲ ဘာမှ ကျူးလွန်ဖို့မရှိဘူး၊ ဒါကြောင့် အခုလိုလေး မင်းကို ကိုယ့်ရင်ခွင်ထဲ ထည့်ပြီး အိပ်တာကိုတော့ မင်းမရုန်းပါနဲ့''


"ဟင့်အင်း...


ခေါင်းလေးရမ်းပြီး ငြင်းဖို့ပြင်လိုက်စဥ်

သူမရဲ့ လည်ပင်းလေး နွေးခနဲဖြစ်သွား၏။


"ခုနက ကိုယ့်ကို စိတ်ဆိုးသွားတယ်မလား''

"......''


"စိတ်မဆိုးပါနဲ့ကွာ၊ ကိုယ်က မင်းကို ချစ်လို့ အခုလိုတွေ လုပ်နေရတာ၊ မင်းပဲ စဥ်းစားကြည့်လေ၊ မင်းက မင်းမေမေနဲ့ ဖုန်းပြောပြီးသွားလို့ စိတ်တစ်မျိုးပြောင်းသွားရင် ဘယ်လိုလုပ်မလဲ''


သူမကို ကြောင်လေးတစ်ကောင် အတင်းတိုးကပ်နေသလိုလေး ပြုမူနေသည့်ကိုကို့ကို

အတင်းတွန်းထုတ်ပစ်ချင်သော်လည်း ဘယ်လိုလွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာ သိတာကြောင့် အားကုန်ခံမနေတော့ဘဲ ငြိမ်နေလိုက်၏။


"ကိုယ်က မင်းကို သိပ်ချစ်တာ''

".......''


"ကိုယ်ပြောတာ ကြားတယ် မဟုတ်လား''

"........''


သူ့ကို ဘာမှပြန်ပြောခြင်းမရှိဘဲ

အသံတိတ်ဆန္ဒပြနေသော သူမ။


တစ်ခါ တစ်ခါကျရင် သူမလေးက

သူ့အပေါ်မှာ ဒီလို ဆိုးတတ်သေးတာပါ။


"မအိပ်ချင်သေးဘူးဆိုရင် ကိုယ်ပြောစရာရှိလို့

ဒီဘက်လှည့်ဦး...


လှည့်ဦးဆိုပြီး သူကပဲ ပုခုံးလေးမှ ဆွဲလှည့်ပစ်လိုက်ပြီး..


"ကိုယ့်ကို စိတ်ဆိုးနေတာလား''


"ကိုကိုက ဘာလို့ ခက်ကိုလိမ်လဲ၊ ကိုကို့စကားနားထောင်ရင် ခက်ကို မေမေနဲ့ ဖုန်းပြောခိုင်းမယ်ဆိုပြီး အခုကျတော့ ကိုကို့သဘောအတိုင်းလုပ်နေတာလေ''


"အဲ့ဒါ ကိုယ်မင်းကိုချစ်လို့လေ၊ တကယ်လို့ မင်းက မင်းမေမေနဲ့ ဖုန်းပြောပြီးမှ လက်မထပ်ချင်တော့ဘူး ဘာညာဆိုရင် ကိုယ်ပဲ အသည်းကွဲကျန်ခဲ့ရမှာ''


"ဘယ်သူက အဲ့လိုပြောမှာလဲ၊ ခက်က ကိုကိုနဲ့အတူရှိနေတာကို မေမေတို့လဲ သိနေတာကို မေမေက ဘာပြောမှာမို့လို့လဲ''


"အဲ့လိုပဲ ထင်တာလား''


ခက် ခေါင်းငြိမ့်ပြလိုက်၏။

ကိုကိုက ဘာမှ ထပ်မပြောပေမယ့် သက်ပြင်းချသံလေးကြားလိုက်မိတာမို့ ခက် ကိုကို့ကို ပြန်မော့ကြည့်ကာ..


"အမှန်ဆိုရင်လေ ကိုကိုက ခက်ကို ခိုးလာတာမို့လို့ မေမေတို့ဆီပြန်အပ်ရမှာကို သိတယ်မလား''


"မသိချင်ပါဘူး''


"ဟင်.. မသိချင်လို့မရပါဘူး၊ ကိုကို့ကို ခက် ဘာမှမပြောရဲလို့ ငြိမ်နေတာဆိုပေမယ့် ကိုကိုကတော့ ဒါတွေကို သိရမှာလေ''


"ဟုတ်ပါတယ်၊ ဒါပေမယ့် အဲ့ဒါက ပုံမှန် ခိုးပြေးကြတဲ့ သမီးရည်းစားတွေအတွက်တော့ အဆင်ပြေရင် ပြေမှာပေါ့၊ ကိုယ်ကျတော​့ မတူဘူးလေ''


"ဘာမတူတာလဲ''


စကားကို ဝေ့လည်ကြောင်ပတ် ပြောနေတာမို့

ခက် စိတ်တိုတိုဖြင့် အော်ပြီးမေးလိုက်တော့

ကိုကိုက သူမကို အံ့ဩသလိုကြည့်ကာ..


"အခု ကိုယ့်ကို အော်တယ်ပေါ့ ဟုတ်လား

ပူတူး''

"ခက်ကို စိတ်တိုအောင် လုပ်နေတာကို ေအာ်မှာပေါ့''


ခက် ကိုကို့ကို မျက်စောင်းလေးချီကာ

မျက်နှာကို ခပ်လွှဲလွှဲလေး လှည့်ထားလိုက်၏။


"ဒီမှာ ကိုယ်ပြောတာ ဘာစိတ်တိုစရာပါလို့လဲ၊ မင်းနဲ့ကိုယ်က ချစ်သူတွေမဟုတ်ဘူး၊ အဲ့ဒါအပြင် ကိုယ်က မင်းကိုကားနဲ့တိုက်ပြီးကို

ခိုးလာရတာလေ၊ အဲ့ဒါကို မင်းပြောသလို ခိုးပြေးထားတာမို့ မိဘအိမ်ပြန်အပ်ရဦးမယ်ဆိုရင် ကိုယ်ရင်ကွဲမှာပေါ့၊ အပ်ပြီးသွားမှ ကိုယ်ကပြန်တောင်းလို့ မင်းကို ကိုယ့်ဆီပြန်မပေးရင် ဒါမှမဟုတ် မင်းက ကိုယ့်ဆီပြန်မလာဘူးဆိုရင် ကိုယ်က ဘာလုပ်ရမှာလဲ''


"ကိုကို အတွေးလွန်နေတာပါ''


"ဟုတ်ပြီ ကိုယ်အတွေးလွန်နေတယ်ပဲထားဦး၊ ဒါဆို ကိုယ်က မင်းကိုတစ်ခုမေးမယ်၊ မင်းရဲ့မေမေက ကိုယ်နဲ့မင်းကို သဘောမတူပါဘူးဆိုရင် မင်း ကိုယ်နဲ့လက်ထပ်မှာလား''


"ဟင်..


သူ့ရင်ခွင်ထဲကနေ သူ့ကိုမော့မော့လေးကြည့်ပြီး

တစ်ခုခုကို စဥ်းစားနေဟန်ရှိသည့် သူမလေးကြောင့် ရင်ထဲ ထူပူသွားသည်။


ဒီလိုလေး မေးလိုက်တာနဲ့ ချက်ချင်းတွေဝေသွားသည့် သူမကို သူက ဘယ်လိုစိတ်မျိုးနဲ့ စိတ်ချလို့ရမှာလဲ။


"မဖြေနိုင်ဘူး မဟုတ်လား''

"ဒီလို အခြေအနေထိ ရောက်ပြီးမှတော့ မေမေက သဘောတူမှာပါ''


"မဟုတ်ဘူး ပူတူး၊ ကိုယ်သိချင်တာက မင်းမေမေက ကိုယ်နဲ့သဘောမတူရင် မင်း ဘယ်လိုလုပ်မလဲဆိုတာပဲ''


"ဟင့်အင်း.. ခက် မသိဘူး၊ ခက် ဒီအရွယ်အထိ မေမေ လက်မခံဘူးဆိုတဲ့အရာ တစ်ခါမှ မလုပ်ဖူးဘူး''


"ဒါဆို အခုလဲ မင်းမေမေက ကိုယ်နဲ့သဘောမတူဘူးဆိုရင် ကိုယ့်ကို ထားခဲ့မှာပဲပေါ့''


"မေမေ့မှာ နှလုံးရောဂါရှိတယ်၊ ခက်ကြောင့် မေမေတစ်ခုခု ဖြစ်သွားမှာ ခက်ကြောက်တယ်''


သူ့မေးခွန်းကို တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်ပြီးဖြေပေးနေတဲ့ အဖြေတွေက သူ မလိုချင်တဲ့ အဖြေတွေ။


ဘယ်ဘက်က ယှဥ်တိုက်တိုက်

နောက်ဆုံးမှာ သူရှုံးမယ့်တိုက်ပွဲများလား။


သူမေးနေသမျှကို အနည်းငယ်တွေဝေတာကလွဲရင် မျက်နှာလေးက မှုန်တေတေဖြင့် အတည်ပေါက်လေးဖြစ်နေတာကြောင့် သူမ ကိုယ်လေးကို တင်းခနဲနေအောင် ဖက်ထားပြီး

သူ သက်ပြင်းရှည်ကြီးချလိုက်ကာ


"မင်း ဖြေတဲ့အဖြေက ကိုယ့်ကိုစိတ်ချမှု မပေးနိုင်သရွေ့ မင်းဖုန်းပြောရဖို့မတွေးနဲ့''


"ကိုကိုပြောတော့ မနက်ဖြန်ဆို''


"အခု မရတော့ဘူး၊ မင်းဘက်မှာ ကိုယ့်ကိုထားခဲ့မယ့် အကြောင်းအရာတွေ တန်းစီရှိနေသေးသ၍

ကိုယ်ဘက်က တတ်နိုင်သလောက် ဆွဲထားဖို့ ကြိုးစားရမှာပဲ၊ ဒါမှ တရားမှာပေါ့''


"ကိုကိုနော် ခက်ကို ဒီလိုလှောင်ပိတ်ထားလို့

မရဘူး''


"လှောင်ပိတ်ထားတယ်ထင်ရင်လဲ ဟုတ်တယ် ပိတ်တယ်ကွာ၊ ဒါပေမယ့် ဒီလှောင်ချိုင့်ထဲကနေ လွတ်မြောက်နိုင်တဲ့ သော့က မင်းနှုတ်ခမ်းဖျားလေးကနေ ထွက်ကျလာမယ့် စကားလုံးတစ်ချို့ပဲဆိုတာ သိတယ်မဟုတ်လား''


ရီဝေနေသည့် သူ့အကြည့်တို့ကြောင့် ခက် ဒေါသထွက်နေပေမယ့် ဘာပြန်ပြောရမှန်းပင်မသိ။


စကားပြောနေရင်းကနေ သူမရဲ့ ခေါင်းလေးကိုငုံ့နမ်းလိုက်၊ နဖူးလေးကို ခပ်ဖွဖွလေး ကပ်နမ်းလိုက်နဲ့ သူ့စိတ်ကြိုက်ပြုမူနေတာမို့ ခက် သူ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့်တွန်းကာ ရုန်းလိုက်တော့...


"ကိုယ် ပြောပြီးပြီနော် မရုန်းနဲ့လို့၊ အခု မင်းပုံစံက အရမ်းချစ်စရာကောင်းနေတဲ့အပြင်၊ ကိုယ် တစ်ခုခုလုပ်ရင် မင်းဘက်က မရုန်းနိုင်တဲ့ အခြေအနေနော်၊ အဲ့တော့ ကိုယ်စိတ်တိုလာအောင် မစနဲ့ မဆွနဲ့ ကြားလား''


"ဒါဆိုလဲ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် 

အိပ်ပါ့လား၊ ဘာလို့ သူများကို လာဖက်နေလဲ''


"ဖက်ချင်လို့ ဖက်တာပေါ့၊ မင်းဖြစ်နေလို့ကို ဖက်ချင်တာ၊ အိပ်တော့ကွာ မင်းအရမ်းစကားများတယ်''


သူမကို အပြစ်တင်သလိုလေး ပြောပြီး

မျက်လုံးတွေ မှိတ်ချသွားသည့် သူ့ကို

မော့မော့လေး ငေးကြည့်နေမိသည်။


အလိုမကျရင် တွန့်ကုတ်ပြီး ထိလု ထိချင်ဖြစ်သွားတတ်သည့် မျက်ခုံးထူထူလေး နှစ်ခုက အခုတော့ သွယ်သွယ် တန်းတန်းလေးဖြစ်နေသည်။


အမြဲတမ်းစူးရှသည့် အကြည့်တို့ကြောင့် သူမ ရဲရဲမကြည့်ရဲခဲ့သည့် မျက်ဝန်းတို့ကတော့ မှေးစက်အနားယူနေ၏။


နှာတံစင်းစင်းလေးနဲ့ လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းတို့က မိန်းကလေးများထက်ပင် ပိုပြီးကြည့်လို့ကောင်းတာမို့ တစ်ခါ တစ်ခါ ခက် သူ့ကိုငေးကြည့်မိတာ အမှန်။


ရုပ်ရည် ဥစ္စာပစ္စည်း ပညာအရည်အချင်း

ဒီလောက် အားလုံး ပြည့်စုံနေသည့် သူက

သူမလို လိုအပ်ချက်တွေများတဲ့ မိန်းကလေးကို

ချစ်ပါတယ်ဆိုတာ ယုံသင့်လို့လား။


"အိပ်တော့ ပူတူးရေ၊ မင်းကတော့ ကိုယ့်ကို ဘာလို့ ဒီလောက်စိုက်ကြည့်နေလဲမသိပေမယ့် ကိုယ်ကတော့ နေရခက်တယ်ကွ၊ အိပ်တော့ ကြည့်ချင်ရင် မနက်မှ သေချာကြည့်''


"ခက်.. ခက်က ကိုကို့ကို ဘယ်မှာကြည့်လို့လဲ''


"လိမ်ရင် အိပ်မက်ထဲထိ ကိုယ်လာပြီး လုပ်ချင်တာတွေ လုပ်ပစ်မှာနော် ဟွန့်.. အိပ်ပါတော့ဆိုကွာ အိပ် အိပ်..


ကလေးချော့သိပ်သလို သူမရဲ့ကျောလေးပုတ်ပြီး ချော့သိပ်နေတဲ့သူ့ကို အမြင်ကပ်ကပ်နဲ့ မျက်စောင်းထိုးကြည့်လိုက်တော့ သူက ပြုံးတုံ့တုံ့ဖြင့်..


"ကလေးလို ချော့သိပ်တာ မကြိုက်ဘူးထင်တယ်၊ ဒါဆို လူကြီးလိုချော့မယ်နော်၊ မျက်လုံးလေးတွေမှိတ်ထားလိုက် ကိုယ်သီချင်းဆိုပြမယ်''


🎼နှလုံးသားကို ရစ်ဖွဲ့ခဲ့ပြီ ဒီကြိုးလေး

မမြင်နိုင်လဲ ရုန်းလို့မရတော့ဘူး


🎼သူ့ဆွဲငင်အား လွှဲမရနိုင်လို့

ဒီနှောင်ကြိုး ချည်နှောင်မဆုံး


🎼အစွဲအလန်းဟာ ဖြတ်တောက်မရအောင်လွန်ကဲနေ ဒီအလှများ အသည်းကကိုးကွယ်ခဲ့


🎼ဘာကြောင့် ဒီလောက်များ.. ရစ်ဖွဲ့နေလဲ

ဒီနှောင်ကြိုး ဖြည်ပါဦး


🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်

မင်းကမသိပေမယ့် 

အိပ်မက်လှလှမက်မယ် ကိုယ်မင်းနဲ့


🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်

ထပ်တိုးရစ်ချည်ဆဲ

ခံစားချက်များနဲ့ ပြည့်လျှံနေတဲ့အသည်း


🎼ဘယ်သူလာမြင်နိုင်မှာလဲ

🎼အကြင်နာတွေ ေရာင်ပြန်ပေးကွယ်

🎼ဒီနှောင်ကြိုး ဘယ်ဘဝအထိ ရှိနေမလဲ


🎼အရိပ်တစ်ခုလို တမ်းတမှုဟာပြန်မရခဲ့

ဒီရင်ထဲ မင်းတစ်ယောက်တည်းကိုပဲ


🎼နေှာင်ကြိုးရှင်လေး လှည့်ကြည့်ပါဦး

ရင်ခုန်ရင်း မျှော်လင့်ခြင်း


🎼အစွဲအလန်းဟာ ဖြတ်တောက်မရအောင်လွန်ကဲနေ ဒီအလှများ အသည်းကကိုးကွယ်ခဲ့


🎼ဘာကြောင့် ဒီလောက်များ.. ရစ်ဖွဲ့နေလဲ

ဒီနှောင်ကြိုး ဖြည်ပါဦး


🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်

မင်းကမသိပေမယ့် 

အိပ်မက်လှလှမက်မယ် ကိုယ်မင်းနဲ့


🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်

ထပ်တိုးရစ်ချည်ဆဲ

ခံစားချက်များနဲ့ လှများ အသည်းကကိုးကွယ်ခဲ့


🎼ဘာကြောင့် ဒီလောက်များ.. ရစ်ဖွဲ့နေလဲ

ဒီနှောင်ကြိုး ဖြည်ပါဦး


🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်

မင်းကမသိပေမယ့် 

အိပ်မက်လှလှမက်မယ် ကိုယ်မင်းနဲ့


🎼နေှာင်ကြိုးလေးတစ်မျှင်ရယ်

ထပ်တိုးရစ်ချည်ဆဲ

ခံစားချက်များနဲ့ ပြည့်လျှံနေတဲ့အသည်း


🎼ဘယ်သူလာမြင်နိုင်မှာလဲ

🎼အကြင်နာတွေ ေရာင်ပြန်ပေးကွယ်

🎼ဒီနှောင်ကြိုး ဘယ်ဘဝအထိ ရှိနေမလဲ


ဂုဏ် သီချင်းလေးဆုံးသွားတာနဲ့ သူ့ရင်ခွင်ထဲက ပူတူးလေးကို ပြန်ကြည့်လိုက်၏။ အခုတော့ဖြင့် ခုနကနဲ့မတူအောင် ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်နေတာမို့ သူ ပြုံးလိုက်ပြီး သူမရဲ့နဖူးလေးကို ဖိကပ်နမ်းရှိုက်လိုက်ရင်း..


"Good night baby♥

Sweet dream♥"


>>>>>>>>>><<<<<<<<<<


"မမ''


ရုံးခန်းထဲတွင် စာရင်းတွေလုပ်နေရာမှ ဆောင့်ကြီးအောင့်ကြီး ခေါ်သံကြောင့် အနွယ် ခေါင်းထောင်ကြည့်လိုက်၏။


ရုံးခန်းတံခါးဝကနေ သူမကို စူပုတ်ပုတ်ကြည့်နေသည့် ခေတ်ကြောင့် သူမလဲ မျက်စောင်းထိုးကာ..


"ဘာလဲ ဘာကိစ္စရှိလို့ ငါ့ရုံးခန်းလာတာလဲ''


"ဘာကိစ္စရှိရမှာလဲ၊ ဂုဏ်လေးကြောင့်ပေါ့''


ခေတ်က မျက်နှာချင်းဆိုင်က ခုံတွင် ဝင်ထိုင်ရင်းပြော၏။ ပြီးတာနဲ့ စားပွဲပေါ်မှာရှိသည့် စာရွက်တွေကို ဟိုလှန် ဒီလှန်လုပ်ကာ


"အိမ်မှာဆိုရင် မေမေက ဂုဏ်လေးအကြောင်း

အဟကိုမခံလို့လေ၊ အဲ့ဒါကြောင့် မမရုံးခန်းကို လိုက်လာတာ''


"ဟုတ်တယ်ဟ၊ မေမေက အခု ဂုဏ်လေးကို

အရမ်းစိတ်ဆိုးနေတာ၊ ငါဆို ဟိုအိမ်ကို သွားချင်တာကို မေမေစိတ်ဆိုးမှာကြောက်လို့ မသွားရဲဘူး''


"မမက ဘာလို့ သွားချင်တာလဲ''


"ဟဲ့ ဘာလို့သွားချင်ရမှာလဲ၊ ကလေးတွေ အဆင်မှပြေရဲ့လားလို့ပေါ့၊ နွေသစ်ခက်လေးကလဲ ကားတိုက်ခံရလို့ ​ခြေထောက်က ကောင်းကောင်းမလျှောက်နိုင်လို့ ဂျိုင်းထောက်နဲ့သွား​ေနရတာတဲ့ဟ''


"မမကို ဘယ်သူကပြောတာလဲ''


"ဒေါ်ထွေးလေ ငါမနေ့က တော်ဝင်နန်းကို

ဖုန်းဆက်ကြည့်တာ၊ ဒါနဲ့လေ ငါက နွေသစ်ခက်နဲ့ ဖုန်းပြောချင်လို့ ခဏလောက်ခေါ်ပေးပါလို့ ပြောတာကို ဒေါ်ထွေးက ဘာပြောတယ်မှတ်လဲ''


အနွယ် ေမးငေါ့ပြီးမေးလိုက်တော့

ခေတ်က ဘာပြောလဲဆိုသည့်သဘောဖြင့်

မျက်ခုံးလေးပင့်ပြ၏။


"ဂုဏ်လေးက နွေသစ်ခက်ကို ဖုန်းမပြောခိုင်းဘူးတဲ့ဟ''


"မမနဲ့မပြောခိုင်းတာလားဟင်''


"မဟုတ်ဘူး ဘယ်သူနဲ့မှ မပြောခိုင်းတာတဲ့၊ အဲ့ဒါ နွေသစ်ခက်လေးက သူ့အမေနဲ့ဖုန်းပြောချင်နေတာတဲ့''


အနွယ် စိတ်မကောင်းသလိုလေးပြောလိုက်တော့

ခေတ်က ခဏငြိမ်သွား၏။

ပြီးမှ အနွယ့်ကို ပြန်ကြည့်ကာ..


"မမ ခေတ်တို့ဘယ်လိုလုပ်ကြမလဲဟင်၊ ဒီအတိုင်းဆိုရင် မေမေက သူတို့ကို စိတ်ဆိုးပြေမှာမဟုတ်ဘူး၊ ပြီးတော့ ဂုဏ်လေးကလဲ သူ့မိန်းမကို လက်ခံမပေးရင် အိမ်ပြန်လာမယ်မထင်ဘူးနော်''


"အေးပါဆို မေမေကမှ လက်ခံမပေးရင် တို့တွေက ဘာတတ်နိုင်မှာလဲ၊ သူတို့ကိုတွေ့ချင်ရင် တော်ဝင်နန်းကိုသွားတွေ့ရုံပေါ့''


"အို.. မသွားနိုင်ပါဘူး၊ ခေတ်က ကိုယ့်မောင်လေးကိုပဲတွေ့ချင်တာလေ၊ တော်ဝင်နန်းကိုလိုက်သွားရင် ဟိုကလေးမကိုပါ မြင်နေရမှာပေါ့''


"ဒါကတော့ မြင်ရမှာပေါ့ဟဲ့၊ နင်က မမြင်ချင်ပါဘူး မတွေ့ချင်ပါဘူးဆိုပြီး မသွားပဲနေရင်ရော ဂုဏ်လေးက နင့်ကိုလာတွေ့မယ်ထင်လား''


အနွယ် ဒီလိုမေးလိုက်တော့ ခေတ်က နှုတ်ခမ်းလေးကို မဲ့ချပစ်၏။


နွေသစ်ခက်ကို သေချာတွေ့ကြည့်ပြီး စကားမပြောဖူးပေမယ့် ခေတ်လိုတော့ မတွေ့ချင် မမြင်ချင်လောက်အောင် သူမ မမုန်းပါ။


မဟုတ်ဘူး။

မမုန်းဘူးဆိုတာထက် နွေသစ်ခက်ကို 

အနွယ် ချစ်စရာလေးလို့မြင်မိသည်လေ။


"နေစမ်းပါဦး ခေတ်ရယ်၊ ခေတ်က ဘာလို့ နွေသစ်ခက်လေးကို ဒီလောက် ခါးခါးသီးသီးဖြစ်နေရတာလဲ ဟမ်၊ မမ မြင်ရသလောက်တော့ နွေသစ်ခက်လေးက ချစ်ဖို့ကောင်းပါတယ်''


"ချစ်ဖို့ကောင်းတယ် ဟုတ်လား ဟွန့်၊ မမက သူနဲ့စကားပြောကြည့်ဖူးလို့်လား၊ ခေတ်က သူနဲ့တစ်ခါတွေ့ဖူးတယ်''


"ဘယ်တုန်းကလဲ''


"သိပ်မကြာသေးပါဘူး၊ ဂုဏ်လေးက သူ့ကို

တောင်းပေးဖို့ အိမ်လာပြောတဲ့နေ့ကို မမမှတ်မိတယ်မလား''


"အွန်း မှတ်မိတယ်''

"အဲ့ဒီနေ့ပြီး နောက်ရက်ပဲ ခေတ် သူ့ရဲ့ကျောင်းကိုလိုက်သွားတာ''


ခေတ်ရဲ့စကားကြောင့် အနွယ် မျက်လုံးပြူးသွားရသည်။ ကျောင်းကို လိုက်သွားတယ်တဲ့လေ။

ခေတ်ရဲ့စိတ်ကိုလဲ သိနေတာမို့ ဒါ ကောင်းသောသွားခြင်း မဟုတ်တာတော့ သေချာသည်။


"ခေတ်က သူ့ကို ဂုဏ်နဲ့မပတ်သတ်ဖို့ သွားပြောတာကို သူက ဘာပြန်ပြောတယ်ထင်လဲ၊ သူက ပတ်သတ်နေတာမဟုတ်ပဲ ဂုဏ်လေးကသာ သူ့ကို လိုက်ပတ်သတ်ပြီး နှောင့်ယှက်နေတာမို့လို့

ကိုယ့်​မောင်ကို နိုင်အောင်ထိန်းပါတဲ့လေ၊ ဘယ်လောက် အမြင်ကပ်ဖို့ကောင်းလဲ၊ ပြီးတော့ ပြောသေးတာ ခေတ်တို့မိသားစုထဲကို ဝင်လာဖို့အတွေးမရှိလို့ နောက်ကို သူ့ကိုဒီလိုမျိုး လာပြီး မပြောပါနဲ့တဲ့ ဟွန့်.. အခုကျတော့ ခေတ်တို့မိသားစုထဲကို ရရာအပေါက်ကနေကို ဇွတ်တိုးဝင်လာတာပဲကို အပြောကြီးနေသေးတာ''


"ပူတူးက ဒီလိုပြောတာ တကယ်လား''


"ဟင်..

"ဂုဏ်လေး''


ဘယ်အချိန်ကတည်းက ရောက်နေသလဲမသိသော ဂုဏ်က ရုံခန်းထဲ ဝင်ချလာပြီး ခေတ်ကို စေ့စေ့ကြည့်ကာ..


"မလေးက ဘာလို့ ပူတူးကို ဒီလိုသွားပြောရတာလဲ၊ ကျွန်တော် သူ့ကိုမထိဖို့ ပြောထားတယ်မဟုတ်လား''


"မင်း ဒီလောက် အကဲဆတ်မနေစမ်းပါနဲ့၊

ငါကလဲ တားလို့ရမယ်ထင်လို့ တားတာပေါ့''


"ဘယ်သူက တားခိုင်းလို့လဲ မလေးရာ၊ မလေးကို အစကတည်းက ဝင်မရှုပ်ဖို့ ပြောထားရက်နဲ့''


စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေထဲကို လက်ချောင်းတွေထိုးထည့်ပြီး ပြောလိုက်တော့ မလေးက သူ့ကို မျက်စောင်းထိုးသည်။


အခုမှတွေးမိတာက မလေး ဒီလိုတွေ ပြောထားလို့ ပူတူးက သူနဲ့လက်ထပ်ဖို့ကို ဒီလောက် အသည်းအသန်ငြင်းနေတာများလား။


"အဲ့လောက်လဲ ရုပ်ပျက်မနေစမ်းပါနဲ့ ဂုဏ်ရယ်၊

အခုလဲ မင်းစိတ်ကြိုက် မင်းလုပ်ချင်သလို လုပ်ထားတာပဲ မဟုတ်လား''


"ဘာကို ကျွန်တော့်စိတ်ကြိုက်လဲ မလေး၊ ကျွန်တော်ဖြစ်ချင်တာက သူ့အချစ်ကိုရပြီးမှ နှစ်ဖက်မိဘ သဘောတူကြည်ဖြူမှ လက်ထက်ကြဖို့လေ၊ အခု ဘာတွေက ကျွန်တော့်စိတ်တိုင်းကျဖြစ်နေလဲ ဟမ်၊ ပူတူးကို သူများနဲ့စေ့စပ်မှာစိုးလို့

ကားနဲ့တိုက်ပြီး ခိုးပြေးလာရတယ်၊ သူလဲ ဒဏ်ရာရသွားသလို ကျွန်တော့်ကို လက်ထပ်ဖို့အတွက် အခုထိ ခေါင်းမငြိမ့်သေးလို့ ကျွန်တော်လဲ ရူးချင်နေတာ''


"ဘယ်လိုပဲဖြစ်ဖြစ် အခု မင်းသူ့ကို ရသွားတယ်မလား''


"ဟုတ်တယ် ရတယ်၊ ကျွန်တော်လိုချင်တဲ့ သူ့ရဲ့စိတ်ကိုတော့မဟုတ်ဘူး၊ ကျွန်တော့်ကို လက်မခံရဲတဲ့ မချစ်ရဲတဲ့ စိတ်မဲ့နေတဲ့ လူကိုပဲ ရထားတာ၊ အခု အဲ့ဒီလူပျောက်သွားမှာစိုးလို့ ကျွန်တော့်မှာ အရိပ်တကြည့်ကြည့်နဲ့''


ဂုဏ် ဒီလိုပြောတော့ ခေတ်က ပိုလိုက်တာဆိုသည့် အကြည့်မျိုးဖြင့် ကြည့်ကာ မျက်နှာကို ဆတ်ခနဲလှည့်ပစ်သည်။


ဂုဏ်ကလဲ ခေတ်ကို စူးရဲပြီး ဒေါသပါသည့်

မျက်လုံးတို့ဖြင့်ကြည့်နေသေး၏။


သူတို့နှစ်ယောက်အလယ်မှ အနွယ် ဘယ်သူ့ကို

ဘာစကားပြောရမှန်းလဲ တကယ်မသိတော့တာကြောင့် ထရပ်လိုက်ပြီး ဂုဏ်လေးအနားကိုသွားကာ..


"ကဲပါ ဒါတွေ ခဏထားပါဦး၊ အခု ဂုဏ်လေးက မကြီးဆီလာတာလား''


"ဟုတ်တယ်''


"ဘာကိစ္စနဲ့လဲဟင် ပြောလေ၊ မကြီးက ဘာလုပ်ပေးရမှာလဲ''


"ဘာမှလုပ်မပေးရပါဘူး၊ ဒေါ်ထွေးက မကြီး ဖုန်းဆက်တယ်လို့ပြောလို့၊ မေမေက အခုထိ ကျွန်တော့်ကို စိတ်ဆိုးနေသေးတာလား''


"အွန်း.. အခုတော့ စိတ်ဆိုးနေတာပေါ့၊ မနေ့က အိမ်ပြန်လာခဲ့လို့ မေမေက ဂုဏ်လေးကို ဖုန်းဆက်ပြောထားတယ်ဆို၊ ဘာလို့ အိမ်ကို မလာတာလဲ''


ဂုဏ်က အငယ်ဆိုပေမယ့် အရပ်ကြီးက သူမတို့ထက် ခေါင်းတစ်လုံးစာလောက် ပိုရှည်နေတာမို့

အခု အနွယ်က သူ့ကိုမော့ကြည့်ပြီး မေးနေရခြင်းပါ။


"ပူတူးကို လက်ခံမပေးမချင်း အိမ်ကိုပြန်လာဖို့

အတွေးမရှိသေးလို့''


"ဒါပေမယ့် မကြီးထင်တာကတော့ မင်းကိုယ်တိုင် မေမေ့အနားကပ်ပြီး လက်ခံအောင်

ပြောသင့်တယ်ထင်တယ်၊ မေမေက မင်းကိုချစ်တော့ သိပ်ပြီးတောင် ပြောရမယ်မထင်ဘူး၊ အခုကလဲ နွေသစ်ခက်လေးကို လက်မခံနိုင်တာထက် လုပ်ချင်ရာ လုပ်သွားလို့ မင်းကိုစိတ်ဆိုးတာပါ၊ မေမေနဲ့ပြိုင်ပြီး ငြင်းမနေပါနဲ့တော့၊ မေမေ့ကို သေချာနားဝင်အောင်ပြောကြည့်ပါ

မေမေ လက်ခံမှာပါ''


"ကျွန်တော့်ကို မေမေက မယုံတာပါ၊ ကျွန်တော် ရွေးယူလိုက်တဲ့မိန်းမကို တွေ့တောင် တွေ့မကြည့်ပဲနဲ့ အခုလို မ​ေခါ်နိုင် မပြောနိုင်ဖြစ်သွားတယ်ဆိုတာ ကျွန်တော့်ကို မယုံလို့ပေါ့''


မကျေမနပ်ဖြင့် ဂုဏ်ပြောလိုက်တော့ အနွယ်က ခေါင်းလေးရမ်းကာ ငြင်းဖို်ပြင်လိုက်၏။


ထိုစဥ် အနွယ့်ထက် နှုတ်သွက်တဲ့ ခေတ်က..


"မင်းကို မယုံတာမဟုတ်ပါဘူး၊ ဟိုကလေးမကို မယုံတာဖြစ်မှာပေါ့''


"ပူတူးကို ရွေးချယ်ထားတဲ့လူက ကျွန်တော်ဖြစ်နေတာနဲ့တင် လက်ခံလိုက်လို့မရဘူးလား''


"အို.. ဒါကတော့ မေမေဘက်ကလဲ တွေးကြည့်ဦးလေ၊ ကိုယ့်သားကို ဘယ်လိုအခြေအနေမှန်းမသိတဲ့ မိန်းကလေးနဲ့ ဖြစ်ချင်ရာဖြစ် လက်ခံပေးလိုက်ရမှာလား၊ မေမေက အရူးမှမဟုတ်ပဲ''


"ဒါဆို ကျွန်တော်က ရူးနေတာပေါ့လေ၊ ထားပါ အခုကျွန်တော်လာတာကလဲ မေမေ ကျွန်တာ်တို့ကို လက်ခံပေးဖို့အတွက်မဟုတ်ပါဘူး၊ မကြီး ကျွန်တော့်ဆီဖုန်းဆက်တယ်ဆိုတာရယ် မေမေ ဖုန်းဆက်တယ်ဆိုတာရယ်ကြောင့် ဘာကိစ္စရှိလဲဆိုပြီးလာတာ အခု ကျွန်တော်ပြန်မယ်''


"ဟဲ့..ဟဲ့.. ဂုဏ်လေး..

ဪ... ဒီကောင်လေးနဲ့တော့ ခက်လိုက်တာနော်


ပြန်မယ်ဆိုတာနဲ့ သူမတို့ကို လှည့်တောင်မကြည့်ဘဲ ထွက်သွားသည့် ဂုဏ်လေးကြောင့် ညီအစ်မနှစ်ယောက်လုံး မျက်နှာပျက်သွား၏။


လုပ်ချင်ရာ လုပ်သွားတဲ့သူက ဂုဏ်ဆိုပေမယ့်

အတင်းချော့မော့နေရတာက အနွယ်နဲ့ ခေတ်။


စိတ်ဆိုးနေတာက မေမေဖြစ်ပြီး

မခေါ်နိုင် မပြောနိုင်ဖြစ်နေတာက ဂုဏ်။


အားလုံးထဲကမှ အခုချိန်အထိ ဘာမှမသိသေးတဲ့

ဖေဖေဆီကနေ ဘာသံထွက်လာမလဲဆိုတာလဲ

ရင်တုန်နေရသေးသည်။


သူမတို့ကသာ တွေးပြီးပူနေရတာပါ။

မျိုးရိုးဂုဏ်ဆိုတဲ့ ကိုယ်တော်လေးကတော့

သူအပြစ်လုပ်ထားတာ မဟုတ်တဲ့အတိုင်း ခပ်တည်တည်ပါပဲ။


အင်းလေ။

ဂုဏ်က ဘယ်တုန်းကများ ဘာအတွက် ညာအတွက်ဆိုပြီး တွေးပြီးပူတတ်တာမှတ်လို့။


>>>>>>>>>><<<<<<<<<<


ဧည့်ခန်းထဲမှ ဆိုဖာတွေကို ဖုန်သုတ်နေစဥ်

အနောက်က ခြေသံကြောင့် ဒေါ်ထွေး ဧည့်ခန်းအပြင်ကို ထွက်ကြည့်လိုက်၏။


ဂုဏ်လေးခေါ်လာတဲ့ ကောင်မလေးက ပတ်တီးအဖွေးသားဖြင့် ခြေထောက်လေးကို ထော့နဲ့ ထော့နဲ့ဖြင့် လှေကားလက်ရန်းကို  အားပြုကာ အောက်ထပ်ကို ဆင်းလာတာ လှေကားအခြေနားကို ရောက်နေတာမို့ ဒေါ်ထွေး လက်ထဲမှ ကြက်မွှေးလေးကို ပစ်ချကာ ထိုကလေးမလေးဆီပြေးသွားလိုက်ရ၏။


"သမီး.. ဘာလို့အောက်ထပ်ဆင်းလာတာလဲကွယ်၊ တစ်ခုခုလိုချင်ရင် ဒေါ်ထွေးကို ခေါ်လိုက်ပေါ့''


သူမကို လာတွဲပေးရင်းမှ စိတ်ပူသည့်ပုံစံဖြင့်

ပြောနေသော အမျိုးသမီးကြီးကို ခက် ပြုံးပြလိုက်ပြီး


"ခက် အပေါ်မှာတစ်ယောက်တည်း ပျင်းလို့ပါ''


"ဟုတ်လား.. ဂုဏ်လေးလဲ ပြန်လာတော့မှာပါ၊ သမီးကို ဂရုစိုက်ဖို့ မှာသွားပေမယ့် ဒေါ်ထွေးလဲ အလုပ်တွေမအားသေးတာနဲ့ သမီးကို လာမကြည့်ဖြစ်လိုက်ဘူး''


"ခက် သက်သာပါတယ်၊ ဒါနဲ့လေ ကိုကိုက ဘယ်သွားမယ်လို့ ပြောသွားလဲဟင်''


"အဲ့ဒါတော့ ပြောမသွားဘူးကွဲ့၊ သမီးက ကိစ္စရှိလို့လား''


ခက် မျက်လုံးလေးပင့်ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်၏။


သူ မရှိတုန်း ဖုန်းပြောရဖို့ အရေးကြီးတာမို့ မတတ်နိုင်ဘူး လိမ်ပြောရမှာပဲ။


"ခက်က ခြေထောက်မကောင်းတော့ အပြင်သွားလို့မရဘူးလေ၊ အဲ့ဒါ ခက်လိုချင်တာလေးရှိလို့

ကိုကိုအပြင်ထွက်တုန်း မှာချင်တာ၊ ကိုကိုကလဲ ထွက်သွားပြီဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ''


"ဖုန်းဆက်ပြီး ပြောလိုက်ပါလား သမီး''


"ဟင်.. ဟုတ်သားပဲ၊ ဒါဆို ခက်ဧည့်ခန်းထဲက

ဖုန်းနဲ့ဆက်လိုက်မယ်နော် ဒေါ်လေး''


"ဆက်လေ သမီး၊ အယ်.. ဒါပေမယ့်လေ ဂုဏ်လေးက သမီးကို ဖုန်းမပြောစေနဲ့လို့ ဒေါ်ထွေးကို မှာခဲ့တာ''


"ခက်က ကိုကို့ဆီပဲဆက်မှာပါ''


မျက်နှာတည်တည်လေးနဲ့ ပြောလိုက်တော့

ဒေါ်ထွေးက ခဏကြာအောင် စဥ်းစားနေပြီးမှ

သူမကို ပြန်ပြုံးပြကာ..


"အင်းလေ ဒါဆိုလဲဆက်ပေါ့၊ လာ.. ဧည့်ခန်းထဲကို လိုက်ပို့မယ်''


"ဟို.. ရတယ် ရတယ်၊ ခက် ကိုယ့်ဟာကိုယ်ပဲသွားလိုက်မယ်''


"ဖြစ်ပါ့မလားကွယ်၊ သမီးက ဂျိုင်းထောက်လဲ ပါတာမဟုတ်ဘူး''


"အဟွန်း ဖြစ်ပါတယ် ဒေါ်လေးရဲ့၊ ခက့်ခြေထောက်က သက်သာနေလို့ ဂျိုင်းထောက်မသုံးတော့တာပါ၊ ဟိုလေ... အပန်းမကြီးရင် ခက်ကို သံသရာရည်ဖျော်ပေးလို့ရမလားဟင်၊ ခေါင်းနည်းနည်းမူးနေလို့ပါ''


"ခေါင်းမူးနေတယ် ဟုတ်လား၊ ဒါဆို အခန်းထဲ

ပြန်နားနေလိုက်ပါလားကွယ်၊ ဒေါ်ထွေး သံပုရာရည်ကို အခန်းထဲ ယူခဲ့ပေးမယ်လေ''


"ဟင့်အင်း.. ရတယ် ခက် ဧည့်ခန်းထဲကပဲ စောင့်မယ်လေ၊ ကိုကို့ဆီကို ဖုန်းဆက်ရဦးမှာမို့လို့၊ ဒေါ်လေးက ဖျော်ပြီးရင်သာ ဧည့်ခန်းထဲယူလာပေးနော်''


"ဒါဆို ခဏစောင့်နော်၊ ဒေါ်ထွေး အမြန်ယူလာပေးမယ်''


ခက်က ခေါင်းငြိမ့်ပြလိုက်တော့

ဒေါ်ထွေးက ထမင်းစားခန်းဘက်ကို သုတ်သုတ် သုတ်သုတ်နှင့် လျှောက်သွားတော့၏။


လူကြီးကို လိမ်လိုက်ရတာမို့ အပြစ်မကင်းသလို

ခံစားရပေမယ့် အချိန်သိပ်မရှိတာမို့

ခက် ဧည့်ခန်းထဲကို မြန်မြန်သွားကာ ကြိုးဖုန်းလေးကို ကောက်ကိုင်လိုက်၏။


မေမေ့ဆီ ဖုန်းဆက်မယ်လို့တွေးထားပေမယ့်

မဆက်ဖြစ်တော့ပဲ ကိုကို့ဆီကိုပဲ ေခါ်လိုက်၏။

ဖုန်းက ဝင်နေပေမယ့် ချက်ချင်းမကိုင်တာမို့

ခက် မလုံမလဲ​ြဖင့် နောက်ကို လှည့်ကြည့် လှည့်ကြည့် ဖြစ်နေရ၏။


ခက်ကို ဖုန်းပြောခွင့်ပေးမထားတာမို့ အခုချိန်များ ကိုကိုပြန်ရောက်လာရင်ဆိုသည့်စိတ်ဖြင့်

ခြေဖျား လက်ဖျားတွေပင် အေးစက်ကုန်သည်။


ထိုစဥ်.. ဟိုဘက်မှ ဖုန်းကိုင်လိုက်တာမို့ သူမ မျက်နှာလေး ဝင်းလက်သွားပြီး...


"ကိုကို''

"ဟင်.. ညီမလေးလား ဟုတ်လား''


"ဟုတ်တယ် ကိုကို မေမေရှိလားဟင်''


"မရှိဘူး၊ အန်တီထားနေမကောင်းလို့ မနေ့ကတည်းက အိမ်ကြီးကိုမလာဘူးလေ၊ နေပါဦး ညီမလေးက အရင်ရက်တွေက ဘာလို့ဖုန်းမဆက်တာလဲ''


"အဲ့ဒါက ခက်.. ခက်က..


ဖုန်းမပြောခိုင်းလို့ပါလို့ ပြောလို့လဲ မရတာမို့

ဘယ်လိုဖြေရမှန်းပင်မသိတော့။


"အခု ညီမလေးဘေးမှာ ဟိုလူရှိလား''

"ဟင့်အင်း.. မရှိဘူး၊ သူမရှိတုန်းမို့ ခက် ကိုကို့ကိုဖုန်းခေါ်လိုက်တာ''


"ဘာလဲ အဲ့လူက ကိုကိုတို့နဲ့ ဖုန်းမပြောခိုင်းဘူးလား''


ခက် မျက်လုံးပြူးသွားသည်။

မိခက်တို့များ နှစ်ခါမေးစရာမလိုအောင်ကို

ပြောတတ် ဆိုတတ်တာပါဆို။


ဖုန်းမပြောခိုင်းဘူးဆိုတာ အမှန်ဆိုပေမယ့်

ဒီလိုလဲ ပြောလို့မဖြစ်တာမို့...


"မဟုတ်ပါဘူး ပြောခိုင်းပါတယ်၊ မေမေက ဘာဖြစ်တာလဲဟင်၊ အရမ်းနေမကောင်းဖြစ်နေတာလား၊ ဆေးခန်းရော မသွားဘူးလားဟင်၊ တကယ်လို့လေ မေမေ မသက်သာဘူးဆိုရင်...


"တော်လောက်ပြီ ပူတူး''


"ဟင်...


မေးချင်တာတွေ တရစပ်မေးနေချိန် ဘယ်အချိန်ကတည်းက ရောက်လာမှန်းမသိသည့် သူက သူမလက်ထဲက ဖုန်းကိုဆွဲယူကာ ဂွပ်ခနဲနေအောင် ချပစ်လိုက်၏။


ပြီးတာနဲ့ မတ်တပ်ရပ်နေသည့်သူက ဘောင်းဘီအိတ်ထဲကို လက်တစ်ဖက်ထည့်လိုက်ပြီး ထိုင်နေသည့် သူမကို အပြစ်သားတစ်ယောက်ကို ကြည့်သလိုမျိုးကြည့်ကာ..


"မင်း သိပ်ပြိိီးသတ္တိကောင်းနေတယ်ပေါ့လေ

ဟမ်.. ကိုယ် ဘာပြောထားလဲ''


>>>>>>>>>><<<<<<<<<<


အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘


အမှားပါသွားရင် ချစ်တဲ့စိတ်နဲ့ဝေဖန်ပေးပါ😁😁


အပိုင်း(၁၉)မျှော် 


စာရေးသူ-Merida(Tulip)


rate now: