🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
"ဂျိမ်း... ဒုန်း''
"ဂုဏ် ''
"ဟင်..''
ဂုဏ် သူ့ကိုရုတျတရက်ကြီးပြေးဖက်လာသည့်
နှင်းစက်ကြောင့် အံ့ဩသွားပေမယ့်
အလိုမကျခြင်းက ရှေ့ကရောကျလာပွီး
မျက်ခုံးေတြတွန့်သြားကာ
"နှင်းစက်''
"တွီ....
နှင်းစကျကိုကြည့်ပြီး တစ်ခုခုပြောဖို့ပြင်လိုက်စဉ်
ပူတူးနဲ့ပြောလက်စ ဖုန်းကလေးက တှီခနဲနအောင်ကျသွား၏။
ၿခံထဲကိုလှမ္းၾကည့္လိုက္ေတာ့ ပူတူးက သူတို႔ကို မျက်လုံးဝိုင်းလေးဖြင့် ကြည့်နေပြီး
သူနှင့်အကြည့်ချင်းဆုံသွားမှ ထိုနေရာမှချာခနဲလှည့်ထွက်သွား၏။
သူ့ခါးကိုတင်းတင်းဖက်ပြီး ရင်ခွင်ထဲတိုးဝင်လာတဲ့ နှင်းစက်ရဲ့လုပ်ရပ်ကြောင့် ပူတူးအထင်လွဲသွားမလားဆိုတာကို တွေးလိုက်မိတဲ့ခဏ ဖုန်းကိုင်ထားတဲ့လက်နဲ့ပဲ နှင်းစကျကို တွန်းထုတ်ပစ်ကာ
"နှင်းစက်''
"နင့်ကို ဒီလိုသီချင်းတွေ ဆိုတတ်တယ်လို့ထင်မထားဘူး၊ အမြဲတမ်း Rock songတွေပဲဆိုနေကျဆိုတော့၊ ဒါနဲ့ ဘာကိစ္စရှိလို့ နှင်းစက်တို့ခြံရှေ့လာဆိုတာလဲ''
"ငါ ခြံထဲခဏဝင်မယ် ရလား''
မေးတာကတခြား ဖြေတာကတလွဲဆိုပေမယ့်
နှင်းစက် ခေါင်းကိုဖြည်းဖြည်းချင်း ငြိမ့်လိုက်ပြီး
"ရတာက ရပါတယ် ဒါပေမယ့်...
ရတယ်လို့ပြောလိုက်တာနဲ့ ဂုဏ် နှင်းစက်စကားကို ဆုံးအောင်နားထောင်မနေတော့ပဲ ခြံထဲကိုမပြေးရုံတမယ် ဝင်ချသွားလိုက်သည်။
အကြောင်းပြချက်က ပူတူး တစ်မျိုးထင်သွားမှာမလိုချင်လို့။
တလွှားလွှားနဲ့ နင်းလျှောက်လာတဲ့ သူခြေလှမ်းတွေကို ခြံနောက်က မာလကာပင်ကြီးနားအရောက်မှာတော့ အရှိန်လျော့ချလိုက်ပြီး
"ပူတူး''
"ဟင်''
သူမကို ပူတူးလို့ခေါ်တတ်တဲ့သူဆိုလို့ သူတစ်ယောက်ပဲရှိတာမို့ ခက် နောက်ကိုလှည့်ကြည့်လိုက်၏။
သူမှ သူအစစ်ပါပဲ။
တဇွတ်ထိုးဆန်သည့် သူ့အကျင့်ကိုသိနေတာမို့
ခြံထဲထိလိုက်ဝင်လာသည်ကို မအံ့ဩပေမယ့်
သူ့နောက်က အရိပ်လေးတစ်ခုကြောင့် သူမ ခန္ဓာကိုယ်လေး ဆတ်ခနဲတုန်သွားကာ
"မမကြီး''
"ဂုဏ်က ခြံထဲဝင်ချင်တာ နွေသစ်ခက်ကြောင့်လား ဟုတ်လား''
မျက်နှာချင်းဆိုင်ရပ်နေသည့် ဂုဏ်နဲ့ နွေသစ်ခက်ကြားကို နှင်းစက် ဝင်ရပ်လိုက်ပြီး ဂုဏ်ကိုတည့်တည့်ကြီးကြည့်ကာ မေးလိုက်တော့ ဂုဏ်က တစ်ချက်မှ မျက်နှာပျက်မသွားပဲ
"ဟုတ်တယ် မင်းငါ့ကိုပြေးဖက်လိုက်တာကို သူမြင်သွားတယ်၊ အဲ့ဒါကြောင့် ငါ့ကိုတစ်မျိုးထင်နေမှာစိုးလို့ လာရှင်းပြတာ''
"တစ်မျိုးထင်မှာစိုးလို့ ဟုတ်လား
ဒါဆို နင်နဲ့ မိခက်နဲ့က ဘာတွေလဲ
မိခက်ပြောစမ်း ညည်းနဲ့ဂုဏ်က ဘယ်လိုပတ်သတ်နေတာလဲ''
သူ့ဘက်ကိုရပ်ပြီးပြောနေရာမှ ခက်ကိုတည့်တည့်ကြီးကြည့်ကာမေးလာပြန်တာမို့ ခက် တံတွေးမြိုချလိုက်ပြီး
"ဘာ.. ဘာမှ မပတ်သတ်...
"မင်းရဲ့ညီမ နွေသစ်ခက်ကို ငါဘက်က စွဲလမ်းပြိီး အတင်းလိုက်ရောနေတာ''
"ဘာ ဘာပြောတယ် နင့်ဘက်ကစွဲလမ်းတယ်
အဲ့ဒါကလဲ မိခက်ကိုပေါ့ ဟုတ်လား''
နှင်းစက် တစ်ဖန် ဂုဏ့်ဘက်ကိုပြန်လှည့်ကြည့်ပြီးမေးလိုက်တော့ ဂုဏ်က မူမပျက်ပဲ ခေါင်းငြိမ့်ပြ၏။
မဖြစ်နိုင်ဘူး။
မဖြစ်နိုင်ပါဘူး။
ဘာလို့လဲ ဘာလို့ ငါမဟုတ်ပဲ မိခက်ဖြစ်နေရတာလဲ။ ပြီးတော့ မိခက်နဲ့ သူမ ညီအစ်မတော်တာကို သူကဘယ်လိုသိသွားရတာလဲ။
နှင်းစက် မယုံနိုင်ခြင်းများစွာကြောင့် ခေါင်းကိုပြုတ်ထွက်မတတ်ရမ်းခါပစ်လိုက်ပြီး
"နင်တို့ဘယ်တုန်းက သိကြလို့လဲ
နင်တို့တွေ့ဖူးတာက ဘယ်လောက်ပဲရှိသေးလို့ နင်က သူ့ကိုစွဲလမ်းနေတယ်လို့ ပြောနိုင်ရတာလဲ ဟမ်''
"လူတစ်ယောက်နဲ့ တစ်ယောက်
ပတ်သတ်ဆက်ဆံဖို့က အချိန်မလိုဘူးလို့
ငါထင်တယ် ပြီးတော့ အချိန်ဆိုတာကို လိုအပ်တယ်လို့
မင်းထင်နေရင်လဲ ငါတို့နှစ်ယောက် ပတ်သတ်နိုင်ဖို့
လုံလောက်တဲ့အချိန်ရှိခဲ့ပြီးသားပဲ''
ဒီလူ ဘာတွေလျှောက်ပြောနေတာလဲ။
အလိုလိုကမှ မမကြီးက စိတ်ကြီးပါတယ်ဆိုမှ
သူ့စကားတွေနဲ့ ခက် တော့ သေတော့မယ်ထင်တယ်။
ဒါ့ကြောင့် ခက် မမကြီးကိုရှင်းပြရန် မမကြီးရဲ့ရှေ့ကိုသွားရပ်လိုက်တော့ မမကြီးက သူမကို အလွန်အမျက်ကြီးနေသော မျက်လုံးများဖြင့်ကြည့်ကာ
"မိခက် ညည်းက ဘာကိစ္စ သူနဲ့ဘေးချင်းယှဥ်ရပ်နေတာလဲ၊ ဘာလဲ ဒါဝန်ခံတဲ့သဘောလား''
"မ.. မဟုတ်ပါဘူး
ခက်.. ခက်က ဒီအတိုင်းသဘောရိုးနဲ့ရပ်လိုက်တာပါ
မမကြီးမကြိုက်ရင် ခက် ဆင်ခြင်ပါ့မယ်''
ပြောပြီးတာနဲ့ သူနဲ့ခပ်လှမ်းလှမ်းကိုပြောင်းရပ်လိုက်သည့် ပူတူးကို သူမျက်မှောင်ကြုတ်ကြည့်လိုက်သည်က အဲ့လောက်ကြောက်တတ်ရမလားဆိုပြီး အလိုမကျလို့။
"ပြော ညည်းဘယ်အချိန်ကတည်းက သူ့ကိုအပိုင်ကြံဖို့တွေးနေတာလဲ''
"ဟင့်အင်း ခက်.. ခက်အဲ့လိုမတွေးပါဘူး
တကယ်ပါ အရင်ကရော အခုရော ခက်အဲ့လိုတစ်ခါမှမတွေးဖူးပါဘူး ပြီးတော့ အခု ခက်တို့ကလဲ မမကြီးထင်နေသလိုမဟုတ်ပါဘူး ခက်ပြောတာကို ယုံပါနော် ခက် ကျိန်ပြောရဲပါတယ်''
"ဘယ်လိုကျိန်မှာလဲ ပူတူး
နှင်းစက်က ကိုယ်တို့ကို ဘယ်လိုထင်နေလဲဆိုတာ
ကိုယ်မသိပေမယ့် ကိုယ်တို့ရဲ့ပတ်သတ်မှုက
ဒီလောက်မရိုးရှင်းဘူးနော်
မင်းတကယ်ကျိန်ရဲတာလား''
"ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး
မမကြီး သူ သူလိမ်ေနတာပါ ခက်ပြောတာကိုယုံပါနော်''
တစ်ယောက်က ဟုတ်တယ်။
တစ်ယောက်က မဟုတ်ဘူးနဲ့ နှင်းစက် သူတို့နှစ်ယောက်ကို တစ်လှည့်စီစူးစိုက်ကြည့်လိုက်တော့ ဂုဏ်မျက်လုံးထဲက အဖြေတွေက သူမကိုနာကျင်စေပြန်သည်။
"နင်ပြန်တော့ ဂုဏ်''
"ငါ ပူတူးနဲ့ပြောစရာရှိတာပြောပြီးရင် ပြန်မှာ
နင်ခဏရှောင်ပေးလို့ရတယ်မဟုတ်လား''
တကယ့်ကိုအကြောက်အလန့်မရှိပြောနေသည့်သူ့ကို
ခက် မျက်လုံးပြူးကြည့်လိုက်တော့ သူကလဲ ဒေါသမကင်းသောမျက်လုံးများဖြင့် ပြန်ကြည့်၏။
ဒီအချိန်မှာ သူမပွဲကြမ်းလိုက်ရင်
ဂုဏ့်မျက်လုံးထဲမှာ သူမဟာဗီလိန်တစ်ယောက်ထက် ပိုပြီးမြင်နိုင်မှာမဟုတ်တာသေချာသည်။
အားနည်းတဲ့ဘက်ကို ပိုပြီးကြင်နာပြတတ်တာကလဲ
လူတွေရဲ့သဘော သဘာဝမို့ နှင်းစက် အားရှိသမျှ ကြိုးစားကာပြုံးလိုက်ပြီး
"နင်တို့ပြောစရာရှိတာပြောပါ
နှင်းစက်လဲ အိပ်ချင်လို့ သွားနားလိုက်တော့မယ်
နင်ပြန်ရင်အဆင်သင့်ဖြစ်အောင်လို့ ြခံတံခါးဖွင့်ခိုင်းထားလိုက်မယ်နော်''
ချက်ချင်းကြီး နူးညံ့သွားသည့် မမကြီးကို ခက် မယုံကြည်နိုင်စွာကြည့်နေစဥ်မှာပဲ
မမကြီးက သူမတို့ကိုကျောခိုင်းပြီး အိမ်ကြီးဘက်ကို ထွက်သွား၏။
"မင်းကို အခုလိုလိမ်တတ်မယ်ထင်မထားဘူး
အရမ်းရိုးသားတယ်လို့ ကိုယ်တွေးထားတာ မှားသွားပြီထင်တယ်''
တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်တာက ဂုဏ့်ရဲ့အသံ။
ခြံထဲမှာထွန်းထားသည့် ဝါကျင့်ကျင့်မီးရောင်အောက်က ပူတူးရဲ့အသားအရေက ဝင်းဝါနေသည်။
သူ့ကိုတည့်မကြည့်ပဲ မျက်နှာကိုတစ်ဖက်ခပ်လွှဲလွှဲလေး လှည့်ထားတာမို့ ကော့ညွှတ်နေသည့် မျက်တောင်ဖျားတွေက စွဲမက်ချင်စရာအတိ။
ဂုဏ် သူမရဲ့ရှေ့တည့်တည့်ကိုသွားရပ်လိုက်ပြီး
"နှင်းစက်ကိုကြောက်လို့ လိမ်ပြောလိုက်တာလား ပူတူး''
"ဟုတ်တယ် ခက် မမကြီးကိုကြောက်တယ်
ဒါပေမယ့် ခက်လိမ်ပြောလိုက်တာမဟုတ်ဘူး
ခက်တို့ကတကယ်မှ ပတ်သတ်မှုမရှိတာကို''
စိတ်ဆိုး မာန်ဆိုးဖြင့် ပြန်ပြောခြင်းမဟုတ်ပဲ
သူ့ကို အချိုသပ်နေသည့်သဘောဖြင့်
ပြောနေသည့် ပူတူးကို သူဒေါသထွက်ရခက်လှသည်။
"ကိုယ် မင်းကိုချစ်တယ်လို့ပြောထားတယ်လေကွာ''
"ခက်ကမှ ရှင့်ကို....
"ရှင်လို့ဆက်ပြောလေ
ဘာမှမပတ်သတ်ကြဘူးဆိုရင် ကိုယ့်ကို ရှင်လို့ပဲဆက်ပြောလိုက်ပါ''
ရွဲ့ပြောတာလားဆိုပြီး ခက် သူ့ကိုပြန်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက ဒေါသထွက်နေတဲ့ပုံမရှိတာမို့ ခက် ခေါင်းလေးမော့ကာ သူ့ကိုတည့်တည့်ကြီးကြည့်လိုက်ပြီး
"ခက်ကမှ ရှင့်ကိုမချစ်တာ
ပြီးတော့ ရှင်ချစ်တယ်လို့ပြောတာကိုလဲ ခက် မယုံဘူး၊ ဒီအတိုင်း ရှင်ကစားနေကျ မိန်းကလေးတွေနဲ့အတူတူပဲဆိုပြီး ခက်ကို လာကစားနေမှန်း ခက်သိတယ်၊ ပြီးတော့ ရှင်နဲ့မမကြီးတို့နှစ်ယောက်ကြားက ပတ်သတ်မှုကိုလဲ ခက်သိတယ် ပြီးတော့...
"ကိုယ့်ကို ပြောစရာစကားတွေ အဲ့လောက်များနေမှန်းကိုယ်တကယ်မသိခဲ့ဘူးပဲ
မင်းကိုယ့်ကိုမချစ်ဘူးဆိုတာ ကိုယ်သိတယ်
ဒါပေမယ့် မင်းမချစ်တတ်သေးတာလို့
ကိုယ်ယုံတဲ့အတွက် မင်းကိုချစ်တတ်အောင်ကိုယ်သင်ပေးမှာ
နောက်တစ်ခုက ကိုယ် မင်းကို ကစားဖို့သပ်သပ်ချဥ်းကပ်တာမဟုတ်ဘူးဆိုတာ ကိုယ့်ရဲ့အပြုအမူတွေကတစ်ဆင့် မင်းသိလာမှာပါ
မင်းသိပါတယ်ဆိုတဲ့ နှင်းစက်နဲ့ကိုယ့်ရဲ့ကြားက
ပတ်သတ်မှုဆိုတာကတော့ ကိုယ်အရင်တစ်ခါလဲရှင်းပြပြီးသားထင်တာပဲ''
သူမ ေပြာတဲ့စကားလုံးတိုင်းကို တစ်ခွန်းမကျန်ချေဖျက်နေတဲ့ သူ့ပုံစံက ပကတိတည်ငြိမ်နေ၏။
ဒါ့အပြင် ခက်ကို ဘာထပ်ပြောချင်လဲဆိုသည့် အကြည့်မျိုးဖြင့်ကြည့်နေတာမို့ ခက် နေရခက်စွာ မျက်နှာလွှဲရန်ပြင်လိုက်တော့ သူက ခက်ကိုပုခုံးနှစ်ဖက်မှ ဆုပ်ကိုင်ကာ
"ကိုယ်က မိန်းကလေးတွေကို ကစားနေတယ်ဆိုတာ မင်းကိုဘယ်သူပြောလို့သိတာလဲ''
"......''
"ဟေ့ ကိုယ်မေးနေတယ်လေ ဘယ်သူပြောတာလဲ နှင်းစက်လား''
"ဟင့်အင်း မဟုတ်ပါဘူး မမကြီးပြောတာမဟုတ်ပါဘူး''
"ဒါဆို မင်းဘယ်လိုသိတာလဲ''
"အဲ့ဒါက...
သူမ ခေါင်းလေးငုံပြီး မဖြေပဲ နေလိုက်တော့
သူက သူမရဲ့ပုခုံးနှစ်ဖက်ကို ခပ်ဖိဖိလေးဆုပ်ကိုင်လိုက်တာမို့ ခက် သူ့ကိုမရဲတရဲလေးမော့ကြည့်လိုက်ပြီး
"ခက် ဓာတ်ပုံတွေတွေ့ဖူးတာ''
"ဓာတ်ပုံ ဘယ်မှာတွေ့ဖူးတာလဲ အာ.. နေဦး
မကြီးရုံးခန်းထဲတုန်းကလား''
"အဲ့ဒီ့အရင်ကတည်းက ရှင့်အိမ်မှာတွေ့ဖူးတာ''
"ကိုယ့်အိမ်မှာ...
သူမ သူ့အိမ်ကိုရောက်ဖူးတယ်ဆိုတဲ့အကြောင်း
ဟိုတစ်ခါ မကြီးပြောပြဖူးတာကို သတိရသွားမှ
"ဪ.. ဟုတ်သားပဲ မင်းကိုယ့်အိမ်ကိုတစ်ခါရောက်ဖူးတာပဲ''
ပုံတွေထဲမှာ ကိုယ့်ရဲ့ပုံစံကလဲ သူမအထင်လွဲချင်စရာဖြစ်နေတာမို့ သူ့အနေနဲ့ရှင်းပြရခက်၏။
ဂုဏ် သူမရဲ့ပုခုံးကိုကိုင်ထားတဲ့လက်တွေကို လက်အဖျားလေးဆီရွေ့သွားလိုက်ပြီး သူမရဲ့လက်ချောင်းသွယ်သွယ်လေးတွေကို သူလက်တွေဖြင့်ထပ်ကိုင်လိုက်ကာ
"အရင်က ကိုယ်ရှုပ်ဖူးတယ်ဆိုတာ ဝန်ခံတယ်
ဒါပေမယ့် အဲ့ဒါ ကိုယ်မြန်မာနိုင်ငံကို ပြန်မလာခင်အထိပဲ
အခုကစပြိီး ကိုယ်က ဒီပူတူးလေးနဲ့ပဲ ရှုပ်တော့မယ်ဆိုတာ ယုံကြည်တယ်မလား''
"......''
သူ့လက်တွေကိုရုန်းနေရုံကလွဲပြီး ဘာမှပြန်မပြောတာမို့ ဂုဏ် သူမရဲ့မေးဖျားလေးကို အသာလေးပင့်မလိုက်ပြီး
"မင်း ကိုယ့်ကိုယုံကြည်လာဖို့ ကိုယ်အများကြီး အများကြီး ကြိုးစားပြမှာ''
ပြောချင်တာပြောပြီး ခက်ကို သူ့ရင်ခွင်ထဲ အတင်းသွင်းပစ်လိုက်တာမို့ ခက် ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ရုန်းကြည့်သော်လည်း လွတ်မြောက်ခြင်းမရှိ။
ဒီလူနဲ့တွေ့တိုင်း သူမမှာ အဖက်ခံရ အနမ်းခံရတာကို တွေးမိကာ ဒေါသထွက်မိပေမယ့် ကိုယ့်ဒေါသကိုယ်မြိုသိပ်နေရသည်။ကိုယ့်ဒေါသထက် သူ့ဒေါသက ပိုပြီး အရှိန်ပြင်းတယ်ဆိုတာ သိထားလို့လေ။
သူ့ရင်ခွင်ထဲ ငြိမ်ကျသွားသည့် ပူတူးကို
သူငုံကြည့်လိုက်ပြီး နဖူးလေးကိုအနမ်းခြွေလိုက်သည်အထိ ဘာမှတုံ့ပြန်လာခြင်းမရှိတာမို့ ဂုဏ် တစ်ချက်ပြုံးကာ
"ခုနက ကိုယ်ဆိုတဲ့သီချင်းက မင်းအတွက်နော်
မမြင်သင့်တာတွေမြင်ပြီး မတွေးသင့်တာတွေ
တွေးနေမှာစိုးလို့ ကိုယ်လိုက်ရှင်းပြတာ''
ဒါလဲ ဘာမှပြန်မပြောတာမို့ မထုံတက်ထေးပုံစံလေးကို အသည်းယားစွာ သူ ခပ်တင်းတင်းလေးဖက်ပစ်လိုက်တော့မှ သူ့ကို အလိုမကျသောမျက်လုံးများဖြင့် မော့ကြည့်လာ၏။
"ကိုယ့်ကို ကိုကိုလို့ခေါ်ပေးရင် ကိုယ်အရမ်းဝမ်းသာမှာ''
"ခက်လဲ ရှင်ပြန်သွားရင် အရမ်းဝမ်းသာမှာ''
"ဟာ.. နှင်ရက်တာကွာ
မင်းဘယ်လောက်နှင်နှင် ကိုယ်မပြန်ချင်ရင်
လုံးဝပြန်မှာမဟုတ်ဘူး''
စိတ်ပျက်သလိုပြောလာသည့် သူ့ပုံစံက
တကယ်တော့ ကျေနပ်နေမှန်းသိသာသည်။
ခက် ဘယ်လောက်နှင်နှင် သူ မပြန်ချင်ရင် မပြန်သေးဘူးဆိုတာလဲ ခက်သိနေပါသည်။
"ကိုယ်ကျေနပ်လောက်မယ့် စကားလုံးမျိုးနဲ့
နှင်ရင်တော့ ကိုယ်စဥ်းစားပေးမယ်ကွာ
မင်းကြိုးစားပြီး ပြောကြည့်ပေါ့''
မမကြီး အမြင်ကြည်ဖို့နဲ့ မေမေအိမ်ထဲကထွက်မလာခင် သူပြန်ဖို့အရေးကြီးနေတာမို့
ခက် သူ့ကိုမော့မော့လေးကြည့်လိုက်ကာ
"အရမ်းနောက်ကျနေပြီလေ ကိုကိုရယ်
ကိုကို လမ်းမှာတစ်ခုခုဖြစ်နေမှာစိုးလို့ပါ
နော် ပြန်တော့နော် ကိုကိုက လိမ္မာပါတယ်''
နှုတ်ခမ်းလေးစူကာ ချစ်စရာကောင်းအောင် ပြောနေသည့် ပူတူးကြောင့် ဂုဏ် သွားတွေပေါ်အောင်ရယ်လိုက်မိ၏။
ဒီကောင်မလေး အတတ်ကလေးပဲ။
မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့်
ပြောနေသည့် ကလေးမလေးကို သူအကြာကြီးစိုက်ကြည့်လိုက်ပြီးမှ ပါးဖောင်းဖောင်းလေးကို မနာအောင်အသာလေးဆွဲဖဲ့ကာ
"မင်းက ကိုယ့်ကိုချည်မယ့် နှောင်ကြိုးလေးပဲ
တိမ်တစ်စလို လွင့်ချင်ရာ လွင့်နေတဲ့
ကိုယ့်လိုကောင်ကို အချိန်ပြည့် မင်းအနားနေချင်အောင်
ဘယ်လိုအရာတွေနဲ့များ ချည်ထားတာလဲကွာ''
"ခက်ကတော့ ကိုကို့ကို ဘာနဲ့မှချည်မထားပါဘူးနော်''
"သေချာလို့လား..
ဒါဆို ကိုယ်က ဘာလို့ မင်းအနားပဲနေချင်နရတာလဲ
ဘာလို့ မင်းမျက်နှာလေးကိုပဲ ကြည့်ချင်နေရတာလဲ''
ပြုံးတုံ့တုံ့မျက်နှာဖြင့် ကိုကိုက
ရွှန်းဝေနေသော အကြည့်တွေကို သူမထံမှာသာ
ပုံအောချထားတာမို့ ခက် နေရခက်တာအမှန်။
စိတ်ရင်းအမှန်လား လိမ်ညာပြီးပြောတာလား
မသိနိုင်တဲ့ ကိုကို့ရဲ့စကားလုံးတွေနောက်မှာ
ခက် နှလုံးသားလေး လှုပ်ရှားတတ်နေခဲ့ပါပြီ။
"ဟေ့... ဘာလို့ အဲ့လောက်စိုက်ကြည့်နေတာလဲ
ကိုယ့်ကို မမြင်ဖူးဘူးလား''
"ဟင်... မ.. မဟုတ်ပါဘူး
ခက်က ကိုကို့ကိုကြည့်တာမှမဟုတ်တာ''
"အဟွန်း.. ညာနေတာ ကိုယ်သိတယ်
မင်း ကိုယ့်ကိုညာပြောနေရင် မင်းရဲ့မျက်လုံးလေးတွေ
လှုပ်ရှားနေတတ်တာ ကိုယ်သိတယ်''
ဒါလဲ သိသွားရပြန်ပြီလား။
ခက် ရှက်ရှက်နဲ့ ခေါင်းလေးငုံ့ချလိုက်တော့
သူက ခက်ရဲ့ ပါးလေးနှစ်ဖက်ကို ညှပ်ကိုင်လိုက်ပြီး..
"ကိုယ့့်ကို မင်းအနားနေချင်အောင် ဘယ်လိုကြိုးနဲ့ပဲ ချည်ချည် ဘာအကြောင်းနဲ့ပဲ ချည်ချည် အဲ့ဒါ မင်းသဘောပါ၊ အဲ့ဒီ့ကြိုးရဲ့ တစ်ဖက်မှာ မင်း ရှိတယ်ဆိုတဲ့ အသိနဲ့ ကိုယ်ကျေကျေနပ်နပ်ကြီး အချည်ခံမှာ၊ ဒါပေမယ့် ချည်နေတဲ့ မင်းလဲ ကိုယ့်လက်ထဲက လွတ်မယ်မထင်နဲ့၊ မင်းလေးက ကိုယ်ပိုင်တဲ့ ကိုယ့်ရဲ့အသည်းလေးတစ်ခြမ်း''
ေနာက်တစ်ကြိမ် ရင်ခွင်ထဲရောက်သွားပြန်တာမို့
ခက် သက်ပြင်းလေးကြိတ်ချလိုက်သည်။
သူ မပြန်ချင်ရင် ဘယ်လိုနှင်နှင်မပြန်ဘူးဆိုတာ တကယ်ကြီးပါလား။
ရင်ခုန်ချင်စရာကောင်းတဲ့ သူ့စကားတွေကြောင့် ခက် ရင်ခုန်မိတာလား။
ဒါမှမဟုတ်ရင် သူပြန်သွားရင် ရင်ဆိုင်ရမယ့် မမကြီးကြောင့် ရင်တုန်တာလား မသိပေမယ့် အခုချိန်မှာ ခက် နှလုံးခုန်သံတွေ မမှန်ဘူးဆိုတာကတော့ သေချာသည်။
>>>>>>>>>><<<<<<<<<<
"မမေ မေမေ ၅နာရီခှဲနေပြီမေမေရဲ့''
ပုံမှန်ဆိုရင် ၅နာရီထိုးတာနဲ့ အိပ်ရာထပွီး
ဘုရားရှိခိုးကာ အိမ်ကြီးဘကျကိုသွားနေကြွဖစ်သည့် မမေက အခု ၅နာရီခှဲသည်အထိ အခန်းထဲမှ ထွက်မလာသေး၍ ခက် လာခေါ်ရွခင်း။
"မေမေ နေမကောင်းလို့လားဟင် မေမေ''
"လာပြီ လာပြီ သမီး''
ဆံပင်ရှည်တွေကို လက်တစ်ဖက်ဖြင့် ထုံဖွဲ့ရင်း
အခန်းတံခါးဖွင့်ပေးလိုက်သည့်မေမေ့ကို ခက် စူးစမ်းသလိုကြည့်လိုက်ပြီးမှ အခန်းထဲဝင်ကာ
"မေမေ နေမကောင်းလို့လားဟင်''
"အင်း ခေါင်းနည်းနည်းမူးနေလို့ပါ အခုသက်သာပါပြီ''
"ဟုတ်လို့လား မေမေရယ်
မေမေ့ကိုကြည့်ရတာ အားနည်းနေသလိုပဲ''
"သက်သာပါတယ် သမီးရဲ့ အဟွန်း ''
သက်သာတယ်ပြောပြီး မျက်နှာလေးညှိုးကျနေတာက သိသိသာသာ။
ခက် မေမေ့ကို ကြည့်ကာ ခေါင်းလေးရမ်းလိုက်ပြီး
"မသက်သာပါဘူး
မေမေ့ကိုကြည့်လိုက်တာနဲ့ ခက်သိတယ်
မေမေ နေမကောင်းရင်လဲ ခဏလှဲနေလိုက်ပါလားဟင်''
"လှဲနေလို့မရဘူးလေ သမီးရယ်
သခင်မကြီးတို့အတွက် မနက်စာပြင်ပေးရဦးမှာ''
"အန်တီခင်တို့ရှိတာပဲလေ''
"မမခင်က မနေ့ကတည်းက သူ့တူမ ကလေးမီးဖွားလို့ ရွာပြန်သွားတယ်လေ''
"ဒါဆိုလဲ မတူးတို့ရှိတာပဲကို''
ဟုတ်တယ်။
အိမ်ကြီးပေါ်မှာ ဒီလောက်အလုပ်သမားတွေအများကြီးကို။
ခက် မေမေ့ကုတင်ပေါ်ဝင်ထိုင်ရင်းက စူပုတ်ပုတ်လေးပြောလိုက်တော့ မေမေက နှုတ်ခမ်းလေးတွန့်သွားရုံပြုံးကာ
"ကလေးလေးကျနေတာပဲကွယ်
မတူးတို့ရှိတာတော့ဟုတ်တာပေါ့
ဒီနေ့က မေမေ စျေးသွားရဦးမှာမို့လို့ပါ
မမခင်ရှိရင်တော့ အကြောင်းမဟုတ်ပေမယ့်
အခုက မမခင်လဲမရှိတော့ မေမေသွားမှဖြစ်မှာ''
"မေမေမှနေမကောင်းတာကို စျေးကိုဘယ်လိုသွားမှာလဲ၊ တော်ကြာ မပြောကောင်းမဆိုကောင်း လမ်းမှာတစ်ခုခုဖြစ်သွားရင်...
ဟင့်အင်း ဟင့်အင်း စျေးတော့မသွားပါနဲ့ နော် နော် မေမေနော်''
ခက် ဘေးမှာလာရပ်သည့် မေမေ့ရဲ့ခါးကိုဖက်ပြီး ချွဲပြလိုက်တော့ မေမေက သူမရဲ့ဆံပင်တွေ
ကို ပွတ်သပ်ပေးရင်းမှ
"မတူးတို့ကို လွှတ်လိုက်ဖို့ကလဲ စိတ်မချလို့''
"မတူးတို့ကိုမလွှတ်ချင်ရင် ခက်သွားပေးမယ်လေ နော်၊ မေမေက ဝယ်ရမယ့်ပစ္စည်းတွေကို စာရင်းလုပ်ပေးလိုက်လေ နော် မေမေ''
"သမီးက ဝယ်တတ်တာကျလို့''
"ဝယ်တတ်ပါတယ် မေမေရဲ့
မေမေက ဝယ်ရမယ့် ပစ္စည်းကို တန်ဖိုးနဲ့တွဲရေးပေးလိုက်လေ ခက် မေမေ့ကို တကယ်စိတ်မချလို့ပါ''
"ကဲ ကဲ အဲ့လောက်သွားချင်နေရင်လဲ သွား သွား
မေမေ စာရင်းလုပ်ပေးလိုက်မယ်''
"ဟုတ်''
မေမေက ခက့်ရဲ့ပါးလေးကို ဖဲ့ကာ ကုတင်ဘေးက ခုံလေးပေါ်မှ စာရွက်နဲ့ဘောပင်ကို ကောက်ယူကာ ဝယ်ရမယ့်စာရင်း လုပ်နေတော့သည်။
"ရော့ သမီး''
"ဟင် အများကြီးပါလား မေမေ''
"တစ်ပတ်စာဝယ်ရတာကို သမီးရဲ့
အရမ်းများလို့ မနိုင်ရင် ကားငှားပြန်ခဲ့နော်''
"ဟုတ်ကဲ့''
"အရမ်းကြာမနေနဲ့နော်
နေ့လည်စာမှီအောင်ချက်ရမှာမို့လို့''
"အခု ဘယ်အချိန်ရှိပြီလဲ အင်း ၆နာရီမတ်တင်းဆိုတော့ ၇နာရီမထိုးခင် အရောက်ပြန်ခဲ့မယ်''
ခက် လက်ကနာရီကိုမြှောက်ကြည့်ရင်းပြောလိုက်တော့ မေမေက ခေါင်းငြိမ့်ပြ၏။
ပြောတော့တာ လွယ်တာ။
စျေးထဲရောက်တော့ မေမေမှာလိုက်တဲ့ပစ္စည်းက
တစ်နေရာကို တစ်ခုရှာဝယ်နေရတာမို့
မေမေ့ကိုပြောခဲ့တဲ့အချိန်မှီအောင် မနည်းပြေးလွှားဝယ်လိုက်ရသည်။
ဝယ်တုန်းကတော့ ဟိုဟာလေးပြေးဝယ်လိုက်
ဒီဟာလေးပြေးဝယ်လိုက်ဖြင့် မသိသာပေမယ့်
ဝယ်ပြီးခါမှ လက်ထဲမှာ ပစ္စည်းတွေက မနိုင်မနင်း။
အိမ်ကယူလာခဲ့တဲ့ ဆဲွဲခြင်းထဲမှာက ဟင်းချက်စရာတွေက အပြည့်။
ဒါ့အပြင် ငှက်ပျောဖီးနှစ်ဖီးကို ပလပ်စတစ်ကြိုးလေးနဲ့တွဲချည်ပေးလိုက်တာက တစ်ဖက်။
ဘုရားကပ်ဖို့ဝယ်လာသည့် ဂန္ဓမာပန်းအဖြူကြီးတွေကို စုစည်းထားသည့် ပန်းထုံးကြီးကတစ်ဖက်။
ဒီကြားထဲက မမကြီးအတွက်ဆိုပြီး မေမေမှာလိုက်သည့် ခေါင်လျှော်ရည်ဘူးကြီးကို ဂျိုင်းကြားညှပ်လာရသေးတာမို့ မြင်လို့မကောင်းတာကတော့ သေချာလှသည်။
ဘယ်လိုမှ မနိုင်တော့တာမို့ ကားငှားဖို့ကြည့်လိုက်ပေမယ့်
သူမပဲ ကံဆိုးနေလားမသိ taxiနဲ့တူတာမဆိုထားနှင့်။
ဆိုက်ကားပင်မရှိတာကြောင့် စိတ်အိုက်သွားရသည်။
"ဘာကားမှလဲမရှိဘူး ဒီအတိုင်းဆိုရင်
လမ်းမကြီးပေါ်ရောက်တဲ့အထိ သွားရဦးမယ်ထင်တယ်''
"တီ.. တီ.. တီ..''
"သစ်ခက်''
"ဟင်..''
ဘေးမှာလာရပ်သည့် ကားလေးကို
ခက် ခေါင်းလေးစောင်းပြီး ပြန်လှည့်ကြည့်လိုက်တော့ ကိုကို့သူငယ်ချင်းဆိုတဲ့သူ။
"သစ်ခက် အိမ်ပြန်မလို့လား''
"ဟုတ်တယ်''
"အစ်ကို လိုက်ပို့မယ်လေ လာ တက်''
ကားပေါ်ကဆင်းပြီး
တစ်ဖက်က ကားတံခါးကိုဖွင့်ပေးရင်းပြောနေတဲ့
ကိုနေအရိပ်ကို ခက် ငြင်းရန်ပြင်လိုက်သော်လည်း
ခက် လက်ထဲက အထုပ်တွေ အပိုးတွေကို ဇိုးဇိုးဇတ်ဇတ်ဆွဲယူကာ ကားထဲပစ်ထည့်နေတာကြောင့်
"ဟို.. တကူးတကကြီး လိုက်ပို့မှာဆိုရင်
အားနာလို့ပါ နော် ခက် ကိုယ့်ဘာသာ ပြန်လို့ရပါတယ်''
"တကူးတကကြီး မဟုတ်ပါဘူး သစ်ခက်ရဲ့ အစ်ကိုက အခု ဝသန့်ဆီသွားမလို့လေ''
"ဪ...
"လာ တက်..''
တကယ်လဲ မနိုင်မနင်းဖြစ်နေတာမို့
ခက် ထပ်ငြင်းမနေတော့ပဲ ကိုနေအရိပ်ကို ပြုံးပြလိုက်ပြီး ကားပေါ်တက်လိုက်သည်။
"စျေးက နေ့တိုင်းသွားရတာလား''
"ဟင့်အင်း အရင်က မေမေသွားတာပါ
ဒီနေ့မှ မေမေက သိပ်ပြီးနေမကောင်းလို့
ခက် လာလိုက်တာ''
"ဟုတ်လား အန်တီ အရမ်းနေမကောင်းဖြစ်နေရင် ဆရာဝန်ပါတစ်ခါတည်း ပင့်ခဲ့လိုက်မယ်လေ''
"ဟို.. ရပါတယ်.. မလုပ်ပါနဲ့
မေမေလဲ သက်သာပါတယ် မေမေက နှလုံးရောဂါနဲ့ဆိုတော့ အခုလို မကြာမကြာ နေမကောင်းဖြစ်နေကျပါ''
သူမ ရှင်းပြလိုက်မှ ကိုနေအရိပ်က ခေါင်းငြိမ့်ကာ ပြုံး၏။
"ရေစက်ထင်တယ်နော် အဟွန်း..
အစ်ကိုလဲ ဒီနေ့မှ မာမီ့ကိုစျေးလိုက်ပို့်ဖြစ်တာ''
"ဟုတ်လား ဒါဆို အစ်ကို့အမေကို စျေးမှာ ထားခဲ့တာလား''
"အွန်း ညနေဆိုင်ပိတ်ချိန်မှ ပြန်လာခေါ်ရမှာလေ''
"ဪ.. မသိပါဘူး
ခက်က စျေးလာဝယ်တယ်ထင်လို့''
မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့်
ထူးဆန်းသလိုလေး ပြောနေတဲ့ ကောင်မလေးကို
နေအရိပ်ကြည့်ပြီး ချစ်စိတ်ပိုသွား၏။
"ဒါနဲ့ အခု ကိုယ့်ကို အစ်ကိုလို့ခေါ်လိုက်တာမလား''
"ခေါ်လိုက်မိတာလား''
"အွန်း အဲ့လိုပဲအမြဲခေါ်ရင် ကောင်းမှာပဲ
အစ်ကို တကယ် သဘောကျတယ်''
"အဟွန်း အဲ့လောက်တောင်သဘောကျတယ်ဆိုရင်လဲ ခက်ခေါ်ပေးပါ့မယ်''
"ဒါဆို ကိုယ်တို့ ရင်းနှီး သွားပြီမလား''
"ဟုတ် ခက်လဲ အစ်ကိုတစ်ယောက်ထပ်ရတာပေါ့''
ဒီတစ်ခါတော့ သူဘာမှပြန်မပြောလိုက်တော့ပါ။
သူဖြစ်ချင်တာ သူမရဲ့ အစ်ကိုမှမဟုတ်ပဲ။
အသက်ငယ်သလောက် အရမ်းလည်တဲ့ကလေးမလေး။ မင်းလည်သလောက် ကိုယ်လဲ မအ,ပါဘူးကွာ။
>>>>>>>>>><<<<<<<<<<
ခြံထဲက ဒန်းပေါ်မှာ မှိုရတဲ့မျက်နှာကြီးဖြင့်
ထိုင်နေသည့် နေအရိပ်ကို ဝသန် မျက်မှောင်ကုတ်ကြည့်လိုက်ပြီး
"ဒါ ဘာရလာတဲ့မျက်ခွက်ကြီးလဲ''
"ဘာရလာလဲဆိုတော့ first step ''
"ဘာလဲ first stepက''
"ပထမခြေလှမ်းလေ အဟက် မင်းညီမနဲ့ ငါနဲ့ အဆင်ပြေနေပြီ ယောက်ဖရ''
"ဘာ''
"ဟ လန့်လိုက်တာကွာ''
သူကပဲပြောရတယ်ရှိသေး။
ညီမနဲ့အဆင်ပြေနေတာကို အကိုရှေ့လာကြွားစရာလား။ ကြည့်ဦး မျက်ခွက်ကြီးကလဲ ကိုယ့်သူငယ်ချင်းအရင်းကြီးသာမဟုတ်ရင် ဆွဲထိုးပစ်ချင်စရာ။
"ထ ထ ဟျောင့် မင်း နောက်တစ်ခါ ငါ့အိမ်မလာနဲ့တော့ ပြန်တော့''
ဒန်းပေါ်ထိုင်နေသည့် သူ့ကို အတင်းဆွဲထူကာ
နှင်ထုတ်နေသည့် ဝသန့်ကို သူပေကပ်ကပ်ကြည့်ကာ
"ဘာလဲ မင်းပဲ ငါတို့ကို သဘောတူတယ်ဆို''
"ပြောမိလား
ဟမ် မင်းကို ငါ့ညီမနဲ့သဘောတူပါတယ်လို့
ပြောမိလို့လား၊ ပြီးတော့ပြောမိတယ်ဆိုရင်တောင် ငါက သူ့အကိုကွ၊ ငါရှေ့မှာ ငါ့ညိီမနဲ့
မင်းအဆင်ပြေနေတဲ့အကြောင်းကို
လာကြွားစရာလား၊ မင်း နည်းနည်းပါးပါးလောက် အရိပ်အကဲသိစမ်းပါ''
"ဪ... အဲ့လိုဖြစ်သွားတာလား
အေးပေါ့ ဟိုစကားပုံလိုပဲလေ
နှမလင်နေ မောင်ဖင်ကြိမ်းဆိုလား ဘာလား...
"နေ.. အ.. ရိပ်..''
"ဟေ ဘာ ဘာလဲ''
"မင်း ပြန်လိုက်တော့ ငါ တစ်ခုခုမလုပ်ခင်
မင်းပြန်လိုက်တာကောင်းမယ်''
ဝသန့်ကိုကြည့်ရတာ မျက်နှာကြီးနိီရဲပြီး
ဒေါသထွက်နေတာ အသေအချာမို့ နေအရိပ် ထပ်မစတော့ပဲ မျက်နှာပိုးသတ်ကာ
"စတာပါကွာ မင်းကလဲ စိတ်ချည်းပဲ
လာ ထိုင်''
"မထိုင်ဘူးကွာ မင်းပြန်တော့''
"ကဲပါကွာ ငါက ဒီအတိုင်း အလကားစလိုက်တာပါ
မင်းဒေါသထွက်ရင် တစ်မျိုးချစ်စရာကောင်းတယ်လေ လာ ထိုင်လိုက်''
ဒန်းပေါ်အတင်းဖိချထိုင်ခိုင်းလိုက်မှ သူ့ကို မျက်စောင်းတခဲခဲဖြင့်ဝင်ထိုင်သည့် ဝသန်ရယ်။
သူလဲ ဝသန့်ရဲ့ပုခုံးကိုဖက်ကာ ေဘးတွင်ဝင်ထိုင်လိုက်ပြီး
"ငါ နွေသစ်ခက်ကို တကယ်သဘောကျတာ''
"ဟျောင့် နေအရိပ် ငါစိတ်တိုနေတာနော်''
"ငါသိပါတယ်ကွ ဒါပေမယ့် မင်းသိအောင်ပြောပြစရာရှိလို့ ခဏလေးတော့ ဒေါသကို မြိုသိပ်ထားလိုက်နော် အဟွန်း''
သူပြောလိုက်တော့ ဝသန်က ငြိမ်ကျသွား၏။
ထိုအခါမှ ဝသန့်ပုခုံးကိုဖက်ထားသည့် လက်ကိုဖြုတ်လိုက်ပြီး ကျန်တဲ့လက်တစ်ဖက်ဖြင့် ဒန်းရဲ့ ဘေးက သံတိုင်လေးကို လှမ်းကိုင်လိုက်ပြီး ခြေထောက်တွေက ဒန်းကိုလွှဲလိုက်တော့
"ဟျောင့် မလွှဲစမ်းနဲ့ကွာ ငါ ခေါင်းမူးတယ်ကွ''
"ေအးပါ ယောက်ဖသဘော ယောက်ဖသဘော''
ရယ်သံနှောပြီး ပြောလိုက်ပေမယ့် ဝသန်က မျက်စောင်းကြီးထိုးကြည့်ရုံကလဲွဲပြီး ဘာမှတော့မပြောတော့ပေ။
"ဒယ်ဒီ့ကို နွေသစ်ခက်အကြောင်းပြောပြထားတယ်''
"ဟင် ဘာလုပ်ဖို့ ငါ့ညီမအကြောင်းကို...
္''ငါ့ဒယ်ဒီနဲ့ မင်းဒယ်ဒီနဲ့က သူငယ်ချင်းတွေလေ''
"အဲ့ဒါနဲ့ အခု သစ်ခက်လေးနဲ့ဘာဆိုင်လို့လဲ''
"အွန်းဘယ်လိုပြောရမလဲ ရှေးအယူအဆနဲ့တော့ ဘယ်လိုပြောရလဲမသိပေမယ့်
အခုခေတ်စကားအရ ငါနားလည်တာကတော့
ဒယ်ဒီ့ကိုတပ်ကူခေါ်လိုက်တာ
မင်းဒယ်ဒီသဘောတူလာအောင် ပြောပေးဖို့
ဒယ်ဒီ့ကို ရှေ့နေအဖြစ်ငှားလိုက်တာကွာ အဟွန်း ပြီးတော့ ငါယူမယ့်မိန်းမက နွေသစ်ခက်ပါလို့
ဒယ်ဒီ့ကို အသိပေးလိုက်တဲ့သဘောပဲ
အခု မင်းကိုပြောပြတာကလဲ
မင်းညီမကို ငါက အပျော်ကြံနေတယ်လို့
ထင်နေတာကို ဖျောက်ပစ်ချင်လို့''
"နေအရိပ်''
"အွန်း ငါပြောပြီးသားပဲ မင်းညီမကို ငါ တည့်ကြွေတာပါလို့''
ဒီကောင် အ,တာလိုလို လည်တာလိုလိုနဲ့
ခြေလှမ်းတော့သွက်သားပဲ။
ဝသန် နေအရိပ်ကို ဘာမှမပြောပဲ
စူးစမ်းသည့်မျက်လုံးများဖြင့်သာ စိုက်ကြည့်နေလိုက်တော့ နေအရိပ်က လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်လိုက်ပြီး
"ဟ ဘုန်းဝသန် ငါ မင်းယောက်ဖနော်
မင်းယောက်ျားမဟုတ်ဘူး ဘယ်လိုမျက်လုံးတွေနဲ့ကြည့်နေတာလဲ ငါ ရှက်တောင်လာပြီ''
"ခွေးကောင် ငါ့ကို အခွက်လာပြောင်နေသေးတယ် မင်းသေမယ် လာခဲ့''
"ဟ ဟ တကယ်မလုပ်နဲ့နော် ဝသန်
ငါ ပြန်ထိုးမှာနော်''
"ဟား ဟား ပြန်ထိုးရဲလား သိချင်လို့ကို
တမင်ထိုးမှာကွာ ဟျောင့် ဘယ်ပြေးတာလဲ''
ခြံထဲကနေ ကားစင်ဝင်အောက်ကို ပြေးကာ
ကားပေါ်ပြေးတက်သွားသည့် နေအရိပ်ကိုကြည့်ကာ ဝသန် တဟား ဟားရယ်နေခဲ့ရသည်။
သူတို့ကို ဝရံတာပေါ်ကနေ ရပ်ကြည့်နေသည့် မေနှင်းစက်ကိုတော့ မမြင်လိုက်ကြပေ။
"နွေသစ်ခက် နင်ကလဲ အစွမ်းအစတော့ မနည်းပါလား ဟွန့်''
>>>>>>>>>><<<<<<<<<<
"မျိုးရိုးဂုဏ် ဘယ်မှာလဲ''
ကားပေါ်က ဆင်းဆင်းချင်း မျက်နှာခပ်တင်းတင်းဖြင့် မေးလာသည့် သူဌေးမင်းကို ဒေါ်ထွေး ခေါင်းလေးငုံ့ကာ အရိုအသေပေးလိုက်ပြီး
"အပေါ်ထပ်မှာရှိပါတယ် သူဌေးမင်း
ကျွန်မသွားခေါ်ပေးပါ့မယ်''
"အခုထိ အိပ်ရာမထသေးတာလား''
ဦးရာဇဂုဏ် အပေါ်ထပ်ကိုမော့ကြည့်ပြီး
မေးလိုက်တော့ ေဒါ်ထွေးက မျက်နှာပျက်သွားတာမို့ သူမေးလိုက်တာ မှန်သွားပုံရ၏။
"သားက တစ်ခါတစ်လေမှ အိပ်ရာထနောက်ကျတာပါ သူဌေးမင်း ပြီးတော့ ဒီနေ့က ရုံးပိတ်ရက်ဆိုတော့...
"ဪ...ဪ.. ရုံးဖွင့်ရက်ဆိုရင်တော့ စောစောထတဲ့သဘောလား၊ ဒါနဲ့ နေပါဦး တစ်ခါတစ်လေမှ အိပ်ရာထနောက်ကျတာလား၊ တစ်ခါတစ်လေမှ အိပ်ရာစောစောထတာလား ဟမ်''
"မဟုတ်ပါဘူး သားက တကယ်လိမ္မာပါတယ်''
"လိမ္မာတယ် ဟုတ်လား
မနေ့ညက အဲ့ကောင် ဘယ်အချိန်မှ အိမ်ပြန်ရောက်တာလဲ ''
"ရှင်.!.!.!...
"ဘာလဲ မဖြေနိုင်ဘူးမလား''
"သား မနေ့ညက အစောကြီးပြန်လာတာပါ''
"မနက်အစောကြီးလား ဒေါ်ထွေး''
ဒေါ်ထွေး ဘာမှမဖြေပဲ ငြိမ်ကျသွား၏။
ဂုဏ်ကလဲ သူဌေးမင်းပြောသလို ည ၂နာရီထိုးမှ အိမ်ပြန်ရောက်တာမဟုတ်လား။
"သွား အဲ့ကောင်ကို အခုချက်ချင်းခေါ်ခဲ့''
"ဟုတ်ကဲ့ သူဌေးမင်း အိမ်ထဲကြွပါ''
"အင်း''
ဧည့်ခန်းမှာ ထိုင်လိုက်သည့် သူဌေးမင်းကိုကြည့်ကာ
ဒေါ်ထွေးသက်ပြင်းရှိုက်လိုက်ပြီး အပေါ်ထပ်မှ ဂုဏ်လေးအခန်းကိုသွားလိုက်၏။
"ဒေါက် ဒေါက် ဒေါက်''
"သား ဂုဏ်လေး သား ခဏလောက်ထဦးနော်
အောက်မှာသားအဖေရောက်နေတယ်
သား ေဒါ်ထွေးပြောတာ ကြားလား
သား ဂုဏ်လေး...
"ဘာလဲ ဒေါ်ထွေးရာ''
တံခါးဖွင့်ကာ အိပ်ချင်မူးတူးမျက်နှာဖြင့် ထွက်လာသည့် ဂုဏ်။
အနည်းငယ်ရှည်ချင်နေသည့် ဆံပင်တွေက ဖရိုဖရဲဖြင့်။ ဒါ့အပြင် အနက်ရောင်ဖဲသား ညဝတ်အက်ျီကလဲ ရွဲ့စောင်းနေသေးသည်။
"သား အဖေရောက်နေတယ်''
"ဘာလာလုပ်တာလဲ''
"အဲ့ဒါတော့ ဒေါ်ထွေးလဲ မသိဘူး
ဒါပေမယ့် သားအဖေကိုကြည့်ရတာ ဒေါသထွက်လာသလိုပဲ''
"သူက အမြဲဒေါသထွက်နေတာပဲကို''
"ဒါတော့ ဒါပေါ့ကွယ်
ဒါပေမယ့် သားက အခြေအနေကြည့်ပြီး စကားပြောတတ်အောင်လို့ ဒေါ်ထွေးက အသိပေးရတာ''
သူမ သတိပေးသလိုပြောလိုက်ပေမယ့်
ဂုဏ်က ပုခုံးတွေကိုတွန့်ကာ နှာခေါင်းရှုံ့ပြသေး၏။
"ဒေါ်ထွေးက အဲ့ဒါလာပြောတာမလား သွားတော့
ကျွန်တော် ဆင်းခဲ့မယ်''
"အေး အေး သိပ်မကြာစေနဲ့နော်''
အခုချိန်မှ အိပ်ရာနိုးတတ်တဲ့ သူ့အကြောင်းကို
ဖေဖေက သိပြီးသားပဲဟာ။
ဒါကိုပဲ ဒေါ်ထွေးတို့က ဘာကို ဖုံးကွယ်ချင်နေလဲဆိုတာ စဥ်းစားလို့ကိုမရ။
မျက်နှာသစ် အဝတ်အစားလဲပြီး ပြန်ဆင်းလာတော့
ဖေဖေက ဧည့်ခန်းထဲက နှစ်ယောက်ထိုင်ဆိုဖာကြီးပေါ်တွင် အခန့်သားခြေချိတ်ထိုင်နေတာမို့ သူလဲ ဖေဖေ့ရဲ့မျက်စောင်းထိုးနေရာတွင်ဝင်ထိုင်လိုက်ပြီး
"မေမေရောမပါဘူးလား ဖေဖေ''
"မင်းမမြင်ဘူးမလား မမြင်ရင်မပါလို့ပေါ့''
ဘိုးတော့်အသံက ခပ်မာမာမို့
မျက်နှာကိုတစ်ဖက်လွှဲကာ နှုတ်ခမ်းတွေကိုမဲ့ချပစ်လိုက်၏။
"မင်း ဘာလုပ်ဖို့စဥ်းစားနေတာလဲ ဂုဏ်''
"ဗျာ ကျွန်တော်က ဘာလုပ်ရမှာလဲ
ဖေဖေ့စကားကလဲ အစမရှိအဆုံးမရှိနဲ့''
"မင်းကဘာလုပ်ချင်လို့လဲ
ဒီအသက်အရွယ်အထိ မိဘက လိုလေသေးမရှိ ကျောင်းထားပေးတာကိုမှ အားမနာ
ကျောင်းပြီးတဲ့အချိန်အထိ မိဘလုပ်စာထိုင်စားနေတုန်း
မင်းမရှက်ဘူးလား ဟမ်''
"မရှက်ပါဘူး ဘာလို့ရှက်ရမှာလဲ
ကျောင်းပြီးတာနဲ့အလုပ် တန်းဝင်လုပ်ရအောင်
ဖေဖေတို့က အဲ့လောက်ဆင်းရဲနေလို့လား
ပြီးတော့ မိဘလုပ်စာထိုင်စားနေတယ်လို့ပြောရအောင်လဲ ကျွန်တော် ဖေဖေ့ဆီက လက်ဖြန့်တောင်းနေလို့လား ကျွန်တော့်ပိုက်ဆံနဲ့ ကျွန်တော် သုံးနေ....
"တော်စမ်း မင်းပိုက်ဆံလို့ပြောရအောင် မင်းရှာထားတာလား ဟမ် ေပြာစမ်း''
အမွေရတဲ့ပိုက်ဆံနဲ့ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာမို့ ပြောလိုက်တော့ မောင်မင်းကြီးသားက မျက်နှာတစ်ချက်မပျက်ပဲ
"ဖေဖေ့ပိုက်ဆံမဟုတ်ရင်ပြီးတာပဲ မဟုတ်လား''
"မင်း တော်စမ်း တော်စမ်း
မင်းအသံကို မကြားချင်ဘူး''
"အခု ဖေဖေရောက်နေတာက ကျွန်တော့်အိမ်နော်''
"ဘာလဲ ငါ့ကိုမင်းက နှင်တာလား မျိုးရိုးဂုဏ်''
"မနှင်ပါဘူး ကိုယ့်အဖေကို ဘာလို့နှင်ရမှာလဲ
ဖေဖေက ကျွန်တော့်ဆီကို တကူးတကကြီးလာပြီး
ကျွန်တော့်အသံမကြားချင်ဘူးဆိုလို့ပြောပြတာ''
သူပြောလိုက်တော့
ဖေဖေက မျက်ခုံးတွေ တွန့်ချိုးကြည့်နေပြီး
"မင်း ဘယ်အချိန် ငါ့အလုပ်ထဲ ဝင်လုပ်မှာလဲ''
"ဘယ်တော့မှမလုပ်ဘူး ဖေဖေ့အလုပ်ကို ကျွန်တော်စိတ်မဝင်စားဘူး''
"စိတ်မဝင်စားလို့မရဘူးကွ
ငါ့မှာက သားဆိုလို့မင်းတစ်ယောက်တည်းပါတာ
မင်းမှ ဦးမဆောင်ရင် ငါက ဒီအလုပ်တွေကို ဘယ်သူ့ကိုလက်လွှဲခဲ့ရမှာလဲ''
"မမတို့ကိုပေးလိုက်ပေါ့ ဘာခက်လို့လဲ''
"မင်းအစ်မတွေက သူတို့အလုပ်တွေနဲ့ သူတို့
ငါ့အလုပ်တွေကို ဘယ်လိုလုပ်ပြီး ဦးစီးနိုင်မှာလဲ
ပြီးတော့ ငါက ဒီအလုပ်တွေကို စလုပ်ခဲ့ကတည်းက
မင်းအတွက်ဆိုပြီး ရည်ရွယ်ပြီးတော့ကို လုပ်ထားတာ''
ဖေဖေ့ကိုကြည့်ရတာ အတည်ပေါက်ကြီးနဲ့ပြောနေတာမို့ ငြင်းရမှာတောင် အားနာလာသလိုလို။
ဒါပေမယ့် ဒီလုပ်ငန်းတွေကို ကိုယ်မှတကယ်စိတ်မဝင်စားတာကို။
ဒါ့ကြောင့်လဲ ဖေဖေ့ကိုတမင်ပတ်ရှောင်နေရတာ ကိုယ်သာအသိ။
"ကျွန်တော့်မှာ ကျွန်တော်လုပ်ချင်တဲ့အရာတွေ
ကျွန်တော့်ဝါသနာတွေဆိုတာ ရှိတယ်
ပြီးတော့ ဖေဖေ့လို လူအများကြီးကို ဦးဆောင်ဦးရွက်လုပ်ရမှာကို ကျွန်တော်မကြိုက်ဘူး စိတ်လဲမရှည်ဘူး''
"ဒါကတော့ မင်းသပ်သပ်အကြောင်းရှာနေတာပဲ
ငါ့အလုပ်တွေကို စိတ်မရှည်လို့ မလုပ်ချင်ဘူးဆိုရင်
မင်းက ဘာလုပ်ချင်တာလဲ''
မေးလိုက်ပြန်တော့လဲ ဂုဏ်က မဖြေ။
လည်ပင်းကို လက်တစ်ဖက်ဖြင့် အကြောင်းမဲ့
ပွတ်သပ်နေပြီး မျက်နှာလွှဲထားသေး၏။
"မင်းကိုငါ တစ်လအချိန်ပေးမယ်
တစ်လအတွင်းမှာ မင်းလုပ်ချင်တယ်ဆိုတဲ့ဟာကို
အကောင်အထည်ပေါ်အောင်လုပ်ပြ
မဟုတ်ရင်တော့ ငါခိုင်းတာကိုလုပ်ရမယ်''
ပြောပြီးတာနဲ့ နေရာမှထပြန်သွားသည့်
ဖေ့ဖေ့ကို ဂုဏ် ဘာမှပြန်မပြောလိုက်သည်က
ဖေဖေပြောသွားတာကို သဘောတူလို့တော့မဟုတ်။
တစ်ခါတစ်လေပြဿနာမဖြစ်အောင်
ငြိမ်ပေးလိုက်တာက အဆင်ပြေတာပဲလေ။
>>>>>>>>>><<<<<<<<<<
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
အမှားပါသွားရင် ချစ်တဲ့စိတ်လေးနဲ့ ဝေဖန်ပေးကြပါရှင့်😁
အပိုင်း(၁၁)မျှော်
စာရေးသူ-Merida(Tulip)