🎗🎗 နှောင်ကြိုး 🎗🎗
~~~~~~~~~~
"ဒိန်း ဂျလိန်း ဂျိန်း''
ဟိန်းခနဲ ဟိန်းခနဲ ထွက်ပေါ်လာသည့်
မိုးခြိမ်းသံကြီးက တစ်ခုခုကို ဒေါသထွက်နေသည့်အလား။
တစ်ချက်တစ်ချက် လွင့်သွားသည့်
လိုက်ကာလေးရဲ့ နောက်မှ မှန်ပြတင်းပေါက်လေးကလဲ အပြင်မှ လျှပ်စီးလက်နေသည်များကို မြင်သာထင်သာအောင် ပြနေသည့်နှယ်။
ထိုအချိန် ခမ်းနားထည်ဝါလှသော နှစ်ထပ်တိုက်ကြီးရဲ့ စင်ဝင်အောက်တွင် ကားတစ်စီးကျွိခနဲနေအောင် ထိုးရပ်သွားပြီး ကားပေါ်မှ အကိုလေးမင်းသစ် ဆင်းလာ၏။
"အကိုလေး ညစာစားတော့မလားဟင်၊ သက်ထားပြင်ပေးမယ်လေ''
တစ်အိမ်လုံး အိပ်မောကျနေပြီး သခင်မ နန်းမြင့်သူပြန်မလာသေး၍ ဧည့်ခန်းထဲကကြမ်းပြင်တွင် တီဗွီကြည့်ရင်း ထိုင်စောင့်နေသော သက်ထား အကိုလေးပြန်လာ၍ တာဝန်အရမေးလိုက်၏။ အကိုလေးက ရီေဝနေသော မျက်လုံးများဖြင့် သူမကို မျက်တောင်ကြီးတွေ စင်းကြည့်နေပြီး
"မင်းရဲ့သခင်မ နန်းရော?''
"သခင်မက ဘုရားကိုးဆူဖိတ်လို့သွားပါတယ် အကိုလေး''
"သားနဲ့သမီးရော''
"ခုနကပဲ သက်ထားသိပ်ထားပါတယ်ရှင့်''.
အကိုလေးက ခေါင်းကိုခပ်လေးလေးငြိမ့်ကာ
ကျွန်းဖြင့် ရစ်ခွေအလှဆင်ထားသော လှေကားကြီးပေါ်ကို လေးကန်ယိုင်ထိုးနေသော ခြေလှမ်းများဖြင့် တစ်လှမ်းချင်းတက်သွား၏။ သာမန်အချိန်ဆို အနေအေးလှသည့် အကိုလေးက မူးလာရင် ဘာကိုမှန်းမသိရန်ရှာတတ်တာမို့ သက်ထား ဝင်လဲတွဲမပေးရဲ။ အခုလဲ ယိုင်ထိုးယိုင်ထိုးဖြင့် တက်သွားတဲ့ခြေလှမ်းတွေက ၄ထစ်မြောက်တွင် ခြေချော်ကာ ခေါက်ခနဲလဲသွားတာမို့ သက်ထား အလန့်တကြားသွားတွဲပေးလိုက်တော့
"ရတယ် ငါ့ကိုဂရုမစိုက်နဲ့''
"ရှင်.. ဟို အကိုလေးပြုတ်ကျမှာစိုးလို့ပါ''
သက်ထားပြောပြီး အကိုလေးရဲ့လက်မောင်းကို တွဲထားတဲ့ လက်တွေကို ဖြုတ်ပေးလိုက်ကာ နောက်ဆုတ်လိုက်၏။ သို့ပေမယ့် အကိုလေးက အပေါ်ကိုတက်မသွားပဲ သူမကို ခပ်စူးစူးလေးကြည့်ကာ
"ငါ့အနားကနေ ဘယ်တော့မှ နှစ်ခါနှင်စရာမလိုဘူးပဲ''
"ရှင်.!.!
"လာတွဲပေးဦး မဟုတ်ရင် ငါပြုတ်ကျပြီးသေနေလို့ မင်းရဲ့သခင်မ မုဆိုးမဖြစ်နေမယ်''
"အို အကိုလေးကလဲ မပြောကောင်း မဆိုကောင်း၊ အကိုလေးက ဘာလို့သေရမှာလဲ''
မျက်စောင်းလေးဝဲပြီး စိုးရိမ်တကြီးပြောလိုက်တဲ့ ပုံစံလေးက ချစ်စဖွယ်အတိ။ မင်းသစ် ဒီကောင်မလေးကို ကြည့်လိုက်တိုင်း ရင်ထဲအေးချမ်းသွားလောက်အောင် မြတ်နိုးနေမိတာ ဘာကြောင့်လဲ။
"စိုးရိမ်လို့လား''
"ဟုတ်ကဲ့ စိုးရိမ်တာပေါ့၊ အကိုလေးသာ တစ်ခုခုဖြစ်သွားရင် သခင်မရော သားနဲ့သမီးရော ဘယ်လိုလုပ်မလဲ''
နောက်ဆုံးတော့ သူထင်တဲ့အတိုင်းပင်။
သူမစိတ်ထဲမှာ သူက နန်းမြင့်သူရဲ့ခင်ပွန်း မေနှင်းစက်နဲ့ ဘုန်းဝသန်ရဲ့အဖေဆိုတာထက် ပိုတဲ့အဆင့်မရှိ။ မင်းသစ် ဒီကောင်မလေးရဲ့ တုံးအမှုကို သက်ပြင်းလေးချပြီး မြိုချလိုက်ကာ
"ငါ့ကို အခန်းထဲတွဲပို့ပေး''
"ဟုတ်ကဲ့ အကိုလေး''
များပြားလှတဲ့ လှေကားတွေကို သူမလေးနဲ့တွဲပြီးတက်ရတဲ့ ခံစားချက်က ဘာနဲ့မှမလဲနိုင်လောက်အောင် သာယာဖွယ်ကောင်း၏။ လှေကားထစ်တစ်ခုပေါ်ကို ခြေထောက်နှစ်ဖက်အတူချခွင့်ရတဲ့ အခိုက်အတန့်မှာ သူ့စိတ်ထဲ ကြည်နူးမှုလေးဝင်လာ၏။ မိုးသက်လေနဲ့အတူ သင်းပျံ့စွာ တိုးဝှေ့လာသည့် သူမရဲ့ပျက်လုပျက်ချင် သနပ်ခါးရနံ့လေးက သူ့ကိုယစ်မူးစေသလို မိုးခြိမ်းသံနဲ့အတူ ကာရန်ညီစွာ ခုန်ပေါက်မြူးကြွနေသည့်သူ့ရင်ခုန်သံတွေကို သူမလေး ကြားမှကြားပါလေစ။
"အကိုလေး ဝင်လို့ရပါပြီ''
သက်ထား အခန်းတံခါးလေးကို ဖွင့်ပေးလိုက်သည်အထိ အကိုလေးက အခန်းထဲမဝင်သေးပဲ သူမကိုသာ စူးစိုက်ကြည့်နေ၏။ ဒီနေ့မှ အကိုလေးရဲ့ အကြည့်တွေက တစ်မျိုးတစ်မည်ဖြစ်နေတာမို့ သက်ထား အရိပ်အကဲပါးစွာ နောက်ဆုတ်ရှောင်ရန်ကြိုးစားလိုက်ပေမယ့်
"အခန်းထဲထိ လိုက်ပို့''
"ဟင်... ဟိုလေ ..
ငြင်းဆန်ခွင့်မရလောက်အောင် အကိုလေးက သူမရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး အခန်းထဲဆွဲခေါ်သွား၏။ ပြီးတာနဲ့ သက်ထားကို ပုခုံးနှစ်ဖက်မှ ခပ်တင်းတင်းကိုင်ကာ
"ဘယ်အချိန်ထိ အခုလို အေးတိအေးစက်ဖြစ်နေဦးမှာလဲ ထား''
ဟင် ထားတဲ့လား။ ဘယ်တုန်းက ထားလို့ခေါ်ဖူးလို့လဲ။ အကိုလေးရဲ့ ထူးဆန်းတဲ့အပြုအမူနဲ့ အခေါ်အပြောကို သူမမျက်လုံးဝိုင်းလေးများဖြင့် ငေးစိုက်ကြည့်နေသည်ကို အကိုလေးက အလိုမကျဟန်ဖြင့်
"ထား ကိုယ်နောက်ထပ် ဘယ်လောက်ကြာအောင် အခုလို ရူးနေရဦးမှာလဲ''
"အကိုလေး ဘာပြောချင်တာလဲဟင်၊ သက်ထား နားမလည်လို့ပါ ပြီးတော့ အခုလိုမျိုးကြီးက မသင့်တော်ပါဘူး လွှတ်ပါ အကိုလေး''
"မလွှတ်ဘူး ကိုယ်ဒီညမင်းကို မလွှတ်ပေးတော့ဘူး၊ ကိုယ့်စိတ်တွေကို မင်းဆီမှာ လွတ်လပ်စွာ ခိုနားခွင့်ပေးလိုက်တော့မယ်၊ ကိုယ် ထားကိုချစ်တယ်''
"အို... ဘာတွေလျှောက်ပြောနေတာလဲ''
"ကိုယ် ထားကိုတကယ်ချစ်တာပါကွာ၊ ချစ်တယ် ထား''
"ဟင့်အင်း အဲ့လိုမလုပ်ပါနဲ့၊ အကိုလေး ဖယ် လွှတ် လွှတ်ပါ''
သူမရဲ့ရုန်းကန်ခြင်းတွေကို လျစ်လျူရှုထားသည့်အကိုလေးက သူမရဲ့မျက်နှာလေးအနှံ့ကို အနမ်းမိုးတွေသာခြွေချနေတော့၏။
သည်းကြီးမည်းကြီး ရွာချနေသော
မိုးရေများနှင့်အပြိုင် ငိုကြွေးနေမိသူက
"နှင်းဆီမြိုင်''စံအိမ်ရဲ့ အိမ်ဖော်တစ်ယောက်ဖြစ်သော သက်ထား။
"အဟင့် ဟင့် မလုပ်ပါနဲ့ အကိုလေးရယ် အဟင့် မသင့်တော်ပါဘူးနော် သက်ထားတောင်းပန်ပါတယ်''
"ချစ်လို့ပါ ထားရယ် ကိုယ်မင်းကိုချစ်တယ်''
သူမကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတဲ့ အကိုလေးရဲ့လက်တွေကို ရုန်းကန်ရင်းပြောလိုက်ပေမယ့် အချည်းနှီးသာ။ ကြောက်လန့်တကြား နောက်ကိုဆုတ်လိုက်တဲ့ခြေလှမ်းတွေက ကုတင်နဲ့ထိကပ်သွားပြီး အရှိန်လွန်က ကုတင်ပေါ်ပစ်လဲကျသွား၏။
"အကိုလေး သက်ထားကို သနားပါနော် အဟင့် သက်ထား တောင်းပန်ပါတယ်''
"ကိုယ့်ကိုရော မသနားဘူးလား ဟမ်၊ ထားကို ကိုယ်ချစ်တယ် ကိုယ့်ကိုချစ်ခွင့်ပြုပါ''
"အို မဟုတ်တာ သက်ထားကို လွှတ်ပါနော် တော်ကြာ သခင်မပြန်လာရင် ဒုက္ခရောက်လိမ့်မယ် အဟင့် လွှတ်ပါ အာ့...
ဘယ်လောက်တောင်းပန် တောင်းပန် အကိုလေးရဲ့ လက်တွေက နောက်ဆုတ်မသွားတဲ့အပြင် ပိုပြီးတင်းကျပ်လာ၏။ ကုတင်ပေါ် ပက်လက်လေးလဲကျနေသည့် သက်ထားရဲ့အပေါ်မှ အုပ်မိုးပစ်လိုက်ပြီး အလိုမတူသော အနမ်းတွေဖြင့် သူမကို အတင်းသိမ်းပိုက်ပစ်လိုက်တော့၏။ တစ်ခါမှ မမြင်ဖူးတဲ့ အကိုလေးရဲ့ဇွတ်တရွတ်အနမ်းတွေအောက်မှာ သူမရဲ့ အပျိုစင်ဘဝလေး နင်းခြေခံလိုက်ရတဲ့ ညတစ်ည။
××××××× ××××××× ×××××××
အပြင်မှာမိုးသံတွေ တိတ်ဆိတ်သွားပေမယ့် သူမရင်ထဲကမိုးကတော့ သည်းထန်နေဆဲ။ သခင်မသာ အခုလိုပုံစံကိုမြင်သွားရင် အို မဖြစ်သင့်ဘူး။
အတင်းဆွဲရမ်းပြီး ဆုတ်ဖြဲခံထားရ၍ စုတ်ပြဲနေသော အက်ျီလက်မောင်းလေးကို လက်တစ်ဖက်ဖြင့် စုကိုင်ထားလိုက်ပြီး ကျန်လက်တစ်ဖက်က ကြယ်သီးများမရှိတော့သော အက်ျီရင်ဘတ်လေးကို ဖုံးဖိထားလိုက်၏။ ကုတင်ပေါ်တွင် လူမှန်းမသိအောင် မူးပြီးအိပ်ပျော်နေသော အကိုလေး မင်းသစ်ကိုမဝံ့မရဲလေးကြည့်လိုက်ပြီး အခန်းထဲမှ ထွက်သွားရန်ပြင်လိုက်စဥ်
"ကျွိ ချလပ်''
"အကို နန်းပြန်ရောက်ပြီ ဟင် သက် ထား''
မြင်နေရတဲ့ မျက်လုံးတွေကိုပင်
မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ၏။
တစ်ယောက်ကတော့ စုတ်ပြဲနေသော အဝတ်အစားများအပြင် ရှည်လျားလှသည့် ဆံနွယ် ထူထူအုပ်အုပ်ကြီးက ဖရိုဖယဲ။
ကျန်တဲ့တစ်ယောက်ကတော့ ကုတင်ပေါ်မှာ
မြင်မကောင်း ရှုမကောင်းလောက်အောင်
အပေါ်ပိုင်း ကိုယ်ဗလာဖြင့်။
"ဘာ ဘာတွေဖြစ်ကုန်ကြတာလဲ''
အံ့သြတုန်လှုပ်ခြင်းများစွာဖြင့်
နန်းမြင့်သူ၏ အသံက ခပ်တိုးတိုးပင်။
သက်ထား အခုထိ အဆက်မပြတ်ကျဆင်းနေသော
မျက်ရည်တို့ကို အတင်းထိန်းချုပ်ထားလိုက်ပြီး
သခင်မ ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ
"သက်ထား အမှားပါ သခင်မ၊
အကိုလေး မူးနေမှန်းသိရဲ့နဲ့ အခန်းထဲ တွဲပို့ပေးမိတဲ့ သက်ထားရဲ့အမှားပါ၊
သက်ထားကို ကြိုက်တဲ့အပြစ်ပေးပါ အဟင့် ဟင့်၊
ဒါပေမယ့် သက်ထားကို ဒီအိမ်ကတော့ မောင်းမထုတ်ပါနဲ့နော် အဟင့် သက်ထားမှာ သွားစရာနေရာမရှိလို့ပါ''
နန်း ဘာပြန်ပြောရပါ့မလဲ။
သက်ထားဆိုတာက သူမငယ်ငယ်လေးကတည်းက
သူမအနားမှာ အနီးကပ်နေခဲ့တဲ့သူမို့
အခုလိုတွေ ဖြစ်လာအောင် တမင်ဖန်တီးယူထားတာ မဟုတ်မှန်း သေချာပါသည်။
ဒါဆို အခုလိုဖြစ်လာရတဲ့ အဓိက တရားခံက အကိုပေါ့။ ဟင့်အင်း အကိုမှာအပြစ်မရှိပါဘူး။ အကို မူးလို့မှားသွားတာဖြစ်မှာပါ။ အကိုမှာ အဲ့လိုစိတ်တွေမရှိဘူးဆိုတာ နန်းအသိဆုံး။
"သခင်မ သက်ထားကို အပြစ်ပေးပါ''
"အပြစ်ပေးရမယ် ဟုတ်လား သက်ထား၊ ငါ့ရဲ့မိသားစုဘဝလေးကို ဖျက်ဆီးပစ်တဲ့ နင့်ကို ဘယ်လိုအပြစ်မျိုးပေးရမလဲ''
"အဟင့် သက်ထားတောင်းပန်ပါတယ်''
"မလိုချင်ဘူး ငါ့ရှေ့က အခုချက်ချင်း ထွက်သွား၊ မနက်ဖြန် မိုးမလင်းခင် ဒီအိမ်က ထွက်သွားပါ''
"အဟင့် အဲ့လိုမလုပ်ပါနဲ့၊ သက်ထားမှာ သွားစရာနေရာမရှိလို့....
"အို မလိုချင်ဘူး၊ ထွက်သွား ထွက်သွား''
သက်ထား သခင်မရှေ့မှ ခေါင်းလေးငုံ့ ကိုယ်လေးရို့ပြီး အခန်းအပြင်ဘက်ကို ထွက်လာလိုက်တော့
အခန်းအပြင်ဘက်တွင် မမလေး မေနှင်းစက်က အမွှေးပွရုပ်လေးကို ဖက်ထားရင်းမှ သူမကို ခပ်စူးစူးလေးကြည့်ကာ
"ဒယ်ဒီ့ကို မာမီ့ဆီကနေ ဘာလို့် လုယူလိုက်တာလဲ အဟင့် ဟင့် မပေးဘူး မပေးဘူး၊ ဒယ်ဒီကို ဘယ်သူ့မှမပေးဘူး''
"အဟင့် အန်တီထားတောင်းပန်ပါတယ် မမလေးရယ် အင့်၊ အန်တီထား တမင်ရည်ရွယ်တာ မဟုတ်ပါဘူး''
"အန်တီထားကို မုန်းတယ် မုန်းတယ် ဟီး ဟီး''
နန်း အိပ်ပျော်နေသော အကို့ကို မယုံနိုင်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေစဥ် အပြင်ဘက်က သမီးကြီးရဲ့ အသံ ခပ်စူးစူးလေးကြောင့် စိုးရိမ်စိတ်ဝင်သွားကာ
"သမီး''
"သမိီးကြီး ဘာဖြစ်လို့ ငိုနေတာလဲကွယ်''
သူမမေးလိုက်မှ သမီးက သူမကိုပြေးဖက်ထားလိုက်ပြီး
"မာမီ ဒယ်ဒီ့ကို ဘယ်သူ့မှမပေးရဘူးနော် နော် ဟီး ဟီး ဒယ်ဒီ့ကို နှင်းစက်ချစ်တယ်၊ ဘယ်သူ့မှမပေးနိုင်ဘူး၊ မပေးပါနဲ့နော် ဟီး ဟီး''
"အို သမီးရယ်''
ဒီနေ့က သူမအတွက်တော့ ကမ္ဘာပျက်တဲ့ညပါပဲ။
သူငယ်ချင်းတစ်ယောက်အိမ်မှာ ဘုရားကိုးဆူရှိလို့ အပြင်ထွက်သွားမိလိုက်ခြင်းက အခုလိုတွေ ဖြစ်လာဖို့ ကံကြမ္မာရဲ့ အစီအမံတွေလား။
"မငိုပါနဲ့ သမီးရယ် စိတ်ချ မာမီလေ သမီးဒယ်ဒီကို ဘယ်သူ့မှမပေးဘူး''
"အဟင့် တကယ်နော် မာမီ''
"တကယ်ပေါ့ သွား မာမီ့သမီးလေး သွားအိပ်လိုက်တော့၊ မောင်လေးရော အိပ်သွားပြီလား''
"ဟုတ် အိပ်သွားပြီ''
"အင်းသမီးလဲသွားအိပ်တော့''
သမီးကို ချော့ပြီးပြန်အိပ်ခိုင်းလိုက်သည်အထိ
သက်ထားက သူမကိုရပ်ကြည့်နေဆဲ။
ဘယ်သူ့ကိုအပြစ်ဆိုရမှန်းမသိတဲ့ အခြေအနေမို့
ဘာကိုဒေါသထွက်ရမှန်းလဲမသိတော့ပါ။
"သက်ထား တောင်းပန်ပါတယ် အဟင့်''
သူမ ခေါင်းလေးသာ ရမ်းပြလိုက်၏။
ဘယ်သူ့အမှားပဲဖြစ်ဖြစ် အခုချိန်မှာ ဒါကအရေးမကြီးတော့ပါဘူး။
××××××× ××××××× ×××××××
"ကိုယ့်အမှားပါ၊ ကိုယ် ကိုယ့်စိတ်ကိုမထိန်းနိုင်လိုက်ဘူး''
"ဘယ်သူ့အမှားရယ်လို့ နန်း အပြစ်တင်နေတာမဟုတ်ဘူး အကို၊ ပြဿနာကို ရှင်းနိုင်မယ့်အဖြေလိုချင်တာ''
"နန်းကြိုက်သလိုဆုံးဖြတ်ပါ''
"ဘာကိုဆုံးဖြတ်ခိုင်းတာလဲ အကို''
"အားလုံးကိုပါ၊ ဒီကိစ္စကြောင့် ကိုယ်တို့လမ်းခွဲမယ်ဆိုရင်လဲ....
"အကို့..
ဒီလိုစကားတွေ မကြားချင်လို့ သူမစိတ်တွေကို လျော့ချထားပြီး ပြေပြေလည်လည်ပြောနေတာပါ။ ဒီအိမ်ထောင်ရေးစတည်လာခဲ့တာက မိဘတွေကြောင့်ဆိုပေမယ့် မပြိုကွဲအောင်ထိန်းသိမ်းလာတာက အကို့ကိုချစ်တဲ့ သူမအချစ်တွေနဲ့။ ဘာကြောင့်နဲ့မှ ပြိုကွဲမခံနိုင်လောက်အောင် သူမမက်မောခဲ့တဲ့ အိမ်ထောင်ရေးမို့ သမီးတစ်ယောက် သားတစ်ယောက်နဲ့ပါ ချည်နှောင်ခဲ့သေးသည်။ သို့ပေမယ့် အခုတော့ဖြင့်....
"အကို့ကို နန်း ကွာရှင်းမပေးဘူး''
"ကိုယ်ကလဲ ကွာရှင်းချင်လို့ပြောတာမဟုတ်ပါဘူး၊ ဒါပေမယ့် ကိုယ့်မှာက မင်းအပြင် တာဝန်ယူပေးရမယ့် မိန်းကလေးတစ်ယောက်ရှိနေပြီ''
"သက်ထားကို နန်းကြည့်လုပ်လိုက်ပါ့မယ်''
"ဘယ်လိုလုပ်မှာလဲ''
"သူ့ရွာကိုပြန်ခိုင်းလိုက်....
"မရဘူး မင်းအဲ့လိုမလုပ်ရဘူးနန်း၊ ငါခွင့်မပြုဘူး''
သူမစကားလေးပင် အဆုံးမသတ်နိုင်ခဲ့။
သူမကိုကျောခိုင်းကာ ပြတင်းပေါက်ဘက်လှည့်ပြီးရပ်နေသည့်အကိုက သက်ထားကိုရွာပြန်ပို့လိုက်မယ်ဆိုတာနဲ့ သူမဘက်ကိုချာခနဲလှည့်လာပြီး အသည်းအသန်ငြင်းဆန်နေခဲ့သည်။
"ကျန်တာအားလုံးကို မင်းကြိုက်သလို ဆုံးဖြတ်ပါ၊ တစ်ခုပဲ သူ့ကိုတော့ ရွာပြန်မပို့လိုက်ပါနဲ့''
"ဘာလို့လဲ အကို၊ ဘာလို့လဲ''
ဒီမေးခွန်းအတွက် သူ့မှာတိကျသေချာတဲ့ အဖြေရှိပြီးသားပါ။ ဟိုးလွန်ခဲ့တဲ့ ၈နှစ်ကတည်းက ဒီအဖြေကိုပြင်ဆင်ထားပြီးသား။ သူ သက်ထားကိုချစ်တယ်။ မြတ်နိုးတယ်။ ဒါပေမယ့် အလွှာမတူဘူး အဆင့်အတန်းမတူဘူးဆိုတဲ့ အကြောင်းပြချက်တွေကြောင့် သူ သိုဝှက်ခဲ့တဲ့အဖြေတစ်ခုက အခုချိန်မှာထုတ်ပြောလိုက်ရင် သူဟာ နန်းအတွက်မတရားတဲ့သူတစ်ယောက်ဖြစ်သွားမလား။
နန်း သူမမေးတာကိုမဖြေပဲ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး တည်ငြိမ်နေသည့်အကို့နားကို တိုးလျှောက်သွားလိုက်ပြီး
"နန်း မေးနေတယ်လေ ဘာလို့လဲ''
"မဖြေလို့မရဘူးလား''
"မရဘူး ဒီအဖြေကို နန်းသိရမှဖြစ်မယ်''
"မင်းအတွက်မကောင်းနိုင်ဘူး''
"ဟင့်အင်း ရတယ် နန်းသိရရင် ကျေနပ်တယ်''
နဂိုကတည်းက ခေါင်းမာသည့် ဗီဇအခံလေးနဲ့ နန်းက အလွန်တရာမှသိလိုသော မျက်လုံးလေးများဖြင့် သူ့ကိုကြည့်နေ၏။ ရာဇာ ပြောမယ့်စကားတွေကို အားယူသည့်အနေဖြင့် မျက်ဝန်းတွေကိုမှိတ်ချလိုက်ပြီး သက်ပြင်းရှည်ကြီးချကာ
"ချစ်လို့ ကိုယ် သက်ထားကို ချစ်လို့်၊ ဒါ အခုကိုယ်ကျူးလွန်မိခဲ့တဲ့ အမှားကြောင့် အပြစ်လျော့အောင် လျှောက်ပြောနေတာမဟုတ်ဘူး နန်း၊ ကိုယ်သူ့ကို ချစ်ခဲ့တာကြာပြီ၊ မေမေတို့ ကိုယ့်ကို မင်းအိမ်အတင်းသွားခိုင်းတဲ့နေ့မှာပဲ မင်းနောက်မှာရှိနေတဲ့ သက်ထားကို ကိုယ် စပြီးချစ်ခဲ့တာ''
"ဟင်...
ကြားနေရတဲ့ နားတွေကိုပင် မယုံကြည်နိုင်လောက်အောင် အကို့ရဲ့စကားတွေ ပြတ်သားလွန်းနေ၏။ လွန်ခဲ့တဲ့၈နှစ်ကတည်းက သက်ထားကိုချစ်နေခဲ့တာဆိုရင် ဒီကြားထဲအချိန်မှာဘယ်လိုများ ပိပိရိရိနေနိုင်ခဲ့သလဲ။
"မေမေတို့ကို မလွန်ဆန်နိုင်လို့ ကိုယ် မင်းနဲ့လက်ထပ်လိုက်ရတယ် နန်း၊ ဒီကြားထဲ ကိုယ့်စိတ်ကိုယ်နိုင်အောင် မနည်းကြိုးစားပြီး ထိန်းခဲ့ရတယ်၊ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို မျက်စိရှေ့မှာထားပြီး တစ်ခြားတစ်ယောက်ကို ဂရုစိုက်နေရတဲ့ ကိုယ့်ဘဝကိုလဲ သနားတယ်၊ ကိုယ့်စိတ်တွေကို မင်းဆီမှာပဲစုထားနိုင်အောင် ကလေးယူခဲ့တဲ့အထိပဲ၊ ဒါပေမယ့် ထင်သလောက်မလွယ်ခဲ့ဘူး၊ အခု မူးလို့မှားသွားတယ်လို့ မင်းထင်နေပေမယ့် မမူးပဲမှားချင်နေတဲ့ ကိုယ့်စိတ်တွေအတွက် သက်ထားကို ကိုယ့်အဝေးကို မပို့လိုက်ပါနဲ့၊ ကိုယ်တောင်းပန်ပါတယ်''
တစ်ဖက်လူကို အားမနာတမ်းပြောနေသည့် အကို့ကို
နန်း ဆိုဖာလေးပေါ်ထိုင်ရင်းမှ ငေးမောကြည့်နေမိသည်။
အကို့အတွက် နန်းက သက်ထားလောက်တောင် အရေးမပါခဲ့ဘူးပေါ့နော်။
"သက်ထားကို ကိုယ့်အနားက ခွဲထုတ်သွားဖို့ကလွဲရင် မင်းကြိုက်သလိုဆုံးဖြတ်ပါ''
"အကို အရမ်းရက်စက်တယ်''
"မင်းအတွက်တော့ ကိုယ်က ရက်စက်တာဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကိုယ့်ဘဝမှာ ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ဖူးကြည့်ချင်တယ်''
"ဒါတွေကို သက်ထားသိလား''
"သူအရမ်းတုံးတယ် နန်း၊ ကိုယ့်အချစ်တွေကို ပါးစပ်ကထုတ်မပြောတာကလွဲရင် ကိုယ်ပုံစံအမျိုးမျိုးနဲ့ ထုတ်ပြခဲ့ဖူးတယ်၊ သူမမြင်ဘူး''
"အဟင်း''
သူမ မဲ့ပြုံးလေးပြုံးချလိုက်သည်။
မချစ်တတ်ဖူးလို့ထင်ခဲ့တဲ့အကိုက သက်ထားကိုတော့ ပုံစံအမျိုးမျိုးနဲ့ ချစ်ပြခဲ့တယ်ပေါ့လေ။
"ကိုယ်တို့ကွာရှင်းကြရအောင်''
"ဟင့်အင်း လုံးဝကွာရှင်းမပေးဘူး၊ အကို့မှာ နန်းအတွက်အချစ်မရှိဘူးဆိုရင်တောင် အကို့သားနဲ့သမီးအတွက်တော့ အချစ်တွေရှိတယ်မဟုတ်လား၊ ပြန်စဥ်းစားပါဦး''
ထိလွယ် ရှလွယ်တာမျိုးမဟုတ်ပေမယ့်
အဲ့ဒီ့စကားပြောနေတဲ့အချိန် သူမရဲ့ ပါးပြင်နှစ်ဖက်လုံးတွင် မျက်ရည်များဖြင့် ပူနွေးနေ၏။
ဘယ်လောက် အသနားခံခံ တစ်ဖက်ကိုသာ အလေးသာနေသည့်အကိုက သူမကို တည်ငြိမ်အေးဆေးလွန်းသော အကြည့်တို့ဖြင့် စူးစိုက်ကြည့်ကာ
"သက်ထားမှာလဲ ကိုယ့်နဲ့မှားသွားတဲ့ ကလေးလေးရှိနေမလားပဲ''
"အကို့...
"ကိုယ်တောင်းပန်ပါတယ်''
"ဟင့်အင်း နန်း လုံးဝကွာရှင်းမပေးဘူး၊ အကိုပဲ နန်းကြိုက်သလိုဆုံးဖြတ်ဆို၊ ကောင်းပြီလေ နန်း ဆုံးဖြတ်ပေးမယ်၊ တကယ်လို့ သက်ထားမှာ အကို့ရဲ့ကိုယ်ဝန်ရှိနေရင် အကိုတာဝန်ယူလိုက်ပါ၊ ဒါပေမယ့် ကလေးအဖေအဖြစ်ပဲရမယ်၊ သက်ထားရဲ့လင်ယောက်ျားအဖြစ်တော့ နန်းလက်မခံနိုင်ဘူး''
အရမ်းပြတ်သားလွန်းနေသော နန်းကို ရာဇာ မချိတင်ကဲလေးကြည့်လိုက်ပြီး
"ကိုယ့်ဘက်ကလက်မခံဘူးဆိုရင်ရော''
"တရားစွဲမှာ အခုချိန်မှာ နန်းက အကို့ရဲ့တရားဝင်မယားတစ်ယောက်ပါ အကို၊ နန်းတစ်ယောက်လုံးရှိနေရက်နဲ့ အခုလို အိမ်ထောင်ရေးဖောက်ပြန်နေတာကို ဥပဒေအရ တရားစွဲမယ်ဆိုရင် ဘာဆက်ဖြစ်မလဲ အကိုသိမှာပါ''
"ဘာလို့လဲ ကိုယ့်ကိုလွတ်လပ်ခွင့်ပေးဖို့က အဲ့လောက်ခက်ခဲနေသလားနန်း''
"ခက်ခဲတယ် အကို၊ အကို့ဘက်ကကြည့်ရင် နန်းက အကိုမချစ်တဲ့မိန်းမဆိုပေမယ့် နန်းဘက်ကကြည့်ရင် အကိုက နန်းချစ်ရတဲ့ယောက်ျား ကလေးတွေရဲ့အဖေပါ အကို၊ နန်းကို အတ္တကြီးတယ်ထင်ရင်လဲ မတတ်နိုင်ဘူး၊ နန်း အကို့ကို လက်မလွှတ်နိုင်ဘူး''
နန်းစကားဆုံးတာနဲ့ အကိုက သူမကိုကျောခိုင်းကာ ပြတင်းဘက်ကို လှည့်သွားပြန်သည်။ ခါးကိုထောက်ထားတဲ့လက်တွေက ဆံပင်တွေဆီရောက်သွားလိုက် မျက်နှာကိုပွတ်သပ်လိုက်ဖြင့် နေရာမရ။ အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေကြပြီးမှ အကိုက သူမဘက်ကို ပြန်လှည့်လာပြီး
"ကောင်းပြီလေ မင်းကြိုက်သလို စီစဥ်ပါ''
"ကျေးဇူးတင်ပါတယ်အကို၊ ရှိလား မရှိသလားမသိသေးတဲ့ ကလေးအတွက် အကိုရဲ့မေတ္တာတရားက ကြီးမားလိုက်တာ၊ တစ်ခုတော့ရှိတယ် အကို၊ တကယ်လို့ သက်ထားမှာ ကလေးမရှိခဲ့ဘူးဆိုရင်....
"မင်းကြိုက်သလိုဆုံးဖြတ်''
မင်းကြိုက်သလိုဆုံးဖြတ်ဆိုတဲ့ စကားဟာ ၁လပဲဆုံးဖြတ်ခွင့်ပေးခဲ့သည်။ နန်းအတွက် ကံဆိုးခြင်းက သက်ထားတွင် အကိုနဲ့ရသည့်ကိုယ်ဝန်ရှိနေခဲ့၏။
"ဒါဘယ်လဲ အကို''
"ဒီနေ့ ထားကို ဆေးရုံသွားပြမလို့''
သက်ထားဆိုပြီး နှစ်လုံးတည်းရှိတဲ့ နာမည်ကို ထားဟုသာ ချစ်စနိုးဖြင့်ခေါ်တတ်သော အကို့ကို နန်းအပြစ်မမြင်နိုင်ခဲ့ပါ။
"သိသာသိစေ မမြင်စေနဲ့တဲ့၊ အကိုနဲ့ရတဲ့ကလေးမှန်း နန်းအသိုင်းအဝိုင်းရော အကို့အသိုင်းအဝိုင်းရော သိပြီးသားပါ၊ အခုလိုမျိုး ပေါ်ပေါ်ထင်ထင်ကြီးတော့ မလုပ်ပါနဲ့''
"မဟုတ်ဘူး၊ အခု ထားကခါးတွေကိုက်တယ်ပြောနေလို့ ကိုယ်လိုက်သွားမှရမယ်''
ကားအနားတွင် မျက်နှာငယ်လေးဖြင့်ရပ်ကြည့်နေသော ထားကို သူစိတ်မကောင်းခြင်းများစွာဖြင့်ကြည့်ပြီးပြောလိုက်၏။ ကိုယ်ဝန်ရှိမှန်းစသိကတည်းက သူတရားဝင်ဂရုစိုက်ခွင့်ရခဲ့ပေမယ့် ထားက နန်းကိုမျက်နှာပူလို့ထင်ပါရဲ့ သူအနားကပ်တာပင် လက်မခံခဲ့။ အခုလဲ မွေးခါနီး ဖွားခါနီးမှ ခါးတွေကိုက်တယ်ဆိုပြီး အိမ်အကူ ဒေါ်သိန်းကို ပြောပြနေတာကို သူကြားခဲ့၍ ဆေးရုံသွားဖို့ ခြိမ်းခြောက်ခေါ်ခဲ့ရသည်။
"အကိုနေခဲ့ပါ နန်းလိုက်ပို့လိုက်မယ်''
"ဟာကွာ နန်း မင်းဘယ်လိုဖြစ်...
"ဟို ရပါတယ် သက်ထားသက်သာပါတယ်၊ အကိုလေးရော သခင်မရော လိုက်မပို့ပါနဲ့နော်၊ သက်ထား တကယ်သက်သာသွားပါပြီ''
ပြောပြီးတာနဲ့ နောက်ဖေးက အလုပ်သမားတန်းလျားဘက်ကိုပြန်သွားဖို့ ပြင်လိုက်၏။ အမှန်ကတော့ ခါးတွေတဆစ်ဆစ်ကိုက်နေတာပါ။ သို့ပေမယ့် သူမကြောင့် အကိုလေးရော သခင်မရော စိတ်အနှောင့်အယှက်ဖြစ်မှာ၊ ပြဿနာဖြစ်မှာစိုးတာကြောင့် ရှောင်ထွက်လိုက်၏။ သို့ပေမယ့်....
"ဟိတ် နေဦး၊ ဘာကိုသက်သာတာလဲ၊ ကိုယ့်ကို လာပြီးလိမ်မနေနဲ့ မင်းမသက်သာဘူးဆိုတာ ကိုယ်သိတယ်၊ ကြည့်ဦး မျက်နှာလေးကိုရှုံ့မဲ့နေတာပဲ၊ပြီးတော့ မျက်နှာက ဖြူဖပ်ဖြူရော်နဲ့၊ကိုယ်လိုက်ပို့မယ်''
"ဟင့်အင်း သက်ထား တကယ်သက်သာပါတယ်''
"မရဘူး သက်သာတယ်ဆိုရင်လဲ လိုက်ခဲ့ရမယ်၊ ကိုယ်စိတ်မချဘူး''
တစ်ယောက်က ရှောင်ထွက်နေတာကို တစ်ယောက်က ရှေ့ကနေမားမားကြီးပိတ်ရပ်ပြီးတားနေသည့် သူနှစ်ယောက်ကို နန်းငေးငေးလေးသာကြည့်ေနမိသည်။ သက်ထားက အိမ်ဖော်ဆိုပေမယ့် အသားအရေကအစ သူမထက် နုဖတ်ဝင်းမွတ်နေ၏။ ဒါ့အပြင် ထူခဲနက်မှောင်နေသည့် ဆံနွယ်ရှည်တွေက သူမထက်အများကြီးပိုပြီး ကျက်သရေရှိနေတာ သေချာတာမို့ တစ်ခါတစ်ခါ သက်ထားနဲ့ယှဥ်ရင် သူမကပင် သိမ်ငယ်မိသေးသည်။
"ထား ကိုယ့်စကားကိုနားထောင်ပါကွာ၊ လာ ကိုယ်လိုက်ပို့မယ်''
"ဟင့်အင်း..
"ထား''ဆိုပြီး သူခေါင်းလေးရမ်းပြလိုက်တော့မှ သူမ ထပ်ပြီးအတွန့်မတက်ရဲတော့ပေ။ သူဘယ်လောက်ချစ်ပြ ချစ်ပြ ထားအတွက်ကတော့ သူက နန်းရဲ့ခင်ပွန်း သူမရဲ့သူဌေးဆိုတာထက် ပိုပြီးမမြင်ခဲ့ဘူးထင်ပါ၏။
နန်း ကားပေါ်တက်ပြီး မောင်းထွက်သွားသည့် ကားလေးကို မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိငေးမောကြည့်နေမိသည်။
"မာမီ''
"ဟင် သားနဲ့သမီးက ကျောင်းသွားတော့မလို့လား''
"ဟုတ်ကဲ့ မာမီ၊ ဒယ်ဒီရော?''
သားငယ်က ငယ်သေးတော့ ဘာမှမသိပေမယ့်
သမီးကြီးနှင်းစက်ကတော့ ဒီအရှုပ်အရှင်းတွေကို အနည်းငယ်သိနေတာမို့ အကို သက်ထားအနားနေရင် မျက်နှာပျက်သွားတတ်သည်။ သူ့ဒယ်ဒီကို မျက်စိအောက်ကအပျောက်မခံသလို အခုလိုလဲ တဖွဖွမေးတတ်သေး၏။
"မာမီ ဒယ်ဒီရောလို့''
"ဟင် အပြင်ခဏသွားတယ်''
"အန်တီသက်ထားနဲ့လား''
"မဟုတ်ပါဘူး ကဲ ကျောင်းသွားကြတော့မှာမလား၊ လာ မာမီလိုက်ပို့မယ်''
"ဒီနေ့ ဒယ်ဒီလိုက်ပို့ရမယ့်နေ့လေ''
သားငယ်က ကလေးပီပီ နှုတ်ခမ်းလေးစူပြီးပြောလာ၏။ နန်း ခပ်ယဲ့ယဲ့လေးပြုံးကာ သားနဲ့သမီးကို လက်လေးတွေဆွဲပြီး ကားထဲဝင်ထိုင်စေလိုက်ကာ
"သားတို့ဒယ်ဒီမအားလို့ပါ၊ ဒီနေ့တော့ မာမီပဲ လိုက်ပို့မယ်နော်''
မျက်နှာငယ်လေးတွေဖြင့် ခေါင်းငြိမ့်ပြသည့်
ကလေးနှစ်ယောက်ကိုကြည့်ကာ သူမသက်ပြင်းလေးရှိုက်လိုက်မိသည်။ ဒီပုံအတိုင်း သူမပျော့ညံ့နေရင် သူမကလေးတွေ စိတ်ဒဏ်ရာရကုန်တော့မှာ မလွဲဧကန်ပင်။ ထို့ကြောင့်....
××××××× ××××××× ×××××××
"ပေး အဲ့ဒီ့ကလေး''
"ဟာ နန်း မင်းဒါ ဘာလုပ်တာလဲ''
မင်းသစ် သူ့လက်ထဲမှ ဆွဲယူခံလိုက်ရသည့် သမီးလေးကို စိုးရိမ်တကြီးကြည့်ပြီး မေးလိုက်တော့ နန်းက သူ့ကို ဒေါသပါသော မျက်လုံးများဖြင့်ကြည့်ကာ
"ဘာလုပ်မယ်ထင်လဲ အကို''
"ဟေ့ ဟေ့ မင်းပြောစရာရှိရင် အေးဆေးပြော၊ ငါ့သမီးကို ငါ့ပြန်ပေး''
"မပေးဘူး အကို၊ ဒီကလေးကြောင့် အကို နန်းတို့သားအမိတွေကို ပစ်ထားတာ၊ ဒီကလေးကြောင့်''
အနှီးလေးဖြင့်ထွေးထားသည့် နီတျာရဲကလေးငယ်လေးကို သူမ အလွန်တရာမုန်းတီးသော အကြည့်တို့ဖြင့် ကြည့်ကာပြောလိုက်ပေမယ့် ကလေးကိုမြင်လိုက်ရတဲ့အခိုက်အတန့် စကားဆက်မပြောနိုင်လောက်အောင် ဆွံ့အသွားရသည်။
ကွေးညွှတ်နေသည့် မျက်ခုံးတန်းနက်နက်လေးနဲ့ စူးလက်နေသည့် မျက်ဝန်းစိုစိုဝိုင်းဝိုင်းလေးက အကိုနဲ့တစ်ပုံစံတည်း။ နီရဲမို့မောက်နေသည့်ပါးပြင်မို့မို့လေးနဲ့အပြိုင် နှာတံစင်းစင်းလေးကလဲ ထင်းခနဲ။ အပေါ်နှုတ်ခမ်းပါးပါးလေးက ကကြီးပုံသဏ္ဍာန်ကော့ညွှတ်နေပြီး အောက်နှုတ်ခမ်းလေးကတော့ ထူတယ်ဆိုတာထက် မို့မို့ရဲရဲလေးမို့ ဒါကတော့ သက်ထားနဲ့တူသည်။ မျက်နှာပြင်တစ်ခုလုံးမှာ အထူးခြားဆုံးနဲ့ ချစ်စရာအကောင်းဆုံးအချက်က စူးရှတောက်ပနေသည့် မျက်ဝနိးတစ်စုံပါ။
ဒါ့ကြောင့်လဲ အကိုက သူ့သမီးကို လက်ကမချနိုင်လောက်အောင် ဂရုစိုက်နေတာပေါ့။ ညအိပ်ရုံပဲ အိမ်ကြီးပေါ်ကိုပြန်လာတတ်သည့် အကိုက အချိန်ရရင် ရသလို သက်ထားတို့သားအမိထံမှာပဲ အချိန်ကုန်တတ်သည်။ နန်းကတော့ အကိုကသက်ထားကိုချစ်လို့ပဲဆိုပြီး လက်ခံပေးလို့ရပေးမယ့် ကလေးဖြစ်တဲ့ သမီးနှင်းစက်ကတော့ လက်မခံနိုင်ပါ။ အခုလဲ သူ့ဒယ်ဒီစိတ်နဲ့ ဖျားနေတာ၂ရက်တိတိ။ ဒါတွေကို အကိုကတော့ ဘယ်သိပါ့မလဲ သူ့အနားမှာ သူချစ်တဲ့သက်ထားနဲ့ သူတို့ရင်သွေးလေးရှိနေတာကို။
"နန်း ကိုယ်ပြောနေတယ်နော် သမီးလေးကိုပြန်ပေးလို့''
မင်းသစ်လက်လေးနှစ်ဖက်ဖြန့်ပြီးတောင်းလိုက်ပေမယ့် နန်းက မပေးပဲ ခေါင်းလေးရမ်းကာ နောက်ဆုတ်သွား၏။ လက်ထဲမှ သမီးလေးကလဲ သူစိမ်းဆိုတာကို သိနေသည့်ပုံဖြင့် အသံလေးတွေတိမ်ဝင်သွားအောင် ရှိုက်ငိုနေတာမို့ မင်းသစ် စိတ်တိုလာကာ
"ငါပေးလို့ပြောနေတယ်နော် နန်းမြင့်သူ''
"ဟင့်အင်း မပေးဘူး၊ ဒိီကလေးကြောင့် အကို နန်းကိုပစ်သွားနိုင်တာ၊ နန်း ဒီကလေးကို မုန်းတယ် မုန်းတယ်''
"ဟေ့ မင်းဘယ်သွားတာလဲ နန်း ပြန်လာခဲ့စမ်း''
ကလေးကိုချီပြိီး ရေကူးကန်ဘက်ကို ပြေးထွက်သွားသည့် နန်းနောက်ကို သူကမူးရှူးထိုးပြေးလိုက်သွားရင်း အော်ပြောလိုက်ပေမယ့် နန်းက နောက်ကိုလှည့်မကြည့်တမ်းပြေးသွား၏။ ထိုစဥ် ခြံထဲမှ အဝတ်လှန်းပြီးပြနိလာတဲ့ သက်ထားက သူ့လက်ကိုလှမ်းဆွဲကာ
"ဘာ ဘာဖြစ်လို့လဲ အကိုလေး''
"ဟင် ထား ဟိုမှာ နန်း ကိုယ်တို့သမီးလေးကို ခေါ်သွားလို့''
"ဟင်...
ဟုတ်ပါရဲ့။ ကလေးကို ချိီပြီးဇွတ်အတင်းပြေးထွက်သွားသည့် သခင်မက ရေကူးကန်နားပင်ရောက်နေပြီ။ တစ်ချက်တစ်ချက် သူမတို့ကိုလှည့်ကြည့်သည့် သခင်မရဲ့အကြည့်တွေက အမျက်ဒေါသတွေမြင်နေရတာမို့ သူမ သမီးလေးအတွက်စိုးရိမ်သွားကာ
"သခင်မက သမီးလေးကို တစ်ခုခုလုပ်မလို့ထင်တယ် အကိုလေး လုပ်ပါဦး''
သူမစကားကိုဆုံးအောင်နားမထောင်နိုင်ပဲ အကိုလေးက သခင်မရှိရာကိုပြေးလိုက်သွားတာမို့ သူမလဲ နောက်ကလိုက်ခဲ့သည်။
"နန်း''
"ဟင့်အင်း အကိုရှေ့တိုးမလာနဲ့နော်၊ ရှေ့တိုးလာရင် ဒီကလေးကို ရေကန်ထဲပစ်ချလိုက်မှာ''
"ဟာ ဟိတ် အဲ့လိုမလုပ်ပါနဲ့''
"သခင်မ သမီးလေးကို ပစ်မချပါနဲ့နော်''
အသည်းပုံရေကန်ကြီးရဲ့ အလယ်ကအစွယ်လေးတွင် ရပ်ပြီးပြောနေတာမို့ မင်းသစ်ဝင်ဆွဲလို့လဲမရ။ အခုချိန် သမီးရဲ့အသက်က နန်းရဲ့လက်ထဲမှာမို့ သူစိတ်ကိုလျော့ချလိုက်ပြီး
"နန်း အကိုတောင်းပန်တယ်ကွာ၊ နန်း ဘာဖြစ်ချင်လဲပြော၊ အကို အားလုံးလုပ်ပေးမယ်၊ဒါပေမယ့် ကိုယ့်သမီးလေးကိုတော့ ပြန်ပေးပါ''
"နန်း ဖြစ်ချင်တာအားလုံးလုပ်ပေးမယ်ဆိုတာ သေချာလား အကို''
"သေချာတယ် ကိုယ့်သမီးကို ကိုယ့်ပြန်ပေးပါ''
"အကို ရှေ့တိုးမလာနဲ့''
မင်းသစ်ရှေ့တိုးလိုက်တာနဲ့ နန်းက နောက်ကိုဆုတ်လိုက်တာမို့ ရေကန်ထဲကျရန် ခြေတစ်လှမ်းစာပင်ကျန်တော့၏။
"အိုခေ အိုခေ ကိုယ်ရှေ့မတိုးတော့ဘူး၊ ပြောပါ နန်းဘာဖြစ်ချင်တာလဲ''
"ဘာဖြစ်ချင်လဲဆိုရင် နန်း ဒီကလေးကို မမြင်ချင်ဘူး''
"ရှင် သခင်မမမြင်ချင်ရင် သက်ထားတို့သားအမိထွက်သွားပါ့မယ်၊ သမီးကိုတော့ အန္တရာယ်မပေးပါနဲ့နော်''
"ထွက်သွားမယ်ဆိုတာ သေချာလား''
"ဟုတ်ကဲ့ သေချာပါတယ် သက်ထားကို သမီးလေးပြန်ပေးပါ''
"ကောင်းပြီလေ ဒါဆို ခုချက်ချင်းထွက်သွားပါ''
မင်းသစ် သက်ထားကို မယုံကြည်နိုင်သော မျက်လုံးများြဖင့် ကြည့်လိုက်ပေမယ့် သူမကတော့ သမီးစိတ်ဖြင့် သူ့ကိုပင်ဂရုမစိုက်နိုင်။ သူ့ကိုကျော်ပြီး နန်းဆီသွားနေတာမို့ သူမရဲ့လက်လေးကို လှမ်းဆွဲထားလိုက်ပြီး
"မသွားရဘူး ထား၊ ကိုယ့်အနားကနေ မင်းဘယ်မှမသွားရဘူး''
"ဟင့်အင်း သက်ထားအတွက် သမီးလေးက အရေးအကြီးဆုံးပဲ၊ သက်ထားကို ခွင့်လွှတ်ပါ အကိုလေး''
"မင်းတို့သားအမိမရှိရင် ကိုယ်ဘယ်လိုအသက်ရှင်ရမှာလဲ''
"ဒါတွေ သက်ထားမသိဘူး၊ သက်ထားသိတာ သမီးလေး အန္တရာယ်မရှိဖို့ပဲ၊ ဖယ် လွှတ်ပါ အကိုလေး''
"မလွှတ်ဘူးကွာ၊ ဒီမှာ နန်း မင်းသူတို့သားအမိကို ငါ့အရိပ်က ထွက်သွားခိုင်းဖို့ကလွဲရင် ကြိုက်တာပြော ငါလိုက်လျောပေးမယ်''
တကယ့်ကိုပြတ်သားလွန်းတဲ့ ပုံစံဖြင့် ပြောလာသည့် အကို့ကို နန်း နာနာကြည်းကြည်းလေးကြည့်လိုက်ကာ
"နန်း လိုချင်တာက အကို့ရဲ့အချိန်တွေအားလုံးကို နန်းတို့သားအမိဆီမှာပဲ ကုန်စေချင်တာ၊ အဲ့ဒါကြောင့် သူတို့သားအမိကို နှင်နေတာလေ''
"ဟုတ်ပြီကွာ၊ အခုကစပြီး မင်းတို့ကိုလဲ ဂရုစိုက်ပေးမယ်''
"မျှဝေယူရတာမျိုးလား၊ ဒါဆိုရင်တော့ ဆောရီးပဲအကို၊ နန်း လက်မခံဘူး''
"ဒါဆို ကိုယ်က ဘာလုပ်ပေးရမှာလဲ''
"နန်းတို့ကိုပဲ ဂရုစိုက်ရမယ်၊ သူတို့သားအမိကို စားစရာနေစရာပေးထားတာကလွဲရင် အကိုနဲ့ပတ်သတ်ခွင့်မရှိရဘူး''
"ဟာ ဒါကတော့...
"အူဝဲ ဟင့် အူဝဲ အူဝဲ''
မင်းသစ် ငြင်းဖို့ပြင်လိုက်စဥ် နန်းလက်ထဲမှ သမီးလေးက ရှိုက်ကြီးတငင်ထငိုလိုက်တာမို့ သူလဲစိတ်ပူသွားသလို သူ့နောက်တွင်ရပ်နေသည့် သက်ထားကလဲ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ
"အကိုလေး သခင်မဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးမယ်လို့ပြောလိုက်ပါနော် အဟင့် သမိီးငိုနေတာ သက်ထားမကြည့်ရက်လို့ပါ အဟင့် ဟင့်''
"ထားကပါ ဘာလို့ငိုနေတာလဲကွာ၊ ကျစ်..
"အကို နန်း ဘာဆက်လုပ်ရမလဲ''
နောက်ကို ဆုတ်ဖို့ ခြေလှမ်းပြင်ရင်းမေးလိုက်တာမို့ သက်ထားက ပြူးပြာသွားကာ
"အကိုလေး အဟင့် ဟင့် သမီးလေးကို ခေါ်ပေးပါ ခေါ်ပေးပါ အကိုလေး အဟင့်''
"ဟိတ် နန်း မင်းဘာလို့ အဲ့လောက်အတ္တကြီးနေရတာလဲ''
"ဟင့်အင်း မသိဘူး အခုချိန်နန်းသိတာက အကို နန်းတို့ဆီပြန်လာဖို့ပဲ''
"အကိုလေး သခင်မပြောသလို လုပ်ပေးလိုက်ပါနော် သက်ထားတောင်းပန်ပါတယ်''
"ဟာကွာ ကျစ်....
စိတ္တဇဆန်နေတဲ့ နန်းရဲ့အပြုအမူတွေနဲ့ လက်အုပ်လေးချီပြီးတောင်ပန်နေတဲ့ကြားထဲတွင် သူစဥ်းစားရခက်နေသလို နန်းလက်ထဲမှ သမီးလေးကလဲ အသည်းအသန် အာခေါင်ခြစ်အော်ငိုနေတာမို့ သူ သက်ပြင်းရှည်ကြီးချလိုက်ကာ..
"မင်းပြောသလိုလုပ်ပေးမယ် နန်း၊ ဒါပေမယ့် နောက်တစ်ခါ ငါ့သမီးရဲ့အသက်ကို ရန်ရှာပြီး ခြိမ်းခြောက်မယ်ဆိုရင် မင်းကိုအရှင်မထားဘူး''
"အကိုကတိတည်ပါစေ''
ထိုအခါမှ နန်းက သမီးကို သူ့လက်ထဲထည့်ပေးကာ အိမ်ကြီးဘက်ကို ေလျှာက်သွား၏။ မင်းသစ် လက်ထဲမှ သမီးလေးကို တဝကြီးပွေ့ဖက်နမ်းရှိုက်လိုက်သည်က နောက်ဆုံးအနေလို့သတ်မှတ်ပြီးတော့လားမသိတော့ပါ။ ဒီလောက်ချစ်စရာကောင်းတဲ့ သမီးလေးကို မဆိုင်သလိုနေသွားဖို့ဆိုတာက သူ့အတွက်ရက်စက်လွန်းတဲ့ အပြစ်ကြီးတစ်ခုအလား။ သမီးကိုတစ်လှည့် ဘေးတွင်မျက်ရည်အရွှဲသားဖြင့် ရပ်ကြည့်နေသည့် ထားကိုတစ်လှည့်ကြည့်လိုက်ပြီး သူ့ပါးပြင်တွင်လဲ မျက်ရည်တစ်ကြောင်း ဖြတ်သန်းစီးဆင်းသွားကာ
"သမီးလေးကို ကိုယ်အဝေးကနေ ဂရုစိုက်နေမှာပါ''
"အကို ဘာလုပ်နေတာလဲ အိမ်ထဲမှာ သမီးနှင်းစက်စောင့်နေတယ်လေ၊ လာ မြန်မြန်''ဆိုပြီး သူ့လက်ကို ဆွဲကာ အိမ်ထဲကို အတင်းဆွဲခေါ်သွားတဲ့ နန်းကို အေးစက်သောမျက်ဝန်းတစ်စုံဖြင့် ကြည့်နေသည့် ထားရဲ့အကြည့်တွေက သနားစဖွယ်အတိ။
ထိုနေ့ ထိုအချိန်မှစ၍ သူဟာ ထားတို့သားအမိအတွက် အိမ်ထောင်ဦးစီးလား အလုပ်ရှင်လားပင်မသဲကွဲလောက်အောင် ပြောင်းလဲခဲ့ရတော့၏။
<<ကံကြမ္မာဟာ ရက်စက်တတ်သလား>>
××××××× ××××××× ×××××××
အားပေးတဲ့ အသဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်😘😘
ဦးဓိတို့ကို ခဏနားထားလိုက်မယ်နော်
မနားခိုင်းလဲ နားမှာပဲ😁😁
အစက ဒီဇာတ်လမ်းကို တစ်နေ့တစ်ပိုင်းတင်ပေးဖို့ လုပ်ထားတာ။
ဒါပေမယ့် ခေတ်ပျက် စနစ်ပျက်ကြီးထဲမှာ
ပုံမှန်ရေးပြီးတင်နိုင်ဖို့မလွယ်လို့
နား နားပြီးတင်ပါ့မယ်
စိတ်အား လူအားဖြစ်တဲ့အချိန်နဲ့
ကေ တင်ထားတဲ့အချိန်နဲ့ဆုံရင် ဝင်ဖတ်ပြီး
ဝေဖန်ပေးကြပါ☺☺
အပိုင်း (၂) မျှော်
စာရေးသူ-Merida(Tulip)