ဂိုဏ်းစတားမလေး၏အချစ်တော်
မဂ်လာပွဲလေးက သာမန်ရိုးရှင်းစွာကျင်းပသည်။သတိုးသမီးလေးက ချစ်စဖွယ်ကောင်းအောင်ပြုံးနေသော်လည်း သတိုးသားကတော့ တစ်စုံတစ်ရာကိုလေးနက်စွာတွေးနေလျက်ပါ။
"သတို့သားနဲ့ သတို့သမီး ဓာတ်ပုံရိုက်မယ်ဗျို့ နည်းနည်းပြုံးပါ"
ခေရဲ့အော်သံကြောင့် ရင့် စေရဲ့လက်မောင်းကိုဖက်ပြီး ကြည်နူးစွာပြုံး၏။
သူမအပြုံးကြောင့် စေလည်း သူမကိုငေးကြည့်ပြီးပြုံးမိသည်။
အရမ်းလိုက်ဖက်တယ်မမလေး နှစ်ယောက်လုံးရဲ့ မျက်နှာတွေကအချစ်တွေအပြည့်ပဲ"
ခေရဲ့စကားကြောင့် စေ မျက်နှာနီ၍ရှက်သွားသောလည်း ရင့်ကတော့ပြုံးနေဆဲပါ။ဒီမြင်ကွင်းကိုကြည့်ပြီး ဒေါ်ကြွေဆင်း ဝမ်းသာမျက်ရည်ကျမိသည်။
"ကြွေ ငိုနေတာလား"
"ငိုစရာလား သမီးလေးက ရှင်လို့လူဆိုးကြီးနဲ့လက်ထပ်တာမှမဟုတ်တာ လူယဉ်မွန်စာရေးဆရာနဲ့ လက်ထပ်တာပဲကို့ ကျွန်မကဝမ်းတောင်သာသေးတယ်"
"မင်းကတော့ ကိုယ်ကိုအပြစ်ချည်းပဲမြင်နေတာပဲနော် မင်းကိုယ်အပေါ်မြင်နေတဲ့အမြင်တွေပြောင်းရင်ကောင်းမယ်"
"ဟွန့် အဲလိုဖြစ်စေချင်ရင် ရှင်ရဲ့ဒုစရိုက်အလုပ်ကိုစွန့်လွှတ်လိုက်လေး ဒါဆိုရင်ကျွန်မရဲ့အမြင်တွေပြောင်းပေးမယ်"
"မစွန့်လွှတ်နိုင်ဘူးကွာ ဒါနဲ့သမီးကိုလည်း မင်းဆီထည့်မပေးလိုက်နိုင်ဘူး"
"ဉီးခက်ထန်!!"
ဒေါ်ကြွေဆင်းရဲ့အော်သံကြောင့် မဂ်လာပွဲကိုပျော်ရွှင်စွာဆင်နွှဲနေတဲ့လူတွေရဲ့အကြည့်က သူတို့နှစ်ဉီးထံကျရောက်လာသည်။ရင့်ကလည်း မိဘနှစ်ပါးဆီသို့ အပြေးလာခဲ့ရသည်။
"မားနဲ့ပါး ဘာဖြစ်တာလဲ"
"သမီး မဂ်လာပွဲပြီးရင် မား နောက်လိုက်ဖို့ပြင်ဆင်ထားပါ"
"ငါခွင့်မပြုဘူးလို့ပြောပြီးပြီး ကြွေ"
"ကျွန်မက ရှင်ခွင့်ပြုချက်ကိုတောင်းခံနေလို့လား
ရှင်မခွင့်ပြုရအောင် ကျွန်မက သမီးရဲ့မိထွေးမဟုတ်ဘူးရှင့် သူရဲ့အမေရင်း ရှင့်လက်ထဲ သမီးကြီးပြင်းလာတာ နှစ်အတော်ကြာနေပြီး ဒါကြောင့်ကျွန်မသမီးကို ကျွန်မရဲ့ရင်ခွင်မှာပဲထားတော့မယ်"
"ကြွေ ငါလုံးဝခွင့်မပြုဘူးနော် သမီးကငါနေရာကို ဆက်ခံရမယ်လူပဲ"
"ဒါကိုတော့ ကျွန်တော်လက်မခံနိုင်ဘူး အန်ကယ်"
"ဘာကြာ"
"ရင့်ကို အန်တီရော့ အန်ကယ်ရော့ဆိုင်သာဆိုင်တဲ့ မပိုင်တော့ပါဘူး ရင့်က ကျွန်တော်ရဲ့ဇနီးဖြစ်တာကြောင့် ကျွန်တော်ပိုင်သွားပါပြီး ဒါကြောင့် ရင့်နဲ့ပတ်သက်သမျှကို ကျွန်တော်ကပဲ ဆုံးဖြတ်ခွင့်ရှိမှာ"
"မင်း ဘာစကားပြောတာလဲကွာ"
ဉီးခက်ထန်က အနီရောင်မြင်တဲ့ကျွဲသိုးကြီးလို့ရှုရှုရှဲရှဲ ပေါက်ကွဲနေသော်လည်း စေ ကတော့ရေပမာ တည်ငြိမ်လျက်ပါ။စေ ဒီလက်ထပ်ပွဲကို လက်ခံလိုက်တာကလည်း သူမလေး ကို ဒီဒုစရိုက်အလုပ်ကနေကယ်တင်ချင်လို့ပါ။ ဉီးခက်ထန် ရဲ့စိတ်ကို စာရေးဆရာပီပီ အကဲခတ်မိပါသည်။သူက သမီးနဲ့မယားကိုအရမ်းချစ်ပေမဲ့ သူရဲ့ဒုစရိုက်လုပ်ငန်းကိုလည်း မစွန့်လွှတ်နိုင်ပါ။ဒါကြောင့် စေ ဉီးခက်ထန်ကိုပညာပေးချင်ပါသည်။ဘာကအရေကြီးတဲ့ ကိုယ်ကဘာကိုလိုအပ်လဲဆိုတာသိဖို့ပါ။
"ဆေးနဲ့ ခေ အဲဒီစာရေးဆရာကို ရှင်းပစ်စမ်း"
"ပါး သမီးယောကျာ်းရဲ့ဆံချည်မျှင်တစ်မျှင်ကိုတောင်ထိခွင့်မရှိဘူးနော် ပါးသူကိုထိမယ်ဆိုရင် သမီး ပါးကိုဆန်ကျင့်ရလိမ့်မယ်"
ဉီးခက်ထန် တစ်ချက်ငြိမ်သွားရပါသည်။သူ့သမီးကို ဒီမှာနေခိုင်းချင်တာက ကြွေကြောင့်ပါ။ ဘယ်တော့မဆို ဘယ်လိုခေါ်ခေါ် ဒီစံအိမ်ကိုမရောက်တဲ့သူမက သမီးတစ်ခုခုဖြစ်ပြီးကြားတာနဲ့ ဒီစံအိမ်ကိုချင်ချင်းလိုက်လာသည်။ထိုအခါမှာသာ ဉီးခက်ထန် ကြွေရဲ့မျက်နှာကို တစ်ဝကြီးကြည့်မိရသည်။ဒီလုပ်ငန်းက မကောင်းတဲ့အလုပ်ဆိုတာသိပေမဲ့ ကြွေကိုအရွဲ့တိုက်ချင်စိတ်ကြောင့် ပိုလုပ်ဖြစ်ခဲ့သည်။
"ဆေးနဲ့ခေ အဲဒီကောင်ကိုဘာမှမလုပ်နဲ့ သမီးဖြစ်သူကတောင် အဖေထက် အဲဒီကောင်ပိုချစ်တယ်ပေါ့ သွားကြ သမီးရော့အမေရော့ ငါရင်ခွင်ထဲကနေထွက်သွားကြ ဒီစံအိမ်ကိုဘယ်တော့မှမလာကြနဲ့ပြောပြီး သူအခန်းထဲသို့ဝင်သွားသည်။
ညဘက်ရောက်တော့ စေက စားပွဲမှာစာထိုင်ဖတ်နေသလို့ ရင့်ကတော့ ခုတင်ပေါ်မှ မျက်နှာမကောင်းစွာ ပါး အကြောင်းကိုတွေးနေမိရပါသည်။ ။မားက ပါးစိတ်မကောင်းဖြစ်သွားမှန်းသိလို့ သူနေရာကိုမပြန်သေးပဲ ခဏနေမယ်လို့ဆုံးဖြတ်လိုက်သည်။
"ဟေ့.. ဟေ့"
"လန့်လိုက်တာ ရှင်ကလည်း"
"ဪငါခေါ်နေတာကြာနေပြီး ဘာတွေတွေးနေတာလဲ မင်းရဲ့ပါးအကြောင်းလား"
"ဟုတ်တယ် ကျွန်မက သမီးမိုက်ပဲနော် ပါးကိုစိတ်ဆင်းရဲအောင်လုပ်မိတယ်"
"အဲဒါတွေတွေးမနေနဲ့အိပ်ရအောင် မိုးချုပ်နေပြီး"
"ကျွန်မ မအိပ်ချင်သေးဘူးအပြင်မှာ လမ်းသွားလျှောက်အုံးမယ်"
"ငါလည်း အဖော်ပြုပေးမယ် လမင်းကြီးကလည်း သာယာနေတာပါ သွားကြမယ်"
စေ သူမရဲ့လက်ကိုကိုင်ပြီးအပြင်ထွက်ခဲ့သည်။ရင့်ကတော့ အခုနါကအတွေးတွေပျောက်ပြီး ပျော်ရွှင်သွားရ၏။ဘာကြောင့်လဲဆိုတာ ပြောနေစရာမလိုပါဘူး စေ သူမရဲ့လက်ကိုကိုင်လိုက်လို့ပါ။
"အပြင်မှာဘယ်သူရှိလဲ"
"ကျွန်တော်ရှိပါတယ် သခင်ကြီး"
"ကြွေတို့ ပြန်သွားပြီးလား"
"မပြန်သေးပါဘူး သခင်ကြီး"
ဉီးခက်ထန် စိတ်အေး၍သက်ပြင်းချမိရပါသည်။ထိုစဉ် မိုင်ရဲ့စကားသံတစ်ချို့ထွက်လာသည်။
"သခင်ကြီးကို သခင်မကြီးကတွေ့ချင်လို့ သူ့အခန်းကိုလာခိုင်းပါတယ်"
"အောင်မာ အထက်စီးကနေပြီးတော့ သူတွေ့ချင်တာပဲသူဘာသာ ငါအခန်းလာပေါ့"
"သခင်မကြီးကို သွားပြောပေးရမလား သခင်ကြီး"
"ရတယ် မပြောနဲ့ငါပဲသွားမယ်"
ကြွေအကြောင်း သူသိပါတယ် ဘယ်လိုအရေးကြီးအကြောင်းအရာပဲရှိရှိ သူ့အခန်းကိုမလားဘူးဆိုတာပေါ့ အရမ်းကိုမာနခေါင်ခိုက်တယ်မိန်းမပါ ။သူ့လိုချင်လွန်လို မရရအောင်ယူထားရတာပါ။သူကိုအရမ်းမုန်းနေတာလည်းသိပါတဲ့။
ကြွေ စာအုပ်တစ်အုပ်ကို ဖတ်နေတုန်း တံခါးဖွင့်သံကြောင့် စာအုပ်ကိုပိတ်လိုက်သည်။ဉီးခက်ထန် မျက်နှာစူပုတ်၍ဝင်လာ၏။
"မင်းငါနဲ့ ပြောစရာရှိတဲ့ဆို"
"ထိုင်ခုံမှာထိုင်ပါ"
"မင်းအမိန့်ပေးစရာမလိုဘူး ငါဘာသာ ထိုင်ချင်ရင်ထိုင်မယ် မထိုင်ချင်ရင်မထိုင်ဘူး"
ကြွေ မျက်စောင်းထိုးမိရသလို့ စိတ်ကိုလျော့တဲ့အနေဖြင့် သက်ပြင်းချမိသည်။ဉီးခက်ထန် ဆိုတဲ့လူအကြောင်း ကကြီးကနေ အအထိ သူမ သိတာပေါ့ ဘယ်လောက်ပဲစိတ်စိုးနေပါစေ ဒေါသထွက်နေပါစေ သူမခေါ်ရင်တော့ချက်ချင်းလာတာပဲလေ။ဒီယောကျာ်း ကြွေကို ဘယ်လောက်ချစ်လဲသိပေမဲ့ ဒစရိုက်အလုပ်တွေမရပ်မချင် ကြွေကတော့ အလံဖြူမပြနိုင်ပါ။အတိတ်ဟောင်းက သူလုပ်ရက်ကြောင့် ကြွေဘယ်လောက်တောင်နာကျင်ရလဲ"
"ဒါဆိုရင်လည်းပြီးတာပဲ ကျွန်မ အခုရှင်ကိုခေါ်လာတာက သမီးအကြောင်းဆွေးနွေးဖို့ပါ"
"ဘာဆွေနွေးစရာလိုလဲ မင်းသမီးက သူယောကျာ်းရဲ့စကားအတိုင်းပဲကို့"
"အဲဒါကေတာ့ ရှင်နဲ့လုံးဝကဲွဲပြားတဲ့အချက်ပဲ"
"အဲဒါ မင်းကိုပြောရမှာပါ မင်းရဲ့သမီးလိုငါစကားကိုနာခံပါလား"
"မဖြစ်နိုင်တာကိုလာပြောနေတာပဲ ကဲ့ပါ..ရှင်နဲ့ရန်မဖြစ်ချင်ဘူး သမီးအကြောင်းမဆွေးနွေးချင်ရင် ကိုယ်အခန်းကိုပြန်ကြွတော့"
"ခေါ်တော့လည်းသူပဲ နှင်တော့လဲသူပဲဆို၍ဉီးခက်ထန် သူရဲ့အခန်းကို ဒေါ်ကြီးမောကြီးပြန်လာပုံက ကလေးဆိုးကြီးပမာပါ။
"ရင့် "
"ဟင်"
"ဟာ ဘယ်လိုထူးတာလဲ ရှင့်လိုထူးလေ"
"အဟီး အဲလိုထူးရမှာလား ဒါဆိုရင် ပြန်ခေါ်"
"ရင့်"
"ရှင်.."
"နေ့လည်က ဖြစ်တဲ့ပြသာနာမှာ မင်းငါကိုကာကွယ်တာကျေးဇူးပါ"
"ကာကွယ်ရမှာပေါ့ ရှင်ကကျွန်မတန်ဖိုးထားရတဲ့အရာပဲကို့"
"အဲဒီစကား ငါရေးနေကျဇာတ်လမ်းထဲမှာ မင်းသားက မင်းသမီးပြောရတဲ့စကားလုံးပါ ပြီးတော့ ယောကျာ်းတွေကပဲ မိန်းကလေးတွေကာကွယ်ရတာပေါ့ နောက်ဆိုရင် မင်းရဲ့ပါးနဲ့ပြသာနာတက်ရင် ငါကိုမကာကွယ်ပါနဲ့"
"ဟမ်"
သူမ အံဪပုံလေးကိုကြည့်ပြီး စေ ဆက်ပြောလိုက်တဲ့စကားကြောင့် သူမ လှပစွာပြုံးမိသွားရပါသည်။စေ ပြောလိုက်တဲ့စကားက
"ငါကမင်းကို ကာကွယ်မှာမို့လို့ပါ မင်းကငါဘဝတစ်လျှောက်လုံးလက်တွဲသွားရမယ် ဇနီးလောင်း ဘာပြသာနာပဲဖြစ်ဖြစ် ငါကမင်းအရှေ့ကနေရင်ဆိုင်မယ် မင်းရဲ့ဆံချည်တစ်မျှင်ကိုတောင် ငါခွင့်ပြုချက်မပါဘဲ ဘယ်သူကမှမထိစေရဘူး"
မနက်ပိုင်း ဂိုဏ်းသားတွေနဲ့ ရင့်တိုက်ရည်ခိုက်ရည် ယှဉ်ပြိုင်သည်။ ဉီးက ခက်ထန်ကတော့ ထိုင်ခုံတစ်ခုမှာ ထိုင်ပြီးကြည့်နေသည်။ကြွေ ကတော့ ပန်းခြံတစ်ခုမှာ ပန်းချီဆွဲနေသည်။စေ ကတော့ ဂိုဏ်သားနဲ့ရင့် တိုက်ရည်ခိုက်ရည် ကျင့်တဲ့မလှမ်းမဝေးမှာ စာထိုင်ရေးလျက်ပါ။
ဂိုဏ်းသားအများစုနဲ့ ရင့်တစ်ယောက်ထဲ ဉီးခက်ထန် ဖိုက်ခိုင်းသည်။ ရင့်ကတော့တစ်ချက်မှမမူပဲ တိုက်ခိုက်သည်။ ရင့် ရဲ့ တိုက်ရည်ခိုက်ရည် ကျွမ်းကျင်မှုကြောင့် အကုန်လှဲသွားသော်လည်း ဉီးခက်ထန်က ကျန်တဲ့ဂိုဏ်းသားအချို့ကို ဓားတွေတုတ်တွေနဲ့ဝင်ချခိုင်း၏။
ရင့် လည်းအရမ်းမောပန်းသော်ကြောင့် လက်မောင်းမှာ ဓားဒဏ်ရာတစ်ချက်ရသွား၏။
"အား"
ရင် အော်သံကြောင့် ဂိုဏ်းသားတစ်ချို့ကလှုပ်ရှားမှုရပ်သွားသော်လည်း ဉီးခက်ထန်ကတော့
"မရပ်နဲ့ ဆက်တိုက်!!"
ဂိုဏ်းသားတွေကလည်း ဉီးခက်ထန် အမိန့်ကိုမလွန်ဆန်ရဲပဲ ရင့်ကို တိုက်ခိုက်ကြသည်။
ရင့်လည်း ဓားဒဏ်ရာရသွားတဲ့ လက်ကိုကရုမစိုက်အားပဲပြန်လည်တိုက်ခိုက်သည်။ထိုအချိန် လျှပ်စီးကြောင်းရဲ့ လျှင်မြန်ဖျတ်လပ်မှုနဲ့တူညီတဲ့ တစ်စုံတစ်ဉီးရဲ့တိုက်ရည်ခိုက်ရည်ကြောင့် ရင့်မှလွဲ၍ ကျန်တဲ့ဂိုဏ်းသားတွေအကုန်လှဲချကုန်သည်။ထိုလူက စေမင်းမိန့် ဖြစ်ပါသည်။
"ရင့် မင်းရရဲ့လား"
"ရှင်ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"ကျွန်တော်ဟိုနားလေးမှာ စာရေးနေတုန်း မင်းအော်သံကြားကတည်း စာရေးခြင်းရပ်ပြီး စောင့်ကြည့်နေတာပါ"
"ဖြောင်း ဖြောင်း ငါရဲ့သမက်လောင်းက တိုက်ရည်ခိုက်ရည်ကျွမ်းလှချည်းလား"
ဉီးခက်ထန် လက်ခုပ်တီး၍ပြောသော်လည်း စေ ကတော့မျက်နာအနေအထားခက်ထန်စွာနဲ့ကြည့်နေသည်။
နောက်နေ့ဆက်ရန်ဗျာ
စာေရးသူ အလွမ်း&သွေးမိန့်