book

Index 3

အပိုင်း(၃)

🌺ပန်းမွေ့ယာ....ရွှေကော်ဇော🌺



သူ့ဆီသို့တစ်လှမ်းချင်းနီးကပ်လာသည့် အနက်ရောင်အရိပ်လေးကိုငေးကြည့်ရင်း ဒေါသတွေတရိပ်ရိပ်တက်လာရ၏။မသိတဲ့သူစိမ်းယောကျ်ားတစ်ယောက်နှင့်စကားပြောနေဟန်က တရင်းတနှီး။ သူကိုဆိုအမြဲတမ်းနှုတ်လှန်ထိုးတတ်တဲ့သူမက တခြားလူရှေ့မှာ ကလေးငယ်လေးလိုခေါင်းငုံ့ငြိမ်သက်လျက်။အနက်ရောင်အကျီက သူမကိုယ်လုံးလေးနဲ့fitဖြစ်လွန်းကာ အနက်ရောင်ကြောင့်ပိုပြီးထင်ပေါ်လို့နေသည်။ မျက်လုံးတွေကမည်းနက်စိုလက်ကာ အနီရဲရဲနှုတ်ခမ်းကြောင့် ဆွဲဆောင်မှုအပြည့်။ ပေါင်လယ်အထိခွဲထားတဲ့အကျီက လမ်းလျှောက်တိုင်းသူမပေါင်တန်လေးကိုဖွေးခနဲဖွေးခနဲလှစ်ဟပြနေ၏။ထို့ပြင်..ချက်နားအထိအုပ်ထားသည့်ဇာအမြှောင်းကြားမှ လျှို့ဝှက်အပ်သောအရာများကပါပုရိသတွေကိုရင်ခုန်ယစ်မူးစေသည်။ sexyဆန်ကာဆွဲဆောင်မှုရှိနေသည့်သူမကိုပွဲတစ်ခုလုံးရှိယောကျ်ားတိုင်းငေးမောနေတာမို့သူ မလိုလားချင်တော့။ ဒီဝတ်စုံကိုသူမဝတ်အောင်ပို့ခဲ့တာလည်းသူဘဲ။ တကယ်တမ်းဝတ်ထွက်လာတော့လည်း စိတ်ထဲအလိုမကျဖြစ်နေမိသည်။ 


ငါထင်တာမမှားဘူး ဆူးခေတ်သစ်။ မင်းအမေရဲ့သွေးသားနဲ့တည်ဆောက်ထားတဲ့မင်းက မင်းအမေရဲ့မကောင်းတဲ့စရိုက်တွေပါအမွေယူလာတယ်။ ခပ်ထောထောယောကျ်ားကိုမြင်တိုင်း ဟန်မဆောင်နိုင်လောက်အောင်ဖြစ်ပြီး အတင်းဝင်ရောနေတာဘဲ။ အထင်ကြီးစရာကိုမရှိတာ။ မင်းရဲ့အမူအကျင့်တွေက ဘယ်တော့မှပြောင်းလဲမှာမဟုတ်တော့ဘူး.. ခေါက်ရိုးကျိုးနေခဲ့ပြီ။ ချမ်းသာတဲ့ယောကျ်ားဆိုပျိုပျို၊အိိုအိုမစဥ်းစားဘူး..အလွယ်တကူရောနှောပြစ်လိုက်တာဘဲ။ သူများမိသားစုတွေ၊အသိုက်အမြုံတွေဘာဖြစ်ဖြစ် မင်းတို့ကောင်းစားဖို့တစ်ခုထဲကြည့်တယ်။ အဲဒါမင်းအမေဒေါ်မူယာခင်ရဲ့ဒဿနတွေဘဲ။ဆူးခေတ်သစ်..မင်းလည်းမင်းအမေနဲ့တစ်ပုံစံတည်းဘဲ..ပိုင်းလုံးမ၊ချူဆီတွေ။ငါ့ဘဝမှာသေလောက်မှာမုန်းတီးတဲ့မိန်းမက မင်းတို့လိုမိန်းမမျိုးတွေဘဲ...။


တစ်လှမ်းချင်းနီးကပ်လာတဲ့ဆူးခေတ်သစ်ကိုကြည့်နေရင်း သူ့မျက်လုံးတွေကခံစားချက်မဲ့ကာစူးရဲလာလျက်၊မျက်နှာကျောပါတဖြည်းဖြည်းတင်းမာလာသည်။ ဒေါ်မူယာခင်....သူ့အသွေးထဲအသားထဲအထိနစ်ဝင်နေတဲ့အဆိပ်သင့်ဆူးတစ်ချောင်း။လွန်ခဲ့တဲ့ဆယ်နှစ်က ခုလိုပွဲမျိုးမှာအနက်ရောင်ဝတ်စုံနဲ့ယောကျ်ားတိုင်းရဲ့အာရုံကိုဖမ်းစားနိုင်တဲ့မိန်းမတစ်ယောက်ပွဲတက်လာခဲ့တဲ့မြင်ကွင်းကသူ့မြင်လွှာတွေထဲဝင်ရောက်လို့လာ၏။ ထိုအမျိုးသမီးရောက်လာပြီး သူတို့မိသားစုအရှက်ကွဲခဲ့တာတွေ အားလုံးကအိပ်မက်ဆိုးတစ်ခုလိုခြောက်လှန့်လို့နေလေတော့သည်။ ထိုအမျိုးသမီးနေရာမှာ တရွေ့ရွေ့ထိုးလာနေသည့် ဆူးခေတ်သစ်ကအစားထိုးဝင်ရောက်လာပြန်ကာ သူ့မေးကျောတွေထောင်ထွက်လာ၏။ သူ့မျက်လုံးထဲဝယ် ဒေါ်မူယာခင်ရဲ့ပုံရိပ်တွေပေါ်လိုက်၊ဆူးခေတ်သစ်ဖြစ်သွားလိုက်ဖြင့် ပုံရိပ်တွေကနှစ်ထပ်ဖြစ်လို့နေသည်။ 


"ကိုကို......"


တိုးလျချိုကြည်တဲ့မရဲတရဲအသံလေးကသူ့နားထဲသံရည်ပူလောင်းချလိုက်သလိုပင်။ မင်းရဲ့အသံ၊မင်းမျက်နှာကိုမြင်နေကြားနေရတဲ့အချိန်တိုင်းက ငါ့အတွက်ငရဲဘဲဆူးခေတ်သစ်။မင်းအမေရဲ့လုပ်ရပ်၊မင်းရဲ့ကောက်ကျစ်မှု..အားလုံးပေါင်းစည်းလိုက်ရင် မင်းတစ်သက်ပေးဆပ်လို့မကုန်ဘူး။


"မင်းရောက်လာပြီလား..."


ခပ်တင်းတင်းအကြည့်၊အသက်မပါတဲ့အပြော...စူးရဲတဲ့မျက်လုံးတွေကြောင့် သူ ဆူးကိုမလိုလားတာမေးနေစရာမလိုတော့ပါ။သူ့ဘေးကလူတွေကဆူးကိုအထူးအဆန်းသဖွယ်ငေးကြည့်နေကြ၏။ထိုအကြည့်တွေကိုရိပ်မိသွားတဲ့သူက သူမကိုပုခုံးကနေဆွဲကပ်လိုက်သဖြင့်သူ့ရင်ခွင်တစ်ခြမ်းထဲရောက်သွားရသည်။


"အင့်!!....."


ဆူး မျက်လုံးလေးပြူးသွားပြီးသူ့ကိုမော့ကြည့်လိုက်မိသည်။ ပုခုံးမှအနှောင်အဖွဲ့ကပိုမိုတင်းကျပ်လာပြီးဆူးအသားတွေပဲ့ကြွေမတတ်နာကျင်လာရ၏။


"အ!.....နာတယ်ကိုကို"


ဆူး ဘယ်လိုမှဟန်မဆောင်နိုင်တော့ဘဲတိုးတိုးလေးညည်းလိုက်တော့သူကမျက်လုံးပြူး၍ငုံ့ကြည့်ကာ အံကြိတ်သံဖြင့်၊


"ငြိမ်ငြိမ်နေ...မနေရင်ခုထက်ပိုဆိုးမယ်"


ခြိမ်းခြောက်ပြောဆိုလိုက်နေသည့်သူ့ကိုမော့ကြည့်ရင်း ဝဲတက်လာသည့်မျက်ရည်တွေကိုဆူး မျက်တောင်ခတ်လျက်သိမ်းလိုက်သည်။တမင်မကျေနပ်လို့ အသံတိတ်နည်းနဲ့ပညာပြလိုက်တာပေါ့ ကိုကို..။အသား​ထဲနစ်ဝင်မတတ်ဆုပ်ကိုင်ထားသည့်ပြုတ်တူပမာသန်မာသောလက်ကြားကနေ မသိမသာရုန်းကြည့်လိုက်ပြီး မျက်နှာချင်းဆိုင်ကဧည့်သည်တွေကိုဟန်လုပ်ပြုံးပြရသေးသည်။ 


"အို!...."


ဆူး ခါးကနေတင်းခနဲဆွဲဖက်လိုက်တာမို့ ရင်ဘတ်လေးပါကော့သွားရပြီးဆူးတစ်ကိုယ်လုံးက သူရဲ့ခန္ဓာကိုယ်နဲ့တစ်သားတည်းထိကပ်သွားရ၏။ မနေတတ်သလို ဆူးရုန်းလေ သူ့လက်တွေကပိုတိုးဖက်လေမို့ မချင့်မရဲဖြင့် ဆူးတစ်ယောက်တွန့်လိမ်နေသည်။ ခေတ်သစ်က သူတို့နှစ်ယောက်ဖြစ်ပျက်နေတာကို မြင်နေရတာမို့မသိမသာပြုံးလိုက်မိရင်း၊


"သူလေးကဘယ်သူလဲ ရင့်။ ငါတို့လည်းမိတ်ဆက်ပေးဦးလေ...သူငယ်ချင်းအချင်းချင်းတွေကိုအဲလိုတော့လျှိုမထားသင့်ပါဘူး"


ဆူး မမြင်အောင်ရင့်ကိုမသိမသာမျက်ခုံးပင့်ပြလိုက်သေး၏။ ခေတ်သစ်ကထောင်ပေးလိုက်တော့ သီဟထွန်းကပါအဆင်းမှာဘီးတပ်ပေးလာ၏။


"မင်းဟာလေးကျမှဥထားချင်တာလား ရင့်။လုပ်စမ်းပါ...ငါတို့ကိုလည်းမိတ်ဆက်ပေးစမ်းပါဦး"


သူငယ်ချင်းတွေက ငယ်ငယ်ထဲကနိုင်ငံခြားမှာကျောင်းသွားတက်နေတဲ့ဆူးကိုမသိကြပါ။သူနဲ့ခေတ်သစ်တို့ကရှစ်တန်းလောက်ကမှခင်မင်ခဲ့တာမို့ ဆူးကိုသူတို့မသိ။သူကလည်း သူမနဲ့ပက်သက်တဲ့မလှပခဲ့တဲ့သူတို့အကြောင်းကို ဘယ်သူ့မှအသိမပေးချင်တာမို့တမင်မပြောခဲ့တာ။ 


"လုပ်ပါဟ ရင့်ရ။ မင်းနဲ့ဘာလဲ.."


ခေတ်သစ်က ဆူးကိုမေးဆတ်ပြလျက်မချိုမချဥ်ပုံဖြင့်မေးလိုက်တာမို့ သူပုခုံးတစ်ခြမ်းတွန့်ပြလိုက်ကာ၊


"ဘာမှမလဲဘူး။ သူနာမည်ကဆူးခေတ်သစ်တဲ့.."


သူနဲ့မဆိုင်သလိုအပြောကြောင့် ဆူးရင်ထဲနင့်ခနဲဖြစ်သွားရပြီး သူ့မျက်နှာကိုမော့ကြည့်လိုက်မိသည်။ ဘာမှမဖြစ်သလိုပုံဖြင့် သူကပြုံးနေပြီးမှ ရုတ်တရက်သူမမျက်နှာနားသို့ငုံ့ကျလာသည့်သူ့မျက်နှာကြီးကြောင့် ဆူးလန့်သွားရပြီးနောက်သို့မျက်နှာလေးယောင်ဆုတ်လိုက်မိသည်။ သို့သော်...သူကအလျော့မပေးဘဲတဖြည်းဖြည်းထိကပ်လာတာမို့ နီးကပ်လွန်းသည့်အနေအထားမှာ ရင်တွေတဒိတ်ဒိတ်ဆောင့်ခုန်လာကာ ရင်ဘတ်လေးပွင့်ထွက်လုမတတ်ဖြစ်နေရ၏။ထွက်သက်လေနွေးနွေးလေးတွေချင်းဆုံသွားရကာ ယောကျ်ားတန်မဲ့နီရဲပါးလွှာသည့်နှုတ်ခမ်းပါးကသူမမျက်နှာနားဝဲလာနေပြီးမှ ဆူးရဲ့နားသယ်လယ်စပ်မှာနွေးခနဲဖြစ်သွားရပြီး ကြက်သီးမွှေးညှင်းများထသွားရသည်။


"ဟိုကဗန်းတွေမြင်တယ်မို့လား..."


နားသယ်လယ်စပ်လေးနားကပ်လျက်တိုးဖွဖွဆိုလာသဖြင့် သူ့ကိုမော့ကြည့်လိုက်မိသည်။ထိုအခါ..သူကခပ်လှမ်းလှမ်းရှိဝိတ်တာလေးတွေသယ်နေသည့်ဗန်းတွေကိုမေးငေါ့ပြကာ၊


"ဘယ်လိုလဲ...မင်းလုပ်နိုင်ပါ့မလား"


ရင်ထဲနင့်သွားရကာဆက်ဆက်ခါအောင်နာသွားရပြီးမျက်ရည်တွေပြည့်တက်လာတော့သည်။ရက်စက်လိုက်တာကိုကိုရယ်..ဆူးကိုတမင်အရှက်ခွဲနေတာလား။ကိုကိုခေါ်ထဲကဆူးအတွက် မကောင်းနိုင်တာသိပေမယ့် ကိုကိုအဲဒီလောက်ရက်စက်မယ်လို့ဆူးမထင်ထားခဲ့ဘူး။ ပြိုကျလုလုမျက်ရည်များကြောင့် အဝေးဆီသို့အကြည့်တွေပို့ပြီးမျက်တောင်တဖျတ်ဖျတ်ခတ်ထုတ်လိုက်ရ၏။မဟုတ်ရင်..ဆူး သူ့ရှေ့မှာငိုမိတော့မည်။ထို့နောက်...နာကျင်မှု

တွေ၊ဝမ်းနည်းမှုတွေကို သူ မမြင်အောင်ဖုံးဖိကာ သူ့ဘက်လှည့်၍ပြုံးလိုက်ပြီး၊


"ရတယ်ကိုကို...ဘာလို့မလုပ်နိုင်ရမှာလဲ"


တည်နေတဲ့မျက်နှာမှာ နှုတ်ခမ်းတစ်ဖက်ရွဲ့သွားရပြီး ဆူး သူရဲ့မဲ့ပြုံးတစ်ခုရလိုက်သည်။အထင်သေးလိုက်ပါ..ရှုံ့ချလိုက်ပါကိုကို။ကိုကိုဆီက အဲဒါတွေရမယ်လို့ဆူးမျှော်လင့်ထားပြီးသားဘဲ ဆူးခံနိုင်ရည်ရှိနေပါပြီ။တဖြည်းဖြည်းသူ့မျက်နှာတည်သွားပြီး..ဆူးခါးမှာဖက်ထားသည့်လက်ကလျောခနဲကျသွားကာ၊


"Okလေ...ခုလိုအလွယ်တကူသဘောပေါက်တော့ ငါစိတ်ရှုပ်ရသက်သာတာပေါ့..."


"ဆူးကြောင့်ကိုကိုစိတ်မညစ်စေရပါဘူး..။ကိုကို့စိတ်တိုင်းကျအားလုံးဖြစ်စေရမယ်"


"ကောင်းပြီ...မင်းသွားလို့ရပြီ"


အထင်သေးရှုံ့ချတဲ့အကြည့်တွေကြားကနေ အငွေ့ပျံပြီးသာပျောက်ကွယ်သွားချင်မိတော့သည်။ ကိုကို့ဇနီးလောင်းဆိုတာမပြောနိုင်ရင်တောင် ကိုကို့မိထွေးရဲ့သမီးပါလို့ပြောလိုက်ရင်တောင်ဆူးအတွက်သိက္ခာကျသက်သာပါဦးမယ်ကိုကို။ခုတော့..ကိုကိုရဲ့ဘာလိုလိုအပြောကြောင့် ဆူးကအဲဒီလူတွေရှေ့မှာဘယ်လိုမိန်းမဖြစ်သွားပြီလဲ။ဆူးကိုအဲလိုမိန်းမမျိုးထင်အောင်ကိုကိုအညှိုးနဲ့တမင်လုပ်နေတာ။ကိုကိုရက်စက်ပါတယ်လို့ ဆူးမဆိုတော့ပါဘူးရှင်။ဝဋ်ကြွေးတွေဆိုရင်လည်း သည်ဘဝ၊သည်မျှနဲ့ဘဲကြေပါစေတော့။ကိုကိုရဲ့အမုန်းတွေကိုနောင်ဘဝထိမယူပါရစေနဲ့တော့ကိုကိုရယ်။ သည်ဘဝနဲ့တင်ဆူးနှလုံးသားတွေကြေမွပျက်စီးနေခဲ့ပါပြီ။ ကိုကိုကရက်စက်သူကြီးမဟုတ်ပါဘူးကိိုကို..အမုန်းတရားတွေရဲ့အောင်မှာနာကျင်နေရတဲ့အကျဥ်းသားတစ်ယောက်ပါ။ဆူး..ကိုကို့ကိုအရမ်းသနားတယ်။ဒီအမုန်းတရားတွေကြားကနေ ကိိုကို့ကိုလွတ်မြောက်စေချင်တယ်..ကိုကိုသာလွတ်မြောက်မယ်ဆို ဆူးဘယ်လိုပေးဆပ်ရပေးဆပ်ရ ကြည်ဖြူနေမှာပါ။


"ဟေ့!.....တကယ်လန်းတယ်နော်။ ရင့်မဟာနဲ့ဘာတွေလဲ"


ဝိုင်ခွက်တွေလိုက်ကမ်းပေးနေစဥ်နောက်ပါးဆီက ထွက်ပေါ်လာတဲ့စကားသံတွေကြောင့်ဆူးခြေလှမ်းလေးတုန့်သွားရ၏။


"မင်းကလည်း..ဒါမျိုးတွေကရိုးနေပြီ။မသိဘူးလား.."


"သြော်!....ပေါက်တယ်၊ပေါက်တယ်"


တောက်..။ရင်ထဲခံပြင်းသွားရပြီး ထိုအသံရှင်ဆီလှည့်လိုက်မိသည်။ထိုအခါ.. ပြီတီတီမျက်နှာတွေကြောင့် ဆူးဒေါသတွေကြီးထွားသွားရ၏။ ခံပြင်းနာကျင်မှုကြောင့်အသားတွေတုန်မတတ်ဖြစ်နေပေမယ့် ရှိုင်းစိုင်းရဲတင်းလွန်းသည့်အကြည့်တွေက ဆူးကိုယ်ပေါ်ဝဲပျံနေတာမို့ရှက်စိတ်ရော၊ဒေါသပါပေါင်းကာစိတ်ထဲ ဖျင်းခနဲဖြစ်သွားရသည်။


"ဆူးခေတ်သစ်...ဘာဖြစ်လို့လဲ"


"ဟင်!...."


ရုတ်တရက်ထွက်ပေါ်လာသည့်အသံကြောင့် ဆူးရဲ့ခံပြင်းစိတ်တွေငုံ့လျှိုးသွားရပြီး အသံရှင်ကိုလှည့်အကြည့်၊


"ဟေ့!....မလှည့်နဲ့။ ကိုယ်ပါ ဓနရှင်။ ကိုယ့်ကိုမင်းလှည့်မကြည့်နဲ့"


သူ့ကိုလှည့်ကြည့်တော့မဲ့ ဆူးပုခုံးလေးကိုနောက်ကနေဆုပ်ကိုင်ကာအတင်းဖိထားတာမို့ ရုန်းဖယ်ပစ်လိုက်ရင်း၊


"အို!...ဘာလုပ်တာလဲ..ဖယ်.."


သူ့လက်ကိုအတင်းခါချကာ သူတို့နားကနေချာခနဲလှည့်ထွက်လာခဲ့မိသည်။တောက်...ဘယ်လိုလူမှန်းမသိဘူး။လူကိုပိုင်စိုးပိုင်နင်းနဲ့။ပွစိပွစိရေရွတ်ရင်း လျှောက်နေတာမို့နောက်ကိုသတိမထားမိ။


"ဟေ့!...."


"အမေ့!!....ဟင်..ရှင်..."


ဆူးရပ်လိုက်မိတော့ သူ့ရင်ဘတ်နဲ့သူမကျောပြင်မိတ်ဆက်သွားရပြီးစိမ်းသက်တဲ့အထိအတွေ့ကြောင့် လန့်သွားကာနောက်ကိုအလန့်တကြားလှည့်လိုက်မိသည်။သို့သော်..သူကအလှည့်မခံဘဲ ရုတ်တရက်တားဆီးလိုက်တာမို့ ဆူးရှက်ဒေါသဖြစ်သွားရ၏။လက်ထဲမှာလည်းဝိုင်ခွက်ထည့်ထားတဲ့ဗန်းနဲ့မို့ သူ့ကိုစိတ်ရှိလက်ရှိရန်မပြုနိုင်။


"ရှင်ဘာလို့သူများနောက်လျှောက်လိုက်နေတာလဲ"


"ဗျာ....."


မလိမ်မိုး၊မလိမ်မာရုပ်မျိုးဖြင်အူကြောင်ကြောင်ပြန်

လုပ်နေသေးသည်။ ကျောနောက်မှာထိကပ်လုမတတ်ရပ်နေတာမို့ လူကဖိန်းတိန်းရှိန်းတိန်းဖြစ်နေပြီးဒေါသတွေပါထွက်နေရသည်။ ဒီလူဘာလဲ...သပ်သပ်လူပါးဝနေတာ။ ထိကပါးရိကပါးလုပ်နေတာလွန်ပြီ။


"တောက်!...."


တောက်ခတ်လျက် ဆောင့်ခနဲထွက်လာတော့လည်းနောက်ကနေအရိပ်လိုလိုက်လာပြန်၏။


"ရှင်အရမ်းလွန်နေပြီနော်..."


လမ်းလျှောက်ရင်းကြိတ်ရန်ဖြစ်နေမိသည်။ အတင်းကပ်လိုက်နေတာမို့ သရုပ်ပျက်လွန်း၏။


"ဘာလွန်လို့လဲကွာ။ဒါနဲ့မင်းလိုဝိတ်တာမျိုးတစ်ခါမှမမြင်ဖူးဘူး။ လုံးဝလည်းထင်ရက်စရာမရှိဘူး"


သူက နမျောတသသလိိုလိုဖြင့် သူမကိုကြည့်ကာစုပ်တသပ်သပ်ဖြစ်နေသည်။ 


"အဲတော့ဘာဖြစ်လဲ။ ရှင့်ကိစ္စမဟုတ်ဘူး..ကျွန်မကိုလိုက်မနှောက်ယှက်နဲ့"


"နပေါဦး..."


"အို!!....လွှတ်နော်...ရှင်ပြောနေတာမကြားဘူးလား"


လက်ကိုအတင်းဆွဲထားတာမို့ ဆူးခြေကန်ရုန်းနေမိသည်။ ဆူးကို အထင်သေးလို့စော်ကားနေတာပါလားဟုအတွေးဝင်လာတော့ မခံချင်စိတ်ပိုဖြစ်မိသည်။


"ရှင်လူပါးမဝနဲ့...လွှတ်စမ်း။ကျွန်မကိုဘယ်လိုမိန်းမစားများမှတ်နေသလဲ"


"ဒေါသကြီးလိုက်တာကွာ...။ကိုယ်ဘာလုပ်နေလို့လဲ။ မင်းနောက်ကနေလိုက်ကြည့်ရုံလေးကို"


"ဘာ!!....."


ဆူး တအားအော်ပစ်လိုက်မိသည်။ထိုအခါ..

သူ့နားထဲလက်ထိုးခါရင်း မျက်နှာကြီးရှုံ့မဲ့သွားကာ၊


"ဒါလေးပြောတာ အော်စရာလား။ စိတ်ကြီးဘဲ...ဒေါသတွေလျှော့..ရုပ်ရင့်နေမယ်"


"သတ်ပါပစ်ချင်တာ.."


"အဲဒီလောက်စေတနာတွေမထားနဲ့လေ။ တော်ကြာ ကိုယ်မသယ်နိုင်ဖြစ်နေလိမ့်မယ်။တော်ရုံဆိုရပြီ.."


သူရွဲ့နေမှန်းသိပေမယ့် ဆူးအားနာဖို့လည်းသတိမရ။ ကိုကိုနဲ့ပက်သက်ပြီးညစ်နေတဲ့စိတ်တွေက သူ့ကြောင့်ပိုရှုပ်ကုန်ပြီ။ ကိုကိုပိုပြီးအထင်သေးမဲ့လုပ်ရပ်မျိုးကို ဆူးရှောင်ရှားရမယ်။ခုလိုပုံသာ ကိုကိုမြင်သွားရင်..သွားပြီ။


"ရှင်..ဆက်မလိုက်လာနဲ့နော်။ပြောလို့မရရင်တော့ ကျွန်မအဆိုးမဆိုနဲ့"


"ဟေ့!....နေဦး..."


"ရှင်...ရှင်လွန်ပြီ"


တမင်လိုက်နှောက်ယှက်နေတာ ဒီလူများပြီ။ ရန်တွေ့ဖို့လှည့်လိုက်တော့လည်း သူကအလှည့်မခံ..ပုခုံးကနေဆွဲထားတာများပိုင်စိုးပိုင်နင်း။ ဆူး

ကလည်းရုန်း သူကလည်းဆွဲနှင့် အတော်ရုပ်ပျက်

ဆင်းပျက်ဖြစ်သွားသည်။


"အဲဒါဘာဖြစ်နေတာလဲ...ဓန"


ဟင်...ကိုကို။ အနားကိုဖွားခနဲရောက်လာတဲ့ ကိိုကိုကြောင့် ဆူးရင်တွေတုန်သွားရပြီး ထိုလူ့ရင်ခွင်နဲ့ဝေးရာကိုရွှေ့ရပ်နေလိုက်သည်။ ရင့်..ဓနနဲ့ဆူးကိုတလှည့်စီကြည့်ရင်း၊


"ဘာဖြစ်နေတာလဲ...ရုပ်ရုပ်မဖြစ်လိုက်နဲ့၊ဖြစ်လိုက်တာနဲ့မင်းဘဲ"


"မဟုတ်ဘူး ကိိုကို.."


ဓနရှင်..ဆူးနဲ့ရင့်ပြောဆိုနေတာကိုကြည့်ပြီး မျက်နှာ

ပျက်သွားရကာ၊


"ရင့်....သူက..."


"ဆူးခေတ်သစ်..ငါလက်ထပ်မဲ့မိန်းကလေး.."


"ဟင်!...."


ပြင်ဆင်ချိန်မရလိုက်ဘဲ မထင်ထားတာတွေကြား

လိုက်ရတာမို့ ဓနရှင်မျက်နှာမှာ ပြင်ဆင်ချိန်မရလိုက်။ ဆူး မယုံနိုင်...ကိိုကိုအဲလိုပြောလိမ့်မယ်လို့ဆူးတကယ်ကိုမထင်ခဲ့ပါ။ ကျေးဇူးပါ ကိိုကို။ဒီစကားလေးတစ်ခွန်းနဲ့ စောစောကပုတ်ခတ်ပြောဆိုခံရသမျှ ကျေပျက်နိုင်ပါပြီ။ 


"ဟုတ်လား....ငါတို့တောင်မသိရပါလား။ မင်းတကယ်လျှိုတဲ့ကောင်ဘဲ ရင့်.."


ဓနရှင်က ပါးနပ်သူမို့ပျက်ယွင်းသွားသည့်မျက်နှာကိုချက်ချင်းပြင်ကာ အခြေအနေကိုထိန်းလိုက်သည်။ ဆူး..ရင့်မျက်နှာကိုသာငေးစိုက်ကြည့်လျက် သူတို့ကြားထဲငြိမ်သက်နေမိ၏။


"အဟင်း...လျှိုတယ်တော့မဟုတ်ပါဘူးကွာ။ ခုသိရပြီဘဲ...ကျေနပ်တော့။ မင်းကိုခေတ်သစ်တို့ မေးနေတယ်ဓန...သွားလိုက်ဦး"


"ဟုတ်လား...ငါသွားလိုက်ဦးမယ်ရင့်။ သွားလိုက်ပါဦးမယ် ဆူးခေတ်သစ်"


"ဟုတ်ကဲ့...."


ဆူးကို ခပ်နက်နက်လေးစိုက်ကြည့်လျက် နှုတ်ဆက်နေသည့် ဓနရှင်ကြောင့် ရင်နဲ့သူ့ကြားဆူးအနေခက်သွားရသည်။ ဓနရှင်ရဲ့မျက်လုံးထဲကလေးနက်ခြင်းတစ်မျိုးလျှံထွက်နေတာကို ဆူးတောင်မြင်နေရတာ ပါးနပ်တဲ့ရင့်ကရောအကဲမခတ်မိဘဲနေမတဲ့လား။ ဆူး နှုတ်ခမ်းလေးကိုဖိကိုက်နေမိပြီးမှ မပွင့်တပွင့်ပြန်ဆိုလိုက်မိသည်။ ပြီးတော့..မလုံမလဲဖြင့် ရင့်ကိုမော့အကြည့်..ဘယ်အချိန်ထဲက ဆူးကိုကြည့်နေမှန်းမသိတဲ့စူးရဲသည့်ရင့်အကြည့်တွေကြောင့်ဆူးမျက်နှာလေးအိုသွားပြီး မျက်လွှာချပစ်လိုက်သည်။


"ရင့်...."


သူမ မျက်နှာထက်ကနေ ဓနရှင်ဆီဝေ့ဝဲသွားသည့် သူ့မျက်နှာကိုငေးကြည့်ရင်း ဆူးရင်တုန်နေမိသည်။ ဆူးကို နစ်နစ်နာနာတွေပြောဦးမှာလားဟင်။ သူဆီက ပြစ်တင်စကားတွေထွက်မလာခင် ဆူးအရင်ကျောခိုင်းပစ်လိုက်သည်။


"ဟေ့!!.....မင်းရပ်နေစမ်း"


ဟင့်အင်းကိုကို...။ဆူးရပ်မနေနိုင်ဘူး။ကိုကို ဆူးကိုဘဲအပြစ်တင်ပြီးမာန်မဲဦးမှာ။ ဆူး လှည့်မကြည့်တော့ဘဲ သွက်သွက်လေးလျှောက်လိုက်သည်။


"တောက်!!.....ရပ်နေစမ်းဆို..ဆူးခေတ်သစ်"


"ဟင်အင်း....မရပ်နိုင်ဘူး၊ကိုကို ဆူးကိုအပြစ်တင်ဦးမှာ.."


"မင်း...တယ်ပြောရဆိုရခက်ပါလား။ဟေ့...အဲမှာရပ်နေ"


"မရပ်ဘူးကိုကို..."


သူ နောက်ကနေတလွှားလွှားပါလာတာကို လွတ်အောင်လှမ်းနေပေမယ့် ကျပ်နေတဲ့အကျီကြောင့် စိတ်ရှိတိုင်းခရီးကမတွင်။ ဒီထက်ပိုလှမ်းရင်လည်း ကွဲထွက်ကာအရှက်တွေဗြန်းဗြန်းကွဲဖို့ဘဲရှိသည်။


"ဆူးခေတ်သစ်...မင်းတော်တော်ပြောရဆိုရခက်တဲ့မိန်းမပါလား။လာခဲ့..."


"အို!!......"


နောက်ကိုရောက်လာပြီးဆူးပုခုံးနှစ်ဖက်ကနေ တင်းတင်းကိုင်ကာလူတွေကွယ်သည့်ဘက်သို့တွန်းထိုးခေါ်လာတာမို့ ဆူး ယက်ကန်ယက်ကန်ဖြင့်သူခေါ်ရာနောက်ပါလာရသည်။ ဧည့်သည်တွေရှင်းသွားသည့် နံရံအကွယ်ကိုဆွဲချသွားကာ ဆူးကိုယ်လေးကိုနံရံနှင့်ထိကပ်လျက်၊


"လုပ်လိုက်ရင်နမောနမဲ့နဲ့...အမြဲဒီအတိုင်းဘဲ"


ဆူးက ဘာတွေနမောနမဲ့လုပ်မိလို့လဲ။ နားမလည်လိုက်နိုင်ခင် သူကဆူးကိုဆွဲလှည့်လိုက်ကာ၊


"မင်းလက်တွေဖယ်.."


လက်တစ်ဖက်ကဗန်းကိုကိုင်လျက်ကျန်တစ်ဖက်က သူ့လက်တွေကိုဖယ်ချနေတာမို့ သူမလက်ကိုဖယ်ပေးဖို့ဆိုလာ၏။ 


"အို!.....ကိိုကိုဘာလုပ်မလို့လဲ"


"ခင်ဗျားကိုမဟားတရားမကြံဘူး...အဲလောက်ပြူးပြဲမနေနဲ့။ဟိုဘက်လှည့်..."


"ရှင်!!....."


ဘုနဲ့ဘောက်ဆိုလိုက်တာလည်းဆူးနားမလည်။အတင်းလှည့်ခိုင်းနေတာမို့ ဘုမသိဘမသိဖြင့် သူ့မျက်နှာကိုပြူးပြဲကြည့်နေမိသည်။


"ဟိုဘက်လှည့်ပါဆို မင်းနားလေးနေသလားဆူးခေတ်သစ်"


"ဘာ...ဘာလုပ်မလို့လဲဟင်..."


ဆူးအသံလေးတွေတုန်ကာမေးလိုက်တော့ သူ့မျက်နှာကြီးနီရဲသွားကာ၊


"မင်းကိုဘာမဟုတ်တာမှမလုပ်ဘူး။လှည့်ဆိုလှည့်...ငါ့ကိုပြန်မမေးနဲ့"


"ကိုကိုနော်....လူတွေတမျိုးထင်ကုန်မယ်.."


"ဟာ!...."


ရင့်မျက်နှာ ရဲသတဲ့ရဲသွားရပြီးပါးစပ်ကနေအသံ

ထွက်သွားရ၏။ စိတ်မြန်သူမို့ သူမကိုတအားဆွဲလှည့်ပစ်လိုက်ကာ ဘောက်ဆတ်ဆတ်ပြောလိုက်သည်။


"တောက်...ထင်ရာတွေစွတ်ပြောမနေနဲ့။ ကိုယ့်ဇစ်တောင်ကိုယ်မဆွဲဘဲ ဒီအထိမင်းဘယ်လိုလာတာလဲဆူးခေတ်သစ်"


"ရှင်!!.....တ..တကယ်လား"


ဆူး ခုမှရှက်ရွံ့ထူပူကာ သူမနောက်ကျောကိုလက်ပြန်စမ်းမိသွားသည်။


"ဖယ်စမ်း အဲလက်က..."


ရှက်လိုက်တာ..ဆူးပြန်စမ်းမိလိုက်သည်ကသူမရဲ့အတွင်းခံ။မျက်နှာတစ်ပြင်လုံးနွေးသွားပြီး၊


"သွားပါပြီ....ရှက်လိုက်တာ"


"ငြိမ်ငြိမ်နေ...."


"ဟင်အင်း...ကိုကိုမကြည့်နဲ့။ဆူးဘာသာပြန်စမ်းပြီးဆွဲတင်မယ်။ကိိုကို ဟိုဘက်လှည့်နေ"


ဆူး သူ့လက်ကိုတွန်းထုတ်ကာ ဇစ်ကိုလက်ပြန် ပြန်စမ်းလိုက်တော့ ဇစ်ကမမိ။ရင့်မျက်နှာက တင်းမာနေကာမျက်မှောင်ကြီးကျုံ့လျက်၊


"လုပ်မနေနဲ့ဆူးခေတ်သစ်။ မင်းကငါ့ကိုရှက်နေတာလား။ဟိုကောင်ဓနက အစောကြီးထဲကမြင်နေတာ တောက်...လုပ်လိုက်ရင်တလွဲ"


"ရှင်!!.....သူ...သူမြင်သွားတာလား"


ဆူးမျက်နှာတွေပိုပူလာကာ ငိုမဲ့မဲ့လေးဖြစ်သွားရ၏။ 


"ဟုတ်တယ်...မင်းလက်ဖယ်လိုက် ငါဆွဲပေးမယ်"


ငိုမဲ့မဲ့လေးဖြစ်သွားတဲ့မျက်နှာလေးကြောင့် ရင့်မဆူရက်တော့ဘဲ ဂရုဏာသက်သွားရ၏။ ပထမဆုံးဒီဝတ်စုံကိုဝတ်ခိုင်းမိတာကို နောင်တရသွားမိသည်။ တင်းပြည့်နေသည့်ကိုယ်လေးက အနက်ရောင်အကျီလေးနဲ့ချပ်ကပ်နေကာ ကိုယ်လုံးလှလှလေးကဆွဲဆောင်မှုအပြည့်။ ဇစ်ကတဝက်အထိရောက်နေပြီး ကျန်တဝက်ကညပ်ကာထစ်နေပြီး အတွင်းခံလေးပါပေါ်နေသည်။ဖြူဝင်းနေသည့်ကျောပြင်လေးကြောင့် သူ့လက်တွေတုံ့ဆိုင်းသွားရပြီး စိတ်ထဲဖိန်းတိန်းရှိန်းတိန်းဖြစ်သွားသည်။


"ကိုကို...မြန်မြန်လုပ်လေ။သူများတွေတွေ့သွားရင်တမျိုးထင်နေမယ်"


ဆူးသတိပေးလိုက်မှာ သူလက်က သူမအကျီဇစ်လေးပေါ်ရောက်သွားရသည်။ ဇစ်အဆုံးလေးကနေလက်တစ်ဖက်ဖြင့်ကိုင်ကာ ကျန်တစ်ဖက်ကဇစ်ကိုဆွဲတင်တဲ့အချိန်လေးက ခဏလေးပါ...တကယ်ကိုမကြာလိုက်တဲ့အခိုက်အတန့်လေးတစ်ခု။ ထိုအခိုက်အတန့်လေးအတွင်းမှာ ဇစ်ဆွဲသံနှင့်အပြိုင် သွေးခုန်နှုန်းတွေမြန်ခဲ့ရသည်။


"ရော့.....ဒါခြုံထား"


သူ့ကုတ်ကိုချွတ်ပြီး ဆူးကိုခြုံပေးပုံကဆူဆူအောင့်အောင့်...။ဒါပေမယ့် သူ့ဆီကနွေးထွေးမှုကြောင့် ဆူးကျေနပ်သွားကာရင်ထဲနွေးသွားရ၏။ ဒီလိုတော့လည်း သူကဂရုစိုက်တတ်သား။ အပျော်မြစ်လေးစီးသွားရကာ နှုတ်ခမ်းလေးပါပြုံးသွားရသည်။


"ဘာလုပ်နေတာလဲ....မလိုက်ဘူးလား.."


"ရှင်.....လိုက်မှာပေါ့"


ဘောင်းဘီအိတ်တွေထဲလက်ထည့်လျက် လျှောက်သွားတာများ ဆူးကိုလှည့်ကြည့်ဖော်တောင်မရတော့ပေ။ ဆူး အပြေးအလွှားလိုက်ရင်း သူ့လက်မောင်းကိုချိတ်ပစ်လိုက်၏။ ခြေလှမ်းတွေရပ်သွားကာ သူ့လက်မောင်းကို ပိုင်ပိုင်နိုင်နိုင်ချိတ်ထားသည့် ဆူးလက်ကိုငုံ့ကြည့်ပြီး ဘာမှမဖြစ်သလိုဆက်လျှောက်သွားဟန်က မုန်းချင်စရာ။ ဟင်း...ဘယ်ရမလဲ၊ကိုကိုသွားလေရာ ဒီလိုချိတ်ပြီးတော့ကိုလိုက်မှာ။ ကိိုကိုငြင်းရဲငြင်းကြည့်...လူကြား၊သူကြားထဲဖက်နမ်းပစ်လိုက်မယ်သိလား။ခစ်....။ ဆူး ကိုယ့်အတွေးကို ကိုယ်သဘော

ကျကာကျိတ်ပြုံးမိသွား၏။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


"ဖိုးလုံး....မရောက်သေးဘူးလားဟယ်"


"ရောက်တော့မှာပါ မမနွယ်ရဲ့။ ရှေ့နားဆိုရောက်ပါပြီ"


ရှေ့က ခပ်သုတ်သုတ်သွားနေသည့်ဖိုးလုံးနောက်ကလိုက်ရင်းဝမ်းဆွဲဆရာမလေးနွယ်ဝေမောဟိုက်သံဖြင့်ဆိုလိုက်သည်။ ဖိုးလုံးဆိုတာ နွယ်ဝေတို့ရွာသားလေးအသက်ကဆယ့်သုံးနှစ်သာသာရှိသေးသည်။ ဖိုးလုံးရဲ့မိဘတွေက နွယ်ဝေတို့ရွာနှင့်အနည်းငယ်လှမ်းသည့်ကွင်းထဲတွင်အင်းလုပ်နေတာမို့ ရွာထဲမှာမနေတော့ဘဲထိုအင်းထဲပြောင်းရွှေ့နေကြတာသုံးနှစ်ရှိပြီ။ 


"မိုးတောင်ချုပ်နေပြီဖိုးလုံး..မမကမင်းမိဘတွေနဲ့မင်းကိုအားနာလို့သာလိုက်လာရတာ"


"ကျွန်တော်သိပါတယ်မမနွယ်။ ဟို...ဟို အရေးကြီးနေလို့ပါ။ မမနွယ်မှမကယ်ရင် သူဒုက္ခရောက်မှာမို့ပါ"


"ဘယ်သူလဲမေးတော့လဲ သေသေချာချာ၊ရေရေရာရာမဖြေနိုင်ဘူး။ မင်းကတော့ မဟုတ်သေးပါဘူးဖိုးလုံးရယ်"


"ကျွန်တော်မညာပါဘူး မမနွယ်။ တကယ်သေရေးရှင်ရေးမို့ပါ"


"ပြီးရော...ပြီးရော"


"ဟော.....ဟိုမှာကျွန်တော်တို့တဲရောက်ပြီမမနွယ်"


"တော်သေးတာပေါ့...မမဖြင့်အတော်မောနေပြီ"


"အားလည်းနာပါတယ်မမနွယ်။ဒါပေမယ့်..."


"ဆရာမလေးပါလာပြီ...တော်သေးတာပေါ့အဒေါ်တို့က ဆရာမလေးလိုက်လာပါ့မလားလို့စိတ်ပူနေတာ..."


"လာ..လာဆရာမလေး..."


တဲသာသာအိမ်လေးထဲသို့နွယ်ဝေရောက်သွားတော့ဖိုးလုံးရဲ့မိဘတွေကဝမ်းသာအားရခရီးဦးကြိုပြုနေသည်။


"အဒေါ်တို့အိမ်မှာဘယ်သူနေမကောင်းဖြစ်နေတာလဲ။အားလုံးကျန်းမာနေတာမဟုတ်ဘူးလား"


"လူနာက ဒီမှာပါ...ဆရာမလေး"


"ဟင်!......သူ...သူက...."


အတွင်းထရံနောက်ထဲဝင်လိုက်သည်နှင့် ဆရာမလေးနွယ်ဝေဆီက တအံ့တသြ အသံလေးထွက်လာ၏။


အပိုင်း(၄)ဆက်ရန်

စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: