book
Index 9
အပိုင်း ၈
ကျူးယန် သူ့အနားကပ်လာတော့ ပုံမှန်လို အခါတိုင်း သူစိမ်းအနားကပ်လာလျှင် မနေတတ်သလို နေရခက်တဲ့ ခံစားချက် မဖြစ်ဘဲ ထူးဆန်းစွာ သက်တောင့်သက်သာ ရှိနေသည်။ ဤသို့ ထိုသို့ ဘုန်းတန်ခိုးကြီးမားလှပါ ပြီး ခန့်ညားလှသည့် တဲ့ နတ်ဘုရားဟာ ငါ့အဖေတဲ့လား။  အဖေဆို၍ သူ၏အရင်ဘဝမှ ဖခင်ကို ပြန်ပြောင်း သတိရ မြင်ယောင်လာသည်။ သူက အပေါင်းအသင်းနည်းကာ အေးတိအေးစက် နေတတ်ပေမယ့် မိဘတွေနဲ့တော့ အလွန်ကပ်ချွဲကာနေတတ်သည်။ သူ့သူငယ်ချင်းတွေဆို အိမ်တွင်ရှိနေသည့် သူ့ပုံစံအားမြင်ပါက ဝိုင်းဟားကြလိမ့်မည်မှာ အမှန်ပင်။ အိမ်တွင်းပုံစံနှင့် ပြင်ပပုံစံအား နှိုင်းယှဉ်မိသူ ရှိပါက တအံ့တသြ ဖြစ်ကြမည်မှာ အမှန်ပင်၊ သို့ပေမယ့် သူထိုအိမ်အား သတိမရချင်သည်မှာ မရှိတော့လေသော မိဘတွေကို မတမ်းတချင်တော့၍ဖြစ်သည်။  ပြန်မရနိုင်သော အကြောင်းအရာကို တမ်းတနေရုံမျှဖြင့် မည်သို့မျှ အကျိုးထူးလာမည်တော့ မဟုတ်ပေ။ မိဘတွေ မရှိတော့ကတည်းက မွေးရပ်မြေကိုသူမပြန်တာကြာပေါ့၊ သူမိဘတွေ ရှိတုန်းက ပေါင်းသင်းဆက်ဆံရေး အနည်းငယ် ကောင်းခဲ့တဲ့သူက မိဘတွေ မရှိတော့ လုံး၀ တစ်ယောက်တည်းသမား ဖြစ်သွားခဲ့တယ်။ 
ဟူး..၊ ဘာပဲဖြစ်ဖြစ် အခုရောက်နေတဲ့ ကမ္ဘာကြီး လောကကြီးကို သူ သဘောကျတယ်။ နှစ်လည်းနှစ်ခြိုက်တယ်။ သူ့မှာ အဖေရှိတယ်။ အမေရှိတယ်။ သူနဲ့ အသက်သိပ်မကွာသည့် အစ်ကိုနှစ်ယောက်လည်းရှိသလို နောက်ထပ် အကြီးဆုံးအစ်ကိုလည်း ရှိသေးတယ်။ ပြောပေမယ့်  သူနှင့်တော့ မတွေ့ဖူးသေး သို့ပေမယ့် ထို အဲ့ဒီအစ်ကိုကြီးကလည်း သူ့အားကိုချစ်မှာမလွဲ။ နောက်ပြီး သူ့ကိုအရမ်း သေချာဂရုစိုက်သည့် တဲ့ ဆရာလည်းရှိတယ်။ ဒီလောကရဲ့ အစားသောက်တွေကလည်း ကောင်းလွန်းတယ်။ ပြီးတော့ ပတ်ဝန်းကျင်ရှုခင်းကလည်း သာယာလွန်းတယ်။ ဒီလောကရဲ့ ရှုခင်းမြင်ကွင်းတွေက သူနှစ်သက်တဲ့ အနုပညာဆန်ဆန် ပန်းချီကားတွေ ဆင့်ကဲဆင့်ကဲ ဆက်ထားသလို နေရာမျိုး ဖြစ်နေပြန်တယ်။ ကဲ စိတ်ညစ်စရာ ဘာတွေများရှိဦးမလဲ၊ 
အတွေးတွေက ကျယ်ပြန့်သွားရာစွာ တွေးမိနေရာမှ သူ့နှဖူးမှ နွေးခနဲဖြစ်သွားမှသာ အသိပြန်ဝင်တော့သည်။ အာ အဖေ့ရှေ့မှာ ငါသတိလက်လွတ်ဖြစ်သွားတာပဲ၊ ဟုတ်တယ် အဖေ ကျူးယန်က ငါ့အဖေ၊ အခုကစပြီး ဒီလူတွေကို ငါ့ရဲ့အမှန်တကယ် မိသားစုဝင်တွေ အဖြစ် ငါသတ်မှတ်တယ်။ ငါမသိတာတွေကို မိသားစုကို မေးလိုက်ရင်ရနေပြီပဲ ထူးပြီးစိတ်ပူမနေတော့ပါဘူး၊ ငါ့အဖေနဲ့အစ်ကိုတွေက စွမ်းအားကြီးတာပဲဟာ၊ ဘယ်သူ့ကို ကြောက်စရာလိုမလဲ၊ ဒီအချိန်မှာ သူ မောက်မာမနေရင်သာ အတော်ဟုတ်နေပြီ။
“ငါမှန်းတာ မှန်တယ်။ ကျူးယင် သား ငါ့သားက တကယ်ကို ယင်နတ်ဘုရားပဲ”
ကျူးယန်က သူ့နှဖူးမှလက်ကိုရုတ်ကာ ဝမ်းသားအားရပြောသည်။
ယင်နတ်ဘုရား၊ အဲ့ဒါဘာကြီးလဲ တစ်ယောက်ယောက် ရှင်းပြကြပါဦး
ကျူးယင် နဉ်ကိုလှမ်းကြည့်တော့ နဉ်ကပြုံးယောင်ယောင်မျက်လုံးတွေဖြင့် နဲ့ ကြည့်သည်။ 
နောက်မှ ဆရာ့ကိုမေးတော့မယ်။ 
ကျူးယန်က နဉ်တို့ဘက်ပြန်လှည့်ကာ သူ့မိန်းမကို ကြည့်ရင်းလိုက်တယ်။ 
“ဟွားဟွားရေ ကိုယ်တို့အိမ်ပြန်ကြစို့။ အိမ်မှာ စားသောက်ပွဲကျင်းပရမယ်”
သူ့အမေ၏ နားမလည်သလို ကြည့်နေမှုအား ကျူးယန်က ပြုံးကာကြည့်ရင်း ခေါင်းကိုပွတ်သပ်ပေးသည်။
“အိမ်ရောက်မှပြောပြမယ် လာ သွားစို့”
အမေလေး၏ သူ့အားပြောစကားတို့ ကျန်ရှိနေပုံရသည်အား ကျူးယန်က ဂရုမစိုက်ပါဘဲ အမေလေးကို လက်ဆွဲကာပြန်ရန်ပြင်သည်။
နောက် သူ့ကိုကြည့်ကာ
“ရှောင်ယင် မင်းဆရာနဲ့အတူ ဒီညလိုက်လာခဲ့။ အဲ့ကျမှ သားအမိတွေ အလွမ်းသယ်ကျ ကြတော့၊ နဉ်နတ်ဘုရား ငါမင်းကိုဖိတ်ပါတယ်။ ညကျရင် ငါ့သားနဲ့အတူ နှစ်ယောက် လာခဲ့ကြပေါ့”
ကျူးယန်က သူ့အားရွှင်ပျစွာ ပြောပြိးသည်နှင့် ဆရာ့ဘက်လှည့်ကာ ဖိတ်ခေါ်ခြင်းကိုပြုသည်။ နှစ်ယောက်သားဆိုသည့်စကားအရ အဖေက ဒီတောင်က အခြားသူကို မလာစေချင်တာထင်ရှားသည်။
“ရှောင်လျန်နဲ့ ရှောင်စစ် မင်းတို့ပါ ပြန်လိုက်ခဲ့။ အိမ်ရောက်ရင် မင်းတို့အကိုကြီးကို မင်းတို့ပဲသွားခေါ်ထုတ်ရမှာ”
ခေါ်ထုတ်ရမှာဆိုတော့ အစ်ကိုကြီးက ဘယ်ထဲဝင်နေလို့လဲ လို့ ကျူးယင် တွေးမိလိုက်တယ်။ မေးတော့ မမေးပါပဲနှင့် အခြေအနေကိုသာ ဆက်၍ အကဲခတ်နေလိုက်တယ်။ 
“ဟုတ်ကဲ့ အဖေ”
နှစ်ယောက်သား တလေးတစားဖြေကာ ကျူးယင်အား ကျူးစစ်က မျက်စိမှိတ်ပြပြီး ညမှတွေ့မယ်ဟု ပါးစပ်လှုပ်ရုံ ပြောသွားသလို ကျူးလျန်က ယပ်တောင်တစ်ချက်ခတ်ရင်း ခပ်တည်တည်ဖြင့် ခေါင်းတစ်ကြိမ် တစ်ချက် ငြိမ့် ညိတ်ပြရင်း အလျှင် ဦးစွာ ပျောက်ကွယ် သွားကြသည်။ ကျူးယန်လည်း မပျောက်သွားခင်တွင် တစ်နေရာအားကြည့်ကာ တစ်ချက်မျှ ကြည်ကြည်သာသာ ပြုံးလျက်ဖြင့်
“မင်းကိုလည်း ဖိတ်တယ် ညကျ လာနိုင်တယ်” ဟုပြောသွားသေးလေသည်။
ပတ်ဝန်းကျင်က ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ နဉ်နှင့်သူသာကျန်နေရစ်တော့သည်။ ထိုအခါ ကျူးယင် ဆရာ့အနားပြေးကာ ကပ်လိုက်သည်။
“ဆရာ ယင်နတ်ဘုရားဆိုတာ ဘာလဲဟင်”
နဉ်က အဖေမပြန်ခင်ကြည့်ကာပြောသွားသည့်ဘက်ကို ငေးနေရာမှ ကျူးယင်ကိုငုံ့ကြည့်လာသည်။ သို့ဆိုမှ သူသေချာသတိပြုမိသည်။ 
ငါ့မိသားစုရော ၊ ငါ့ဆရာရောက ငါ့ထက်အရပ်တွေရှည်ကြတာပဲ နေပါဦး အမေက ငါ့ထက်ပုတာပဲ ဟုတ်တယ် ဟား… တော်ပါသေးရဲ့။
“မနက်စာမစားရသေးဘူးမဟုတ်လား လာ သွားစားရအောင်”
သူ့ကိုကြည်သာစွာကြည့်ပြီး လက်နှစ်ဖက်နောက်ပစ်လျက် ဆရာကရှေ့ကထွက်သွားတော့မှ ကျူးယင် သူ၏အစာစားချင်စိတ်လေးကို သတိရလိုက်သည်။ ဒီကိုရောက်တော့မှ သူဗိုက်ဆာတာမျိုး မဖြစ်တော့ပေမယ့် မွှေးပျံ့ကာ ကောင်းလွန်းသည့်စားဖွယ်တွေအား မြင်ယောင်လျှင် တဂွီဂွီအသံသည် သူ့စိတ်တွင်းမှ အော်မြည်လာတတ်၏။
…………………………
“ထိုင်”
ဆရာကဦးစွာရောက်နှင့်ပေမယ့် သူ့အားစောင့်နေကာ စားပွဲနှင့်မနီးမဝေးတွင်ရပ်လျက်ရှိသည်။ ကျူးယင် ဆရာ့ကို အရိုအသေ ပြုရန် ခေါင်းငုံ့ပြီးပြန်အမော့တွင် လေထဲတန်းလန်းဖြစ် ဝဲနေသည့် ဆရာ့လက်ဖဝါးအား တွေ့ရကာ သူ ကြောင်အအနှင့် မျက်တောင်ခတ်မိတယ်။ အခုက အရိုက်ခံရတော့မှာလား၊ အပြစ်ကရော ဘာအတွက်လဲ၊ ကျူးယင်ကသာ ထိတ်လန့် သွားသော်လည်း နဉ်က နှုတ်ခမ်းကို ပိုတင်းကျပ်အောင် စေ့ကာ စက္ကန့်ဝက်အကြာတွင်  ပြုံးယောင်ယောင်ဖြင့် လေထဲမှလက်ဖဝါးက သူ့ခေါင်းကို ညင်ညင်သာသာနှင့် တစ်ချက်ပုတ်ရင်း ထိုင်ဖို့ပြောသည်။
စားပွဲပေါ်တွင် စားစရာတွေ အပြည့် ရှိနေသည်။ အငွေ့တထောင်းထောင်း ထနေကာ သူ့အား သွားရည်ပင်ကျစေတော့မတတ် ဆွဲဆောင်နေ၏။ ကျူးယင် ဝင်ထိုင်လိုက်တော့ နဉ်က ဘေးကပ်ရပ်သို့ ဖြေးညှင်းစွာဝင်ထိုင်သည်။ ယခင်အတိုင်း သူ့ပန်းကန်ကိုယူကာ ထည့်ပေးသည်။ အသားပေါင်းရည်၊ စွပ်ပြုတ်နှင့် အသားတို့အားအသီးသီးထည့်ကာ သူ့ဘေးပတ်လည်တွင်ချပေးသည်။ ထုံးစံအတိုင်း ဆရာသည်မစား…. သူ့အတွက်သာ လုပ်ပေးနေသည်။ ဆရာကိုက တမင်မစားခြင်းဖြစ်သည်ကို သူသိပြီးတာမို့ မေးမြန်းမနေတော့ဘဲ ထည့်ပေးထားသည်တို့ကိုသာ ပလုပ်ပလောင်း စားနေလိုက်သည်။
စွပ်ပြုတ်ပန်းကန်လုံးလေးကို သူမော့သောက်တော့မည်ပြုတော့ နဉ်ကလက်ကိုလာဆွဲသည်။ ဘယ်တုန်းကယူလိုက်သည်မှန်းမသိတဲ့ပဝါအား ပန်းကန်လုံးအစပ်တွင်အရင်ခံစေပြီးမှ သောက်ရန် မေးငေါ့ပြသည်။
“ယင်နတ်ဘုရား အကြောင်းကို သိချင်ရင် တချို့အကြောင်းတွေကိုပါ မင်းသိမှရလိမ့်မယ် ကျူးယင်”
ပန်းကန်လုံးကိုပြန်ချကာ ပါးစပ်သုတ်လိုက်ရင်း ကျူးယင် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ ဆရာ၊ တပည့် သိချင်ပါတယ်”
“ငါတောင်မှ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ သိခဲ့ရတာတွေမို့ အချိန်အတိအကျတော့မသိဘူး ။ သုံးလောကကြီးအခုလို မငြိမ်းချမ်းစဉ်ကပေါ့ …”
နတ်ဘုရားတွေနှင့် မိစ္ဆာတွေစစ်ဖြစ်နေချိန်တွင် လောကအဖို့ ပျက်စီးခြင်းကိုသာ ဆောင်ကျဉ်းစေခဲ့သည်။ ကောင်းကင်က ငိုကြွေးကာ မြေပြင်က လှုပ်ခတ်သည်။ လူနဲ့သတ္တဝါအပေါင်းတို့ သေကြေပျက်စီးရကာ လောကကြီးပျက်စီးမလိုပင် ဖြစ်ခဲ့ရသည်။ ထိုအချိန်တွင် နတ်ဘုရားသုံးပါး ပေါ်လာခဲ့သည်။ ကောင်ကင်၏ကြည်လင်နေသော တိမ်စိုင်များထဲမှ ရောင်ဝါတောက်ပသော စစ်ချီနတ်ဘုရား မွေးဖွားလာခဲ့သည်။ သမုဒ္ဒရာရေတွေ ခန်းခြောက်လုစဲစဲမှာ ကျူးယန်နတ်ဘုရား မွေးဖွားလာကာ မြေလောကအား အေးချမ်းစေခဲ့သည်။ မီးတောင်မှ သီနတ်ဘုရားမွေးဖွားလာကာ လောက၏ရာသီအား မျှတစေသည်။ မွေးကတည်းက ယခုအသက်အရွယ်နှင့် ယခုရုပ်ရည်အတိုင်း ဖြစ်သည့်အပြင် အားလုံးနှင့်ခြားနားစွာ သဘာဝမှ မွေးဖွားသော နတ်ဘုရားစစ်များ ဖြစ်လာကြသည်။ သဘာဝကြီး တည်ရှိနေသ၍ တိုးပွားလာဖို့သာရှိသော နတ်စွမ်းအားနှင့် ဘုန်းတန်ခိုးတော်တို့ကြောင့် လောကစစ်ကြီးပြီးဆုံးသွားခဲ့သည်။ မည်သူ့ကိုမှ မသတ်ဘဲ စစ်ချီက ကောင်းကင်ကိုအုံ့ဆိုင်းစေကာ ကျူးယန်က မြေပြင်အားရေလွှမ်းစေခြင်းဖြင့် စစ်ကိုရပ်ဆိုင်းစေခဲ့သည်။ သီနတ်ဘုရားကတော့ မီးတောင်မှ ဆင်းမလာခဲ့ပေ။ မိစ္ဆာတို့က တောင်းပန်ကာ သူတို့ပိုင်နက်တွင်သာ ငြိမ်းချမ်းစွာအုပ်ချုပ်ပါမည်ဟု ကျူးယန်ထံတောင်းပန်တော့ သူကအတွေးမများချင်သည်ဆိုကာ စစ်ချီထံလွှဲပေးခဲ့သည်။ နောက်တော့ စစ်ချီက သုံးလောကဘုရင်ဘွဲ့ခံယူကာ မျှတစွာအုပ်ချုပ်သဖြင့် လောကကြီးငြိမ်းချမ်းခဲ့ရသည်။ ကျူးယန်ကလည်း သူ့ဘာသာသီးခြားနေ၏။
စစ်ချီ ကောင်းကင်နန်းတော်အား တည်ထောင်ချိန်တွင် နိမိတ်နတ်ခန်းမကိုပါ ထည့်သွင်းတည်ထောင်ခဲ့သည်။ ထိုခန်းမ၏အကြီးအမှူးမှာ ကြယ်တာယာ အရှင်နတ်ဘုရားများ ဖြစ်ကြရာ လောက၏ ကောင်းသောရှေ့ပြေးနိမိတ်များကို ကြိုတင်သိမြင်ကာ ကာကွယ်တားဆီးခြင်းများ ပြုလုပ်နိုင်ကြသည်။ တစ်ခုသောနေ့တွင် ကောင်းကင်က မည်သည့်နတ်ဘုရား၏ ပယောဂမှမပါဘဲ နဂိုထက်သုံးဆမျှ လင်းထိန်သွားလေရာ သုံးလောကအဖို့ အုံ့အုံ့ကျက်ကျက်ဖြစ်ရတော့သည်။ ထိုစဉ် နိမိတ်မြင်နတ်ခန်းမရှိ အကြီးအကဲနတ်ဘုရားများသည် တင်ပလ္လင်ခွေထိုင်ကာ တစ်စုံတစ်ခုအား စက်ဝိုင်းပုံဝိုင်းလျက် လက်ချင်းတွေ ဆက်ကိုင်ကာ မျက်စိမှိတ်လျက် ရှိနေကြသည်။
ကောင်းကင်က သုံးဆအတိ လင်းထိန်သွားချိန်တွင် ထိုနတ်ဘုရားတွေမှာ တမဟုတ်ချင်းမျက်လုံးတွေ ဖွင့်ကာ အလယ်မှ တစ်စုံတစ်ရာအား ကြည့်လိုက်ကြသည်။ ထိုတစ်စုံတစ်ရာက ကြေးမုံတစ်ချပ်ပင်။ ကြေးမုံပေါ်တွင် လှပလွန်းသောနတ်ဘုရားတစ်ပါးက ကပ်ဘေးမှလောကအား ကယ်တင်ပုံကို တွေ့မြင်ရသည်။ ထိုနတ်ဘုရားတို့ အံ့အားသင့်သွားကြသည်မှာ ကြာရှည်မခံလိုက်၊ သူတို့ကျောက်တိုင်ဆီ အပြေးသွားကြည့်လိုက် ကြသည်။ 
>>>ထိုကျောက်တိုင်တွင် နောင်နှစ်ပေါင်းများစွာတွင် သုံးလောကအား သန့်ရှင်းပေးမည့် လှပလွန်းသော ယင်နတ်ဘုရားတစ်ပါး ပေါ်လာလိမ့်မည်။ ထိုယင်နတ်ဘုရားက သေသူကို ရှင်စေနိုင်ကာ မကောင်းသူအား ကောင်းစေနိုင်မည်။ ယင်ဓာတ်ပြည့်ဝကာ လှပလွန်းသောမျက်နှာကြောင့် လောကကြီးရှုပ်ထွေးလာစဉ် ထိုယင်နတ်ဘုရားကြောင့်သာ ပြန်လည်ငြိမ်းချမ်းရ၏။ ယင်နတ်ဘုရားကား လောကအရှင်၏ ကြင်ယာတော် ဖြစ်လာလိမ့်မည်။<<<
စသော စာသားများကို ထင်ထင်ရှားရှား ရေးထားတာတွေ့လိုက်ကြရတယ်။ ထိုအခါ သုံးလောကကိုဖြန့်ကျက်ပြီး ကိုယ်ဝန်ရှိတဲ့ နတ်ဘုရားမတွေကို ရှာဖွေစစ်ဆေးခဲ့ပေမယ့် အတော်ကြာတဲ့အထိ လှပလွန်းကာ သန့်စင်စွမ်းအင်ရှိတဲ့ နတ်သူငယ်မလေးကို မတွေ့ခဲ့ကြဘူး။
“နောက်တော့ ငါ့ညီမတော်ဖြစ်တဲ့ စစ်ချီရဲ့မိဖုရား ကောင်းကင်နန်းတော်ရဲ့မိဖုရားခေါင်က အိမ်ရှေ့မင်းသားကိုမွေးခဲ့တယ်။ ဝူရှဲ့ကိုမွေးတော့ ကောင်းကင်နိမိတ်တွေ ဆက်တိုက်ပြမှုကြောင့် သူဟာ နောင်အခါမှာ ဘုန်းတန်ခိုးကြီးတဲ့နတ်ဘုရားတစ်ပါး၊ လောကကို မျှတစွာ အုပ်ချုပ်နိုင်မယ့်ဘုရင်တစ်ပါး ဖြစ်လာမယ်ဆိုတာသိခဲ့ရပြီး အများကို စိတ်ချမ်းမြေ့စေခဲ့တယ်။ ဘုရင်ကမွေးလာပြီမို့ ယင်နတ်ဘုရားက အချိန်တန် မွေးဖွားလာလိမ့်မယ်လို့ ယူဆကြပြီး သူတို့တွေ ရှာဖွေခြင်း မပြုကြတော့ဘူး။”
ထိုသို့ပြောနေစဉ် နဉ်မျက်နှာက တည်ငြိမ်လွန်းလှပေမယ့် နောက်ပိုင်းရောက်တော့ အနည်းငယ်မသာမယာ ဖြစ်သွားသည်။ ကျူးယင် အလိုက်တသိဖြင့် ကြာပန်းရေကြည်ကိုဌဲ့ကာ နဉ်အားပေးလိုက်သည်။ 
ငါ့ဆရာ အာခြောက်သွားတာဖြစ်မယ်။ 
နဉ်က သူ့ကိုထူးဆန်းသော အကြည့်ဖြင့်ကြည့်ကာ သက်ပြင်းချသည်။ သူပေးသည့်ခွက်ကိုယူကာ တစ်ငုံသောက်သည်။
“ယင်နတ်ဘုရားဆိုတာ နတ်ဘုရားမလို့ပြောတာနဲ့အတူတူပဲ အစကငါတို့တွေအဲ့လိုပဲထင်ခဲ့တာ။ ဒါပေမယ့် မင်းကယင်နတ်ဘုရားဖြစ်နေတယ်။ မိန်းမမဟုတ်ဘဲ မိန်းမတွေတောင်မယှဉ်နိုင်အောင် လှပလွန်းတဲ့ယောကျၤားတစ်ယောက်ဖြစ်နေခဲ့တာပဲ ဘာလို့လဲ ကျူးယင် ဟင် ဘာလို့လဲ”
ဘာလို့လဲ ဟုဆိုကာ သူ့ပါးတစ်ဖက်အား အသာထိတွေ့လာရင်း ဝေ့သီသော မျက်ရည်စတို့ဖြင့် ရှုလာသည့်နဉ်ကြောင့် ကျူးယင် လန့်သွားရသည်။
ဘာလို့လဲ သူက ယင်နတ်ဘုရားတဲ့၊ အဲ့ဒါ ဘာဖြစ်လို့လဲ၊ ငါလည်း ဘယ်သိမှာလဲ၊ 
“ဆရာ”
သူခေါ်တာကိုကြားမှ သတိဝင်သလိုနှင့် နောက်ဆုတ်သည်။
“ကိစ္စမရှိဘူး။ နိမိတ်ကျောက်တိုင်က စာတွေကအမြဲပြောင်းနေတာ”
နိမိတ်ကျောက်တိုင်က ပါလာပြန်ပြီ ခုနပြောတော့ ခန်းမပဲရှိတာဆို ကျူးယင် ခေါင်းတွေမူးလာရကား၊ ဘာမှဆက်မတွေးဖို့ ဆုံးဖြတ်လိုက်သည်။ ကြိုမြင်တာတွေမမြင်တာတွေသူမသိ သူကအရင်လူမှမဟုတ်တော့တာ သူကသူဖြစ်သွားပြီလေ။ ဒီတော့ ဒီခန္ဓာပိုင်ရှင်ရဲ့နိမိတ်တွေက သူ့ကိုသက်ရောက်မှု ရှိပါဦးမလား၊ 
“လျှောက်တွေးမနေနဲ့တော့ လာ ကြာပန်းရေကြည်လေးသောက် ဒါက စိတ်ကြည်စေတယ်"
ခုနအပြုအမူနဲ့ခြားနားစွာနဉ်က ဂရုစိုက်တတ်တဲ့ ဆရာပုံစံ ပြန်ပြောင်းသွားလေပြီ။
“ညကျရင် တောင်အောက်ဆင်းကြတာပေါ့။ ခဏနေ ငါလုပ်စရာရှိတာမို့ တစ်ယောက်တည်းလေ့ကျင့်နေနော်။ ကျူးယင် ပြီးတော့ အတတ်နိုင်ဆုံးစိတ်ကိုလျှော့ထား ဟုတ်ပြီလား"
“ဟုတ်”
နဉ်က စိတ်ချသွားသလို ခေါင်းညိတ်နေသည်။ နောက် တစ်ခုခုကို သတိရသွားသလိုဖြင့် ပြောလာသည်။
“မင်း သီနတ်ဘုရားနဲ့ သိတာလား”
သီဟုကြားလိုက်၇သဖြင့် ကျူးယင် မှာကြာပန်းရေကြည်ကိုသီးကာ ထွေးထုတ်မိသလိုပင် ဖြစ်သွားသည်။
“တစ်ခါ တွေ့ဖူးလို့ပါ”
နဉ်က ခေါင်းငြိမ့်သည်။
“သီနတ်ဘုရားက မှန်းဆရခက်တယ်။ စစ်ချီနတ်ဘုရားနဲ့ ကျူးယန်နတ်ဘုရားလို သိပ်သည်းခံတတ်တာမဟုတ်ဘူး။ ငါတောင်မှ သူ့စိတ်ကိုမမှန်းဆတတ်ဘူး။ ကျူးယင် မင်းသီနတ်ဘုရားကို ရှောင်တာကောင်းမယ်။ စစ်ဖြစ်တုန်းကတောင် ဝင်ပါခဲ့တာမဟုတ်တဲ့ သီနတ်ဘုရားက တစ်စုံတစ်ခုကို အာရုံစိုက်နေတာက ထူးဆန်းနေတယ်။ တစ်ခါက ကြယ်နတ်ဘုရားမက သီနတ်ဘုရားကိုနှစ်သက်ကြောင်းဝန်ခံလို့ သီနတ်ဘုရားစိတ်ရှုပ်ပြီး မီးနဲ့ရှို့ဖူးတယ်။”
အမ် သီနတ်ဘုရားက တော်တော်ဂွကျတဲ့သူပါလား၊ အဲ့ဒါကြောင့် သူ့အပြုအမူတွေက မူမမှန်တာဖြစ်မှာ။ ကျူးယင် နောက်ဆို သီနတ်ဘုရားနှင့် လမ်းမှာတွေ့ရင်တောင် မခေါ်တော့ဘူး ဟုဆုံးဖြတ်လိုက်သည်။ ဒါပေမယ့် 
“ဆရာ ကြယ်နတ်ဘုရားမက ရုပ်ဆိုးလို့ သူကဒေါသထွက်တာလား”
“ကြယ်နတ်ဘုရားမက ကောင်းကင်နန်းတော်က အချောဆုံးစာရင်းဝင်တဲ့သူပဲ။ ဒါပေမယ့် တစ်ဖက်က သီနတ်ဘုရားဖြစ်နေတာကိုး။ သီနတ်ဘုရားက စစ်ချီနတ်ဘုရားနဲ့ကျူးယင်နတ်ဘုရားတို့ထက်တောင်မှကြည့်ကောင်းပြီး သုံးလောကရဲ့ဆွဲဆောင်မှုအရှိဆုံးသော နတ်ဘုရားအဖြစ် သတ်မှတ်ခံထားရတာကိုး"
အဲ့လောက်ကြီးလည်း ချောတာမဟုတ်ပဲနဲ့ ဟွန်း ရုပ်နဲ့စိတ်နဲ့ကတော့ တခြားစီပဲ ဒီတစ်သက်အဲ့လူ မိန်းမရမှာကို မဟုတ်ဘူး၊ ကျူးယင်မျက်နှာက အမူအယာကို နဉ်ကမည်သို့မှတ်ယူသွားသည်လဲတော့မသိ။
“နောက်ဆို ငါ့တပည့်ကလည်း သုံးလောကရဲ့တစ်ဦးတည်းသော အလှဆုံးနတ်ဘုရား အဖြစ်သတ်မှတ်ခံရမှာပါ အားမငယ်နဲ့ ။ မင်းအကိုတွေထက်တောင် ကျောသွားဦးမှာ”
ကျူးယင်ငိုချင်သွားသည်။ တစ်ယောက်က ဆွဲဆောင်မှုအရှိဆုံးတဲ့.. သူ့ကိုကျ အလှဆုံးတဲ့၊ ဆရာ တပည့်ကိုကြည့်ပါ တပည့်က ယောကျ်ားလေ ဆရာ။ 
အဲ ငါ့အကိုတွေကရော နတ်ဘုရားဘုတ်မှာ ချိတ်တာလား
“ဆရာ အကို စစ်နဲ့အကိုလျန်ရော အဲ့လိုပဲလား”
“မဟုတ်ဘူး။ ကျူးလျန်က ကျူးယန်တို့လိုနတ်ဘုရားစစ်တွေကို ဖယ်လိုက်ရင် သူကအချောဆုံးနတ်ဘုရားပဲ။ သူ့အရှေ့မှာ တစ်ယောက်ပဲရှိတယ်။ “
“ဟုတ်လား အကိုလျန့်ရှေ့က ဘယ်သူလဲ ဆရာ”
ထိုအခါ နဉ်က ချောင်းဟန့်ကာ ဆက်ပြောသည်။
“သူ့ထက်ချောတဲ့သူပေါ့ ထားပါ အဲ့အကြောင်းက။ ကျူးစစ်က ကျူးလျန့်အောက်မှာရှိတယ်။ ပြီးတော့ သူက လူကြိုက်များတဲ့ နတ်ဘုရားစာရင်းမှာ ထိပ်ဆုံးကပဲ။ ကဲ စားနှင့် ငါလုပ်စရာတွေရှိလို့ သွားတော့မယ်”
ကျူးယင် ဆက်မေးချိန်မရလိုက် နဉ်ကပျောက်ကွယ်သွားလေပြီ။
------
နောက် သူ့ကိုကြည့်ကာ
“ဟုတ်ကဲ့ အဖေ”
…………………………
“ထိုင်”
“ဆရာ”
“ဟုတ်”
“တစ်ခါ တွေ့ဖူးလို့ပါ”
နဉ်က ခေါင်းငြိမ့်သည်။
------
rate now:
2 Reviews
  • reader Essence_Flame 12.12.2019, 06:36 5
    😍😍
    reply
  • reader Kaung Wai Yan 04.12.2019, 11:55 5
    🥰🥰🥰🥰🥰🥰🥰🥰🥰🥰
    reply