book

Index 8

အပိုင်း ၇

က်ဴးလ်န္ဆုိသူ အကိုလတ္ဟာ က်ဴးယင္႔ေက်ာကုန္းအား ယပ္ေတာင္ျဖင့္၃ခ်က္ခန္႕ရိုက္ကာ အေဆာင္ဘက္လွည့္၍လမ္းျပေစသည္။ 


က်ဴးစစ္ကေတာ့ ေဘးဘီကိုနည္းနာရင္း ၾကာပန္းကန္ေလာက္ျဖင့္မသာယာေပဘူး ဟုခပ္တိုးတိုးညည္းလ်က္ လိုက္ပါလာသည္။ 


က်ဴးယင္လည္းလာရာလမ္းအတိုင္းျပန္လွည့္ရင္းအေဆာင္ထံ ျပန္လည္ဦးတည္လိုက္သည္။


သူေတာ့ျဖင့္ မနက္စာငတ္ပါျပီ.....


ထိုစဥ္ မ်က္ႏွာမူရာအရပ္မွ ေႏြးေထြးေသာအေငြ႕အသက္တစ္ခ်ိဳ႔ႏွင့္အတူ ေရႊ၀ါေ၇ာင္အလင္းေဖ်ာ့ေဖ်ာ့ေလးေနာက္တြင္ ေရႊအိုေရာင္၀တ္စံုျဖင့္မိန္းကေလးတစ္ဦးကိုျမင္ေတြ႕လိုက္ရသည္။


ဒါက အစ္မထင္တယ္။ က်ဴးစစ္ေျပာတဲ႔အထဲမွာ အစ္မမပါသလိုပဲ .... ၀မ္းကြဲမ်ားလား..


ႏႈတ္ဆတ္လိုက္ရမည္ေလာ


မည္သို႔ႏႈတ္ဆတ္သင့္သည္လဲ... စေသာအေတြးတို႔ျဖင့္နစ္ျမုပ္ကာ က်ဴးယင္ရပ္ၾကည့္ေနမိဆဲမွာပင္ သူ၏ေနာက္မွ အေခ်ာအလွနတ္ႏွစ္ပါးလံုးက သူ႔ကိုေက်ာ္တက္ကာ သူမေရွ႕သြား၍ကပ်ာကယာဦးညြတ္ကာ အရိုအေသေပးလိုက္ၾကသည္။


"အေမ"


အေမ အေမတဲ႔လား... ငါနဲ႔ရြယ္တူမဟုတ္ဘူးလား မသကာၾကီးမွ၁ႏွစ္ေပါ့ 


ေခတ္သစ္ကာလအရ ရြယ္တူဆိုႏွစ္အနည္းၾကီးသည္ေလာက္ကိုပင္ တန္းတူဆက္ဆံၾကတာဆိုေတာ့ အရိုအေသေပးဖို႔ရာ တံု႔ဆိုင္းေနမိသည္။ 


ေျပာရလွ်င္ ထိုအေမေလးဟာ လြန္စြာငယ္ႏုကာလွပလြန္းေနသည္။ အေမဟုေခၚဖို႔ပင္ အားနာမိေန၏။


"ေရွာင္ယင္ေလး သားေလး ဘာျဖစ္သြားေသးလဲ။အဲ႔ဒိနဥ္ဆိုတဲ႔အဘိုးၾကီးက ငါ့သားေလးကို ေသခ်ာဂရုမစိုက္ဘူးလား"


က်ဴးယင္အနားေျပးလာကာ ကိုယ္ကိုတစ္ပတ္ပတ္ၾကည့္သည္။ မ်က္ႏွာအားထိန္းကိုင္၍ ဒဏ္၇ာအားရွာေဖြသည္။ အက်ီလက္တြင္းသို႔ပင္ ေခ်ာင္းၾကည့္ကာ ေနေသးသည္။ ထို႔အျပင္ အ၀တ္ကိုပင္ခ်ြတ္ကာၾကည့္လိုေနသည့္ပံုမို႔ က်ဴးယင္အားတင္းကာရုန္းပစ္လိုက္ရသည္။


"က်ြန္ေတာ္ ဘာမွမျဖစ္ပါဘူး"


သူ႔ရုန္းထြက္လိုက္သည္ကို အေမေလးက ဘာအျပဳအမူမွမျပဘဲ သူမေမးခ်င္ေနသည္ကိုသာေမးလာ၏။


"ေရွာင္ယင္ မင္း အဲ႔ဒိနဂါးမကိုမၾကိဳက္ေတာ့ဘူးမလား"


နဂါးမ .... 


နဂါးမ


ဘယ္ကနဂါးမလဲ ဟုသာသူအသန္းအသန္ေတြးမိသည္။ ကံမေကာင္းစြာျဖင့္ ယခင္က်ဴးယင္၏မွတ္ဥာဏ္ေတြအား မရရွိထားေလ၇ာ အေမေလးကိုသာ အျပစ္ကင္းသည့္ျဖဴျဖဴစင္စင္မ်က္လံုးေလးျဖင့္ ၾကည့္ေနလိုက္ေတာ့သည္။


သူကအေနေအးေပမယ့္ သူ႔မိဘေတြႏွင့္ဆိုအရမ္းကိုကပ္တတ္ကာ ေၾကာင္ေပါက္ေလးလိုတိုးေ၀ွ႕ခ်ြဲႏြဲ႔ေနတတ္သည္မို႔...... သို႔ေပျငား အေမကငယ္ငယ္ေလးျဖစ္ေနရာ အနည္းငယ္ေတာ့ရွိန္ေနမိသည္။


"အေမ ေရွာင္ယင္က အဲ႔ဒိနဂါးမေၾကးခြံအေရာင္ေတာင္မွ သိေတာ့မွာမွမဟုတ္တာ အေမစိတ္မပူပါနဲ႔"


က်ဴးယင္၏အေျခအေနအားအကဲခတ္ေနၾကေသာက်ဴးလ်န္ႏွင့္က်ဴးစစ္ထဲမွ က်ဴးလ်န္က၀င္ကူေျပာေပးေတာ့ က်ူးယင္၀မ္းသာအားရေခါင္းညိတ္လိုက္သည္။က်ဴးစစ္ကလည္း ျပံဳးကာေထာက္ခံ၏။


က်ဴးယင္၏အျပစ္ကင္းသည့္ပံုစံေလးႏွင့္ ဥာဏ္ေျပးေသာသားျဖစ္သူ၏၀င္ေျပာမႈေၾကာင့္ အေမေလးကစိတ္ခ်သြားဟန္၇သည္။ က်ဴးယင္အားပခံးုမွွဆြဲဖက္ကာ ရင္ခြင္အတြင္းေပြ႔ဖက္ကာထားသည္။


က်ဴးယင္ကလူေကာင္ေသးေသာ္ျငား အေမေလးႏွင့္ယွဥ္လွ်င္ေတာ့ ထြားေပေသးသည္မို႔ ဆြဲဖက္ခံထားရသည့္အခါ ကုန္းကုန္းၾကီးျဖစ္ေနေတာ့သည္။ ခဏေတာ့ျငိမ္ေနေပးနိုင္ခဲ႔ေသာ္လည္း ေနာက္ေက်ာကိုပြတ္ကာ ပုတ္ေပးေနသည္မွာ မျပီးနိုင္ေတာ့သည္မို႔ ရုန္းလိုက္လွ်င္ေကာင္းမည္ေလာ... ဟု ေတြးမိလိုက္သည္။


ညီငယ္ေလးကိုအရိပ္အကဲၾကည့္ေနေသာက်ဴးစစ္က အေမေလး၏လက္ကိုခပ္ဖြဖြဖယ္ကာ က်ဴးယင္အားက်ဴးလ်န္ဆီတြန္းပို႔လိုက္၇င္း ၀င္ေျဖသိမ့္သည္။


"အေမ ေရွာင္ယင္က အေကာင္းၾကီးပါ ဘာလို႔ဒီလိုလုပ္ေနတာလဲ။ အေမသားငယ္ေလးက မငယ္ေတာ့ဘူးအေမ၇ဲ႕"


ထိုအခါ ေရႊ၀ါေရာင္နတ္ဘုရားမသည္ က်ဴးယင္အားအရည္လဲ႔ေနေသာေမတၱာျပည့္ေနသည့္ မ်က္၀န္းတစ္စံုျဖင့္ ႏႈးညံ႔စြာၾကည့္လာရင္းဆိုသည္။


"ျဖစ္နိုင္ရင္ ေရွာင္ယင့္ကိုဗိုက္ထဲမွာအာၾကာၾကီးထားထား၇မွာ။ ဒီေလးက ေစာျပိးထြက္လာတယ္"


ေၾသာ္ က်ဴးယင္က လမေစ့ဘဲေမြးထားတာထင္တယ္ ဆိုသည့္အေတြးမဆံုးခင္မွာပင္ 


"အေမ ၁ရက္ေလာက္ေစာေမြးတာနဲ႔ ေရွာင္ယင့္ကိုဗိုက္ထဲမွာ ႏွစ္ေပါင္းမ်ားစြာထားဖို႔မွ မလိုတာ"


"အဟြတ္ .. အဟြတ္"


၁ရက္ေလးေစာေမြးတာကို ႏွစ္ေပါင္းမ်ားစြာဗိုက္ထဲထည့္ထားခ်င္တယ္။ အခုေရာဒီအေမေလးက သူ႔ကိုဗိုက္ထဲမ်ားျပန္ထည့္ခ်င္ေသးတာလားမသိ ......


ကယ္ၾကပါ ...


ဘာမွေသာက္မေနဘဲသီးသြားေသာက်ဴးယင္ထံ အာၾကည့္ေတြအံုလာေတာ့မွ ေခ်ာင္းဟန္႔ကာ သန္မာခ်င္ေယာင္ေဆာင္ဖို႔ဆံုးျဖတ္မိလိုက္သည။္


ဒီအတိုင္းေတာ့မျဖစ္ေသးပါဘူး ငါ့ကိုအားနည္းေနတယ္ဆိုျပီး ဗိုက္ထဲျပန္ထည့္ရင္ဘယ္လိုလပ္မလဲ နတ္ေတြဆိုျပီး ငါ့ကိုဒီလိုအနိုင္မက်င့္သင့္ဘူးေလ...... 


သက္ျပင္းရႈိုက္လိုက္ျပီး သူ႔က်န္းမာေရးေကာင္းေၾကာင္းေျပာဖို႔ဆံုးျဖတ္လိုက္သည္။


ျဖစ္နိုင္၇င္ ဆ၇ာ၀န္ဆီက ေဆးစစ္ခ်က္ေတာင္မွ ယူျပခ်င္ပါတယ္။


"က်ြန္ေတာ္က အေကာင္းၾကီးပါ။ ဗိုက္ထဲျပန္၀င္ဖို႔ မလိုပါဘူး"


က်ဴးယင္ထိုသို႔ေျပာေတာ့ အေမေလးအပါအ၀င္က်ဴးညီအကိုႏွစ္ေယာက္စလံုးသူ႔အားအထူးအဆန္းၾကည့္လာသည္။ ေနာက္မထိန္းနိုင္ေတာ့၍ထင့္ က်ဴးစစ္က တဟားဟားေအာ္၇ယ္ေလသည္။


က်ဴးလ်န္ႏွင့္အေမေလးကလည္း ျပံဳးစိစိျဖင့္။


"ငါ့ညီငယ္ေလး အတိတ္ေမ့ျပီး ေတြးေခၚနိုင္စြမ္းေတြပါ ပ်က္ကုန္ပါလား။ မင္းအ၇ြယ္ၾကီးကို ဘယ္လိုလုပ္ဗိုက္ထဲျပန္ထည့္လို႔ရမွာလဲကြ အဟား... "


ဟုတ္လား..... သူကမည္သို႔သိမည္လဲ


သူတို႔နတ္ေတြမို႔ လုပ္နိုင္မည္ထင္လိုက္သည္ေပါ့..... 


က်ဴး ယင္ က်ဴးစစ္တို႔ကိုေက်ာခိုင္းလိုက္ေတာ့ ကမန္းကတန္းသူ႔လက္ကိုလာဆြဲျကသည္။ မ်က္ႏွာအမူအယာမွာလည္း သူ႕အားေခ်ာ့ျမဴေတာ့မည့္ဟန္


"ဘာေတြျဖစ္ေနတာလဲကြ ရယ္ေမာလို႔ပါလား" 


ရင့္သန္လြန္းသည့္အရွိန္အ၀ါႏွင့္ ေႏြးေထြးမႈေတြျပည့္ေနေသာအသံကို က်ဴးယင္ ၾကားလိုက္ရသည္။ အသံလာရာကို လွည့္ၾကည့္လိုက္ေတာ့ ခန္႔ညားလွေသာ ထည္ဝါမႈတစ္မ်ိဳးျဖင့္ အမ်ိဳးသားတစ္ဦးက နဥ္ႏွင့္အတူ ယွဥ္၍ ေလွ်ာက္လာေနသည္။ ထိုသူ၏ ဖားလ်ားေဝေနေသာ အနက္ေရာင္ဆံႏြယ္တို႔က ေလအေ၀့တြင္ တလြင့္လြင့္ႏွင့္ ပခံုးမွတဆင့္ ရင္ဘတ္သို႔ တစ္သြယ္ ေဘးသို႔တစ္သြယ္ ေပ်ာင္းေပ်ာင္းႏြဲ႔ႏြဲ႔ ယိမ္းႏြဲ႔ ျဖာက်ေနသည္။ အျပာႏုေရာင္ ဝတ္စံုရွည္တြင္ အနားကြပ္ အျပာရင့္ လိႈင္းတြန္႔ေလးမ်ားျဖင့္ တင့္တယ္ျခင္းက ႏွစ္လိုဖြယ္ေကာင္းသည္။

က်ဴးလ်န္ႏွင့္ အေတာ္ပင္ တူေနေသာ ရုပ္ရည္အရ ဒါက သူ၏ ေနာက္ထပ္ အစ္ကို တစ္ဦး ျဖစ္ႏိုင္ေသးသည္ကို သတိရေတာ့ ဂါရဝျပဳရမည္လား ဒါမွမဟုတ္ ဘယ္လို ႏႈတ္ဆက္သင့္လဲ ဆိုတာကို အသည္းသန္ေတြးလုိက္မိစဥ္ နဥ္ကသူ႔အနားတိုးကာ အနည္းငယ္တိုးေသာ၊ သာမန္ႏွင့္မတူေသာေလသံျဖင့္ သတိေပးလာသည္။ 


"က်ဴးယင္ ကိုယ့္အေဖကို ႏႈတ္ဆတ္လိုက္ေလ" 


နဥ္၀င္ေျပာမွ ေၾကာင္ကာၾကည့္ေနမိသည့္အျဖစ္ကိုသိကာ က်ဴးယင္ ေခၽြးအနည္းပင္ပ်ံခ်င္သြားသည္။ သူ႔ေရွ႕ကသူက အေဖတဲ႔... ေအးေပါ့ ဒီလိုအေဖနဲ႔အေမကေမြးလို႔ ဒီေလာက္ေခ်ာတဲ႔သားေတြထြက္လာတာပဲ၊


"အ အေဖ ေတြ႕ရတာ၀မ္းသာပါတယ္" 


က်င့္သားမရေသးသည္မို႔ အေဖဟုေခၚဖို႔ရာ အနည္းငယ္တံု႕ဆိုင္းမိေသးသည္။ နဥ္ကိုၾကည့္လိုက္ေတာ့ သူ႔အား ေႏြးေထြးစြာျပံဳးျပလာသည္မို႔... ဆရာရွိတာပဲ တစ္ခုခုဆို ငါ့ကိုဆရာေျပာျပပါလိမ့္မယ္ ဟု အားတင္းကာ ေရွ႕မွနတ္မင္းထံတိုး၍ အရိုအေသေပးလိုက္ျဖစ္ေတာ့သည္။


ေလထုကားေအးစက္ေနသည္ ထင္ရကာ တိတ္ဆိတ္၍ေနေပသည္။ တိတ္ဆိတ္လြန္းေနကာ က်ဴးယင္မေနတတ္ျဖစ္လာေတာ့ ခပ္လွမ္းလွမ္းက က်ဴးစစ္က ယခုမွအသိ၀င္လာသလို အသံထြက္လာကာ သူ႔အနားကပ္လာသည္။ 


"ေရွာင္ယင္ မင္းထူးထူးဆန္းဆန္းေတြမလုပ္ပါနဲ႔လို႔ ငါေျပာထားလ်က္နဲ႔။ ဟိုအဘိုးၾကီး အဲ နဥ္နတ္ဘုရားခိုင္းတိုင္း လိုက္လုပ္ရလား။ မင္းအရင္က အေဖ့ကိုဘယ္တုန္းကမွ က်င့္၀တ္နဲ႔အညီ ေလးေလးစားစား မဆက္ဆံဖူးဘူးေလ"


ခပ္ေသာေသာရယ္သံႏွင့္ က်ဴးစစ္စကားကို က်ဴးလ်န္က က်ဴးစစ္ကို ေခါင္းေခါက္ရင္း ေထာက္ခံသည္။ ျဖန္႔လ်က္ ခတ္ေနေသာ ယပ္ေတာင္ကို အသာေခါက္လိုက္ရင္းမွ တည္ျငိမ္စြာ စကားဆိုသည္။ 


"အားစစ္ မင္းေရွာင္ယင့္ကို ရိုင္းစိုင္းေအာင္ မလုပ္စမ္းနဲ႔။ ငါတို႔အငယ္ေလးက လိမၼာေနျပီ မင္းေၾကာင့္မပ်က္စီးေစနဲ႔" 


ေျပာရင္း က်ဴးယင္တစ္ဖက္ေဘးတြင္ ကပ္ကာရပ္ေနေသာ နဥ္ကို မသိမသာ တမင္တြန္းကာ က်ဴးယင္ေဘး အတင္း ကပ္ရပ္သည္။ ထိုတစ္ေလွ်ာက္လံုးတြင္ ေရွ႕မွအေဖနတ္မင္းက တည္ၾကည္စြာ သာၾကည့္ေနလ်က္ ရွိသည္။ သို႔ေသာ္ သူ႔မ်က္လံုးေတြျပံဳးေန၏။ အေနာက္တြင္ရပ္ေနခဲ႔သည့္ အေမေလးက က်ဴးယင္တို႔ကိုေက်ာ္ကာ အေဖနတ္မင္း ေဘးကပ္ရပ္လိုက္သည္။ တဆတ္တည္းမွာပဲ ခ်ိုသာေသာအသံျဖင့္စကားဆို၏။ 


"ဘာပဲျဖစ္ျဖစ္ ေရွာင္ယင္ေလး လိမၼာသြားတာေတာ့ ကၽြန္မသိပ္သေဘာက်တာပဲ။ မဟုတ္ဘူးလား အကို" 


သူမအသံၾကားမွ ထိုနတ္မင္းက သူမအား ပုခံုးမွအနားသို႔ ဆြဲယူလိုက္ကာ ခပ္ျပံဳးျပံဳး ဆိုေတာ့သည္။ 


"ဒါေပါ့ ဘယ္သူေၾကာင့္ပဲ ဘာျဖစ္ခဲ႔ျဖစ္ခဲ႔။ ငါတို႔ကေလးပိုေကာင္းသြားရင္ ျပီးတာပဲ၊ မဟုတ္ဘူးလား နဥ္နတ္ဘုရား"


က်ဴးလ်န္၏တြန္းဖယ္လိုက္မႈကို အလိုမက်သည့္နဥ္ဟာ မ်က္ေမွာင္က်ံဳ႕လ်က္ က်ဴးယင္ေရွ႕လာရပ္ေနသည္။ အေဖနတ္မင္း၏အေဖာ္ညွိသလိုအသံၾကားေတာ့မွ က်ံဳ႕ေနသည့္မ်က္ခံုးေတြေျပေလ်ာ့ကာ အေနာက္သို႔ျပန္လွည့္၏။


"အဟင္း က်ဴးယန္နတ္ဘုရားေျပာတာအမွန္ပါပဲ။ က်ဴးယင္ေလးကိုထိခိုက္ေစမိတဲ႔ မလိမၼာတဲ႔တပည့္ေတြကို ခြင့္လႊတ္လိုက္ပါ သူတို႔က သာမန္နတ္မ်ိဳးႏြယ္ေတြမို႔ နတ္ဘုရားက အနိုင္က်င့္သလိုျဖစ္သြားမွာစိုးရတယ္။ အခု က်ဴးယင္က ပိုေကာင္းသြားျပီပဲ မဟုတ္ဘူးလား" 


"မဟုတ္ပါဘူး ေရွာင္ယင္အခုအဆင္ေျပသြားေပမယ့္ ထိခိုက္မိတဲ႔ေနရာေတြက အခ်ိန္ၾကာမွ တစ္ခုခုျဖစ္လာရင္ ဘယ္လိုလုပ္မလဲ။ အဲ႔ဒိအခ်ိန္က်ရင္ ခင္မ်ား တာ၀န္ယူနိုင္လို႔လား" 


က်ဴးယန္ဟုေခၚေသာ ဖခင္နတ္မင္းမွ 

တံု႔ျပန္ခ်ိန္မရလုိက္ က်ဴးလ်န္က အလွ်င္၀င္ေျပာေလ၏။ က်ဴးစစ္ကလည္း ထပ္မံေထာက္ခံသည္။ 


"အမွန္ပဲ။ ေရွာင္ယင္ေလးသာ တစ္ခုခုျဖစ္ၾကည့္ ...." 


က်ဴးစစ္ဆက္မေျပာေပမယ့္ က်ဴးယင္အနားကပ္ရပ္ေနသည္မို႔ ေအးစက္မႈေတြကိုသိသာစြာ သတိျပဳမိလိုက္သည္။ တစ္ဖက္တစ္ခ်က္ဆီမွ က်ဴးညီအကိုေတြရဲ႕ ေအးစက္ေသာေရာင္၀ါေတြဟာ နဥ္ထံတိုး၀င္သြားသည္မို႔ က်ဴးယင္ တအံ႔တၾသ ၾကည့္လိုက္မိသည္။ အေရာင္ေတြထြက္ေနေသာ သူ႔အကိုေတြဟာ သိပ္ၾကည့္ေကာင္းသည္။ သူေရာ အေရာင္ထြက္မွာလား။ ထြက္မယ္ဆိုရင္ေတာ့ အျပာနုေရာင္ေလးလိုခ်င္တယ္။ အဲ႔ဒါဆို သူသိပ္ၾကည့္ေကာင္းသြားမွာ။ 


တဖန္ နဥ္ထံမွလည္း အေရာင္ေတြထြက္လာျပန္ကာ က်ဴးယင္တအံ႔တၾသၾကည့္လိုက္မိျပန္သည္။ နဥ္က ခန္႔ညားလွျပန္ေရာ။ နဥ္က အသက္သံုးဆယ္ဝန္းက်င္ အသက္အရြယ္ေလာက္ ရွိမည္ဟု ထင္ရျပီး ခန္႔ညားလွသူမို႔ ယခုလို ေရာင္စဥ္တို႔ ျဖာထြက္လာေတာ့ အမွန္ပင္ နတ္တစ္ပါးႏွင့္ ဆင္ဆင္တူ သြားေတာ့သည္။ က်ဴးလ်န္ႏွင့္က်ဴးစစ္အား မ်က္လံုးေမွးကာ ငယ္ပါေသးတယ္ကြာဟု အထင္ေသးစြာၾကည့္ရင္းက က်ဴးယင္ကို ငံု႔ၾကည့္လိုက္သည့္အခါ မ်က္လံုးေတြ ျပံဳးသေယာင္ ျဖစ္သြားသည္။ 


ထိုအခါ က်ဴးလ်န္ႏွင့္က်ဴးစစ္ထံမွ ပို၍ ေအးစက္သည့္အေရာင္ေတြထြက္လာကာ နဥ္ထံတိုး၀င္သြားျပန္သည္။ က်ဴးယင္ကေတာ့ အလယ္တြင္ ေၾကာင္ေတာင္ေတာင္ေလးသာ မလႈပ္မယွက္ရပ္ေနျဖစ္သည္။ အကယ္၍ သူ႔ကိုအေရာင္ေတြ မေတာ္တဆထိသြားခဲ႔ရင္ ဘယ္လိုလုပ္မလဲ၊ ဒီနတ္ေတြက ဘာေတြလုပ္ေနၾကတာလဲ ကေလးေတြအရုပ္လုေနသလို ငယ္စဥ္က ဟီးရိုးလုပ္တိုင္းကစားသလို ဘယ္သူပိုစြမ္းလဲဆိုျပီး ျပိဳင္ေနၾကတာလား၊ (ဒါမွမဟုတ္ ပါဝါရိမ္းဂ်ားလုပ္တန္း ေဆာ့ေနၾကတာလား) ေဟ့ေဟ့ ကိုယ့္လူတို႔ အဲ ကိုယ့္နတ္တို႔ ေဆာ့ခ်င္ရင္ ဟိုဘက္နည္းနည္း တိုးေဆာ့ပါလား... ဒီအလယ္မွာ ဘာမွမလုပ္တတ္တဲ႔ လူသားတစ္ေယာက္ ရွိပါေသးတယ္ဗ် ဟင္း ငါက နတ္ေရာဟုတ္ရဲ႕လား ေျပာေတာ့ နတ္၀ိဇၨာဆို ဘာလို႕သူ႔ကိုယ္က အေရာင္မထြက္တာလဲ သူလည္း အေရာင္ထြက္ခ်င္တယ္ ငါ့ကိုယ္ထဲကေန အေရာင္ေတြထြက္လာေစခ်င္တယ္ ငါ့ကိုယ္ထဲကေန အေရာင္ေတြ ထြက္လာေစခ်င္တယ္ ထြက္လာခဲ႔ ထြက္လာခဲ့၊


"ရပ္ေတာ့ ငါ့သားေလး ေၾကာက္ေနမယ္ကြ" 


အေစာက အေမေလးႏွင့္သာ အၾကည္စိုက္ေနခဲ႔ေသာ က်ဴးယန္သည္ ယခုမွ၀င္တားလာသည္။ က်ဴးယန္ကို ေလးစားၾကသည္လား ေၾကာက္ၾကသည္လား မသိေပမယ့္ နဥ္ႏွင့္ က်ဴးအကိုေတြထံမွ အေရာင္ေတြေလ်ာ့ရဲကာ ျပန္၀င္သြားသည္။ စူးရွသည့္အၾကည့္ေတြ ျပန္ရုပ္ကာ သူ႔ဘက္ျပန္လွည့္ လာၾကသည္။ ထိုအခါမွ သူ႔ထံ အၾကည့္ေတြ ျပန္ေရာက္လာရာ အံ႕အားတၾကီး ျဖစ္သြားၾကသည့္ မ်က္၀န္းေတြကို က်ဴးယင္ ရင္ဆိုင္လိုက္ရသည္။ 


အေမေလးက ဦးစြာသတိ၀င္လာကာ သူ႔ထံ အေျပးလာမည္ ျပဳသည္ကို က်ဴးယန္က လက္ကိုဆြဲကာ တားလိုက္သည္။


ဘာလဲ ဘာျဖစ္လို႔လဲ သူ႔ေနာက္မွာအေကာင္တစ္ေကာင္ေကာင္ေ၇ာက္ေနတာမ်ားလား....

ဘာမ်ားျဖစ္လို႔လဲ


"ေရွာင္ယင္ မင္း..."

အထိတ္တလန္႔ စကားဆိုရင္း အနားတိုးလာဟန္ျပင္ေနသည့္က်ဴးစစ္ကို က်ဴးယန္ကပခံုးအားခပ္တင္းတင္းဆုပ္ကိုင္ကာတားသည္။ က်ဴးယန္သာ က်ဴးယင္ဆီတိုးလာရင္း အျခားသူေတြကေတာ့ သူ႔ကို ထူးျခားေသာအၾကည့္ေတြျဖင့္ၾကည့္ေနၾကသည္။


----/


ကျူးလျန်ဆိုသူ အကိုလတ်ဟာ ကျူးယင့်ကျောကုန်းအား ယပ်တောင်ဖြင့်၃ချက်ခန့်ရိုက်ကာ အဆောင်ဘက်လှည့်၍လမ်းပြစေသည်။ 


ကျူးစစ်ကတော့ ဘေးဘီကိုနည်းနာရင်း ကြာပန်းကန်လောက်ဖြင့်မသာယာပေဘူး ဟုခပ်တိုးတိုးညည်းလျက် လိုက်ပါလာသည်။ 


ကျူးယင်လည်းလာရာလမ်းအတိုင်းပြန်လှည့်ရင်းအဆောင်ထံ ပြန်လည်ဦးတည်လိုက်သည်။


သူတော့ဖြင့် မနက်စာငတ်ပါပြီ.....


ထိုစဉ် မျက်နှာမူရာအရပ်မှ နွေးထွေးသောအငွေ့အသက်တစ်ချို့နှင့်အတူ ရွှေဝါရောင်အလင်းဖျော့ဖျော့လေးနောက်တွင် ရွှေအိုရောင်ဝတ်စုံဖြင့်မိန်းကလေးတစ်ဦးကိုမြင်တွေ့လိုက်ရသည်။


ဒါက အစ်မထင်တယ်။ ကျူးစစ်ပြောတဲ့အထဲမှာ အစ်မမပါသလိုပဲ .... ဝမ်းကွဲများလား..


နှုတ်ဆတ်လိုက်ရမည်လော


မည်သို့နှုတ်ဆတ်သင့်သည်လဲ... စသောအတွေးတို့ဖြင့်နစ်မြုပ်ကာ ကျူးယင်ရပ်ကြည့်နေမိဆဲမှာပင် သူ၏နောက်မှ အချောအလှနတ်နှစ်ပါးလုံးက သူ့ကိုကျော်တက်ကာ သူမရှေ့သွား၍ကပျာကယာဦးညွတ်ကာ အရိုအသေပေးလိုက်ကြသည်။


"အမေ"


အမေ အမေတဲ့လား... ငါနဲ့ရွယ်တူမဟုတ်ဘူးလား မသကာကြီးမှ၁နှစ်ပေါ့ 


ခေတ်သစ်ကာလအရ ရွယ်တူဆိုနှစ်အနည်းကြီးသည်လောက်ကိုပင် တန်းတူဆက်ဆံကြတာဆိုတော့ အရိုအသေပေးဖို့ရာ တုံ့ဆိုင်းနေမိသည်။ 


ပြောရလျှင် ထိုအမေလေးဟာ လွန်စွာငယ်နုကာလှပလွန်းနေသည်။ အမေဟုခေါ်ဖို့ပင် အားနာမိနေ၏။


"ရှောင်ယင်လေး သားလေး ဘာဖြစ်သွားသေးလဲ။အဲ့ဒိနဉ်ဆိုတဲ့အဘိုးကြီးက ငါ့သားလေးကို သေချာဂရုမစိုက်ဘူးလား"


ကျူးယင်အနားပြေးလာကာ ကိုယ်ကိုတစ်ပတ်ပတ်ကြည့်သည်။ မျက်နှာအားထိန်းကိုင်၍ ဒဏ်ရာအားရှာဖွေသည်။ အကျီလက်တွင်းသို့ပင် ချောင်းကြည့်ကာ နေသေးသည်။ ထို့အပြင် အဝတ်ကိုပင်ချွတ်ကာကြည့်လိုနေသည့်ပုံမို့ ကျူးယင်အားတင်းကာရုန်းပစ်လိုက်ရသည်။


"ကျွန်တော် ဘာမှမဖြစ်ပါဘူး"


သူ့ရုန်းထွက်လိုက်သည်ကို အမေလေးက ဘာအပြုအမူမှမပြဘဲ သူမမေးချင်နေသည်ကိုသာမေးလာ၏။


"ရှောင်ယင် မင်း အဲ့ဒိနဂါးမကိုမကြိုက်တော့ဘူးမလား"


နဂါးမ .... 


နဂါးမ


ဘယ်ကနဂါးမလဲ ဟုသာသူအသန်းအသန်တွေးမိသည်။ ကံမကောင်းစွာဖြင့် ယခင်ကျူးယင်၏မှတ်ဉာဏ်တွေအား မရရှိထားလေရာ အမေလေးကိုသာ အပြစ်ကင်းသည့်ဖြူဖြူစင်စင်မျက်လုံးလေးဖြင့် ကြည့်နေလိုက်တော့သည်။


သူကအနေအေးပေမယ့် သူ့မိဘတွေနှင့်ဆိုအရမ်းကိုကပ်တတ်ကာ ကြောင်ပေါက်လေးလိုတိုးဝှေ့ချွဲနွဲ့နေတတ်သည်မို့...... သို့ပေငြား အမေကငယ်ငယ်လေးဖြစ်နေရာ အနည်းငယ်တော့ရှိန်နေမိသည်။


"အမေ ရှောင်ယင်က အဲ့ဒိနဂါးမကြေးခွံအရောင်တောင်မှ သိတော့မှာမှမဟုတ်တာ အမေစိတ်မပူပါနဲ့"


ကျူးယင်၏အခြေအနေအားအကဲခတ်နေကြသောကျူးလျန်နှင့်ကျူးစစ်ထဲမှ ကျူးလျန်ကဝင်ကူပြောပေးတော့ ကျူးယင်ဝမ်းသာအားရခေါင်းညိတ်လိုက်သည်။ကျူးစစ်ကလည်း ပြုံးကာထောက်ခံ၏။


ကျူးယင်၏အပြစ်ကင်းသည့်ပုံစံလေးနှင့် ဉာဏ်ပြေးသောသားဖြစ်သူ၏ဝင်ပြောမှုကြောင့် အမေလေးကစိတ်ချသွားဟန်၇သည်။ ကျူးယင်အားပခံးုမှှဆွဲဖက်ကာ ရင်ခွင်အတွင်းပွေ့ဖက်ကာထားသည်။


ကျူးယင်ကလူကောင်သေးသော်ငြား အမေလေးနှင့်ယှဉ်လျှင်တော့ ထွားပေသေးသည်မို့ ဆွဲဖက်ခံထားရသည့်အခါ ကုန်းကုန်းကြီးဖြစ်နေတော့သည်။ ခဏတော့ငြိမ်နေပေးနိုင်ခဲ့သော်လည်း နောက်ကျောကိုပွတ်ကာ ပုတ်ပေးနေသည်မှာ မပြီးနိုင်တော့သည်မို့ ရုန်းလိုက်လျှင်ကောင်းမည်လော... ဟု တွေးမိလိုက်သည်။


ညီငယ်လေးကိုအရိပ်အကဲကြည့်နေသောကျူးစစ်က အမေလေး၏လက်ကိုခပ်ဖွဖွဖယ်ကာ ကျူးယင်အားကျူးလျန်ဆီတွန်းပို့လိုက်၇င်း ဝင်ဖြေသိမ့်သည်။


"အမေ ရှောင်ယင်က အကောင်းကြီးပါ ဘာလို့ဒီလိုလုပ်နေတာလဲ။ အမေသားငယ်လေးက မငယ်တော့ဘူးအမေရဲ့"


ထိုအခါ ရွှေဝါရောင်နတ်ဘုရားမသည် ကျူးယင်အားအရည်လဲ့နေသောမေတ္တာပြည့်နေသည့် မျက်ဝန်းတစ်စုံဖြင့် နှုးညံ့စွာကြည့်လာရင်းဆိုသည်။


"ဖြစ်နိုင်ရင် ရှောင်ယင့်ကိုဗိုက်ထဲမှာအာကြာကြီးထားထား၇မှာ။ ဒီလေးက စောပြိးထွက်လာတယ်"


သြော် ကျူးယင်က လမစေ့ဘဲမွေးထားတာထင်တယ် ဆိုသည့်အတွေးမဆုံးခင်မှာပင် 


"အမေ ၁ရက်လောက်စောမွေးတာနဲ့ ရှောင်ယင့်ကိုဗိုက်ထဲမှာ နှစ်ပေါင်းများစွာထားဖို့မှ မလိုတာ"


"အဟွတ် .. အဟွတ်"


၁ရက်လေးစောမွေးတာကို နှစ်ပေါင်းများစွာဗိုက်ထဲထည့်ထားချင်တယ်။ အခုရောဒီအမေလေးက သူ့ကိုဗိုက်ထဲများပြန်ထည့်ချင်သေးတာလားမသိ ......


ကယ်ကြပါ ...


ဘာမှသောက်မနေဘဲသီးသွားသောကျူးယင်ထံ အာကြည့်တွေအုံလာတော့မှ ချောင်းဟန့်ကာ သန်မာချင်ယောင်ဆောင်ဖို့ဆုံးဖြတ်မိလိုက်သည။်


ဒီအတိုင်းတော့မဖြစ်သေးပါဘူး ငါ့ကိုအားနည်းနေတယ်ဆိုပြီး ဗိုက်ထဲပြန်ထည့်ရင်ဘယ်လိုလပ်မလဲ နတ်တွေဆိုပြီး ငါ့ကိုဒီလိုအနိုင်မကျင့်သင့်ဘူးလေ...... 


သက်ပြင်းရှိုက်လိုက်ပြီး သူ့ကျန်းမာရေးကောင်းကြောင်းပြောဖို့ဆုံးဖြတ်လိုက်သည်။


ဖြစ်နိုင်၇င် ဆရာဝန်ဆီက ဆေးစစ်ချက်တောင်မှ ယူပြချင်ပါတယ်။


"ကျွန်တော်က အကောင်းကြီးပါ။ ဗိုက်ထဲပြန်ဝင်ဖို့ မလိုပါဘူး"


ကျူးယင်ထိုသို့ပြောတော့ အမေလေးအပါအဝင်ကျူးညီအကိုနှစ်ယောက်စလုံးသူ့အားအထူးအဆန်းကြည့်လာသည်။ နောက်မထိန်းနိုင်တော့၍ထင့် ကျူးစစ်က တဟားဟားအော်၇ယ်လေသည်။


ကျူးလျန်နှင့်အမေလေးကလည်း ပြုံးစိစိဖြင့်။


"ငါ့ညီငယ်လေး အတိတ်မေ့ပြီး တွေးခေါ်နိုင်စွမ်းတွေပါ ပျက်ကုန်ပါလား။ မင်းအရွယ်ကြီးကို ဘယ်လိုလုပ်ဗိုက်ထဲပြန်ထည့်လို့ရမှာလဲကွ အဟား... "


ဟုတ်လား..... သူကမည်သို့သိမည်လဲ


သူတို့နတ်တွေမို့ လုပ်နိုင်မည်ထင်လိုက်သည်ပေါ့..... 


ကျူး ယင် ကျူးစစ်တို့ကိုကျောခိုင်းလိုက်တော့ ကမန်းကတန်းသူ့လက်ကိုလာဆွဲကြသည်။ မျက်နှာအမူအယာမှာလည်း သူ့အားချော့မြူတော့မည့်ဟန်


"ဘာတွေဖြစ်နေတာလဲကွ ရယ်မောလို့ပါလား" 


ရင့်သန်လွန်းသည့်အရှိန်အဝါနှင့် နွေးထွေးမှုတွေပြည့်နေသောအသံကို ကျူးယင် ကြားလိုက်ရသည်။ အသံလာရာကို လှည့်ကြည့်လိုက်တော့ ခန့်ညားလှသော ထည်ဝါမှုတစ်မျိုးဖြင့် အမျိုးသားတစ်ဦးက နဉ်နှင့်အတူ ယှဉ်၍ လျှောက်လာနေသည်။ ထိုသူ၏ ဖားလျားဝေနေသော အနက်ရောင်ဆံနွယ်တို့က လေအဝေ့တွင် တလွင့်လွင့်နှင့် ပခုံးမှတဆင့် ရင်ဘတ်သို့ တစ်သွယ် ဘေးသို့တစ်သွယ် ပျောင်းပျောင်းနွဲ့နွဲ့ ယိမ်းနွဲ့ ဖြာကျနေသည်။ အပြာနုရောင် ဝတ်စုံရှည်တွင် အနားကွပ် အပြာရင့် လှိုင်းတွန့်လေးများဖြင့် တင့်တယ်ခြင်းက နှစ်လိုဖွယ်ကောင်းသည်။

ကျူးလျန်နှင့် အတော်ပင် တူနေသော ရုပ်ရည်အရ ဒါက သူ၏ နောက်ထပ် အစ်ကို တစ်ဦး ဖြစ်နိုင်သေးသည်ကို သတိရတော့ ဂါရဝပြုရမည်လား ဒါမှမဟုတ် ဘယ်လို နှုတ်ဆက်သင့်လဲ ဆိုတာကို အသည်းသန်တွေးလိုက်မိစဉ် နဉ်ကသူ့အနားတိုးကာ အနည်းငယ်တိုးသော၊ သာမန်နှင့်မတူသောလေသံဖြင့် သတိပေးလာသည်။ 


"ကျူးယင် ကိုယ့်အဖေကို နှုတ်ဆတ်လိုက်လေ" 


နဉ်ဝင်ပြောမှ ကြောင်ကာကြည့်နေမိသည့်အဖြစ်ကိုသိကာ ကျူးယင် ချွေးအနည်းပင်ပျံချင်သွားသည်။ သူ့ရှေ့ကသူက အဖေတဲ့... အေးပေါ့ ဒီလိုအဖေနဲ့အမေကမွေးလို့ ဒီလောက်ချောတဲ့သားတွေထွက်လာတာပဲ၊


"အ အဖေ တွေ့ရတာဝမ်းသာပါတယ်" 


ကျင့်သားမရသေးသည်မို့ အဖေဟုခေါ်ဖို့ရာ အနည်းငယ်တုံ့ဆိုင်းမိသေးသည်။ နဉ်ကိုကြည့်လိုက်တော့ သူ့အား နွေးထွေးစွာပြုံးပြလာသည်မို့... ဆရာရှိတာပဲ တစ်ခုခုဆို ငါ့ကိုဆရာပြောပြပါလိမ့်မယ် ဟု အားတင်းကာ ရှေ့မှနတ်မင်းထံတိုး၍ အရိုအသေပေးလိုက်ဖြစ်တော့သည်။


လေထုကားအေးစက်နေသည် ထင်ရကာ တိတ်ဆိတ်၍နေပေသည်။ တိတ်ဆိတ်လွန်းနေကာ ကျူးယင်မနေတတ်ဖြစ်လာတော့ ခပ်လှမ်းလှမ်းက ကျူးစစ်က ယခုမှအသိဝင်လာသလို အသံထွက်လာကာ သူ့အနားကပ်လာသည်။ 


"ရှောင်ယင် မင်းထူးထူးဆန်းဆန်းတွေမလုပ်ပါနဲ့လို့ ငါပြောထားလျက်နဲ့။ ဟိုအဘိုးကြီး အဲ နဉ်နတ်ဘုရားခိုင်းတိုင်း လိုက်လုပ်ရလား။ မင်းအရင်က အဖေ့ကိုဘယ်တုန်းကမှ ကျင့်ဝတ်နဲ့အညီ လေးလေးစားစား မဆက်ဆံဖူးဘူးလေ"


ခပ်သောသောရယ်သံနှင့် ကျူးစစ်စကားကို ကျူးလျန်က ကျူးစစ်ကို ခေါင်းခေါက်ရင်း ထောက်ခံသည်။ ဖြန့်လျက် ခတ်နေသော ယပ်တောင်ကို အသာခေါက်လိုက်ရင်းမှ တည်ငြိမ်စွာ စကားဆိုသည်။ 


"အားစစ် မင်းရှောင်ယင့်ကို ရိုင်းစိုင်းအောင် မလုပ်စမ်းနဲ့။ ငါတို့အငယ်လေးက လိမ္မာနေပြီ မင်းကြောင့်မပျက်စီးစေနဲ့" 


ပြောရင်း ကျူးယင်တစ်ဖက်ဘေးတွင် ကပ်ကာရပ်နေသော နဉ်ကို မသိမသာ တမင်တွန်းကာ ကျူးယင်ဘေး အတင်း ကပ်ရပ်သည်။ ထိုတစ်လျှောက်လုံးတွင် ရှေ့မှအဖေနတ်မင်းက တည်ကြည်စွာ သာကြည့်နေလျက် ရှိသည်။ သို့သော် သူ့မျက်လုံးတွေပြုံးနေ၏။ အနောက်တွင်ရပ်နေခဲ့သည့် အမေလေးက ကျူးယင်တို့ကိုကျော်ကာ အဖေနတ်မင်း ဘေးကပ်ရပ်လိုက်သည်။ တဆတ်တည်းမှာပဲ ချိုသာသောအသံဖြင့်စကားဆို၏။ 


"ဘာပဲဖြစ်ဖြစ် ရှောင်ယင်လေး လိမ္မာသွားတာတော့ ကျွန်မသိပ်သဘောကျတာပဲ။ မဟုတ်ဘူးလား အကို" 


သူမအသံကြားမှ ထိုနတ်မင်းက သူမအား ပုခုံးမှအနားသို့ ဆွဲယူလိုက်ကာ ခပ်ပြုံးပြုံး ဆိုတော့သည်။ 


"ဒါပေါ့ ဘယ်သူကြောင့်ပဲ ဘာဖြစ်ခဲ့ဖြစ်ခဲ့။ ငါတို့ကလေးပိုကောင်းသွားရင် ပြီးတာပဲ၊ မဟုတ်ဘူးလား နဉ်နတ်ဘုရား"


ကျူးလျန်၏တွန်းဖယ်လိုက်မှုကို အလိုမကျသည့်နဉ်ဟာ မျက်မှောင်ကျုံ့လျက် ကျူးယင်ရှေ့လာရပ်နေသည်။ အဖေနတ်မင်း၏အဖော်ညှိသလိုအသံကြားတော့မှ ကျုံ့နေသည့်မျက်ခုံးတွေပြေလျော့ကာ အနောက်သို့ပြန်လှည့်၏။


"အဟင်း ကျူးယန်နတ်ဘုရားပြောတာအမှန်ပါပဲ။ ကျူးယင်လေးကိုထိခိုက်စေမိတဲ့ မလိမ္မာတဲ့တပည့်တွေကို ခွင့်လွှတ်လိုက်ပါ သူတို့က သာမန်နတ်မျိုးနွယ်တွေမို့ နတ်ဘုရားက အနိုင်ကျင့်သလိုဖြစ်သွားမှာစိုးရတယ်။ အခု ကျူးယင်က ပိုကောင်းသွားပြီပဲ မဟုတ်ဘူးလား" 


"မဟုတ်ပါဘူး ရှောင်ယင်အခုအဆင်ပြေသွားပေမယ့် ထိခိုက်မိတဲ့နေရာတွေက အချိန်ကြာမှ တစ်ခုခုဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒိအချိန်ကျရင် ခင်များ တာဝန်ယူနိုင်လို့လား" 


ကျူးယန်ဟုခေါ်သော ဖခင်နတ်မင်းမှ 

တုံ့ပြန်ချိန်မရလိုက် ကျူးလျန်က အလျှင်ဝင်ပြောလေ၏။ ကျူးစစ်ကလည်း ထပ်မံထောက်ခံသည်။ 


"အမှန်ပဲ။ ရှောင်ယင်လေးသာ တစ်ခုခုဖြစ်ကြည့် ...." 


ကျူးစစ်ဆက်မပြောပေမယ့် ကျူးယင်အနားကပ်ရပ်နေသည်မို့ အေးစက်မှုတွေကိုသိသာစွာ သတိပြုမိလိုက်သည်။ တစ်ဖက်တစ်ချက်ဆီမှ ကျူးညီအကိုတွေရဲ့ အေးစက်သောရောင်ဝါတွေဟာ နဉ်ထံတိုးဝင်သွားသည်မို့ ကျူးယင် တအံ့တသြ ကြည့်လိုက်မိသည်။ အရောင်တွေထွက်နေသော သူ့အကိုတွေဟာ သိပ်ကြည့်ကောင်းသည်။ သူရော အရောင်ထွက်မှာလား။ ထွက်မယ်ဆိုရင်တော့ အပြာနုရောင်လေးလိုချင်တယ်။ အဲ့ဒါဆို သူသိပ်ကြည့်ကောင်းသွားမှာ။ 


တဖန် နဉ်ထံမှလည်း အရောင်တွေထွက်လာပြန်ကာ ကျူးယင်တအံ့တသြကြည့်လိုက်မိပြန်သည်။ နဉ်က ခန့်ညားလှပြန်ရော။ နဉ်က အသက်သုံးဆယ်ဝန်းကျင် အသက်အရွယ်လောက် ရှိမည်ဟု ထင်ရပြီး ခန့်ညားလှသူမို့ ယခုလို ရောင်စဉ်တို့ ဖြာထွက်လာတော့ အမှန်ပင် နတ်တစ်ပါးနှင့် ဆင်ဆင်တူ သွားတော့သည်။ ကျူးလျန်နှင့်ကျူးစစ်အား မျက်လုံးမှေးကာ ငယ်ပါသေးတယ်ကွာဟု အထင်သေးစွာကြည့်ရင်းက ကျူးယင်ကို ငုံ့ကြည့်လိုက်သည့်အခါ မျက်လုံးတွေ ပြုံးသယောင် ဖြစ်သွားသည်။ 


ထိုအခါ ကျူးလျန်နှင့်ကျူးစစ်ထံမှ ပို၍ အေးစက်သည့်အရောင်တွေထွက်လာကာ နဉ်ထံတိုးဝင်သွားပြန်သည်။ ကျူးယင်ကတော့ အလယ်တွင် ကြောင်တောင်တောင်လေးသာ မလှုပ်မယှက်ရပ်နေဖြစ်သည်။ အကယ်၍ သူ့ကိုအရောင်တွေ မတော်တဆထိသွားခဲ့ရင် ဘယ်လိုလုပ်မလဲ၊ ဒီနတ်တွေက ဘာတွေလုပ်နေကြတာလဲ ကလေးတွေအရုပ်လုနေသလို ငယ်စဉ်က ဟီးရိုးလုပ်တိုင်းကစားသလို ဘယ်သူပိုစွမ်းလဲဆိုပြီး ပြိုင်နေကြတာလား၊ (ဒါမှမဟုတ် ပါဝါရိမ်းဂျားလုပ်တန်း ဆော့နေကြတာလား) ဟေ့ဟေ့ ကိုယ့်လူတို့ အဲ ကိုယ့်နတ်တို့ ဆော့ချင်ရင် ဟိုဘက်နည်းနည်း တိုးဆော့ပါလား... ဒီအလယ်မှာ ဘာမှမလုပ်တတ်တဲ့ လူသားတစ်ယောက် ရှိပါသေးတယ်ဗျ ဟင်း ငါက နတ်ရောဟုတ်ရဲ့လား ပြောတော့ နတ်ဝိဇ္ဇာဆို ဘာလို့သူ့ကိုယ်က အရောင်မထွက်တာလဲ သူလည်း အရောင်ထွက်ချင်တယ် ငါ့ကိုယ်ထဲကနေ အရောင်တွေထွက်လာစေချင်တယ် ငါ့ကိုယ်ထဲကနေ အရောင်တွေ ထွက်လာစေချင်တယ် ထွက်လာခဲ့ ထွက်လာခဲ့၊


"ရပ်တော့ ငါ့သားလေး ကြောက်နေမယ်ကွ" 


အစောက အမေလေးနှင့်သာ အကြည်စိုက်နေခဲ့သော ကျူးယန်သည် ယခုမှဝင်တားလာသည်။ ကျူးယန်ကို လေးစားကြသည်လား ကြောက်ကြသည်လား မသိပေမယ့် နဉ်နှင့် ကျူးအကိုတွေထံမှ အရောင်တွေလျော့ရဲကာ ပြန်ဝင်သွားသည်။ စူးရှသည့်အကြည့်တွေ ပြန်ရုပ်ကာ သူ့ဘက်ပြန်လှည့် လာကြသည်။ ထိုအခါမှ သူ့ထံ အကြည့်တွေ ပြန်ရောက်လာရာ အံ့အားတကြီး ဖြစ်သွားကြသည့် မျက်ဝန်းတွေကို ကျူးယင် ရင်ဆိုင်လိုက်ရသည်။ 


အမေလေးက ဦးစွာသတိဝင်လာကာ သူ့ထံ အပြေးလာမည် ပြုသည်ကို ကျူးယန်က လက်ကိုဆွဲကာ တားလိုက်သည်။


ဘာလဲ ဘာဖြစ်လို့လဲ သူ့နောက်မှာအကောင်တစ်ကောင်ကောင်ရောက်နေတာများလား....

ဘာများဖြစ်လို့လဲ


"ရှောင်ယင် မင်း..."

အထိတ်တလန့် စကားဆိုရင်း အနားတိုးလာဟန်ပြင်နေသည့်ကျူးစစ်ကို ကျူးယန်ကပခုံးအားခပ်တင်းတင်းဆုပ်ကိုင်ကာတားသည်။ ကျူးယန်သာ ကျူးယင်ဆီတိုးလာရင်း အခြားသူတွေကတော့ သူ့ကို ထူးခြားသောအကြည့်တွေဖြင့်ကြည့်နေကြသည်။


----/



rate now:

2 Reviews
  • reader Essence_Flame 12.12.2019, 06:35 5

    🥰

    reply

  • reader Kaung Wai Yan 04.12.2019, 11:55 5

    🥰

    reply