စူးရဲနေသည့်မျက်ဝန်းတစ်စုံဟာ သူ့ခန္ဓာပေါ်အကြည့်ရောက်နေရာက သူ့မျက်နှာဆီပြန်လည်ရောက်ရှိလာသည်။
ညို့အားပြင်းပြီးစူးရဲနေသည့်မျက်ဝန်းတွေသည် ကျူးယင်အားအနည်းငယ်ထိတ်လန့်စေသည်။
အကြင်သူ သည် သားကောင်ကိုဖမ်းစားတော့မည့်တောရိုင်းကောင်ကြီးသဖွယ် .အဘယ်ကြောင့်ဤသို့ကြည့်နေရသနည်း...
"မင်းရဲ့ခန္ဓာကိုယ်ကနေ ရေစွမ်းအားတွေကိုငါခံစားမိတယ်"
တဖက်သူဟာ ထိုသို့ပြောနေစဉ်မှာ သူ့ကျောပြင်အားလက်ဖြင့်ပွတ်သပ်နေကာ တဖြည်းဖြည်းအောက်သို့ဆင်းသွားသည်။
ကျူးယင်တွန့်ခနဲဖြစ်ကာ ထိုသူ၏ရင်ဘတ်အကျယ်ကြီးအား အားစိုက်ကာတွန်းထုတ်လိုက်သည်ကိုတောင် ဆံချည်တစ်မျှင်စာမျှပင် ရွေ့မသွားခဲ့...
နောက် တစ်နေရာကိုခပ်ဖွဖွပွတ်သပ်လာပုံက တစ်ခုခုကိုလိုက်ရှာနေခဲ့သယောင်
ကျူးယင်ရင်ထဲထိတ်ခနဲဖြစ်သွားရကာ နောက်တစ်ကြိမ်လျှာကိုက်သေရတော့မည်လား ဟုတွေးမိစဉ်မှာပင် ထိုသူဟာလက်တွေရုတ်ကာ နောက်သို့အနည်းငယ်ဆုတ်သွားသည်မို့ ကျူးယင်အသက်ရှူချောင်သွား၏။
သူချက်ချင်းပင်မတ်တပ်ထရပ်လိုက်သည်။
ဤအချိန်တွင်ပင် သူတွေးမိသည်က တဖက်သူမှာသူ့ထက်များစွာ အရပ်ရှည်၏။
"အမြှီးလည်းမရှိဘူးဆိုတော့ ရေနဂားလည်းမဖြစ်နိုင်ဘူး"
သြရှုပြီးဖမ်းစားနိုင်တဲ့အသံဟာထပ်မံ၍ ကြားရပြန်သည်။
ဘာ သူ့ခါးအောက်ပိုင်းကိုထိတာက အမြှီးရှိမရှိသိချင်လို့ဟုတ်လား...
ကျူးယင်ခေါင်းတောင်ကိုက်ချင်သွားရသည်။
ဒီခေတ်ကစမ်းသပ်နည်းကဘယ်လိုကြီးလဲ.....
တဖက်သူကမည်သူမှန်းမသိပေမယ့် ကြီးမြတ်သည့်အရှိန်အဝါရှိနေသည်မို့ ကျူးယင်အရမ်းကာရောအပြစ်မပြောရဲပေ။
ဒါကြောင့့်မို့ ထိုသူဘာဆက်ပြောမလဲသာနားထောင်နေလိုက်သည်။
စူးရှုသည့်မျက်လုံးတွေဟာ သူ့အားသေချာကြည့်နေသည်မို့ ကျူးယင်မှာအကြာကြီးအကြည့်ချင်းမဆုံနိုင်ခဲ့...
မမြင်နိုင်သည့်ဖိအားတစ်ခုသက်ရောက်နေသလို ရေထဲရောက်နေသည့်ခန္ဓာတစ်ဝက်မှ ခြေထောက်တွေညွတ်ကျသွားရကာ ဒူးထောက်လျက်ထိုင်ချမိသွား၏။
ဤသည်ကိုထိုသူကသဘောတကျ ညစ်ကျယ်ကျယ်ပြုံးသည်။
ထိုအပြုံးသည်ဇာတ်လမ်းထဲတွင် တွေ့မြင်နေကြ ဗီလိန်တွေပြုံးသည့်အပြုံးမျိုးဖြစ်တာခြင်းတူတူ ထိုသူ့အတွက်ကျ များစွာခန့်ညားနေ၏။
ဒါပေါ့ အမူအယာတွေဆိုတာ ရုပ်ခံရှိတဲ့လူတစ်ယောက်အတွက်တော့ ဘယ်တော့မှဆိုးရွားစေမှာမဟုတ်ဘူးလေ
"ပြီးတော့ မင်းကတောင်စိမ်းတောင်မှာရှိနေတာဆိုတော့ "
ထိုသူဟာ လက်ပိုက်ကာသူ့အားလှောင်သလိုကြည့်လာပြန်သည်။
"ကျူးယန်ရဲ့ကျော်ကြားလှတဲ့ သားထွေးလေး ကျူးယင်ပဲဖြစ်ရမယ်"
ပိုင်နိုင်စွာနှင့်ထိုသူဟာ မျက်ခုံးတစ်ဖက်ပင့်ပြရင်း သူ့ကိုပြုံးစစဖြင့်ကြည့်လာပြန်သည်။ တစ်ချိန်ထဲမှာ အမူအယာအမျိုးမျိုးပြောင်းနေသောလူပါလား...
သူ့အားကျော်ကြားသည်လည်း ပြောသေးသည် အဘယ်ကြောင့်လှောင်သလို ကြည့်နေရသနည်း...
ကျူးယင်ခေါင်းအသာငြိမ့်ပြလိုက်ပြီးသည်နှင့် ရေထဲမှတက်ဖို့ပြင်သည်။
ဤသည်ကိုရိပ်စားမိဟန်တူသောထိုသူဟာ သူ့အားအလွတ်မပေးဘဲ လက်တစ်ဖက်အားဖမ်းဆွဲလိုက်သဖြင့် သူ့မှာေ ရထဲသို့ ဖင်ထိုင်လျက်ပြန်ပြုတ်ကျရသည်။
ကျူးယင် ဒောသထွက်ပေမယ့် အံကြိတ်ကာထိုသူ့အား ခပ်စူးစူးကြည့်ဖို့ပဲတတ်နိုင်သည်။
သူ့အကြည့်တွေကိုထိုသူက ခပ်စူးစူးပြန်ကြည့်လာသည်။
ရုတ်တရက်ဖိအားကပိုပြင်းလာသည်။
သူပြန်ထဖို့မတတ်ဖို့မတတ်နိုင်တော့....
သူ့ရှေ့မှ သူအားအတော်လန့်လာမိသည်။
ဒီလူကသူ့ကိုသတ်ချင်တာများလား... ကြည့်ရသည်မှာဒီလူသည် ညဆိုရေကန်တွင်လေ့ကျင့်ပုံပေါ်သည်။ သူကနှောင့်ယှက်သလိုဖြစ်သွားတာမို့ စိတ်ဆိုးသွားတာများလား... သူ့ကိုကိုင်ပေါက်တော့မှာလား... ဒါမှမဟုတ် သူ့မျက်နှာကိုဖူးယောင်သွားအောင်ထိုးမှာများလား....
ကျူးယင်အတွေးပေါင်းစုံတွေးမိပြီး ကျောပြင်မှချွေးစေးတွေထွက်လာသလိုပင်ခံစားလာရသည်။
ထိုသူကသူ့အားပြုံးကြည့်လာပြန်သည်။
"ငါ့နာမည်က သီ။ နောက်နေ့မှတွေ့မယ်"
ထိုတစ်ခွန်းကိုသူ့နား အနားကပ်ပြောကာ မျက်စိရှေ့မှပျောက်သွားသဖြင့် ကျူးယင်သက်ပြင်းချမိတော့သည်။
အဝေးမှပြောရင်မကြားရမှာစိုးလို့လား... ငါ့ကိုရင်တုန်အောင်သက်သက်မဲ့လုပ်သွားသလိုပဲ... ဟင်း....
ကျူးယင်ကပျာကယာရေထဲမှထွက်ကာ အမြန်အဝတ်ဝတ်ပြီးပြေးတော့သည်။
သူထွက်သွားပြီးခဏအကြာမှာ ရေပြင်မှာလှုပ်ခတ်သွား၏။
နောက် ပြန်ငြိမ်ကျသွားပြန်သည်။
ကျူးယင် ထမင်းအမြန်စားပြီးသည်နှင့် သူ့အဆောင်ကိုတန်းပြန်ကာ ကုတင်ပေါ်တန်းတက်လိုက်သည်။
သူတို့ခေတ်မှာဆိုအခုအချိန်ဟာ ညကိုးနာရီလောက်တော့ရှိမည်ထင်သည်။
ဒီအချိန်အိပ်ယာဝင်တာက အရမ်းစောပေမယ့် ခေတ်ကမှမတူတော့ဘဲ.. ပြီးတော့ဒီနေ့နဉ်၏သင်ပေးမှုကိုအကြာကြီးခံယူလိုက်ရသေးသည်လေ....
လန်းဆန်းတက်ကြွသွားသည်ဆိုပေမယ့် သူပျင်းနေတာတော့အမှန်ပင်။
ဒါကြောင့်စောစောအိပ်ယာဝင်ဖို့စဉ်းစားလိုက်ခြင်းဖြစ်သည်။
စောင်ခြုံထဲမှာကွေးမည်။
သူ့မှာအခြားလုပ်စရာလည်းရှိသည်မှမဟုတ်ဘဲ ....
မနက်ဖန်ကျရင် တရားထိုင် အဲ နတ်စွမ်းအားဖြည့်တင်းရမယ်။ အင်း မနက်စာစားပြီးရင်ပေါ့ မဟုတ်ရင် ဒီနေံလိုနေ့လည်စာထပ်ငတ်မယ်ဆို ငါအစာအိမ်ဖြစ်လို့သေမှာပဲ....
ပက်လက်လှန်ကာ မျက်နှာကျက်အားကြည့်ရင်း
နောက်နေ့အတွက်အစီအစဉ်ဆွဲပြီးနောက်မှာတော့ ကျူးယင်အလျင်အမြန်ပဲအိပ်ပျော်သွားတော့သည်။
----------
ဆက်ရန်😁