book

Index 10

အပိုင်း ၉

တိတ်ဆိတ်သည့်ပတ်ဝန်းကျင်တွင် လေတိုက်သံနှင့် ခပ်လှမ်းလှမ်းကရေကျသံတို့ကိုပင် ကျူးယင်ကြားနေရသည်။ တည်ငြိမ်နေသောခန္ဓာအတိုင်း စိတ်အစဉ်ကလည်းတိတ်ဆိတ်နေသည်။ မွှေးပျံ့နေသောပန်းရနံ့နှင့် နားအူလာစေသည့်ရေသံ၊လေသံတို့ကို လျစ်လျူရှုကာ အသိစိတ်တို့အား ရွက်လှေကဲ့သို့လွှင့်ကာလွှတ်ထားပေးလိုက်သည်။


"ဆရာတူမောင်လေး ကျူးယင်"


အေးချမ်းနေသောစိတ်အစဉ်အားလှုပ်နိုးလိုက်သံကြောင့် ကျူးယင်မျက်လုံးတို့ကပျာကယာဖွင့်ကြည့်လိုက်မိသည်။ သစ်ပင်ကြီး၏အောက်တွင် တင်ပလ္လင်ခွေထိုင်နေသောသူ့ကို မတ်တပ်ရပ်လျက်မှအနည်းငယ်ခါးငုံ့ကာကြည့်နေသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးကသူ့အားပြုံးကြည့်ကာ ဆရာတူမောင်ငယ်လေးဟု ထပ်ခေါ်သည်။ သူမကိုသူ မသိပေမယ့် ယဉ်ကျေးမှုအရ ခေါင်းတစ်ချက်ပြန်ငြိမ့်ပြလိုက်ဖြစ်သည်။


ထိုအခါ သူမအမူအယာကအနည်းငယ်ပြောင်းသွားသည်။


"မောင်ငယ်လေးက အစ်မကိုစိတ်ဆိုးနေတာလားဟင်။ အဲ့နေ့က အစ်မလည်း တကယ်မတတ်နိုင်လို့ပါ မောင်ငယ်လေးက အစ်မကိုစိတ်အနှောင့်အယှက်ပေးတယ်ထင်ပြီး ဆရာတူအကိုတွေက ရန်ပြုမိတာပါ။ "


သြော် အရင်ကျူးယင်သေသွားရတဲ့အကြောင်းအရင်းဖြစ်တဲ့ လဲ့အာဆိုတာ ဒီအစ်မကြီးလား...


အရင်ကျူးယင်က တကယ့်အကန်းပဲ။ ကျူးမျိုးနွယ်မှာ ဒီလောက်ချောမောတဲ့လူတွေရှိတာ လဲ့အာဆိုတဲ့မိန်းမကိုဘယ်လိုများရွေးခဲ့လိုက်တာလဲ။


ကြည့်ရတာ အချောအလှတွေကိုတွေ့ပါများတော့ သာမန်ရုပ်ရည်ကိုမြင်တဲ့အခါ ဆွဲဆောင်မှုရှိတယ်ထင်သွားတာများလား။ 


"မနက်က ကျူးယန်နတ်ဘုရားတို့ လာတယ်လို့ကြားလို့အဲ့ဒါ မောင်ငယ်လေးက အစ်မကိုများတိုင်လိုက်ပြီလားဟင်။ "


လဲ့အာက မျက်လုံးလေးကလယ်ကလယ်လုပ်ကာ ကျူးယင်အားဆွဲဆောင်သလိုကြည့်လာသည်။ သူ့အားအပေါ်စီးမှမိုးကြည့်နေသလိုဖြစ်သည်ကြောင့် ကျူးယင်မှာ သူမ၏လည်ပင်းအောက်သို့ဆက်မကြည့်ရဲအောင်ပင်ဖြစ်ကာ နှာချေချင်လာတော့သည်။ 


"ဟတ်ချိုး "


"နင် မောင် မောင်ငယ်လေး"


ကျူးယင်ကသူ့ဘာသာနှာချေလိုက်တာပါပဲ သို့ပေမယ့် လဲ့အာကခပ်လှမ်းလှမ်းသို့နောက်ပြန်ခုန်ထွက်သွားကာ မြေတွင် ပက်လက်လေးလဲနေခဲ့သည်။ သူမရဲ့အဝတ်တွေကလည်း ဖုန်အချို့ပေသွားကာ ညစ်ပတ်နေလေတယ်။ ကျူးယင်မျက်တောင်တဖျက်ဖျက်ခတ်ကာ လဲ့အာအားနားမလည်စွာသာကြည့်မိတော့တယ်။


ဒီအစ်မက သူ့ကိုလာမြူစွယ်နေတာလား။ အဲ့လောက်အနစ်နာခံဖို့လိုလို့လား။ ခုနသူနှာချေလိုက်ချိန်မှာမျက်စိမှိတ်ထားလို့ သူမဘယ်လိုနောက်ပြန်ခုန်လိုက်လဲဆိုတာမမြင်လိုက်ရပေမယ့် သူမမြေပေါ်သို့ပက်လက်ပစ်လဲကျသည်ကိုတော့ မြင်လိုက်ရကာ နာသွားမည်မှန်းသတိထားမိပေသည်။


နတ်တွေမှာလည်း ဒီလိုကိစ္စတွေရှိတာပဲလား


ထိုအခါ သူမကသူ့အားဒေါသတကြီး နင် ဟုသုံးစွဲမလိုလုပ်ပြီးမှ မောင်ငယ်လေးဟုဒေါသသံပါပါနှင့် ပြင်ကာသုံးစွဲမှုကြောင့် ကျူးယင်မျက်မှောင်ကျုံ့လိုက်မိသည်။


လဲ့အာဆိုတဲ့မိန်းမက စိတ်ထားကောင်းမယ့်ပုံမရှိဘူး။ ကျူးယင်က သူများကို တဖက်သတ်မုန်းတီးခြင်းမျိုး၊ရန်လိုခြင်းမျိုး၊မနာလိုခြင်းမျိုးကိုလွန်စွာရှုံ့ချသည်။ ထိုသို့သောသူမျိုးနှင့်လည်း ဝေးဝေးကရှောင်တတ်သည်။ 


ကျူးယင်မတ်တပ်ထရပ်လိုက်သည့်အခါ လဲ့အာကသူမအားလာထူပေးမည်အထင်နှင့် ညည်းညူကာပြသည်။


ထိုမိန်းမဟန်ဆောင်နေမှန်းမသိရလောက်အောင် ကျူးယင်မတုံးပေ။ ဆရာပြောတော့ ဒီမိန်းမက နတ်အခြေတည်အဆင့်ရောက်နေပြီဆို သူ့ထက်လည်းတစ်ဆင့်ပိုမြင့်သေးတယ်တဲ့ ပြီးတော့ သူမဘာသာနောက်ပြန်ခုန်ပြီး ပက်လက်လဲကျတာကို ဘာလို့သူ့ကိုထူခိုင်းစေချင်သေးတာလဲ။ ထိုသို့သောမိန်းမမျိုးကို သူမသနားတတ်ပေ။ အသားချင်းထိမိမည်ကိုပင် ရွံမိသေးသည်။


ဘာစကားမှမဆို မည်သို့သောအကြည့်မှမပေးဘဲ ထိုနေရာမှကျူးယင်ထွက်လာလိုက်သည်။ နောက်တွင် သူမ မည်သို့ဖြစ်ကျန်ခဲ့မည်ကို စိတ်ထဲထားမနေပေ။


နားထဲကြားနေရသည့်ရေသံက ပိုကျယ်လာမှ သူမည်သည့်နေရာအားဦးတည်နေကြောင်း ကျူးယင်ဆန်းစစ်ဖြစ်သည်။ ယမန်ညက သီနှတ်ဘုရားနှင့်တွေ့ခဲ့သော ရေကန်နားကိုသူရောက်နေပြီ။ အနည်းငယ်သာထပ်လျှောက်လိုက်လျှင် ရေစပ်သို့ရောက်တော့မည်ဖြစ်သည်။ နေအလင်းရောင်အောက်တွင် ကန်ရေက အောက်ထဲတွင်ပတ္တမြားရှိသည့်အလား တောက်ပနေသည်။ ကြည်လင်နေသည်ကြောင့် ကျူးယင်သတိအနေအထားနှင့် အနားကပ်သွားလိုက်ပြီး ငုံ့ကြည့်လိုက်ရာ သက်ရှိဆို၍ ပိုးမွှားအသေးလေးတွေပင် ရှိမနေသည်ကိုအံ့သြစွာတွေ့လိုက်ရသည်။ 


ကန်၏အရပ်လေးမျက်နှာက သစ်ပင်တွေသို့ အထပ်ထပ်အခါခါစစ်ဆေးကြည့်ပြန်တော့လည်း သက်ရှိ၏အရိပ်အယောင်ဟူသည် မတွေ့ရ။ ထို့ကြောင့် ကျူးယင် အဝတ်အားလက်နှစ်ဖက်ဖြင့်အသာမကာ ခြေထောက်တစ်ဖက်ကို ရေထဲသို့ချလိုက်သည်။ ထိုညကနှင့်မတူဘဲ အေးစိမ့်နေသည့်ရေကြောင့် ကျူးယင်လန့်ကာကိုယ်လေးတုန်တက်သွားပြီး ခြေထောက်အမြန်ပြန်ရုတ်လိုက်ရာ ကျောက်စရစ်ခဲကိုတက်နင်းမိပြီး နောက်သို့လန်ကျလေတော့သည်။


သူ့ကိုတစ်စုံတစ်ယောက်က ခါးမှ ဆီးပွေ့ပေးထားမယ်လို့ မည်သူကထင်မှာလဲ။ နေကိုကွယ်ကာပေါ်လာသည့် တစ်စုံတစ်ယောက်မှာ မျက်နှာအားအလင်းပိတ်ထားသည်ကြောင့် သေချာမမြင်ရပေမယ့် အရောင်တဖျက်ဖျက်ထွက်နေသည် ဟုကျူးယင်ခံစားမိလိုက်သည်။ သူ့အားအနောက်မှဖမ်းထိန်းကာ လက်တစ်ဖက်ကသူ့ရင်ဖက်အားလှမ်း၍ဖက်ထားခြင်းပေမယ့် ကျူးယင်မြင်ရသည့်ထိုသူ့မျက်နှာဟာ စောက်ထိုးကြီးဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမျက်မှောင်ကျုံ့ကာပြူးပြဲကြည့်မှ ရှင်းလင်းကာမြင်ရလာသည်မှာ ထိုသူ၏နှုတ်ခမ်းမှအပြုံးကိုပါပေ။


" ခင်များ အဲ သီ သီနတ်ဘုရားကို အရိုအသေပေးပါတယ်"


အမှန်ပင် ထိုသူကသီနတ်ဘုရားဖြစ်နေခဲ့သည်ပေ။


အသံမပေးဘဲပေါ်လာသည်မို့ ဒေါသထွက်ချင်သော်လည်း သူ့အားဖမ်းမထိန်းပေးထားလျှင် ပက်လက်လှန်လဲကျတော့မှာမို့ ကျူးယင်မှာ ရယ်ရအခက် ငိုရအခက် အနေအထားသို့ရောက်နေလေသည်။ အမြန်ပြန်ရပ်ကာ သီနတ်ဘုရားလက်မှရုန်းကာ အရိုအသေပေးသည့်တိုင် ထိုနတ်ဘုရားက နှုတ်ခမ်းတွေလှအောင်တွန့်ကာပြုံးနေဆဲ။


သူ့ကိုဖက်ထားခဲ့သောလက်အား ကျန်လက်ဖြင့်ပွတ်သပ်နေရင်း သူ့ထံစူးစိုက်ကြည့်လာသည်ကြောင့် ကျူးယင်စိတ်ညစ်သွားသည်။ 


ဒီနတ်က ဂွစာကျမှန်းသိသနဲ့ ငါကိုကရှည်ပြီးလာမိတာ။ 


နဉ်ပြောသည့် သီနတ်ဘုရားက ခန့်မှန်းရခက်သည့် နတ်ဘုရားတစ်ပါး။ သို့ပေမယ့် ကျူးယင်အမြင်မှာတော့ သီက ယဉ်ကျေးမှုတွေ၊ လူ့ကျင့်ဝတ်တွေနားမလည်သည့် ပေါင်းသင်းရခက်မည့် နတ်တစ်ပါးဟူ၍ပင်။


"ဘယ်အချိန် သွားမှာလဲ"


အစမရှိ၊ အဆုံးမရှိ မေးလာပေမယ့် ထိုနတ်ဘုရားက ဘာကိုရည်ညွှန်းသည်ကို သူသိလိုက်သည်။


"ဆရာက ညဥ့်ဦးပိုင်းမှသွားမယ်ပြောပါတယ်။ "


ထိုသို့ပြန်ဖြေပြီးမှ သူ့အဖေမပြန်ခင်ကဖိတ်သွားခဲ့တာက သီနတ်ဘုရားကိုဖြစ်မည်မှန်း သူတွေးမိလိုက်သည်။


အေးပေါ့ တစ်ချိန်တည်းမွေးဖွားလာကြတဲ့ နတ်ဘုရားတွေပဲ ရင်းနှီးကြမှာပေါ့။


ထိုအခါ သီနတ်ဘုရားက နားထင်မှကျနေသောဆံပင်ကို လက်တစ်ဖက်နဲ့သပ်ကာ ကျန်လက်က ရေကန်အားညွှန်ပြလာသည်။


"မသွားခင် ရေချိုးချင်လို့လား။ သွားလေ။ ငါဒီကနေ ကြည့်နေပေးမယ်"


ဤစကားကြားသည့်အခါ ကျူးယင်၏မျက်နှာက ရှုံ့မဲ့သွားသည်ကိုတွေ့တော့ ထိုကြီးမြတ်လှသည့်နတ်ဘုရားက ဟက် ခနဲရယ်သည်။ 


ဆရာပြောသလို သီနတ်ဘုရားက ဆွဲဆောင်မှုအရှိဆုံးနတ်ဘုရားဘွဲ့ရထားတာဖြစ်သင့်သည်။ 


အနီရောင်ခပ်ပါးပါးပြေးသောမျက်လုံးအရောင်က ရှင်းလင်းကာချောမောလှသောရုပ်ရည်နှင့် တဟဇာတဖြစ်လွန်းလှကာ ရယ်လိုက်သည့်အခါတွင်မတော့ ကျူးယင်ပင်ခေတ္တမျှမင်သက်သွားရလောက်အောင် ခန့်ညားလွန်းပေသည်။ 

ကျူးယင်နှင့်ခန္ဓာသိပ်မကွာပေမယ့် ရုပ်ရည်မှာကျ သူ့ထက်များစွာယောကျၤားဆန်လေရာ ဒီအမျိုးသားနတ်မင်းကြီးကိုမြင်တိုင်း သူမနာလိုစိတ်မကြာခဏဝင်ရတော့မည်ထင်သည်။ 


မနာလိုတာက သူ့စတိုင်မဟုတ်ပါဘူးဆို.... 

ဒီနတ်တွေနဲ့တွေ့မှပဲ သူ့လောဂျစ်တွေဖရိုဖရဲဖြစ်ကုန်သည်။


ရေမချိုးတော့ဘူး ဟုကျူးယင်အစကငြင်းမလို့ပေမယ့် သီကကန်စပ်ကနေစောင့်မည်ပြောသလို နတ်ဘုရားတစ်ပါးကစောင့်ကြပ်ပေးထားမည်မို့ သူ့အနေနဲ့သတိသိပ်ထားစရာမလိုဘဲ စိတ်လွတ်လက်လွတ်ရေစိမ်နိုင်မည်ဖြစ်ရာ ယောကျၤားချင်းလည်းဖြစ်တော့ အနေခက်တာမျိုးလည်းမရှိတာမို့ သူသဘောတူလိုက်သည်။


အဖြူရောင်အပါးသားအတွင်းဝတ်လေးသာကျန်ကာ ရေထဲဆင်းနေရင်းမှ ကျောမလုံ၍လှည့်ကြည့်လိုက်သည့်အခါ ကျောက်သားခုံတစ်ခုတွင်ထိုင်ကာ တစ်စုံတစ်ခုသောက်နေပုံရသောသီနတ်ဘုရားကို တွေ့ရသည်။ သူစိတ်ထင်တာပဲဖြစ်မည် ထိုနတ်ဘုရားက သူ့ကိုကြည့်မနေခဲ့...

သို့ပေမယ့် ဘာကြောင့် ပြုံးစစဖြစ်နေသည်ကိုတော့ သူနားမလည်ပါချေ ... ထားပါလေ သူဘာသာ ဘာလို့ပြုံးပြုံးပေါ့.....


အရှေ့ကိုပြန်လှည့်လိုက်ပြီး ရေထဲကိုငုံ့လျှိုးလိုက်သည်။ သူထပ်မံ၍စိတ်ထင်၍ပဲလားမသိ သူ့ကိုကြည့်နေသော သီနတ်ဘုရား၏ပုံရိပ်ကို ရေထဲမှတဆင့်မြင်လိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ခုံတွင်နောက်မှီ၍မျက်လုံးတွေမှိတ်ထားသည်ကိုသာတွေ့ရလေသည်။


------


တိတ္ဆိတ္သည့္ပတ္၀န္းက်င္တြင္ ေလတိုက္သံႏွင့္ ခပ္လွမ္းလွမ္းကေရက်သံတို႔ကိုပင္ က်ဴးယင္ၾကားေနရသည္။ တည္ျငိမ္ေနေသာခႏၶာအတိုင္း စိတ္အစဥ္ကလည္းတိတ္ဆိတ္ေနသည္။ ေမႊးပ်ံ႕ေနေသာပန္းရနံ႕ႏွင့္ နားအူလာေစသည့္ေရသံ၊ေလသံတို႔ကို လ်စ္လ်ဴရႈကာ အသိစိတ္တို႔အား ရြက္ေလွကဲ႔သို႔လႊင့္ကာလႊတ္ထားေပးလိုက္သည္။


"ဆရာတူေမာင္ေလး က်ဴးယင္"


ေအးခ်မ္းေနေသာစိတ္အစဥ္အားလႈပ္နိုးလိုက္သံေၾကာင့္ က်ဴးယင္မ်က္လံုးတို႔ကပ်ာကယာဖြင့္ၾကည့္လိုက္မိသည္။ သစ္ပင္ၾကီး၏ေအာက္တြင္ တင္ပလႅင္ေခြထိုင္ေနေသာသူ႔ကို မတ္တပ္ရပ္လ်က္မွအနည္းငယ္ခါးငံု႕ကာၾကည့္ေနေသာ မိန္းကေလးတစ္ေယာက္ကို ေတြ႕လိုက္ရသည္။ ထိုမိန္းကေလးကသူ႕အားျပံဳးၾကည့္ကာ ဆရာတူေမာင္ငယ္ေလးဟု ထပ္ေခၚသည္။ သူမကိုသူ မသိေပမယ့္ ယဥ္ေက်းမႈအရ ေခါင္းတစ္ခ်က္ျပန္ျငိမ့္ျပလိုက္ျဖစ္သည္။


ထိုအခါ သူမအမူအယာကအနည္းငယ္ေျပာင္းသြားသည္။


"ေမာင္ငယ္ေလးက အစ္မကိုစိတ္ဆိုးေနတာလားဟင္။ အဲ႔ေန႕က အစ္မလည္း တကယ္မတတ္နိုင္လို႔ပါ ေမာင္ငယ္ေလးက အစ္မကိုစိတ္အေႏွာင့္အယွက္ေပးတယ္ထင္ျပီး ဆ၇ာတူအကိုေတြက ရန္ျပဳမိတာပါ။ "


ေၾသာ္ အရင္က်ဴးယင္ေသသြားရတဲ႔အေၾကာင္းအရင္းျဖစ္တဲ႔ လဲ႔အာဆိုတာ ဒီအစ္မၾကီးလား...


အရင္က်ဴးယင္က တကယ့္အကန္းပဲ။ က်ဴးမ်ိဳးႏြယ္မွာ ဒီေလာက္ေခ်ာေမာတဲ႔လူေတြရွိတာ လဲ႔အာဆိုတဲ႔မိန္းမကိုဘယ္လိုမ်ားေရြးခဲ႔လိုက္တာလဲ။


ၾကည့္ရတာ အေခ်ာအလွေတြကိုေတြ႕ပါမ်ားေတာ့ သာမန္ရုပ္ရည္ကိုျမင္တဲ႔အခါ ဆြဲေဆာင္မႈရွိတယ္ထင္သြားတာမ်ားလား။ 


"မနက္က က်ဴးယန္နတ္ဘုရားတို႔ လာတယ္လို႔ၾကားလို႔အဲ႔ဒါ ေမာင္ငယ္ေလးက အစ္မကိုမ်ားတိုင္လိုက္ျပီလားဟင္။ "


လဲ႔အာက မ်က္လံုးေလးကလယ္ကလယ္လုပ္ကာ က်ဴးယင္အားဆြဲေဆာင္သလိုၾကည့္လာသည္။ သူ႔အားအေပၚစီးမွမိုးၾကည့္ေနသလိုျဖစ္သည္ေၾကာင့္ က်ဴးယင္မွာ သူမ၏လည္ပင္းေအာက္သို႔ဆက္မၾကည့္ရဲေအာင္ပင္ျဖစ္ကာ ႏွာေခ်ခ်င္လာေတာ့သည္။ 


"ဟတ္ခ်ိဳး "


"နင္ ေမာင္ ေမာင္ငယ္ေလး"


က်ဴးယင္ကသူ႔ဘာသာႏွာေခ်လိုက္တာပါပဲ သို႔ေပမယ့္ လဲ႔အာကခပ္လွမ္းလွမ္းသို႔ေနာက္ျပန္ခုန္ထြက္သြားကာ ေျမတြင္ ပက္လက္ေလးလဲေနခဲ႔သည္။ သူမရဲ႕အ၀တ္ေတြကလည္း ဖုန္အခ်ိဳ႕ေပသြားကာ ညစ္ပတ္ေနေလတယ္။ က်ဴးယင္မ်က္ေတာင္တဖ်က္ဖ်က္ခတ္ကာ လဲ႔အာအားနားမလည္စြာသာၾကည့္မိေတာ့တယ္။


ဒီအစ္မက သူ႔ကိုလာျမဴစြယ္ေနတာလား။ အဲ႔ေလာက္အနစ္နာခံဖို႔လိုလို႔လား။ ခုနသူႏွာေခ်လိုက္ခ်ိန္မွာမ်က္စိမွိတ္ထားလို႔ သူမဘယ္လိုေနာက္ျပန္ခုန္လိုက္လဲဆိုတာမျမင္လိုက္ရေပမယ့္ သူမေျမေပၚသို႔ပက္လက္ပစ္လဲက်သည္ကိုေတာ့ ျမင္လိုက္ရကာ နာသြားမည္မွန္းသတိထားမိေပသည္။


နတ္ေတြမွာလည္း ဒီလိုကိစၥေတြရွိတာပဲလား


ထိုအခါ သူမကသူ႔အားေဒါသတၾကီး နင္ ဟုသံုးစြဲမလိုလုပ္ျပီးမွ ေမာင္ငယ္ေလးဟုေဒါသသံပါပါႏွင့္ ျပင္ကာသံုးစြဲမႈေၾကာင့္ က်ဴးယင္မ်က္ေမွာင္က်ံဳ႕လိုက္မိသည္။


လဲ႔အာဆိုတဲ႔မိန္းမက စိတ္ထားေကာင္းမယ့္ပံုမရွိဘူး။ က်ဴးယင္က သူမ်ားကို တဖက္သတ္မုန္းတီးျခင္းမ်ိဳး၊ရန္လိုျခင္းမ်ိဳး၊မနာလိုျခင္းမ်ိဳးကိုလြန္စြာရႈံ႕ခ်သည္။ ထိုသို႕ေသာသူမ်ိုးႏွင့္လည္း ေ၀းေ၀းကေရွာင္တတ္သည္။ 


က်ဴးယင္မတ္တပ္ထရပ္လိုက္သည့္အခါ လဲ႔အာကသူမအားလာထူေပးမည္အထင္ႏွင့္ ညည္းညဴကာျပသည္။


ထိုမိန္းမဟန္ေဆာင္ေနမွန္းမသိရေလာက္ေအာင္ က်ဴးယင္မတံုးေပ။ ဆရာေျပာေတာ့ ဒီမိန္းမက နတ္အေျခတည္အဆင့္ေရာက္ေနျပီဆို သူ႔ထက္လည္းတစ္ဆင့္ပိုျမင့္ေသးတယ္တဲ႔ ျပီးေတာ့ သူမဘာသာေနာက္ျပန္ခုန္ျပီး ပက္လက္လဲက်တာကို ဘာလို႔သူ႔ကိုထူခိုင္းေစခ်င္ေသးတာလဲ။ ထိုသို႔ေသာမိန္းမမ်ိဳးကို သူမသနားတတ္ေပ။ အသားခ်င္းထိမိမည္ကိုပင္ ရြံမိေသးသည္။


ဘာစကားမွမဆို မည္သို႔ေသာအၾကည့္မွမေပးဘဲ ထိုေနရာမွက်ဴးယင္ထြက္လာလိုက္သည္။ ေနာက္တြင္ သူမ မည္သို႔ျဖစ္က်န္ခဲ႔မည္ကို စိတ္ထဲထားမေနေပ။


နားထဲၾကားေနရသည့္ေရသံက ပိုက်ယ္လာမွ သူမည္သည့္ေနရာအားဦးတည္ေနေၾကာင္း က်ဴးယင္ဆန္းစစ္ျဖစ္သည္။ ယမန္ညက သီႏွတ္ဘုရားႏွင့္ေတြ႕ခဲ႔ေသာ ေရကန္နားကိုသူေရာက္ေနျပီ။ အနည္းငယ္သာထပ္ေလွ်ာက္လိုက္လွ်င္ ေရစပ္သို႔ေရာက္ေတာ့မည္ျဖစ္သည္။ ေနအလင္းေရာင္ေအာက္တြင္ ကန္ေရက ေအာက္ထဲတြင္ပတၱျမားရွိသည့္အလား ေတာက္ပေနသည္။ ၾကည္လင္ေနသည္ေၾကာင့္ က်ဴးယင္သတိအေနအထားႏွင့္ အနားကပ္သြားလိုက္ျပီး ငံု႕ၾကည့္လိုက္ရာ သက္ရွိဆို၍ ပိုးမႊားအေသးေလးေတြပင္ ရွိမေနသည္ကိုအံ႕ၾသစြာေတြ႕လိုက္ရသည္။ 


ကန္၏အရပ္ေလးမ်က္ႏွာက သစ္ပင္ေတြသို႔ အထပ္္ထပ္အခါခါစစ္ေဆးၾကည့္ျပန္ေတာ့လည္း သက္ရွိ၏အရိပ္အေယာင္ဟူသည္ မေတြ႕ရ။ ထို႔ေၾကာင့္ က်ဴးယင္ အ၀တ္အားလက္ႏွစ္ဖက္ျဖင့္အသာမကာ ေျခေထာက္တစ္ဖက္ကို ေရထဲသို႔ခ်လိုက္သည္။ ထိုညကႏွင့္မတူဘဲ ေအးစိမ့္ေနသည့္ေရေၾကာင့္ က်ဴးယင္လန္႕ကာကိုယ္ေလးတုန္တက္သြားျပီး ေျခေထာက္အျမန္ျပန္ရုတ္လိုက္ရာ ေက်ာက္စရစ္ခဲကိုတက္နင္းမိျပီး ေနာက္သို႔လန္က်ေလေတာ့သည္။


သူ႔ကိုတစ္စံုတစ္ေယာက္က ခါးမွ ဆီးေပြ႕ေပးထားမယ္လို႔ မည္သူကထင္မွာလဲ။ ေနကိုကြယ္ကာေပၚလာသည့္ တစ္စံုတစ္ေယာက္မွာ မ်က္ႏွာအားအလင္းပိတ္ထားသည္ေၾကာင့္ ေသခ်ာမျမင္ရေပမယ့္ အေရာင္တဖ်က္ဖ်က္ထြက္ေနသည္ ဟုက်ဴးယင္ခံစားမိလိုက္သည္။ သူ႔အားအေနာက္မွဖမ္းထိန္းကာ လက္တစ္ဖက္ကသူ႔ရင္ဖက္အားလွမ္း၍ဖက္ထားျခင္းေပမယ့္ က်ဴးယင္ျမင္ရသည့္ထိုသူ႔မ်က္ႏွာဟာ ေစာက္ထိုးၾကီးျဖစ္ေနခဲ႔သည္။ ထို႔ေၾကာင့္ သူမ်က္ေမွာင္က်ံဳ႕ကာျပဴးျပဲၾကည့္မွ ရွင္းလင္းကာျမင္ရလာသည္မွာ ထိုသူ၏ႏႈတ္ခမ္းမွအျပံဳးကိုပါေပ။


" ခင္မ်ား အဲ သီ သီနတ္ဘုရားကို အရိုအေသေပးပါတယ္"


အမွန္ပင္ ထိုသူကသီနတ္ဘုရားျဖစ္ေနခဲ႔သည္ေပ။


အသံမေပးဘဲေပၚလာသည္မို႔ ေဒါသထြက္ခ်င္ေသာ္လည္း သူ႔အားဖမ္းမထိန္းေပးထားလွ်င္ ပက္လက္လွန္လဲက်ေတာ့မွာမို႔ က်ဴးယင္မွာ ရယ္ရအခက္ ငိုရအခက္ အေနအထားသို႔ေရာက္ေနေလသည္။ အျမန္ျပန္ရပ္ကာ သီနတ္ဘုရားလက္မွရုန္းကာ အရိုအေသေပးသည့္တိုင္ ထိုနတ္ဘုရားက ႏႈတ္ခမ္းေတြလွေအာင္တြန္႕ကာျပံဳးေနဆဲ။


သူ႔ကိုဖက္ထားခဲ႔ေသာလက္အား က်န္လက္ျဖင့္ပြတ္သပ္ေနရင္း သူ႔ထံစူးစိုက္ၾကည့္လာသည္ေၾကာင့္ က်ဴးယင္စိတ္ညစ္သြားသည္။ 


ဒီနတ္က ဂြစာက်မွန္းသိသနဲ႔ ငါကိုကရွည္ျပီးလာမိတာ။ 


နဥ္ေျပာသည့္ သီနတ္ဘုရားက ခန္႕မွန္းရခက္သည့္ နတ္ဘုရားတစ္ပါး။ သို႔ေပမယ့္ က်ဴးယင္အျမင္မွာေတာ့ သီက ယဥ္ေက်းမႈေတြ၊ လူ႕က်င့္၀တ္ေတြနားမလည္သည့္ ေပါင္းသင္းရခက္မည့္ နတ္တစ္ပါးဟူ၍ပင္။


"ဘယ္အခ်ိန္ သြားမွာလဲ"


အစမရွိ၊ အဆံုးမရွိ ေမးလာေပမယ့္ ထိုနတ္ဘုရားက ဘာကိုရည္ညႊန္းသည္ကို သူသိလိုက္သည္။


"ဆရာက ညဥ့္ဦးပိုင္းမွသြားမယ္ေျပာပါတယ္။ "


ထိုသို႔ျပန္ေျဖျပီးမွ သူ႕အေဖမျပန္ခင္ကဖိတ္သြားခဲ႔တာက သီနတ္ဘုရားကိုျဖစ္မည္မွန္း သူေတြးမိလိုက္သည္။


ေအးေပါ့ တစ္ခ်ိန္တည္းေမြးဖြားလာၾကတဲ႔ နတ္ဘုရားေတြပဲ ရင္းႏွီးၾကမွာေပါ့။


ထိုအခါ သီနတ္ဘုရားက နားထင္မွက်ေနေသာဆံပင္ကို လက္တစ္ဖက္နဲ႔သပ္ကာ က်န္လက္က ေရကန္အားညႊန္ျပလာသည္။


"မသြားခင္ ေရခ်ိဳးခ်င္လို႔လား။ သြားေလ။ ငါဒီကေန ၾကည့္ေနေပးမယ္"


ဤစကားၾကားသည့္အခါ က်ဴးယင္၏မ်က္ႏွာက ရႈံ႕မဲ႔သြားသည္ကိုေတြ႕ေတာ့ ထိုၾကီးျမတ္လွသည့္နတ္ဘုရားက ဟက္ ခနဲရယ္သည္။ 


ဆရာေျပာသလို သီနတ္ဘုရားက ဆြဲေဆာင္မွုအရွိဆံုးနတ္ဘုရားဘြဲ႕ရထားတာျဖစ္သင့္သည္။ 


အနီေ၇ာင္ခပ္ပါးပါးေျပးေသာမ်က္လံုးအေရာင္က ရွင္းလင္းကာေခ်ာေမာလွေသာရုပ္ရည္ႏွင့္ တဟဇာတျဖစ္လြန္းလွကာ ရယ္လိုက္သည့္အခါတြင္မေတာ့ က်ဴးယင္ပင္ေခတၱမွ်မင္သက္သြားရေလာက္ေအာင္ ခန္႕ညားလြန္းေပသည္။ 

က်ဴးယင္ႏွင့္ခႏၶာသိပ္မကြာေပမယ့္ ရုပ္ရည္မွာက် သူ႔ထက္မ်ားစြာေယာက်ၤားဆန္ေလရာ ဒီအမ်ိဳးသားနတ္မင္းၾကီးကိုျမင္တိုင္း သူမနာလိုစိတ္မၾကာခဏ၀င္ရေတာ့မည္ထင္သည္။ 


မနာလိုတာက သူ႔စတိုင္မဟုတ္ပါဘူးဆို.... 

ဒီနတ္ေတြနဲ႔ေတြ႕မွပဲ သူ႔ေလာဂ်စ္ေတြဖရိုဖရဲျဖစ္ကုန္သည္။


ေရမခ်ိဳးေတာ့ဘူး ဟုက်ဴးယင္အစကျငင္းမလို႔ေပမယ့္ သီကကန္စပ္ကေနေစာင့္မည္ေျပာသလို နတ္ဘုရားတစ္ပါးကေစာင့္ၾကပ္ေပးထားမည္မို႔ သူ႔အေနနဲ႔သတိသိပ္ထားစရာမလိုဘဲ စိတ္လြတ္လက္လြတ္ေရစိမ္နိုင္မည္ျဖစ္ရာ ေယာက်ၤားခ်င္းလည္းျဖစ္ေတာ့ အေနခက္တာမ်ိဳးလည္းမရွိတာမို႔ သူသေဘာတူလိုက္သည္။


အျဖဴေရာင္အပါးသားအတြင္း၀တ္ေလးသာက်န္ကာ ေရထဲဆင္းေနရင္းမွ ေက်ာမလံု၍လွည့္ၾကည့္လိုက္သည့္အခါ ေက်ာက္သားခံုတစ္ခုတြင္ထိုင္ကာ တစ္စံုတစ္ခုေသာက္ေနပံုရေသာသီနတ္ဘုရားကို ေတြ႕ရသည္။ သူစိတ္ထင္တာပဲျဖစ္မည္ ထိုနတ္ဘုရားက သူ႔ကိုၾကည့္မေနခဲ႔...

သို႔ေပမယ့္ ဘာေၾကာင့္ ျပံဳးစစျဖစ္ေနသည္ကိုေတာ့ သူနားမလည္ပါေခ် ... ထားပါေလ သူဘာသာ ဘာလို႔ျပံဳးျပံဳးေပါ့.....


အေရွ႕ကိုျပန္လွည့္လိုက္ျပီး ေရထဲကိုငံု႕လွ်ိဳးလိုက္သည္။ သူထပ္မံ၍စိတ္ထင္၍ပဲလားမသိ သူ႔ကိုၾကည့္ေနေသာ သီနတ္ဘုရား၏ပံုရိပ္ကို ေရထဲမွတဆင့္ျမင္လိုက္ရသျဖင့္ လွည့္ၾကည့္လိုက္ရာ ခံုတြင္ေနာက္မွီ၍မ်က္လံုးေတြမွိတ္ထားသည္ကိုသာေတြ႕ရေလသည္။


------



rate now:

2 Reviews
  • reader Essence_Flame 12.12.2019, 06:36 5

    🥰

    reply

  • reader Kaung Wai Yan 04.12.2019, 11:55 5

    🥰🥰🥰🥰🥰

    reply