book

Index 1

Intro

ဆောင်းရာသီဝင်စပြုပြီမို့ ညနေဆိုလေအေးတွေကတိုက်လာပြီ။ ကျူးယင် ကုတင်ပေါ်ထိုင်ကာစာဖတ်နေရာမှ အခန်းထဲမှာရှုပ်ကာလွင့်နေတဲ့လိုက်ကာတွေကြောင့် စာအုပ်ကိုခဏချလို့ပြတင်းထပိတ်ရသည်။ သန့်ရှင်းသပ်ရပ်နေသော အိပ်ခန်းငယ်အတွင်းတွင်စာကြည့်စားပွဲအပြင် အတန်ငယ်ကြီးမားတဲ့စာအုပ်စင်လေးကလည်းနေရာယူထားသည်။

စိတ်ငြိမ်ရပ်ကွက်ဖြစ်သည်နှင့်အညီ ပတ်ဝန်းကျင်ကတိတ်ဆိတ်လှတာမို့ ကျူးယင်ရဲ့အချိန်အများစုဟာ စာဖတ်ရင်းသာကုန်ဆုံးဖြစ်သည်။ ခါးညောင်းတစ်ချက်ဆန့်ပြီးတဲ့အခါ ကုတင်ဘေးစာပွဲပေါ်မှ ရေတစ်ခွက်ကို ထည့်သောက်လိုက်ရင်း ခဏနေဘာချက်စားရင်ကောင်းမလဲ ဟု သူစဉ်းစားနေမိသည်။ စားပွဲပေါ်ရေခွက်ပြန်ချပြီးချိန်မှာ တံခါးဘဲတီးသံကြားလိုက်ရသည်။ ကျူးယင်ကတက္ကသိုလ်ကျောင်းသားဖြစ်နေတာတောင်မှ အနေအေးတဲ့စရိုက်ကြောင့်အပေါင်းအသင်းနည်းသည်။ အရင်းနှီးဆုံးသူငယ်ချင်းဟူ၍မရှိပေမယ့် သူ့ကိုဆိုအရမ်းအနွံတာခံကာတွယ်ကပ်တတ်တဲ့အတန်းတူသူငယ်ချင်းနှစ်ယောက်တော့ရှိသည်။ ကျောင်းရွှမ်နဲ့ မိုလင်း က တစ်ယောက်မကောင်းကြောင်း တစ်ယောက်ပြောတတ်တာမျိုးရှိပေမယ့် သူ့အပေါ်အတော်ကောင်းကြတာမို့ကျူးယင်ဒီနှစ်ယောက်ကိုတော့ သူငယ်ချင်းအဖြစ်သတ်မှတ်ထားသည်။ ကြည့်ရတာအခုလည်း ထိုနှစ်ယောက်ထဲမှတစ်ယောက်လာလည်တာဖြစ်မည်။ 


ကျူးယင်ရဲ့မိဘတွေဟာနယ်မှာဆိုတော့ ကျူးယင်ကပေကျင်းမှာတစ်ဦးတည်းတိုက်ခန်းငှားကာနေနေရသည်။ဒါကြောင့် သူ့ဆီကိုအခုလိုလာလည်တာမျိုးဆိုသူအရမ်းသဘောကျမိသည်။ ခြောက်ကပ်နေတဲ့အိမ်ထဲမှာစကားသံတွေဖြင့် ဝေဆာပေဦးတော့မည်။


တံခါးဖွင့်ပြီးပြီးချင်း

ပြင်းရှုတဲ့အနံ့တစ်မျိုးရလိုက်တာကြောင့် ကျူးယင်တံခါးကိုပြန်ပိတ်ချင်စိတ်ပေါက်သွားသည်။ သို့ပေမယ့် တံခါးကဖွင့်ပေးနှင့်ပြီးပြီဖြစ်သလို သူ့ရှေ့ကကျောင်းရွှမ်ကလည်းသူ့ကိုအတောက်ပဆုံးပြုံးပြနေလေပြီ။ 

အရက်သောက်လာပုံရတဲ့ကျောင်းရွှမ်ကြောင့် ကျူးယင်စိတ်ညစ်မိသည်။ သူတော့သေချာပေါက်အရစ်ခံရပေတော့မည် ။ဟိုတစ်ခါကလည်း ကျောင်းရွှမ်မှာအရက်မူးပြီးသူ့ကိုနည်းမျိုးစုံဖြင့်ရစ်ကာပြသနာရှာသွားသေးသည်။ ဒီကောင့်အကျင့်မှာမူးလာလျှင်  တွေ့ရာလူကိုချစ်ကြောင်းပြောတတ်သည်ကိုပထမအကြိမ်ထဲကသူသိထားပြီးဖြစ်သည်။ 


သူသက်ပြင်းအသာချကာ ကျောင်းရွှမ်ကိုအထဲဝင်စေပြီးတံခါးပြန်ပိတ်လိုက်သည်။ တိုးတက်လာတဲ့ခေတ်နဲ့အညီ သူခိုးဓားမြတွေရဲ့ရန်မှာလည်းကြောက်ဖို့ကောင်းလာသည်မို့ လုံခြုံရေးကိုဂရုစိုက်ရသည်။ သူအထဲပြန်ဝင်တော့ ဧည့်ခန်းမှာကျောင်းရွှမ်ကိုမတွေ့ရပေ။ ဒီကောင်ဟာ သူ့အခန်းကိုသဘောကျပုံ ရသည် ။သူ့ဆီလာလည်တိုင်းသူ့အခန်းဝင်ကာမွေ့ယာပေါ်တက်ပြီးငြိမ်နေတတ်သည်။


ကျူးယင်ထင်သည့်အတိုင်းပါပေ ကျောင်းရွှမ်ကကုတင်ပေါ်မှာလှဲနေသည်။ သူငယ်ချင်းတွေဆိုတော့အထူးတလည်ဧည့်ခံမနေဘဲ ကျောင်းရွှမ်ရဲ့ဘေးမှာဝင်ထိုင်ကာနံရံကိုမှီရင်းဖတ်လက်စစာအုပ်ကိုပြန်ကိုင်လိုက်သည်။

ကျောင်းရွှမ်ကအလိုက်သိစွာပဲဘေးမှာငြိမ်နေပေးသည်။ ခဏကြာတော့တင်ပလ္လင်ခွေထိုင်နေသည့်ကျူးယင်ရဲ့ပေါင်ကို ခေါင်းလာအုံးသည်။


"ငြိမ်ငြိမ်နေ ငါစာဖတ်နေတယ်"


ကျောင်းရွှမ်ကဘာမှမပြောပေမယ့် လက်တွေကတော့ကျူးယင့်ခါးကိုခပ်တင်းတင်းသိုင်းဖက်လာသည်။ နီးကပ်နေသည်နှင့်အမျှ ရနေတဲ့ခပ်စူးစူးအရက်နံ့က ကျူးယင်ကိုခေါင်းမူးလာစေသည်။ သူစိတ်တိုလာပြီး စာအုပ်ကိုဘေးချကာသူ့ပေါင်ပေါ်မှကျောင်းရွှမ်ခေါင်းကိုဖယ်ထုတ်ရင်းခါးကလက်တွေကိုလည်းဆွဲဖယ်ဖို့ကြိုးစားသည်။ သို့ပေမယ့်ကျောင်းရွှမ်ကအလွတ်မပေးတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ကျောင်းရွှမ်ကကျူးယင်အားကုတင်ပေါ်ပက်လက်အနေအထားဖြင့်လှဲချလိုက်သည်။ သူ့သူငယ်ချင်းတွေကskinshipအရမ်းကြိုက်ပုံရကာ ကျူးယင်အားပွတ်သပ်ကျီစယ်လေ့ရှိသည်။ ထိုထဲတွင် ကျောင်းရွှမ်ကထိပ်ဆုံးမှပင်။


"ငါစာဖတ်နေတာကွ "


ပုံမှန်အတိုင်းပဲခပ်အေးအေးလေသံနဲ့ပြောကာ သူ့ကိုအုပ်မိုးထားတဲ့ကျောင်းရွှမ်ကိုတွန်းဖယ်လိုက်ပေမယ့် ခန္ဓာကိုယ်ချင်းဖိကပ်ခြင်းကိုသာခံလိုက်ရသည်။ ကျူးယင်အံံ့သြသွားပေမယ့် ဒီကောင်ဘထကြောင်တာလဲ ဟုတွေးမိပြီးခြေဖြင့်ကန်ဖို့ခြေထောက်ကိုမြှောက်လိုက်ရာသူ့ခြေထောက်နှစ်ဖက်ကြားသို့ကျောင်းရွှမ်ခြေထောက်ကအမြန်ဝင်လာ၏။

ဒီအခြေအနေကမသက်မသာဖြစ်စေသည်။ ကျူးယင်တွန်းဖယ်လိုက်ပေမယ့်လက်တွေကိုခပ်တင်းတင်းဆုပ်ကိုင်ဖမ်းချုပ်ခံရမှုနှင့်အတူ သူ့နှုတ်ခမ်းတို့နွေးထွေးသွားရသည်။ လေတိုက်ကြမ်း၍ပဲလားမသိ ပိတ်ထားသောတံခါးမှာပြန်ပွင့်သွားကာတဟူးဟူးမြည်သံနှင့်အတူ လေများခပ်ကြမ်းကြမ်းဝင်လာသည်။ သို့ပေမယ့်ကျူးယင်ထိုလေကိုစိတ်မရောက်သည်မှာ သူ့ကိုထူးဆန်းစွာပြုမူနေသောကျောင်းရွှမ်ကြောင့်ဖြစ်မည်။ 


"ကျောင်းရွှမ် မင်းရူးနေလား။ ငါကကျူးယင်လေ"


ဤသည်ကသူ့အမှားဖြစ်သည်ကို ပိုပြီးကြမ်းတမ်းကာရမက်ဆန်လာတဲ့ကျောင်းရွှမ်၏အပြုအမူများမှသိနိုင်သည်။


"လွန်ခဲ့တဲ့နှစ်နှစ် ဒီဇင်ဘာလမှာပေါ့ ချယ်ရီတွေနဲ့အပြိုင်လှနေတဲ့ကောင်လေးတစ်ယောက်ကိုငါတွေ့ခဲ့ရတယ်။ နောက်ပိုင်းမှသိလိုက်ရတာက သူကငါတို့ကျောင်းရဲ့Idolဖြစ်တဲ့ကျူးယင်တဲ့။ မင်းကငါ့ရဲ့အချစ်ဦးပါ ကျူးယင်ရဲ့ ငါလေမင်းနဲ့အတူဒီအတိုင်းလေးပဲနေသွားချင်တာပါ ဒါပေမယ့်ဟိုကောင်ကလေ မင်းကိုအရယူမလို့တဲ့ တောက် အဲ့ခွေးကောင်က သူ့သူငယ်ချင်းတွေနဲ့ပေါင်းပြီးအစီအစဉ်တွေတောင်ဆွဲနေတာ။ မင်းမိဘတွေဆီကိုလည်းသွားဖျားယောင်းမယ်ပြောနေသေးတယ် မရဘူးလေ ကျူးယင်မင်းကငါ့အပိုင်။ စတွေ့ကတည်းကမင်းကငါ့အပိုင်ပဲ ။ ငါအဲ့ကောင်တွေကိုတုတ်နဲ့ဆော်ပစ်ခဲ့တယ်။ကျူးယင်လေးအခုမင်းကြောက်စရာမလိုတော့ဘူး"


ထူးဆန်းတဲ့စကားတွေကြောင့်ရော ကျောင်းရွှမ်ရဲ့အရက်နံ့ကြောင့်ပါ ကျူးယင်ခေါင်းတွေတဆစ်ဆစ်ကိုက်လာရသည်။ ဒီကျောင်းရွှမ်ဆိုသည်မှာ အရက်မူးလာရင်ပေါက်ကရတွေပါလျှောက်ပြောတတ်တာလား... သူစိတ်ပျက်လက်ပျက်ဖြင့်သက်ပြင်းချရင်းသူ့ကိုစိုက်ကြည့်နေတဲ့ကျောင်းရွှမ်ရဲ့ခေါင်းကိုတွန်းလိုက်သည်။


"ပေါက်ကရတွေပြောမနေနဲ့ မူးနေရင်ခဏအိပ်လိုက်"


ကျောင်းရွှမ်ဟာသူ့ကိုလွှတ်မပေးခဲ့။ ကျူးယင်ရဲ့လက်နှစ်ဖက်ကိုခေါင်းပေါ်မြှောက်ကာလက်တစ်ဖက်ထဲဖြင့်ဖမ်းကိုင်သည်။ အခြားလက်ကကျူးယင်ရဲ့အကျႌအောက်ထဲရောက်လာတဲ့အခါမှာတော့ အန္တရာယ်ရှိတဲ့အရိပ်အယောက်ကိုသူခံစားမိလိုက်သည်။


"မင်း ဖယ် စမ်း"


အခုမှအမှန်တကယ်ရုန်းကန်ရမယ်မှန်းကျူးယင်နားလည်လိုက်ချိန်ဟာနောက်ကျလို့သွားပြီ။ ကျောင်းရွှမ်ဟာသူ့ကိုအမဲဖျက်တော့မလို စတင်ပြုမူ၏။ 

ဒါကကျောင်းရွှမ်အရက်မူးနေလို့ထင်ယောင်ထင်မှားဖြစ်ကာပြုမူနေတာဆိုပေမယ့် လူကောင်းပကတိဖြစ်တဲ့ကျူးယင်ကတော့ သည်းမခံနိုင်လေဘူး။ ကျောင်းရွှမ်မှာ တောင့်တင်းသောခန္ဓာနှင့်မြင့်မားသောအရပ်ရှိသည်က ကျူးယင်ကိုဖိအားဖြစ်စေသည်။ လူကောင်သေးတဲ့ကျူးယင်ဟာ မလူးသာမလိမ့်သာအနေအထားမှာရှိနေသည်။ ကြည့်ရတာ ဤသည်ကသူ့ဘဝရဲ့အမဲစက်ဖြစ်လာတော့မည်။


ယောကျၤားတန်မဲ့အခုလိုဖြစ်ပျက်ခိုင်းလိုက်ဖို့ကို သူမည်သို့ခွင့်ပြုနိုင်ပါမည်လဲ။ ကျောင်းရွှမ်ဟာအသိစိတ်မကပ်တော့ဘူးထင်ရသည်  သူ့ကို သေချာအရသာခံဖို့ပြင်နေပြီ။ ကျူးယင်ဒေါသထွက်လွန်းလို့သူ့ကိုယ်ပေါ်ကကောင်ကိုသတ်ပစ်လိုက်ချင်ပြီ။ သို့ပေမယ့်ဘာမှမတတ်နိုင်ပြန်တော့ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရအတော်ဖြစ်လာသည်။ အန္တရာယ်အရှိဆုံးအခြေအနေနဲ့နီးကပ်လာသည့်အခါ ကျူးယင်အံကိုတင်းတင်းကြိတ်ရင်းဆုံးဖြတ်ချက်ချလိုက်သည်။ သူဟာမိန်းမတစ်ယောက်မဟုတ်ပေမယ့် သူ့သိက္ခာနဲ့အရှက်တရားက သူ့ကိုထိုသို့ပြုမူခွင့်မပြုနိုင်ပေ ဒါကြောင့်သူသေဖို့သာရွေးချယ်လိုက်သည်။ မသေခဲ့ရင်တော့ ဒီကောင့်ကိုသူရိုက်နှက်ဆုံးမပါဦးမည်...

ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းကအလွန်နာကျင်ရသည်။ နည်းများစွာထဲမှ လျှာကိုက်သေတာကမချိမဆန့်ဝေဒနာခံစားရကြောင်း ကျူးယင်နားလည်လိုက်ရချိန်မှာတော့ အမှန်တကယ်အဆုံးသတ်ဖြစ်နေလောက်ပြီ။


"ကျူးယင် ကျူးယင် ဘာလုပ်တာလဲ ပါးစပ်ဖွင့်စမ်း ပါးစပ်ဖွင့်စမ်း မင်းသေဖို့ငါခွင့်မပြုဘူး ကျူးယင်...."


------



rate now:

7 Reviews
  • reader Maythuzar 26.02.2020, 02:42 5

    Good

    reply

  • reader KayLay 20.01.2020, 04:57 5

    😍

    reply

  • reader WinWin 12.12.2019, 08:28 5

    Fighting

    reply

  • reader Essence_Flame 12.12.2019, 06:32 5

    🥰

    reply

  • reader HarryLinMyat 06.12.2019, 16:29 5

    အပိုင်း၁နဲ့တင် ဇာတ်လမ်းကိုအရမ်းစိတ်ဝင်စားသွားပါပြီနော် နောက်အပိုင်းတွေကိုလည်းအားပေးနေပါမယ်လို့ 😍

    reply

  • reader SharHsuMyat 23.11.2019, 03:12 5

    သာသာရေးသမျှအကုန်ကြိုက်တယ်😁♥

    reply

  • reader SumoLay 23.11.2019, 02:59 5

    သာသာရေ အားပေးနေတယ်နော်

    reply