book

Index 6

Part-3.1

Part-3.1


ဆစ်ကျီ နတ်မင်း၏ နန်းဆောင်မှ ပြန်လာတော့ ယီမင်က တိတ်ဆိတ်နေသလောက် ရင်းအာက တက်ကြွနေသည်။ သူမက သူမ၏ တူလေး ကျိုးယွီကို တခြားသော တူတွေ တူမတွေထက် သဘောကျသည်။ မျက်ဝန်းတွေ ပြာနေတာကြောင့်ဟု ယူဆဖို့ ရှိသလို သွေးကြောတွေကလည်း ခရမ်းရောင် ဖြစ်နေတာကြောင့်ဟု ဆို၍ ရသည်။ သူမသည် အပြာရောင်အား ထိုမျှထိ နှစ်သက်လေသည်။


သူမက အတန်ကြာ ပျော်ရွှင်နေပြီးမှ ကောင်းကင် အကာကွယ် နန်းဆောင်အတွင်းသို့ ရောက်မှ သူ တိတ်ဆိတ်နေတာကို သတိထားမိဟန် ပေါ်သည်။ သူ့အနားသို့ အလိုက်သတိ တိုးကပ်လာခဲ့ပြီးမှ.. သူ့မျက်နှာပေါ်တွင် တွဲကျနေတတ်သည့် ဆံချည်မျှင်တွေ တစ်မျှင်စ နှစ်မျှင်စကို သပ်တင်ပေး၏။ ဒါက သူ စိတ်ညစ်လာတိုင်း သူမ လုပ်ပေးနေကျ ဂရုစိုက်မှု တစ်ခု ဖြစ်လေသည်။


“ယီမင်.. မင်း သိပ်ဝမ်းနည်းနေတာ.. ငါရင်ထဲထိတောင် ရောက်လာတယ်..”


ဒီလို စကားတွေက ဟုတ်သည်ရှိ မဟုတ်သည်ရှိ သူ ငြိမ်သက်သွားတိုင်း သူမက ဆိုတတ်သလို သူမကိုယ်တိုင်လည်း ငြိမ်သက်သွားတတ်သည်။


“ဟုတ်လား.. ငါ အဲ့လောက် သိသာသွားလား..”


“ဟုတ်တယ်.. မင်းဝမ်းနည်းနေတာ မင်းရဲ့ နန်းဆောင်ထဲက ပန်းတွေတောင်မှ သိတယ်.. မင်းငိုချင်နေတာလား..”


“မဟုတ်ဘူး.. ငါက မင်းငိုသွားမှာ စိုးတာပါ.. ပြီးတော့.. မင်းမခံနိုင်မှာကို ကြောက်နေတာ..”


“မင်းက ကြောက်နေတယ်..”


ယီမင် မျက်လုံးတွေကို စုံမှိတ်လိုက်ပြီးမှ.. သူ့ရှေ့ရှိ သူမရဲ့ ခါးလေးကို ဆွဲဖက်လိုက်ကာ..


“ဟုတ်တယ်.. မင်းရဲ့ နက္ခမှာ တစ်ခါမှ ဝင်မစီးဖူးတဲ့ ဝမ်းနည်းခြင်း နက္ခ ရှိနေတယ်..”


“ဝမ်းနည်းခြင်း နက္ခ ဟုတ်လား.. ငါက ဝမ်းနည်းရမှာလား.. ငါက တော်ရုံ ဝမ်းမနည်းတတ်ပါဘူး..”


“ဟုတ်တယ်.. မင်းက တော်ရုံဆို ဝမ်းမနည်းတတ်ဘူး.. အဲ့တာကြောင့် အကြောင်းအရာက ပိုပြီး ကြီးမားနေမှာကို စိုးရိမ်မိတာ..”


“ငါ ခံနိုင်ရည် ရှိမှာပါ မင်း ငါ့လက်တွေကို အခါတိုင်း လိုပဲ တွဲထားမှာ မဟုတ်လား..”


“ဟုတ်တယ် ငါ မင်းလက်တွေကို တွဲထားမှာပါ..”


“အဲ့တာဆို ရပြီ.. ငါတို့ အတူတူ ကျော်ဖြတ်တာပေါ့..”


ယီမင် ဘာမှမပြောမိတော့ပဲ သူမ၏ ဆံပင်တွေ အတွင်းသို့ မျက်နှာကို ထိုးဖွက်ထားလိုက်မိသည်။ ငါတို့ ကလေး ဆုံးရှုံးရမယ်လို့ သူ မပြောနိုင်ပါ။ သူမ၏ မျှော်လင့်ချက်တွေ ဘယ်လောက်ပဲ သေးငယ်နေပါစေ မဖျက်စီး ရက်ပါ။


@@@@@@@@@@@@


ဆစ်ကျီ နတ်မင်း၏ နန်းဆောင်အတွင်း ကျိုးရင်း နတ်ဘုရားမ၏ ကလေးငယ်အား.. နတ်သတ်ကယ် ရေခဲ အတွင်းသို့ ထည့်မည်မို့ ရင်းနှီးသော နတ်တစ်စုသာ ရောက်ရှိနေ၏။ ဆစ်ကျီ နတ်မင်းကတော့ တပည့်မကို ဘာမှ မပြောပဲ တလင်းရေကန်အတွင်းရှိ ကြာရွက်ပေါ်တွင် ထိုင်ကာ ပန်းချီဆွဲနေသည်။ ဆစ်ကျီ နတ်မင်း၏ အရှေ့တွင် ရှင်းရောင်းဆိုသော အစေခံငယ်လေးက အဝတ်လျှော်နေ၏။


နတ်မင်းသားနှစ် ချင်းရန်.. နတ်မင်းသား လေး ချင်းဆစ်.. နှင့် ကျိုးလျန် နတ်မင်းတို့ ဇနီးမောင်နှံ ရောက်ရှိနေပြီး ကျိုးရင်းက တလင်းဂူအား.. နတ်အစွမ်းဖြင့် ပတ်ပတ်လည်ကို အေးခဲ စေလိုက်သည်။ တလင်းဂူအတွင်းတွင် ခရမ်းရောင် ရေခဲတွေ ရိုက်ခတ် သွားပြီ ဆိုမှ.. အတွင်းသို့ လှမ်းဝင်လိုက်ပြီး.. ကြာဖူးသဏ္ဍာန် နတ်သက်ကယ် ရေခဲအား စိမ့်စမ်းပြာမှ ကောင်းကင်သို့ ဆင့်ခေါ်လိုက်သည်။


အဖြူနှင့် ခရမ်းပြာ ရောနေသော ထိုကြာဖူးသဏ္ဍာန် ရေခဲရောက်လာတော့ ရင်းအာက ဘယ်ဘက် လက်ချောင်းလေးများဖြင့် မထိအောင် ဖမ်းထိန်းထားလိုက်ပြီး.. ညာလက်လက်ဖြင့် ပွင့်ဟစေလိုက်သည်။ ပြီးမှ သူမ၏ နှုတ်ခမ်းမှ အနီရောင် သန္ဓေသားငယ်၏ ဝိဉာဉ်ကို ထုတ်ယူလိုက်ပြီး.. ထိုအတွင်းသို့ ဝင်စေလိုက်သည်။


“ငါ သူမ အနီရောင် အနည်းငယ် သဘောကျလာတာကို မထူးဆန်းတော့ဘူး.. သန္ဓေသားက အနီရောင် စွမ်းအားပဲ ထူးဆန်းတယ်..”


ကျိုးလျန်က သန္ဓေသားအား မြင်တော့ ထိုသို့ ပြောလိုက်သည်။ ယီမင် မပြုံးနိုင်သေးပါ။ သို့သော် ယီမင်က ရှေ့သို့ တိုးလိုက်ပြီးမှ.. ကောင်းကင် အကာအကွယ် နန်းဆောင်အတွင်းရှိ.. ကောင်းကင် အလင်းတန်းအား ဆင့်ခေါ်လိုက်ပြီး..


“ငါ မင်းကို အဖေတစ်ယောက် အနေနဲ့.. ကောင်းကင်အလင်းတန်းရဲ့ စွမ်းအားတစ်ဝက်ကို ထည့်ပေးလိုက်မယ်.. မင်း ပိုပြီး သန်မာပါစေ..”


ထိုကြာဖူးသဏ္ဍာန် ကောင်းကင်သန္ဓေသားအိမ် အတွင်းသို့ ကောင်းကင် အလင်းတန်းအား ထည့်ပေးလိုက်တော့ ပတ်ဝန်းကျင် တစ်ခုလုံး အဖြူရောင် အလင်းတစ်ချက် ဝင်းခနဲ ဖြစ်သွား၏။ ရင်းအာက ယီမင်အား ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လာပြီး ကောင်းကင် သန္ဓေသားအိမ်ကို ပိတ်လိုက်သည်။ လက်ဖြင့်.. ဝှေ့ယမ်းလိုက်တော့ ကလေးငယ်၏ ဝိဉာဉ်ရှစ်ခုကို အတွင်းတွင် လှမ်းမြင်ရသည်။ ထို့ကြောင့်.. ကျိုးလျန်က..


“ငါ့ညီမက အမျှော်အမြင် ကြီးလွန်းတယ်.. ကျိုးနတ်မျိုးနွယ်တွေက ဝိဉာဉ်ခွဲဖို့ အခက်ခဲဆုံး ပညာမှာ သူက တစ်ခါတည်း ခွဲပြီးသား ဖြစ်စေတယ်..”


“အစ်ကိုနှစ် ချီးကျူးလွန်းပါပြီ.. တကယ်လို့ မင်းရဲ့ နောက်ထပ် ကလေးကို ကောင်းကင် သန္ဓေသားနဲ့ မွေးချင်ရင် ရတယ်..”


“မလိုတော့ဘူး.. မင်းလို ယွဲ့အော်က မကြောက်ဘူး..”


ကျိုးလျန် ပြောလိုက်တာကို တခြားသော နတ်မင်းသား နှစ်ပါးနှင့် ဖုန်းယွဲ့က ခပ်တိုးတိုး ရယ်သည်။ ထိုစဉ်..


“ရင်းရင်း.. ရင်းရင်း..”


တလင်းနန်းဆောင် အတွင်းသို့ ရေမင်းသား လုချီက ဝင်လာပြီး ဘေးနားတွင် သူ့ဇနီး ရေသူမင်းသမီးက ပါလာသည်။ ရေသူမင်းသမီး ယွီအာ၏ လက်အတွင်းတွင် ရွှေရောင်တောက်နေသော ဥတစ်လုံးကို တယုတယ ပွေ့ချီထားသဖြင့် ရင်းအာ တစ်ချက် ပြုံးလိုက်ပြီးမှ..


“လုချီ.. မင်းက ငါ့ဆီ ဘာလာ လုပ်တာလဲ..”


“မင်းရဲ့ သန္ဓေသားကို ဖန်တီးတယ်လို့ ကြားတာနဲ့ ချက်ချင်း ရောက်လာတာ ငါ နောက်ကျသွားပြီလား..”


“မင်း မမြင်ရတော့ဘူး..”


ရင်းအာ ပြောလိုက်တော့.. လုချီက မတတ်နိုင်ဘူး ဆိုသော သဘောဖြင့် ပုခုံးတွန့်လိုက်ပြီးမှ.. သူ့ဇနီးလက်အတွင်းရှိ ရွှေရောင်ဥလေးကို တယုတယလေး.. ပွေ့ချီလိုက်ကာ..


“ရှောင်းဇီအာ.. ဒီက မာနကြီးပြီး နည်းလမ်းမကျတဲ့ ဒေါ်လေးကို နှုတ်ဆက်လိုက်ပါအုံး..”


လုချီက ထိုသို့ ပြောတော့.. ထိုဥငယ်လေးက တစ်ချက်မျှ လှုပ်ရှားလာ၏။ ရင်းအာ မမြင်ဖူးသော မြင်ကွင်းမို့ ဥငယ်လေးကို ပွေ့ယူချင်စိတ် ဖြစ်လာ၏။ ထို့ကြောင့်..


“ငါ ခဏ ကိုင်ကြည့်မယ်..”


ရင်းအာ မြန်မြန်လေး လှမ်းယူလိုက်တာကို လုချီက အတင်းပြန်လုတော့မလို ဖြစ်သွားသေးလျက်..


“ဖြည်းဖြည်း ဖြည်းဖြည်း.. ငါတို့က မြောက်ပိုင်းရေပင်လယ်က ဒီလိုပဲ ဥကနေ ပေါက်တာ မင်းကို ပြောပြဖူးပါတယ်..”


rate now:

6 Reviews
  • reader Lwin mar oo 21.01.2020, 07:09 5

    Good

    reply

  • reader KhaingThitsar 20.01.2020, 05:43 5

    😍😍😍

    reply

  • reader AmayarNyein 20.01.2020, 02:05 5

    ချစ်တယ် မမစွဲ ကျိုးဟူ ကို မြန်မြန်ခေည်ပေးပါတော့

    reply

  • reader MayMyatMoeMyint 12.12.2019, 04:20 5

    good

    reply

  • reader hnoungeithwin 26.11.2019, 13:45 5

    Good

    reply

  • reader JuliusJulius 25.11.2019, 05:25 5

    Very good. I love u.

    reply