book

Index 5

Part-2.3

‘မင်းအဲ့ဒီအကြောင်းကို ပြောတိုင်း ပြုံးရယ်တတ်တယ် တော်သေးတယ် မင်း အဲ့လို ပြေးလွှားပြီး ဆော့ဖို့ပဲ ဆန္ဒရှိနေခဲ့လို့’


‘ယီမင် ငါ့အထင် ပြောရရင် ငါ့ဗိုက်က ပူနေရင် လှမှာ မဟုတ်ဘူး အဲ့တာကြောင့် ငါ အမြဲတမ်း ငါ့ဗိုက်ကို ဖုံးအုပ်ထားတာ’


ထိုအခြေအနေကို ကြောက်ရွံ့နေသော သူမအား မရယ်ပဲ မနေနိုင်စွာ ယီမင် မျက်နှာကို လက်ဖြင့် ကာလျက် ရယ်မိသည်။


‘ရင်းအာ မင်းက တကယ်ပဲ ချစ်ဖို့ ကောင်းလွန်းတယ်’


‘ဆရာက ငါ့ကို ခေါ်ထားတာ မင်းလည်း လိုက်လာမှာ မဟုတ်လား’


‘အင်း’


ဆစ်ကျီ နတ်မင်း၏ နန်းဆောင်သို့ ရောက်တော့ နန်းဆောင်တစ်ခုလုံးက တလင်းရေကန်၏ အနီရောင် ကြာပန်းရနံ့ကို ရလိုက်သည်။ နန်းဆောင်တစ်ခုလုံးအား ရှင်းလင်းနေပြီး မနီးမဝေးတွင် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။ ကြည်စင် ဝင်းပနေသော အသားအရေနှင့် ထိုမိန်းကလေးက ဆစ်ကျီ နတ်မင်း၏ နန်းဆောင် အရှေ့ရှိ ပန်းပျိုးဘောင်ကို စမ်းကိုင်လျက် ပျိုးနေသည်ကို တွေ့ရသဖြင့် ရင်းအာ ထိုအနီးသို့ သွားလိုက်မိသည်။


ထိုနတ်သူငယ်မလေးက ရင်းအာ အနားသို့ ရောက်သွားတော့ နှုတ်ခမ်းလေးတွေ ကွေးညွှတ်လျက် ပြုံးလိုက်ပြီးမှ


‘ဒီအနံ့က နယ်ပယ် တစ်ဆယ့်ခြောက်ခုလုံးမှာ စိုက်ပျိုးလို့ မရနိုင်တဲ့ ဇောက်ထိုးပန်းပင်ရဲ့ အနံ့ပဲ မွေးတယ် ဒါပေမယ့် မြေနံ့နဲ့ ရေနံ့ပါ ပါတယ် ရှင်းရောင်း အရှေ့နားမှာ ရှိနေတာ စိမ့်စမ်းပြာ ရေအိုင်ပိုင်ရှင် ကျိုးရင်း နတ်ဘုရားမ ထင်တယ် ရှင်းရောင်း အရိုအသေ မပေးမိတာ တောင်းပန်ပါတယ်’


ထိုနတ်သူငယ်လေးက အရိုအသေပေးတော့ ကျိုးရင်း ဘာမှ မပြောမိပဲ ဆရာ၏ နန်းဆောင် အတွင်းသို့သာ လှမ်းဝင်လိုက်သည်။ ဆရာ၏ နန်းဆောင်က အခါတိုင်းနှင့် မတူပဲ စာဖတ်စားပွဲက နေသာသော ဖက်သို့ လှည့်လျက် အဝတ်လဲသော နေရာကလည်း အနောက်ဘက်သို့ ပို့ထားပြီး အလယ်တွင် ကြာပန်းနီ ကန်တစ်ကန်ကို ချထားပြီး ငါးများကို မွေးထားသည်။


‘ဆရာ နန်းဆောင်က မိန်းကလေးတစ်ဦး ရှိနေတာနဲ့ မရှိတာနဲ့ အရမ်းကို ကွာခြားတယ်နော်’


ဆရာက ရင်းအာ ပြောလိုက်တာကို မသိသလိုဖြင့်


‘မင်းပြောတာကို ငါ ဘာလို့ သေချာမရှင်းလင်းပါလိမ့် ထားလိုက်ပါတော့ ရင်းအာ မင်းရဲ့နက္ခက သိပ်ပြီး မကောင်းဘူးလို့ ပြသနေတယ် မင်းကို ကြိုတင်ပြီး သတိထားစေချင်လို့ ခေါ်လိုက်တာ’


‘ကောင်းပါပြီ ဆရာ ဒါပေမယ့် ဆရာနဲ့ ယီမင်က စိုးရိမ်တာ အရမ်းပိုလွန်းတယ်လို့ ရင်းအာ ခံစားမိနေတယ်’


‘ကောင်းပြီ ငါ့နန်းဆောင်ရဲ့ ပြောင်းလဲမှုတွေကို မင်း သွားမကြည့်ချင်ဘူးလာ တလင်းဂူထဲမှာကော သွားကြည့်ပါအုံး’


‘ကောင်းပြီ ယီမင် ငါ ခဏသွားလိုက်မယ်’


‘ကောင်းပြီ ငါမင်းကို ဆရာတူ အစ်ကိုနဲ့ စကားပြောရင်း စောင့်နေမယ်’


‘ရှင်းရောင်း သူ့ကို လိုက်ပြပေးလိုက်’


ဆစ်ကျီ နတ်မင်းက ထိုနတ်သူငယ်လေးကို ပြောသော်လည်း ကျိုးယွီက အနားသို့ ရောက်လာပြီးမှ


‘ဒေါ်လေး မလာတာတောင် ကြာလှပြီ ဆရာ့ရဲ့ နန်းဆောင်က ညီမလေးရှင်းရောင်းရဲ့ လက်ရာအတိုင်း အများကြီး ပြောင်းလဲ သွားပြီ’


‘ညီမလေး’


ကျိုးယွီ ခေါ်တဲ့ အတိုင်း လိုက်လာပြီးမှ ထိုသို့ ပြောတော့ ကျိုးယွီက ဖြူစင်စွာ ရယ်ပြလိုက်ရင်း


‘ရှင်းရောင်းက အခုမှ နှစ်သုံးသောင်းတောင် မပြည့်သေးဘူး သူက ကျွန်တော့်ထက် ငယ်တယ်လေ’


‘သူမက လှတယ် ရှင်းရောင်းဆိုတော့ သူမက ကြယ်တာရာ ဒေသကလား’


‘သူက ကြယ်တာရာ ဒေသရဲ့ နောက်ဆုံးကျန်တဲ့ မျိုးဆက်လေ’


‘ဟုတ်လား အဲ့တာကြောင့် သူ့ရဲ့ အသားအရေက အရမ်းကို လှနေတာ’


‘ဒေါ်လေးကို မမှီပါဘူး’


သူမကို မြောက်ပြောနေသော တူငယ်အား လက်ဖြင့် နဖူးကို ရိုက်လိုက်ပြီးမှ


‘ပြောတတ်တယ် အဒေါ် စိတ်ချမ်းသာအောင်’


‘ဒေါ်လေး စိတ်မချမ်းသာအောင် လုပ်ရဲတဲ့သူ ဒီနတ်လောကမှာ မရှိသေးဘူး’


‘ဟား ဟား ဟား ဟား’


@@@@@@@@@


ရင်းအား ဆစ်ကျီ နတ်မင်း၏ နန်းဆောင်နှင့် ဝေးသွားပြီ ဆိုမှ ဆစ်ကျီ နတ်မင်းအား


‘ဆရာတူအစ်ကို ယီမင်ကို ပြောဖို့ ရှိတာ တစ်ခုခု ရှိတယ် ဆိုရင် ပြောလို့ ရပါပြီ’


‘ကောင်းပြီ မင်း အရင်ထိုင်လိုက်ပါအုံး’


ယီမင် ဆစ်ကျီ နတ်မင်း၏ အရှေ့တည့်တည့်တွင် ဝင်ထိုင်လိုက်ပြီးမှ


‘ပြောပါ’


‘မင်းလည်း နက္ခပညာ သင်ဖူးတာပဲ မင်း ရင်းအာရဲ့ နက္ခကို တွက်ကြည့်လိုက်’


ယီမင်က လက်ချောင်းလေးတွေ လှုပ်လိုက်ပြီး နောက်တွင်


‘ဝမ်းနည်းခြင်း နက္ခ နှစ်တစ်သိန်းကျော်မှ ရင်းအာက ဒါကို ပြန်ပြီး ကြုံတွေ့ရမှာလား သူအိပ်သွားအုံးမှာလား’


‘ငါလည်း သိပ်ပြီး မသေချာဘူး သူက ဝမ်းနည်းခြင်း နက္ခကို ဆုံးရှုံးရခြင်း နက္ခနဲ့ ယှဉ်တွဲနေတော့ သူမက တန်ဖိုးထားတာ တစ်ခုခု ပျောက်ဆုံးပြီး ဝမ်းနည်းရလိမ့်မယ်လို့ ငါ ဆစ်ကျီ ထင်မိတယ်’


‘ဆရာတူ အစ်ကို ပြောချင်တာက’


ယီမင် မပြုံးနိုင်တော့ပါ ထို့ပြင် ဒီနေ့မှာမှ သူမ ပျော်နေတာကို တွေ့ခဲ့ရသေး၏။ သူမက ဘယ်နေ့ ဝမ်းနည်း ကြေကွဲ ရမလဲ၊


‘ကောင်းကင် သန္ဓေသား ရင်းအာရဲ့ ရှေ့ဆက်မယ့် ကံတရားနက္ခထဲမှာ ကလေးမပါဘူး’


‘ငါတို့ ကလေးကို ဆုံးရှုံးရမှာလား’


ယီမင်၏ လေသံက အနည်းငယ် တုန်ရင်သွား၏။ ဆစ်ကျီနတ်မင်းက မပြောရက်သော မပြောလိုသော အကြည့်တို့ဖြင့် ယီမင်အား ငေးစိုက်ကြည့်နေသည်။


‘ငါတို့ နှစ်တစ်သိန်းမှာမှ ပထမဆုံး ကလေးလေ ပြီးတော့ ရင်းအာ သူ အရမ်းမျှော်လင့်ထားတာ ဒါအတွက်နဲ့ သူ အရက်တောင် မသောက်ပဲ နေတာ သူ အဆုံးရှုံးခံနိုင်မှာ မဟုတ်ဘူး’


‘ငါလည်း သိပ်မရှင်းလင်းဘူး ဒါပေမယ့် မင်းပိုပြီး သတိထားပါ ယီမင်’


‘ယီမင် သိပါပြီ’


ယီမင် ထိုင်နေရာမှ ထရပ်လိုက်ကာ ရင်းအာကို နန်းဆောင်အပေါ်မှ လှမ်းကြည့်တော့ သူမက သူမ၏တူလေး ကျိုးယွီအား ဝိဉာဉ်များကို ထုတ်ပြပြီး ရယ်မောနေသည်။ ~~ရင်းအာ မင်းရယ်နေတာကို ကံတရားနက္ခက မနာလိုဘူးနဲ့ တူပါတယ်~~


@@@@@@@@@


rate now:

5 Reviews
  • reader Lwin mar oo 21.01.2020, 07:08 4.9

    Good

    reply

  • reader KhaingThitsar 20.01.2020, 05:41 4.7

    😍😍😍

    reply

  • reader MayMyatMoeMyint 12.12.2019, 04:20 5

    good

    reply

  • reader ခ်စ္ခြန္းသစၥာ 05.12.2019, 13:03 5

    liie

    reply

  • reader JuliusJulius 25.11.2019, 05:24 5

    So good I love u.

    reply