မြေခွေးလေး၏ ချစ်ခြင်းဒဏ္ဍာရီ (အပိုင်း-၂)
@@@@@@@@@@@@@@@@@
Part-2.1
အိမ်ရှေ့မင်းသား တလီယီမင်နှင့် စိမ့်စမ်းပြာမှ ကျိုးရင်း နတ်ဘုရားမ တို့၏ မင်္ဂလာ သက်တမ်း နှစ်တစ်သိန်းပြည့်ပွဲ၊
အိမ်ရှေ့မင်းသား၏ ကောင်းကင် အကာကွယ် နန်းတော်မှ ကောင်းကင်တိမ်တောင် ထိ အပြာရောင် ပန်းဝတ်လွှာများဖြင့် လှပသေသပ်စွာ ကျဲချထား၏။
ကောင်းကင်၏ ရာသီဥတုက တစ်မျိုးတည်း ဖြစ်သော်လည်း ယနေ့မှ ပိုပြီး သာယာနေသလို ထင်ရအောင်ပင် သက်တန့်နတ်သမီးက အလှဆင်ထားပေး၏။ မိုးနတ်သမီးနှင့် တိမ်နတ်သမီးကလည်း အလိုက်သတိပင် ဖယ်ရှားထားပေးခဲ့သည်။
လင်းလက် တောက်ပနေသော နေရောင်အောက်တွင် ပွဲပြင်ဆင်ထားသော အခမ်းအနားက ရေပြာရောင် ကျောက်တို့ဖြင့် ပိုပြီး အပြာရောင် လွှမ်းနေသည်။ လော့အော်အား မင်္ဂလာဆောင်ပွဲ ပြီးကတည်းက ကျိုးရင်းက ကောင်းကင်သို့ အလည်ခေါ်လာခြင်း ဖြစ်၏။
သူမက နတ်မြေခွေးဖြူ ခေါင်းဆောင်၏ ဇနီး၏ မောင်နှင့် လက်ဆက်ထားခြင်းမို့ ယီမင်က နတ်မြေခွေးဖြူတို့နှင့် အခြေအတင် မဖြစ်လိုတာကြောင့် စကားမပြောသော်လည်း တားမြစ်ခြင်း မပြုပေ။
‘ရင်းအာ မင်း ဒီ အပြာရောင် အဝတ်အစားကို အရမ်းနှစ်သက်တာပဲလား’
ယီမင်က ထိုသို့ လှမ်းမေးလိုက်တော့ ရင်းအာက တစ်ချက်မျှ ပြုံးလိုက်ပြီးမှ လက်ဖြင့် ဝှေ့ယမ်းလိုက်ပြီး အနီရောင်သို့ ပြောင်းလိုက်သည်။ ယီမင်အား ပြန်မော့ကြည့်လိုက်ပြီး
‘ရပြီလား’
ယီမင်က သူ့ဝတီအတိုင်း ခပ်ယဲ့ယဲ့လေး ပြုံးပြီးမှ
‘မင်းနှစ်သက်တယ် ဆိုရင် အပြာရောင်လည်း အဆင်ပြေပါတယ်’
‘အခုနောက်ပိုင်း ငါ အနီရောင်ကို နှစ်သက်လာတယ် မဆိုစလောက်လေးပေါ့’
နှစ်နှစ်သိန်းကျော် ရှင်သန်လာခြင်းမှာ သူမက အနီရောင်ကို နှစ်သက်တတ်လာတယ် ဆိုတာက သေးငယ်သည်ဟု ထင်ရပေမယ့် ယီမင်အတွက်တော့ ထိုသို့ မဟုတ်ခဲ့ပေ။
‘မင်းထူးထူးခြားခြား အနီရောင်ကို နှစ်သက်လာတယ် ဆိုတော့ ငါ လုချီဆီကနေ အပြာရောင် ရေပြာကျောက်တွေ တောင်းထားတာ ကျေးဇူးတင်ဖို့ မကောင်းတော့ဘူးနဲ့ တူတယ်’
‘မဟုတ်တာ အပြာရောင်က ငါ့အတွက် ပင်မ အရောင်ပဲလေ ပြောင်းလဲဖို့ မလိုပါဘူး’
‘ကောင်းပြီလေ ငါတို့ သွားကြမယ်’
ကောင်းကင် အကာကွယ် နန်းဆောင် အတွင်းမှ ထွက်လာပြီး တိမ်တောင်ရေကန် အနားသို့ ရောက်လာ၏။ ယီမင်က ရင်းအာ၏ လက်ကို လှမ်းပြီး ဆုပ်ကိုင်လိုက်ကာ ပြင်ဆင်ထားသော နေရာသို့ ခြေလှမ်းချလိုက်သည်နှင့်
‘ငါ့အနားမှာ နှစ်တစ်သိန်းနေပေးခဲ့တာ ဘာနဲ့မှ မလဲနိုင်ဘူး ရင်းအာ ဆက်ပြီး ရှိနေပေးပါ’
ယီမင်က ထိုသို့ ပြောလာတော့ ရင်းအာက နှစ်သက်စွာ ပြုံးလိုက်ပြီးမှ
‘ငါ့ဆီမှာ နှစ်တစ်သိန်းလုံး အကြောင်းပြချက် တစ်ခုခုကြောင့် နောက်ထပ် မိန်းကလေး တစ်ဦး လိုအပ်တယ်လို့ မတောင်းဆိုခဲ့တာ ကျေးဇူးပါ နောက်လည်း အဲ့လို နေပေးပါ’
သူမ စကားကြောင့် ရောက်လာသူတွေ အားလုံး ရယ်မောကြသည်။ ကျိုးရင်းက ဘယ်သူ့မျက်နှာမှ မကြည့်ပဲ ကျိုးလျန် နတ်မင်း ကမ်းပေးလာသော သေရည်ကို လက်လှမ်းလိုက်သည်။ သို့သော် ချက်ချင်းပဲ လက်ကို ရုတ်သိမ်းလိုက်ကာ နှုတ်ခမ်းကို လျှာဖြင့် သပ်သည်။ ပြီးမှ ခေါင်းယမ်းလိုက်ပြီး
‘လောလောဆယ် သေရည်မသောက်တာ ရှစ်နှစ်ရှိပြီ အစ်ကိုလတ်’
‘ရင်းအာ’
ဆစ်ကျီ နတ်မင်းက အနားသို့ ရောက်လာပြီး ခေါ်လိုက်ကာ ဒူးထောက် ဂါရဝပြုလိုက်သည်။ ဒါက ကျိုးရင်း ဆိုတာ ဘယ်လို မောက်မာတတ်သော်လည်း ဆရာဖြစ်သူကို အလွန်အလေးအမြတ် ထားတတ်တယ် ဆိုသော ပြယုဂ် တစ်ခု ဖြစ်လေသည်။ ဆစ်ကျီ နတ်မင်းက ရင်းအာကို ဆွဲထူလိုက်ပြီးမှ ရင်းအာကအဝတ်တွေကို ငုံ့ကြည့်လိုက်ပြီး
‘ဆရာ ဘယ်လို ဖြစ်ပြီးတော့ အဖြူရောင် မဟုတ်ပဲ ပန်းနုရောင် အဝတ် ဖြစ်နေတာလဲ’
ဆစ်ကျီ နတ်မင်းက သူ ဝတ်ထားသော အဝတ် တစ်ချက်မျှ ငုံ့ကြည့်လိုက်ပြီးနောက်
‘ငါ့ဆီမှာ နတ်မင်းသားနှစ် ပို့ထားပေးတဲ့ အစေခံငယ် တစ်ဦး ရှိတယ် သူက မျက်လုံးကွယ်နေတယ် အဖြူရောင် အကိုနီရောင် ကြာပန်းနဲ့ ရောလျှော်လိုက်တော့ ငါအဝတ် အကုန်လုံးက ဒီလို ဖြစ်နေတယ်’
အဝတ်အဖြူတွေချည်းပဲ ဝတ်နေကျမို့ ရင်းအာမေးလိုက်တော့ ဆစ်ကျီ နတ်မင်းက အရေးမကြီးဟန်ဖြင့် ဖြေသည်။ ရင်းအာက တအံ့တသြဖြင့်
‘အစေခံ’
ရင်းအာ နောက်ထပ် တစ်ကြိမ် အံ့သြသွားပြန်သည်။ သို့သော် ဆစ်ကျီ နတ်မင်းက အပြစ်တင်လိုက်သော မျက်လုံးတို့ဖြင့်
‘ရင်းအာ မင်းက ငါ့နန်းဆောင်ကို မလာတာ ကြာတော့ ငါ့နန်းဆောင်မှာ အစေခံအသစ် ရောက်နေတာကို မသိဘူးလား’
‘အစေခံ ဆရာက အစေခံတွေ ရှိနေတာကို မနှစ်သက်ပါဘူး’
‘ဟုတ်တယ် ငါက အစေခံတွေ ရှိနေတာကို မနှစ်သက်ဘူး ဒါပေမယ့် အခု နတ်မင်းသားနှစ်ရဲ့ ကူညီပေးမှုကြောင့် ငါ့ဆီမှာ အစေခံ တစ်ဦး ရှိတယ် သူက မျက်လုံးမမြင်ရဘူး ငါ့အဝတ်တွေကို တလင်းရေကန်က ကြာနီတွေနဲ့ ရောလျှော်လိုက်တာ ငါ့ အဝတ်အဖြူတွေက အခုလို ဖြစ်သွားတာပဲ ဒါလည်း မဆိုးပါဘူး’
‘မဆိုးပါဘူး ဟုတ်လား ဆရာ မင်းက နတ်သူငယ် မိန်းကလေးတွေ ဝတ်ထားတဲ့အဝတ်အရောင်နဲ့ တူနေပြီ မဆိုးပါဘူး ပြောသေးတယ်’
‘ငါက တက်မက်မှု ကင်းစင်တဲ့ အကျင့်ကို ကျင့်ကြံနေတာအဝတ် အရောင်လေး ပြောင်းလဲသွားရုံလောက်နဲ့ ငါက အပြစ်ကြီး တစ်ခုလို ဗွေယူနေမှာ မဟုတ်ဘူး ငါက မင်း မဟုတ်ဘူး ရင်းအာ ဒီနေ့ ပွဲ ပြီးသွားရင် မင်း ငါနန်းဆောင်ကို အလည်လာခဲ့ပါ’
‘ရင်းအာ သိပါပြီ’
ဆစ်ကျီ ယီမင်ကို သီးသန့် လာစေချင်တာမို့ တစ်ချက်မျှသာ လှမ်းကြည့်ပြီး ထိုနေရာမှ ထွက်လာခဲ့တော့၏။ ယီမင်က သူ့ကို ဂါရဝပြု၏။ သူ နောက်ထပ်တစ်ကြိမ် ရင်းအာ၏ နက္ခကို ပြန်တွက်ကြည့်တော့လည်း ဝမ်းနည်းပူဆွေးရခြင်း အကြောင်းတရားက ရှိနေသေးသည်။ ထို့ကြောင့်
‘ယီမင် မင်း ကံကြမ္မာမှတ်တိုင်တောင်မှာ တစ်ခုခု ပြောင်းလဲနေလား သွားကြည့်သင့်တယ်’
ဆစ်ကျီနတ်မင်းမှ ပြောလိုက်တာကို ယီမင်က နားလည်သော ဟန်ပန်ဖြင့်
‘ယီမင် သိပါပြီ’
ဆစ်ကျီ နတ်မင်း၏ အရေးကြီးသော ဟန်ပန်မှန်း သိလိုက်တာမို့ ယီမင် ခဏတော့ တွေဝေသွားမိသည်။ သို့သော် ရေပြာရောင် ကျောက်များအား နှစ်သက်စွာ မော့ကြည့်ပြီး ကျေနပ်နေသော ရင်းအာကို လှမ်းကြည့်မိတော့ ထိုစိတ်တွေ အားလုံးက ကြည်သာခြင်းသို့ ပြောင်းလဲ သွားလေသည်။ သူမသည်သာ သူ၏ နယ်ပယ်တစ်ဆယ့်ခြောက်ခွင်လုံး ဖြစ်လေသည်။
‘အစ်ကိုနှစ် မင်းကို ငါထင်နေတာ မင်းက သားသမီး သုံးယောက်ဆိုရင်အဝတ်တွေ အရောင်မညီတော့ဘူးပေါ့ ဒါပေမယ့် ဖုန်းယွဲ့က ထိန်းသိမ်းတာ တော်တော့ အဝတ်တွေက အရောင်ညီမျှနေတုန်းပဲ’
ကျိုးလျန်၏ ဘေးနားမှ ဖုန်းယွဲ့က တစ်ခစ်ခစ် ရယ်သည်။ လေးယောက်မြောက်ကလေးကို လွယ်ထားသော ဖုန်းယွဲ့က အရင်ကလို ပြေးလွှားနေတတ်သော နတ်သူငယ်မလေး မဟုတ်တော့သော်လည်း ချစ်စရာ ကောင်းနေဆဲ ဖြစ်၏။
အစ်ကိုနှစ် ကျိုးလျန် ကိုယ်တိုင်က ကောင်းကင်၏ အရေးအခင်းများကို ဝင်မပါလို၍ တော်ဝင် နန်းဆောင်သို့ ပြန်မလာတော့ပဲ ရေအေးချောက် အတွင်း၌သာ အရှေ့ပင်လယ်မှ မီးနတ်တို့၏ စွမ်းအင်ဖြင့် နွေးထွေးစွာ နေနိုင်အောင် စီမံပြီး နေထိုင်သည်။
ပထမသား ကျိုးရန်၊ ဒုတိယသား လက်ရှိ ဆစ်ကျီနတ်မင်း၏ နန်းဆောင်တွင် နေသော ကျိုးယွီ၊ တတိယသမီး ကျိုးဖုန်း ကျိုးလျန် အချစ်ဆုံးသမီးလေး အဆော့မက်သော ကောင်မလေးက အသက်ရှစ်ရာပင် ရှိသေးသည်။
‘ရင်းရင်း ကျိုးရန်က အသက်တစ်သိန်းတောင် ရှိပြီ မင်းက ဘယ်လိုလုပ်ပြီး ကလေး တစ်ယောက်မှ မရှိတာလဲ’
ကျိုးလျန် နတ်မင်းက ထိုသို့ ပြောတော့ ရင်းအာ တစ်ချက်ပြုံးလိုက်ပြီးမှ အနီးတွင် ရှိသော သေရည်ခွက်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး
‘အစ်ကိုနှစ် မင်းဒီနေ့ ပွဲမှာ ဖျော်ဖြေမှာလား’
မသိသလိုဖြင့် မေးလိုက်တော့ ကျိုးလျန်က ခေါင်းညိတ်သည်။ စင်ပေါ်တွင် ပျောင်းနွဲ့စွာ ကနေသော နတ်မိမယ်လေးတွေကို တစ်ချက်မျှ ကြည့်လိုက်ပြီးတော့
‘ဒီနှစ်တစ်သိန်းမှာ ပြုလုပ်မယ့် တေးဂီတ ပြိုင်ပွဲကို သူ့မင်္ဂလာ နှစ်ပတ်လည် နေ့မှာ ကျင်းပမယ်လို့ ယီမင်က ပြောထားတယ် ပြီးတော့ ပွဲကို ယီမင်က ထူးထူးခြားခြား စီစဉ်မယ်လို့လည်း ဆိုထားတယ်’
‘ဟုတ်လား ဘယ်လိုမျိုးတဲ့လဲ’
ကျိုးလျန် နတ်မင်းက တွေးဆသော ဟန်ပန်ဖြင့် လက်တွင် ကိုင်ထားသော သစ်ရွက်စိမ်း ယပ်တောင်ကို ခပ်ရင်း ဆက်ပြောသည်။
‘ပုံမှန် အတိုင်း ဆိုရင် ယီမင်က ဒီလို တေးဂီလောက် ကိစ္စလေးနဲ့တော့ သူက ပွဲကို စီစဉ်ပေးတာမျိုး မရှိဘူး ဒီတစ်ကြိမ်တော့ သူက သိပ်ပြီး တက်ကြွလွန်းတယ်’
‘ဟုတ်လား’
စားပွဲပေါ်တွင် တင်ထားသော မုန့်အချို တစ်ခုကို ကောက်စားလိုက်ရင်း ရင်းအာ မသိသလိုဖြင့် မေးလိုက်သည်။ သို့သော် ကျိုးလျန်က ဆက်ပြီး တွေးဆနေသော ဟန်ပန်ဖြင့်
‘ဒီတစ်ကြိမ်ပွဲက လိုက်ဖက်ညီစေတဲ့ ဂီတကို ဖန်တီးရမယ်လို့ ပြောတယ် ပိုပြီး အဆင်မပြေ ဖြစ်စေနိုင်တာက တဖက်လူ ဘယ်သူ ဆိုတာကို တီးခတ်သူတွေက မသိရဘူးလေ သီဆိုသူတွေကလည်း မသိရပဲနဲ့ သီဆိုသူတွေရဲ့ အသံအလိုက် ငါတို့ တီးခတ်ရမှာ’