Uni
Part-9.3
“ကၽြန္ေတာ္က အႏွစ္သံုးရာ ရွိပါျပီ..”
“ဆရာက ႏုပ်ိဳေနတုန္းပါပဲ..”
ထိုစကားက ဦးေလး ပိုင္လင္ အလြန္အမင္း အားနာလြန္းစြာ ေျပာလုိက္ေသာ စကား ျဖစ္သည္ ဆုိတာကို ဟူအာ သိလုိက္သည္။ ထိုဆရာက ပန္းေရာင္စြမ္းအင္ကို ထုတ္လုိက္ျပီး ဟူအာထံသို႔ ေလွ်ာက္လာျပီး ပုခံုးကို လက္ျဖင့္ တြန္းလုိက္ရာ ဟူအာ လံုးဝ မေတာင့္ခံႏုိင္ပဲ လြင့္စင္သြား၏။ စမ္းသပ္လိုက္တာပဲ ျဖစ္ေသာ္လည္း.. ဟူအာက ဟုန္ရြယ္ႏွင့္ မတူညီပဲ နတ္စြမ္းအားအနည္းငယ္မွ်ကိုသာ သံုးႏိုင္သည္ျဖစ္ရာ ထုိသို႔ ေလ့က်င့္ရည္ ျပည့္ဝေနသည့္ စြမ္းအား တစ္ခုကို မတြန္းလွန္ႏုိင္ပဲ လြင့္စင္သြားျခင္း ျဖစ္၏။ ဟူအာ လူးလဲ၍ ထရပ္မည္ ျပင္လုိက္စဥ္ ဟူအာထက္ လ်င္ျမန္ေသာ ေရွာင္ေညာင္က ထုိဆရာေရွ႕သို႔ ခုန္ဝင္သြားျပီး..
“ျဖန္း.. ျဖန္း..”
“မင္း ငါ့သခင္ကို တုိက္ခုိက္ရဲတယ္.. ေသရမယ္..”
လက္ႏွစ္ဖက္ႏွင့္ ဘယ္ေရာ ညာေရာ ရိုက္ပစ္လုိက္၏။ ဟူအာ ပုခံုးကို လက္ျဖင့္ ဖိလိုက္ရင္းျဖင့္..
“ေရွာင္ေညာင္..”
ေရွာင္ေညာင္၏ ဆက္လက္ တုိက္ခိုက္လိုေသးေသာ ဟန္ပန္က တိခနဲ ရပ္တန္႔သြား၏။ ဆရာက အံၾကိတ္မ်ိဳသိပ္လိုက္ေသာ ဟန္ပန္ျဖင့္ ဟူအာအား..
“မင္းက ပိုင္မင္းၾကီးရဲ႕ သား ဆိုေပမယ့္.. နတ္စြမ္းအား မွာ နိမ့္က်ေနတယ္.. ေျမျပင္မွလမ္းကေလး စာသင္ေဆာင္မွာပဲ သင္ၾကားရမယ္..”
ထိုဆရာထြက္သြားဖို႔ ျပင္ေတာ့ ေရွာင္ေညာင္က သူမကိုယ္သူမ လက္ညိဳးထိုးရင္း..
“ငါကေရာ ဘယ္မွာ သင္ရမလဲ.. ငါက..”
ထိုဆရာက သူမအား အေရးမလုပ္ပဲ ထြက္သြားသျဖင့္.. သူမက ေျခေထာက္ပင္ ေဆာင့္လုိက္ေသး၏။ ထိုတစ္ခဏအတြင္း သူမ၏ လ်င္ျမန္ေသာ လႈပ္ရွားမႈအရ သူမသည္ တိုက္ခုိက္ေရး ကၽြမ္းက်င္ျပီးေသာ နတ္တစ္ပါး ျဖစ္သည္ ဆိုတာကို ဟူအာ ရိပ္မိလိုက္၏။
ေျမျပင္မွ လမ္းကေလး စာသင္ေဆာင္သို႔ လူငယ္တစ္ဦးက လိုက္ပို႔ေပးကာ.. ဟူအာ၏ လက္အတြင္းသို႔ သစ္သားဓားႏွင့္ ဝတ္စံုသံုးစံုကို ေပးလာသည္။ ဟူအာလက္အတြင္းမွ ဝတ္စံုတစ္စံုကို ေရွာင္ေညာင္က ယူသြားျပီး.. ခ်က္ခ်င္ပင္ လဲဝတ္လိုက္သျဖင့္ ဟူအာ ဘာမွမေျပာေတာ့ပဲ က်န္ေသာ ဝတ္စံုျဖင့္ လဲဝတ္လိုက္ရသည္။
အနီေရာင္အစင္းလိုင္း ပါဝင္ေသာ ဝတ္စံုက ဟူအာ၏ ေတာင့္တင္းေသာ ခႏၶာကိုယ္တြင္ ေသသပ္စြာ ေနရာယူသြားျပီ ျဖစ္၏။ သူ႔ေဘးမွ ေရွာင္ေညာင္က လိုက္လာသျဖင့္.. လူငယ္ဧည့္ခန္းမေဆာင္သုိ႔ သြားလုိက္ေတာ့.. အျပာႏုေရာင္ဝတ္စံုျဖင့္.. ဟုန္ရြယ္က အေျပးေရာက္လာျပီး.. ဟူအာႏွင့္အတူတူ.. ဦးေလးကို လာႏႈတ္ဆက္သည္။ ဦးေလးက ဟူအာအား.. အနားသို႔ တိုးလာျပီး.. သတိေပးစကား ဆိုသည္။
“ခုနတုန္းက ဆရာက မင္းတို႔ ေျမျပင္မွလမ္းကေလး စာသင္ေဆာင္ရဲ႕ ဆရာလို႔ ၾကားတယ္.. မင္း သတိထား.. ခုနတုန္းက သူ႔မ်က္လံုးေတြ မင္းကို ၾကည့္တာ သိပ္မရိုးရွင္းဘူး.. ျပီးေတာ့.. က်ိဳးမ်ိဳးႏြယ္ နတ္ေတြနဲ႔ ရင္းရင္းႏွီးႏွီးမေနနဲ႔.. ၾကားလား..”
“သိပါျပီ..”
ဦးေလး ျပန္သြားေတာ့.. ဟုန္ရြယ္က သူ႔အား..
“ဟူအာ.. မင္းျမန္ျမန္ ၾကိဳးစားျပီး ငါနဲ႔ စာသင္ေဆာင္တူေအာင္ လာေန မဟုတ္ရင္ ပ်င္းစရာၾကီး..”
ဟူအာ စိတ္ပ်က္စြာျဖင့္.. ဟုန္ရြယ္အား..
“မင္း ပ်င္းေနတဲ့ရုပ္လည္း မေပါက္ပါဘူး..”
“ဟုတ္လား.. ငါလူသားတစ္ေယာက္ကို ေတြ႔လိုက္တယ္.. သူက ငါတို႔ ဆရာတူအစ္ကိုၾကီးပဲ.. လူသားဆိုေပမယ့္ လူသားနဲ႔မတူဘူး ေကာင္းကင္နတ္လိုပဲ.. ေခ်ာေမာခန္႔ညားလုိက္တာ..”
“ဟုန္ရြယ္ ငါတို႔က နတ္ေတြေနာ္.. သူကလူဆိုရင္ မင္းသူ႔ကို မ်ားမ်ား မၾကည့္တာ ေကာင္းမယ္..”
“ဘာျဖစ္လဲ.. နတ္စည္းမ်ဥ္းမွာက ေကာင္းကင္နတ္နဲ႔လူနဲ႔ မယူရ ဆိုတာ ပါေပမယ့္ ကံေကာင္းစြာနဲ႔ ငါက ေျမျပင္ ပိုင္ေဒသက ဆက္ခံသူ နတ္မင္းသမီးေလ..”
သူတို႔ ႏွစ္ဦး စကားေျပာေနစဥ္မွာပဲ.. တျခားေသာ စာသင္သား လူသားေတြႏွင့္ နတ္ေတြက ေျပးလႊားသြားၾကသျဖင့္ ဟူအာ လွမ္းေမးလုိက္ရသည္။
“ဘာျဖစ္လို႔လဲ..”
“ဒီေန႔ ေက်ာင္းအုပ္ၾကီး ေရာက္မွာေလ.. မင္းတို႔ မသိဘူးလား.. ဆရာေတြ အားလံုးက သူ႔ကို သြားျပီ ၾကိဳဆိုေစခ်င္တယ္..”
ဟုန္ရြယ္က သူမႏွင့္ အက်ႌအေရာင္တူေသာ အဖြဲ႔အတြင္းသို႔ ေျပးလႊားသြားေတာ့.. ဟူအာလည္း အဖြဲ႔တူညီေသာ သူတို႔ေနာက္မွ ေျပးလုိက္လာရ၏။ ေတာင္ထိပ္တစ္ခုတြင္ လူမ်ားႏွင့္ နတ္မ်ား ေရာေထြးကာ တစ္ခုခုကို ေစာင့္ဆိုင္းေနၾက၏။ ထိုစဥ္ ထိုေတာင္ထိပ္ ေပၚသို႔ ေခ်ာေမြ႔ေသာ မ်က္ႏွာပိုင္ရွင္ နတ္မင္း တစ္ပါးက သားေမႊးယပ္ေတာင္တစ္ခုႏွင့္ ေစာင္းတစ္ခုကို ကိုင္ထားလ်က္ ေပၚလာသည္။ ထိုနတ္မင္းက ျပံဳးရႊင္ေသာ မ်က္ႏွာျဖင့္..
“ငါက အခုမွ ေရာက္လာတာ.. ငါ့ကို ၾကိဳဆိုမယ့္သူေတြ ဒီေလာက္မ်ားမွန္း မသိခဲ့ဘူး..”
“မင္းကို ဘယ္သူက ၾကိဳဆိုလို႔လဲ!!..”
ဟူအာအနားမွ ေရွာင္ေညာင္က ေျပာဆိုလိုက္ျခင္း ျဖစ္သည္။ ဟူအာ မ်က္ႏွာကို ဘယ္နားမွာ ထားရမွန္းပင္ မသိေတာ့ေပ။ ဒီေက်ာင္းမွာ.. ဒီငွက္နဲ႔ ဘယ္လုိ ႏွစ္ပါးသြားရမလဲ ဆိုတာကို အၾကီးအက်ယ္ ေတြးမိေနစဥ္ အနားသို႔ က်ိဳးလ်န္ နတ္မင္းက ေလွ်ာက္လမ္းလာျပီး..
“မင္းက ရွင္သန္သူ နတ္ပဲ ဘယ္လို ျဖစ္ျပီးေတာ့ ဒီဝတ္စံု ဒီပံုစံ ျဖစ္ေနရတာလဲ..”
က်ိဳးလ်န္ နတ္မင္း ေျပာေနတာကို ဟူအာ ေသခ်ာ နားမလည္ေသာ္လည္း.. ေရွာင္ေညာင္က ခပ္တည္တည္ႏွင့္ လက္ကို ခါးတြင္ ေထာက္လိုက္ေသးလ်က္..
“ငါက ဘာပံုစံ ျဖစ္ျဖစ္ မလိုပါဘူး.. ငါေျပာခ်င္တာက ငါ မင္းကို ၾကိဳဆိုဖို႔ လာတာ မဟုတ္ေပမယ့္.. ငါ့သခင္က မင္းကို ၾကိဳဆိုတာ ဆိုေတာ့.. မင္းသူ႔ကို အျပစ္မေပးပါနဲ႔..”
နတ္မင္း တစ္ပါးကို နည္းနည္းမွပင္ ရိုေသေလးစားမႈ မရွိေသာ အသံုးအႏႈန္းတို႔ျဖင့္.. ေျပာဆိုေနေသာ ေရွာင္ေညာင္ ဘယ္က လာတာလဲ ဆိုတာကို ဟူအာ သိခ်င္လွသည္။ က်ိဳးလ်န္ နတ္မင္းက.. သူမအား လက္ျဖင့္ တစ္ခ်က္ ေဝွ႔ယမ္းလိုက္သည္။ အလင္းတန္းေလး တစ္ခ်က္ ဝင့္ခနဲ ေတာက္ပသြားျပီး.. က်ိဳးလ်န္ မ်က္ေမွာင္ကုတ္သြားမိ၏။
“မင္းက မိစာၦကေန က်င့္က်ံမႈေၾကာင့္ နတ္ျဖစ္လာတဲ့သူပဲ.. ျပီးေတာ့.. စြမ္းအားကလည္း ေက်ာင္းတက္ရေလာက္ေအာင္ မနိမ့္ဘူး.. ေျပာရရင္ သာမန္ ေျမျပင္နတ္ ထက္ေတာ့ စြမ္းအားျမင့္တယ္.. မင္းရဲ႕ပိုင္ရွင္က ဘယ္သူလဲ..”
“သူ..”
သူမက ဟူအာကို လက္ညိဳးျဖင့္ ထုိးလိုက္ေတာ့ က်ိဳးလ်န္ နတ္မင္း၏ အၾကည့္တို႔က ဟူအာထံ ေရာက္လာသည္။ အငယ္ကစျပီး မမိတ္ဆက္လို႔ မရေတာ့သည့္ အေျခအေနမို႔ ဟူအာ လက္ႏွစ္ဖက္ကို ေသခ်ာ ဆုပ္လုိက္ျပီး ဦးညႊတ္လိုက္ကာ..
“ပိုင္ေဒသ ဒုတိယ ဆက္ခံသူ.. ပိုင္ဟုန္ဟူ..”
က်ိဳးလ်န္ နတ္မင္း၏ မ်က္ႏွာေပၚဝယ္ မယံုႏိုင္ေသာ အေငြ႔အသက္ေတြ ယွက္သိုင္းသြားျပီး ဟူအာအား ယပ္ေတာင္ျဖင့္ ခတ္ရင္း..
“ပိုင္ဟုန္ဟူ.. ဆိုတာ မင္းလား.. ငါ့ညီမရဲ႕ ေသရည္အိုးေတြကို ခြဲပစ္လုိက္တယ္ ဆုိတာ မင္းလား..”
အဲ့ဒီကံဆိုးျခင္းက မျပီးေတာ့ဘူးလား..၊ မပတ္သတ္ခ်င္ေတာ့တာကို အခုထိ မျပီးတာ့တာလား..၊ သို႔ေသာ္ က်ိဳးလ်န္ နတ္မင္းက.. ျပံဳးရႊင္စြာ ရယ္ေမာလိုက္ျပီးမွ.. လက္ကာျပရင္း..
“ကိုယ့္ခန္းမနဲ႔ကိုယ္ ျပန္သြားလို႔ ရပါျပီ.. မနက္ျဖန္ သင္တန္းအတြက္.. ၾကိဳျပီး ျပင္ဆင္ၾကတာေပါ့..”
က်ိဳးလ်န္ နတ္မင္းက ဟူအာအနားတြင္ ျဖတ္သြားရင္းျဖင့္.. ရယ္ခ်င္ေနေသာ မ်က္ႏွာထားကို ျပဳလ်က္.. ယပ္ေတာင္ျဖင့္ ကာရင္း..
“မင္းကို ငါ အရမ္း သေဘာက်သြားျပီး.. မင္းက တကယ္ပဲ တစ္ေလာကလံုးမွာ ႏွစ္ေယာက္မရွိႏုိင္တဲ့ က်ိဳးရင္းရဲ႕ ေသရည္အိုးေတြကို ခြဲပစ္ရဲတဲ့ ပထမဆံုးနတ္ပဲ..”
အဲ့ဒီအတြက္ အက်ိဳးဆက္ကို ေတြးမိတိုင္း အန္ခ်င္သလို ပ်ိဳ႕လာတာမို႔.. ဟူအာ အနီးဆံုး ေရေျမာင္းအတြင္းသို႔ ထိုးအန္လိုက္မိေတာ့၏။
@@@@@@@@@@
Uni
Part-9.3
“ကျွန်တော်က အနှစ်သုံးရာ ရှိပါပြီ..”
“ဆရာက နုပျိုနေတုန်းပါပဲ..”
ထိုစကားက ဦးလေး ပိုင်လင် အလွန်အမင်း အားနာလွန်းစွာ ပြောလိုက်သော စကား ဖြစ်သည် ဆိုတာကို ဟူအာ သိလိုက်သည်။ ထိုဆရာက ပန်းရောင်စွမ်းအင်ကို ထုတ်လိုက်ပြီး ဟူအာထံသို့ လျှောက်လာပြီး ပုခုံးကို လက်ဖြင့် တွန်းလိုက်ရာ ဟူအာ လုံးဝ မတောင့်ခံနိုင်ပဲ လွင့်စင်သွား၏။ စမ်းသပ်လိုက်တာပဲ ဖြစ်သော်လည်း.. ဟူအာက ဟုန်ရွယ်နှင့် မတူညီပဲ နတ်စွမ်းအားအနည်းငယ်မျှကိုသာ သုံးနိုင်သည်ဖြစ်ရာ ထိုသို့ လေ့ကျင့်ရည် ပြည့်ဝနေသည့် စွမ်းအား တစ်ခုကို မတွန်းလှန်နိုင်ပဲ လွင့်စင်သွားခြင်း ဖြစ်၏။ ဟူအာ လူးလဲ၍ ထရပ်မည် ပြင်လိုက်စဉ် ဟူအာထက် လျင်မြန်သော ရှောင်ညောင်က ထိုဆရာရှေ့သို့ ခုန်ဝင်သွားပြီး..
“ဖြန်း.. ဖြန်း..”
“မင်း ငါ့သခင်ကို တိုက်ခိုက်ရဲတယ်.. သေရမယ်..”
လက်နှစ်ဖက်နှင့် ဘယ်ရော ညာရော ရိုက်ပစ်လိုက်၏။ ဟူအာ ပုခုံးကို လက်ဖြင့် ဖိလိုက်ရင်းဖြင့်..
“ရှောင်ညောင်..”
ရှောင်ညောင်၏ ဆက်လက် တိုက်ခိုက်လိုသေးသော ဟန်ပန်က တိခနဲ ရပ်တန့်သွား၏။ ဆရာက အံကြိတ်မျိုသိပ်လိုက်သော ဟန်ပန်ဖြင့် ဟူအာအား..
“မင်းက ပိုင်မင်းကြီးရဲ့ သား ဆိုပေမယ့်.. နတ်စွမ်းအား မှာ နိမ့်ကျနေတယ်.. မြေပြင်မှလမ်းကလေး စာသင်ဆောင်မှာပဲ သင်ကြားရမယ်..”
ထိုဆရာထွက်သွားဖို့ ပြင်တော့ ရှောင်ညောင်က သူမကိုယ်သူမ လက်ညိုးထိုးရင်း..
“ငါကရော ဘယ်မှာ သင်ရမလဲ.. ငါက..”
ထိုဆရာက သူမအား အရေးမလုပ်ပဲ ထွက်သွားသဖြင့်.. သူမက ခြေထောက်ပင် ဆောင့်လိုက်သေး၏။ ထိုတစ်ခဏအတွင်း သူမ၏ လျင်မြန်သော လှုပ်ရှားမှုအရ သူမသည် တိုက်ခိုက်ရေး ကျွမ်းကျင်ပြီးသော နတ်တစ်ပါး ဖြစ်သည် ဆိုတာကို ဟူအာ ရိပ်မိလိုက်၏။
မြေပြင်မှ လမ်းကလေး စာသင်ဆောင်သို့ လူငယ်တစ်ဦးက လိုက်ပို့ပေးကာ.. ဟူအာ၏ လက်အတွင်းသို့ သစ်သားဓားနှင့် ဝတ်စုံသုံးစုံကို ပေးလာသည်။ ဟူအာလက်အတွင်းမှ ဝတ်စုံတစ်စုံကို ရှောင်ညောင်က ယူသွားပြီး.. ချက်ချင်ပင် လဲဝတ်လိုက်သဖြင့် ဟူအာ ဘာမှမပြောတော့ပဲ ကျန်သော ဝတ်စုံဖြင့် လဲဝတ်လိုက်ရသည်။
အနီရောင်အစင်းလိုင်း ပါဝင်သော ဝတ်စုံက ဟူအာ၏ တောင့်တင်းသော ခန္ဓာကိုယ်တွင် သေသပ်စွာ နေရာယူသွားပြီ ဖြစ်၏။ သူ့ဘေးမှ ရှောင်ညောင်က လိုက်လာသဖြင့်.. လူငယ်ဧည့်ခန်းမဆောင်သို့ သွားလိုက်တော့.. အပြာနုရောင်ဝတ်စုံဖြင့်.. ဟုန်ရွယ်က အပြေးရောက်လာပြီး.. ဟူအာနှင့်အတူတူ.. ဦးလေးကို လာနှုတ်ဆက်သည်။ ဦးလေးက ဟူအာအား.. အနားသို့ တိုးလာပြီး.. သတိပေးစကား ဆိုသည်။
“ခုနတုန်းက ဆရာက မင်းတို့ မြေပြင်မှလမ်းကလေး စာသင်ဆောင်ရဲ့ ဆရာလို့ ကြားတယ်.. မင်း သတိထား.. ခုနတုန်းက သူ့မျက်လုံးတွေ မင်းကို ကြည့်တာ သိပ်မရိုးရှင်းဘူး.. ပြီးတော့.. ကျိုးမျိုးနွယ် နတ်တွေနဲ့ ရင်းရင်းနှီးနှီးမနေနဲ့.. ကြားလား..”
“သိပါပြီ..”
ဦးလေး ပြန်သွားတော့.. ဟုန်ရွယ်က သူ့အား..
“ဟူအာ.. မင်းမြန်မြန် ကြိုးစားပြီး ငါနဲ့ စာသင်ဆောင်တူအောင် လာနေ မဟုတ်ရင် ပျင်းစရာကြီး..”
ဟူအာ စိတ်ပျက်စွာဖြင့်.. ဟုန်ရွယ်အား..
“မင်း ပျင်းနေတဲ့ရုပ်လည်း မပေါက်ပါဘူး..”
“ဟုတ်လား.. ငါလူသားတစ်ယောက်ကို တွေ့လိုက်တယ်.. သူက ငါတို့ ဆရာတူအစ်ကိုကြီးပဲ.. လူသားဆိုပေမယ့် လူသားနဲ့မတူဘူး ကောင်းကင်နတ်လိုပဲ.. ချောမောခန့်ညားလိုက်တာ..”
“ဟုန်ရွယ် ငါတို့က နတ်တွေနော်.. သူကလူဆိုရင် မင်းသူ့ကို များများ မကြည့်တာ ကောင်းမယ်..”
“ဘာဖြစ်လဲ.. နတ်စည်းမျဉ်းမှာက ကောင်းကင်နတ်နဲ့လူနဲ့ မယူရ ဆိုတာ ပါပေမယ့် ကံကောင်းစွာနဲ့ ငါက မြေပြင် ပိုင်ဒေသက ဆက်ခံသူ နတ်မင်းသမီးလေ..”
သူတို့ နှစ်ဦး စကားပြောနေစဉ်မှာပဲ.. တခြားသော စာသင်သား လူသားတွေနှင့် နတ်တွေက ပြေးလွှားသွားကြသဖြင့် ဟူအာ လှမ်းမေးလိုက်ရသည်။
“ဘာဖြစ်လို့လဲ..”
“ဒီနေ့ ကျောင်းအုပ်ကြီး ရောက်မှာလေ.. မင်းတို့ မသိဘူးလား.. ဆရာတွေ အားလုံးက သူ့ကို သွားပြီ ကြိုဆိုစေချင်တယ်..”
ဟုန်ရွယ်က သူမနှင့် အကျႌအရောင်တူသော အဖွဲ့အတွင်းသို့ ပြေးလွှားသွားတော့.. ဟူအာလည်း အဖွဲ့တူညီသော သူတို့နောက်မှ ပြေးလိုက်လာရ၏။ တောင်ထိပ်တစ်ခုတွင် လူများနှင့် နတ်များ ရောထွေးကာ တစ်ခုခုကို စောင့်ဆိုင်းနေကြ၏။ ထိုစဉ် ထိုတောင်ထိပ် ပေါ်သို့ ချောမွေ့သော မျက်နှာပိုင်ရှင် နတ်မင်း တစ်ပါးက သားမွှေးယပ်တောင်တစ်ခုနှင့် စောင်းတစ်ခုကို ကိုင်ထားလျက် ပေါ်လာသည်။ ထိုနတ်မင်းက ပြုံးရွှင်သော မျက်နှာဖြင့်..
“ငါက အခုမှ ရောက်လာတာ.. ငါ့ကို ကြိုဆိုမယ့်သူတွေ ဒီလောက်များမှန်း မသိခဲ့ဘူး..”
“မင်းကို ဘယ်သူက ကြိုဆိုလို့လဲ!!..”
ဟူအာအနားမှ ရှောင်ညောင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဟူအာ မျက်နှာကို ဘယ်နားမှာ ထားရမှန်းပင် မသိတော့ပေ။ ဒီကျောင်းမှာ.. ဒီငှက်နဲ့ ဘယ်လို နှစ်ပါးသွားရမလဲ ဆိုတာကို အကြီးအကျယ် တွေးမိနေစဉ် အနားသို့ ကျိုးလျန် နတ်မင်းက လျှောက်လမ်းလာပြီး..
“မင်းက ရှင်သန်သူ နတ်ပဲ ဘယ်လို ဖြစ်ပြီးတော့ ဒီဝတ်စုံ ဒီပုံစံ ဖြစ်နေရတာလဲ..”
ကျိုးလျန် နတ်မင်း ပြောနေတာကို ဟူအာ သေချာ နားမလည်သော်လည်း.. ရှောင်ညောင်က ခပ်တည်တည်နှင့် လက်ကို ခါးတွင် ထောက်လိုက်သေးလျက်..
“ငါက ဘာပုံစံ ဖြစ်ဖြစ် မလိုပါဘူး.. ငါပြောချင်တာက ငါ မင်းကို ကြိုဆိုဖို့ လာတာ မဟုတ်ပေမယ့်.. ငါ့သခင်က မင်းကို ကြိုဆိုတာ ဆိုတော့.. မင်းသူ့ကို အပြစ်မပေးပါနဲ့..”
နတ်မင်း တစ်ပါးကို နည်းနည်းမှပင် ရိုသေလေးစားမှု မရှိသော အသုံးအနှုန်းတို့ဖြင့်.. ပြောဆိုနေသော ရှောင်ညောင် ဘယ်က လာတာလဲ ဆိုတာကို ဟူအာ သိချင်လှသည်။ ကျိုးလျန် နတ်မင်းက.. သူမအား လက်ဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်သည်။ အလင်းတန်းလေး တစ်ချက် ဝင့်ခနဲ တောက်ပသွားပြီး.. ကျိုးလျန် မျက်မှောင်ကုတ်သွားမိ၏။
“မင်းက မိစ္ဆာကနေ ကျင့်ကျံမှုကြောင့် နတ်ဖြစ်လာတဲ့သူပဲ.. ပြီးတော့.. စွမ်းအားကလည်း ကျောင်းတက်ရလောက်အောင် မနိမ့်ဘူး.. ပြောရရင် သာမန် မြေပြင်နတ် ထက်တော့ စွမ်းအားမြင့်တယ်.. မင်းရဲ့ပိုင်ရှင်က ဘယ်သူလဲ..”
“သူ..”
သူမက ဟူအာကို လက်ညိုးဖြင့် ထိုးလိုက်တော့ ကျိုးလျန် နတ်မင်း၏ အကြည့်တို့က ဟူအာထံ ရောက်လာသည်။ အငယ်ကစပြီး မမိတ်ဆက်လို့ မရတော့သည့် အခြေအနေမို့ ဟူအာ လက်နှစ်ဖက်ကို သေချာ ဆုပ်လိုက်ပြီး ဦးညွှတ်လိုက်ကာ..
“ပိုင်ဒေသ ဒုတိယ ဆက်ခံသူ.. ပိုင်ဟုန်ဟူ..”
ကျိုးလျန် နတ်မင်း၏ မျက်နှာပေါ်ဝယ် မယုံနိုင်သော အငွေ့အသက်တွေ ယှက်သိုင်းသွားပြီး ဟူအာအား ယပ်တောင်ဖြင့် ခတ်ရင်း..
“ပိုင်ဟုန်ဟူ.. ဆိုတာ မင်းလား.. ငါ့ညီမရဲ့ သေရည်အိုးတွေကို ခွဲပစ်လိုက်တယ် ဆိုတာ မင်းလား..”
အဲ့ဒီကံဆိုးခြင်းက မပြီးတော့ဘူးလား..၊ မပတ်သတ်ချင်တော့တာကို အခုထိ မပြီးတာ့တာလား..၊ သို့သော် ကျိုးလျန် နတ်မင်းက.. ပြုံးရွှင်စွာ ရယ်မောလိုက်ပြီးမှ.. လက်ကာပြရင်း..
“ကိုယ့်ခန်းမနဲ့ကိုယ် ပြန်သွားလို့ ရပါပြီ.. မနက်ဖြန် သင်တန်းအတွက်.. ကြိုပြီး ပြင်ဆင်ကြတာပေါ့..”
ကျိုးလျန် နတ်မင်းက ဟူအာအနားတွင် ဖြတ်သွားရင်းဖြင့်.. ရယ်ချင်နေသော မျက်နှာထားကို ပြုလျက်.. ယပ်တောင်ဖြင့် ကာရင်း..
“မင်းကို ငါ အရမ်း သဘောကျသွားပြီး.. မင်းက တကယ်ပဲ တစ်လောကလုံးမှာ နှစ်ယောက်မရှိနိုင်တဲ့ ကျိုးရင်းရဲ့ သေရည်အိုးတွေကို ခွဲပစ်ရဲတဲ့ ပထမဆုံးနတ်ပဲ..”
အဲ့ဒီအတွက် အကျိုးဆက်ကို တွေးမိတိုင်း အန်ချင်သလို ပျို့လာတာမို့.. ဟူအာ အနီးဆုံး ရေမြောင်းအတွင်းသို့ ထိုးအန်လိုက်မိတော့၏။
@@@@@@@@@@