Uni
Part-9.2
ဟူအာက ပြောနေရင်းဖြင့် ခရီးဆက်ဖို့ ပြင်သည်။ ဟုန်ရွယ်က ရူးနေသော နတ်တစ်ပါးကို ထိန်းချုပ်ရန် စတင်တွေးတော၏။ ပိုင်လင်က ထိုသူမကို ကြည့်နေရင်း ဇဝေဇဝါဖြင့် ခရီးဆက်ရန်သာ ရည်ရွယ်လိုက်သည်။ ဒီအရှိန်အဝါကို သိနေသလို ခံစားချက်တို့က ပိုင်လင်အား မသိုးမသန့် ဖြစ်စေသည်။ သို့သော် သေချာလည်း နားမလည်မိတာကြောင့် ကျောင်းသို့သာ ဦးတည်လိုက်တော့၏။ ရှောင်ညောင်က ဟူအာ အနောက်နားမှ ပြေးသွားပြီး ပုခုံးသို့ ထပ်ပြီး တက်ရန် ပြင်သည်။ ဟူအာ သူမအား ခြေထောက်မှ ဆွဲချပစ်လိုက်ပြီး..
“မင်း တကယ်လို့ ငါ့ပုခုံးပေါ် တက်ဖို့ ထပ်ပြီး ကြိုးစားရင် မင်းကို ငါ တခြားသူကို ပေးပစ်တော့မှာ..”
ရှောင်ညောင်က မျက်နှာလေး ငယ်စွာဖြင့် ဘေးနားသို့ သွားလိုက်သည်။ ပြီးတော့ ပိုင်လင်၏ အရှေ့တွင် ရပ်လိုက်ကာ.. မျက်မှောင်ကုတ်လိုက်ပြီး..
“အား!!.. သရဲ..”
ရုတ်တရက် ထအော်တော့၏။ သူမအော်လိုက်သည်နှင့် သူမ၏ ပတ်ဝန်းကျင်တွင် မီးများထတောက်လာကာ.. အနီးနားရှိ သစ်ပင်များ မီးစွဲကုန်၏။ ပိုင်လင်က သစ်ပင်တွေကို မီးငြိမ်းလိုက်ပြီးမှ..
“ငါ သရဲမဟုတ်ဘူး.. ငါက မင်းသခင်ရဲ့ ဦးလေးပဲ..”
ရှောင်ညောင်က ခေါင်းကို တင်းတင်းခါလိုက်သည်။ ပြီးမှ ပါးလေးတွေ ဖောင်းလာပြီး.. မျက်စောင်းထိုးရင်း.. ဟူအာအရှေ့တွင် လက်နှစ်ဖက်ကို ဖြန့်လိုက်သေးလျက်..
“မဟုတ်ဘူး.. မင်းက သေချာပေါက် သခင်နဲ့ ဘာမှမတော်ဘူး.. သေချာပေါက်ပဲ..”
သူမက အခိုင်အမာဆိုသည်။ ပိုင်လင်က မျက်နှာပျက်သွားသော်လည်း.. ဟူအာက ရှောင်ညောင်ကို ဘေးသို့ တွန်းလိုက်ပြီး..
“သူက ငါ့ဦးလေးပဲ မင်းမရိုမသေမလုပ်နဲ့..”
“ဦးလေး.. သူက မင်းဦးလေး မဟုတ်ပါဘူး.. မင်းမှာ ဦးလေး ရှိလား မရှိလား.. ငါလည်း သိပ်မရှင်းဘူး..”
ဟူအာ ဒီရူးနေသော နတ်တစ်ပါးကို စိတ်ညစ်လာသော ဟန်ပန် ဖြစ်လာပြီး.. ယတိပြတ် စကားကို ဆိုကာ ထိုနေရာမှ လှည့်ထွက်လာတော့၏။
“ရှောင်ညောင် မင်း ငါနဲ့ပတ်သတ်ပြီး.. မဟုတ်တာတွေ ပြောနေမယ် ဆိုရင် မင်း နေခဲ့တော့..”
ဟူအာက အရှေ့သို့ သွားလိုက်မှ.. ပိုင်လင်နှင့် ဟုန်ရွယ်က ပြေးလိုက်လာသည်။ ရှောင်ညောင်က အနောက် အတော်ဝေးဝေးမှ လိုက်လာ၏။ တောင်ခုနှစ်လုံးကို မြင်လိုက်ရတော့မှ ဟူအာ ခြေလှမ်းတွေ တန့်ခနဲ ရပ်သွားသည်။ မြင့်မားမတ်စောက်နေသော ထိုတောင်ခုနှစ်လုံးအား မော့ကြည့်လိုက်မိသည်။ ရှင်သန်ခြင်းကျောင်း..၊
တောင်ထိပ်တွင် မြူခိုးများနှင့် ရစ်သိုင်းနေပြီး ကောင်းကင်နှင့် နီးစပ်တော့မယောင် ထင်ရစေသည်အထိ တောင်ခုနှစ်လုံးစလုံးက မြင့်မားသည်။ တောင်၏ထိပ်မှ အောက်နည်းနည်း ဆင်းလိုက်တော့.. အစိမ်းရောင် သစ်ပင်များက ခပ်စိတ်စိတ် ပေါက်ရောက်နေဟန် တူသည်။
အစိမ်းရောင်သစ်ပင်တွေ ပြီးတော့.. အောက်နားတွင် မက်မုံပင်များ ပေါက်နေဟန်ဖြင့် ပန်းနုရောင် အပင်များက ညီညီညာညာ ရှိနေ၏။ ထို့ မက်မုံပင်တွေ ပြီးတော့ အဖြူရောင် ပြောရလျှင် အကြည်ရောင် ဖြစ်နေသော ဝိဉာဉ်ပန်းများက လှပသေသပ်စွာ ပြီးတော့ သစ်ပင်ခြေရင်း၌ပင်.. ထူထပ်သော ပွင့်ဖက်များနှင့် အလွန်ပင် တင့်တယ်လွန်းသည်။ ဟုန်ရွယ်က ထိုမြင်ကွင်းကို မြင်လိုက်ကာမှ.. ကျောင်းလာတက်ဖို့ လာခဲ့တာ မှန်သွားပြီဟု တွေးဟန်ဖြင့်.. ထို ဝိဉာဉ်ပန်းများ ရှိသော တောအတွင်းသို့ ပြေးဝင်သွားတော့၏။
“အရမ်းလှတာပဲ.. ငါတို့ ပိုင်ဒေသမှာပဲ.. ဝိဉာဉ်ပန်းတွေ ရှိတယ် ထင်ထားတာ..”
ဟုန်ရွယ် ပြောလိုက်တာကို ဝတ်စုံအဖြူကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ဟုန်ရွယ်ရှေ့တွင် ပေါ်လာပြီး..
“ရှင်သန်ခြင်း တောင်ပေါ်မှာ မရှိတဲ့ပန်းဆိုတာ မရှိဘူး.. အော်.. စိမ့်စမ်းပြာက ဇောက်ထိုးသစ်ပင်တွေ ကလွဲရင်..”
စိမ့်စမ်းပြာ ဆိုတာနဲ့.. ဟူအာ တစ်ကိုယ်လုံး တောင့်တင်းပြီးသား ဖြစ်သွားသည်။ ထိုနတ်သားက ရှောင်ညောင်အား ကြည့်လိုက်ပြီးမှ.. တရိုတသေဖြင့် ဂါရဝပြုလိုက်ရင်း..
“ဒီအရောင်အဝါနဲ့ နတ်သမီးက ဘယ်ကနေ လာတာပါလဲ..”
ရှောင်ညောင်က ဘယ်ကတည်းက သစ်ပင်ပေါ် ရောက်သွားမှန်း မသိလိုက်ပဲ.. ထိုနတ်သားအား..
“ငါ့ဖာသာ ဘယ်ကလာလာ မင်းအပူပါလို့လား.. လာမေးနေသေးတယ်..”
သူမက သစ်ပင်ပေါ်မှ ဆင်းလာပြီး ဟိုဟိုဒီဒီ သွားကြည့်နေသေး၏။ ထိုနတ်သားက ရှောင်ညောင်အား မပြောတော့ပဲ သူတို့အား ဝင်ပေါက်သို့ ခေါ်သွားသည်။ ရှောင်ညောင်က အနောက်မှ လိုက်လာ၏။ တောင်ပတ်လမ်းအားလုံးက ကျောက်ဆောင်ကို ထွင်းထု ထားခြင်း ဖြစ်သည်။ ကျောက်သားများကို သေချာ ကျနစွာ ထွင်းထုထားပြီး.. ပန်းပုံစံ မျိုးစံ ပုံဖော်ထားသည်လည်း ရှိသလို.. ကျောက်စက်ရေ ကျနေသော ပုံစံဖြစ်အောင် ထွင်းထားသော ကျောက်တုံးများလည်း ရှိသည်။
ဟုန်ရွယ်ကတော့ ထိုနေရာများ အားလုံးကို ငေးကြည့်နေပြီး.. ပျော်ရွှင်နေသည်။ ထိုနတ်သားက သူတို့အား လူငယ်ဧည့်တွေ့ဆောင်ဟု ခေါ်သော နေရာတွင် ထားရစ်ကာ လှည့်ထွက်သွား၏။ ပိုင်လင်က ခပ်အေးအေးသာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သော်လည်း ခန်းမအတွင်းသို့ သိပ်မကြာခင် အချိန်တွင်.. အပြာဝတ်ဖြင့်.. ခန့်ညားသော လူတစ်ဦး ဝင်လာသည်။ ထိုလူက ဟူအာတို့အား တွေ့တော့.. အနောက်တွင် ပါလာသော လူငယ် နှစ်ဦးအား..
“သူတို့တွေအတွက် ကျောင်းဝတ်စုံ ချုပ်ဖို့.. ပြင်ဆင်လိုက်ပါ..”
ပိုင်လင်က ထိုင်နေရာမှ ထရပ်လိုက်ပြီး..
“ပိုင်ဒေသက ပိုင်မင်းကြီးရဲ့ သားနဲ့ သမီးကို ကျောင်းလာပို့ပေးတာပါ.. ကျွန်တော်က ပိုင်လင်ပါ..”
“ကြားဖူးတယ်.. ပိုင်မင်းကြီးရဲ့ ညီတော်ဆိုတာကို.. ထိုင်ပါအုံး.. ကျောင်းရဲ့ သဘောအတိုင်းပဲ ကျွန်တော်တို့ သွားကြတာပေါ့.. ဒီကျောင်းမှာ.. အပိုင်းသုံးခု ပိုင်းခြားထားတယ်.. စွမ်းအားပေါ် မူတည်ပြီး သင်ကြားမှုလည်း ကွာခြားတယ်.. ဒါပေမယ့် မပူပါနဲ့ စွမ်းအားပေါ်မူတည်တယ် ဆိုကတည်းက စွမ်းအားမြင့်လာတာနဲ့ သင့်တော်တဲ့ အပိုင်းကို ပြောင်းလဲပေးမှာပါ..”
“စွမ်းအားကို စမ်းသပ်မှာမို့ လေ့ကျင့်ရေးခန်းမဆောင်ကို လိုက်လာပေးပါ..”
ထိုဆရာ သွားလိုက်သော နောက်သို့ လိုက်လာပြီး.. လေ့ကျင့်ရေးခန်းမဆောင်သို့ ရောက်တော့ ထိုဆရာက ဟုန်ရွယ်အား.. အရှေ့သို့ သွားစေသည်။ ပြီးတော့မှ ရုတ်တရက် ပန်းရောင်ကဲ့သို့သော နတ်စွမ်းအားဖြင့် တိုက်ခိုက်လေသည်။ ဟုန်ရွယ်၏ လက်အတွင်းမှ ဆင်စွယ်ရောင် မြေခွေးဖြူတို့ စွမ်းအားက ထွက်လာပြီး.. ပြင်းထန်စွာ ထိခိုက်မိကြတော့.. ထိုဆရာက ရပ်သွားပြီး..
“လမင်းနဲ့ကြယ်စင် အသင်းကို.. ပို့ပေးလိုက်ပါ.. နေမင်းရဲ့ရောင်ခြည်ဆိုတာက များသောအားဖြင့် မွေးကတည်းက ထာဝရနတ်တွေအတွက် သင်ကြားတဲ့ နေရာ ဖြစ်တယ်.. လမင်းနဲ့ကြယ်စင်မှာက မြေပြင်က နတ်တွေ များတယ်.. ဒါပေမယ့် တချို့စွမ်းအား ကြီးမားလာတဲ့.. မြေပြင်နတ်တွေက နေမင်းရဲ့ရောင်ခြည် ခန်းမဆောင်ကို ရောက်သွားနိုင်တယ်.. သာမန် လူသားလောကကနေ မှော်ပညာ လိုက်စားတတ်တဲ့လူတွေ အတွက်ကတော့.. မြေပြင်မှလမ်းကလေး ခန်းမဆောင်မှာ သင်ကြားရတယ်.. သင်ကြားမှုတွေက မတူညီတာမို့.. စွမ်းအားအလိုက် ခွဲခြားတာက ကောင်းမွန်တယ်လို့ နတ်မင်းတစ်ပါးက အကြံဉာဏ်ပေးဖူးတယ်.. အခုလည်း အဲ့ဒီ နတ်မင်းက ကံကောင်းစွာနဲ့ ဒီကျောင်းကို အုပ်ချုပ်ပေးဖို့ လက်ခံလိုက်တယ်လေ..”
ပိုင်လင်၏ မျက်နှာပေါ်တွင် အထူးတဆန်း.. ဖြစ်သွားပြီး..
“ကျောင်းကို အုပ်ချုပ်ဖို့ လက်ခံလိုက်တဲ့ ကောင်းကင်နတ်က ဘယ်သူများ ဖြစ်မလဲ..”
“သူကလား.. လက်ရှိကောင်းကင်မင်းကြီးရဲ့ မြေးသားမက်.. ကျိုးလျန် နတ်မင်း..”
ဟူအာ.. အလွန်အမင်း စိတ်ဓာတ် ကျဆင်းသွားမိသည်။ ကျိုးရင်း ပြီးတော့ နောက်ထပ် ကျိုးမျိုးနွယ်နတ်လား..၊
“ပိုင်လင် မင်းကတော့ ကောင်းကောင်းသိမှာပါ.. သူက.. ကျိုးရင်း နတ်ဘုရားမရဲ့ ဒုတိယအစ်ကိုတော်လေ.. လွန်ခဲ့တဲ့ နှစ်တစ်သိန်း အလွန်တုန်းက.. ငြိမ်းချမ်းရေးနတ် ဖြစ်ခဲ့တယ်..”
“သေချာပေါက် သိတာပေါ့.. ရေအေးချောက်သခင် ဖြစ်သွားတာ သိပ်မကြာသေးဘူးလို့ ပြောရမယ်.. ဒါပေမယ့် သူ ရေအေးချောက်သခင် ဖြစ်သွားတုန်းက ကျွန်တော်တောင် မမွေးသေးဘူး..”
ထိုအခါမှ ထိုစကားတွေ ပြောနေသော ဆရာက ရှက်သွားဟန်ဖြင့်..
“အဲ့တုန်းက ကျွန်တော်ဆို ဘယ်တောင်ရောက်နေမလဲ မသိဘူး..”
“ဒါနဲ့ ဆရာ့အသက်က ဘယ်လောက်လဲ..”
နတ်တစ်ပါးဆိုလျှင် အသက်မေးတာက ရိုင်းစိုင်းရာကျမည် ဖြစ်သော်လည်း ထိုဆရာက လူသားမို့ ပိုင်လင်က မေးလိုက်ခြင်း ဖြစ်၏။
Zawgyi
Part-9.2
ဟူအာက ေျပာေနရင္းျဖင့္ ခရီးဆက္ဖို႔ ျပင္သည္။ ဟုန္ရြယ္က ရူးေနေသာ နတ္တစ္ပါးကို ထိန္းခ်ဳပ္ရန္ စတင္ေတြးေတာ၏။ ပိုင္လင္က ထိုသူမကို ၾကည့္ေနရင္း ဇေဝဇဝါျဖင့္ ခရီးဆက္ရန္သာ ရည္ရြယ္လိုက္သည္။ ဒီအရွိန္အဝါကို သိေနသလို ခံစားခ်က္တို႔က ပိုင္လင္အား မသိုးမသန္႔ ျဖစ္ေစသည္။ သို႔ေသာ္ ေသခ်ာလည္း နားမလည္မိတာေၾကာင့္ ေက်ာင္းသို႔သာ ဦးတည္လိုက္ေတာ့၏။ ေရွာင္ေညာင္က ဟူအာ အေနာက္နားမွ ေျပးသြားျပီး ပုခံုးသို႔ ထပ္ျပီး တက္ရန္ ျပင္သည္။ ဟူအာ သူမအား ေျခေထာက္မွ ဆြဲခ်ပစ္လုိက္ျပီး..
“မင္း တကယ္လို႔ ငါ့ပုခံုးေပၚ တက္ဖို႔ ထပ္ျပီး ၾကိဳးစားရင္ မင္းကို ငါ တျခားသူကို ေပးပစ္ေတာ့မွာ..”
ေရွာင္ေညာင္က မ်က္ႏွာေလး ငယ္စြာျဖင့္ ေဘးနားသို႔ သြားလုိက္သည္။ ျပီးေတာ့ ပိုင္လင္၏ အေရွ႕တြင္ ရပ္လုိက္ကာ.. မ်က္ေမွာင္ကုတ္လုိက္ျပီး..
“အား!!.. သရဲ..”
ရုတ္တရက္ ထေအာ္ေတာ့၏။ သူမေအာ္လုိက္သည္ႏွင့္ သူမ၏ ပတ္ဝန္းက်င္တြင္ မီးမ်ားထေတာက္လာကာ.. အနီးနားရွိ သစ္ပင္မ်ား မီးစြဲကုန္၏။ ပိုင္လင္က သစ္ပင္ေတြကို မီးျငိမ္းလုိက္ျပီးမွ..
“ငါ သရဲမဟုတ္ဘူး.. ငါက မင္းသခင္ရဲ႕ ဦးေလးပဲ..”
ေရွာင္ေညာင္က ေခါင္းကို တင္းတင္းခါလုိက္သည္။ ျပီးမွ ပါးေလးေတြ ေဖာင္းလာျပီး.. မ်က္ေစာင္းထိုးရင္း.. ဟူအာအေရွ႕တြင္ လက္ႏွစ္ဖက္ကို ျဖန္႔လုိက္ေသးလ်က္..
“မဟုတ္ဘူး.. မင္းက ေသခ်ာေပါက္ သခင္နဲ႔ ဘာမွမေတာ္ဘူး.. ေသခ်ာေပါက္ပဲ..”
သူမက အခိုင္အမာဆိုသည္။ ပိုင္လင္က မ်က္ႏွာပ်က္သြားေသာ္လည္း.. ဟူအာက ေရွာင္ေညာင္ကို ေဘးသို႔ တြန္းလုိက္ျပီး..
“သူက ငါ့ဦးေလးပဲ မင္းမရိုမေသမလုပ္နဲ႔..”
“ဦးေလး.. သူက မင္းဦးေလး မဟုတ္ပါဘူး.. မင္းမွာ ဦးေလး ရွိလား မရွိလား.. ငါလည္း သိပ္မရွင္းဘူး..”
ဟူအာ ဒီရူးေနေသာ နတ္တစ္ပါးကို စိတ္ညစ္လာေသာ ဟန္ပန္ ျဖစ္လာျပီး.. ယတိျပတ္ စကားကို ဆိုကာ ထိုေနရာမွ လွည့္ထြက္လာေတာ့၏။
“ေရွာင္ေညာင္ မင္း ငါနဲ႔ပတ္သတ္ျပီး.. မဟုတ္တာေတြ ေျပာေနမယ္ ဆိုရင္ မင္း ေနခဲ့ေတာ့..”
ဟူအာက အေရွ႕သို႔ သြားလုိက္မွ.. ပိုင္လင္ႏွင့္ ဟုန္ရြယ္က ေျပးလုိက္လာသည္။ ေရွာင္ေညာင္က အေနာက္ အေတာ္ေဝးေဝးမွ လုိက္လာ၏။ ေတာင္ခုႏွစ္လံုးကို ျမင္လုိက္ရေတာ့မွ ဟူအာ ေျခလွမ္းေတြ တန္႔ခနဲ ရပ္သြားသည္။ ျမင့္မားမတ္ေစာက္ေနေသာ ထိုေတာင္ခုႏွစ္လံုးအား ေမာ့ၾကည့္လိုက္မိသည္။ ရွင္သန္ျခင္းေက်ာင္း..၊
ေတာင္ထိပ္တြင္ ျမဴခိုးမ်ားႏွင့္ ရစ္သိုင္းေနျပီး ေကာင္းကင္ႏွင့္ နီးစပ္ေတာ့မေယာင္ ထင္ရေစသည္အထိ ေတာင္ခုႏွစ္လံုးစလံုးက ျမင့္မားသည္။ ေတာင္၏ထိပ္မွ ေအာက္နည္းနည္း ဆင္းလုိက္ေတာ့.. အစိမ္းေရာင္ သစ္ပင္မ်ားက ခပ္စိတ္စိတ္ ေပါက္ေရာက္ေနဟန္ တူသည္။
အစိမ္းေရာင္သစ္ပင္ေတြ ျပီးေတာ့.. ေအာက္နားတြင္ မက္မံုပင္မ်ား ေပါက္ေနဟန္ျဖင့္ ပန္းႏုေရာင္ အပင္မ်ားက ညီညီညာညာ ရွိေန၏။ ထို႔ မက္မံုပင္ေတြ ျပီးေတာ့ အျဖဴေရာင္ ေျပာရလွ်င္ အၾကည္ေရာင္ ျဖစ္ေနေသာ ဝိဉာဥ္ပန္းမ်ားက လွပေသသပ္စြာ ျပီးေတာ့ သစ္ပင္ေျခရင္း၌ပင္.. ထူထပ္ေသာ ပြင့္ဖက္မ်ားႏွင့္ အလြန္ပင္ တင့္တယ္လြန္းသည္။ ဟုန္ရြယ္က ထိုျမင္ကြင္းကို ျမင္လိုက္ကာမွ.. ေက်ာင္းလာတက္ဖို႔ လာခဲ့တာ မွန္သြားျပီဟု ေတြးဟန္ျဖင့္.. ထို ဝိဉာဥ္ပန္းမ်ား ရွိေသာ ေတာအတြင္းသို႔ ေျပးဝင္သြားေတာ့၏။
“အရမ္းလွတာပဲ.. ငါတို႔ ပိုင္ေဒသမွာပဲ.. ဝိဉာဥ္ပန္းေတြ ရွိတယ္ ထင္ထားတာ..”
ဟုန္ရြယ္ ေျပာလုိက္တာကို ဝတ္စံုအျဖဴကို ဝတ္ဆင္ထားေသာ လူငယ္တစ္ဦးက ဟုန္ရြယ္ေရွ႕တြင္ ေပၚလာျပီး..
“ရွင္သန္ျခင္း ေတာင္ေပၚမွာ မရွိတဲ့ပန္းဆုိတာ မရွိဘူး.. ေအာ္.. စိမ့္စမ္းျပာက ေဇာက္ထိုးသစ္ပင္ေတြ ကလြဲရင္..”
စိမ့္စမ္းျပာ ဆိုတာနဲ႔.. ဟူအာ တစ္ကိုယ္လံုး ေတာင့္တင္းျပီးသား ျဖစ္သြားသည္။ ထိုနတ္သားက ေရွာင္ေညာင္အား ၾကည့္လုိက္ျပီးမွ.. တရိုတေသျဖင့္ ဂါရဝျပဳလုိက္ရင္း..
“ဒီအေရာင္အဝါနဲ႔ နတ္သမီးက ဘယ္ကေန လာတာပါလဲ..”
ေရွာင္ေညာင္က ဘယ္ကတည္းက သစ္ပင္ေပၚ ေရာက္သြားမွန္း မသိလုိက္ပဲ.. ထိုနတ္သားအား..
“ငါ့ဖာသာ ဘယ္ကလာလာ မင္းအပူပါလို႔လား.. လာေမးေနေသးတယ္..”
သူမက သစ္ပင္ေပၚမွ ဆင္းလာျပီး ဟုိဟိုဒီဒီ သြားၾကည့္ေနေသး၏။ ထိုနတ္သားက ေရွာင္ေညာင္အား မေျပာေတာ့ပဲ သူတို႔အား ဝင္ေပါက္သို႔ ေခၚသြားသည္။ ေရွာင္ေညာင္က အေနာက္မွ လုိက္လာ၏။ ေတာင္ပတ္လမ္းအားလံုးက ေက်ာက္ေဆာင္ကို ထြင္းထု ထားျခင္း ျဖစ္သည္။ ေက်ာက္သားမ်ားကို ေသခ်ာ က်နစြာ ထြင္းထုထားျပီး.. ပန္းပံုစံ မ်ိဳးစံ ပံုေဖာ္ထားသည္လည္း ရွိသလို.. ေက်ာက္စက္ေရ က်ေနေသာ ပံုစံျဖစ္ေအာင္ ထြင္းထားေသာ ေက်ာက္တံုးမ်ားလည္း ရွိသည္။
ဟုန္ရြယ္ကေတာ့ ထိုေနရာမ်ား အားလံုးကို ေငးၾကည့္ေနျပီး.. ေပ်ာ္ရႊင္ေနသည္။ ထိုနတ္သားက သူတို႔အား လူငယ္ဧည့္ေတြ႔ေဆာင္ဟု ေခၚေသာ ေနရာတြင္ ထားရစ္ကာ လွည့္ထြက္သြား၏။ ပိုင္လင္က ခပ္ေအးေအးသာ ထိုင္ခံုတြင္ ဝင္ထိုင္လုိက္ေသာ္လည္း ခန္းမအတြင္းသို႔ သိပ္မၾကာခင္ အခ်ိန္တြင္.. အျပာဝတ္ျဖင့္.. ခန္႔ညားေသာ လူတစ္ဦး ဝင္လာသည္။ ထိုလူက ဟူအာတို႔အား ေတြ႔ေတာ့.. အေနာက္တြင္ ပါလာေသာ လူငယ္ ႏွစ္ဦးအား..
“သူတို႔ေတြအတြက္ ေက်ာင္းဝတ္စံု ခ်ဳပ္ဖို႔.. ျပင္ဆင္လုိက္ပါ..”
ပိုင္လင္က ထိုင္ေနရာမွ ထရပ္လုိက္ျပီး..
“ပိုင္ေဒသက ပိုင္မင္းၾကီးရဲ႕ သားနဲ႔ သမီးကို ေက်ာင္းလာပို႔ေပးတာပါ.. ကၽြန္ေတာ္က ပိုင္လင္ပါ..”
“ၾကားဖူးတယ္.. ပိုင္မင္းၾကီးရဲ႕ ညီေတာ္ဆိုတာကို.. ထိုင္ပါအံုး.. ေက်ာင္းရဲ႕ သေဘာအတိုင္းပဲ ကၽြန္ေတာ္တို႔ သြားၾကတာေပါ့.. ဒီေက်ာင္းမွာ.. အပိုင္းသံုးခု ပိုင္းျခားထားတယ္.. စြမ္းအားေပၚ မူတည္ျပီး သင္ၾကားမႈလည္း ကြာျခားတယ္.. ဒါေပမယ့္ မပူပါနဲ႔ စြမ္းအားေပၚမူတည္တယ္ ဆုိကတည္းက စြမ္းအားျမင့္လာတာနဲ႔ သင့္ေတာ္တဲ့ အပုိင္းကို ေျပာင္းလဲေပးမွာပါ..”
“စြမ္းအားကို စမ္းသပ္မွာမို႔ ေလ့က်င့္ေရးခန္းမေဆာင္ကို လိုက္လာေပးပါ..”
ထိုဆရာ သြားလိုက္ေသာ ေနာက္သို႔ လုိက္လာျပီး.. ေလ့က်င့္ေရးခန္းမေဆာင္သို႔ ေရာက္ေတာ့ ထိုဆရာက ဟုန္ရြယ္အား.. အေရွ႕သို႔ သြားေစသည္။ ျပီးေတာ့မွ ရုတ္တရက္ ပန္းေရာင္ကဲ့သို႔ေသာ နတ္စြမ္းအားျဖင့္ တိုက္ခိုက္ေလသည္။ ဟုန္ရြယ္၏ လက္အတြင္းမွ ဆင္စြယ္ေရာင္ ေျမေခြးျဖဴတို႔ စြမ္းအားက ထြက္လာျပီး.. ျပင္းထန္စြာ ထိခိုက္မိၾကေတာ့.. ထိုဆရာက ရပ္သြားျပီး..
“လမင္းနဲ႔ၾကယ္စင္ အသင္းကို.. ပို႔ေပးလုိက္ပါ.. ေနမင္းရဲ႕ေရာင္ျခည္ဆိုတာက မ်ားေသာအားျဖင့္ ေမြးကတည္းက ထာဝရနတ္ေတြအတြက္ သင္ၾကားတဲ့ ေနရာ ျဖစ္တယ္.. လမင္းနဲ႔ၾကယ္စင္မွာက ေျမျပင္က နတ္ေတြ မ်ားတယ္.. ဒါေပမယ့္ တခ်ိဳ႕စြမ္းအား ၾကီးမားလာတဲ့.. ေျမျပင္နတ္ေတြက ေနမင္းရဲ႕ေရာင္ျခည္ ခန္းမေဆာင္ကို ေရာက္သြားႏိုင္တယ္.. သာမန္ လူသားေလာကကေန ေမွာ္ပညာ လုိက္စားတတ္တဲ့လူေတြ အတြက္ကေတာ့.. ေျမျပင္မွလမ္းကေလး ခန္းမေဆာင္မွာ သင္ၾကားရတယ္.. သင္ၾကားမႈေတြက မတူညီတာမို႔.. စြမ္းအားအလိုက္ ခြဲျခားတာက ေကာင္းမြန္တယ္လို႔ နတ္မင္းတစ္ပါးက အၾကံဉာဏ္ေပးဖူးတယ္.. အခုလည္း အဲ့ဒီ နတ္မင္းက ကံေကာင္းစြာနဲ႔ ဒီေက်ာင္းကို အုပ္ခ်ဳပ္ေပးဖို႔ လက္ခံလုိက္တယ္ေလ..”
ပိုင္လင္၏ မ်က္ႏွာေပၚတြင္ အထူးတဆန္း.. ျဖစ္သြားျပီး..
“ေက်ာင္းကို အုပ္ခ်ဳပ္ဖို႔ လက္ခံလုိက္တဲ့ ေကာင္းကင္နတ္က ဘယ္သူမ်ား ျဖစ္မလဲ..”
“သူကလား.. လက္ရွိေကာင္းကင္မင္းၾကီးရဲ႕ ေျမးသားမက္.. က်ိဳးလ်န္ နတ္မင္း..”
ဟူအာ.. အလြန္အမင္း စိတ္ဓာတ္ က်ဆင္းသြားမိသည္။ က်ိဳးရင္း ျပီးေတာ့ ေနာက္ထပ္ က်ိဳးမ်ိဳးႏြယ္နတ္လား..၊
“ပိုင္လင္ မင္းကေတာ့ ေကာင္းေကာင္းသိမွာပါ.. သူက.. က်ိဳးရင္း နတ္ဘုရားမရဲ႕ ဒုတိယအစ္ကိုေတာ္ေလ.. လြန္ခဲ့တဲ့ ႏွစ္တစ္သိန္း အလြန္တုန္းက.. ျငိမ္းခ်မ္းေရးနတ္ ျဖစ္ခဲ့တယ္..”
“ေသခ်ာေပါက္ သိတာေပါ့.. ေရေအးေခ်ာက္သခင္ ျဖစ္သြားတာ သိပ္မၾကာေသးဘူးလို႔ ေျပာရမယ္.. ဒါေပမယ့္ သူ ေရေအးေခ်ာက္သခင္ ျဖစ္သြားတုန္းက ကၽြန္ေတာ္ေတာင္ မေမြးေသးဘူး..”
ထိုအခါမွ ထိုစကားေတြ ေျပာေနေသာ ဆရာက ရွက္သြားဟန္ျဖင့္..
“အဲ့တုန္းက ကၽြန္ေတာ္ဆို ဘယ္ေတာင္ေရာက္ေနမလဲ မသိဘူး..”
“ဒါနဲ႔ ဆရာ့အသက္က ဘယ္ေလာက္လဲ..”
နတ္တစ္ပါးဆိုလွ်င္ အသက္ေမးတာက ရိုင္းစိုင္းရာက်မည္ ျဖစ္ေသာ္လည္း ထိုဆရာက လူသားမို႔ ပိုင္လင္က ေမးလိုက္ျခင္း ျဖစ္၏။