Uni
Part-9.1
အဖေက ယီမင် နတ်မင်းတို့ ဆန္ဒအတိုင်း သေရည်အိုးတွေ ပြင်ပေးသည်။ သို့သော် အမေက သူတို့ မောင်နှမ နှစ်ဦးအား.. ရှင်သန်ခြင်း ကျောင်းသို့ ပို့ရန် ပြင်ဆင်နေသည်။ အမေက ခွဲရမည် ဆိုတော့ ဝမ်းနည်းနေသော မျက်နှာလေးနှင့် ဖြစ်သည်။
“ကျောင်းကို ရောက်သွားရင် မင်းတို့ သိပ်ပြီး မဆိုးနဲ့.. အဲ့ဒီအချိန် မင်းတို့ အဖေက လိုက်ပြီး တောင်းပန်ပေးနိုင်တော့မှာ မဟုတ်ဘူး..”
ဟုန်ရွယ်က ခြေတွေ လေးကန် နေသော်လည်း.. ဟူအာက သင်ယူဖို့အတွက် စိတ်ထက်သန်နေသည်။ အမေက သူ့အား ကျိုးရင်း နတ်ဘုရားမက သူ့ကို ကျူးလွန်မိသည် ဆိုသော ကိစ္စကို မေးနေသေးသည်။ သူ မပြောပြတော့လည်း အမေက နားလည်စွာဖြင့်သာ..
“သားလေး.. မင်း နည်းနည်းလောက်ပဲ သည်းခံလိုက်ပါ.. သူမက သနားစရာကောင်းတယ် မဟုတ်လား..”
အမေက နဂိုရ်ကတည်းက နူးညံ့သူမို့ တစ်ပါးသူအပေါ် အပြစ်မမြင်တတ်ခြင်းကြောင့် အမေ့ကို ဟူအာ ဘာမှမပြောတော့ပဲ.. ခေါင်းသာ ညိတ်လိုက်ရသည်။ ဟူအာ စိတ်အတွင်းဝယ် ကျိုးရင်း နတ်ဘုရားမ၏ သနားစဖွယ် ဆိုတာကို ဘယ်နည်းနဲ့မှ မခံစားရပဲ.. ဖြစ်နေသည်။
သွားတော့မည် ဆိုတော့.. ဦးလေး ပိုင်လင်က ကျောင်းသို့ ပို့ပေးမည် ဖြစ်သဖြင့် အဖေနှင့် အမေက ဂူတွင်သာ ကျန်ခဲ့မည် ဖြစ်သည်။ ပညာသင်ကြားခြင်းက နှစ်အကန့်အသတ် မရှိတာကြောင့်.. အမေတို့နှင့် ဘယ်လောက်ကြာကြာ ခွဲရမည် ဆိုတာကို မသိပဲ ဖြစ်၏။ ထို့ကြောင့်..
“တကယ်လို့.. အမေတို့နဲ့ တွေ့ချင်ရင်.. ဘယ်လိုလုပ်ရမလဲ..”
“ငါ့တုန်းကဆို ခိုးထွက်လာတာ..”
ဦးလေး ပိုင်လင်က အဖေထက် စာလျှင် ပိုပြီး လူငယ်ဆန်သည်ဟု ဟူအာ ထင်သည်။ လမ်းတစ်ဝက်တွင် ခဏနားတော့.. အိမ်က ထည့်ပေးလိုက်သော စားစရာ အကုန်လုံးကို စားလိုက်ဖို့ ဟုန်ရွယ်က အကြံပြုသည်။ ဦးလေးကလည်း ထောက်ခံသဖြင့် သူတို့ ပါလာသမျှကို စားသောက်နေကြစဉ်..
“ဘုတ်.. အ..”
ဟူအာ လန့်ဖြန့်ကာ အနောက်သို့ ဆုတ်လိုက်မိသည်။ အကျႌအနီရောင်ဝတ်ထားသော မိန်းကလေး တစ်ဦးက သူကိုင်ထားသော စားစရာကို လာပြီး အနံ့ခံနေသဖြင့် ထိုအသားကင်အား.. အောက်သို့ ပစ်ချလိုက်သည်။ ထိုအကျႌအနီဝတ် မိန်းကလေးက အားရဝမ်းသာဖြင့်.. ထိုအသားကင်အား အရိုးပင် မကျန်အောင် စားပစ်လိုက်၏။ ပြီးမှ.. ဟူအာအနားသို့ တိုးလာပြီး လက်မှ မွေးရာပါ အမှတ်အသားအား အနံ့ခံလိုက်ပြီးနောက်..
“ငါ မင်းကို ရှာတွေ့ပြီ..”
ထိုစကားကို သူမက အရူးကဲ့သို့ ရယ်ပြရင်း ပြောသည်။ ဟူအာ သူမအား စိတ်မနှံ့သူအဖြစ် သတ်မှတ်လိုက်မိ၏။ သို့သော် သူမ၏ အရှိန်အဝါအရ သူမကလည်း နတ်တစ်မျိုးပင် ဖြစ်မည် ဖြစ်သောကြောင့်..
“မင်းက ဘယ်မျိုးနွယ်ကလဲ..”
“မရှိတော့ဘူး.. မသိဘူး..”
သူမက ဟူအာကိုသာ ရွန်းရွန်းစားစား ကြည့်နေရင်း ရယ်ပြကာ ထိုသို့ ဆိုသည်။ သူမက ဟူအာ၏ ပုခုံးပေါ်တွင် နတ်အစွမ်းဖြင့် မတ်မတ်ရပ်လိုက်ပြီး..
“ငါ့သခင်ကို ရှာတွေ့ပြီ..”
ဟူအာ သူမအား ခြေထောက်မှ ဆွဲကာ မြေပြင်တွင် ထိုင်စေလိုက်ပြီး..
“ငါက မင်းသခင် ဟုတ်လား..”
“ဟုတ်တယ်လေ.. မင်းရဲ့အနံ့ ပြီးတော့ မင်းရဲ့.. လင်းလက်မှု အားလုံးကို ငါမှတ်မိတယ်.. မင်းက ငါ့သခင်ပဲ..”
“ငါက ဘာလို့ မသိတာလဲ..”
သူမက ခေတ္တမျှ တွေဝေသွားပြီးနောက်..
“ငါ့ရဲ့ အရင်သခင်က မင်းဆီကို ငါ့ကို ပေးပစ်တုန်းက.. မင်းကမှ မမွေးသေးတာ..”
“ဘာ.. ငါ သိပ်ပြီး မရှင်းလင်းတော့ဘူး.. ပိုပြီး ရှုပ်ထွေးလာပြီ..”
ဟူအာ ဒေါသတကြီး ပြောတော့.. သူမကပါ စိတ်ဆိုးသွားဟန်ဖြင့်..
“ငါက အဲ့တုန်းက ပုံစံတစ်မျိုးလေ.. ဒါပေမယ့် ဘာလို့မှန်း မသိဘူး.. ငါ့ရဲ့ အရင်သခင်ကိုကော.. ပြီးတော့.. အရင်က ကိစ္စတွေကိုပါ ငါမမှတ်မိတော့ဘူး.. ငါမင်းကိုပဲ သိတော့တာ.. ပြီးတော့ ငါ့ရဲ့စွမ်းအားကို တစ်ခုခုက ကန့်သတ် ပစ်လိုက်သလိုပဲ ငါ့ရဲ့ အရင်ပုံစံကို ပြောင်းလို့ မရတော့ဘူး”
“ငါ မင်းကို မသိဘူး.. သွားစို့ ဦးလေး..”
ပိုင်လင် ကဗျာကယာ ထရပ်လိုက်ပြီးမှ.. ဟူအာအနောက်သို့ လိုက်လာခဲ့သည်။
“မင်း ငါ့ကို မလိုချင်လို့ မရဘူးနော်.. ငါ့မှာ သခင်ဆိုလို့ မင်းကိုပဲ မှတ်မိတာ..”
“ငါ မင်းကို မလိုချင်ဘူး..”
သူမလေးက တန့်ခနဲ ရပ်သွား၏။ သို့သော်.. ချက်ချင်းပင် သူ့အနောက်သို့ ပြေးလိုက်လာကာ.. ပုခုံးပေါ်သို့ တက်ပြန်သည်။ ဟူအာ စိတ်ဆိုးစွာဖြင့် သူမ ခြေထောက်တွေကို ဆွဲချပစ်တော့ သူမက မျက်နှာငယ်လေးနှင့်..
“သခင်က အဲ့လို လုပ်တာကို မကြိုက်ဘူးလား..”
“ဟုတ်တယ်.. မင်း ငါ့ပုခုံးကို တက်ဖို့ မကြိုးစားနဲ့..”
“ငါသိပြီ.. နောက်မလုပ်တော့ဘူး..”
ပုခုံးကို မလုပ်တော့ဘူးဟု ပြောပြီး သူမက သူ့ ခေါင်းတည့်တည့်တွင် နေရန် ကြိုးစားလာ၏။ နောက်ဆုံးတွင်တော့ သူမ၏ မရမက ကြိုးစားမှုကြောင့် ဟူအာပင်ပန်းလာပြီး.. သူမအား..
“မင်းနာမည်က ဘာလဲ..”
“ငါ့နာမည်ကို ငါမေ့သွားပြီ..”
ဒါကလည်း ဟူအာကို စိတ်ပျက်စေခြင်း တစ်မျိုး ဖြစ်လေသည်။
“ကောင်းပြီ.. မင်းကငါ့ကို သခင်လို့ ခေါ်မှတော့.. ငါမင်းကို.. နာမည်ပေးမယ်.. မင်းနာမည်က..”
နာမည်တစ်ခုခု ပေးလိုက်ဖို့ ပြင်လိုက်ပြီးမှ ဟူအာ ဘာနာမည် ပေးရမလဲ ဆိုတာကို တွေးနေမိသည်။ သူမက သူ့ပုခုံးပေါ်နှင့် သူ့ခေါင်းပေါ်တွင် နေချင်တာနေတာမို့.. သူ ချက်ချင်းပင် သူမအတွက် နာမည် တစ်ခု ရသွားသည်။ နာမည် စဉ်းစားလို့ ရသွားသည်နှင့် မဆိုင်းမတွပဲ သူမအား.. ဝမ်းသာအားရဖြင့်.. လှည့်ကြည့်လိုက်ကာ.. ဟူအာ လက်ညိုးပါ ထိုးလိုက်ပြီး..
“မင်းနာမည်က.. ရှောင်ညောင်..”
သူမက ဟူအာကို လက်ညိုးဖြင့် ထိုးလာပြီး ဗိုက်နှိပ်ကာ ခွက်ထိုး ခွက်လန် ရယ်လေသည်။ ပြီးမှ..
“ဟား.. ဟား.. ဟား.. ဟား.. ငါက နဂိုရ်ကတည်းက ငှက်ပဲလေ..”
“ဘာ..”
ဟူအာ၏ အသံအနည်းငယ် ကျယ်သွားတော့ သူမက သူမပါးစပ်ကို သူမ ပိတ်လိုက်ပြီး ခေါင်းယမ်းသည်။
“ဒီနာမည်ကို သဘောကျတယ်.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ.. ငါက မင်းပေးတဲ့ နာမည်ကို မလိုချင်လည်း ယူရမှာပဲ မင်းက ငါ့ရဲ့ သခင်လေ..”
“မင်း ပြောတာတွေ ငါ နားမလည်ဘူး..”
Zawgyi
Part-9.1
အေဖက ယီမင္ နတ္မင္းတို႔ ဆႏၵအတိုင္း ေသရည္အိုးေတြ ျပင္ေပးသည္။ သို႔ေသာ္ အေမက သူတို႔ ေမာင္ႏွမ ႏွစ္ဦးအား.. ရွင္သန္ျခင္း ေက်ာင္းသို႔ ပို႔ရန္ ျပင္ဆင္ေနသည္။ အေမက ခြဲရမည္ ဆိုေတာ့ ဝမ္းနည္းေနေသာ မ်က္ႏွာေလးႏွင့္ ျဖစ္သည္။
“ေက်ာင္းကို ေရာက္သြားရင္ မင္းတို႔ သိပ္ျပီး မဆိုးနဲ႔.. အဲ့ဒီအခ်ိန္ မင္းတို႔ အေဖက လုိက္ျပီး ေတာင္းပန္ေပးႏိုင္ေတာ့မွာ မဟုတ္ဘူး..”
ဟုန္ရြယ္က ေျခေတြ ေလးကန္ ေနေသာ္လည္း.. ဟူအာက သင္ယူဖို႔အတြက္ စိတ္ထက္သန္ေနသည္။ အေမက သူ႔အား က်ိဳးရင္း နတ္ဘုရားမက သူ႔ကို က်ဴးလြန္မိသည္ ဆိုေသာ ကိစၥကို ေမးေနေသးသည္။ သူ မေျပာျပေတာ့လည္း အေမက နားလည္စြာျဖင့္သာ..
“သားေလး.. မင္း နည္းနည္းေလာက္ပဲ သည္းခံလုိက္ပါ.. သူမက သနားစရာေကာင္းတယ္ မဟုတ္လား..”
အေမက နဂိုရ္ကတည္းက ႏူးညံ့သူမို႔ တစ္ပါးသူအေပၚ အျပစ္မျမင္တတ္ျခင္းေၾကာင့္ အေမ့ကို ဟူအာ ဘာမွမေျပာေတာ့ပဲ.. ေခါင္းသာ ညိတ္လုိက္ရသည္။ ဟူအာ စိတ္အတြင္းဝယ္ က်ိဳးရင္း နတ္ဘုရားမ၏ သနားစဖြယ္ ဆုိတာကို ဘယ္နည္းနဲ႔မွ မခံစားရပဲ.. ျဖစ္ေနသည္။
သြားေတာ့မည္ ဆုိေတာ့.. ဦးေလး ပိုင္လင္က ေက်ာင္းသို႔ ပို႔ေပးမည္ ျဖစ္သျဖင့္ အေဖႏွင့္ အေမက ဂူတြင္သာ က်န္ခဲ့မည္ ျဖစ္သည္။ ပညာသင္ၾကားျခင္းက ႏွစ္အကန္႔အသတ္ မရွိတာေၾကာင့္.. အေမတို႔ႏွင့္ ဘယ္ေလာက္ၾကာၾကာ ခြဲရမည္ ဆိုတာကို မသိပဲ ျဖစ္၏။ ထို႔ေၾကာင့္..
“တကယ္လို႔.. အေမတို႔နဲ႔ ေတြ႔ခ်င္ရင္.. ဘယ္လိုလုပ္ရမလဲ..”
“ငါ့တုန္းကဆို ခိုးထြက္လာတာ..”
ဦးေလး ပိုင္လင္က အေဖထက္ စာလွ်င္ ပိုျပီး လူငယ္ဆန္သည္ဟု ဟူအာ ထင္သည္။ လမ္းတစ္ဝက္တြင္ ခဏနားေတာ့.. အိမ္က ထည့္ေပးလုိက္ေသာ စားစရာ အကုန္လံုးကို စားလုိက္ဖို႔ ဟုန္ရြယ္က အၾကံျပဳသည္။ ဦးေလးကလည္း ေထာက္ခံသျဖင့္ သူတို႔ ပါလာသမွ်ကို စားေသာက္ေနၾကစဥ္..
“ဘုတ္.. အ..”
ဟူအာ လန္႔ျဖန္႔ကာ အေနာက္သို႔ ဆုတ္လုိက္္မိသည္။ အက်ႌအနီေရာင္ဝတ္ထားေသာ မိန္းကေလး တစ္ဦးက သူကိုင္ထားေသာ စားစရာကို လာျပီး အနံ႔ခံေနသျဖင့္ ထိုအသားကင္အား.. ေအာက္သို႔ ပစ္ခ်လိုက္သည္။ ထိုအက်ႌအနီဝတ္ မိန္းကေလးက အားရဝမ္းသာျဖင့္.. ထိုအသားကင္အား အရိုးပင္ မက်န္ေအာင္ စားပစ္လိုက္၏။ ျပီးမွ.. ဟူအာအနားသို႔ တိုးလာျပီး လက္မွ ေမြးရာပါ အမွတ္အသားအား အနံ႔ခံလိုက္ျပီးေနာက္..
“ငါ မင္းကို ရွာေတြ႔ျပီ..”
ထိုစကားကို သူမက အရူးကဲ့သို႔ ရယ္ျပရင္း ေျပာသည္။ ဟူအာ သူမအား စိတ္မႏွံ႔သူအျဖစ္ သတ္မွတ္လိုက္မိ၏။ သို႔ေသာ္ သူမ၏ အရွိန္အဝါအရ သူမကလည္း နတ္တစ္မ်ိဳးပင္ ျဖစ္မည္ ျဖစ္ေသာေၾကာင့္..
“မင္းက ဘယ္မ်ိဳးႏြယ္ကလဲ..”
“မရွိေတာ့ဘူး.. မသိဘူး..”
သူမက ဟူအာကိုသာ ရြန္းရြန္းစားစား ၾကည့္ေနရင္း ရယ္ျပကာ ထုိသို႔ ဆိုသည္။ သူမက ဟူအာ၏ ပုခံုးေပၚတြင္ နတ္အစြမ္းျဖင့္ မတ္မတ္ရပ္လိုက္ျပီး..
“ငါ့သခင္ကို ရွာေတြ႔ျပီ..”
ဟူအာ သူမအား ေျခေထာက္မွ ဆြဲကာ ေျမျပင္တြင္ ထုိင္ေစလိုက္ျပီး..
“ငါက မင္းသခင္ ဟုတ္လား..”
“ဟုတ္တယ္ေလ.. မင္းရဲ႕အနံ႔ ျပီးေတာ့ မင္းရဲ႕.. လင္းလက္မႈ အားလံုးကို ငါမွတ္မိတယ္.. မင္းက ငါ့သခင္ပဲ..”
“ငါက ဘာလို႔ မသိတာလဲ..”
သူမက ေခတၱမွ် ေတြေဝသြားျပီးေနာက္..
“ငါ့ရဲ႕ အရင္သခင္က မင္းဆီကို ငါ့ကို ေပးပစ္တုန္းက.. မင္းကမွ မေမြးေသးတာ..”
“ဘာ.. ငါ သိပ္ျပီး မရွင္းလင္းေတာ့ဘူး.. ပိုျပီး ရႈပ္ေထြးလာျပီ..”
ဟူအာ ေဒါသတၾကီး ေျပာေတာ့.. သူမကပါ စိတ္ဆိုးသြားဟန္ျဖင့္..
“ငါက အဲ့တုန္းက ပံုစံတစ္မ်ိဳးေလ.. ဒါေပမယ့္ ဘာလို႔မွန္း မသိဘူး.. ငါ့ရဲ႕ အရင္သခင္ကိုေကာ.. ျပီးေတာ့.. အရင္က ကိစၥေတြကိုပါ ငါမမွတ္မိေတာ့ဘူး.. ငါမင္းကိုပဲ သိေတာ့တာ.. ျပီးေတာ့ ငါ့ရဲ႕စြမ္းအားကို တစ္ခုခုက ကန္႔သတ္ ပစ္လုိက္သလိုပဲ ငါ့ရဲ႕ အရင္ပံုစံကို ေျပာင္းလို႔ မရေတာ့ဘူး”
“ငါ မင္းကို မသိဘူး.. သြားစို႔ ဦးေလး..”
ပိုင္လင္ ကဗ်ာကယာ ထရပ္လုိက္ျပီးမွ.. ဟူအာအေနာက္သို႔ လုိက္လာခဲ့သည္။
“မင္း ငါ့ကို မလိုခ်င္လို႔ မရဘူးေနာ္.. ငါ့မွာ သခင္ဆိုလို႔ မင္းကိုပဲ မွတ္မိတာ..”
“ငါ မင္းကို မလိုခ်င္ဘူး..”
သူမေလးက တန္႔ခနဲ ရပ္သြား၏။ သို႔ေသာ္.. ခ်က္ခ်င္းပင္ သူ႔အေနာက္သို႔ ေျပးလိုက္လာကာ.. ပုခံုးေပၚသို႔ တက္ျပန္သည္။ ဟူအာ စိတ္ဆိုးစြာျဖင့္ သူမ ေျခေထာက္ေတြကို ဆြဲခ်ပစ္ေတာ့ သူမက မ်က္ႏွာငယ္ေလးႏွင့္..
“သခင္က အဲ့လို လုပ္တာကို မၾကိဳက္ဘူးလား..”
“ဟုတ္တယ္.. မင္း ငါ့ပုခံုးကို တက္ဖို႔ မၾကိဳးစားနဲ႔..”
“ငါသိျပီ.. ေနာက္မလုပ္ေတာ့ဘူး..”
ပုခံုးကို မလုပ္ေတာ့ဘူးဟု ေျပာျပီး သူမက သူ႔ ေခါင္းတည့္တည့္တြင္ ေနရန္ ၾကိဳးစားလာ၏။ ေနာက္ဆံုးတြင္ေတာ့ သူမ၏ မရမက ၾကိဳးစားမႈေၾကာင့္ ဟူအာပင္ပန္းလာျပီး.. သူမအား..
“မင္းနာမည္က ဘာလဲ..”
“ငါ့နာမည္ကုိ ငါေမ့သြားျပီ..”
ဒါကလည္း ဟူအာကုိ စိတ္ပ်က္ေစျခင္း တစ္မ်ိဳး ျဖစ္ေလသည္။
“ေကာင္းျပီ.. မင္းကငါ့ကို သခင္လို႔ ေခၚမွေတာ့.. ငါမင္းကို.. နာမည္ေပးမယ္.. မင္းနာမည္က..”
နာမည္တစ္ခုခု ေပးလုိက္ဖုိ႔ ျပင္လုိက္ျပီးမွ ဟူအာ ဘာနာမည္ ေပးရမလဲ ဆုိတာကို ေတြးေနမိသည္။ သူမက သူ႔ပုခံုးေပၚႏွင့္ သူ႔ေခါင္းေပၚတြင္ ေနခ်င္တာေနတာမို႔.. သူ ခ်က္ခ်င္းပင္ သူမအတြက္ နာမည္ တစ္ခု ရသြားသည္။ နာမည္ စဥ္းစားလုိ႔ ရသြားသည္ႏွင့္ မဆိုင္းမတြပဲ သူမအား.. ဝမ္းသာအားရျဖင့္.. လွည့္ၾကည့္လုိက္ကာ.. ဟူအာ လက္ညိဳးပါ ထိုးလုိက္ျပီး..
“မင္းနာမည္က.. ေရွာင္ေညာင္..”
သူမက ဟူအာကို လက္ညိဳးျဖင့္ ထိုးလာျပီး ဗိုက္ႏွိပ္ကာ ခြက္ထိုး ခြက္လန္ ရယ္ေလသည္။ ျပီးမွ..
“ဟား.. ဟား.. ဟား.. ဟား.. ငါက နဂိုရ္ကတည္းက ငွက္ပဲေလ..”
“ဘာ..”
ဟူအာ၏ အသံအနည္းငယ္ က်ယ္သြားေတာ့ သူမက သူမပါးစပ္ကို သူမ ပိတ္လုိက္ျပီး ေခါင္းယမ္းသည္။
“ဒီနာမည္ကို သေဘာက်တယ္.. ဘယ္လိုပဲ ျဖစ္ျဖစ္ပါ.. ငါက မင္းေပးတဲ့ နာမည္ကို မလိုခ်င္လည္း ယူရမွာပဲ မင္းက ငါ့ရဲ႕ သခင္ေလ..”
“မင္း ေျပာတာေတြ ငါ နားမလည္ဘူး..”